Chapter 88 (End of Extra)
မင်္ဂလာဆောင်။
နေမင်းကြီးက တောက်ပနေတဲ့အပြင် ကောင်းကင်ကြီးကလည်း တိမ်ကင်းစင်နေတာကြောင့် လက်ထပ်ဖို့ကောင်းတဲ့နေ့ဖြစ်၏။။ မီဒီယာများသည် ချူကော်ပိုရေးရှင်း၏ အပန်းဖြေ ဗီလာကြီးသို့ သူတို့၏ လုပ်ငန်းအတွက် သတင်းအချက်အလတ်များပိုရချင်သဖြင့် သွားခဲ့သော်လည်း အားလုံးကို တံခါးအပြင်ဘက်တွင်သာ နေခွင့်ပြုကြပေသည်။
ယနေ့ကတော့ ချူကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌချူယင်းနှင့် နာမည်ကြီးအမျိုးသမီးသရုပ်ဆောင် စုယိတို့၏ မင်္ဂလာပွဲနေ့ဖြစ်သည်။
အပြင်ဘက်တွင်မူ အဆင့်တန်းမြင့်မားသည့်ကားများ အတန်းရှည်ကြီးဖြစ်သည်အထိ စီတန်း၍ ရပ်ထားကြပေသည်။
စုယိသည် အနီရောင် ကြိုးပျောက် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး ခါးအထက် အပေါ်တစ်ဝိုက်တွင်မူ ပုံစံများစွာဖြင့် ဒီဇိုင်းဖော်ထားပေသည်။ သူမ၏ ခေါင်းဆောင်းဇာသည် အနီရောင်ဖြင့် ပြုလုပ်ထားတာဖြစ်သဖြင့် သူမ၏ အဖြူရောင် ပုခုံးသားများကိုပို၍ပင်ဆွဲဆောင်မှုရှိသွားစေသည်။ အောက်ဘက် ဂါ၀န်အရှည်တွင်မူ မရေတွက်နိုင်သည့် နှင်းဆီပွင့်လေးများဖြင့်ပုံဖော်ထားသဖြင့် သူမတစ်၀ိုက်တွင် အနီရောင် အခိုးအငွေ့လေးများဝေ့၀ဲနေပုံပေါ်နေသည်။
သတို့သမီးအရံက ၀ူရွှယ်ဆိုတာ လူတိုင်းခန့်မှန်းမိကြမည်ထင်၏။သူမသည် အဖြူရောင်သတို့သမီးအရံဝတ်စုံကို ၀တ်ဆင်ထားပြီး ကြိုးတစ်ဖက်တွင် အဖြူရောင်နှင်းဆီကြီးတစ်ပွင့်ကို တွဲချိတ်ထားသည်။ ကျန်သည့် သတို့သမီးအရံတွေကတော့ ချူရှီးနှင့် ချန်အန်းနန်တို့ဖြစ်ကြပေသည်။
ထိုအခိုက်တွင် သတို့သမီးအရံသုံးယောက်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်တစ်ခုခုကို ဖွက်ရန်ကြိုးစားနေကြသည်။
“ဘော်ဒါတို့ရေ ငါတို့ ဒီမှာ ဝှက်ထားရင်ရော ဘယ်လိုလဲ"
ချူရှီးက ဗီရို၏ထိပ်သို့ ညွှန်ပြလိုက်သည်။
၀ူရွှယ်က နှစ်ခေါက်ပင်မစဥ်းစားဘဲငြင်းပယ်လိုက်သည်။
"မဖြစ်ဘူး ချူယင်းနဲ့ သူ့ရဲ့ သတို့သားအရံတွေက အရပ်အရမ်းရှည်ကြတယ် သူတို့ဝင်လာပြီးတာနဲ့ အဲဒါကိုချက်ချင်းတွေ့သွားကြမှာ သေချာပေါက်ပဲ"
ချန်အန်းနန် "ဒီမှာဆိုရင်ရောဘယ်လိုလဲ"
"မရသေးဘူး ကုတင်အောက်ဆိုတာက အန္တရာယ်အများဆုံးနေရာပဲ"
သူမတို့တွေသည် သတို့သမီးဖိနပ်ကို ဝှက်ရန်ကြံနေကြခြင်းဖြစ်၏။
စုယိက အတော်လေးရယ်စရာကောင်းတယ်လို့ခံစားနေရသည်။
