အပိုင်း ၁၀၉
Viewers 28k

🐍Chapter 109




ဇဝေဇဝါဖြစ်နေသော ယင်ရှောင်ရှောင်းသည် နေ့ခင်းဘက် နောက်ကျနေပြီဟု တွေးလိုက်သည်။ ယင်ရှောင်ရှောင်းကို မော့လောင်တက စိုးရိမ်သဖြင့် သူ့ကို စစ်ဆေးခဲ့သည်။ ယင်ရှောင်ရှောင်း နိုးလာသည်ကို သူမြင်လိုက်သည်နှင့် တစ်ပြိုင်နက် မော့လောင်တ၏ စိုးရိမ်မှုများက သက်သာသွားခဲ့သည်။ ယင်ရှောင်ရှောင်း အပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားရပြီးမေးလိုက်သည်။

"ရှောင်ရှောင်း.. မင်း အဆင်မပြေတဲ့ နေရာရှိလား.." 

ယင်ရှောင်ရှောင်းသည် ခက်ခက်ခဲခဲဖြင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို အကြိမ်အနည်းငယ် လိမ်လိုက်သည်။ 

“အို၊ အရမ်းနာတယ်...” 

အထူးသဖြင့် ထိုနေရာက နာကျင်နေသည်။ 

"ဒါပေမယ့် ရိုးရိုးသားသားပြောရရင်..." 

ယင်ရှောင်ရှောင်း က ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သောညကို ပြန်တွေးရင်း ခေါင်းကို ငုံ့လိုက်သည်။

"မနေ့ညက တကယ်ကို ကောင်းတယ်..."

မော့လောင်တ: “….”

ယင်ရှောင်ရှောင်း: "‌တဟေးတန်... ကျွန်တော် ပျားရည်စားချင်တယ်..."

“တခြားဟာပြော..”

မော့လောင်တ သည် အနည်းငယ် ဆိုင်းတွမှုမရှိပဲ ငြင်းဆန်ခဲ့သည်။ 

“ပျားရည်ကို ထပ်စားရင် သွားကိုက်လိမ့်မယ်... ဒီတစ်ခါ သွားတစ်ချောင်းထပ်ဆွဲနုတ်ရရင် နောက်တစ်ချောင်းက သေချာပေါက် ပြန်ပေါက်မှာမဟုတ်ဘူး...”

ယင်ရှောင်ရှောင်းက နှုတ်ခမ်းစူလိုက်သည်။ 

"နေ့တိုင်းမစားပါဘူး... အချိန်တိုင်းပဲ စားချင်တာ.. ဒီ ရှောင်ရှောင်းရဲ့ တောင်းဆိုချက်ကို မင်းက သဘောမတူဘူးလို့ ဆိုလိုတာလား..."

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ စိတ်ပျက်အားငယ်နေသော အမူအရာကို ကြည့်ကာ တုံ့ဆိုင်းသွားသည်။

ဟုတ်တယ်.. နည်းနည်းစားတာကတော့ ပြဿနာမဖြစ်လောက်ပါဘူး...

"သွား... သွား... ကျွန်တော် ပျားရည် စားချင်တယ်..." 

ယင်ရှောင်ရှောင်းသည် မော့လောင်တကို ပွတ်သပ်လိုက်သည်။ သူ့အမြီး မထောင်နိုင်သောကြောင့် ယင်ရှောင်ရှောင်းက မော့လောင်တကို သူ့အမြီးနှင့် ပွတ်လိုက်သည်။ 

"ဒါမှမဟုတ် ‌တဟေးတန် ခင်ဗျားက အခု ကျွန်တော်နဲ့ လက်ထပ်ပြီးပြီဆိုတော့ ကျွန်တော့်ကို လျစ်လျူရှုပြီး ကောင်းကောင်း မဆက်ဆံတော့ဘူးပေါ့.. ပျားရည်စားချင်တယ် ဆိုတာကို ခင်ဗျားက သဘောမတူဘူး..." 

သူစကားပြောလေလေ ယင်ရှောင်ရှောင်း၏ ညည်းညူသံများ ထွက်ပေါ်လာလေလေဖြစ်သည်။

မော့လောင်တ: “…ကောင်းပြီ.. ကောင်းပြီ.. သိပါပြီ... ဒါပေမယ့် အများကြီးမစားရဘူး.. တစ်ဝက်လောက်ပဲစား...”

