Ch 1
Viewers 725

Chapter 1


ရှီအန်းမြို့ ၏ အနောက်ဘက် ၄၅ ကီလိုမီတာခန့်အကွာရှိ ဝေးလံခေါင်သီသော ဆင်ခြေဖုံးနေရာတွင် နင်ဟွ အမည်ရသည့် ရွာလေးတစ်ရွာ ရှိလေသည်။

 

၁၉၉၉ ခုနှစ် နွေဦးအစောပိုင်း၌ လမ်းများ မဖောက်လုပ်ရသေးရာ ဖြတ်သန်းသွားလာရန်အတွက် မီနီဘတ်စ်များကို သုံးကြရ၏။

 

ဝမ်ကျိနဲ့ ကျန်းမင်ကျစ်တို့သည် ထို‌အချိန်က ထင်ရှားသော ဘူမိဗေဒပညာရှင် နှစ်ယောက်ဖြစ်ပြီး ထိုရွာလေးကို စူးစမ်းလေ့လာရန် ရောက်လာကြသည်။

 

နင်ဟွရွာတွင် တောင်ကုန်းလေးတွေ အများကြီးရှိပြီး ထိုတောင်ကုန်းပေါ်တွင် ရွာသားများက သီးပင်စားပင်များ စိုက်ပျိုးကြသည်။ ထိုတောင်ကုန်းက သူတို့၏ ဝင်ငွေရင်းမြစ်ဟု ခေါ်ဆိုလျှင်လည်း မမှားပေ။

 

ဝမ်ကျိနှင့် ကျန်းမင်းကျစ် တို့သည် ရွာအတွင်းရေးမှူးကို သူတို့ လေ့လာရေးဆင်းမည့်အကြောင်း ပြောထား၏။

 

သူတို့ လာရင်းရည်ရွယ်ချက်ကို ပြောပြီးနောက်တွင် စမ်းချောင်း၏ အရှေ့ဘက်ခြမ်းတွင်ရှိသော တောင်ကုန်းငယ်လေးဆီသို့ ပစ္စည်းများ ယူဆောင်ကာ ထွက်လာခဲ့ကြသည်။

 

တောင်ကုန်းငယ်လေးအား သယ်ကျင်း ဟု ခေါ်ကြသည်။ သယ်ကျင်းတောင်ကုန်းက သူ့နာမည်အတိုင်း ‌ငွေခေါ်ပေး၏။ မြေဆီလွှာကောင်းသောကြောင့် ရွာသူရွာသားများ မက်မွန်ပင်များကို ထိုနေရာတွင် စိုက်ပျိုးကြရင်း တောင်ကုန်းငယ်လေးက ထိုနာမည်တွင် သွားကြောင်း ရွာသူကြီးက ရှင်းပြသည်။

 

‌တောင်ကုန်းကို တစ်ဝက်ခန့်တက်လာပြီးနောက် ဝမ်ကျိက ကိရိယာတစ်ခုကို ထုတ်ကာ ဖြည်းဖြည်းချင်း တိုင်းလိုက်သည်။

 

ဝေလံခေါင်သီသောရွာလေး ဖြစ်သည်မို့ လူလာရောက်လည်ပတ်သည်က ရှားလေသည်။ ထိုသို့ ထူးဆန်းသော စက်ပစ္စည်း ကိရိယာများ ယူဆောင်ပြီး စက်များ ဖြင့် တိုင်းတာနေသည်ကို ထိုအခါမှသာ ရွာသားများက ပထမဆုံးအကြိမ် မြင်ဖူးကြ ရသည်။ ထို မြင်ရခဲသော ပစ္စည်းများကို ကလေးကောလူကြီးပါမချန် လာရောက်စပ်စုကြလေ၏။

 

"အပေါ်ယံမြေလွှာ က အညို၊ အဝါဘက်သမ်းတဲ့ အညိုပဲ။ သဲ၊ နုန်းမြေ ပါဝင်နှုန်းများတယ်။ မြေကြီး သိပ်သည်းဆကို ကြည့်ရင် ၃နှစ် ကနေ ၅ နှစ်ဝန်းကျင် သက်တမ်းရှိတယ်”

 

ဝမ်ကျိ ပေတံကို ထုတ်ကာတိုင်းလိုက်ရင်း 

 

"အထူကတော့ ၁.၂ ကနေ ၁.၅ မီတာ"

 

"မြေလွှာ 4al မှာ မီးခိုးရောင်၊ ညိုဝါ နဲ့ တူ..."

