Ch 9
Viewers 725

Chapter 9


ရှေးဟောင်းသုတေသနလုပ်သူများ မတွေ့ဖူးသေးသည့် ထူးဆန်းသည့်အရာဆိုသည်မှာ ဘာတွေ ဖြစ်မည်လဲ။ အထူးသဖြင့် ရှေး‌သင်္ချိုင်းတွေကို သုတေသနလုပ်သော လူများ၌...


ပုပ်သိုးနေသည့် အလောင်းတွေကို ဖြည်းဖြည်းချင်း ဂရုတစိုက်သန့်စင်ပေးပြီး ရတနာသဖွယ် သဘောထားကြရသည်။ သင်္ချိုင်းပိုင်ရှင်သည် သင်္ချိုင်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် ပုပ်သိုးနေပြီဖြစ်ပါက သူတို့သည် ရွံ့နွံများထဲသို့ ဆင်းကာ ‌သဲလွန်စရှာရမည် ဖြစ်၏။


သင်္ချိုင်းထဲ မြုပ်နှံထားသော လူများတွင် အခဲမကျေမှုများဖြင့် ပြည့်နေခဲ့မည်ဆိုလျှင် ထိုအငြိုးကြီးသောချီများက လေထဲတွင် ပျံ့နှံ့နေလိမ့်မည်။ သို့သော်လည်း ထိုချီတွေက ရေနှင့်ထိစပ်သောနေရာနားကို ရောက်သွားလျှင်တော့ ရပ်တန့်သွားပေလိမ့်မည်။  ထို့ကြောင့် ရှေးလူများက ဒီလို ချီတွေ ပျံ့သွားခြင်းကို တားဖို့အတွက် ရေအတားအဆီးတွေကို ပြုလုပ်ထားတတ်ကြသည်။ ထိုသည်ကို ဖုန်းရွှေပညာလို့ ခေါ်ကြသည်။


ရှေးဟောင်းသုတေသနပညာကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက်မှာ ဖုန်းရွှေနည်းစနစ်က သိပ္ပံနည်းကျ တယ်လို့ ချင်းချိန် ယုံကြည်မိသည်။ သို့သော်လည်း သရဲတစ္ဆေများ၏တည်ရှိမှုကိုတော့ လက်မခံနိုင်သေးပေ။


သူ့အမြင်တွင်တော့ သရဲဆိုတာ လူတွေ၏ ကြောက်ရွံ့မှုသပ်သပ်သာ ဖြစ်ပြီး သဘာဝလွန်စွမ်းအားတွေဆိုတာလဲ ဒီတိုင်း အယူသီးကြတာပင် ဖြစ်၏။ သူတို့၏ ပင်ကိုယ်အစွမ်းအစဖြင့် သဘာဝစွမ်းအားတွေကို မပြိုင်နိုင်တော့ သရဲတွေဆိုပြီး လုပ်ကြံဖန်တီးလိုက်ကြတာပင်။ လီကော်ရှန်းက ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်အနေဖြင့် အရာအားလုံးအပေါ် လေးစားပြီး ကြောက်ရွံ့သင့်တယ်လို့ ပြောခဲ့ပေမဲ့ သူ့ကျောင်းသားတွေအားလုံး ဘယ်သူမှ နားမထောင်ကြချေ။


သို့သော် သူ့ရှေ့ရှိအရာဟာ ချင်းချိန် သိတယ်လို့ တွေးထားခဲ့သည့် အတွေးမှန်သမျှကို အနိုင်ယူနေ၏။


ညဟာ အင်မတန်တိတ်ဆိတ်နေပြီး ညဉ့်နက်နေသော်ငြား တိတ်ဆိတ်နေသည်မှာ သဘာဝမကျလှပေ။


ချင်းချိန် ဖြူစုတ်နေသော လက်ဆစ်များကို မြင်လိုက်ရချိန်တွင် မှုခင်းဓါတ်ခွဲခန်းတစ်ခုတွင် အလုပ်လုပ်နေသော သူငယ်ချင်းထံ သွားလည်ခဲ့စဥ်ကအကြောင်း ကို ရုတ်တရက် ပြန်သတိရမိသွား၏။ ထိုအချိန်က ဆယ်ရက်ကျော်နေသော အလောင်းအချို့ကို မြင်ခဲ့ဖူးသည်။ အားလုံးက အလွန်အမင်းဖြူစုပ်နေကြသည်။ ထိုအချိန်တုန်းက ချင်းချိန်သည် လူသေအလောင်းကြီးကို ကြောက်စရာ အကြောင်းမရှိဟု တွေးခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် သက်မဲ့အရာဝတ္ထုသပ်သပ်သာဖြစ်ပြီး လူသားတွေဟု မမှတ်ယူနိုင်တော့ပေ။


