🐍Chapter 105
“ဒါဆို မြွေတွေ အများကြီးရှိမှာပေါ့...”
ယင်ရှောင်ရှောင်းသည် အခမ်းအနားကျင်းပမည့်နေ့တွင် မည်သို့မည်ပုံဖြစ်မည်ကို တွေးတောပြီး သူ့မျက်နှာသည် အနည်းငယ်စိမ်းသွားခဲ့သည်။ သူ့ဘေးဘက်တွင် လန်စန်းစန်းနှင့် မော့လောင်တရှိသည်။
"တဟေးတန်.. ခင်ဗျား မိသားစုကော..ဘယ်လိုလဲ.."
ယင်ရှောင်ရှောင်း က မေးသည်။ လွန်ခဲ့သည့်တစ်ရက် နှစ်ရက်ခန့်ကပင် ဖေဖေ မော့နှင့် မေမေမော့သည် တဟေးတန်နှင့် အတူရှိနေခြင်းကို ဆန့်ကျင်ခဲ့သေးသည်။
သူနှင့် တဟေးတန် ရဲ့ အခမ်းအနား ကို သဘောတူကြမှာလား... လာရော လာမှာလား...
“သူတို့.. ဪ..”
မော့လောင်တက ခဏလောက် စဉ်းစားသည်။
“သူတို့ကို ကိုယ်အကြောင်းကြားလိုက်မယ်.. လာတာ မလာတာကတော့ သူတို့ကိစ္စပဲပေါ့...”
ယင်ရှောင်ရှောင်း က သူနားလည်ကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။ ယင်ရှောင်ရှောင်းသည် ဖေဖေ မော့ နှင့် မေမေမော့ ကို မနှစ်သက်ခဲ့ပေ။
သူနှင့် တဟေးတန် တို့ကို ဘာလို့တားဆီးနေတာလဲ..ဘာအတွက်လဲ..
မော့လောင်တ သူတို့ကို အသိပေးခြင်းက သားတစ်ယောက်အနေနှင့် သူ့တာဝန်ရှိသောကြောင့် ဖြစ်သည်။ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူတို့၏ကိစ္စသာလျှင်ဖြစ်သည်။
ယင်ရှောင်ရှောင်းသည် သူတို့ အလည်လာခဲ့သည့် နောက်ဆုံးအကြိမ်ကို ရုတ်တရက် သတိရသွားသည်။
“အိုး..ဟုတ်တယ်... မော့တာမော့ နှင့် မင်းညီမတို့က လက်တွဲဖော်ဖြစ်လာမှာ မဟုတ်ဘူးလား.. အခမ်းအနား ဘယ်တော့ ကျင်းပမှာလဲ....”
“မသေချာဘူး..”
မော့လောင်တက ခေါင်းခါသည်။
“ကျင်းပပြီးသွားတာလဲဖြစ်နိုင်တယ်.. ဒါမှမဟုတ် မဖြစ်တော့တာလဲ ဖြစ်နိုင်တယ်...”
ယင်ရှောင်ရှောင်း နှုတ်ဆိတ်နေခဲ့သည်။
မော့လောင်အာ က မင်းရဲ့ညီမ မဟုတ်ဘူးလား... ဒါကို လုံးဝ လျစ်လျူရှုထားတာလား...
"အင်း.. ပြန်ကြရအောင်.. အားလုံးက ဘာတွေဖြစ်လာမလဲဆိုတာ အသေးစိတ် ဆွေးနွေးနေကြတာ...”
မော့လောင်တက ပြောသည်။ ထို့နောက် ယင်ရှောင်ရှောင်းကို ထပ်မံဆွဲယူကာ ဂူဆီသို့ ပြန်သွားကြသည်။
ဂူအတွင်းရှိ မြွေများသည် မော့လောင်တ နှင့် ယင်ရှောင်ရှောင်း ပြန်လာရန် စောင့်ဆိုင်းနေခဲ့သည်။
ဟွားရှောင်ဝူ၏ မိတ်ဖက် အခမ်းအနားကို ယင်ရှောင်ရှောင်းနှင့် အခြားသူများနှင့်အတူ မကျင်းပနိုင်ခဲ့သော် လည်း သူ အလွန်စိတ်လှုပ်ရှားနေသေးသည်။ တွေးကြည့်လျှင် မူလက ရှောင်ရှောင်း နှင့် အကောင်းဆုံးသံယောဇဉ်ရှိခဲ့သည် (ဒါသည် ဟွားရှောင်ဝူကိုယ်တိုင်ထင်ခဲ့ခြင်းဖြစ်သည်) ၊ ထို့နောက် နေ့ရက်တွေက လျှင်မြန်စွာကုန်ဆုံးသွားသည်။
အခု ရှောင်ရှောင်း ဟာ တခြားမြွေတစ်ကောင်နဲ့ အဖော်ဖြစ်လာတော့မယ်... သူကိုယ်တိုင်မလုပ်ရသေးခင်မှာပဲ...