ယင်ရှောင်ရှောင်း ခေါင်းငြိမ့်ပြလိုက်သည်။

စားနိုင်သလောက်စားမှာ...

ထို့အပြင် ယင်ရှောင်ရှောင်း သည်လည်း အခြားအခေါင်းပေါက်တစ်ခုရလာမည်ကို ကြောက်နေခဲ့သည်။

"မင်း ကိုယ့်ကို ဖမ်းစေချင်တာ ရှိသေးလား..." 

မော့လောင်တ အနည်းငယ်စဉ်းစားပြီး မေးသည်။

"မင်းဗိုက်ဆာနေလား..." 

“အရမ်းမဆာပါဘူး... မနေ့ကပဲစားထားတာ..." ယင်ရှောင်ရှောင်း က ပြောသည်။ 

"အဲ့ဒါမျိုးတွေစားပြီးရင် တကယ်အဆင်ပြေလား...."

မော့လောင်တ: “…နားလည်ပါတယ်...” 

ထို့နောက် ထိုနေရာမှ တစ်ခုခု ထွက်လာလျှင် သူ့နောက်တန်းအတွက် အနည်းငယ် ခက်ခဲလိမ့်မည်ဟုဆိုလိုသည်။

ဂူထဲတွင် ကျန်နေခဲ့သော ယင်ရှောင်ရှောင်း က သူ့မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးဖြင့်ပြုံးလိုက်ပြီး ခေါင်းကို မော့လိုက်သည်။

"ကျွတ်.. ကျွတ်.. ကျွတ်.. ‌တဟေးတန်.. မနေ့ညနေခင်းက ခင်ဗျား ကျွန်တော့်ကို တော်တော်နှိပ်စက်တယ်... အရမ်းကောင်းတယ်လို့ ခံစားမိပေမဲ့ ဒီစကားလုံးလေးတွေအောက်မှာ အသက်ရှူကျပ်အောင် အလွန်အကျွံ မတောင်းဆိုနဲ့နော်..."

ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့သည် ထိုနေရာတွင် နေထိုင်ကြသည်မှာ ကြာလှပြီဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် ပျားအုံများ ရှိနေသေးသည်။ မော့လောင်တသည် ပျားအုံများထဲမှ တစ်ခုကို ရှာဖွေရင်း ယင်ရှောင်ရှောင်း နှစ်သက်သော ပျားရည်ကို တွေ့ရှိခဲ့သည်။ ပျားအုံကို ယူပြီး အမြန်ပြန်ပြေးသွားသည်။

နောက်ဆုံးတွင် ပျားရည်စားပြီးသောအခါ ယင်ရှောင်ရှောင်း အလွန်ကျေနပ်သွားခဲ့သည်။ သူ့နောက်မှီအဖြစ် နေနေသော၊ ရစ်ခွေနေသော မော့လောင်တကို ကြည့်လိုက်သောအခါ ယင်ရှောင်ရှောင်း ထူးထူးခြားခြား သဘောကျသွားသည် ။

ယင်ရှောင်ရှောင်းသည် သူ့ခန္ဓာကိုယ်က မနာကျင်ဘူးဟု ပြောနေသော်လည်း နာကျင်ပြီး ကိုက်ခဲနေဆဲဖြစ်သည်။ သူ ရက်အနည်းငယ် အနားယူလိုက်လျှင် အဆင်ပြေသွားမည်ဖြစ်သည်။ထို့နောက် သူသည် လျှောတိုက်သွားနိုင်ပြီး နေ၏ လှပသော ရောင်ခြည်များကို ကျော်လွန်၍ နေပူဆာလှုံနိုင်သည် ။ မော့လောင်တသည် နှုတ်ဆိတ်နေပြီး ရက်အတော်ကြာအောင် ယင်ရှောင်ရှောင်းကို မထိပေ။ 

မြွေကလေးတွေမရှိတဲ့ မြွေငယ်မိတ်ဖက်တွေအတွက် ညတိုင်းက တေးဂီတနဲ့ သီချင်း တွေနဲ့ပဲ ပြည့်နေတယ်ဆိုတာ ကောင်းကင်က သိတယ်... ဒီလိုမျိုးယူဆရင် မော့လောင်တက အမှန်တကယ်ကို ထောက်ထားစာနာပြီး နူးညံ့တဲ့လက်တွဲဖော်တစ်ဦးပဲ...

