အပိုင်း ၁၁၀
Viewers 28k

🐍Chapter 110




မော့လောင်တ စဉ်းစားချင့်ချိန်နေသည်။

ယင်ရှောင်ရှောင်း နှေးကွေးစွာ ခရီးထွက်သော်လည်း စဉ်းစားရမည့် အခြားကိစ္စများ ရှိသေးသည်။ မော့လောင်တ စောစောရောက်ချင်သော်လည်း မော့လောင်တ နှင့် ယင်ရှောင်ရှောင်း တို့သည် မော့တာယိ လာရောက်လည်ပတ်ပြီး ခြောက်ရက်ကြာသည်အထိ အခင်းဖြစ်ပွားရာနေရာသို့ မရောက်နိုင်ကြသေးပေ။

မော့လောင်တ က နှစ်ဘက်စလုံးကို တည်ငြိမ်စေချင်သည်ဟု ဆုံးဖြတ်ခဲ့သည်။ 

ဒါတွေအားလုံးရဲ့ အကြောင်းရင်းက ပွေးတစ်ကောင်ကလွဲလို့ ဘာမှမရှိဘူးလေ... ဒါကတန်လို့လား... 

မော့မြွေတစ်ကောင်အနေဖြင့် မော့လောင်တသည် သာမန်မြွေများနှင့်ပတ်သက်သော မော့မြွေများ၏ သဘောထားကို သဘာဝအတိုင်း သိရှိနားလည်ခဲ့သည်။ အကယ်၍ မော့လောင်တသည် ယင်ရှောင်ရှောင်း ကို မတွေ့ဆုံခဲ့ပါက သူသည် အခြားမြွေများကို ဖော်ရွေစွာ ဆက်ဆံခဲ့မည်မဟုတ်ပေ။ သို့သော် ဒီကမ္ဘာတွင် ‘လျှင်’ ဆိုသည့်အရာများ မရှိချေ။ မော့လောင်တသည် ယင်ရှောင်ရှောင်း နှင့်တွေ့ကာ သူ့ကို ချစ်မိသွားပြီး ယင်ရှောင်ရှောင်း၏ လက်တွဲဖော်ဖြစ်လာခဲ့သည်။

တကယ်တွင် ယခုအချိန်အထိ သာမန်မြွေများအပေါ်ထားသော မော့လောင်တ၏ စိတ်နေသဘောထားက သိပ်မကောင်းသေးသော်လည်း မော့လောင်တက သူ့သားသမီးများအကြောင်းကို ထည့်တွေးရအုံးမည် ဖြစ်သည်။ သူ့ကလေးများ၏ မျိုးနွယ်စုကို သူ ဂရုမစိုက်ပေ။ မော့မြွေဖြစ်စေ၊ ဟေးမြွေဖြစ်စေ (မော့လောင်တ က ယင် မြွေရှိဖို့တောင် မစဉ်းစားခဲ့ပေ၊ သူ့ဗီဇက တော်တော်သန်မာသည်)၊ သူက ယင်ရှောင်ရှောင်းကိုသာ သူ့ဘေးတွင် ရှိနေခွင့်ပြုသည်။ သို့သော် သူသည် ယင်ရှောင်ရှောင်းကို ဤကဲ့သို့ ဂရုစိုက်သောကြောင့် မော့လောင်တသည် သူတို့၏ သားသမီးများကို စိတ်ပူနေသော ယင်ရှောင်ရှောင်း အတွက်သာ စိတ်ပူနေနိုင်သည်။

မော့မြွေများနှင့် အခြားမြွေများ ပြန်လည်သင့်မြတ်လာသောအခါတွင် ယင်ရှောင်ရှောင်းကို ပျော်ရွှင်စေမည့် မြွေပွေးများသည် ဟေးမြွေများကို ငြင်းပယ်ရန် မဖြစ်နိုင်ကြောင်း ယူဆနိုင်သည်။ ၎င်းမှာ မော့လောင်တမှ သွားပြီး ပြုစုစောင့်ရှောက်လိုသော အတွေးကြောင့် ဖြစ်သည်။

အထက်ဖော်ပြပါ ခြောက်ရက်အကြာတွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် အခင်းဖြစ်ပွားရာနေရာသို့ နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။ မော့တာယိသည် မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့၏နောက်မှ လိုက်ပါသွားကာ သူ့မျက်နှာပေါ်တွင် စိတ်မပါသောအကြည့်ဖြင့် လိုက်ပါလာသည်။

