Chapter 87 (Extra-1)
လက်ထပ်ခွင့်တောင်းခြင်း။
စုယိသည် ယခုတလော အလွန်ပင် စိတ်ဓာတ်ကျနေမိသည်။
ယနေ့ လျိုရှီးက ၀ူရွှယ်ကို ကိုးကြိမ်မြောက် ချစ်ရေးဆိုခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်သွားပြီဖြစ်သည်။
သူမသည် အချစ်ဆုံးသူငယ်ချင်းကောင်းမဟုတ်ပေ။ ဤအကြောင်းကို သူမသိသွားသည့်အချိန်က ပထမဆုံးတုံ့ပြန်မှုမှာ - သွားပြီ ကိစ္စတုန်းသွားပြီ ချူယင်း နှင့် သူမရဲ့လဆက်ဆံရေးသာ ပြီးဆုံးသွားခဲ့ရင်...မဟုတ်သေးဘူး အယ်...မဖြစ်နိုင်တာ ကပ္ပတိန်ယင်းက သူမနဲ့ အနီးစပ်ဆုံးဆိုတာ သူမသေချာသိတယ်။
သူမသည် စိတ်တိုနေသည့်အမူအရာဖြင့် ၀ူရွှယ်ကို စရစ်တော့သည်။
"ရွှယ်ရွှယ်လေး ချူယင်းက ငါ့ကို အရင်ကလောက် မကြိုက်တော့ဘူးလို့ နင်ထင်လား"
၀ူရွှယ် "ဟမ်...ဘယ်အကြောင်းပြချက်နဲ့အဲ့လိုထင်ရတာလား"
စုယိ "ငါတို့ နှစ်ယောက်တွဲတာ ၂နှစ်တောင်ပြည့် ပြီးသွားပြီ သူကတော ငါ့ကို လက်ထပ်ခွင့်တောင်းမယ့် အရိပ်အယောင်ကိုမပြသေးဘူး သူ ငါ့ကို လက်ထပ်ဖို့မရည်ရွယ်ဘဲ အပျော်တွဲဖို့များကြံနေတာလား"
"… မဖြစ်နိုင်တာဟယ်"
"ငါကြားဖူးတာတော့ လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် လက်ထပ်စာချုပ်ကို ချက်ခြင်းယူသွားပစ်ချင်ကြတယ်တဲ့"
"နင်က နင်ဖြစ်ချင်တာတွေပဲ ပြောနေတော့တာပြီ"
စုယိက ပိုလို့ပင် ၀မ်းနည်းမိသွားသည်။
"ငါပဲ တကယ်ကြီး အရမ်းအတွေးလွန်နေမိတာလား"
ထိုညတွင် ဗိုလ်ကြီးယင်းသည် ကားမောင်းရန် အထုတ်ဖွင့်၍ အဆင်သင့်ပြင်ပြီးချိန်တွင် တစ်ခုခုထူးခြားနေတာကြောင့် သူ့ဆန္ဒကို ထိန်းချုပ်လိုက်ပြီး မျက်ခုံးပင့်၍မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
စုယိက စောင်ကို ခေါင်းပေါ်သို့ဆွဲခြုံပစ်လိုက်သည်။
"ကျွန်မအိပ်ချင်နေပြီ"
အမျိုးသားက သူမကို စောင်အပြင်ဘက်ကနေ အသာပုတ်လိုက်သည်။
"ကိုယ်တို့ ဒါလုပ်ပြီးမှအိပ်မယ်လေ"
"ဟင့်အင်း မလုပ်ဘူး ကျွန်မ မလိုချင်ဘူး မလိုချင်ဘူးလို့..."
