အခန်း ၁၁ စိုးရိမ်ပူပန်မှု
စုန့်ရှင်းယိ
ချက်ပြုတ်ထားသော
သိုးသားက
သူ့၏တိကျသော အချက်အပြုတ် ကျွမ်းကျင်မှုကို ဖော်ပြနေပြီး ၎င်း၏မွှေးရနံ့က လေထဲတွင်
ပြည့်နှက်နေပြီး စားလိုက်သည်နှင့်
လျှာပေါ်တွင် အရည်ပျော်သွားတော့မတက် ကြွပ်ရွနေကာ အရသာရှိလှသည်။ ထို့အပြင်
ကြက်သွန်ဖြူနှင့် ကြော်ထားသော ဝက်နှလုံးကလည်း နူးညံ့ပြီး
အရသာရှိနေပြန်သည်။ ဤအရသာရှိသော
ဟင်းလျာများနှင့် ဟန်ချက်ညီစေရန် သေသချောချာ ခြစ်ထာသောအာလူးနှင့် ဂေါ်ဖီရွက်တစ်ခြမ်းကို
ရောသုတ်ထားသော အသုပ်တစ်ပန်းကန်ကိုလည်း စားပွဲပေါ်တွင်
သပ်သပ်ရပ်ရပ် တင်ထားပြီး သန့်ရှင်းလတ်ဆတ်သော တန်ပြန်ခံစားချက်ကို
ပေးဆောင်နေခဲ့သည်။ ဤအရာအားလုံးကို ဂရုတစိုက် ရွေးချယ်ထားသော ပန်းကန်လုံးများထဲတွင်
ထည့်ထားပြီး ဟင်းပွဲတစ်ပွဲချင်းစီက ဆွဲဆောင်မှု ရှိလှသည်။
ထိုအချိန်အတောအတွင်းတွင်
အကြီးဆုံးအဒေါ်နှင့် ဖန့်ရှီတို့က ရွှေရောင်ပန်ကိတ်များကို
ကျွမ်းကျင်စွာ ဖန်တီးနေကြပြီး အနံ့မွှေးကြိုင်သော ယာဂုပျစ်ပျစ်တစ်အိုးကိုပါ စားပွဲပေါ်သို့ တင်ပေးလိုက်ပြီး သူမတို့၏
မှော်ဆန်သော ချက်ပြုတ်လက်ရာကို ထုတ်ဖော်ပြသလိုက်ကြသည်။ မိသားစုတစ်စုလုံးက
သက်တောင့်သက်သာ ရှိစေလောက်သည့် အပူငွေ့များ ဖြာထွက်နေသော ခန်ကုတင်ပေါ်တွင်
စုရုံးကာ အထိန်းအကွပ်မရှိ စိတ်အားထက်သန်စွာ စားသောက်နေကြပြီး သူတို့၏မျက်နှာများက
ပီတိများကြောင့် နီမြန်းနေခဲ့သည်။
စုန့်ရှင်းယိ၏မိသားစုမှ
အမျိုးသားများက
များများစားစား
မသောက်တက်ကြသော်လည်း
ယခုတကြိမ်တွင်
အရက်တစ်ကျင်းခန့်
ထုတ်ယူလာကြသေးသည်။
အရက်အိုးကို
ယူလာပြီးနောက်တွင် အဘိုးနှင့် မြေးများက ခန်၏အစွန်းမှ စားပွဲဝိုင်းတွင်
ထိုင်ကာ အေးအေးဆေးဆေး
စားသောက်ရင်း စကားစမြည် ပြောနေကြသည်။ အမျိုးသားများတွင်
ပြောစရာရှိသည့်အကြောင်းအရာက အများအားဖြင့် စစ်မက်ဖြစ်ပွားနေသည့်နေရာများအကြောင်း၊
သူတို့၏ ဝက်သားရောင်းရငွေများအကြောင်းနှင့်
နောက်နှစ်ရိတ်သိမ်းချိန်တွင်
ရရှိနိုင်မည့် အကျိုးအမြတ်များ စသည်ဖြင့် ဖြစ်သည်။ နောက်ဆုံးတွင်
သူတို့၏ခေါင်းစဉ်က
မနက်ဖြန် တောင်ပေါ်သို့ သွားကာ အမဲလိုက်မည့်အကြောင်းအရာသို့
ပြောင်းလဲသွားပြန်သည်။
အရက်က
လူကို ပူနွေးစေပုံကာ စုန့်ရှင်းယိက အပြုံးဖြင့် သူ့လက်ထဲမှ အရက်ခွက်ကို
ဝေံဝဲလိုက်သည်။ ထို့နောက် သူက အရက်တစ်ငုံလောက် သောက်လိုက်ပြီး ကြွပ်ကြွပ်ရွရွ
သိုးရိုးတစ်ပိုင်းကို သူ့ပါးစပ်ထဲသို့ ထည့်ကာ ဝါးနေရင်း “ဒီနားကတောင်တန်းတွေက
တောင်ဘက်က
တောင်တန်းတွေလောက် မပေါများပေမယ့် အနောက်မြောက်ဘက်က
မြုံနေတဲ့ တောင်တန်းတွေထက်တော့ ပိုကောင်းတယ်။ ဒီတောင်ပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေ၊
မှိုတွေ၊ တောရိုင်းဟင်းသီးဟင်းရွက်တွေ အများကြီး ရှိတယ်။ အဲဒါကြောင့်လည်း အငတ်ဘေးကြုံခဲ့ရတဲ့ နှစ်တွေအတွင်းမှာ
လူတွေ ရှင်သန်နိုင်ခဲ့တာ"
စူးစမ်းချင်သော
စုန့်ကျစ်ချန်းက
“ဒါပေမယ့်၊
ဒီဝံပုလွေတွေ တောင်ပေါ်ကနေ
ဆင်းမလာတာ
နှစ်အတော်ကြာနေပြီ"
စုန့်ရှင်းယိက နောက်ထပ်
တရုတ်ဂေါ်ဖီတစ်ရွက်ကို ကိုက်ဝါးလိုက်ပြီး ထိုကြွပ်ကြွပ်ရွရွ ဂေါ်ဖီရွက်က သူ့ခံတွင်းထဲရှိ အဆီပြန်နေသောခံစားချက်ကို
ဖယ်ရှားပေးခဲ့သည်။ ထို့နောက်
သူက
"ဒီဝံပုလွေတွေ
ဘာကြောင့်
တောင်ပေါ်ကို ဆင်းလာလဲဆိုတာ
ချင်လား?"
စုန့်ကျစ်ချန်းက "ဘာကြောင့်လဲ? တောင်ပေါ်မှာ
သူတို့အတွက်
အစာတွေ ပြတ်လပ်နေလို့လား?"
စုန့်ရှင်းယိက
အဓိပွါယ်ပါပါ ပြုံးလိုက်ပြီး "ဒါဆို အရင်နှစ်တွေက တောင်ပေါ်မှာ သူတို့အတွက်
အစာပြတ်လပ်မှု
မရှိလို့လား?"
စုန့်ကျစ်ချန်းက
နားမလည်နိုင်တော့ဘဲ
သူ့ခေါင်းကို ပြန်ကုတ်လိုက်သည်။
စုန့်ရှင်းယိက "မင်း ဒီအကြောင်းကို
သိချင်ရင် ငါတို့ရဲ့ထျဲကျူးကို မေးရမှာပေါ့... အိုး၊ ဟုတ်သားပဲ....