ထိုလက်ဆစ်ဖြူဖြူက တကျစ်ကျစ်ဖြင့် လှုပ်ရှားနေသည်ကို မြင်ရချိန်၌ ချင်းချိန် ရုတ်တရက် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။


ချင်းချိန်သည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီးနောက် အသက်အောင့်ထားလိုက်ကာ ကျန်းရှောင်မေ၏ လှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်ရင်း ရှေ့သို့ တစ်လှမ်းချင်း တိုးသွားသည်။ ချင်းချိန်သည် ဝူဟိုင်ကို မည်သို့ ကယ်တင်ရမည်ကို မသိခဲ့ပေ။  အနည်းဆုံးတော့ သတိလွတ်နေတဲ့ ဝူဟိုင်ကို ဝရံတာအစွန်းကနေ ဆွဲထုတ်ရမယ်ဆိုတာ သူသိသည်။


သူတို့နှင့် တစ်လှမ်းချင်း နီးကပ်လာပြီးနောက် ချင်းချိန်သည် တစ်ခုခု မှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။   ညအမှောင်ထဲတွင် မျက်မှန်တပ်ထားရင်တောင် အဝေးက အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သူချဉ်းကပ်လာသောအခါ ကျန်းရှောင်မေ၏လက်က ဝူဟိုင်အား ရှေ့ကို မတွန်းဘူးဆိုတာ သိလိုက်ရပြီး သူက ဝူဟိုင်၏ အဝတ်အစားတွေကို မလှုပ်မယှက် ဆုပ်ကိုင်ထား၏။

  

စိတ်ခံစားချက်ရှိမနေသည့် သူ့မျက်နှာဟာ နာကျင်နေသလို ဖြစ်နေပြီး ရုတ်ချည်းပျောက်ကွယ်သွားကာ စိုးရွံ့ထိတ်လန့်နေသည့် အမူအရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။  တခဏချင်းမှာပဲ ဝူဟိုင်ဟာ တစ်မီတာမြင့်သော ဝရံတာလက်ရမ်း၏ထိပ်မှာ ရပ်နေပြီဖြစ်၏။

   


ချင်းချိန်သည် ကျန်းရှောင်မေနှင့် ဝူဟိုင်တို့ကြားတွင် ဘာဖြစ်သွားသည်ကို မသိသော်လည်း သူ ဝူဟိုင်ဆီ အခုမှ မသွားရင် မမီနိုင်တော့ဘူးလို့ တစ်ခုခုက ပြောပြနေသလိုပင်။ ချင်းချိန်သည် သူ့အနားတွင် ရပ်နေသော မျက်လုံးတွေ ပြူးထွက်နေသည့် ‌ကျန်းရှောင်မေကို မကြည့်ဘဲ ရှေ့သို့ ခြေလှမ်းကြီးနှစ်လှမ်း လှမ်းပြီးနောက် ဝူဟိုင်၏ ခြေထောက်ကို ဆွဲချဖို့လုပ်သည်။ ကျန်းရှောင်မေက တုံ့ပြန်ပုံ မပေါ်သော်လည်း ဝူဟိုင်ကို သူ ကယ်ချင်သည်။ သို့သော် ချင်းချိန်မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါစေ ဝရံတာလက်ရမ်းထိပ်တွင် ရပ်နေဆဲဖြစ်သည့် ဝူဟိုင်မှာ ကြွက်သားလေးတစ်ချက်တော့ မလှုပ်ခဲ့ပေ။ 


တစ်ချိန်တည်းမှာပင် ဖြူစုပ်စုပ်လက်များသည် ချင်းချိန်၏ပခုံးပေါ် ကျရောက်လာသည်။ လက်ဆီမှ အအေးဓာတ်က သူ့အရိုးများနှင့် သွေးများဆီသို့ ရောက်လာပြီး သူ့အဝတ်အစားများမှတဆင့် သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်လာသည်။