ယင်ရှောင်ရှောင်း ပြန်လာသည်ကိုမြင်သောအခါ ဟွားရှောင်ဝူ က ယင်ရှောင်ရှောင်း ဆီသို့ ပထမဆုံး အပြေးသွားခဲ့သည်။
"ရှောင်ရှောင်း မင်းက နေရောင်ကို သည်းမခံနိုင်ဘူး မဟုတ်လား... ဒါကြောင့် အခမ်းအနားကို မြစ်ကမ်းပါးမှာ ကျင်းပမယ်လို့ အားလုံးက ဆုံးဖြတ်ထားကြတာ...”
ယင်ရှောင်ရှောင်း အံ့သြသွားသည်။ ထိုကိစ္စကို သူနှင့် တဟေးတန် ကြားတွင် မကြာသေးမီကမှ ဆွေးနွေးခဲ့ပြီး မည်သူ့ကိုမျှ မပြောပြရသေးပေ။ သူပြောမပြခင် သူတို့ အလျင်အမြန် ထည့်သွင်းစဉ်းစားပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ရုတ်တရက် ယင်ရှောင်ရှောင်း သည် အလွန်စိတ်လှုပ်ရှားသွားပြီး ငိုချင်လာသည်။ ဒါသည် သူ့မိသားစုဖြစ်သည်။ အချိန်အတော်ကြာ ခွဲခွာသွားခဲ့သော်လည်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ချစ်ခင်ပြီး ကာကွယ်စောင့်ရှောက်နေကြဆဲဖြစ်သည်။ အသေးအမွှားကိစ္စကိုပင်လျှင် မမေ့ကြပေ။
မြွေများသည် ယင်ရှောင်ရှောင်း ၏အမူအရာကို သိပ်ဂရုမစိုက်ပေ။ သူတို့အတွက် ရှောင်ရှောင်း က နေကို ခံနိုင်ရည်မရှိခြင်းကို မိသားစုထဲက မြွေတိုင်းသိသော အရာတစ်ခုဖြစ်ပြီး ရှောင်ရှောင်း၏ အခမ်းအနားကို မြစ်ကမ်းဘေး၌ ကျင်းပရခြင်းသည် သဘာဝကျသည်။ ယင်ရှောင်ရှောင်း ၏ စိတ်နေစိတ်ထားကို မော့လောင်တ က သတိပြုမိပြီး သူ့ခေါင်းကို ပွတ်ရင်း ယင်ရှောင်ရှောင်း ကို နှစ်သိမ့်ပေးလိုက်သည်။
ဤကဲ့သို့ပင် မော့လောင်တက အရူးပေါက်လေးသည် သူ့မိသားစုကို အဘယ်ကြောင့် လွမ်းနေခဲ့သည်ကို ရုတ်တရက် နားလည်သွားသည်။ ဖေဖေ မော့ နှင့် မေမေ မော့ က သူ့ကို ထိုသို့ဆက်ဆံခဲ့သောကြောင့် ယင်ရှောင်ရှောင်းကလည်း လွယ်လွယ်နှင့်သူ့မိသားစုကို ချစ်တတ်လာသည် ။
"တပိုင်နဲ့ငါက ငါတို့မိသားစုနဲ့ သူငယ်ချင်းတွေကို အသိပေးဖို့ တာဝန်ယူမယ်... မင်းရဲ့သူငယ်ချင်းတွေကို အကြောင်းကြားဖို့ကိုတော့ မင်းပဲလုပ်လိုက်ပါ...”
ဟွားရှောင်ဟွားက အစောပိုင်းတွင် မော့လောင်တအား ပြောခဲ့သည့်စကားကို ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။
"တပိုင် နဲ့ ငါ ပထမဆုံး ဟုန်_လန် မိသားစုဆီ သွားလည်မယ်..."