ထိုနေ့မှာပင် ယင်ရှောင်ရှောင်း လုံးဝနေကောင်းနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ တကယ်က ထိုမတိုင်ခင်တွင် သူ ကောင်းကောင်းခံစားခဲ့ရသည်။ ထိုပျင်းရိသော ယင်ရှောင်ရှောင်းသည် သူ့မလုပ်နိုင်စွမ်းကို ဆုပ်ကိုင်ထားပြီး ဆင်ခြေတစ်ခုအဖြစ် ထားခဲ့သည်။ ထို့အပြင် မော့လောင်တသည် ထိုအခွင့်အရေးကိုသုံးပြီး စတင်၍ အထိန်းအကွပ် မရှိတော့မည်ကို သူစိုးရိမ်ခဲ့သည်။ လျှို့ဝှက်စွာဖြင့် မော့လောင်တသည် သူတို့၏ ပထမဆုံးညကို ထပ်ခါတလဲလဲလုပ်ရန် ကြံစည်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မော့တာယိ လာခေါ်သောကြောင့် ဘာမှဖြစ်မလာခဲ့ပေ။

မော့တာယိ ရောက်လာပြီး သူ့ပုံစံက အလွန်စိုးရိမ်နေပုံရသည်။

"ဘာဖြစ်တာလဲ..." 

မော့လောင်တက စိတ်မချမ်းသာသော လေသံဖြင့် မေးလိုက်သည်။ စနောက်ခြင်းမဟုတ်ပေ။ တစ်ခုခု လုပ်ရန်ပြင်ဆင်ထားလျှင် ဒုတိယအကြိမ်တွင်မြွေက တခြားရွေးချယ်စရာမရှိဘူး ဟူသော အမူအရာ ပေါ်လာပြီး တစ်ခုခုဖြစ်သွားသည်ဟု မင်းကိုပြောလျှင် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ပျော်နိုင်မည်မဟုတ်ပေ။

"မော့မြွေတွေ အများကြီးနဲ့ သာမန်မြွေတွေ တိုက်ခိုက်နေကြတယ်..."

"ဟမ်..." 

ဒါက ယင်ရှောင်ရှောင်း ဖြစ်သည်။

"အတိအကျပြောပါ..." 

မော့လောင်တ က ထပ်ပြီး ပြောသည်။

မော့တာယိက သူ့စိတ်ကိုငြိမ်အောင်ထားပြီးပြောလိုက်သည်။

"ပြီးခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ခဲ့တာ...ဟုတ်တယ်... မင်းနဲ့ ရှောင်ရှောင်း မိတ်ဖက်ဖြစ်ခဲ့တဲ့ အဲဒီနေ့ပဲ ဖြစ်မှာ... မင်းနဲ့ ရှောင်ရှောင်း ရဲ့ မိတ်ဖက်အခမ်းနားကို ရောက်လာတဲ့သူတွေထဲမှာ တစ်ချို့က စားရတယ်၊ တစ်ချို့က ဘာမှမစားလိုက်ရဘူး၊ တစ်ချို့က ဝဝလင်လင်မစားရဘူးဆိုပြီး ခံစားရတာတွေရှိတယ်...အိုး၊ ဒါပေမယ့် မင်းကို ဘယ်သူမှ အပြစ်မတင်ပါဘူး... တကယ်တမ်းပြောရရင် အဲဒီနေ့မှာပဲ လာတဲ့မြွေတွေ အရမ်းများတယ်... မင်းက ဒီလောက်အလျင်လိုပြီး ထွက်သွားပေမယ့် လူတိုင်းလည်း သိပြီး နားလည်တယ်….”

မော့လောင်တ က သူ့အမြီးဖြင့် နဖူးကိုဖိထားသည်။ အံကြိတ်နေသော သွားများကြားမှ သူသည် စကားလုံးအနည်းငယ်ကို ပြောလိုက်သည်။

"အဓိကအချက်ကိုပဲပြော..."

"အဟွတ် အဟွတ်.. အိုး၊ အဲဒါ..." 

