CHAPTER 15
Viewers 2k

အခန်း ၁၅ တိုက်ပွဲ အခြေအနေ

ယခုနှစ်၏နှစ်သစ်ကူးမတိုင်မီ နောက်ဆုံးဈေးရက် ဖြစ်သောကြောင့် နေရာတိုင်းတွင် လူများ စည်ကားနေပြီး လူတိုင်းက ခြင်းတောင်းများကို ကျောပိုးထားကာ သူတို့ စုဆောင်းထားသမျှ ငွေများကို စိတ်ကြိုက်သုံးချင်နေပုံဖြင့် အကြီးမားဆုံး ဝယ်ယူမှုများကို ပြုလုပ်နေကြသည်။

စုန့်တင်းရှန်းနှင့် လက်တွဲထားသော ဖန့်ရှီကတော့ တွတ်ထိုးနေပြန်သည်။

"အရင်ဆုံး အထည်သွားဝယ်ကြ၊ များများ ဝယ်ကြနော်၊ နှစ်သစ်ကူးမှာဆိုရင် အထည်တွေက ပိုစျေးသက်သာတယ်။ ပြီးတော့ မင်းတို့ တစ်ယောက်ချင်းစီအတွက် ငွေဆံထိုးတစ်စုံစီရယ် ပိုက်ဆံအိတ်ချုပ်ဖို့  ပိတ်စကောင်းကောင်းလေးတွေရယ် ဝယ်ရမယ်င်းတို့ရဲ့ အဖွားအတွက်လည်း လက်စွပ်တစ်ကွင်း ဝယ်မယ်။ အိမ်မှာ လိုနေတဲ့ အပ်ချည်နဲ့ အထည်ဟစတွေကို ပြန်ဖြည့်ဖို့လည်း အချိန်တန်ပြီ။ ပင်လယ်ငါးခြောက်လည်း များများဝယ်ရမယ်အဲ့ငါးခြောက်တွေကို အသီးအရွတ်နဲ့ စွပ်ပြုတ်ချက်သောက်ရင် တော်တော် အရသာရှိတယ်။ သကြားခဲလည်း နည်းနည်း လောက်ဝယ်ရမယ်။ နှစ်သစ်ကူးရင် မိသားစုတိုင်းကို သကြားလုံးခဲ ကျင်းတစ်ဝက်လောက် လက်ဆောင်ပေးမှာ မဟုတ်ဘူးလား?”

“အမေ  ခေါင်းစည်းကွင်းလေးတွေလည်း ဝယ်သင့်တယ်နော်၊ သမီးတို အဖိုးတွေရဲ့ မိသားစုတွေမှာ အသက်လေးငါးနှစ်လောက်ရှိတဲ့ ကလေးမလေးတွေ ရှိနေတာကို သမီး သတိထားမိတယ်စုန့်တင်းရှန်းက သူမ၏မိခင်ကို သတိထပ်ပေးလိုက်သည်။

“အမေ၊ ဟိုမှာ လိမ္မော်သီးရောင်းတဲ့သူ ရှိတယ်။ အိမ်ကို ပြန်ယူသွားဖို့ လိမ္မော်သီး ဝယ်လို့ရလား” ချောင်းရှီ၏လက်ကို ဆွဲထားသော အသက်သုံးနှစ်အရွယ် ကုန်းတန်၏အသံသေးသေးလေး ထွက်လာပြန်သည်။

 “နှစ်သစ်အတွက် နောက်ထပ် ပန်းကန်လုံးအသစ်တွေ ထပ်ဝယ်ရမယ်။ ငါတို့ရဲ့လက်တွေ ဘေးကင်းစေဖို့ အိမ်မှာရှိနေတဲ့ အက်နေတဲ့ပန်းကန်းလုံးတွေအဟောင်းတွေကို လွှင့်ပစ်ရမယ်” ဖန့်ရှီက ထပ်ပြောလိုက်ပြီး စကားမရပ်နိုင်ပုံဖြင့် ဆက်ပြောနေပြန်သည်။တင်းရှန်း...  ဒီနှစ်သစ်ကူးရဲ့ဒုတိယနေ့မှာ မင်း မိဘအိမ်ကို လာလည်ဖို့အတွက် လက်ဆောင်တွေ ယူလာစရာ မလိုဘူးမင်း အိမ်ကနေ ထွက်လိုက်တာနဲ့ ငါ့အိမ်ကို ရောက်နေပြီ ဘာမှ ဂရုစိုက်နေစရာ မလိုဘူးလျိုအာ... ဒီနှစ် မင်းရဲ့မိဘအိမ်ကို ဘာလက်ဆောင်ပေးမှာလဲ? မနှစ်က ပေးတာနဲ့ အတူတူပဲ ပေးမှာလား?”

“အဲ့တာလည်း အဆင်ပြေသားပဲ” ထိုသို့ ပြောလိုက်သော်လည်း ချောင်းရှီက ခဏလောက်စဥ်းစားပြီး ထပ်ပြောလိုက်သည်။

“တောက်ပြောင်တဲ့ အထည်နှစ်စလောက်တော့ ထပ်ဝယ်ရမယ်၊ ကျွန်မ အမေရဲ့ မိသားစုထဲက ဝမ်းကွဲတစ်ယောက်က နှစ်သစ်မှာ လက်ထပ်တော့မယ်၊ အနည်းဆုံးတော့ သူ(မ)လည်း လှပတဲ့ ၀တ်စုံလေး ၀တ်သင့်တယ်"

“အိုး၊ မင်းအမေရဲ့မိသားစုက မင်းရဲ့ဝမ်းကွဲက အသက်ဘယ်လောက်ရှိပြီလဲ? ငါ သူ(မ)ကို မတွေ့တာ နှစ်အတော်ကြာနေပြီ၊ ကောင်မလေးက တော်တော်အရွယ်ရောက်နေလောက်ပြီ” ဖန့်ရှီကလည်း ခဏလောက် စဉ်းစားပြီး သူမ၏အတွေးကို ပြောပြကာ သဘောတူလိုက်သည်