ငါ အခုမှ သတိရတယ်။
ထျဲကျူးဆိုတဲ့ နာမည်က
အရမ်းမှေးမှိန်တယ်လို့ ငါ
ထင်တယ်၊ ကျိုးလောင်စန်းက သူ့ကလေးကို
နာမည်ပေးတာတောင်
အများကြီး စဥ်းစားခဲ့ပုံ မပေါ်ဘူး။ ဒီကောင်လေးမှာ သူနဲ့ထိုက်တန်တဲ့
နာမည် တစ်ခု ရှိသင့်တယ်လို့ ငါ ထင်တယ်။
အဲ့တာကြောင့် ငါ ဒီကောင်လေးရဲ့နာမည်ကို ပြောင်းပေးမလားလို့
တွေးမိတယ်"
သူ့၏မျက်လုံးများကို မှေးချထားပြီး ရှေ့သို့
ငိုက်နေသော စုန့်ကျစ်ယွမ်က ပြုံးလိုက်ပြီး
"နာမည်ပြောင်းမှာလား? ကောင်းသားပဲ၊ ဒါပေမယ့် အဖေက ဘယ်လိုပြောင်းပေးမှာလဲ?"
စုန့်ရှင်းယိက
အခြားစားပွဲရှိ
စုန့်တင်းရှန်းကို မျက်လုံးစွေကြည့်လိုက်ပြီး
တစ်ချက်ပြုံးလိုက်ကာ "ယောက်ျားတစ်ယောက်အနေနဲ့ တကယ့်လောကကြီးကို
ကျင်လည်ပြီး
မြစ်တွေ တောင်တွေအနှံ့ခြေဆန့်ရတဲ့အခါ ဘာက
အရေးကြီးဆုံးလဲ သိလား? သမာဓိ၊
ဂုဏ်သိက္ခာနဲ့ ကတိ.. အဲ့တာတွေက အောင်မြင်မှုအတွက်
အခြေခံအုတ်မြစ်တွေပဲ၊ အခု ကျူးဇီက ငါတို့
စုန့်မိသားစုရဲ့ မိသားစုဝင်တစ်ဝက်ဖြစ်သွားပြီ မဟုတ်လား?
အဲ့တာကြောင့် ငါ
သူ့ကို ယိနိုလို့ နာမည်ပြောင်းပေးမယ်။ နောင်တစ်ချိန်မှာ
သူက
ငါတို့ စုန့်မိသားစုရဲ့ကြင်နာမှုတွေကို သတိရနေပြီး ပြန်လာဖို့ အမှတ်ရနေစေချင်တယ်”
ထိုစကားကို
ပြောပြီးနောက် သူက
ကျိုးယိနို၏ပုခုံးကို
သူ့လက်ဖြင့် ပုတ်လိုက်ပြီး သူ့၏မျှော်လင့်ချက်ကို သိသိသာသာ ဖော်ပြနေခဲ့သည်။
ကျိုးယိနို၏
ငယ်ရွယ်နုပျိုသော မျက်နှာက စိတ်ဓာတ်ခိုင်မာမှုကြောင့် တောက်ပနေပြီး သူက အားတက်သရောဖြင့် ခေါင်းညိတ်လိုက်ပြီး ကမန်းကတမ်း
အာမခံလိုက်သည်။
"အဖိုး၊ စိတ်မပူပါနဲ့၊
ကျွန်တော်
သေချာပေါက်
ပြန်လာမှာပါ၊ ကျွန်တော်
ပြန်လာရုံတင်မကပဲ
အဖိုးတို့ ဂုဏ်ယူနိုင်တဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ပြန်လာခဲ့ပါ့မယ်၊ ဒါကြောင့် အဖိုး၊ အဖွား၊ အဖေ အမေနဲ့
တင်းရှန်းက ကျွန်တော့်အတွက် စိတ်ပူစရာ မလိုပါဘူး”
စုန့်ရှင်းယိ၏မျက်လုံးများမှ
ကျေနပ်မှု အရိပ်အယောင်များ" ထွက်ပေါ်လာပြီး
“ကောင်းတယ်၊ အဲ့စကားက ဒီအဖိုးကို လုံးဝ စိတ်တိုင်းကျစေတယ်၊ လိမ္မာတဲ့ကောင်လေး...
လာ... အဖိုးနဲ့ တစ်ခွက်လာသောက်!"
စုန့်ရှင်းယိက သူ့အရက်ခွက်ကို ကောက်ယူကာ
တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ကျိုးယိနိုကလည်း
အမြန်
လိုက်သောက်လိုက်သောကြောင့်
အရက်၏အပူရှိန်ပြင်းပြင်းက သူ့ကိုသစ္စာဖောက်သွားကာ သူ့မျက်နှာကို
နီးမြန်းလာစေခဲ့သည်။
အနားတွင်
ထိုင်နေသော အဘွားစုန့်က မနေသာတော့ဘဲ မိခင်မေတ္တာများပါဝင်သည့် နွေးထွေးသောအသံဖြင့်
ဟန့်တားလိုက်သည်။ "လျော့သောက်ဦး၊ မင်းက မနက်ဖြန်
တောင်ပေါ်တက်ရဦးမယ်၊ ကျူးဇီ... အာ... ငါ့ကို ကြည့်ကြစမ်းပါဦး၊ မင်းက ကျိုးယိနိုလို့ နာမည်ပြောင်းထားတာကို မေ့သွားပြန်ပြီ”
သူမ၏စကား
မဆုံးခင် ကျိုးယိနိုက စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ "အဖွား၊ ကျွန်တော့်ကို ကျုးဇီလို့
နာမည်ပြောင်တစ်ခု သတ်မှတ်ပေးလိုက်ပါ။ အဲ့တာဆိုရင် အရင်အတိုင်း
ခေါ်လို့ရတယ်”
လီရှီက ရယ်မောလိုက်ပြီး “ဟုတ်ပါပြီ၊
မင်း မနက်ဖြန်
တောင်ပေါ်တက်ရမယ်။ လျှော့သောက်ပြီး အသားများများစား၊
မင်းရဲ့ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် မင်းမှာ ခွန်အားရှိဖို့ လိုတယ်”
ထိုအခိုက်အတန့်တွင်
အခန်းတစ်ခုလုံး၌ မိသားစု၏နွေးထွေးမှုနှင့် မပြောဘဲ နားလည်နိုင်သော ကြင်နာမှုများ ပြည့်လျှံနေခဲ့သည်။
မိသားစုတစ်ခုလုံး
ဝလင်အောင် စားသောက်ပြီးနောက်တွင် ယောက်ျားသားများက ခန်ပေါ်တွင်
ထိုင်နေပြီး ကြွားလုံးထုတ်နေကြကာ ရုန်းရင်းဆန်ခတ်
ဖြစ်နေခဲ့သည်။ စုန့်ရှင်းယိက သူ့၏ဆေးတံသောက်ချင်စိတ်ကို
မတားဆီးနိုင်တော့ဘဲ