 

ဝမ်ကျိ ပြောနေစဥ် ကျန်းမင်ကျစ်မှ ချရေးနေသည်။ ဒီလို ခွဲခြမ်းစိတ်ဖြာတာက တော်တော်လေး ရှင်းလင်းလွယ်ကူသည်မို့ အချိန်သိပ်မယူလိုက်ရပေ။

 

မြေအောက်ရေ ရှိမရှိ သေချာစူးစမ်းနေကြတုန်း သူတို့နှင့် သိပ်မဝေးသောနေရာမှနေ အမျိုးသမီးတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။

 

သိလိုစိတ်ကြောင့် အသံလာရာသို့ ကြည့်လိုက်မိချိန်၊ မီတာတစ်ရာအကွာ၌ အမျိုးသမီးတစ်ဦးသည် မြေပြင်ပေါ်သို့ ကြောက်လန့်တုန်လှုပ်ကာ လဲကျနေပြီး သူ့ဘေးတွင် ရပ်နေသည့် အမျိုးသားမှာလည်း ထိတ်လန့်နေပုံ ပေါ်သည်။

 

သို့သော်လည်း ဝမ်ကျိနှင့် ကျန်းမင်ကျစ်ကို စွဲဆောင်လိုက်နိုင်သည်က ထိုလူနှစ်ဦး မဟုတ်ဘဲ မြေပြင်ပေါ်ရှိ အပြာရောင်မီးတောက်များကသာ ဖြစ်သည်။

 

သဘာဝဓာတ်ငွေ့တွေ။

 

ဝမ်ကျိနှင့် ကျန်းမင်ကျစ်တို့ မျက်လုံးများ ဝင်းလဲ့သွား၏။

 

‘ဒီ‌လိုရွာလေးရဲ့ တောင်ကုန်းငယ်အောက်မှာ သဘာ‌ဝဓာတ်ငွေ့တွေ ရှိတာလား။’

 

ရှေ့သို့ ခြေလှမ်းရင်း ဝမ်ကျိက အသည်းအသန်မေးသည်။

 

"ဘာဖြစ်တာလဲ"

 

မြေပြင်ပေါ် အရုပ်ကြိုး ပျက်လဲကျနေသော အမျိုးသမီးသည် ထိုအပြာရောင်မီးတောက်မှာ ငရဲပြည်မှလာသည့် တစ္ဆေမီးတောက်ဖြစ်ကြောင်း၊ ရှေးလူကြီးများ ပြောစကားအရ မြေပေါ်ရှိ လူများ၏လုပ်ရပ်ကို မကျေနပ်သော တစ္ဆေက သက်ရှိများကို သတိပေးရန် အပြာရောင်မီးတောက်ကို တမင်တကာ ထွန်းညှိကာ နမိတ်ပြခြင်း ဟု ဆိုသည်။ 

 

ထိုကဲ့သို့ သူ့အလိုလို လောင်ကျွမ်းနေသော အပြာရောင်မီးတောက်များ မြေပြင်တွင် တောက်လောင်နေသည် ကို သူ့တစ်သက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထိုအမျိုးသမီးမှာ ရှေးလူကြီးများ၏စကားကို ပြန်ကြားယောင်ပြီး မတ်တက်ရပ်ဖို့ပင် အားမရှိတော့ဘဲ တုန်ယင်နေကာ စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။

 