ကုန်းတန်က ချောင်းရှီ၏နောက်မှ လိမ်လိမ်မာမာဖြင့် ကပ်လိုက်နေခဲ့ပြီး အသံမထွက်တော့သော်လည်း သူ့မျက်လုံးလေးများက အသစ်အဆန်းများကို လုံးဝ လက်လွတ်မခံပဲ စည်ကားနေသော ဈေးတဝိုက်ကို လှည့်ပတ်ကြည့်ရှုနေကာ သူ့၏လက်သီးသေးသေးလေးများကို တင်းနေအောင် ဆုပ်ထားလေသည်

ကျိုးယိနိုက အမျိုးသမီးများနောက်မှ ခပ်အေးအေး လိုက်ပါလာခဲ့ပြီး သူက ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် စုန့်တင်းရှန်းကို လှမ်းဆွဲလိုက်ပြီး သူမ၏နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး
စုန့်တင်းရှန်းက သူမ၏ပိုက်ဆံအိတ်ကို ချက်ချင်း ဖွင့်လိုက်ပြီး ကြေးပြားအနည်းငယ် ထုတ်ယူလိုက်သည်။ သူမက ထိုကြေးပြားများကို ကျိုးယိနိုထံ ပေးလိုက်ပြီး သူက လူစုလူဝေးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။  ခဏအကြာတွင် သူက  နေရောင်အောက်တွင် တောက်ပနေပြီး ချိုမြိန်ပုံရမည့် အနီရောင် ထန်ဟုလူနှစ်ချောင်းကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။

မြို့ထဲမှ စျေးသည်များတွင် ဆွဲမက်ဖွယ် အမြင်နှင့် စားချင်စဖွယ် အနံ့ရှိသည့် စားစရာအများအပြား ရှိနေပြီး သူတို့က ထန်ဟုလူများမှ စ၍ မုန်းပေါင်း(မန်ထို)များကိုပင် ရောင်းချနေခဲ့ကြသည်။ သို့သော်လည်း ဤချိုချိုချဉ်ချဥ် အရသာရှိသည့် အနီရောင်ဟော်သွန်သီးကသာ ကလေးများ၏ အာရုံကို ဖမ်းစားနိုင်လေသည်။ ကုန်းတန်က သကြားလုံးရောင်းသူတိုင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း လူကြီးများအား တောင်းဆိုရန်တော့ သူ့ပါးစပ်ကို လုံးဝ မဖွင့်ခဲ့ပေ။

ကျိုးယိနိုက ကုန်းတန်ကို ထန်ဟုလူတစ်ချောင်း လှမ်းပေးလိုက်ပြီး သူ့အသံက တည်ငြိမ်နေသော်လည်း ချစ်ခင်သည့်အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“ကောင်လေး...ရော့”

ကုန်းတန်က ထန်ဟုလူကို လှမ်းမယူသေးဘဲ မျက်လုံးပြူးလေးများဖြင့် ချောင်းရှီကို အရင်ကြည့်လိုက်သောကြောင့် ချောင်းရှီက ပြုံးလိုက်ပြီး "မင်းရဲ့ဦးလေးက ပေးရင် ယူလို့ရတယ်၊ ဒါပေမယ့် ကျေးဇူးတင်စကားပြောဖို့တော့ သတိရ ရမယ်"

နောက်ဆုံးတွင် ကုန်းတန်၏လက်သေးသေးလေးက လှုပ်ရှားလာပြီး ထန်ဟုလူကို ဂရုတစိုက်ဖြင့် လှမ်းယူလိုက်သည်။ ထို့နောက် သူက ချိုမြိန်ပြီး အနည်းငယ် ရှက်ရွံ့နေသော အသံလေးဖြင့် "ကျေးဇူးတင်ပါတယ် ဦးလေး"

ကုန်းတန်၏အသံလေးက နူးညံ့နေသလို သူ့မျက်လုံးလေးများတွင်လည်း ပျော်ရွှင်မှုအရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်ထန်ဟုလူကို ယူပြီးသည်နှင့် သူက ဖန့်ရှီ၏ပါးစပ်ထဲသို့ အရင် ထည့်ပေးလိုက်တယ်။ ဖန့်ရှီက နွေးနွေးထွေးထွေး ရယ်မောလိုက်ပြီး ဖွဖွလေး တစ်ကိုက်ကိုက်ရန် သူမ၏ခေါင်းကို ငုံလိုက်သည်။ အကိုက်သေးသေးလေး တစ်ကိုက်ကိုက်ပြီး‌နောက်တွင် ဖန့်ရှီက အာ... ဒါက အရမ်းချိုပြီး အရမ်း အရသာရှိတယ်။ ငါတို့ရဲ့မြေးနဲ့ အတူတူပဲကျေးဇူးတင်ပါတယ်.. အဖွားရဲ့အကြီးဆုံးမြေးလေး"

ထို့နောက် ကုန်းတန့်က ရှက်ရွံ့နေဟန်လေးဖြင့် ချောင်းရှိဘက်သို့ လက်ဆန့်ပေးလိုက်သည်။

ချောင်းရှီကလည်း တစ်ကိုက် ကိုက်ကာ ကုန်းတန်လေးကို ချီးကျူးပေးလိုက်သည်။ ကုန်းတန်လေး၏မျက်နှာက နီမြန်းလာပြီး စုန့်တင်းရှန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။

ပါးနပ်သော စုန့်တင်းရှန်းက သူ့၏အမူအရာကို အလွယ်တကူ အကဲခတ်နိုင်ခဲ့ပြီး သူမ လက်ထဲမှ နောက်ထပ် ထန်ဟုလူတစ်ချောင်းကို  မြှောက်ကာ ကလေးလေးကို ပြုံးပြလိုက်သည်။ "ဒေါ်လေးမှာလည်း ရှိတယ်၊ ကုန်းတန်က စိတ်မပူပဲ
သားဘာသာ စားလို့ရတယ်