   

အေးစက်သောလက်များက ချင်ချန်း၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို တစ်ဖက်သို့ နည်းနည်း လှည့်လိုက်တာမလို့ သူ့ရှေ့က သရဲ၏မျက်နှာကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။


ကျန်းရှောင်မေ၏မျက်လုံးနှစ်လုံးမှာ အားပြင်းပြင်းဖြင့် ညှစ်ထုတ်ခံရသကဲ့သို့ မျက်လုံးအိမ်ထဲမှ  အပြင်သို့ ကျွတ်ထွက်လုနီးနီး ဖြစ်နေကာ နီရဲကာပင် နေသည်။ ကျန်းရှောင်မေ၏ ခေါင်းတစ်ခုလုံးသည်လည်း အားလုံးနီးပါး ကွဲကြေနေပြီး နှစ်ပိုင်းကွဲနေလေ၏။ သွေးများ နှင့်ရောနှောနေသော အရိုးဖြူဖြူတို့က ဦးခေါင်းခွံထဲမှ ထွက်ကျနေခြင်းက ချင်းချိန်ကို အော်ဂလီဆန်စေပြီး မူးဝေလာကာ အော့အန်ချင်လာတော့သည်။


"နင်..နင်တို့..ယောင်္ကျားတွေ..အားလုံး...အတူ...တူပဲ"


ကျိုးနေတဲ့ မေးရိုးက ထူးထူးဆန်းဆန်း တွန့်လိမ်သွားပြီး အသံက အက်ကွဲနေလေသည်။ သွေးစွန်းနေသော နှုတ်ခမ်းများက တောင့်တောင့်ကြီး ရယ်ပြနေ၏။  


"ဟီး..ဟီးဟီး..ငါ..နင့်..လည်ချောင်းကို..ဆွဲဖြဲပစ်မယ်"


ပြောပြီးသည်နှင့် လည်ပင်းပေါ်ရှိ အေးစက်သော လက်ချောင်းများ၏ အထိအတွေ့က သူ့ကို ထိန်းလို့မရအောင် တုန်လှုပ်စေခဲ့သော်လည်း ချင်းချိန်သည် နောက်လဲ ပြန်မဆုတ်ရဲဘဲ သူထိတာ‌ကိုလဲ ရှောင်လို့မရချေ။


'တစ်ယောက်ယောက် ကူညီပါဦး ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ကယ်ပါဦး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူး'


ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင် ချင်းချိန်သည် ထိုညက သူ ယူလာသော သူ့အသက်ကို ကယ်တင်ခဲ့သည့် ကျောက်စိမ်းဆွဲပြားကို ရုတ်တရက် တွေးလိုက်မိသည်။


ရုန်းကန်ရင်းဖြင့် ချင်းချိန်သည် သူ့ပါးစပ်ကနေ စကားလုံးများ ထွက်လာဖို့ ကြိုးစားနေပြီး


"ဝူ..ဟိုင်.... "


ဒီစကားများကြောင့် သူ့ရှေ့က ညည်းတွားနေသော သရဲမသည် ဝူဟိုင် ရှိရာသို့ ကြည့်လိုက်မိ၏။  ထိုအချိန် ခဏလေး အတွင်းတွင် ချင်းချိန်ကို ချုပ်ကိုင်ထားမှုက ပြေလျော့ သွားသည်။ ခဏလေးဆိုပေမဲ့ ချင်းချိန်း သူ့လက်မှ လွတ်မြောက်ရန် အချိန် လုံလောက်လေသည်။ ချင်းချိန် ကုတ်အင်္ကျီ အိတ်ကပ်ထဲက ကျောက်စိမ်းဆွဲပြားကို ဆွဲထုတ်လိုက်ပြီး လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

 

သူ့အား သူ့ရှေ့ရှိလူက လှည့်စားနေတာကို သိလိုက်ရတော့ သရဲမက ခေါင်းကို အမြန် ပြန်လှည့်လိုက်ပေမဲ့ တစ်ခုခုကို တွေးနေပုံရပြီး နောက်တစ်ခါ တခစ်ခစ်ရယ်ပြန်သည်။