မော့တာယိသည် ရယ်မောကာ ရှက်သွားပြီး အဓိကအကြောင်းအရာဆီသို့ ပြန်သွားခဲ့သည်။

“ပြဿနာက မစားလိုက်ရတဲ့မြွေပွေးတွေနဲ့ ဝဝလင်လင်မစားရတဲ့ မြွေတွေကြောင့် ဖြစ်တာ... အားလုံးပြီးသွားတဲ့အခါ မြွေပွေးတချို့က အမဲလိုက်တယ်... တချို့က သူတို့ အိမ်မပြန်နိုင်ဘဲ ဗိုက်ဗလာနဲ့ အိပ်လိုက်ကြတယ်... ကြွက်စုတ်ဖွားကိုရွေးချယ်ခဲ့တဲ့ မော့မြွေတစ်ကောင်ရှိပေမယ့် မတိုက်ခိုက်ခင်မှာ ကြွက်စုတ်ဖွားကို ဟုန်မြွေက အလစ်သုတ်သွားတယ်... မော့မြွေက ဒေါသတကြီးနဲ့ ဟုန်မြွေကို သေလောက်တဲ့အထိကိုက်လိုက်တယ်... ဟုန်မြွေကလဲ ဒေါသထွက်လာပြီးတော့ သူ့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တခြားသူတွေကို အော်လိုက်တယ်..မော့မြွေကလဲ ပြဿနာကို မပြီးနိုင်ပဲ သူရဲ့ သူငယ်ချင်းတွေကို ထပ်ခေါ်တော့ ပဋိပက္ခလေးတစ်ခု ဖြစ်သွားတာ... မြွေပွေး တစ်ဒါဇင်ကျော်လောက် သေသွားတယ်... အခုချိန်ကျတော့ အာဃာတတွေ ကြီးထွားလာပြီး နှစ်ဖက်စလုံးက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတယ်... ဝင်ထိန်းဖို့ ကြိုးစားကြတဲ့ တခြား မော့မြွေတွေနဲ့ သာမန်မြွေပွေးတွေ ရှိခဲ့ပေမယ့်လဲ မြွေတွေက သူတို့ကို နားမထောင်ကြပါဘူး... အနည်းဆုံးတော့ အခြေအနေကို ထိန်းထားရတယ်...” 

မော့တာယိ ခဏရပ်လိုက်သည်။ 

"သူတို့က မျိုးနွယ်စုခေါင်းဆောင်ကို ဒီအခြေအနေကို ဖြေရှင်းပေးဖို့ မရမကတောင်းဆိုနေလို့ ငါသတင်းရလာတာနဲ့ မင်းကို ရှာဖို့လာခဲ့တာ..."

ယင်ရှောင်ရှောင်းသည် မော့တာယိ ပြောသမျှကို နားထောင်ပြီးနောက် အတွေးတစ်ခု သူ့ခေါင်းထဲသို့ ဝင်လာခဲ့သည်။

ကြွက်စုတ်ဖွားတစ်ကောင်ကြောင့် ဖြစ်လာတဲ့ သွေးထွက်သံယိုလို့ ယူဆလို့မရဘူး... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက တကယ့်ကို သွေးထွက်သံယိုပဲ... မြွေပွေး တစ်ဒါဇင်ကျော်လောက် သေဆုံးခဲ့တာလေ...

မော့လောင်တသည် ခဏမျှ တိတ်ဆိတ်သွားပြီး ယင်ရှောင်ရှောင်းကို မဝံ့မရဲ ကြည့်နေခဲ့သည်။

ဤတစ်ကြိမ်တွင် ယင်ရှောင်ရှောင်းသည် လျင်မြန်စွာ သိနိုင်ခဲ့သည်။ ချီတုံချတုံ အကြည့်ဖြင့် ကြည့်နေသော မော့လောင်တကို မြင်လိုက်သည်နှင့် သူ့အား အနှောက်အယှက်ဖြစ်စေသည့်အရာကို ချက်ချင်း သဘောပေါက်သွားသည်။ နောက်ပိုင်းတွင် သူသည် ခေါင်းကို မြှောက်ကာ နောက်ကျောကို ဖြောင့်တန်းလိုက်ပြီး သူ၏အမြီးကို အကြိမ်အနည်းငယ် ဝေ့ယှမ်းလိုက်သည်။ 

"တွေ့လား ငါ့ခန္ဓာကိုယ်က ကောင်းနေပြီ.. ငါ့အမြီးတောင် ရွှေ့လို့ရတယ်... မြန်မြန်ထွက်သွားတာ ဘာပြဿနာမှ မရှိပါဘူး..."