မော့လောင်တ၏ အဖွဲ့ရောက်လာသောအခါ နှစ်ဖက်စလုံးသည် ပဋိပက္ခဖြစ်ဆဲဖြစ်ပြီး ၎င်းတို့၏နေရာကို အရှုံးမပေးဘဲ ခုခံကာကွယ်ခဲ့ကြသည်။ နှစ်ဖက်စလုံးသည် ကွဲပြားသောအုပ်စုနှစ်စုအဖြစ် ဖွဲ့စည်းထားပြီး၊ ဘယ်ဘက်တွင် မော့မြွေများ၏ အရေအတွက်သည် နှစ်ဒါဇင်ကျော်လောက်ရှိပြီး အခြားတစ်ဖက်တွင် သာမန်မြွေပွေးများဖြစ်ကြသော ဟုန်၊ လန်၊ ဟွမ် နှင့် ပိုင် များအားလုံးသည် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး မော့မြွေများထက်များသည်။ သို့တိုင် ဤအရာသည် သာမန်မြွေများ အနိုင်ရရန်အတွက် မလုံလောက်ပေ။

အုပ်စုနှစ်စုကြားတွင် မော့မြွေများနှင့် အခြားအရောင်ရှိသော မြွေပွေးတစ်ဒါဇင်ကျော်ရှိသည်။ မော့တာယိ၏ ပြောစကားအရ သူတို့၏ နေရာချထားမှုမှ ထိုမြွေများသည် အခြေအနေကို ပျံ့လွင့်ဖို့ အစပိုင်းတွင် ကြိုးစားခဲ့သော မြွေများဖြစ်ကြောင်း ထင်ရှားသည်။

မော့လောင်တ သည် အချင်းချင်း ဆန့်ကျင်ကန့်ကွက်နေသော မြွေပွေးများကို ဦးစွာ ကိုင်တွယ်ရန် မသွားပဲ ထိုအစား အလယ်တွင် ရပ်နေသော မြွေပွေးအုပ်စုဆီသို့ ဦးစွာ လျှောတ်ုက်သွားလိုက်သည်။

ယင်ရှောင်ရှောင်း သည် မော့လောင်တ ၏နောက်မှ လိုက်သွားသည်။ 

သူနဲ့ နီးကပ်လာတာနဲ့အမျှ ယင်ရှောင်ရှောင်းက မော့ မြွေ‌တွေထဲက တစ်ကောင်ကို ရင်းနှီးနေပုံရတယ်လို့ တွေးမိတယ်...

ယင်ရှောင်ရှောင်း က ဒါကို တွေးပြီး ထိုမော့မြွေက ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ... ဖြစ်ပျက်ခဲ့တာကို ကြားပြီး ခုနစ်ရက်ရှိပြီ... "

ဒေါသနှင့် မကျေမချမ်းဖြစ်ခြင်းများ မရှိသော ကြေငြာချက်တစ်ခုဖြစ်သည်။ သို့သော် ဤရိုးရှင်းသည့်အချက်တွင် ယင်ရှောင်ရှောင်းသည် အလွန်ကြမ်းတမ်းသည်ဟု ခံစားမိသေးသည်။ သို့သော် ယင်ရှောင်ရှောင်းက ထိုမော့မြွေက မည်သူဖြစ်ကြောင်းကို သိသွားခဲ့သည်။

၎င်းသည် မော့တာမော့၏ဖခင် ဖြစ်သော ယခင် မျိုးနွယ်စုခေါင်းဆောင်ပင်။

ယင်ရှောင်ရှောင်း ခေါင်းကလေး စောင်းထားပြီး ထိုမြွေမှာ အတော်လေး အိုစာသွားသယောင်ရှိသည်ဟု ထင်နေမိသည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တ မသိသောအရာမှာ မော့လောင်တ၏ ကိုက်ခြင်းခံရသော မျိုးနွယ်စုခေါင်းဆောင်သည် ကျဲတူမြက်ကို ချက်ခြင်းအသုံးပြုခဲ့သော်လည်း သူသည် ရက်ပေါင်းနှစ်ဆယ်နီးပါး ဝေဒနာကို ခံစားခဲ့ရဖြစ်သည်။ မြွေပွေးများ၏သမိုင်းတွင် တစ်ခါမှ ထိုသို့မဖြစ်ဖူးပေ။ ဒါသည် ယခင်မျိုးနွယ်စုခေါင်းဆောင်က အသက်ကြီးလာသောကြောင့် ဖြစ်သည်။

မော့လောင်တ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်.. သိပါတယ်..” 