ထိုမှသာလျှင် ကုန်းတန်က ခေါင်းငုံကာ သူ့ဘာသာသူ စားရန် အလှည့်ရသွားခဲ့သည်။ သူက ထန်ဟုလူကို တစ်ကိုက် ကိုက်လိုက်ပြီး ချိုချိုချဉ်ချဥ် အရသာနှင့် သူ့ပတ်ဝန်းကျမှ လူများ၏နွေးထွေးမှုကို အရသာခံနေပုံရကာ ကျေကျေနပ်နပ် ပြုံးနေလေသည်။

ထိုအချိန်မှသာ ဖန့်ရှီက စုန့်တင်းရှန်း၏လက်ထဲတွင် ကိုင်ထားသော ထန်ဟုလူကို မြင်သွားပြီး စိတ်တိုလာကာ "မင်းက အိမ်ထောင်ကျပြီးနေပြီလေအဲ့တာတောင်မှ လမ်းပေါ်မှာ သရေစာ စားနေတုန်းလား၊ လူတွေက မင်းကို လှောင်ပြောင်မှာကို မင်း မကြောက်ဘူးလား?"

စုန့်တင်းရှန်းကတော့ လုံးဝ ဂရုမစိုက်ပေ

သူမ ငယ်ငယ်လေးကတုန်းက ဒီကို စားဖူးပေမယ့် ခဏခဏတော့ မစားရဘူး၊ နောက်ပိုင်းမှာ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်လာတော့ ဒါမျိုး ချိုမြိန်တဲ့သရေစာတွေကို စားဖို့နေနေသာသာ စားစရာအလုံအလောက်ရဖို့တောင် ခက်သွားခဲ့တယ်သူမ အသက်ကြီးလာတော့လည်း ငယ်ငယ်က ကြမ်းတမ်းတဲ့အစေ့အဆန်တွေ(ဆန်ကြမ်း၊ ဂျုံကြမ်းတွေ)ကို စားခဲ့ရတောကြောင့် သူမရဲ့သွားတွေက ပျက်စီးနေပြီ၊ ဒီလို ချိုချိုချဥ်ချဉ် အရသာရှိတဲ့ အသီးအနှံတွေကို မစားဝံ့တော့ဘူး။

အခု သူမ အခု ကျန်းမာသန်စွမ်းနေပြီး နုပျိုနေသေးတော့ သွားတွေက ကောင်းနေသေးတဲ့အပြင် ဒါက ကျိုးယိနို သူမအတွက် ဝယ်လာပေးတာ ဆိုတော့ သူမစားသင့်တာ အမှန်ပဲ၊ အဲ့တာကြောင့် သူမက ပျော်ပျော်ရွှင်ရွှင် စားဖို့ကလွဲရင် ဘာမှ မတွေးတော့ဘူး။

(T/N: တင်းရှန်းကလေ ဘယ်အချိန်မှာ မွေးတယ်လို့ အတိအကျ မပြောပေမယ့် ကိုယ် ခန့်မှန်းရသလောက်တော့ ၁၉၂၀/၁၉၃၀ ပတ်ဝန်းကျင်လောက်မှာ မွေးခဲ့တာ ထင်တယ်၊ ပြီးတော့ အသက်လေးဆယ်လောက်မှာ သေပြီး သူ့မောင်တွေ ညီမတွေနားမှာ အကြာကြီး ဝိဥာဥ်ဖြစ်နေခဲ့တာ.. အဲ့တာက ခတ်သစ်ကမ္ဘာပေါ့၊ ဒီမှာ ဖရိုဖရဲ ဖြစ်တယ်ဆိုတာက ၁၉၃၀ လောက်မှာ ပြည်တွင်းစစ်တွေ၊ ဂျပန်နဲ့စစ်ပွဲတွေ ဖြစ်ခဲ့တာဆိုတော့ အဲ့အချိန်ကို ပြောတာထင်တယ်၊ ပြီးတော့ သူရဲ့အရင်ဘဝက် အဖေကလည်း ဂျပန်ကို သွားရင်း အသတ်ခံရတာဆိုတော့ အဲ့အချိန်ကို ပြောတာလို့ ခန့်မှန်းမိတယ်)

 သက်တော်စောင့်ဖြစ်သော ကျိုးယိနို၏ အကာအကွယ်အောက်တွင် အမေနှင့်သမီးများက ဈေးတန်းထဲသို့ တိုးဝင်သွားကြပြီး အမျိုးမျိုးသော ဈေးဆိုင်များကို သွားရောက်ကြည့်ရှုကြပြီး ဈေးဆိုင်တိုင်းက ကြည့်ရှုပြီးမှ ရပ်တန့်လိုက်ကြသည်။ နောက်ဆုံး သူမတို့ လမ်းလျှောက်ရသည်ကို ငြီးငွေ့လာသည်အချိန်ရောက်မှသာ ပူပူနွေးနွေး ဝမ်တန်များ ရောင်းနေသည့်ဆိုင်တစ်ဆိုင်ကို ရှာကာ ဝင်ထိုင်လိုက်ကြသည်လူတိုင်းလူတိုင်း ဝမ်တန်ပန်းကန်လုံးတစ်လုံးစီ စားလိုက်ရသောကြောင့် တစ်ကိုယ်လုံးနွေးထွေး သွားသလို ခံစားလိုက်ကြရသည်။ ထို့နောက်တွင် ယူလာသမျှ ပိုက်ဆံအားလုံး မကုန်မချင်း မပြန်သေးဘူးဟုသော အမူအရာများဖြင့် လမ်းဆက်လျှောက်ကြပြန်သည်
နေ့ခင်းဘက်
သို့ ရောက်လာချိန်တွင် ဈေးသည်များက တယောက်ပြီး တယောက် ဆိုင်သိမ်းသွားကြသော်လည်း အစားအသောက်ရောင်းချသည့် ဆိုင်ငယ်လေးများ ထွက်ပေါ်လာသောကြောင့် စည်ကားနေဆဲ ဖြစ်သည်။