မော့တာယိသည် ယင်ရှောင်ရှောင်း ကို ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်း ၏ပါးစပ်မှထွက်လာသော "ကောင်းပါတယ်" ကို တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့သည်။ ထို့နောက် နှစ်ကြိမ် ချောင်းဆိုးကာ ရှက်လာသည်။ 

သူ့ရှေ့မှာ ဒီလိုမျိုးပြောရတာ တကယ်အဆင်ပြေရဲ့လား...

မော့လောင်တ အနည်းငယ်စဉ်းစားလိုက်သည်။

"ရှောင်ရှောင်း၊ မင်းဘယ်လိုနေမှာလဲ... တာယိလည်းနေပြီး မင်းကို အဖော်ရနိုင်တယ်လေ... ခဏနေ ငါပြန်လာမယ်..."

မော့လောင်တ က ယင်ရှောင်ရှောင်း ကို သူ့နောက်လိုက်ပြီး မောပန်းနွမ်းနယ်ခြင်းမျိုး မဖြစ်စေချင်ပေ။

မင်းဗိုက်ပေါ်တင်ပြီး မင်းရဲ့ ကျောပေါ်တင်ထားတဲ့တစ်ယောက်ယောက်က ဘယ်လောက် ပင်ပန်းမှာလဲ... 

သို့သော်လည်း ယခုတစ်ကြိမ်တွင် မော့မြွေများနှင့် တခြားမြွေပွေးများကြား ပဋိပက္ခဖြစ်ခဲ့သည်။ ယင်ရှောင်ရှောင်း က သူ့နောက်ကို လိုက်ခဲ့မယ်ဆိုလျှင် ဟူ၍ တွေးနေမိသည်။

"မဖြစ်ဘူး.. ငါမင်းနဲ့လိုက်မယ်..." 

ယင်ရှောင်ရှောင်း ၏ ခံယူချက်သည် အလွန် ပြတ်သားသည်။ ကြွက်စုတ်ဖွားတစ်ကောင်ကြောင့် သွေးချောင်းစီးခဲ့သည်က ရယ်စရာကောင်းသည်ဟု သူ့ကိုယ်သူ တွေးနေသော်လည်း ယင်ရှောင်ရှောင်း သည် အမှန်တကယ်ပင် သူနှင့်အတူ လိုက်သွားချင်ခဲ့သည်။

မော့မြွေများနှင့် အခြားမြွေပွေးများကြား ဆက်ဆံရေးသည် ခပ်တန်းတန်းဖြစ်နေသည်ကို ယင်ရှောင်ရှောင်း အမြဲသိခဲ့သည်။ တခြားမြွေပွေးများက မော့မြွေများကို မနှစ်မြို့ဘူးဟု ပြောနိုင်ပြီး မော့မြွေများက တခြားမြွေပွေးများကို အမြဲတမ်း အထင်သေးကြသည်။ သို့သော် သူ့မျက်လုံးနှင့် မမြင်ခဲ့ရသောကြောင့် သို့မဟုတ် ကြီးမားသော ပဋိပက္ခများကို မတွေ့ဖူးသောကြောင့် ဖြစ်နိုင်သလို ယင်ရှောင်ရှောင်းက ဒါကို သီအိုရီအရ သိနေသော်လည်း ထိုအခြေအနေ၏ ပြင်းထန်မှုနှင့် ပတ်သက်ပြီး အမှန်တကယ် သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင် မော့တာယိသည် ထိုပြသာနာကိုပြောပြီးသည်နှင့် ယင်ရှောင်ရှောင်း အပေါ် သက်ရောက်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။

ယင်ရှောင်ရှောင်းသည် မော့မြွေများနှင့် အခြားမြွေများကြား ဆက်ဆံရေးကို သိချင်သည်။

အမှန်အတိုင်းပြောရလျှင် ယင်ရှောင်ရှောင်းက မော့မြွေများနှင့် အခြားမြွေပွေးများသည် လိုက်လျောညီထွေ နေထိုင်နိုင်မည်ဟု လုံးလုံးမျှော်လင့်ထားသည်။ ဤနယ်နိမိတ်တွင်ရှိသော မြွေပွေးများသည် မိသားစုတစ်စုဖြစ်သင့်သည်။

မော့မြွေတွေနဲ့ အခြားမြွေပွေးတွေ ဆက်ဆံရေးကောင်းမွန်ရင် အခြားမြွေပွေးတွေလဲ ဒီလိုမျိုး မျိုးမတူတဲ့သူနဲ့ လက်ထပ်လို့ရတယ်... ဒါဆိုရင် မြွေပွေးတွေက ဟေး မြွေတွေကို မငြင်းဆိုနိုင်ဘူးဆိုတာ သေချာတယ်...