သူ့လေသံက ဘာမှမထူးခြားပေ။ ယခင် မျိုးနွယ်စုခေါင်းဆောင်နှင့် ရင်ဆိုင်ရသောအခါ မုန်းတီးပုံရသော စကားများကို စဉ်းစားချင့်ချိန်နေသည်။ မော့လောင်တသည် အလွန်တည်ငြိမ်သွားသည်။

ယခင် မျိုးနွယ်စုခေါင်းဆောင်သည် စကားမပြောတော့ဘဲ အဝေးကို လှမ်းကြည့်လိုက်သည်။

ယင်ရှောင်ရှောင်းက သူ့နှုတ်ခမ်းကို ကွေးကောက်လိုက်ပြီး ဘယ်ဘက်တွင်ရှိသော မော့မြွေများကို လှည့်ကြည့်လိုက်ပြီး သူသိသော နောက်ထပ်မြွေကို တွေ့လိုက်သည်။

ယင်ရှောင်ရှောင်းသည် သူ့အမြီးကို အသုံးပြု၍ စိတ်လှုပ်ရှားစွာနှင့် မော့လောင်တ ကို ထိုးလိုက်သည်။ 

"တဟေးတန်၊ ‌တဟေးတန်... မြန်မြန်ကြည့်... အဲဒီမော့မြွေက ခင်ဗျားရဲ့ညီလေး မဟုတ်ဘူးလား..”

မော့လောင်တ တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။ မော့လောင်စန်းကို မော့မြွေအုပ်စုထဲတွင် သူတွေ့လိုက်သည်။ မော့လောင်စန်းသည် ထိတ်လန့်တကြားကြည့်နေပြီး ယင်ရှောင်ရှောင်းနှင့် မော့လောင်တက သူရှိရာဘက်ကို လှမ်းကြည့်နေသည်ကိုမြင်သောအခါ မော့လောင်စန်းသည် အနည်းငယ် အပြစ်ရှိပုံပေါ်ကာ ခေါင်းငိုက်စိုက်ကျသွားသည်။

မော့လောင်စန်းကို သူ့သူငယ်ချင်းများက ဆွဲထုတ်သွားသည်။ မူလက သူနှင့် သူ့အစ်မတို့သည် သူတို့ အစ်ကိုကြီး၏ မိတ်ဖက်အခမ်းအနားတွင် မပါဝင်ချင်သော်လည်း နောက်ဆုံးတွင် မေမေမော့ နှင့် ဖေဖေမော့တို့က ၎င်းတို့အား ပါဝင်ရန် ဆွဲခေါ်သွားခဲ့သည်။ အခမ်းအနား ပြီးဆုံးပြီးနောက် အိမ်ပြန်ချင်သော်လည်း သူငယ်ချင်းများက ဆွဲခေါ်သွားပြန်သည်။ မော့မြွေအမြောက်အမြားကို မြင်သောအခါ မြွေပွေးများ ဆုတ်သွားလိမ့်မည်ဟု အစပထမတွင် သူတို့ယုံကြည်ခဲ့ကြသည်။ 

သူတို့ အရှုံးမပေးဘူးလို့ မမျှော်လင့်ထားပါဘူး... ပြီးတော့ သူ့ရဲ့ အကိုကြီး လည်း ပါဝင်လာခဲ့တယ်...

ထိုကိစ္စကို သူမလုပ်ခဲ့သော်လည်း အနည်းဆုံးတွင် အပြစ်မရှိဘူးဟု မပြောနိုင်ပေ။ ပိုဆိုးသည်မှာ တာ့ကောသည် ယင်ရှောင်ရှောင်းဆိုသည့်မြွေနှင့် ပတ်သက်ဆက်နွယ်သွားပြီ ဖြစ်သဖြင့် သူတို့၏ ဆက်ဆံရေးမှာ ပို၍ပင် ဆိုးလာခဲ့သည်။

မော့လောင်တသည် မော့လောင်စန်းကို မြင်သော်လည်း သူ့အကြည့်များက သူ့ကို တစ်ကြိမ်သာ ကျော်လွန်သွားပြီးနောက် မော့လောင်စန်းကို မမြင်ဖူးသလို ပြုမူခဲ့သည်။ တစ်ချိန်တည်းမှာပင် မော့လောင်စန်းက သက်ပြင်းချလိုက်သည်။

“ဒီမှာဖြစ်ခဲ့တာတွေကို မော့တာယိဆီကနေ ကြားပြီးပြီ..”