ရှိသမျှ လမ်းအကုန်လုံးကို လျှောက်သွားပြီးကြချိန်တွင် ဖန့်ရှီကို သူမ၏ချွေးမနှင့် သမီးက ကူတွဲပေးထားရပြီး ဖြစ်သည်။ "အိုး မောလိုက်တာ.... အိုက်ယား ပြန်သွားရင်တော့ ငါ့ခြေထောက်တွေကို ရေနွေးစိမ်ရတော့မယ်... ငါ အရမ်းပင်ပန်းသွားပြီ..."

လှည်းရပ်နားသည့်နေရာသို့ သူမတို့ ပြန်ရောက်လာပြီး လှမ်းကြည့်လိုက်ချိန်တွင် တတိယအဖွားက ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက စုန့်ကျစ်ယွမ်နှင့် စကားပြောနေသောကြောင့် ဖန့်ရှီ၏ခြေထောက်များ နာကျင်နေခြင်းက ရုတ်တရက် ရပ်တန့်သွားပြီး သူမ မောပန်းနွမ်းနယ်ခြင်းကလည်း မရှိတော့ပေ။ သူမမျက်နှာပေါ်တွင် တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသည့် အမူအရာများသာ ရှိနေပြီး သူမက လေပြင်းနှင့်အတူ စုန့်ကျစ်ယွမ်ဆီသို့ လျှောက်သွားတော့သည်။

သို့သော်လည်း သူတို့အနားသို့ ရောက်သွားချိန်တွင် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး "အိုး တတိယအဒေါ်ပါလား? အဒေါ်က ဘာလို့ ဒီနေရာမှာ မတ်တပ်ရပ်နေတာလဲ?
တတိယအဘွားစုန့်၏ နောက်တွင် သူမ၏ချွေးမနှစ်ယောက် ရှိနေပြီး သူမတို့ကလည်း အနည်းငယ် စိတ်မချမ်းသာဖြစ်နေကြဟန်တူသည်။ ဖန့်ရှီကို မြင်လိုက်ချိန်တွင် သူမတို့က အနည်းငယ်ပြုံးလိုက်ပြီး “ဘာမှ မဖြစ်ပါဘူး၊ အမေက သူ့တူလေးရဲ့လှည်းပေါ်မှာ နေရာရှိသေးလာလို့ မေးချင်လို့ပါနေရာ ရှိသေးရင် အမေနဲ့ ငါတို့ကို ပြန်ခေါ်သွားပေးပါလား?

ဖန့်ရှီက တိုက်ရိုက် မငြင်းဘဲ “ကျွန်မတို့ ဝယ်ထားတဲ့ ပစ္စည်းတွေကို မကြာခင် လာပို့ပေးတော့မယ် ထင်တယ်။ ပစ္စည်းတွေ တင်ပြီးလို့ လှည်းပေါ်မှာ နေရာကျန်သေးရင် တတိယအဒေါ်တို့ကို ကျွန်နဲ့အတူ ပြန်ခေါ်သွားပေးဖို့က ပြသနာ မဟုတ်ပါဘူး"

စုန့်တင်းရှန်းက သူတို့ ဝယ်ထားခဲ့သည့်ပစ္စည်းများကို ပြန်တွေးလိုက်ပြီး ခဏနေလျှင် အဒေါ်ကျန်း ပြန်သယ်လာမည့် ပစ္စည်းများကိုပါ ထပ်ပေါင်း စဉ်းစားလိုက်ကာ လှည်းပေါ်တွင် ထိုင်စရာနေရာ မကျန်နိုင်တော့ကြောင်း နားလည်လိုက်သည်။ တတိယအဖွားက အလကားဟသ စောင့်ဆိုင်းနေရတော့မည်မှာ သေချာနေတော့သည်။

ဖန့်ရှီနှင့် ကျန်းရှီတို့ ဝယ်ထားခဲ့သည့် ပစ္စည်းများကို တမျိုးပြီး တမျိုး လာပို့ပြီးချိန်တွင် တတိယဘွားစုန့်၏မျက်နှာက ပို၍ ပို၍ မည်းမှောင်လာသည်။ သူမက မြေပြင်ပေါ်တွင် စုပုံနေသော ခြင်းတောင်းများအိတ်များနှင့် အထည်လိပ်များကဲ့သို့သော ပစ္စည်းများကို လောဘကြီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ရွဲ့စောင်းသော လေသံဖြင့် “အိုး၊ နင်တို့က ပစ္စည်းတွေ အများကြီး ဝယ်ခဲ့ကြတာပဲ။ ဒီနှစ်အတွင်းမှာ နင်တို့ ပိုက်ဆံတွေ အများကြီး ရခဲ့ပုံပဲ"

ဖန့်ရှီက "ဟုတ်တယ်လေ၊ ဒါကို တခြားသူတွေ မသိနိုင်ပေမယ့် တတိယအဒေါ်ကတော့ သိသင့်တယ်မလား? ဒါတွေ အားလုံးက ကျွန်မတို့ ခက်ခက်ခဲခဲ ရှာဖွေပြီးမှ ရခဲ့တဲ့ငွေတွေလေကလေးတွေရဲ့အဖေ၊ ကလေးတွေရဲ့အကြီးဆုံးဦးလေး၊ တာ့ရှန်နဲ့ ကျွန်မရဲ့အကြီးဆုံးတူတို့က နေ့တိုင်း စောစောထပြီး တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်ကြိုးစားကြရတယ်။ ကလေးတွေတောင် နေ့တိုင်း ဝက်စာမြက် ရိတ်ဖို့ အပြင်ကို ထွက်ကြတယ်။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားပြီးမှ မိသားစုအတွက် ပိုက်ဆံနည်းနည်းပါးပါး စုဆောင်းနိုင်ခဲ့တယ်။ အိမ်မှာ ထိုင်နေရင်းနဲ့ ပိုက်ဆံရှာနိုင်မယ်ဆိုရင်တော့  ကျွန်မတို့က သူတို့ကို အပြင်ထွက်ပြီး အလုပ်ကြိုးစားဖို့ အလုပ်ရှုပ်ခံပြီး ပြောမနေတော့ဘူး”