"သေ။ ငါ..နင့်ကိုပါ...ပေးသေမယ်။ နင်..နင်တို့အကုန်လုံး..သူနဲ့လိုက်သေလို့ရတယ်"


သူ၏ လက်တောင့်တောင့်ကြီးတွေမှာ ဝရံတာလက်ရမ်းကို လက်ညိုးထိုးထား၏။

  

“အဲဒီကနေ… ဟီးဟီး” 


ထိုသို့ပြောပြီးနောက် သူသည် ချင်းချိန်ကို ဆွဲထုတ်ရန် ရည်ရွယ်ချက်ဖြင့် လက်ကို မြှောက်လိုက်သော်လည်း ယခုတစ်ကြိမ် ချင်းချိန်ကို ထိလိုက်သောအခါတွင် တစ်စုံတစ်ခုက သူ(မ)ကို ဆွဲထုတ်သွားပုံရသည်။

 

“အား————————————————” 


သနားစရာကောင်းသော အော်ဟစ်သံသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ကို ဖြည်းညှင်းစွာ လောင်ကျွမ်းသွားသော စိမ်းမှောင်သော မီးတောက်တစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။


ယခု အကယ်ခံလိုက်ရသည့် ချင်းချိန်သည် သူ့ရှေ့တွင် ငြီးတွားနေသော သရဲမက တခဏချင်း လောင်ကျွမ်းသွားသည်ကို ကြည့်ရင်း မြေကြီးပေါ်တွင် လုံးဝ ကြက်သေသေ သေနေလျက် ...


'ဒါ၊ ဒါ....ဘာလဲ....'


"ချီးထဲမှ"

 

သူ့ဘယ်ဘက်မှ ဆဲသံကို ကြားသောအခါ ချင်းချိန်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ထိုအချိန် ဝူဟိုင်သည် စည်းရိုးမှ ခုန်ဆင်းကာ သတိပြန်ဝင်လာ ပုံရသည်။ သို့သော် သူ ခေါင်းငုံ့ကာ မျက်မှောင်ကြီး ကျုံ့လိုက်ပြီး ဘာကို တွေးရမှန်းမသိ ဖြစ်နေသည်မှာ အကြာကြီးပင်။ ချင်းချိန်သည် ဘာမှပြန်မပြောဘဲ အဆောက်အဦးအောက်မှ တစ်ယောက်၏အော်သံကို ကြားတော့မှ  သက်ပြင်းချကာ


"အရင်ဆင်းရအောင်..."

 

တစ်ချိန်လုံး အောက်ထပ်မှာစောင့်နေတဲ့ ကျန်းကျွင်းက ရဲကိုခေါ်ဖို့ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ချင်းချိန်စကားကို နားထောင်ဖို့ ရွေးချယ်ခဲ့ပြီး အောက်ထပ်မှာ စောင့်နေခဲ့သည်။ ချင်းချိန် ပြောနေသည့် မိန်းမကို သူ မမြင်သော်လည်း တစ်စုံတစ်ခု မမှန်သည်ကို သူ ခံစားနိုင်ခဲ့သည်။ နောက်ပြီး သူက မျက်စိအားကောင်းတာကြောင့် ဝူဟိုင်တစ်ယောက် ဝရံတာလက်ရမ်းပေါ် တွင်’မျောလွင့်'နေတာကို မြင်နေရသည်။


အဆောက်အဦးထဲကနေ နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် ထွက်လာတာကို မြင်လိုက်ရတော့ ကျန်းကျွင်း၏ မျက်နှာဟာ အတော်လေးမဲ့ရွဲ့နေပြီ ဖြစ်သည်။ တိတ်ဆိတ်နေသော ဝူဟိုင်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ကျန်းကျွင်းက မျက်မှောင်ကြုတ်ကာ 


"ငါတို့ ဒီနေရာကို မြန်မြန်ထွက်သွားရင် ပိုကောင်းမယ်”လို့ပြောလိုက်သည်။


ချင်းချိန်သည် အလွန်ပင်ပန်းနေသည်ဟု ခံစားရသဖြင့် ခေါင်းညိတ်ပြပြီးနောက်


“ဘယ်အချိန်ရှိပြီလဲ”


“မနက် ၂ နာရီထိုးခါနီးပြီ”


“ဒါဆို ငါတို့….”


