ထန်မော့အာသည် သူမကိုယ်တိုင် ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ပင်ပန်းနွမ်းနယ်စရာကောင်းသော နေ့တစ်နေ့ဖြစ်ခဲ့ပြီး သူမ အလွန်ဗိုက်ဆာနေပြီဖြစ်၏။
...
ဆယ်မိနစ်အကြာတွင် ဦးလေးဖူ ရောက်လာသည်။
ထန်မော့အာက စက္ကူအိတ်ကို ကုမိုဟန်ထံ ကမ်းပေးလိုက်သည်။
သူသည် အိတ်ထဲကို အသာအယာတစ်ချက် ငဲ့ကြည့်လိုက်ပြီးနောက် ခန့်ညားသော မျက်ခုံးအစုံကို ပင့်လိုက်သည်။
သူဘာတွေးနေသည်ကို သူမ ခန့်မှန်းနိုင်သည်။
သွေးစွန်းနေသော ရှပ်အင်္ကျီကို အမှိုက်ပုံးထဲသို့ သူပစ်ထည့်လိုက်စဉ် သူမ ခဏတာ မြင်လိုက်ရသည်။
၎င်းမှာ ကြယ်သီးတစ်လုံးတည်းတင် သောင်းနှင့်ချီ တန်ကြေးရှိနိုင်သော အဆင့်မြင့် အပ်ချုပ်လက်ရာ ရှပ်အင်္ကျီတစ်ထည်။
ထိုပစ္စည်းအပေါ် ထားရှိသော သူ၏မြင့်မားလှသည့် စံနှုန်းများနှင့် မျက်နှာပေါ်မှ အထင်အမြင်သေးသည့် အမူအရာတို့ကို ကြည့်ရုံဖြင့် ဤလူမှာ အဆင့်အတန်းမြင့်ပြီး ချမ်းသာသူတစ်ဦး ဖြစ်ကြောင်း သိသာလှ၏။
ကုမိုဟန်။
ထန်မော့အာသည် ကာဂါလစ်၏ အထက်တန်းလူ့အဖွဲ့အစည်းနှင့် ရင်းနှီးကျွမ်းဝင်သော်လည်း ကုမိုဟန်ဆိုသည့် နာမည်ကို တစ်ခါမျှ မကြားဖူးပေ။
သူက ကာဂါလစ်က မဟုတ်တာ ဖြစ်နိုင်မလား။
'သူက ဘာအလုပ်လုပ်တာလဲ'
'ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ပြီး ဒေဝါလီခံကာ ထွက်ပြေးတိမ်းရှောင်နေသူများလား'
မည်သို့ပင်ဖြစ်စေ သူမ မပတ်သက်ချင်ပါ။
သူ ငြိမ်ငြိမ်သက်သက်နေပြီး သူမအတွက် ပြဿနာမဖန်တီးဖို့သာ သူမ ဆန္ဒရှိသည်။
နောက်ရက်အနည်းငယ်ကြာလျှင် သူတိတ်တဆိတ် ထွက်သွားပြီး သူမဘဝကို မနှောင့်ယှက်တော့လျှင် နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။
သူမမှာ လက်ရှိရင်ဆိုင်နေရသည်များကပင် လုံလောက်နေပြီဖြစ်သည်။
"မစ္စတာကု၊ ခဏလောက်ပဲ အောင့်သက်သက်နဲ့ ဝတ်ထားပေးပါဦး"
"ဒီအဝတ်အစားတွေကို ကုန်တိုက်ကနေ ဝယ်လာတာပါ၊ ဈေးလည်း တော်တော်ကြီးပါတယ်"