တတိယဘွားစုန့်၏ ပါးစပ်ထောင့်များက ကြိမ်ဖန်များစွာ လှုပ်ယမ်းသွားခဲ့ပြီး “ဘယ်သူ့မိသားစုက မပင်ပန်းလို့လဲ? ပြဿနာက ငါတို့မိသားစုဆိုရင် ပင်ပန်းတာတောင် ငွေ မစုနိုင်ခဲ့ဘူး"

ဖန့်ရှီက သက်ပြင်းချလိုက်ပြီး "အဲ့အတွက်တော့ ကျွန်မတို့လည်း ဘာမှ မတတ်နိုင်ဘူး၊ အဲ့ဒိအချိန်တုန်းက ကျွန်မရဲ့ခင်ပွန်းက သူ့ရဲ့ဝမ်းကွဲတွေကို ဝတ်သတ်ဖို့ ခေါ်ခဲ့သေးတယ် မဟုတ်ဘူးလား? ရလဒ်အနေနဲ့ အကြီးဆုံးဦးလေးပဲ သူနဲ့အတူ သင်ယူခဲ့တယ် အဲ့တုန်းကဆိုရင် သူတို့လက်တွေမှာ တစ်နေ့လုံး သွေးတွေ စွန်းနေပြီး ညဘက်ဆို လက်တောင် မြှောက်နိုင်တော့ဘူး။ ယောကျ်ားသားတွေ တစ်နေကုန် အလုပ်များနေတဲ့ အချိန်မှာ ကျွန်မတို့အမေ အပါအဝင် ကျွန်မတို့မိန်းမသားတွေ အကုန်လုံး လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတာ မဟုတ်ဘူးလား?"

စုန့်တင်းရှန်းက ဖန့်ရှီနှင့် တတိယဘွားစုန့်တို့၏ အပြန်အလှန် ရန်ထောင်မှုများကို နားထောင်ပြီး သည်းခံပြီး ပြုံးနေကာ "အမေ၊ ခဏလောက် အနားယူလိုက်ပါလား? အမေ အရမ်းပင်ပန်းနေပြီ၊ သမီး ဟိုနားကို သွားပြီး ပစ္စည်းတွေကို သေသေချာချာ စစ်ဆေးပြီး စီမံပေးမယ်၊ ဘာတစ်ခုမှ မလွတ်သွားစေရဘူး"

ထိုသို့ ပြောပြီးနောက် စုန့်တင်းရှန်းက ကျိုးယိနိုကို ဆွဲခေါ်ကာ ထွက်သွားတော့သည်

စုန့်ကျစ်ယွမ်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ရှာဖွေနေသော မှုအရာဖြင့် "ငါလည်း နွားတွေ သွားကြည့်ဦးမယ်"

ထို့နောက် သူက သားဖြစ်သူနှင့် တူဖြစ်သူကို ဖမ်းဆွဲကာ ထွက်ပြေးသွားတော့သည်။

အရိုးသားဆုံးနှင့် အတုံးအဆုံးဖြစ်သည့် ကျန်းရှီကတော့ သူမ၏ချွေးမများနှင့်အတူ ဘေးနားတွင် ရပ်ရင်း အပျော်သဘောဖြင့် ကြည့်နေကာ တတိယအဒေါ် အမြန်ထွက်သွားပြီး ပစ္စည်းများကို လှည်းပေါ်တင်ကာ အိမ်ပြန်ရန် စောင့်ဆိုင်းနေခဲ့သည်

နေ့တစ်ဝက်လောက် ဈေးဝယ်ရတာက လယ်မြေမှာ တစ်ရက်လုံး အလုပ်လုပ်ရတာထက် ပိုပင်ပန်းပေမယ့် ငွေသုံးရတာကတော့ သူမတို့ကို ပျော်ရွှင်စေပြီး စိတ်ကျေနပ်မှုဖြစ်စေတယ်။ အဲ့တာကြောင့် သူမက စိတ်ပျော်နေပြီး ပျော်ပျော်ပါးပါး ရပ်ကြည့်နေတာပါ။

ဖန့်ရှီက သူမတို့ကို အလျော့မပေးဘဲ ငြင်းခုန်နေသည်ကို မြင်လိုက်ချိန်တွင် ဖွားစုန့်က ယနေ့ သူမ ဘာအကျိုးအမြတ်မှ ရတော့မည် မဟုတ်ကြောင်း သိလိုက်သောကြောင့် သူမ၏ခြင်းတောင်းကို ကိုင်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။ သူမ၏ချွေးမနှစ်ယောက်ကလည်း တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး အကြည့်ချင်းဖလှယ်ကာ စုန့်လောင်ပါး၏ဇနီးက စိတ်မထိန်းနိုင်တော့ပြော ဟစ်အော်ရန်တွေ့လာခဲ့သည်။ "ယောင်းမဖန့်၊ ငါတို့မိသားစုနှစ်ခုက စုတ်ချက်မတူတဲ့  “စုန့်” စာလုံးနှစ်လုံး မဟုတ်ပါဘူး၊ စုတ်ချက်အတူတူ ရေးရတဲ့ “စုန့်”မျိုးရိုးပါပဲ။ အနည်းဆုံးတော့ ငါတို့ရဲ့အမေ(ယောက္ခမ)က နင်တို့ရဲ့အကြီးအကဲပါပဲနင်တို့မိသားစုရဲ့လှည်းပေါ်မှာ ငါတို့ရဲ့အမေအတွက် ထိုင်စရာတစ်နေရာ မပေးချင်ရင်တောင် နင်တို့ရဲ့တတိယအဒေါ်ကို လက်ဖက်ရည်ပူပူလေး တစ်ခွက်‌တောင် ဧည့်ဝတ်မပြုနိုင်ဘူးလား?”