သူမဘေးနားရှိက လှုပ်ရှားမှုအလျဥ်းမရှိတော့ချေ။
စုယိ ' ဒါပဲလား သူနည်းနည်းလေးတောင် ထပ်မကြိုးစားတော့ဘူးလား သူ တကယ်ပဲ ငါ့ကိုညီးငွေ့သွားပြီလား'
သူမကိုယ်သူမ အတင်းအကြပ် ဒရမ်မာခင်းကောင်းနေတုန်း လက်တစ်ဖက်က သူမ စောင်ထဲသို့ အသာလျှော၀င်လာ၏။ အမျိုးသားက သူမရဲ့ ထိလွယ်ရှလွယ်နေရာသို့ အလွယ်တကူ ရှာတွေ့သွားပြီး ဖြည်းဖြည်းချင်း ပစ်မှတ်ထားပါတော့သည်။ အဆုံးတွင် သူမသည် တကယ်ကို သည်းမခံနိုင်တော့သဖြင့် လက်လျှော့အရှုံးပေးလိုက်ရသည် ။
နောက်နေ့မနက် အိပ်ရာထချိန်တွင် သူမသည် မကျေမနပ်ဖြစ်ရုံတင်သာမက တိတ်တိတ်လေးလည်း ဝမ်းနည်းသွားမိသည်။
' ဘယ်လိုလုပ်ပြီး သူမကဒီလောက်တောင် လွယ်နေရတာတုန်း '
ယခုအကြိမ်တွင်မူ ၀ူရွှယ်က ဖုန်းဆက်လာ၏။။
၀ူရွှယ်က တုန်လှုပ်ချောက်ချားမှုအပြည့်ဖြင့်ပြောလာသည်။
"နင် သတင်းတွေ့ပြီးပြီလား"
ယခုအချိန်တွင် သူမသည် မည်သည့်သတင်းကိုမှ စိတ်မဝင်စားနိုင်သေးချေ။
“မသိဘူး မတွေ့ဘူး”
"ဒီနေ့ တစ်ယောက်ယောက်က စိန်လက်စွပ်၀ယ်နေတဲ့ ချူယင်းရဲ့ ဓာတ်ပုံကို ရိုက်ယူထားလိုက်နိုင်တယ်တဲ့ဟ"
သူမသည်ကြက်သွေးဖြင့် အထိုးခံလိုက်ရသလို ချက်ချင်းပင် တတ်ကြွသွားတော့သည်။
ယနေ့တွင်မူ ကားဂိုဒေါင်ထဲသို့ ဗိုလ်ကြီးယင်းတစ်ယောက် ကားမောင်းလာချိန်တွင် တံခါးမဖွင့်ရသေးခင်မှာဘဲ သူ့ဘေးနားရှိ လူ၏ ဖမ်းဆွဲခြင်းကိုခံလိုက်ရသည်။
နှစ်ယောက်သားသည် ပူးကပ်လူးလားနေရင်း တဖြည်းဖြည် ကားနောက်ခန်းသို့ ရောက်သွားကြသည်။ ဤတစ်ကြိမ်တွင်မူ ချူယင်းသည် ခရီး၏လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်သည်။
"ကားပေါ်မှာ ကွန်ဒုံးမရှိဘူး"
စုယိသည် သူမ၏ ဘေဘီလေးနှစ်ယောက်ကို ဖုံးကွယ်ထားသည့်ဘရာစီယာကို ဖယ်ရှားပစ်လိုက်သည်။
ဗိုလ်ကြီးယင်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးတွေပင် နီရဲတွတ်သွားတော့သည်။ သူတို့သည် မှောက်လိုက်၊ လှန်လိုက်၊ လှည့်လိုက်နဲ့ ညသန်းခေါင်ကျော်တဲ့အချိန်အထိ လုပ်ခဲ့ကြသည်။
အမျိုးသမီးတစ်ယောက်က အရမ်းချိုမြိန်နေပြီဆိုရင် သူမရဲ့လူက ကိုယ့်ဘ၀ကိုယ် မလိုချင်တော့သည်အထိ ဖြစ်သွားကြပေ၏။
…
တစ်လကုန်သွားပေပြီ။
စုယိသည် ပြုံးဖို့ပင်အနိုင်နိုင်ဖြစ်နေပြီဖြစ်သည်။
"ငါတော့ နားလည်သွားပြီထင်တယ်"
'ချူယင်းက အခုထိ လက်ထပ်ခွင့်မတောင်းသေးဘူး'
"ဒီလက်စွပ်က ဘယ်ရောက်သွားလဲဆိုတာ ငါတကယ်သိချင်စမ်းတယ်"
၀ူရွှယ်က သူမကို နှစ်သိမ့်ပေးသည်။
"စိတ်အရမ်းမဆိုးပါနဲ့ဟယ် သူမေ့သွားတာလည်း ဖြစ်နိုင်တာပဲ"
"ဒီလို ကိစ္စမျိုးကို ဘယ်သူကများ မေ့မှာတဲ့လဲဟ..."
သူမသည်ပြောပြီးသည်နှင့် ထခုန်လိုက်သည်။
"ငါတော့ ဒီအတိုင်းဆက်သွားလို့မရတော့ဘူးလို့ထင်တယ်"
၀ူရွှယ်က တုန်လှုပ်သွားသည်။
"နင် လမ်းခွဲဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား.."