ဟွားရှောင်ဟွား က ဆက်လက်ပြောဆိုခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင် ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အသိပေးဖို့ကတော့ မျိုးနွယ်စုခေါင်းဆောင် ကိုပဲ ဒုက္ခပေးရတော့မှာပဲ...."
မော့လောင်တသည် ဟွားရှောင်ဟွားကို ကြည့်ကာ ခေါင်းညိတ်ပြပြီး ရုတ်တရက် ပြောလိုက်သည်။
“ငါ့ကို မျိုးနွယ်စုခေါင်းဆောင် လို့ မခေါ်ပါနဲ့... ငါ့နာမည်ကိုပဲ ခေါ်ပါ..."
ဟွားရှောင်ဟွားကို စိုက်ကြည့်ပြီးနောက် မော့လောင်တကို ပြုံးပြသည်။
“မြွေတိုင်းဟာ သူတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အကြောင်းကြားဖို့ ခြောက်လလောက် အချိန်ယူရတယ်... အခမ်းအနားမစခင် ငါးရက်အလိုမှာ အားလုံး ဒီကိုပြန်လာရမယ်... ရှင်းလား... "
ယင်တပိုင်၏အသံကလေးနက်သည်။
"သတိရပါ... နောက်မကျဖို့က လုံးဝအရေးကြီးတယ်..."
"နားလည်သဘောပေါက်ပါတယ်..."
ရှိနေသောမြွေများ အထူးသဖြင့် အဖော်ဖြစ်လာမည့် မြွေစုံတွဲသုံးတွဲသည် ယင်တပိုင်၏ စကားကို ကျယ်လောင်ပြတ်သားသော အသံဖြင့် တုံ့ပြန်ခဲ့သည်။
ဟွားရှောင်ဟွားသည် ယင်ရှောင်ရှောင်း ကိုကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီး မော့လောင်တ အားပြောလိုက်သည်။
"မော့လောင်တ... ဒီရက်စွဲအတိအကျကို မှတ်မိတာက မင်းအတွက် အကောင်းဆုံးပဲ... ရှောင်ရှောင်း... ဒီကလေးက သဘာဝအတိုင်း ခေါင်းက အမှတ်မှားတတ်တယ်... သူမေ့သွားမှာကို ငါစိုးရိမ်တယ်..."
ယင်ရှောင်ရှောင်း: “….”
မော့လောင်တက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့... မမေ့ဘူးဆိုတာသေချာတယ်..."
မည်သို့ပင်ဆိုစေကာမူ ထိုနေ့ကို ဆယ့်ရှစ်နှစ်နီးပါးကြာအောင် စောင့်မျှော်ခဲ့ပြီးမှ မော့လောင်တသည် နောက်ဆုံးအဆင့်တွင် အမှားအယွင်းများကို မည်သို့ခွင့်ပြုနိုင်မည်နည်း။
“အင်း.. အခုတော့ ဒါပဲ လုပ်စရာရှိတယ်...”
ယင်တပိုင် က ဆက်ပြောသည်။
"ဘယ်သူမှမေးစရာမရှိရင် ဒီညအနားယူပြီး မနက်ဖြန်မနက်စောစော ခွဲထွက်လိုက်ပါ..."
မြွေများက သဘောတူကြသည်။ ကောင်းကင်အရောင်က အနည်းငယ် မှောင်နေပြီဖြစ်သည်။ မြွေများအားလုံးသည် မနက်ဖြန်တွင် ရောက်ရှိလာမည့်အရာအတွက် ၎င်းတို့၏ခွန်အားကို ထိန်းသိမ်းစောင့်ရှောက်ရန် စောစောအိပ်ရာဝင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ယင်ရှောင်ရှောင်း၏ ပင်ကိုစရိုက်ကို အခြေခံပြီး ရှေ့ဆယ်မီတာတွင် မီးလောင်နေသည်ဟုဆိုလျှင်ပင် မော့လောင်တက သူ့ဘေးတွင် ရှိနေသရွေ့ ယင်ရှောင်ရှောင်း အတွက် စိုးရိမ်စရာ မရှိပေ။
နောက်တနေ့ နေရောင်နှင့် ယင်ရှောင်ရှောင်း နိုးလာသောအခါ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သာ ဂူကြီးထဲတွင် ကျန်နေခဲ့သည်။
"ဟင်.. အားလုံးဘယ်သွားကြတာလဲ..."