ချင်းချိန်သည် သူပြောမည့်စကားကို ခေတ္တရပ်လိုက်ပြီး ထိုအကြောင်းကို တွေးရင်း အံ့အားသင့်သွားသည်။ သူ့ဦးနှောက်ကို အသုံးမပြုလျှင်ပင် အခြားသူများ မမြင်နိုင်သော အရာများဖြစ်သည့်’သရဲတစ္ဆေများ'ကို သူ မြင်နိုင်စွမ်းရှိကြောင်း ရိပ်စားမိသွား၏။ အခုချိန်မှာတော့ တစ်ယောက်တည်းနေတာကြောင့် အိပ်ဆောင်ကို မပြန်ချင်သေးပေ။ သူ ဘာပြန်တွေ့မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ၊ ဒါမှမဟုတ် ဖိတ်ခေါ်မထားတဲ့ ဘေးအန္တရာယ်တွေနှင့် ထိပ်တိုက်တွေ့နေမှဖြင့်...။ 


ချင်းချိန်က ကျန်းကျွင်းနှင့် ဝူဟိုင်၏ အမူအရာတွေကို တစ်ချက်ကြည့်လိုက်ပြီး သူတို့လည်း သူနှင့်ထပ်တူပဲလို့ တွေးလိုက်မိသည်။

 

အဲဒါကို စဉ်းစားပြီးနောက် ချင်းချိန်က 


"လူစည်တဲ့ ညဈေးတန်းကြီးကို သွားကြမလား။ မင်းလဲသိမှာပါ... ငါဒီရက်ပိုင်း အစားကောင်းကောင်း မစားရဘူး"


အချိန်အတော်ကြာသည်အထိ စကားမပြောသော ဝူဟိုင်သည် ချင်းချိန်ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်ပြီး 


"အေး…."


"ဟုတ်ပြီ မငြင်းနဲ့နော်။ ငါတစ်ယောက်တည်း မပြန်ချင်ဘူး"


ထို့နောက် ကျန်းကျွင်းက ခါးသက်သက် ရယ်မောလိုက်သည်။  


"မင်း ငါ့ကို သွားအိပ်ဖို့ပြောရင် ငါ ပြန်မထလာနိုင်တော့မှာကြောက်မိသား"


ပေကျင်းတွင်မူ ညဘက်ကင်းလှည့်နေသော သူနာပြုဆရာမလေးသည် အပြင်းအထန် နေမကောင်းနေသည့် လူနာတစ်ဦးအား မြင်လိုက်ရသောအခါ ရုတ်တရက် အော်ဟစ်လိုက်သည်။


"အား...‌ ဒေါက်တာရန်  ဒေါက်တာရန်"


 …


နင်ဟွရွာသည် ယခင်ကကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော်လည်း တစ်နာရီအတွင်း တောင်ကြီးတစ်ခုလုံးရှိ ကျီးကန်းများသည် ညသန်းခေါင်တွင် ပျံထွက်လာခဲ့သည်။  နင်ဟွာရွာတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး ဝေးရာသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသော သက်ကြီးရွယ်အိုများသည် ကျီးအာသံများကြောင့် ရုတ်တရက် နိုးလာခဲ့ကြ၏။ 


"ငါတို့ ဒီတောင်ကြီးက‌နေ ထွက်သွားရမယ်။ ဒီအဖြစ်အပျက်က နိမိတ်မကောင်းဘူး...ဘေးအန္တရာယ်အကြီးကြီး တစ်ခုဖြစ်လာတော့မယ်လို့ ပြောတာ"


ဒီလို တောင်ပေါ်က နေရာမျိုးမှာ ဆူဆူညံညံ အမျိုးတစ်ခု ရှိနေခဲ့လျှင်ပင် ဒါကို ကြားမည့်သူ့က ရှိနိုင်သေးလား၊ လူတစ်ယောက် ရှိနေလျှင်တောင်မှ ဒါကို ကြားနိုင်ပါမည်လား။ မက်မွန်ပွင့်လို မျက်လုံးလှလှတစ်စုံ ပိုင်ဆိုင်ထားသော လူတစ်ယောက်က သူ့မျက်လုံးများကို မှေးကျဥ်းသွားသည်အထိ ပြုံးနေခဲ့လေသည်။