ဆေးတံနှင့်
ဆေးများကို ကိုင်ကာ သူ့၏မျက်လုံးဖြင့် လီရှီကို အချက်ပြနေခဲ့သည်။
လီရှီ သူမ၏ခင်ပွန်းထံသို့
မှန်ကိုပင် ဖြတ်တောက်နိုင်မည့် စူးရှသော အလင်းတန်းတစ်ခု ပစ်ခတ်လိုက်ပြီး သူမ၏ချွေးမများနှင့်
မြေးချွေးမများကို
ကလေးများအား
တခြားအခန်းသို့ ခေါ်သွားပြီး
အနားယူခိုင်းရန် အမိန့်ပေးလိုက်သည်။ သူမက လေသံက ပြတ်သားနေသောကြောင့် စောဒကမတက်ဘဲ
ထွက်သွားရမည် ဖြစ်ကြောင်း လူတိုင်းနားလည်နေကြသည်။
ထိုအချိန်တွင်
စုန့်တင်းရှန်း၏ အငယ်ဆုံးဦးလေးဖြစ်သော စုန့်ကျစ်ချမ်းက
အိမ်နှင့် ဝေးကွာသောကမ္ဘာတစ်ခုတွင် နှစ်မြုပ်နေခဲ့သည်။ သူက ယခုနှစ်တွင် အသက် ဆယ့်ကိုးနှစ်
ရှိနေပြီးဖြစ်သော်လည်း
အိမ်ထောင်မကျသေးသလို
ရည်းစားထားခြင်းကဲ့သို့သော အသေးအဖွဲကိစ္စများကိုလည်း စိတ်မ၀င်စားနိုင်သေးပေ။ သူက
စာသင်နောက်ကျခဲ့သောကြောင့် မနှစ်ကမှ တုန်ရှန်း(အငယ်တန်း)စာမေးပွဲကို
အောင်မြင်ပြီး ယခုအချိန်တွင် ခက်ခက်ခဲခဲ
စာဖတ်နေခြင်း ဖြစ်သည်။ သူက လာမည့်ဆောင်းဦးရာသီတွင်
ကျင်းပမည့် ရှို့စွေ့(အဆင့်မြင့်တန်း)စာမေးပွဲကို ထိပ်တန်းအဆင့်မှ ဂုဏ်သိက္ခာရှိရှိ အောင်နိုင်ရေးအတွက်
ငရဲရောက်နေသလို အပင်ပန်းခဲကာ ကြိုးစားလေ့လာနေခဲ့သည်။
ဤမင်းဆက်တွင်
ပညာရှင်များ၏အဆင့်များကို
အမျိုးမျိုး ခွဲခြားထားပြီး
အဆင့်သတ်မှတ်ချက်များအလိုက် အဆင့်အတန်းနှင့် ဆုလာဘ်များကို
သတ်မှတ်ပေးထားသည်။ ထိပ်တန်းပညာတော်သင်များက ဂုဏ်ကျက်သရေရှိရုံမျှသာမက လစဉ်
ဆန်ခြောက်ဆယ်ကျင်း ရရှိပြီး ၎င်းတို့မိသားစု၏မြေများကိုလည်း အခွန်ကင်းလွတ်ခွင့်
ပေးထားသည်။ ထိုအကျိုးခံစားခွင့်က ကြွယ်ဝသူများအတွက် မသိသာသော်လည်း
လယ်သမားများအတွက်တော့ အသက်သွေးကြောသဖွယ်သာ ဖြစ်သည်။ ထို့ကြောင့် အခြားသူများ
သာယာမှု ရှာနေချိန်တွင် စုန့်ကျစ်ချမ်းက
စာကျက်ရန်သာ အာရုံစိုက်ထားခဲ့သည်။ ယခုအချိန်တွင် ရာသီဥတုက
အရမ်းအေးနေပြီး အအေးဒဏ်ကြောင့် သူ့၏ခြေလက်များ ကိုက်ခဲနာကျင်နေသော်လည်း သူက
မြို့ထံမှ ကျောင်းတွင်
ရှိနေဆဲဖြစ်ကာ ကျောင်းမပိတ်မချင်း သူ အိမ်ပြန်မည် မဟုတ်ပေ။
လက်ရှိတွင်
အိမ်မှ ကလေးများက စုန့်ကျစ်ချမ်း၏အခန်းထဲသို့ ဝင်လာပြီး အခန်းတွင်းရှိ
စာအုပ်များ၏ ရနံ့ကို ရှူရှိုက်မိချိန်တွင် သူတို့၏ နှလုံးသားထဲမှ အလွန်တရာ ထိတ်လန့်တုန်လှုပ်လာသောကြောင့်
စကားပင် ကျယ်ကျယ် မပြောဝံ့ကြတော့ပေ။
ကလေးများကို ချော့သိပ်နေသော
အဘွားစုန့်က စုန့်တင်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး “မနက်ဖြန် ကျူးဇီ တောင်ပေါ်တက်သွားရင်
မင်း အိမ်ကိုလာနေဦး၊ သူ ပြန်ရောက်မှ အိမ်ပြန်ရမယ်၊ အခုက နှစ်ကုန်ခါနီးနေပြီ။ မိသားစုက
ဝက်တွေကို
ကြည့်ဖို့ အလုပ်ရှုပ်နေမှာ၊ အဲဒီအချိန်မှာ
မင်းကို ဘယ်သူမှ
ဂရုစိုက်ပေးနိုင်မှာ
မဟုတ်ဘူး"
သူမ၏စကားများက
ဓါးသွားကဲ့သို့ တိကျနေပြီး ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။
သို့သော်လည်း
စုန့်တင်းရှန်းကလည်း ထိုစကားလောက်ဖြင့်
တုန်လှုပ်ချောက်ချားမည့်သူ မဟုတ်သောကြောင့် သူမတူလေး၏တင်ပါးကို ပုတ်ပေးနေရင်း
တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။
"အဖွား၊ သမီးက အသက်ကြီးနေပြီ၊
သမီးကို ဂရုစိုက်ပေးဖို့ ဘယ်သူကိုမှ မလိုအပ်တော့ဘူး၊ နေ့ခင်းဘက်ဆိုရင် သမီး ဒီကို လာမှာ မဟုတ်ဘူး။
ညဘက်အထိ
သူပြန်မလာရင်တော့ သမီး လာခဲ့မယ်။ နေ့ဘက်က
အိမ်မှာ ပဲအနှစ်နဲ့
ပဲငံပြာရည် လုပ်ရဦးမယ်"
ဖန့်ရှီက "ဟွန်း၊ အမေ
အခု သိပြီမလား?
သူ(မ)
အိမ်မှာတုန်းက
အဲ့လောက်
လုံ့လမစိုက်ခဲ့ဘူး။ အခု
အိမ်ထောင်ကျပြီး အခု
အိမ်ထောင်ကျပြီးတော့ နောက်ဆုံးမှာ ဘယ်လို လုံ့လဝီရိယရှိရမယ် ဆိုတာကို
သိသွားပြီ"
"အမေ!!"