ယင်ရှောင်ရှောင်း သည်အပြည့်အဝ မနိုးသေးပေ။
“ထွက်သွားကုန်ပြီ...”
မော့လောင်တက ယင်ရှောင်ရှောင်း ရှေ့တွင် ချက်ထားသော ယုန်သားကို တင်ထားရင်း တိတ်တဆိတ် ပြန်ဖြေလိုက်သည်။
“သူတို့ တကယ်အစောကြီး ထွက်သွားကြတာပဲ...”
ယင်ရှောင်ရှောင်း က ရေရွတ်သည်။ သူရှေ့တွင်ရှိသောအသားကိုစားရင်း ဆက်ပြောသည်။
“တဟေးတန်... မင်း ငါ့သွားကိုဆွဲနုတ်လိုက်ကတည်းက စားရတာ ခက်လာတယ်...”
“ဒါက ပုံမှန်ပါပဲ...”
မော့လောင်တ က စိတ်မပူသေးပေ။
"စကားမပြောနဲ့... အစာစားတာကိုပဲ အာရုံစိုက်... အစာစားနေချိန် စကားပြောရင် ပါးစပ်ထဲက အစာတွေက လေပြွန်ထဲကို ရောက်သွားပြီး အန္တရာယ်ရှိနိုင်တယ်...”
ယင်ရှောင်ရှောင်း : "%¥#%."
ယင်ရှောင်ရှောင်း က စားရန် ခေါင်းငုံ့လိုက်ပြီး မော့လောင်တ ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ယင်ရှောင်ရှောင်း က သူ့အစာများကို စားသောက်ပြီးနောက် မော့လောင်တက ယင်ရှောင်ရှောင်း ကို သူ့နောက်ကျောပေါ်တွင် ထမ်းပြီး နောက်တကြိမ် လမ်းမပေါ်ပြန်ထွက်လာခဲ့သည်။
"ငါတို့ မော့မြွေနယ်မြေကို အရင်သွားပြီး ဘာတွေဖြစ်နေလဲ ဆိုတာသူတို့ကို ပြောပြမယ်..."
မော့လောင်တ က သူတိုဆက်လုပ်မည့်အစီအစဉ်ကို ထုတ်ဖော်ပြောပြသည်။
“မော့တာယိကိုလည်း အကြောင်းကြားချင်တယ်... မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိတ်ဖက် အခမ်းအနားဆိုတာက တခြား မော့မြွေတွေလဲ သိချင်ကြမှာပဲ...သူတို့လာမယ် ဆိုရင် ငါတို့က လက်ခံရမှာ....”
ယင်ရှောင်ရှောင်း: “…”
မော့လောင်တရဲ့မိတ်ဖက်အခမ်းအနားဆိုတော့ မော့မြွေမျိုးနွယ်စုတစ်ခုလုံး ပါဝင်ရမည်လို့ ခံစားနေရတယ်...
ယင်ရှောင်ရှောင်းက မော့လောင်တသည် လုံလောက်သော သားကောင်ကို ဖမ်းမိနိုင်သည်ဖြစ်စေ၊ မဖမ်းနိုင်သည်ဖြစ်စေ သွေးအန်ပြီး သေဆုံးနိုင်သည်ဟု ရုတ်တရတ် ခံစားနေရသည်။
“နောက်.. အိုး ..အရူးပေါက်လေး.. မင်းမှာ အကြောင်းကြားစရာ မြွေရှိလား.."
မော့လောင်တ က မေးသည်။
“အာ...”