"နင် တစ်နေရာရာရှာပြီး ဒီအတိုင်း သိမ်းထားလိုက်လို့မရဘူးလား"
"နိုး နိုး နိုး ငါတို့က ဒီလောက်အရေးကြီးတဲ့အရာကို ဘယ်လိုလုပ်အလွယ်တကူဖြစ်သလို ထားလို့ရမလဲ"
ချူယင်းသည် အခန်းတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို အကြိမ်ပေါင်းများစွာ ခေါက်လိုက်သည်။
“ကော ညီမလေး ဟောင်ကောင်ကို သွားပြီး ဈေးဝယ်ထွက်ချင်တယ်” ချူရှီးသည် အခန်းအတွင်းမှ အော်ပြောလိုက်သည်။
ချူယင်းက ရှင်းလင်းစွာပြောလာ၏။
“လက်ထောက်ချန်ကို ဆက်သွယ်လိုက်”
နောက်ထပ်ပြသနာတွေရှာလာကြသဖြင့် ချူယင်းသည် ဒိုက်ထိုးနှင့် ထိုင်ထ စုစုပေါင်းငါးရာလောက်ကို ကျေနပ်သည်အထိလုပ်ပေးလိုက်ရသည်။ သူအခန်းအတွင်းသို့ဝင်လိုက်သည့်အချိန်တွင် သူ့ဝတ်စုံပေါ်၌ ဖုန်မှုန့်များရှိနေသေးပေသည်။
ကုတင်ပေါ်မှ လူကို မြင်လိုက်ရချိန်တွင် သူ့ နှုတ်ခမ်းထောင့်စွန်းများသည် ပျော်ရွှင်မှုကြောင့် လှပစွာ ကွေးညွတ်သွားသည်။
"ဥက္ကဋ္ဌချူ နောက်ဆုံးအဆင့်က ဖိနပ်ကိုရှာရမှာပါ" ၀ူရွှယ်က ပြုံးလျက်ပြောသည်။ "ဖိနပ်တွေ့ရင် သတို့သမီးကို ခေါ်သွားလို့ရပြီ"
လျိုရှီးသည် သတို့သားအရံတစ်ဦးဖြစ်သည်။ စစ်သားဟောင်းများကြားတွင်ပင် သူသည် ပိန်ပါးပြီးအရပ်ရှည်သဖြင့် ကြည့်ရမဆိုးချေ။
သူက ၀ူရွှယ် အနားသို့ကပ်၍ တိုးတိုးလေးမေးလိုက်သည်။
"ဒါဆို ကိုယ် မင်းရဲ့ဖိနပ်ကိုရှာတွေ့ခဲ့ရင် မင်းကို ယူသွားလို့ရမလား"
သူသည်ချစ်ခွင့်ပန်ပြီးနောက် အောင်မြင်စွာ လက်ထပ်ခွင့်တောင်းပြီးပြီ ဖြစ်သော်လည်း လက်ထပ်မည့်ရက်ကိုမူ အရိပ်အယောင်ပင် မတွေ့ရသေးပေ။ အချိန်တွေကြာလာလေလေ ၀ူရွှယ်တစ်ယောက် နောင်တရမည်ကို သူစိုးရိမ်ပူပန်မိလာလေဖြစ်၏။
၀ူရွှယ်က သူ့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲချေ။
"ပါးစပ်ပိတ်ထား"
လျိုရှီးက သနားချင်စဖွယ်လေးဖြင့် ဆိုလိုက်သည်။
"ဟုတ်~"
ချူယင်းသည် တစ်ခန်းလုံးကို လှည့်ပတ်ရှာကြည့်ပြီးပြီဖြစ်ပေမယ့် ဖိနပ်၏အရိပ်အယောင်ကိုပင် မမြင်ရသေးချေ။
သူသည် ကုတင်ပေါ်ရှိလူကို လှမ်းကြည့်လိုက်သည်။
စုယိက သူ့ကို အရိပ်အမြွက်ပေးချင်နေတာကို ၀ူရွှယ်ကမြင်သွားသဖြင့် ချက်ခြင်းထလာပြီး သူမရဲ့ မျက်လုံးတွေကို လက်ဖြင့်အုပ်ထားလိုက်တော့သည်။
"နင်က သူကိုလက်တောင်မထပ်ရသေးဘူး သူငယ်ချင်းတွေကို သစ္စာဖောက်ချင်နေပြီပေါ့ ယောင်လို့တောင် အရိပ်အမြွက်ပေးဖို့မစဥ်းစားနဲ့"