ကျန်းမင်ကျစ်သည် ထိုအမျိုးသမီး စကားမပြောနိုင်သည်ကို တွေ့ပြီး ဘေးတွင်ရပ်နေသော အမျိုးသားအား လှည့်ကြည့်ကာ

 

"ဒီမီးက ဘာလို့ရုတ်တရက်ကြီး ထွက်လာတာလဲ"

 

‌အမျိုးသားမှာ တံတွေး မြိုချနေပြီး ကျန်းမစ်ကျစ်၏အမေးကို ကြားတော့မှ အသိပြန်ဝင်လာသည်။

 

"အာ ဒီလိုပါ။ အခု ကျုပ်နဲ့ကျုပ်ညီမက မက်မွန်ပင်တွေအတွက် မြေတူးပြီး မြေဩဇာထည့်ဖို့ တောင်စောင်းကို လာတာ။ ဆေးလိပ်မီးကို ပစ်ချလိုက်တော့ မီးထလောင်တာပဲ"

 

အမျိုးသားက တုံ့ဆိုင်းသွားပြီး သူတို့နှစ်ယောက်ကို ကျွမ်းကျင်ပညာရှင်များဟု ‌ယူဆကာ တစ်ခုခုသိလိမ့်မည် အထင်ဖြင့် ထပ်ပြောသည်။

 

"ကျုပ်မြေကို ကြည့်ပေးပါလား။ မြေမကောင်းဘူးဆို ပြောပြပါ"

 

ဝမ်ကျိက ပြုံးပြီး လက်ယမ်းပြလိုက်သည်။

 

"ဒါက သဘာဝဓာတ်ငွေ့ပါ"

 

အဲဒီနောက် ဘေးမှာရပ်နေတဲ့ အတွင်းရေးမှူးထန်ကို ကြည့်ကာ

 

"အတွင်းရေးမှူးထန် ရွာသားတွေကို သယ်‌ကျင်းတောင်ကုန်းဆီ မလာဖို့ပြောပေးပါ။ မြေအောက်မှာ သဘာ၀ဓာတ်ငွေ့ရှိတယ်ဆိုရင် အန္တရာယ်များပါတယ်"

 

ရှူမိတာပဲဖြစ်ဖြစ် မီးမွှေးမိတာပဲဖြစ်ဖြစ် ပေါက်ကွဲစေနိုင်၏။

 

‘အန္တရာယ်ရှိတယ်’ဆိုသည့် စကားလည်းကြားရော အနီးအနားတွင် ဝိုင်းအုံကြည့်နေသော လူကြီးများက ကလေးများကို ခေါ်သွားကြတော့သည်။ 

 

ရွာသားများ မရှိတော့မှ ဝမ်ကျိနှင့် ကျန်းမင်ကျစ်တို့မှာ ဓာတ်ငွေ့ရှာဖွေစက်ကို ထုတ်ပြီး စမ်းကြ၏။

 

ဒီလိုရွာငယ်လေးတွင် သဘာ၀ဓာတ်ငွေ့ ရှာတွေ့သည့်အတွက် နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း ခဏအကြာတော့ စိတ်ပျက်သွားကြ၏။ စက်၏ရှာဖွေခြင်းလုပ်ငန်းလည်း ပြီးစီးသွားကော အချက်ပြမီးက ပျောက်သွားလေသည်။ ဓာတ်ငွေ့ရှာဖွေစက်တွင်လည်း ဤနေရာတွင် သဘာ၀ဓာတ်ငွေ့ မရှိကြောင်းပြနေ၏။

 

"ဒီလိုဆို ဖြစ်နိုင်တာ တစ်ချက်ပဲရှိတော့တယ်"

 

ဝမ်ကျိက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး

 

"မြေအောက်မှာ အလောင်းတွေအများကြီး မြှုပ်ထားပုံပဲ"

 

"ဒီမှာ သင်္ချိုင်းရှိဖူးလို့လား"

 