မော့လောင်တ က သူ့အပေါ်ပိုင်းကို မတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ကြေငြာလိုက်သည်။

"ငါ..."

သို့သော် မော့လောင်တ စကားမဆုံးမီတွင် မော့မြွေအုပ်စုရှေ့တွင် ရပ်နေသော မော့မြွေတစ်ကောင်က ကြားဖြတ်ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်...ဒီမြွေပွေးတွေက အကောင်းအဆိုးကို ပြောလို့မရဘူး... သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့လိုတယ်...”

မော့လောင်တ တိတ်တဆိတ်ဖြင့် ထိုမော့မြွေကို စူးစူးစိုက်စိုက်သာကြည့်နေလိုက်သည်။ မော့မြွေ၏ မှတ်ချက်ကို သာမန်မြွေပွေးများဘက်မှ ကြားလိုက်ရပြီး အချို့ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ အပြေးအလွှား လာချင်သော်လည်း ၎င်းတို့၏ မြွေအပေါင်းအဖော်များက တားထားကြသည်။

မော့လောင်တသည် မော့မြွေကို မျက်နှာချင်းဆိုင်သည်အထိ ဖြည်းဖြည်းချင်း လျှောတိုက်သွားသည်။ သူက မော့မြွေကို စိုက်ကြည့်ရင်း မော့မြွေက ကြောက်ရွံ့တုန်လှုပ်လာသည်။ ထိုမှသာမော့လောင်တသည် စိမ်ပြေ‌နပြေပြောလိုက်သည်။

“ဒီကိစ္စကို စတာ မင်းလား..”

“အဲဒီမြွေက ငါ့အစာကို အရင်ခိုးတာ..”

ထိုမော့မြွေက ကပ်သီးကပ်ဖဲ့ ပြောလိုက်သည်။

မော့လောင်တ က ရယ်မောလိုက်သည်။ 

“မင်းရဲ့ ကိုယ်ပိုင်ခွန်အားက မလုံလောက်လို့ သားကောင်ကို မဖမ်းနိုင်တာလေ.. အဲဒါက တခြားမြွေနဲ့ သက်ဆိုင်လား..”

မော့လောင်တ ထိုသို့ပြောသည်ကိုကြားသောအခါ မော့မြွေဘေးရှိ မြွေများအားလုံး နားမလည်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။ သာမန်မြွေပွေးများ ဘက်က ပင်လျှင် အေးခဲပြီး ကြက်သေသေသွားသည်။

မော့လောင်တပြောသည့်စကားသည် မော့မြွေများနှင့် ပတ်သက်သည့် ဘက်လိုက်မှု အရိပ်အမြွက်မျှပင် မရှိသောကြောင့် မော့မြွေ အံ့အားသင့်သွားသည်။ ထိုမော့မြွေကို လှောင်ပြောင်သရော်သော အရိပ်အမြွက်ပင် ရှိခဲ့သည်။ မော့လောင်တသည် မော့မြွေကို မျက်နှာသာမပေးသောကြောင့် မြွေပွေးများ အံ့ဩသွားကြသည်။

ဘယ် မျိုးနွယ်စုခေါင်းဆောင် က မော့မြွေတွေရဲ့ဘက်မှာ ရပ်မနေတာလဲ... ဒီလိုမျိုးဖြစ်ခဲ့ရင် မော့မြွေကို လုံးဝမျက်နှာသာပေးရမှာ သေချာနေတာပဲ...