ကုမိုဟန်က သူမကို တစ်ချက်ပြန်ကြည့်ပြီးနောက် အချိန်အတော်ကြာမှ စက္ကူအိတ်ကို ဘာစကားမှမဆိုဘဲ ယူကာ လှည့်ထွက်သွားခဲ့သည်။
ထန်မော့အာ မီးဖိုချောင်ထဲ ပြန်ဝင်လာသည်။
သူမသည် ခေါက်ဆွဲများကို ပန်းကန်လုံးကြီးတစ်လုံးထဲ ထည့်ရင်း၊ ကြက်သွန်မြိတ်လေးများ ဖြူးကာ သီချင်းလေးတညည်းညည်းနှင့် ပြင်ဆင်နေ၏။
ထိုစဉ် သူမနားထဲ၌ နက်ရှိုင်းသော အသံတစ်သံ ကြားလိုက်ရသည်။
"ကိုယ် ကြက်သွန်မြိတ် မစားဘူး"
ထန်မော့အာ ထိတ်လန့်သွားပြီး ရင်များတုန်သွားသည်။
ကုမော့ဟန်က သူမဘေးနားသို့ ရောက်ရှိနေပြီဖြစ်၏။
သူသည် လည်ကတုံးရှပ်အင်္ကျီ အနက်ရောင်နှင့် ဘောင်းဘီရှည် အနက်ရောင်တို့ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။
ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသဖြင့် သူ၏တောင့်တင်းသော ရင်ဘတ်အလှကို မြင်နေရပြီး ခါးတွင် သားရေခါးပတ်အနက်ကို ပတ်
ထားသည်။
ခြေဆုံးခေါင်းဆုံး အနက်ရောင်ဝတ်ဆင်ထားသော သူသည် အမှောင်ထု၏ ကိုယ်ပွားတစ်ခုကဲ့သို့ပင်။
ထိုဝတ်စုံသည် သူ၏ အရပ်အမောင်းနှင့် လိုက်ဖက်လှပြီး သာမန်လူသားများ မမီနိုင်သော ဆွဲဆောင်မှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထန်မော့အာ တွေ့ဖူးသမျှ အမျိုးသားများထဲတွင် ဤကဲ့သို့ သာမန်အဝတ်အစားကို ဝတ်ဆင်ထားရုံဖြင့် စတိုင်ကျပြီး ခန့်ညားနေသူဟူ၍ သူတစ်ဦးတည်းသာ ရှိသည်။
"ရှင် ကြက်သွန်မြိတ် ကြိုက်တာ မကြိုက်တာ ကျွန်မကိစ္စ မဟုတ်ဘူး"
"ဒီခေါက်ဆွဲက ကျွန်မစားဖို့... ဟေ့"
စကားပင်မဆုံးသေးခင် သူမလက်ထဲက အဖိုးတန်ခေါက်ဆွဲပန်းကန်ကို သူက လုယူသွားပြီ။
သူမ ပြန်ယူရန် ကြိုးစားသော်လည်း သူက တူကိုပါ ယူလိုက်သည်။
ရုတ်တရက် သူက ကိုယ်ကိုကိုင်းလိုက်ပြီး သူမနှင့် မတော်မလျော်ဖြစ်လောက်အောင် အနီးကပ်ဆုံးအထိ မျက်နှာချင်းဆိုင်လိုက်သည်။
"တစ်ခုပြောဖို့ မေ့သွားလို့..."