စုယိ "...ဟုတ်ပါပြီ"
ချူယင်းသည် သက်ပြင်းလေးခပ်တိုးတိုးချပြီးနောက် ဆက်ရှာလိုက်သည်။
"ဟေး ငါ မင်းကိုမေးပါဦး မင်းတို့ တကယ်ပဲ ဘယ်မှာဝှက်ထားကြတာလဲ ငါတို့ ဒီအခန်းတစ်ခုလုံးကို မွှေနှောက်ပြီးသွားပြီ"
သတို့သားအရံတစ်ဦးသည် လုံးဝစိတ်ရှုပ်ထွေးနေပြီး ချန်အန်းနန်သည် စကားပြောရလွယ်ကူသည်ဟု ထင်ရသဖြင့် သူမကို အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုစစ်ဆေးပြီးနောက် စကားနိူက်တော့သည်။
ချန်အန်းနန်က သူမခေါင်းကို တွင်တွင်ခါယမ်းပြလိုက်သည်။
"ကျွန်မပြောပြမှာမဟုတ်ဘူး"
“…”
အဆုံးတွင် စုယိသည် ချူယင်း၏ ကူကယ်ရာမဲ့နေသည့်ပုံအား တကယ်ကို မမြင်ရက်တော့ချေ။
သူမသည် ပေါ့ပေါ့ပါးပါး လုပ်ချောင်းတစ်ချက်ဆိုးလိုက်ပြီးနောက် နီရဲနေသောနားရွက်တို့ဖြင့်စကားဆိုလိုက်၏။
"ကျွန်မ... ပူတင်းစားချင်တယ်"
၀ူရွှယ်က စိတ်ရှုပ်သွားသည်။
"အခု နင့်အတွက် ပူတင်းကို ငါ ဘယ်နား သွားရှာရမလဲ ဟော်တယ်ရောက်မှသာစားတော့"
သူမစကားဆုံးသည်နှင့် ချူယင်းသည် သူမတို့ထံလျှောက်လာပြီး ရုတ်တရက်ဆိုသလို ကိုယ်ကို ကိုင်းညွတ်ပြီး စုယိ၏ ဂါ၀န်ကိုအနည်းငယ် မြှောက်လိုက်သည်ကို သူမတွေ့လိုက်ရသည်။
လက်ကြီးတစ်ဖက်က သူမတင်ပါးအောက်သို့ အသာလျှို ဝင်လာပြီး အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံကို အောင်မြင်စွာဖြင့် ဆွဲထုတ်လိုက်တော့သည်။ သူမအတွက် ဖိနပ်ကို ဝတ်ဆင်ပေးပြီးနောက်၊ သူသည် သူမကို သတို့သမီးချီနည်းဖြင့်အလွယ်တကူ ချီကာ ခြေလှမ်းကြီးများဖြင့် ထွက်လာခဲ့တော့သည်။
ချူယင်းသည် အသံကိုတိုးလျော့လိုက်ပြီးနောက် အပြုံးလေးဖြင့်သူမကိုပြောလာ၏။
"ကိုယ့်ကို အရိပ်အမြွက်ပေးတဲ့အတွက် ဒီည ဆုချမယ်"
စုယိက သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး နူတ်ခမ်းနီနီလေးအောက်ရှိ သွားဖြူဖြူလေးတွေပေါ်လာသည်အထိ ပြုံးရယ်ပြလိုက်တော့သည်။
“ဟုတ်”
မင်္ဂလာပွဲကျင်းပမည့်နေရာသည် ဗီလာ၏မြက်ခင်းပြင်တွင်ဖြစ်သည်။ အစီအစဥ်တင်ဆက်သူ [ MC ] မှာ ကျိုးမင်ဖြစ်ပြီး လက်စွပ်လဲလှယ်ပြီးသွားချိန်တွင် ကျိုးမင်က 'အခုအချိန်ကတော့ သတို့သမီးနှင့် သတို့သားတို့ နမ်းရမှာပါ' ဟု ဆိုလာ၏။
စုယိ လုပ်ချင်နေတာနဲ့ကွက်စတိပင်...။
“....ခဏလေး မနမ်းသေးနဲ့ဦး ကျွန်တော်တို့မှာ ဇနီးမောင်နှံအသစ်လေးနှစ်ယောက်အတွက် လက်ဆောင်ရှိတယ်”