စုန့်တင်းရှန်းက
ဖန့်ရှီကြောင့် ရှက်သွားပြီး သူမက ရယ်သံတစ်ဝက် စိတ်ကောက်သံတစ်ဝက်ဖြင့် "အဖွား၊
အမေ့ကို ကြည့်ပါဦး၊ သမီးက အိမ်မှာလည်း
အလုပ်ကြိုးစားပါတယ်၊ ဒါပေမယ့် အမေက
သမီးကို ဘယ်လို
ဆူပူကြိမ်းမောင်းရမလဲ တွေးနေတာ"
"အခု
မင်းအမေက ပျော်နေတာလေ၊ မင်းက ဘာလို့
မင်းအမေရဲ့အပျော်တွေကို
နားမည်နိုင်ရတာလဲ?" လီရှီက သူမ၏ချွေးမကို မတားသော်လည်း
စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒီည
ငါတို့
ဖက်ထုပ်လုပ်ကြမယ်၊ ကျန်ခဲ့တဲ့
သိုးသားတချို့ကို သုံးမယ်။ မုန်လာဥနဲ့
သိုးသားရောထားတဲ့
ဖက်ထုပ်တချို့ကို
သေသေချာချာ
ပြင်ပြီး အေးခဲထားလိုက်။ မနက်ဖြန် ကျူးဇီ တောင်ပေါ်တက်ဖို့ အစားအသောက်တွေ
ပြင်ပေးရမယ်၊ ဒုတိယချွေးမက
ဘာမှလုပ်စရာမရှိရင် ပန်ကိတ်နည်းနည်းလောက် လုပ်ပေးလို့ ရတယ်။
နုတ်နုတ်စင်းထားတဲ့ သိုးသားနဲ့ အခြောက်လှန်းထားတဲ့ ပုစွန်တွေကို ပန်ကိတ်နဲ့
လှိမ့်လိုက်။ ပြီးရင် ကျူးဇီကို ထုတ်ပိုးပေးလိုက်လို့ရတယ်"
"ရပါတယ်၊
အမေ စိတ်မပူပါနဲ့၊
ဒီကိစ္စကို
အမေ စီစဉ်ပေးစရာ မလိုပါဘူး၊ ကျွန်မ ပြင်ဆင်ထားတာ ရှိပါတယ်" ဖန့်ရှီက အပြုံးတစ်ဝက်ဖြင့်
ပြန်ဖြေလိုက်သည်။
"မင်း
ပြင်ဆင်ထားတာ ရှိရင်တော့ ပိုကောင်းတာပေါ့"
ထမင်းစားပြီးချိန်ဖြစ်သောကြောင့်
လီရှီက
အနည်းငယ် အိပ်ငိုက်လာသည်ဟု ခံစားနေရပြီး ခန်ကို မှီကာ သူမ၏မျက်လုံးကို
မှိတ်ထားလိုက်သည်။
သူမက ငိုက်မြည်းနေဆဲဖြစ်သော်လည်း အမိန့်ပေးနိုင်ဆဲဖြစ်ကာ "ကောင်းပြီ၊ ငါ ထပ်မပြောတော့ဘူး၊
ခန်ပူနေတာကို
အခွင့်ကောင်း ယူပြီး ခဏလောက် အိပ်ကြရအောင်။ အပြင်ဘက်က နိုးကြားနေတဲ့
ယောကျ်ားသားတွေကတော့ သူတို့ဘာသာ အိပ်ချင်အိပ် မအိပ်ချင်နေ"
ထိုအေးခဲနေသော
ညနေခင်းတွင် တစ်မိသားစုလုံးက
သိုးသားဖက်ထုပ်များကို
အများအပြား ပြုလုပ်ခဲ့ကြပြီး
သူတို့ အကုန်မစားနိုင်သောကြောင့်
တစ်ညတညအတွင်း အေးခဲစေရန် အပြင်ဘက်တွင် အေးခဲထားလိုက်ကြသည်။
ကျိုးယိနိုက
စုန့်တင်းရှန်းကို
သူ့တို့အိမ်သို့ ပြန်ခေါ်သွားခဲ့ပြီး အိမ်ထဲသို့
မဝင်မီ သူတို့
ပြန်သယ်လာသော အေးခဲထားသည့် ဖက်ထုပ်များကို တံခါးဝရှိ အခြောက်ခံစင်ပေါ်တွင် တင်ထားလိုက်သည်။
"ငါ
မီးသွားမွှေးပြီး ရေနွေးပူပူလေး
ကျိုပေးမယ်၊
မင်း ခန်ပေါ်တက်ပြီး
အနားယူလိုက်တော့လေ" ကျိုးယိနိုက
စကားပြေနေရင်းဖြင့် အချိန်မဖြုန်းဘဲ အိမ်နောက်ဖေးသို့ သွားကာ ထင်းချောင်းကြီးတစ်ချောင်းကို
ယူလာပြီး
သူ့လက်များက အလျင်အမြန် လှုပ်ရှားနေကာ မီးခတ်ကျောက်ကို နှစ်ကြိမ်ခန့်
ပွတ်တိုက်လိုက်သည်။ ခဏအကြာတွင် မီးတောက်မီးလျှံများက အသက်ဝင်လာသလို
စူးစူးရဲရဲ တောက်လောင်လာသည်။ သိပ်မကြာခင်မှာပင် မူလက အေးစက်နေသည့်အခန်းက
နှစ်သိမ့်အပြည့်ဖြင့် နွေးထွေးလာကာ အအေးဓာတ်က အခန်းထောင့်များဆီသို့
ရွေ့လျားသွားတော့သည်။
ညဘက်တွင်
အိမ်ထဲ၌ ဆီမီးခွက်တစ်ခုသာ ထွန်းညှိထားခဲ့ပြီး သူတို့နှစ်ယောက်လုံး ရေချိုးပြီးနောက်တွင် စုန့်တင်းရှန်းက သူမ မနေ့က သင်ကြားပေးခဲ့သော
စာလုံးများကို ပြန်အာရုံစိုက်လိုက်သည်။
အချိန်အတော်ကြာ စစ်ဆေးပြီးနောက်တွင် သူမက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ချိုသာသော
အသံလေးဖြင့် အကြံပေးလိုက်သည်။
"ညဖတ် စာရေးတာက မျက်လုံးကို
ထိခိုက်စေတယ်၊ အဲ့တာကြောင့် စာမသင်တော့ဘူး။ ဒီလို
လုပ်ကြမယ်။
ကျွန်မ
ရှင့်ကို ဇာတ်လမ်းတိုလေးတွေ ပြောပြမယ်"
ကျိုးယိနိုက သူ့ကိုယ်သူ
စောင်နှင့်ထုပ်ထားပြီး ခန်ဘေးမှ ဗီရိုကို မှီထားကာ သူ့လက်ချောင်းများက ခန်ပေါ်တွင် ကောက်ကြောင်းလိုက်နေပြီး
သူ အရင်က သင်ထားသာ
စကားလုံးများနှင့် ရင်းနှီးရန်
ကြိုးစားနေခဲ့သည်။ သူမ၏ အကြံပြုချက်ကို ကြားလိုက်ချိန်တွင် သူ့မျက်လုံးများက
အနီးမှ မီးရောင်ကဲ့သို့ တဖျပ်ဖျပ်
တောက်ပသွားပြီး ပြန်မေးလိုက်သည်။
"ဘယ်လို ဇာတ်လမ်းလဲ?"
စုန့်တင်းရှန်းက သူမ၏နှုတ်ခမ်းလေးများ
တွန့်ကွေးသွားသည်အထိ ပြုံးလိုက်ကာ "လူတွေကို ပိုပြီး
အသိဥဏ်တိုးစေမယ့် ဇာတ်လမ်းတွေကို ကျွန်မ
ကြားဖူးတယ်၊ နားထောင်ပြီးရင် ရှင့်အတွက် တွေးစရာတွေ ကျန်ပြီး ပိုပြီး
သင်ယူနိုင်လိမ့်မယ်၊ ရှင် နားထောင်ချင်လား?"
သူမ၏လေသံတွင်
ရယ်မောသံလေးများ ပါဝင်နေသော်လည်း သူမ၏အသံက သံလိုက်ဓာတ်ကဲ့သို့ ဆွဲဆောင်မှု
ရှိနေပြီး သူမစကားက သူ့ကို သိချင်လာစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျိုးယိနိုက ပိုလေ့လာသင်ယူနိုင်သည်ဟု ကြားသည်နှင့် ပိုမိုအားတက်သွားကာ "နားထောင်မယ်!"
“ကောင်းပြီလေ...”