သူ၏ အသံမှာ တိုးညင်းသွားပြီး နွေးထွေးသော ထွက်သက်များက သူမနားရွက်ကို လာရောက်ထိတွေ့နေသည်။
ထန်မော့အာ ကြောင်အသွားပြီး သူမကိုယ်သူမ တည်ငြိမ်အောင် စားပွဲခုံကို လက်ဖြင့် စမ်းတဝါးဝါး ကိုင်လိုက်ရသည်။
သူ ဤမျှလောက် နီးကပ်လာလိမ့်မည်ဟု သူမ မထင်ထားမိပေ။
အနီးကပ်မြင်လိုက်ရသော သူ၏ မျက်နှာမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှ၏။
"ဘာ... ဘာလဲ"
ကုမိုဟန်က သူမ၏ သေးငယ်ပြီး ကြွေရုပ်လေးကဲ့သို့ ဖြူစင်သော မျက်နှာလေးကို အနီးကပ် စိုက်ကြည့်လိုက်သည်။
အလင်းရောင်အောက်တွင် သူမ၏ အသားအရေမှာ ဝင်းပနေပြီး ပါးပြင်ပေါ်ရှိ မွေးညှင်းနုလေးများပင် တောက်ပနေသယောင်ရှိသည်။
သူမ၏ နှုတ်ခမ်းများက လှပပြီး အလွန်ဆွဲဆောင်မှုရှိသော ချယ်ရီသီးအနီရောင်လေးများကဲ့သို့ပင်။
ကုမိုဟန် လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။
လွန်ခဲ့သော သုံးနှစ်က သူ မြည်းစမ်းခဲ့ဖူးသော နှုတ်ခမ်းများဖြစ်သည်။
ထိုခံစားချက်က... မေ့မရနိုင်စရာ။
သူမကို စိုက်ကြည့်ရင်း သူ၏အသံမှာ အက်ရှရှနှင့် နက်ရှိုင်းလာ၏။
"အကြီးဆုံး အတွင်းဝတ်ကလည်း အရမ်းကျပ်နေတယ်..."
"..."
ထိုစကားပြောပြီးနောက် ကုမိုဟန်သည် နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
ထန်မော့အာ၏ မျက်နှာတစ်ခုလုံး ဆံစပ်အထိ နီမြန်းသွားသည်။
'သူဘာကို ဆိုလိုတာလဲ၊ သူက အောက်ပိုင်းက အကြီးကြီးလို့ ကြွားနေတာလား'
'သူကတော့လေ'
'သူ့မှာ အရှက်မရှိဘူးလား'
ထန်မော့အာသည် စိတ်ထဲမှနေ၍ သူ့ကို မြိန်ရေယှက်ရေ ကျိန်ဆဲရင်း နောက်ထပ်ခေါက်ဆွဲတစ်
ပန်းကန် ထပ်ပြုတ်လိုက်သည်။
ခဏအကြာ ထမင်းစားခန်းထဲ ဝင်လာသောအခါ သူ စားနေတုန်းပင်ရှိသေးသည်။
သူ၏ ထိုင်ပုံထိုင်နည်းနှင့် ယဉ်ကျေးသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် အလွန်ကောင်းမွန်သော မိသားစုနောက်ခံမှ လာသူဖြစ်ကြောင်း သိသာ၏။
သူမ ဗိုက်က ဆာလောင်လွန်းသဖြင့် မြည်နေပြီဖြစ်သည်။
ထပ်ပြီး တွေးတောမနေတော့ဘဲ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ခေါက်ဆွဲကို အမြန်စားလိုက်သည်။
ည၏ ကျန်ရှိသောအချိန်များမှာ အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားသည်။
ဗိုက်ပြည့်သွားသဖြင့် သူမသည် အိပ်ခန်းထဲတွင် အိပ်စက်ပြီး သူကတော့ ဧည့်ခန်းတွင် သီးသန့်အိပ်သည်။
...
နောက်တစ်နေ့ နံနက်။
ထန်မော့အာသည် အဆက်မပြတ် မြည်နေသော ဖုန်းသံကြောင့် နိုးလာသည်။
သူမသည် အိပ်ချင်မူးတူးဖြင့် ဖုန်းကို ကိုင်လိုက်
စဉ် တစ်ဖက်မှ အသံက...
"ဟယ်လို မော့အာ၊ နိုးပြီလား"
"မြန်မြန်၊ နင့်လက်ပ်တော့ပ်ကို အမြန်ဖွင့်လိုက်တော့"
ထန်မော့အာက ပြောသည့်အတိုင်း လုပ်လိုက်ရာ ထင်ထားသည့်အတိုင်းပင် သတင်းခေါင်းစဉ်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေသည်။
'မျိုးဆက်သစ် အပြစ်ကင်းစင်သော နတ်ဘုရားမ ဟန်ရှောင်းဝမ်က ထန်မော့အာ၏ စေ့စပ်ထားသူကို မြှူဆွယ်ခြင်း'