မော့လောင်တ ၏မေးခွန်းက ယင်ရှောင်ရှောင်း သည် ဟေးအာပန် ၏မိသားစုကို မေ့သွားပြီဖြစ်ကြောင်း သတိရစေသည်။
"အရင်ဆုံး ရှောင်လု ရဲ့အိမ်ကိုသွားရအောင်... ကျွန်တော်တို့ ပြန်မလာတော့ဘူးဆိုတာကို ရှောင်လု ကို အရင်ပြောမယ် .... "
မော့လောင်တ ခဏလောက်စဉ်းစားပြီး ယင်ရှောင်ရှောင်း ပြောနေသည်ကို ပြန်သတိရသွားသည်။ သူ သဘောတူပြီး ခေါင်းငြိမ့်ပြသည် ။ ထို့ကြောင့် ယင်ရှောင်ရှောင်သည် မော့လောင်တ၏နောက်ကျောမှ သွားရမည့်လမ်း ညွှန်လိုက်သောကြောင့် မော့လောင်တသည် ဟေးအာပန်မိသားစု၏အိမ်ဆီသို့ ရွေ့လျားသွားသည်။
ဟေးအာပန် နှင့် လုရှောင်ဟွမ် မထွက်လာသေးပေ။ သူတို့မိသားစုရှိ အငယ်ဆုံးမြွေက ဟေး မြွေဖြစ်ပြီး ဟေးအာပန် နှင့် လုရှောင်ဟွမ် ထွက်သွားပြီး ဟေးအာလု က တခြားမြွေများကဲ့သို့ အဖော်ရှာခဲ့မည်ဆိုလျှင် ဟေးအာပန် ကလေးဘဝကကြုံတွေ့ခဲ့ရသော တူညီသောဆက်ဆံမှုကို ခံရနိုင်သည်။ ဤသည်မှာ ဟေးအာပန် နှင့် လုရှောင်ဟွမ် မမြင်ချင်သောအရာဖြစ်သည်။ ထိုအချိန်တွင် ဟေးအာပန် နှင့် လုရှောင်ဟွမ် တို့သည် ယင်ရှောင်ယိ နှင့် ဟေးအာလု အကြားတွင် ဘာတွေဖြစ်နေသည်ကို လုံး၀ မသိခဲ့ပေ။ လုရှောင်ဟွမ်နှင့် ဟေးအာပန် လက်တွဲဖော်ဖြစ်စကတည်းက သူတို့သည် ထိုနေရာမှ မပြောင်းရွေ့ခဲ့ကြပေ။ သူတို့သည် ထိုနေရာတွင် ဆယ်စုနှစ်များစွာရှိခဲ့ပြီး ၎င်းသည် အလွယ်တကူ ပြောင်းလဲနိုင်သော အရာမဟုတ်ပေ။
ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့သည် ဤနေရာတွင်ရှိနေကြသော်လည်း သူတို့၏ အငယ်ဆုံးသား ဟေးအာလု မှလွဲ၍ ကျန်မြွေလေးကောင်သည် ၎င်းတို့ ကံကြမ္မာ၏ အခြားတစ်ဝက်ကို ရှာဖွေရန် ထွက်သွားကြသည်။ ထို့ကြောင့် သူတို့မိသားစုတွင် ဟေးအာပန်၊ လုရှောင်ဟွမ် နှင့် ဟေးအာလု တို့သာ ကျန်ခဲ့သည်။
ဟေးအာလုသည် ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့ကို သူ့အစ်ကိုများ ထွက်သွားစဉ်တွင် အဘယ်ကြောင့် သူကျန်နေခဲ့သည်ကို တစ်ခါမှ မမေးခဲ့ပေ။ ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့သည် ဟေးအာလု အားလှည့်စားရန် မလိုအပ်သည့်အတွက် ဝမ်းသာနေကြသော်လည်း အပြစ်ရှိသည်ဟု ခံစားနေကြဆဲဖြစ်သည်။ သူတို့လုပ်ခဲ့သည်က မှန်လား၊ မှားလား မသိသော်လည်း ထိုအရာများသည် အဝေးသို့ရောက်လာခဲ့ပြီဖြစ်ပြီး ပြန်လှည့်၍မရတော့ပေ။
ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့က ဟေးအာလု အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မသိကြောင်း ယုံကြည်ခဲ့သော်လည်း ဟေးအာလု ည် အရာအားလုံးကို အမှန်တကယ် နားလည်ခဲ့သည်။ သို့သော် သူ့တွင် ယင်ရှောင်ယိ ရှိသောကြောင့် ဂရုမစိုက်ပေ။ ဟေးအာလုသည် ယင်ရှောင်ယိနှင့် လက်တွဲမည်ကို သိထားပြီး သူ မြွေတစ်ကောင်ဖြစ်လာလျှင်လဲ ဆက်၍လက်တွဲသွားမည်ကို သိသည်။
မော့လောင်တ နှင့် ယင်ရှောင်ရှောင်း တို့သည် ဟေးအာပန် ၏အိမ်သို့သွားနေစဉ် ယင်ရှောင်ယိ သည် ဟေးအာပန် ၏အိမ်သို့ရောက်ရှိနေပြီဖြစ်သည်။
ယင်ရှောင်ယိ သည် ဟေးအာပန် နှင့် လုရှောင်ဟွမ် တို့ကို ဝန်ခံရန်လာခဲ့သည်။
"ဟုတ်တယ်.. ဒီလိုပါပဲ..."