သာမန်မြွေပွေးများသည် မော့လောင်တက သူတို့ကိုကူညီမည်ဟု သူတို့ထင်သောကြောင့် မဟုတ်ဘဲ မော့လောင်တ၏ အဖော်သည် ယင်မြွေဖြစ်သောကြောင့် ယင်မြွေသည် အတိုင်းအတာတစ်ခုအထိ ၎င်းတို့အတွက် စကားအနည်းငယ် ပြောထားပေးမည်ဟု ထင်ထားသောကြောင့် မြွေပွေးများသည် ယခု ဤနေရာတွင် ရပ်တည်ဝံ့ကြသည်။ သို့သော် လက်တွေ့ကို ပို၍ပင် မမျှော်လင့်ထားပေ။

ယင်ရှောင်ရှောင်း၊ ထိုကောင်လေးသည် ယခင် မျိုးနွယ်စုခေါင်းဆောင်ကို လှည့်ပတ်နေပြီး ရှက်ရွံ့ဒေါသဖြစ်နေသော မျိုးနွယ်စုခေါင်းဆောင်ကို မေးလိုက်သည်။

"ခင်ဗျား ဘာဖြစ်လို့ အသက် မြန်မြန်ကြီးလာတာလဲ..." 

"မျိုးနွယ်စုခေါင်းဆောင်..ဒီစကားက ဘာကိုဆိုလိုတာလဲ..." 

ထိုမော့မြွေနောက်တွင် ရပ်နေသော မော့မြွေတစ်ကောင်က ရုတ်တရက် မေးလိုက်သည်။ 

“အဲဒါတွေက နိမ့်ပါးတဲ့ မြွေတွေပဲ ... သူတို့ကို အမဲလိုက်ခွင့်ပေးလိုက်ရုံနဲ့ မော့မြွေတွေက သဘောကျကြတယ်... ငါတို့စားစရာတွေကို ခိုးယူပြီး သူတို့ ဘယ်လိုလုပ်ပြီး သွားကြမှာလဲ...”

ထိုစကားများက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ တစ်ဖက်က မြွေပွေးများကို တုန်လှုပ်စေရုံသာမက မော့လောင်တ၏ မျက်နှာကိုပင် မကျေမနပ်ဖြစ်နေပုံရသည်။ မော့လောင်တသည် သူ့အမြီးကိုအရှိန်အဟုန်ဖြင့် စကားပြောနေသောမော့မြွေဆီသို့ ပျံသန်းစေလိုက်သည်။ အံ့အားသင့်နေသော မော့မြွေများ၏ မြွေအုပ်ကြားမှ ရိုက်ခတ်လာသော မော့မြွေသည် နောက်ပြန်ပျံသွားကာ သစ်ပင်တစ်ပင်နှင့် တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျကာ ပြန်ထရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။ ဒဏ်ရာများက ပေါ့သေးသေးမဖြစ်နိုင်သည်မှာ ထင်ရှားသည်။

ခဏကြာသောအခါ ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်သွားသည်။

မော့လောင်တ သည် လက်ရှိအငွေ့အသက်ကို အလွန်ကျေနပ်အားရသဖြင့် ဆက်လက်ပြောဆိုခဲ့သည်။ 

“ဒီကိစ္စမှာမော့မြွေက မှားတယ်..."

သူဆက်မပြောမီ ခဏရပ်လိုက်သည်။

“မြွေပွေးတစ်ဒါဇင်ကျော် သေသွားတယ်.. ..ငါလဲ အရမ်း ဝမ်းနည်းတယ်... လျော်ကြေးအနေနဲ့ ဒီဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ မော့မြွေဟာ သူတို့ရဲ့ အသက်နဲ့ ပေးဆပ်ရမယ်...”

ဤအခိုက်အတန့်မှာ တိတ်ဆိတ်ခြင်းမရှိတော့ပေ။ ယင်းအစား ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

မြွေများ ငြိမ်သက်သွားသောအခါ မော့လောင်တသည် သူ့ပါးစပ်ကို နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်သည်။

“ဒီအခွင့်အရေးကို အသုံးချပြီး ကြေငြာချင်တာရှိတယ်... ဒီနေ့ကစပြီး ငါ မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေသရွေ့ မော့မြွေတွေနဲ့ အခြားမြွေတွေက တန်းတူပဲ... မော့မြွေတွေက အခြားမြွေပွေးတွေထက် မသာရသလို အခြားမြွေပွေးတွေကလည်း မော့မြွေတွေထက် မနိမ့်ကျရဘူး..”

တစ်ဖန် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ 

မော့လောင်တရဲ့စကားတွေက သူတို့အတွက် အံ့အားသင့်စရာတွေပဲ...