သူမ၏ အသံက
နူးညံ့ပျော့ပျောင်းနေပြီး ပျားရည်စွတ်ထားသလို ချိုမြိန်သော တီးတိုးသံလေးဖြင့်
“တစ်ခါတုန်းက လိမ္မာပါးနပ်တဲ့ ကြောင်ကလေးတစ်ကောင်ရှိတယ်…”
သူမက
ဇာတ်လမ်းကို မြူးမြူးကြွကြွ စည်းချက်ကျကျ ပြောနေပြီး သူမ၏စကားသံဖြင့် ဆန်းကြယ်သော
ဇာတ်ကြောင်းကို ပုံဖော်ပြောပြနေခဲ့သည်။ ထို့အပြင်
သူမ ပြောပြနေသည့်အကြောင်းအရာကလည်း
လွန်စွာ
စိတ်ဝင်စားဖွယ်
ကောင်းလှသည်။ အမှန်တကယ်တွင်
သူမက
ဂန္ဒဝင်ဗျူဟာ သုံးဆယ့်ခြောက်ခု၏ ဇာတ်လမ်းများကို ပြောပြနေခြင်း ဖြစ်သော်လည်း ၎င်းက ကလေးများအတွက်
ရေးဆွဲထားသော
ရုပ်ပြဗားရှင်း ဖြစ်သည်။ သူမက အချိန်နှင့် ဇာတ်ကောင်များ၏ အမည်များကို ဖုံးကွယ်ကာ အချို့သောနေရာတွင် တိရစ္ဆာန်ကလေးများဖြင့်
အစားထိုးကာ
ပြောပြနေခြင်း
ဖြစ်သည်။ ဤကမ္ဘာကြီးက သူမ မူလ သိထားခဲ့သော သမိုင်းနှင့် ကွဲလွဲမှု ရှိ မရှိကို သူမ မသိရသေးပေ။ ထို့ကြောင့် အမည်များကို ပြောမိရင် ဒုက္ခရောက်မည်ကို တွေးပူနေရသေးသည်။
“အဲ့ဒီကြောင်လေးက တစ်ပြားမှ
မကုန်ဘဲ
ခွေးမိသားစုဆီကနေ မြှားနှစ်သိန်းကို
ချေးယူနိုင်ခဲ့တယ်၊ အံ့သြစရာကောင်းတယ်လို့ ရှင် မထင်ဘူးလား?”
ကျိုးယိနိုက စူးစူးစိုက်စိုက်
နားထောင်နေရင်း “အံ့သြစရာ
ကောင်းတယ်။ နားထောင်လို့လည်း
ကောင်းတယ်။
အဲဒါကို နောက်တစ်ခု
ထပ်ပြောပြပါလား?”
ကျိုးယိက
ဇာတ်လမ်းက သူ့ကို ဖမ်းဆွဲထားသလိုမျိုးဖြစ်နေကာ နောက်တစ်ခု ထပ်ပြောပြရန်
တိုက်တွန်းနေခဲ့သည်။
သိုသေည်
စုန့်တင်းရှန်းက သူ့ဆန္ဒကို မလိုက်လျောပဲ ခပ်တိုးတိုး ရယ်မောလိုက်ကာ
"ကျွန်မ
ရှင့်ကို ဆက်ပြောနေရင် ရှင်
အိပ်တော့မှာ မဟုတ်ဘူး၊ အဲ့တာဆို မနက်ဖြန် စောစော ထနိုင်ပါ့မလား?"
စုန့်တင်းရှန်းက ပူနွေးသော ခန်ကုတင်ပေါ်သို့
တက်လိုက်ပြီး "ကျွန်မ
ရှင့်ကို
တစ်နေ့ကို
ဇာတ်လမ်းတစ်ခု ပြောပြမယ်၊ မဟုတ်ရင်
ရှင်
မမှတ်မိမှာကို
ကျွန်မ
စိုးရိမ်တယ်"
သူမ၏လေသံသည်
နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သော်လည်း သူက ကျေနပ်စေရန် လုံလောက်ခဲ့သည်။ အခန်းက
သက်သောင့်သက်သာ ရှိနေပြီး ငြိမ်သက်နေကာ ည၏အမှောင်က သူတို့ကို အိပ်စက်ခြင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
....။.....။.....
နောက်တစ်နေ့တွင်
ရာသီဥတု အနည်းငယ် အုံ့မှိုင်းနေပြီး နှင်းကျမည်ဟု ခန့်မှန်းရသည်။
ထိုရာသီဥတုမျိုးက ဝံပုလွေများ တောင်ပေါ်မှ ဆင်းလာရန် အဖြစ်နိုင်ဆုံး
အချိန်ဖြစ်သည်။
ကျိုးယိနိုက
အနီးနားရှိ
သားရဲကောင်ကြီးကို
သတ်ပစ်လိုက်သောကြောင့်
ဝံပုလွေများက
မကြောက်မရွံ့
ရောက်လာခြင်မျိုး ဖြစ်နိုင်သည်။ သို့သော် တခြားသူများအတွက်လည်း
သူ ကျားကို
သတ်လိုက်သည့်အတွက်
အပြစ်မတင်နိုင်ကြပေ။ အမှန်ဆိုလျှင်
ကျားကြီးသာ
တောင်ပေါ်မှ
ဆင်းလာပါက
ပို၍ပင်
ကြောက်စရာကောင်းပြီး
အိပ်မက်ဆိုးပင်ဖြစ်သွားပေလိမ့်မည်။
ဝံပုလွေကို အမဲလိုက်မည့်အဖွဲ့က တောင်ခြေရင်းတွင်
စုရုံးနေကြပြီး
လူနှစ်ဆယ်နီးပါးနှင့်
ခွေးကြီး
ငါးကောင် ခြောက်ကောင်ခန့် ပါဝင်သည်။ ဝါရင့်မုဆိုး အနည်းငယ်မှလွဲ၍
သူတို့အားလုံးသည်
ရွာတစ်ခုစီမှ အားကောင်းမောင်းသန်လူငယ်များသာ ဖြစ်သည်။ လူတိုင်းက
အအေးဒဏ်ခံနိုင်ရန် နွေးနွေးထွေးထွေး ၀တ်ဆင်ထားကြပြီး ကျိုးယိနိုကလည်း
စုန့်ရှင်းယိ၏
သိုးသားရေအင်္ကျီဟောင်းကို ၀တ်ဆင်ထားကာ ခါးတွင် ဓားနှစ်ချောင်း
ချိတ်ဆွဲထားပြီး တောင်းတစ်လုံးကို
ကျောဘက်တွင် သယ်ပိုးထားသည်။
သူ
ဝံပုလွေကို
မသတ်နိုင်ရင်တောင်
ယုန်နဲ့
တောကြက်နည်းနည်း
ဖမ်းမိဖို့ သူ ထောင်ချောက်ဆင်တာက ပိုကောင်းမယ်လို့
သူ
တွေးထားခဲ့တယ်။
သမင်တစ်ကောင်ကို ထောင်ချောက်ဆင်ပြီး ဖမ်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ မြို့ထဲကို သမင်တစ်ကောင်ယူသွားလိုက်ရင် အနည်းဆုံး
ငွေငါးလျန်တော့
ရနိုင်တယ်လေ။
ဆောင်းရာသီ၏ ပြင်းထန်သော မြောက်လေက သူ့မျက်နှာကို
တိုက်ခတ်လာပြီး
ဓားဖြင့် ခြစ်လိုက်သလို
နာကျင်စေသောကြောင့် ကျိုးယိနိုက သူ့၏ နုနယ်သော
မျက်နှာအစိတ်အပိုင်း ဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းကို
ဖုံးအုပ်ရန်
အဝတ်စကို
မတင်လိုက်သည်။
သူတို့အဖွဲ့ထဲတွင် အတွေ့အကြုံရင့်နေသော ဝါရင့်မုဆိုးကြီးများလည်း
ပါဝင်သောကြောင့် သူတို့က ခြေရာရေးရေးလေးကိုပင် ခြေရာခံကာ လိုက်ရှာနိုင်ကြသည်။
ထို့ကြောင့် ဝံပုလွေများ