ဖန့်ရှီက အံ့သြသွားသည့် အမူအရာကို ချက်ချင်း ပုံဖော်လိုက်ပြီး "ဘာလဲ?  နင်တို့နှစ်ယောက်က ငါ့ကို ဘာတွေ ပြောနေတာလဲ? အဲဒါက နင်တို့ရဲ့ယောက္ခမလေ... နင်တို့ ဂရုစိုက်ပေးရမှာ မဟုတ်ဘူးလား? ထားလိုက်ပါတော့... တတိယအဒေါ်...အဒေါ်  တစ်နေ့လုံး လမ်းလျှောက်ပြီး ဘာမှ မစားရဘဲ ဗိုက်ဟောင်းလောင်းနဲ့ ဆာလောင်နေရတာလား? လာ လာ၊ ကျွန်မ အဒေါ့်အတွက် ခေါက်ဆွဲပူပူလေး မှာပေးပါ့မယ်”
တတိယအဘွားစုန့်က ခေါက်ဆွဲပူပူကို စားချင်နေသော်လည်း သူမ၏မာနကိုလည်း အထိခိုက် မခံချင်သောကြောင့် တုံ့ဆိုင်းနေခဲ့သည်။ သို့သော်လည်း စုန့်လောင်ပါ့၏ဇနီးက အပြုံးဖြင့် ဝင်ပြောလိုက်သည်။ "အမေ၊ ယောင်မဖန့်က အမေကို ခေါက်ဆွဲစားဖို့ ဖိတ်နေတယ်၊ ဒါမျိုးက သာမန်တွေနေတွေမှာ ဖြစ်နိုင်တဲ့အရာ ဟုတ်ဘူး”

ဖန့်ရှီက ပြုံးထားဆဲ ဖြစ်သော်လည်းသြော် အဲ့လိုလား? ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ နင်တို့မိသားစုဆီကို ပို့လိုက်တဲ့ ငါးကြော်တွေကို ခွေးစားသွားတဲ့ပြောတဲ့အသံတော့ ငါတို့ မကြားမိလိုက်ဘူး?

တတိယစုန့်မိသားစုမှ ချွေးမများ၏ မျက်နှာများ ပျက်ယွင်းသွားပြီး တတိယဘွားစုန့်၏ မျက်နှာကလည်း ရုတ်တရက် ပြိုကျတော့မည့်မိုးကဲ့သို့ မည်းမှောင်လာသည်။ သူမထံတွင် ခေါက်ဆွဲစားရန် မျက်နှာမရှိတော့သဖြင့် သူမက သူမ၏ချွေးမများကိုပင် ပြန်မခေါ်နိုင်တော့ဘဲ လှည့်ထွက်သွားတော့သည်။

သူတို့ထွက်သွားချိန်တွင် ဖန့်ရှီက ကျန်းရှီဘက်သို့ လှည့်လိုက်ပြီး "အိုက်ယား.... ကြည့်စမ်းပါဦးသူတို့က ဘယ်လိုလူတွေလဲ? ငါတို့က သူတို့ကို အစားအသောက်တွေ ပေးခဲ့တာတောင် သူတို့က ငါတို့ကို ရန်လိုနေသေးတယ်။ သူတို့မိသားစုက ဒီလိုမျိုးဆိုတာကို အရင်က ဘာလို့ မသိခဲ့တာလဲ? သူတို့က အတွင်းရော အပြင်မှာပါ ငါတို့လိုပဲ ငါ ထင်ခဲ့တာ၊ အခုတော့ သူတို့က ငါတို့မိသားစုရဲ့ပိုက်ဆံတွေကို လေတိုက်လို့ ရလာတယ်လို့ သတ်မှတ်ပြီး အခွင့်ကောင်းယူချင်မှန်း သိလိုက်ရပြီ”

ကျန်းရှီကလည်း "ဟုတ်တယ်၊ ဒီလိုအဖြစ်အပျက်တွေကြောင့်သာ မဟုတ်ရင် သူတို့က ဘယ်လိုလူမျိုးတွေဆိုတာ ငါတို့ သိရမှာ မဟုတ်ဘူး၊ တတိယအဒေါ်ကလည်း ကြင်နာပြီး ရိုးသားတဲ့ အမူအရာရှိတယ်၊ သူ(မ)က လူတွေကို အမြဲပြုံးပြနေတက်ပေမယ့် အခုတော့ အဲ့တာက စိတ်ထဲက မပါတာကို သိလိုက်ရပြီ"

ဖန့်ရှီက ခပ်လှောင်လှောင် အမူအရာဖြင့် "ဒါက သူတို့ အရင်က ဟန်ဆောင်ကောင်းခဲ့တာကြောင့်ပဲ၊ ဒါပေမယ့် အခု သူတို့က ပညာရှင်တစ်ယောက်ကို တွယ်တက်ပြီး သူတို့ကိုယ်သူတို့ အထက်တန်းမိသားစုတွေ ဖြစ်လာတော့မယ်လို့ ထင်နေကြပြီ။ ပိုက်ဆံ မမြင်ရသေးပေမယ့် ဂုဏ်မောက်နေပြီး ငါတို့ကို ဆွေမျိုးသားချင်းလို့ မသတ်မှတ်ချင်တော့ဘူးလေ”