မော့မြွေများ၏ ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ကမ္ဘာကြီး အစိတ်စိတ်အမြွာမြွာ ကွဲ‌သွားသော သတင်းဖြစ်သည်။ သူတို့ကိုယ်သူတို့ မြွေပွေးများထက် မြင့်မြတ်သည်ဟု ကြွားလုံးထုတ်ကြသည်။ 

သာမန်မြွေပွေးတွေနဲ့ တန်းတူဖြစ်လိုစိတ် ဘယ်လိုရှိနိုင်မှာလဲ.. ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် ကပြောပြီးပြီ... ဒီ မျိုးနွယ်စုခေါင်းဆောင် က တကယ်ကို အစွမ်းထက်လွန်းတဲ့အတွက် မော့ မြွေတွေက နာခံရမှာပဲ.. ပြီးတော့ သာမန်မြွေပွေးတွေအတွက်တော့ ဒါက တကယ့်ကို သတင်းကောင်းပဲ မဟုတ်လား.. ဒါပေမဲ့ အခုအချိန်ကစပြီး အရေးကြီးဆုံးက မော့မြွေတွေနဲ့ သာမန်မြွေတွေ ဘယ်လိုပြုမူနေထိုင်ရမယ် ဆိုတာ မဟုတ်ဘဲ မော့လောင်တ က အဲဒီမော့မြွေကို သေဒဏ်ပေးလိုက်တာပဲ..

မော့လောင်တ ထိုသို့ မလုပ်ချင်ခဲ့ပေ။ သူသည်လဲ မော့မြွေတစ်ကောင် ဖြစ်သည်။ သို့သော် သာမန်မြွေများ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် ဤအဆင့်က လိုအပ်သည်။ မော့လောင်တသည် မော့မြွေကို ကာကွယ်ပေးပြီး စည်းလုံးညီညွတ်ရေးအတွက် မအော်ဟစ်နိုင်ပေ။ ထိုအရာသည် သာမန်မြွေပွေးများ၏ ဒေါသကို ပိုပြင်းထန်လာစေနိုင်သည်။

ထိုမော့မြွေသည် ကြောက်မက်ဖွယ်သတင်းမှ ပြန်လည်ကောင်းမွန်လာသည်။ မော့လောင်တသည် မော့မြွေ၏နံဘေးသို့ ပြေးသွားခဲ့သည်။ သူ့မျက်လုံးများတွင် နောင်တရမှု အရိပ်အယောင်များ ထွက်ပေါ်လာသော်လည်း မော့မြွေ၏ ခန္ဓာကိုယ်ထဲသို့ အဆိပ်အတောက်များ ထိုးသွင်းကာ လျင်မြန်စွာ ကိုက်လိုက်သည်။

မော့မြွေများ၏ ဘက်မှ အလွန်တိတ်ဆိတ်နေသည်။ တစ်ဖက်တွင် သာမန်မြွေပွေးများ၏ အသံများသည် လုံးလုံးလျားလျား မှိန်ဖျော့သွားသည်အထိ တဖြေးဖြေး အားနည်းလာသည်။ သေဆုံးနေပြီဖြစ်သော မော့မြွေကို ငေးကြည့်ရင်း မြွေပွေးတစ်ကောင်ချင်းစီ၏ နှလုံးသားထဲတွင် အတွေးအမြင်များ ရှိကြသည်။ သို့သော် ၎င်းသည် အရေးမကြီးပေ၊ မော့လောင်တ သည် ၎င်းကို ဂရုမစိုက်ပေ။ မော့လောင်တ သည် မြွေပွေးများ၏ အတွေးအမြင်ကို ဂရုမစိုက်ဘဲ သူတို့ပြောသည့်အတိုင်း လုပ်သည်။

မော့လောင်တသည် ဆန့်ကျင်ဘက်တွင်ရှိသူများကို မျက်နှာလှည့်ကာမေးလိုက်သည်။
 
"ဒီရလဒ်ကို ကျေနပ်လား..." 