ယင်ရှောင်ယိ နှင့် ဟေးအာလု အကြားတွင် ဖြစ်ပျက်နေသည့်အရာများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီးနောက် ချက်ချင်း သက်ပြင်းချလိုက်သည်။
ဟေးအာပန် နှင့် လုရှောင်ဟွမ် တို့သည် အကြည့်ချင်းဖလှယ်ကြသည်။
သူတို့သားအငယ်ဆုံးမှာ အနာဂတ်လက်တွဲဖော်ကို ရှာတွေ့နေပြီလို့ မထင်ခဲ့ကြဘူး.. ပြီးတော့ အနာဂတ်လက်တွဲဖော်က သူတို့သိတဲ့မြွေပဲ...
ယင်ရှောင်ယိ၏ မကြာခဏလာရောက်လည်ပတ်မှုသည် နောက်ဆုံးတွင် ဖြေရှင်းချက်တစ်ခုရခဲ့သည်။
"ဒီတစ်ခါ ငါ အာလု ကိုသွားခေါ်ပြီး လာခဲ့မယ်..."
ယင်ရှောင်ယိ က ဆက်ပြောသည်။
“ခြောက်လအတွင်းမှာ ကျွန်တော့်ညီလေး လေးယောက်က မိတ်ဖက် အခမ်းအနားတွေ ကျင်းပမှာ... သူငယ်ချင်းတွေကို သွားပြီး အကြောင်းကြားရတော့မှာ.. အာလု နဲ့ အချိန်အကြာကြီး မတွေ့ရဘဲ နေမှာစိုးလို့ အာလု ကို ခေါ်သွားချင်တာ..."
ဟေးအာပန် နှင့် လုရှောင်ဟွမ် တို့က စကားပြောလာမည်ကို မစောင့်ဘဲ ဟေးအာလု က ချက်ချင်းအော်လိုက်လိုက်သည်။
"ရှောင်ယိ နဲ့ လိုက်ခွင့်ပြုပါ... ဖေဖေနဲ့ ပါပါး.. သား ရှောင်ယိ ပြောတာကို နားထောင်မယ်.. နားထောင်မယ်.. နားထောင်မယ်..."
သူ့အသံက ဟေးအာပန် နှင့်တူသော်လည်း ကလေးတစ်ယောက်၏ အသံနှင့်တူနေပြီး ချစ်စရာကောင်းသည်။
ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့က သဘောမတူမီ ခဏမျှ တုံ့ဆိုင်းသွားကြသည်။ သူတို့၏သားအငယ်ဆုံးသည် သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေရန် အသင့်တော်ဆုံးဖြစ်ပြီး ၎င်းတို့က သူ့ကို မတားဆီးချင်ပေ။ ထို့အပြင် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ဟေးအာလုက သူတို့အနားတွင် တသက်လုံး ရှိနေနိုင်မည်မဟုတ်ပေ။
ဟေးအာပန်နှင့် လုရှောင်ဟွမ် တို့၏ သဘောတူညီချက်ကို ရရှိပြီးနောက် ယင်ရှောင်ယိနှင့် ဟေးအာလု တို့သည် အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့ ထွက်ခွာခါနီးတွင် ဂူအပြင်ဘက်မှ မြွေတစ်ကောင်၏ အသံကို ကြားလိုက်ရသည်။
"ဟားဟား... ရှောင်လု... ရှောင်လု... ငါမင်းကိုတွေ့ဖို့လာခဲ့တာ... ကိုယ့်ကိုသတိမရဘူးလား..."