နေထိုင်သည့်နေရာကို
ရှာဖွေတွေ့ရှိရန်
မခက်ခဲလှပေ။
ကျိုးယိနိုက
ထိုမုဆိုးကြီးများ၏ ကျောပေါ်ရှိ သံလေးကိုင်းကြီးများကို မနာလိုစိတ်ဖြင့်
ကြည့်လိုက်ပြီးမှ သူ့ဓားကို ပြန်ထိကြည့်လိုက်သည်။
သူ့မှာလည်း
အဲ့လို လေးကိုင်းတစ်ခု
ရှိရင် အရမ်းကောင်းမှာပဲ၊ ဒါပေမယ့် ဒီလေးတွေက လုံးဝ
စျေးမပေါဘူး။ အသုံးအများဆုံးတစ်ခုကတောင် မြည်းတကောင်
ဝယ်ဖို့ ကုန်ကျငွေရဲ့ တစ်ဝက်လောက်ရှိပြီး ငွေဆယ်လျန်ထက် ပိုကုန်ကျနိုင်တယ်။
တောင်ပေါ်ရှိ
ဆီးနှင်းများက
အလွန်ထူထပ်နေပြီး ခြေတစ်လှမ်းတိုင်းစီက
ပိုနက်လာသောကြောင့်
လူတစ်စုက
တောင်ပေါ်တက်ရန် ခြေလှမ်းတိုင်းကို ရုန်းကန်နေကြသည်။ ကျိုးယိနိုက
လမ်းတစ်လျှောက်တွင် ကြိုးကွင်းတစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ထောင်ချောက်ဆင်ရန်
နေရာများ ရှာဖွေခဲ့သောကြောင့်
မုဆိုးကြီးများက သူကို ရယ်မောနေကြသည်။
သို့သော်လည်း သူတို့က ကျိုးလောင်စန်း၏မိသားစုတွင် ဖြစ်ပျက်ခဲ့သည်များကို အနည်းနှင့်အများ
ကြားဖူးခဲ့ကြသောကြောင့်
ကျိုးယိနိုအပေါ်တွင် ဆိုးရွားသော
အထင်အမြင် မရှိကြဘဲ သူ့ကို သနားစရာလေး အဖြစ်သာ ရှုမြင်နေကြသည်။
သို့သော်
မိသားစု ခွဲခွာပြီးနောက်
ယခုအချိန်တွင်
သူက အရပ် ပိုရှည်လာပြီး
ပိုသန်မာလာကာ ကျိုးလောင်စန်း၏မိသားစုနှင့်
နေတုန်းကထက် ပိုအဆင်ပြေလာမှန်း သိသာနေသည်။
"ဘာလဲ? မင်းယောက္ခမက
အသား လုံလုံလောက်လောက် မရှိလို့လား?" တစ်စုံတစ်ယောက်က
ကျိုးယိနိုကို ကြည့်ရင်း ရယ်မောကာ နောက်ပြောင်လိုက်သည်။
ကျိုးယိနိုက ခေါင်းခါလိုက်ပြီး
"အဲ့ဒါက လုံလောက်ပါတယ်။ ကျွန်တော်က
သားကောင်နည်းနည်း ရှာပြီး ငွေနဲ့ လဲလှယ်ချင်တာပါ၊ ကျွန်တော့်မိန်းမအတွက် ဆံထိုးတစ်ချောင်း
ဒါမှမဟုတ်
တခြားတစ်ခုခု ဝယ်ပေးချင်တယ်"
"ဟား...ဟားးး...
မင်းက
အရမ်းတော်တယ်" ထိုလူက လက်မထောင်ပြလိုက်သည်။
သူ့ပတ်ဝန်းကျင်မှ လူအုပ်ကြီးကလည်း မျက်ခုံးပင့်ကာ သဘောတကျ ရယ်မောနေကြသည်။
"ယောက်ျားကောင်းတွေက
သူတို့ရဲ့မိန်းမတွေကို ဂရုစိုက်ပေးကြတယ်။ လောင်လျို၊ ခင်ဗျားရော
ခင်ဗျားမိန်းမအတွက်
ဘယ်တော့
ဆံထိုး ဝယ်ပေးမှာလဲ?" သူ့ဘေးမှ လူတစ်ယောက်က အော်မေးလိုက်သည်။
လောင်လျိုဟု
အခေါ်ခံလိုက်ရသည့်
အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းကာ
"ဟာ
ပြောနေပါနဲ့ကွာ၊
သူ့မှာက
ချောမောလှပတဲ့
ဇနီးတစ်ယောက်ရှိတယ်လေ။ ငါ့မိန်းမကတော့... အမ်း၊
မပြောတော့ပါဘူးကွာ!"
သူက
ညည်းတွားရင်း စကားလမ်းကြောင်း လွှဲလိုက်သောကြောင့်
လူတစ်စုက
ရယ်မောလိုက်ကြပြန်သည်။ သို့သော် သူတို့က သူတို့
လိုက်ရှာနေသည့် တောကောင်များ ကြောက်လန့်ထွက်ပြေးသွားမည်ကို
စိုးရိမ်သောကြောင့် အသံအုပ်အုပ်ဖြင့်သာ ရယ်မောနေကြသည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ
မုဆိုးကြီးများက
လိုဏ်ဂူတစ်ခုကို
ရှာဖွေပေးခဲ့သောကြောင့်
လူတစ်စုက အနားယူရင်း မီးပုံဘေးတွင်
စားသောက်နေခဲ့ကြသည်။
ကျိယိနိုက
အသားဖြင့် လုပ်ထားသော ပန်ကိတ်ကို ထုတ်လိုက်သောကြောင့်
တခြားတစ်ယောက်က
ကျွတ်ခနဲ
စုတ်သပ်ကာ ထပ်မံ ချီးကျူးလိုက်ပြန်သည်။ ကျိုးယိနိုက ရယ်မောလိုက်ပြီး မုန့်ထုပ်ကို ကျောက်ပြားပူပူပေါ်သို့ တင်လိုက်သည်။ ခဏအကြာတွင် သိုးသား၏မွှေးရနံ့ထွက်လာပြီး
တခြားသူများဗိုက်ထဲမှ အသံများ ထွက်လာစေခဲ့သည်။
ကျိုးယိနိုက
ကျေနပ်အားရစွာ သက်ပြင်းရှိုက်လိုက်ပြီး မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်နှင့် သူ့ခံတွင်းတစ်ခုလုံး အသားရနံ့များ ပြည့်နှက်နေသလို
ခံစားလိုက်ရသည်။ ထို့အပြင် အသားထဲတွင် ဂျင်းနုပ်နုပ်လေးများ
လှီးထည့်တာသောကြောင့်
စားပြီးသည်နှင့် တစ်ကိုယ်လုံး
နွေးသွားသလို ခံစားရစေသည်။
မုဆိုးအိုကြီးတစ်ဦးက ကောင်းကင်ကို
မော့ကြည့်နေရင်း “နှင်းတွေ
ကျနေပေမယ့် သိပ်တော့ မများသေးဘူး၊ ဒီထပ် နှင်းတွေ ထူလာရင်
ငါတို့ တောင်ပေါ်ကို
မသွားနိုင်လောက်တော့ဘူး။ မြန်မြန် ခရီးဆက်ကြမယ်၊ မဟုတ်ရင်
ညရောက်တာတောင်
အနားယူဖို့
နေရာ ရှာနိုင်မှာ မဟုတ်ဘူး"
လူတစ်စုက
ခေါင်းညိတ်
သဘောတူလိုက်ကြပြီး မီးပုံကို အမြန်ငြှိမ်းသတ်ကာ ဆီးနှင်းများ သိပ်သိပ်သည်းသည်း
မကျရောက်သေးမီ တောင်များထဲသို့ ပိုမိုနက်ရှိုင်းစွာ ခြေချနိုင်ရန်
အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
.....။.....။.....