"လမ်းခွဲရမယ် ဟုတ်စ ငါ သူ့ကို ရအောင် မနည်းလိုက်ခဲ့ရတာ သူ့ကို ငါဘယ်လိုလုပ်လက်လွှတ်ပေးနိုင်မှာလဲ ဆုတောင်းလေ”
သူမသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် စတင် ရှာဖွေတော့သည်။
"သူက ငါ့ကို လက်ထပ်ခွင့်မတောင်းဘူးပေါ့ ရတယ်လေ ငါပဲ သူ့ကို လက်ထပ်ခွင့်တောင်းပစ်လိုက်မယ်"
“…”
"လာ အပြင်သွားရအောင် လက်စွပ်တစ်ကွင်း၀ယ်ဖို့ ငါ့ကိုကူညီပေးဦး"
"ရုတ်တရက်ကြီးမနိုင်ဘူးလား သူသဘောမတူရင်ရော ဘယ်လိုလုပ်မလဲ"
“သူလုပ်ရဲလား...”
ထိုစကားကိုပြောပြီးနောက် စုယိက နတ်ဆိုးဆန်ဆန်မျက်လုံးတစ်ဖတ်မှိတ်ပြလိုက်ပြီးနောက် တိုးတိုးလေးပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါ့မှာ အစီအစဉ်ရှိတယ်”
**
ယနေ့ ချူယင်းတစ်ယောက် အိမ်ကို စောစောပြန်လာပေ၏။။ သူ့ကောင်မလေးက သူနဲ့ ဆွေးနွေးချင်တဲ့ အရမ်းအရေးကြီး ကိစ္စရှိတယ်ဟု လေးနက်တည်ကြည်နေတဲ့အသံဖြင့် ပြောလာခဲ့သည်။
အိမ်ထဲသို့ရောက်ချိန်တွင် အနက်ရောင်စကတ်နှင့် ပိုးသားခြေအိတ်အနက်ရောင် OL နှင့် ရုံး၀တ်အင်္ကျီကို တွဲဆက်ဝတ်ဆင်ထားသည့် ချစ်သူကောင်မလေးကို တွေ့လိုက်ရသည်။ အပိုအနေနဲ့ အနက်ရောင် အနားကွပ်မျက်မှန်တစ်ရံကိုပင်တပ်ထားသေးသည်။
နှစ်ယောက်သား လျင်မြန်စွာပင်လှုပ်ရှားကြတော့သည်။ သူတို့အထွတ်အထိပ်ရောက်ခါနီးမှာ သူ့အောက်မှလူက တစ်စုံတစ်ခုကို တိုးတိုးလေးမေးနေတာကို ကြားလိုက်ရသည်။
"ဘော့စ်...လက်ထပ်ကြရအောင်"
ချူယင်းက သူမဆီကို အားပြင်းပြင်း၀င်နေရင်း ပြန်ဖြေသည်။
“အင်း”
"ဒါဆို မနက်ဖြန်လက်ထပ်မှတ်ပုံတင်ရအောင်"
“အင်း”
စုယိသည် သူမ၏ လက်ကျန်စွမ်းအင်အားလုံးကို အသုံးပြုပြီး စားပွဲပေါ်မှ တစ်စုံတစ်ခုကို လှမ်းယူလိုက်သည်။
“ကျွန်မကို ရှင့်လက်ပေး”
သူမခါးကိုဖတ်ထားသည့် လက်တစ်ဖက်ကို သူမရှေ့သို့ ရွေ့သွားပေးလိုက်သည်။
ကိစ္စပြီးစီးသွားချိန်တွင် ဗိုလ်ကြီးယင်းက ဆေးလိပ်သောက်နေရင်းဖြင့် သူ့လက်ပေါ်က လက်စွပ်ကို စိုက်ကြည့်နေမိသည်။
"… ဒါကဘာလဲ"
“လက်စွပ်တစ်ကွင်းလေ”
စုယိက သူမအဝတ်အစားတွေကို ပြန်လဲ၀တ်နေသော်လည်း တစ်ဆက်တည်းဆိုသလို ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုသိပ်မရှိပါချေ။
"ရှင်နောင်တရလို့မရဘူးနော် ရှင် ကျွန်မကို ကတိပေးထားပြီးသား"
ချူယင်းသည် ရယ်ရခက် ငိုရခက်ဖြင့် သူမပါးပြင်လေးကို ဖျစ်ညှစ်ပစ်လိုက်သည်။
"မင်း အရမ်းလက်ထပ်ချင်နေပြီလား မင်းဘာလို့ဒီလောက်တောင် ရူးနှမ်းရတာလဲ"
"ဘယ်သူကအရင် ကျွန်မကို လက်ထပ်ခွင့်မတောင်းတာလဲနော်"