ချောင်းရှီနှင့် အခြားချွေးမများက သူမတို့ကို မနှောင့်ယှက်ဘဲ ဘေးနားတွင် ရပ်ကာ နားထောင်နေကြသည်။ ထိုနေရာမှ စစ်ပွဲ ရပ်သွားသည်ကို မြင်လိုက်ချိန်တွင် စုန့်တင်းရှန်းက သူမလက်ထဲမှ ပစ္စည်းများကို ချလိုက်ပြီး "အမေ... ထားလိုက်ပါတော့၊ ဒီမှာ အပြင်လူတွေ အများကြီး ရှိတယ်၊ စကားနည်းနည်းပဲပြောပြီး ပစ္စည်းတွေကို လှည်းပေါ် အမြန်တင်ပြီး မြန်မြန် ပြန်ကြရအောင်။ ကျိုးကော....အဖေနဲ့ အစ်ကိုကြီးကို  သွားခေါ်လိုက်ဦး၊ နွားကို ဘယ်အထိများ သွားကြည့်နေကြတာလဲ?"

လှည်းပေါ်ရှိ နေရာအများစုက ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး ကျန်တဝက်တွင်သာ လူများ ထိုင်နိုင်တော့သည်။  နွားများ ပင်ပန်းမည်ကို စိုးရိမ်သဖြင့် လမ်းတစ်ဝက်တွင် လမ်းဆင်းလျှောက်ကြရသည်။ ထို့ကြောင့် အိမ်သို့ ပြန်မရောက်ခင် နာရီဝက်လောက် လမ်းလျှောက်ခဲ့ကြရသည်။ သူတို့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဖန့်ရှီက သူမ၏ခြေထောက်နှင့် ခြေဖဝါးများ နာကျင်နေသည့်အပြင် သူမ၏လက်မောင်းများပါ နာကျင်နေပြီး သူမ၏တစ်ကိုယ်လုံးတွင် ကောင်းနေသည့်နေရာ မကျန်တော့ကောင်း စတင်ညည်းညူတော့သည်

လီရှီက ဖန့်ရှီနှင့် ကျန်းရှီတို့ အဘိုးအဘွားဇနီးမောင်နှံအတွက် ဝယ်လာပေးခဲ့သော အဝတ်အစားများနှင့် ပစ္စည်းများကို ကြည့်ရှုနေရင်း စုန့်တင်းရှန်းကို ပြုံးပြလိုက်ကာ "မင်းအမေကို ကြည့်စမ်းပါဦးသူ အလုပ် တစ်ခုခု လုပ်ရတဲ့အခါ လူတိုင်းကို မြင်စေချင်တယ်၊ သူမ သုံးမှတ်ဖိုးလောက် အလုပ် လုပ်ရရင် ငါးမှတ်ဖိုးလောက် ချီးမွမ်းခံချင်တယ်၊ ငါးမှတ်ဖိုးလောက် အလုပ်လုပ်ရရင်တော့ ဆယ်မှတ်အပြည့်လိုချင်တယ်၊ သူ(မ)ရဲ့ခွန်အားကို ပြသဖို့ မစောင့်နိုင်တော့ဘူး"

ဖန့်ရှီက တကယ်ပင် ပင်ပန်းနေသောကြောင့် ခန်၏ဘောင်ကို မှီထားရင်းး "အမေ၊ ကျွန်မကို အဲ့လို မပြောပါနဲ့၊ ကျွန်မ ဒီနေ့ တကယ်ကို အရမ်း ပင်ပန်းနေပြီ၊ ယောင်းမ ရှင်းလင်းနေတာကို ရပ်လိုက်တော့... ပြီးတော့ အမေလည်း မလုပ်နဲ့၊ တင်းရှန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာတော့ သူ လုပ်လိမ့်မယ်

ထိုသို့ပြောပြီးနောက် သူမက ကျန်းရှီကို ဆွဲခေါ်ကာ ခန်ပေါ်သို့ တင်သွားတော့သည်

အဘွားစုန့်က ထပ်မံရယ်မောလိုက်ရင်း “ဟား ဟား... ဟုတ်ပါပြီ... မင်းက အရမ်းပင်ပန်းနေတာတောင် မင်းရဲ့ယောင်းမကို ဆွဲသွားနိုင်သေးတယ်ပေါ့

စုန့်တင်းရှန်းက သူမတို့ ဝယ်လာသည့်ပစ္စည်းများကို ရယ်မောနေသည့် လီရှီအား ပြသလိုက်ပြီး  ပြုံးပြုံးရွှင်ရွှင်ဖြင့် “အမေနဲ့ အဒေါ်က တကယ်ကို အရမ်းပင်ပန်းနေတာပါ။ ယောင်းမနှစ်ယောက်ကလည်း ဗိုက်ထဲမှာ ကလေးရှိနေတော့ ခရီးက သူ(မ)တို့ကို အရမ်းမောပန်းစေတယ်၊ သမီးကတော့ ဘာမှ စိတ်မပူရဘဲ လှည့်ပတ်ပြီး လျောက်ကြည့်ခဲ့ရတယ်လေ။ အဖွား ဒီလိမ္မော်သီးတွေကို စမ်းစားကြည့်ပါဦးဒါက တောင်ပိုင်းကလာတဲ့ အလုံးကြီးတဲ့လိမ္မော်သီးတွေလေ၊  ဒီခြင်းတောင်းတစ်လုံးစာကို ပိုက်ဆံအများကြီး ပေးခဲ့ရတယ်၊ ဒါနဲ့ စကားမစပ်... ဖိုးက ဘယ်ရောက်နေတာလဲ?"