စုန့်တင်းရှန်းက
အိမ်ထဲတွင်
ပဲအနှစ်အိုးကို
မွှေနေခဲ့သော်လည်း သူမ၏ အတွေးက ကျိုးယိနိုဆီသို့ အဆက်မပြတ် ပျံ့လွင့်နေခဲ့သည်။
သူမက သူမ၏ထိုစိုးရိမ်မှုများကို ဖယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း သူမ၏စိတ်က
ထိုအတွေးများဆီမှ မလွတ်မြောက်နိုင်ခဲ့ပေ။
သူ
အခု
ဘယ်ကိုရောက်နေပြီလဲ?
လမ်းတလျှောက်မှာ သူ အဆင်ပြေရဲ့လား? ဝံပုလွေတစ်ကောင်တွေနဲ့ရော
ရင်ဆိုင်နေရပြီလား? တကယ်တော့ သူမက ကျိုးယိနိုကို ချုပ်နှောင်ထားမှာ မဟုတ်ဘူးလို့
ပြောခဲ့ပေမယ့် ကျိုးယိနို ထွက်သွားတဲ့အချိန်မှာတော့ သူမ
နည်းနည်း
ဝမ်းနည်းနေပြီး အရမ်းစိုးရိမ်နေမိတယ်။ ဘာပဲဖြစ်ဖြစ်
သူက ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်။ ဒီလိုအန္တရာယ်ရှိတဲ့ နေရာမျိုးမှာ
မွေးဖွားခဲ့ပေမယ့် သူက ကောင်လေးတစ်ယောက်သာသာပဲ ရှိသေးတယ်။ သူ တစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ?
သူမ
လေးလေးနက်နက် ဆက်မတွေးဝံ့သောကြောင့်
ထိုအတွေးများကို ဖယ်ရှားလိုက်ပြီး
ပဲစေ့များကို ပြန်အာရုံစိုက်လိုက်သည်။ ပြုတ်ထားသော ပဲစေ့များ ပူနေချိန်တွင်
အမြန်
ကြိတ်ချေရန် ပြင်းပြင်းထန်ထန်
ထုထောင်းဖို့ လိုအပ်နေသေးသည်။ ပဲများက
ပို၍အနှစ်ဖြစ်လေလေ၊ ပဲအနှစ်အိုးက ပိုအရသာ ရှိလေလေ
ဖြစ်သည်။
သူမက
သူမ ထုထောင်းထားသော
ပဲတုံးများကို ဆီစက္ကူဖြင့် ထုတ်ပိုးလိုက်ပြီး သဘာဝအတိုင်း အခြောက်ခံကာ အချဉ်ဖောက်ရန်
စင်ပေါ်တွင် တင်ထားလိုက်သည်။ နွေဦးပေါက်ချိန်ရောက်လာလျှင် ဤရသာရှိသောပဲပိစပ်ကို
ရနိုင်ပေလိမ့်မည်။
သို့သော်
ပဲငံပြာရည်ကိုတော့ နွေဦးပေါက်ပြီး ပူလာမှသာ ပြုလုပ်နိုင်မည် ဖြစ်ကာ
နောက်ထပ် လေးလလောက်ကြာအောင် သိမ်းဆည်းထားရမည်
ဖြစ်သည်။
ထိုပဲငံပြာရည်များကို ဆောင်းဦးရာသီရောက်မှသာ
စားနိုင်မည်ဖြစ်သောကြောင့် တချို့က ဆောင်းဦးဆီဟုလည်း ခေါ်ကြသေးသည်။
ပဲပိစပ် ပြုလုပ်ပြီးနောက်
စုန့်တင်းရှန်းက
သူမ၏နာကျင်နေသော
ပုခုံးများကို ပွတ်သပ်လိုက်သည်။ သူမ အချိန်ကို တွက်ချက်ကြည့်လိုက်ရာ
နေ့တစ်ဝက်ကျော်လာပြီ ဖြစ်သော်လည်း တောင်ပေါ်မှ လှုပ်လှုပ်ရှားရှား
အရိပ်အယောင်ကို မတွေ့ရသေးပေ။ ထို့ကြောင့် သူတို့ ယနေ့ ပြန်မလာနိုင်တော့ဘူးဟု သူမ ခန့်မှန်းလိုက်သည်။
သူမက သူမ စားမကုန်သေးသော မုန့်လက်ကျန်အချို့ကို
ပေါ့ပေါ့ပါးပါး အပူပေးလိုက်ပြီး မုန့်များ
မပူသေးခင် စောင့်ဆိုင်းနေရင်း အိမ်နောက်ဖေးကို သွားကာ သူမ၏လက်သန်းလုံးလောက်ရှိသော
နွယ်ကြိုးခြောက်များကို ထုတ်ယူလာခဲ့သည်။ ထိုနွယ်ပင်များက
အလွန်ပျော့်ပျောင်းသော်လည်း တစ်ခုစီက အလွန်ခိုင်ခံ့ကာ
သူမ၏လက်သန်းလောက် ထူထဲသည်။ စုန့်တင်းရှန်းက
ကျိုးယိနို ဝတ်ရန်အတွက်
နွယ်ကြိုးချပ်ဝတ်တန်ဆာ ပြုလုပ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကျေးရွာတွေကနေ
စုဆောင်းခံရတဲ့ တပ်သားသစ်အများစုမှာ ချပ်ဝတ်တန်ဆာမရှိတာကို စုန့်ရှင်းယိဆီကနေ
သူမ
သိထားပြီးပြီ၊ သူတို့မှာ
ရှိရင်တောင် အဆုတ်အပြဲတွေပဲ။ ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးထားတဲ့
စစ်သည်တွေကိုတော့ သံချပ်ကာတွေ ထုတ်ပေးထားပေမယ့် လေ့ကျင့်မထားတဲ့သူတွေကတော့
အခြေခံအားဖြင့်
အသခေံတပ်သားတွေပဲ။
ဒါပေမယ့် အခုက တောင်ဘက်နဲ့ မြောက်ဘက်မှာ စစ်ပွဲတွေ
ဖြစ်နေတယ်။ အထက်လူကြီးတွေက
တပ်သားအသစ်တွေကို လေ့ကျင့်ပေးရလောက်တဲ့အထိ
စိတ်နှလုံးကောင်း ရှိ မရှိ ဘယ်သူမှ မသိနိုင်ဘူး။ သူမက
ကျိုးယိနိုကို ဘေးကင်းစေချင်မှတော့ သူ လုံခြုံမှုရှိစေဖို့ သူ တစ်ခုခုယူသွားနိုင်အောင်
သူမ ပြင်ဆင်ပေးရမယ်လေ။
စုန့်တင်းရှန်းက
ကြိမ်လုံးများ ချပ်ဝတ်တစ်ခုဖြစ်အောင် ဂရုတစိုက် ယက်လုပ်လိုက်ပြီး
ဆီစိမ်ထားလိုက်သည်။ ဆီက ပစ္စည်းများကို ခိုင်မာစေပြီး တာရှည်ခံစေနိုင်သည်။
ပြီးပြည့်စုံခြင်း၏ လက္ခဏာဖြစ်သော
ဓားဖြင့် ခြစ်ကြည့်လျှင် အဖြူရောအစင်းကြောင်းသာ ကျန်သည်အထိ အခြောက်လှန်းပြီးနောက်တွင်
ထပ်မံရေစိမ်ရမည် ဖြစ်သည်။ ထိုအကာအကွယ် ဝတ်စုံက မီးကို ခံနိုင်ရည်ရှိမည်
မဟုတ်သော်လည်း ဓားများကို ကာကွယ်ပေးနိုင်ပြီး ဝတ်ဆင်ထားချိန်တွင် ပေါ့ပါးကာ
သယ်ယူရလျှင်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေပေ။ အများကြီး အသုံးဝင်မည် မဟုတ်သော်လည်း
လောလောဆယ်အခြေအနေတွင် လုံလောက်ပေလိမ့်မည်။
နေ့မှ
ညဘက်သို့ ပြောင်းလာသည်နှင့်အမျှ ကောင်းကင်တွင် တိမ်မည်းများ ထူထပ်လာပြီး
အရာခပ်သိမ်းအပေါ်တွင် ခပ်မှိန်မှိန်အလင်းတန်းများသာ လင်းလက်နေတော့သည်။ ဖန့်ရှီက စုန့်တင်းရှန်းဆီသို့
ရောက်လာပြီး
သူမကို
ညစာစားရန် လာခေါ်ကာ
ညဘက်တွင်
မိဘအိမ်သို့ ပြန်အိပ်ရန် တိုက်တွန်းနေသည်။
သူမက
ပေါ့ပေါ့ပါးပါး ပုံစံဖြင့် "အမဲလိုက်တာက ဒီလိုပါပဲ၊
တောင်ပေါ်ကို တစ်ကြိမ်တက်လိုက်တာနဲ့
သုံးရက်ကနေ
ငါးရက်လောက်တော့
ကြာသွားတာပဲ။ အင်း... မင်း အခုမှတော့
စိတ်ပူရမှန်း သိသွားပြီပေါ့၊
အရင်ကတော့
ဘာလို့ သူ့ကို မတားခဲ့တာလဲ?"