သူ့နှလုံးသားအောက်ခြေတွင် ယင်ရှောင်ရှောင်းသည် ချစ်စရာကောင်းသော မြွေကလေးအသိုက်ကို မော့လောင်တအား ပေးလိုကြောင်း တိတ်တဆိတ် ဝန်ခံ၍ မရပေ။ သို့သော် သူနှင့် မော့လောင်တမှ မွေးလာမည့်မြွေများသည် ဟေးမြွေများ ဖြစ်နိုင်သည်ကို သူသိပြီး သူ့ကလေးများက ဟေးအာပန် ကဲ့သို့ ဆက်ဆံမှုကို ခံရလျှင် ယင်ရှောင်ရှောင်းက တကယ်ကို စိတ်မကောင်းဖြစ်မိလိမ့်မည်။ ယင်ရှောင်ရှောင်း သည် မော့မြွေများနှင့် အခြားမြွေပွေးများ လိုက်လျောညီထွေဖြစ်ပြီး ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိရန် ဆန္ဒရှိသော်လည်း နောက်ဆုံးတွင် သူ၏စိတ်ဆန္ဒသည် တစ်ကိုယ်ကောင်းဆန်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ယင်ရှောင်ရှောင်း သည် မော့လောင်တ နှင့် အတူသွားချင်ခဲ့သည်။

ယင်ရှောင်ရှောင်း၏ တောင်းဆိုနေသော အကြည့်ကို မြင်လိုက်ရသောအခါ မော့လောင်တက လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သူ့ဆီတွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ ဤကမ္ဘာပေါ်တွင် မော့လောင်တက ဘာမဆိုလုပ်ပေးနိုင်သူ တစ်ဦးတည်းသာရှိပြီး မော့လောင်တ ဂရုစိုက်သူမှာလဲ ယင်ရှောင်ရှောင်း ဖြစ်သည်။ 

ဘယ်သူကပဲဖြစ်ဖြစ် ယင်ရှောင်ရှောင်းကို ဝမ်းနည်းအောင်၊ နာကျင်အောင် လုပ်ခွင့်မပေးဘူး... မော့လောင်တ ကိုယ်တိုင်တောင်မှ လုပ်ခွင့်မပေးဘူး...

"ဒါဆို မြန်မြန်သွားရအောင်.." 

မော့တာယိ တိုက်တွန်းသည်။ တကယ်တွင် သူနှင့် ယင်ရှောင်ရှောင်း က နောက်မှာနေခဲ့ပြီး မော့လောင်တ ထွက်သွားသည်ဖြစ်စေ သို့မဟုတ် မော့လောင်တ၊ ယင်ရှောင်ရှောင်း နှင့် သူတို့အားလုံး အတူတူထွက်သွားသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ 

အခုအချိန်မှာ ဟိုမှာဖြစ်ပျက်နေတာတွေက ပိုအရေးကြီးတယ်ဆိုတာ သိသာတယ်...

မော့လောင်တ ၏ လေသံက မကောင်းပေ။

"မင်းက ဘာအတွက် အရေးတကြီးလုပ်နေတာလဲ... ဒီနေ့က နောက်ကျနေပြီ... အရင်ဆုံး ဒီနေ့ည အနားယူပြီး မနက်ဖြန်မှ ခရီးထွက်မယ်... မင်းတကယ်လို့ မစောင့်နိုင်ရင် မင်းအရင်ထွက်သွားလိုက်..."

ယင်ရှောင်ရှောင်း အချိန်မီ သမ်းဝေလိုက်သည်။

ယင်ရှောင်ရှောင်း နှင့် မော့လောင်တ တို့သည် ဂူထဲသို့ လျှောတိုက်သွားသည်ကို တွေ့လိုက်သောအခါ မော့တာယိ လည်း ထိုအတိုင်းသာဖြစ်နိုင်သည်။ 

"မေ့လိုက်ပါ... မျိုးနွယ်စုခေါင်းဆောင် ကတောင် စိတ်မပူဘူးဆိုရင် ငါကဘာကို စိတ်ပူနေမှာလဲ.."

မော့တာယိက စိတ်ဆိုးမာန်ဆိုးဖြင့် တွေးလိုက်ပြီး မြေပြင်ပေါ် လဲကျသွားသည်။ 

အိပ်ပါ.. အိပ်.. မနက်ဖြန်မှ ဒါကိုဆွေးနွေးလို့ရတယ်...