လီရှီက အထုတ်အပိုးများကို ထုပ်ပိုးလိုက်ပြီး လိမ္မော်သီးကို ယူကာ လိမ္မော်သီးလက်ဖြင့် ချိန်ဆကြည့်နေရင်း “လယ်တောခြံဘက်မှာ သစ်သားကောင်းကောင်းတွေ ရှိတယ်လို့ ပြောသံကြားလို့ သွားကြည့်ဖို့ သူရဲ့ညီအစ်ကိုဟောင်းတချို့နဲ့ ချိန်းထားပြီး သွားကြည့်ကြတယ်လေ”

စုန့်တင်းရှန်းက အံ့အားသင့်သွားပြီး "နှစ်သစ်ကူးကာလကြီးမှာ အဖိုးက ဘာလို့သစ်သား ရှာနေတာလဲ? အိမ်ဆောက်မလို့လား?"

လီရှီက ရယ်မောလိုက်ပြီး "ဘယ်အိမ်ကို ဆောက်ရမှာလဲ? ဈာပနပစ္စည်းတွေ ပြင်ဆင်ဖို့ ​​အချိန်တန်နေပြီ"

စုန့်တင်းရှန်းက အံ့ဩသွားပြီး "အဖွား၊ အဘိုးက ဘာလို့ ဒီအချိန်မှာ ဈာပန ပစ္စည်းတွေကို ပြင်ဆင်ရတာလဲ...?"

လီရှီက "ဒါက ဘာဖြစ်လို့လဲ? ဒါက ထုံးစံပဲလေ၊ သက်ကြီးရွယ်အိုတွေ အနေနဲ့က ခန္ဓာကိုယ်က ကျန်းမာနေတုန်းလေး ဈာပနပစ္စည်းတွေ ကြိုတင် ပြင်ဆင်ထားရမယ်လေ။ ခေါင်းတလား ကောင်းကောင်းလေး အဆင်သင့် ရှိသင့်တယ်၊ ဈာပနပစ္စည်းတွေကို ကောင်းကောင်း စုဆောင်းနိုင်ရင် ကံကောင်းတယ်လို့ ယူဆကြတယ်၊ ကြာရှည်ခံပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီ ဆိုရင် အဲ့တာတွေကို ခေါင်းတလားထဲမှာ  ထည့်ထားလို့ရပြီ။ အသက်ရှင်နေတုန်းမှာ အဲ့လို ဈာပနပစ္စည်းကောင်းကောင်းတွေ ပိုင်ဆိုင်ခွင့်ရတာက လူတိုင်းအတွက် ကောင်းချီးတစ်ခုပဲ"

စုန့်တင်းရှန်းက ရုတ်တရက် မှင်သက်သွားသော်လည်း သူမ၏အတွေးများထဲမှ ချက်ချင်း ပြန်ရုန်းထွက်နိုင်ခဲ့သည်
အမှန်တော့ ရှေးယခင်က အဲ့လိုဓလေ့တစ်ခု ရှိခဲ့ဖူးတယ်။ သက်ကြီးရွယ်အိုတွေက မိသားစု ညီညွတ်နေပြီး သူတို့ ကျန်းမာနေချိန်မှာ ဈာပနအဝတ်အစားတွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေအားလုံးကို ပြင်ဆင်ထားတက်ကြတယ်၊ ဒီလို ပြင်ဆင်ထားတာကြောင့် သူတို့ ကွယ်လွန်တဲ့အခါ အလျင်လို လုပ်စရာ မလိုတော့ဘူး၊ အဝတ်အစားတွေ ဝတ်ပြီး ခေါင်းတလားထဲကို ဝင်သွားရုံပဲ၊ ပြင်ဆင်မှုတွေ မလုပ်ထားနိုင်ရင်တော့ အလျင်စလိုတွေ လုပ်ရပြီး ဈာပန နဲ့ သင်္ချိုင်းပစ္စည်းတွေ မရှိရင် ကျန်နေတဲ့မိသားစုတွေက စီးပွားရေး အဆင်မပြေဘူးလို့ သတ်မှတ်ကြတယ်၊ ကွယ်လွန်သွားတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့လည်း ထွက်သွားရတာ စိတ်မသက်မသာ ဖြစ်စေတယ်လို့ ယူဆကြတယ်”

လီရှီက မည်သူက သက်ရှည်ပစ္စည်းများကို မည်ကဲ့သို့ ပြင်ဆင်နေကြောင်းနှင့် တစ်စုံတစ်ဦးက သစ်သားပေါ်တွင် အနုစိတ်ထွင်းထုထားသည့် လှပသော မဟော်ဂနီ ခေါင်းတလားတစ်ခုအတွက် ပိုက်ဆံအများကြီး သုံးဆွဲခဲ့ကြောင်း  ပြောပြနေသည်။
သူမကိုယ်တိုင်လည်း အသုဘအခမ်းအနားအတွက် ၀တ်စုံများစွာနှင့် စောင်များစွာကို လိုချင်ကြောင်း စုန့်တင်းရှန်းကို ပြောပြနေလေသည်။

လီရှီ၏စကားများကို နားထောင်နေရင်း စုန့်တင်းရှန်းက  သူမတစ်ကိုယ်လုံး တုန်လှုပ်နေသလို ခံစားလိုက်ရသည်။

ခေတ်သစ်မှာ မီးသင်္ဂြိုဟ်တဲ့စနစ်ကို မြှင့်တင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး အဲ့လိုမှ မဟုတ်ရင် အိမ်ထောင်စုတိုင်းမှာ ခေါင်းတလားတွေ ထားဖို့နေရာနဲ့ ဂူတွေဆောက်ဖို့ လယ်မြေတွေ ရှိရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?

စုန့်တင်းရှန်း : ငါတို့ အဲ့လိုခတ်နောက်ကျတဲ့ ဓလေ့တွေကို မဆုပ်ကိုင်ထားရတဲ့အတွက် ကျေးဇူးတင်ပါတယ်..... တရုတ်ပြည်ထောင်သစ်ကြီးရေ....!

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