နှစ်ယောက်သားသည် ထိခါနီးဆဲဆဲတွင် ကိုယ့်ရို့ကားယားနိုင်စွာဖြင့် ရပ်လိုက်ကြရပြီး ဧည့်သည်တွေအားလုံးက ရယ်မောကုန်ကြသည်။
ရှင်းပါသည်။ ဤအစီအစဥ်က ကြင်စဦးဇနီးမောင်နှံနှစ်ဦးဖြင့် ဆွေးနွေးတိုင်ပင်ထားသည့် ကိစ္စမဟုတ်ဘူးဆိုတာ။ နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိသွားပြီး တစ်ဟောက်ချင်းဆီ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးနေကြတာကို တွေ့လိုက်ရသည်။
ရုတ်တရက် သူတို့ဘေးနားရှိ ဖန်သားပြင်က ပွင့်သွားသည်။
နှစ်ယောက်သားက ဘေးချင်းယှဥ်ရပ်လိုက်ကြပြီး စုယိက စိတ်၀င်တစားဖြင့် သေချာကြည့်လိုက်သည်။
ပြသမည့်အရာမလာမီ မျက်နှာပြင်သည် ခဏတာ မှောင်မဲနေသေးသည်။ ကင်မရာက တုန်ခါနေပြီး အနည်းငယ်ငြိမ်သက်သွားမှသာ ရိုက်ကူးရေးလုပ်နေသူသည် အသက်ကယ်လှေပေါ်တွင် ရောက်နေတာဖြစ်ပြီး ဘေးပတ်ပတ်လည်ရှိ သစ်ပင်များမှာ လဲကျပြိုလဲနေသည်ကို တွေ့လိုက်ရသည်။
မီးတောက်နေသည့် အဆောက်အဦးကိုမြင်လိုက်ရချိန်တွင် စုယိ၏ နောက်ကျောလေးက အနည်းငယ် တောင့်တင်းသွားသည်။
"ညာဘက်ဘလောက်မှာ တစ်ယောက်ယောက်ရှိနေသေးတယ်"
ဖန်သားပြင်ပေါ်တွင် မြင်နေရသည့်လူက အော်ဟစ်လိုက်ပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်သည့်အခါတွင် ချူယင်း ဆိုတာကိုမြင်လိုက်ရသည်။ သူ့အမူအရာက လေးနက်နေသည်၊ သူ့အသွင်အပြင်က ယခုလို မရင့်ကျက်သေးသည့်အပြင် ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ အရိပ်အယောင်တွေ ရှိနေသေးဆဲဖြစ်သည်။
ဖန်သားပြင်မှကင်မရာသည် ညာဘက်သို့ ရွေ့သွားသည့်အခါ ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့သည့် အဆောက်အအုံဟောင်းကို စုယိမြင်လိုက်ရသည်။
ကျိုးမင်ကမေးလိုက်သည်။ "သေချာလား"
“သေချာတယ်” ချူယင်းက ဆက်ပြောသည်။ "အဲဒါ မိန်းကလေးပဲ"
ကျိုးမင်က ခေါင်းညိတ်သည်။ "သွား လှေက မင်းကို အရှေ့အထိရောက်အောင် ပို့ပေးမယ်"
ချူယင်းသည် ရှုပ်ပွပျက်စီးနေသည့် အဆောက်အဦးထဲသို့ ခုန်၀င်သွားလိုက်သည်။ သုံးမိနစ်လောက်ကြာသွားချိန်တွင် သူသည် ပုခုံးထက်တွင် မိန်းကလေးတစ်ယောက်ကိုတင်ပြီးထွက်လာပေ၏။ မိန်းကလေးသည် အလွန်နာခံမှုရှိပြီး တစ်ချိန်လုံး သူ့ကိုကြည့်ကာ တစ်ခုခုပြောနေပုံရသည်။
"ရှင့်နာမည်ဘယ်လိုခေါ်လဲ"
"ရှင်က စစ်သားလား"
"ရှင်က ဘယ်ဌာနှမှာလုပ်တာလဲ ကျွန်မ ရှင့်ကို ဘယ်မှာ သွားရှာလို့ရမလဲ"