စုန့်တင်းရှန်းက
သူမ၏ပစ္စည်းများကို
ထုပ်ပိုးပြီး တံခါးကို သော့ခတ်ကာ ဖန့်ရှီနှင့်အတူ မိဘအိမ်သို့ ပြန်လာခဲ့သည်။ သူမတို့မိသားစုက အခြားမိသားစုများထက်
ဆီနှင့်ရေအနည်းငယ် ပိုသုံးကာ စွပ်ပြုတ်ပြုလုပ်နိုင်ပြီး အရိုးနှင့် အကြွင်းအကျန်အသားအချို့ကို ဟင်းပွဲအဖြစ်
စားသုံးနိုင်ကြသော်လည်း သူမတို့မိသားစုက သာမန်အစားအစာများကို
စားလေ့ရှိကြသည်။ သူမတို့
ဘဝက ရိုးရှင်းပြီး သာမန်ဆန်လှသည်။
ညစာစားပြီးနောက်
ဖန့်ရှီက သူမသမီး၏
ဆံပင်လေးများကို ပွတ်သပ်ကာ "မနက်ဖြန်လည်း မပြန်နဲ့တော့လေ။ မနက်ဖြန်
မင်းအဖေက မင်းအစ်ကိုနဲ့အတူ တခြားရွာကို ဝက်သတ်ဖို့
သွားကြလိမ့်မယ်။ သူတို့ ပြန်လာဖို့ကလည်း တစ်ရက် နှစ်ရက်လောက်တော့ ကြာဦးမှာပဲ။ မင်းက အမေနဲ့ အတူတူ
အိပ်လိုက်တော့လေ"
"ဟုတ်ကဲ့" စုန့်တင်းရှန်းက နာနာခံခံ
သဘောတူလိုက်ပြီး "သမီး စိတ်မပူပါဘူး။ အစ်ကိုကျိုးက အရင်က ကျားကြီးတစ်ကောင်ကို
သတ်ဖို့ တောင်ပေါ်ကို
တက်ဖူးတယ်လေ။ သူ့မှာ ဒီလိုစွမ်းရည်ရှိနေမှတော့ သမီးက
ဘာကို
စိတ်ပူနေရမှာလဲ?"
ဖန့်ရှီက
မျက်ခုံးပင့်ကာ ရယ်မောလိုက်ပြီး
သူမသမီးလေး၏ပါးပြင်ကို ခပ်ဖွဖွ လှမ်းဆွဲလိုက်ပြီး "အိုး...
တကယ်လား? မင်းက စိတ်မပူဘူးပေါ့... ဒါပေမယ့် မင်း တစ်နေ့လုံး ပြုံးတောင်
မပြုံးဘူး"
ထို့နောက်
သူမက "လာခဲ့ ဒီအဝတ်ဟောင်းတွေကို
မြန်မြန် ဖယ်ဖို့
အမေ့ကို ကူညီပေးဦး။ ဒါမှ မနက်ဖြန် ရေလျော်ပြီး ဝါဂွမ်းအသစ်ထပ်ထည့်နိုင်လိမ့်မယ်၊
မဟုတ်ရင်
နှစ်သစ်ကူးမတိုင်ခင်
အ၀တ်သစ်ရှိတော့မှာ
မဟုတ်ဘူး"
တကယ်တော့
ဒီအဝတ်အစားအသစ်လို့ပြောတဲ့အရာက
ဂွမ်းသားအဟောင်းကို ထုပ်ပြီး အသစ်ပြန်ထည့်တာပါ၊ အများစုအတွက်တော့ အဲ့လိုအထည်အသစ်တစ်ထည်ရှိရင်ကို
တော်တော်ကောင်းမွန်နေပါပြီ။
စုန့်တင်းရှန်းက
သူမ အမေ၏အဝတ်ဟောင်းများထဲမှ ဂွမ်းသားများကို ပြန်ထုတ်နေရင်း
သူမအမေ ပြေနေသော
အတင်းအဖျင်းများကို နားထောင်နေခဲ့သည်။ သူမ၏အဖေနှင့် သူမ၏အစ်ကိုကြီးက မီးဖို၏မီးအလင်းရောင်ဖြင့် အပြင်ဘက်တွင် ဓားသွေးနေကြသည်။ သူမ၏အကြီးဆုံးအဒေါ်က ဖိနပ်ချုပ်ရန် ချည်ကြိုးတစ်ချောင်း
ချေးငှားရန် ရောက်လာခဲ့သည်။ အမှန်တကဘ်တွင်
သူမက စုန့်တင်းရှန်း၏အရိပ်အခြေကို
ကြည့်ပြီး
သူမ၏နှလုံးသား နွေးထွေးစေရန်
နှစ်သိမ့်စကားများ ပြောပေးရန် ရောက်လာခြင်း ဖြစ်သည်။
ညတော်တော်နက်လာပြီ
ဖြစ်သော်လည်း ကျိုးယိနိုနှင့် တခြားသူများက ပြန်မလာကြသေးပေ။ စုန့်တင်းရှန်းက
မိုးမလင်းခင်အထိ မအိပ်နိုင်ပဲ
ခန်ပေါ်တွင် လူးလိမ့်နေကာ နောက်ဆုံး
မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့် သူမ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် မွန်းတည့်ချိန်နီးနေပြီ
ဖြစ်သည်။
"အာ့နွီအာ၊ အာ့နွီအာ၊ မြန်မြန်ထ၊
ကျိုးဇီနဲ့ တခြားသူတွေ
ပြန်လာပြီ!" ဖန့်ရှီ၏အသံက ရွှင်မြူးမှုများ ပြည့်နေပြီး
သူမက ခန်းဆီးလိုက်ကာကို မြှောက်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။
"မနေ့ညက
မင်း အိပ်မပျော်ဘူးဆိုတာ အမေ သိတယ်၊ ဒါကြောင့် အမေ မင်းကို မနိုးခဲ့တာ ဒါပေမယ့်
မင်းက အရမ်းပျင်းပြီး
ဒီလောက်အထိ အိပ်မယ်လို့တော့ ဘယ်သူက ထင်မှာလဲ? မြန်မြန်ထ... မင်း ယောက်ျား
ပြန်လာပြီ"
ဖန့်ရှီ၏အသံတွင် ရယ်မောရိပ်များ ပြည့်လျှံနေသောကြောင့် ကျိုးယိနိုက ပြန်လာရုံသာမက သားကောင်ကိုပါ ယူဆောင်လာနိုင်ပုံရသည်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