ရှေ့က ဟုန်မြွေသည် အာရုံများပြန်မရလာခင်အထိ အေးခဲသွားပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

မော့လောင်တ အကြည့်ပြန်ရုတ်လိုက်သည်။

ထို့နောက် မျိုးနွယ်စုခေါင်းဆောင် များအတွက် သီးခြားစွမ်းရည်ဖြင့် မော့လောင်တ သည် နယ်နိမိတ်အတွင်းရှိ မြွေပွေးများအားလုံးကို အမိန့်ကြေညာခဲ့သည်။ 

“ဒီနေ့ကစပြီး မော့မြွေတွေနဲ့ တခြားမြွေပွေးတွေဟာ တန်းတူညီတူပဲ... ဒီအမိန့်ကို မနာခံဘူးဆိုရင် ခွင့်လွှတ်ခြင်းမရှိဘဲနဲ့ အသတ်ခံရမှာဖြစ်တယ်..."

ထိုအခိုက်အတန့်တွင် ကျွက်ကျွက် မညံခင်အထိဆိတ်ငြိမ်မှု သည် နယ်နိမိတ်အတွင်း၌ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ဒါသည် မော့လောင်တ အတွက် အရေးမကြီးပေ။ မော့လောင်တ နှင့် ယင်ရှောင်ရှောင်း တို့သည် အိမ်သို့ ပြန်နေပြီဖြစ်သည်။

မော့လောင်တ၏ ကျောပြင်ပေါ်တွင် သူ့ဗိုက်ဖြင့် လှဲလျောင်းနေသော ယင်ရှောင်ရှောင်းသည် အနည်းငယ် စိတ်မချမ်းသာပုံရသည်။ နေ့တစ်ဝက်လောက် လျှောတိုက်သွားနေသော်လည်း တစ်ချိန်လုံး စကားမပြော ဖြစ်သောကြောင့် ယင်ရှောင်ရှောင်း မပျော်မရွှင် ဖြစ်နေပုံရသည်ဟု မော့လောင်တ တွေးမိသည်။ မော့လောင်တသည် အရာရာကို အစမှ အဆုံးထိ တွေးနေသော်လည်း ယင်ရှောင်ရှောင်း အဘယ်ကြောင့် စိတ်မချမ်းသာရမှန်း မသိသေးပေ။

 ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် မော့လောင်တ ကမေးလိုက်သည်။

 "ရှောင်ရှောင်း... မင်း မပျော်ဘူးလား..." 

ပြန်ဖြေရင်း ယင်ရှောင်ရှောင်း က မော့လောင်တ လည်ပင်းကို တင်းကျပ်စွာကိုက်လိုက်သည်။

ထိုသို့အကိုက်ခံရခြင်းသည် မော့လောင်တကို မထိခိုက်စေသော်လည်း ယင်ရှောင်ရှောင်း၏ဒေါသကို မော့လောင်တ က အာရုံမခံစားနိုင်ပေ။ ထို့ကြောင့် မော့လောင်တ ကဆက်မေးသည်။

 “ဘာဖြစ်တာလဲ...” 

တစ်ဖန် ယင်ရှောင်ရှောင်း စကားမပြောပေ။

မော့လောင်တ က ထပ်ပြီး မမေးရဲတော့ပေ။  

သူလုပ်ခဲ့တာ တစ်ခုခုကြောင့် ဖြစ်ပုံရတယ်... မော့လောင်တ အစကနေအဆုံးထိ သူလုပ်ခဲ့သမျှကို ပြန်တွေးနေပေမဲ့ ယင်ရှောင်ရှောင်း ဒေါသထွက်အောင် သူဘာလုပ်ခဲ့မှန်းမသိသေးဘူး...

ရလဒ်အနေဖြင့် ကျန်ခရီးတစ်လျှောက်တွင် စိတ်ဓာတ်ကျနေသော မော့လောင်တ သည် သူအမှားလုပ်မိကြောင်းကို တွေးတောနေခဲ့သည်။

 ယင်ရှောင်ရှောင်းက အဲဒီမော့ မြွေကို “နမ်း"နေတဲ့မော့လောင်တ အကြောင်းကို ဝမ်းနည်းပူဆွေးစွာနဲ့ တွေးနေခဲ့တယ်... ဒါပေမဲ့ အခုအချိန်ကစပြီး အရေးကြီးဆုံးက မော့မြွေတွေနဲ့ သာမန်မြွေတွေ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ မဟုတ်ဘဲ မော့လောင်တ က အဲဒီမော့မြွေကို သေဒဏ်ပေးလိုက်တာပဲ..