စုယိသည် သူမက တကယ်ကို ၀မ်းစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"ရှင် ကျွန်မကို မကြိုက်တော့ဘူးမလား နောင်တရနေတာလား ကျွန်မကို လက်မထပ်ချင်ဘူးမလား"
“မဟုတ်တာ”
အမျိုးသားရဲ့ မျက်၀န်းတွေတွင် နူးညံ့သိမ်မွေ့ခြင်းအပြင် အလိုလိုက်မှုတွေဖြင့်ပါ ပြည့်နှပ်နေသည်။
"ကိုယ့်မှာ မင်းကိုလက်ထပ်ချင်လွန်းလို့ ရူးတော့မယ်"
***
ကိစ္စက စုယိ မပါ၀င်သည့် စုဝေးမှုတစ်ခုတွင်စတင်ခဲ့၏။
“ငါ မသောက်နိုင်တော့ဘူး”
ကျိုးမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"နောက်ထပ် ထပ်သောက်ရင် ငါ့မိန်းမဆီကနေ ကြိမ်းမောင်းတာခံရလိမ့်မယ်"
ထိုစဉ်တွင်ပင် စားပွဲရှိ နောက်ထပ်ကောင်လေးတစ်ယောက်က အော်ငိုသဖြင့် လူတိုင်း ကြောက်လန့်သွားကြသည်။
ကျိုးမင် "မင်းဘာလို့ငိုနေတာလဲ ယောက်ျားအရင့်အမာကြီးဖြစ်ပြီး ဘာငိုစရာရှိလို့လဲ"
ကောင်လေးက သူ့မျက်ရည်တွေကို သုတ်လိုက်သည်။
"ဗိုလ်ကြီးကျိုး သိပ်မကြာသေးခင်က ကျွန်တော့်ဇနီးသည်ကကျွန်တော်နှင့် ကွာရှင်းပြတ်စဲချင်နေတယ်ဗျာ"
"ဘာကြောင့်တုန်း"
"သူမကပြောတယ် သူမက အရမ်းငယ်သေးတယ်တဲ့ သူမက ဘ၀ကိုစိတ်ကြိုက်မဖြတ်သန်းရသေးခင်မှာတင် ကျွန်တော်နဲ့ ယူလိုက်ရတာကြောင့် အခု သူမ နောင်တရနေပြီတဲ့ဗျာ...၀ူး ၀ူး ၀ူး..."
"ဟာ မငိုနဲ့ မငိုနဲ့တော့"
ကျိုးမင်ကမေးလိုက်သည်။
“မင်းတို့နှစ်ယောက် လက်မထပ်ခင် ဘယ်လောက်ကြာကြာDateခဲ့လဲ”
"ငါးလ"
"ငါးလ ဟုတ်စ..."
ဒေါသထွက်လွန်းသဖြင့် ကျိုးမင်က စားပွဲခုံကို ရိုက်ချပစ်လိုက်သည်။
“လူတစ်ယောက်အကြောင်းကို သိဖို့အတွက် ငါးလဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲကွ ဒါက အလျင်စလိုနိုင်လွန်းတဲ့အပြင် နှစ်ဖက်စလုံးအတွက် တာဝန်ယူမှုကင်းမဲ့တာပဲ”
ဘာမှမပြောဘဲထိုင်နေသည့် ချူယင်းက ရုတ်တရက်၀င်မေးလာ၏။
"ဒါဆို လက်မထပ်ခင် ဘယ်လောက်ကြာကြာ Dateရမှာလဲ"
"ငါ ငယ်ငယ်လေးကတည်းက ငါ့မိန်းမနဲ့ သိခဲ့တာ အနည်းဆုံး ဆယ်နှစ်ကျော်တယ်"
ကျိုးမင်၏ ပါးပြင်များကနီရဲလာပြီး ရှက်ရှက်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ဘာပဲပြောပြော မင်း အနည်းဆုံး သုံးလေးနှစ်လောက် Date ရမယ်"
ချူယင်းသည် ဗိုလ်ကြီးအဟောင်းတစ်ယောက်၏ သုံးသတ်ချက်အပေါ် ရာနှုန်းပြည့်ယုံကြည်မှုရှိသဖြင့် ကားပေါ်သို့ပြန်ရောက်သည်နှင့် ပြက္ခဒိန်ကိုဖွင့်ကြည့်ပြီး စတွဲသည့်နေ့မှ တရား၀င် လက်ထပ်ခွင့်တောင်းမည့်နေ့အထိကို ဂရုတစိုက်စတင်ရေတွက်တော့သည်။