ချူယင်းသည် အစမှအဆုံးတစ်ခွန်းပင်ပြန်မဖြေဘဲ သူ့မူပိုင် မျက်နှာသေကိုသာ တပ်ဆင်ထားပေသည်။ အသက်ကယ်လှေသည် နောက်ဘလောက်သို့ ရောက်ပြီးမှ နောက်တစ်ကြိမ် လှည့်လာကာ ပြန်ထွက်သွားသည်။
အခင်းဖြစ်ပွားရာနေရာမှာ မိန်းကလေးသည် လုံခြုံတဲ့နေရာသို့ပို့ဆောင်ခံလိုက်ရသည်။ ချူယင်းသည် လှေပေါ်မှ မဆင်းခဲ့ပေ။ ခဏကြာအတွင် အသက်ကယ်လှေက နောက်တစ်ကြိမ်ပြန်ထွက်ခွာသွားသည်။ ကမ်းစပ်က ကောင်မလေးကို အထူးသတိထားမိနေသည့် ရိုက်ကူးနေတဲ့သူက ချက်ချင်းပင် သူမဘက်သို့လှည့်၍ရိုက်ကူးလိုက်သည်။
ကောင်မလေးက သူတို့ကို စိုက်ကြည့်နေသေးပေသည်၊ သူမသည် သူမရဲ့စကတ်သေးသေးလေးအား လက်ဖြင့် တင်းတင်းဆုပ်ထားပေသည်။
ဗီဒီယိုကထိုနေရာတွင်ပြီးဆုံးသွား၏။
စုယိသည် သူ့ထံလှည့်ကြည့်လိုက်ချိန်တွင် သူမမျက်လုံးထဲတွင် မျက်ရည်တွေဖြင့် တလက်လက်တောက်ပနေသည်။
“ဘယ်လိုလုပ်ရမလဲ…ကျွန်မမိတ်ကပ်တွေတော့ ပျက်ကုန်တော့မှာပဲ”
ချူယင်းသည် စင်အောက်ရှိ လူများထံမှ တစ်ရှူး လှမ်းယူကာ သူမ၏ မျက်ရည်များကို ဂရုတစိုက်ဖြင့် ခြောက်သွေ့သွားသည်အထိ သုတ်ပေးလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ငုံ့၍ နမ်းတော့သည်။
ယင်းသည် CCTV ချန်နယ်တွင် ထုတ်လွှင့်ပြသခဲ့သည့် မှတ်တမ်းရုပ်ရှင်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာဖြစ်ပေသည်။ သူ၏ အပေါင်းအသင်းတွေက သေချာပြန်လည်ရှာဖွေပြီးနောက် ယူဆောင်လာကာ သူတို့နှစ်ဦးအား မင်္ဂလာလက်ဆောင်အဖြစ် ပေးကြခြင်းဖြစ်သည်။
မင်္ဂပွဲပြီးဆုံးပြီးနောက် စုယိသည် ထိုUSBကို ဂရုတစိုက်ဖြင့်သိမ်းဆည်းလိုက်သည်။ သူမသည် ထူးဆန်းလွန်းသည့်ခံစားချက်များကြောင့် သူမ၏ နှလုံးသားလေးမှာ တဟုန်ထိုး ခုန်လှုပ်နေဆဲဖြစ်ပြီး နှာခေါင်းထိပ်လေးမှာ အနည်းငယ်နီရဲနေပေသည်။
"မိန်းမ"
ချူယင်းသည် သူမနောက်သို့ လျှောက်သွား၍ သိုင်းဖက်လိုက်ပြီး နားနားကပ်၍ခေါ်လိုက်သည်။
ခေါင်းစဉ်အသစ်မို့ စုယိသည် ထိုသည်ကို လက်ခံရန်အတွက် အနည်းငယ် အဆင်သင့်မဖြစ်သေးချေ။
သူမကတုန်ယင်နေသည့် အသံလေးဖြင့်ထူးလိုက်သည်။
"ဟင်~"
"ဘာလို့ငိုနေတာလဲ"
"ဗိုလ်ကြီး ယင်း"
စုယိက အချိန်အတော်ကြာအောင် တွေးတောပြီးနောက် စကားတစ်ခွန်းကိုပဲ ဆိုလိုက်နိုင်တော့သည်။
"ကျွန်မ ရှင့်ကို တကယ် အရမ်း အရမ်းကြိုက်တယ်…"
“ပြောင်းခေါ် ”
"ဟမ်..."