ကျန်းမင်ကျစ်က စက်ကို ဖယ်လိုက်ပြီး ပတ်ကြည့်သည်။

 

"ဒီမှာကျောက်တိုင်လဲ တစ်ခုမှမရှိပါလား။ သင်္ချိုင်းရှိဖူးတယ်ဆို ဒီမှာနေတဲ့လူတွေက ဘာလို့မသိရမှာလဲ။ ရှေးဟောင်းသင်္ချိုင်းများလား"

 

"ဒါဆို မင်းအောက်ခြေမြေဆီလွှာကို တူးကြည့်လိုက်"

 

ဂေါ်ပြားဖြင့် အောက်နှစ်ဆယ်မီတာက မြေအောက်မြေဆီလွှာတွေကို တူးကြည့်လိုက်သည်။

 

နောက်ထပ် လဝက်အကြာတွင် ဝမ်ကျိက သုတေသနမှတ်တမ်းကို ကြည့်ကာ ဝမ်းသာအားရဖြင့်

 

"ရှေးဟောင်းသုတေသနပညာရှင် လီကော်ရှန်ကတော့ ဒါကို မြင်ရင် ရူးသွားမှာ သေချာတယ်ဟေ့"

 

"ဟုတ်တယ်။ မြေအောက်က နှစ်ပေါင်းထောင်ချီနေတဲ့ သင်္ချိုင်းဂူကြီးဆိုတော့"

 

နင်ဟွရွာသည် ရုတ်တရက် ဆိုသလိုပင် လူစည်ကားလာခဲ့သည်။ နှစ်နှစ်နီးပါးမျှ တူးဖော်ပြီးတဲ့နောက်တွင် တောင်ပြိုလုမတတ်ပင် ဖြစ်သွားရသည်။ ထို့နောက် တိမ်‌မြှုပ်နေသည့် နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရှေးဟောင်းသင်္ချိုင်းဂူကြီးသည် လူအများ မျက်စိရှေ့ တွင် ရုပ်လုံးပေါ်လာတော့သည်။

 

အချိန်အကြာကြီး ဖုံးကွယ်ခံထားရသည့် လူထောင်ပေါင်းများစွာ၏အရိုးများပါသော ခေါင်းတလားများမှ အနံ့အသက်ဆိုးများ ထွက်လာတော့သည်။ ဒါက လူတိုင်းကို အံ့ဩစေပြီး ထိတ်လန့်စေကာ ခေါင်းမွှေးများပါ ထောင်ထစေပြီး ကြက်သီးထစေ၏။

 

Xတက္ကသိုလ်၏ ရှေးဟောင်းသုသေသနဌာနတွင် အတွေ့အကြုံအရှိဆုံး လီကော်ရှန်က အံ့ဩဖွယ်ရာ သင်္ချိုင်းဂူကြီးအား ကြည့်ပြီး ကောက်ချက်ချသည်။

 

"သင်္ချိုင်းဂူ ချိုင့်ဝှမ်းကြီး ပဲ။ ဒါက ရှေးဟောင်းသင်္ချိုင်း နေရာတွေထဲက တစ်ခုပဲ"

 

"ဒီသင်္ချိုင်းဂူရဲ့ အကျယ်အဝန်းက ချင်ကုန်း သင်္ချိုင်းဂူ ထပ်တောင် ကျယ်သေးတယ်။ ဒါက ဧကရာဇ်တစ်ပါးပါးရဲ့ သင်္ချိုင်းဂူ ဖြစ်ရမယ်"

 

ဘယ်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူလဲဆိုတာတော့ သူမသိပေ။

 

ရှေးဟောင်းသုတေသနဆိုသည်မှာ နေ့ချင်းညချင်းပြီးသည့်အလုပ်မျိုး မဟုတ်ပေ အထပ်မြင့် အဆောက်အအုံကဲ့သို့ မြန်မြန်ပြီးအောင် ဆောက်လုပ်၍ မရနိုင်ပေ။‌

 