ဟုတ်သည်၊ ယင်ရှောင်ရှောင်း နှင့် မော့လောင်တ တို့ရောက်လာပြီဖြစ်သည်။ စူးစူးဝါးဝါးအော်နေသောသူမှာ ယင်ရှောင်ရှောင်း ဖြစ်သည်။
ဟေးအာလု ၏ အမူအရာက ရုတ်တရက် တောက်ပလာသည်။
"ဒါက မွေးစားပါပါးပဲ...."
ထို့နောက် သူသည် မကြာသေးမီက ပူးကပ်၍နေနေသော ယင်ရှောင်ယိကို ပစ်ချလိုက်ပြီး ဂူထဲမှ လျှောတိုက်သွားလိုက်သည်။
ယင်ရှောင်ယိ: "...."
မော့လောင်တ ၏နောက်ကျောမှ ဆင်းလာပြီးနောက် ယင်ရှောင်ရှောင်း သည် ဂူထဲမှ ဟေးအာလု ထွက်လာသည်ကိုမြင်ပြီး နှုတ်ဆက်လိုက်သည်။
"အာလု လာပြီ... မွေးစားပါပါးကို ဘယ်လောက်ကြီးလာပြီလဲဆိုတာ ပြပါဦး..."
ဟေးအာလုနှင့် ယင်ရှောင်ရှောင်း တို့သာ လူသားများဖြစ်လျှင် ယခု ယင်ရှောင်ရှောင်း သည် ဟေးအာလု ကို ကိုင်မြှောက်ကာ အကြိမ်ပေါင်းများစွာ လှည့်ပတ်နေမည်ဖြစ်သည်။
သူတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြပြီးနောက် ယင်ရှောင်ရှောင်းနှင့် ဟေးအာလုတို့ ဂူထဲကို ဝင်သွားကြသည်။ မော့လောင်တသည် ယင်ရှောင်ရှောင်း ၏နောက်မှ လိုက်သွားခဲ့သည်။
လိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် ယင်ရှောင်ရှောင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ယင်ရှောင်ယိ ကို တွေ့လိုက်ရသည်။ ဟေးအာပန်သည် အဓိကအားဖြင့် အနက်ရောင်ဖြစ်ပြီး လုရှောင်ဟွမ် သည် အစိမ်းရောင်ဖြစ်သည်။ ယင်ရှောင်ယိ၏ ဝင်းလက်တောက်ပသော အကြေးခွံများသည် သဘာဝအတိုင်း ယင်ရှောင်ရှောင်း၏ အကြည့်ကို ချက်ချင်းဖမ်းစားလိုက်နိုင်သည်။
"ဟင်... တာ့ကောလား... မင်းဘာလို့ဒီကိုရောက်နေတာလဲ..."
ခဏလောက် ထိတ်လန့်သွားပြီးနောက် ယင်ရှောင်ရှောင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ လျှပ်တပြက်အတွင်းတွင် တဖြည်းဖြည်း သတိရလာပြီး ယင်ရှောင်ယိကို မရေမရာဖြင့် ပြုံးပြလိုက်သည်။
"ကျွန်တော်နားလည်ပါတယ်.. တာ့ကော.. မင်းဒီကိုလာရတာ …”
"အဲဒါဆိုရင် အာလု နဲ့ ငါ အရင်ထွက်သွားမယ်..."
ယင်ရှောင်ယိက ယင်ရှောင်ရှောင်း၏ စကားဆုံးအောင် မစောင့်ခဲ့ပေ။ သူသည် ထိုစကားကို အလျင်စလို ပြောလိုက်ပြီး သူ့ဖေဖေကို မထားခဲ့ချင်သော ဟေးအာလု ကို လှမ်းဆွဲကာ ပြေးထွက်သွားသည်။
ယင်ရှောင်ရှောင်း: “…..”
"ရှောင်ရှောင်း... မင်း မျိုးနွယ်စုခေါင်းဆောင် နဲ့ လက်တွဲတော့မှာလား..."
လုရှောင်ဟွမ် က မေးသည်။ မကြာသေးမီကပင် ယင်ရှောင်ယိ သည် သူ့ညီငယ်များအား သူတို့၏ မိတ်ဖက် အခမ်းအနားများ ပြုလုပ်မည်ဟု ပြောကြားခဲ့ပြီး ယခုအခါ ယင်ရှောင်ရှောင်း သည် သူ့ မိသားစုအိမ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လုရှောင်ဟွမ် သည် ယင်ရှောင်ရှောင်း လာရသည့် အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းလိုက်သည်။