အမျိုးသား၏လက်များသည် သူမ၏အဝတ်အစားအောက်သို့ တဖြည်းဖြည်းရွေ့လျားသွားပြီး အံ့သြစရာကောင်းနေသည့်အခိုက်အတန့်ကို ချက်ချင်းပင် ပူလောင်ပြင်းရှသည့် လေထုသို့ပြောင်းလဲပစ်လိုက်တော့သည်။
"ကိုယ့်ကို ယောကျာ်းလို့ခေါ်"
စုယိသည် သူ့ပခုံးကို မှီချလိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို ကိုင်ထားပြီး သူဦးဆောင်ရာသို့ လုံးလုံးလျားလျား စီးမျောသွားတော့သည်။
"ယောကျာ်း"
ချူယင်း၏ အာဒမ်ပန်းသီးသည် အနည်းငယ် လှုပ်ရှားသွားသည်။ တစ်ချိန်တည်းမှာပင် သူသည် မထိန်းချုပ်နိုင်တော့ဘဲ လှုပ်ရှားမှုအနည်းငယ်ဖြင့် သူမ၏ဝတ်စုံတစ်ခုလုံးကို ချွတ်ပစ်လိုက်သည်။
“အဝတ်အစားတွေ ပျက်ဆီးကုန်လိမ့်မယ်”
မေမေချူသည် သူမအတွက် တကူးတက ဒီဇိုင်နာတစ်ယောက်ကိုရှာဖွေ၍ သေချာစီစဥ်ချုပ်ပေးထားခြင်းဖြစ်တာကြောင့် သူမသည် ထို၀တ်စုံကို အမှန်တကယ် အဆုံးရှုံးမခံချင်ပေ။
"ကိုယ့်ကိုယ်ကိုပဲ အရင် ဂရုစိုက်ပါ"
ယခုတစ်ကြိမ် အချစ်ယာဥ်ကြောကြီးတွင် စုယိသည် သူ၏လည်ပင်းကို တချိန်လုံး ဖက်တွယ်ထားပေသည်။ ကြမ်းတမ်းလွန်းတဲ့ အချိန်တွေမှာတောင် သူ့လက်တွေကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ နောက်ဆုံးအချီအပြီးတွင် သူမ၏ပါးပြင်နှင့် နှုတ်ခမ်းလေးသည် သွေးယောင်တို့ဖြင့် ခြုံလွှမ်းနေပြီဖြစ်၏။
သူမက သူ့ နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။
"ဒီနေ့ ကမ္ဘာပေါ်မှာ ကျွန်မကကံအကောင်းဆုံးလူပဲ"
သူမအသံလေးက တိုးညှင်းနေပေမယ့် တကယ်ကို ရှင်းလင်းစွာကြားရပေသည်။
မင်းတကယ်ချစ်တဲ့သူကို မင်းဆန္ဒရှိတဲ့အတိုင်းလက်ထပ်ခွင့်ရတာ...
အရမ်း ကောင်းတာပဲ...။
❤️❤️❤️❤️❤️ [ ပြီးပါပြီ...။]❤️❤️❤️❤️❤️
Translated by
Zee.U
Gyu Jin
Imperial Meow ❤️
Story လေးပြီးဆုံးသွားပါပြီရှင် ...
Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...
စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜
အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...
See U AGAIN 😘