ဆယ့်နှစ်နှစ်အကြာတွင် ထိုမြို့လေး၏ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကိုပင် တုန်လှုပ်စေခဲ့ပြီး ထိုနေရာတွင် အထက်မြင့်အအောက်အအုံများစွာ ဆောက်လုပ်ပြီးစီးခဲ့ကာ ယခင် နင်ဟွရွာ မှာလည်း တရားဝင်သုတေသနပြုလုပ်သည့် နေရာအဖြစ် ပြောင်းသွားတော့သည်။ နယ်ခံရွာသားများမှာလည်း လွန်ခဲ့သည့် ငါးနှစ်ကတည်းက တစ်ခြားနေရာသို့ ပြောင်းရွှေ့သွားကြပြီပင်။

 

ချင်းချိန်သည် သူ့ဆရာ လီကော်ရှန် နောက်လိုက်ပြီး ဤရွာလေးတွင် နေလာခဲ့သည်မှာ နှစ်နှစ်ပင် ရှိလေပြီ။ အခုဆို တတိယနှစ်ကျောင်းသားတောင် ဖြစ်နေလေပြီ။

 

သူ နင်ဟွရွာသို့ စရောက်စဥ်က ပင်မသင်္ချိုင်းကြီးကို စတင် တူးဖော်နေကြသည်။ နှစ်နှစ်ကြာပြီးနောက် သင်္ချိုင်းကြီး၏ ငါးပုံတစ်ပုံကိုသာ တူးဖော်လို့ရသေး၏။

 

သင်္ချိုင်းအတွင်း မြှုပ်နှံထားသော အသုံးအဆောင်ပစ္စည်းများစွာ ရှိပြီး တစ်ခုချင်းစီတိုင်းသည် ရှားပါးပြီး အလွန်တရာ တန်ဖိုးရှိသည်ကြောင့် မျက်စိ ဒေါက်ထောက်ကြည့်နေရသည်။ 

 

သို့သော် ဒါမျိုးတွေ မြင်ဖူးနေကျ သုတေသနပညာရှင်များအတွက်တော့ သူတို့စိတ်ကို သိမ်းပိုက်နိုင်တဲ့ တစ်ခုတည်းသော အရာမှာ ရွှေ၊ ကြေး စသည်တို့မဟုတ်ဘဲ သင်္ချိုင်းဂူ၏ ပိုင်ရှင် အကြောင်းကိုသာ ဖြစ်သည်။

 

နှစ်များ ထိုမျှလောက်ကြာပြီးသည့်တိုင် သင်္ချိုင်းဂူပိုင်ရှင်၏အကြောင်းကို ရှာဖွေ့တွေ့ရှိခြင်း မရှိကြသေးပေ။ ၁၄နှစ် နီးပါး တူးဖော်မှုအတွင်း သူတို့၏မှန်းဆချက်များမှာလည်း ထပ်တလဲလဲ မှားယွင်းခဲ့ရသည်။

 

သင်္ချိုင်းဂူပိုင်ရှင်မှာ မည်သူနည်း။ ဤပဟေဠိကို မဖြေရှင်းနိုင်သေးရုံမက ယခင်နှစ်များမှ တူး‌ဖော်မှုများ‌ကြောင့် ပိုရှုပ်ထွေးလာသည်။

 

သို့သော် ရှေးဟောင်းသုတေသနပညာရှင်များ ရင်နှင့်ရင်းကာလုပ်ခဲ့ရသည့် ထိုသုတေသနမှာ ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် ရုတ်ချည်းရပ်တန့်သွားခဲ့သည်။

 

ယမန်နှစ်က ဘွဲ့ရရှိခဲ့သည့် ချင်းချိန်၏ တပည့်ဖြစ်သူ  ကျန်းပေါ်သည် သေဆုံးသွားခဲ့သည်။

 

သူ မည်သို့ သေဆုံးသွားသည် ကိုတော့ မည်သူမျှ မသိကြပေ။