မော့တာယိတွင် မကြာခဏ မော့လောင်တကို လာရှာပြီး ခေါ်ဖို့ အကြောင်းပြချက်ရှိသည်။ ဂူဝင်ပေါက်နှင့် အနီးဆုံးနေရာကို မော့တာယိက သူရောက်တိုင်း သီးသန့်ထားခဲ့သည်။ နောက်ဆုံးတွင် မော့တာယိသည် ဂူရှေ့အပြင်ဘက်ရှိ နေရာလွတ်တွင် အမြဲမအိပ်နိုင်တော့ပေ။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့သည် ဂူထဲသို့ အိပ်ရန် ပိုမိုနက်ရှိုင်းစွာ လျှောတိုက်ဝင်သွားသည်။

ထုံးစံအတိုင်း ယင်ရှောင်ရှောင်းသည် နောက်နေ့တွင် နောက်ဆုံးမှ အိပ်ရာထသူ ဖြစ်ပြန်သည်။

မော့လောင်တ : "ငါအရင်ဆုံးသွားပြီး အရူးပေါက်လေးကို ကျွေးဖို့ အစာရှာလိုက်မယ်..." 

ထို့ကြောင့် မော့လောင်တသည် အစာရှာရန် ထွက်လာခဲ့သည်။

အစာစားပြီးနောက် :

ယင်ရှောင်ရှောင်း : "အခုက နေ့လယ်ရောက်နေပြီ.. အရမ်းပူတယ်... သာယာပြီး အေးတဲ့အထိ စောင့်ပြီးမှ သွားတာက ပိုကောင်းတယ်..."

ထို့ကြောင့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့သည် နေ့လည်ခင်းတစ်ရေးတမောအိပ်ရန် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်လိုက်ကြသည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ထွက်ခွာသွားချိန်၌ ထွက်ခွာရန် အချိန်နှောင်းနေပြီဖြစ်ပြီး မနက်ဖြန်မှ ထွက်ခွာမည်ဟု ဆိုကာ မနေ့ကနှင့် အတူတူပင်ဖြစ်လေသည်။

မြွေသုံးကောင် ထွက်သွားပြီး မကြာခင်မှာပင် ကောင်းကင်ကြီးက လုံးဝမှောင်နေပြီဖြစ်သည်။ မော့လောင်တ နှင့် ယင်ရှောင်ရှောင်း တို့သည် လှိုဏ်ဂူတစ်ခုကို တွေ့ရှိပြီး အထဲသို့ ဝင်သွားကာ မော့တာယိက ဤဂူသည် အလွန်သေးငယ်သောကြောင့် သူ့ကိုယ်ပိုင်ဂူကို သွားရှာရန် ပြောခဲ့သည်။ အပြင်ဘက်တွင် မော့တာယိသည် တိတ်တဆိတ် ခေါင်းမော့ကာ ကောင်းကင်တွင် တောက်ပနေသော ကြယ်များကို မော့ကြည့်လိုက်သည်။ 

ချီးတဲ့မှပဲ... ဒေါသနဲ့ နာကျည်းမှုကို ဖော်ပြဖို့ ကျော်လွန်သွားပြီ... သူတို့က သူနဲ့ ဆော့နေတာ မဟုတ်လား ... သူတို့က သေချာတယ်...

မော့လောင်တ၏ ခန္ဓာကိုယ်ကို ခေါင်းအုံးအဖြစ် အသုံးပြု၍ ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ အကြေးခွံများကို ပွတ်သပ်နေသည်။ ရုတ်တရက် သူကပြောလိုက်သည်။

"ဒီလိုမျိုးက အဆင်ပြေလား..."

"ဒါက ပြဿနာမဟုတ်ပါဘူး၊ ကိုယုံပါ.." 

မော့လောင်တ သည် ယင်ရှောင်ရှောင်း ၏ ခန္ဓာကိုယ်အနှံ့ ခေါင်းဖြင့် ထိုးလိုက်သည်။ 

"ရှောင်ရှောင်း မင်းဘာတွေတွေးနေလဲ သိပါတယ်... စိတ်မပူပါနဲ့.. ကိုယ်တို့ရဲ့ ကလေးတွေကို အနိုင်ကျင့်ဖို့ ဘယ်မြွေမှ သတ္တိမရှိပါဘူး...”