အခန်း (၁၈) စုကျယ်ဆိုတာ ကျွန်မ ငြီးငွေ့နေပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ပါ
Viewers 663



ထန်မော့အာသည် သူမ၏ အမှားမရှိကြောင်း သက်သေပြရန်အတွက် ခေါင်းကိုမော့ကာ ထမင်းစားခန်းထဲသို့ ဝင်လာပြီး စားပွဲတွင် ဝင်

ထိုင်လိုက်သည်။ 


စားပွဲပေါ်တွင် ဆန်ပြုတ်နှစ်ပွဲ၊ မုန့်အမျိုးမျိုး၊ ကြက်ဥနှင့် နို့တစ်အိုးပင် ရှိနေ​၏။


၎င်းသည် အလွန်ခမ်းနားလှသော နံနက်စာပင် ဖြစ်သည်။


"ဒါတွေအားလုံး ရှင်ကိုယ်တိုင် ချက်ထားတာလား"


ကုမိုဟန်က သူမကို သံသယရှိသလို တစ်ချက်

ကြည့်လိုက်သည်။


ထိုအကြည့်က "မင်း ငါ့ကို အရည်အချင်းတွေ အများကြီး ရှိနေတယ်လို့ ထင်နေတာပဲ" ဟု ပြောနေသကဲ့သို့ပင်။


"ဝယ်လာတာ"


ထန်မော့အာသည် သူမ၏ အမှားကြောင့် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။ 


သူသည် ချက်ပြုတ်တတ်သူပင် မဟုတ်နိုင်ပေ။


သူမသည် နို့ကို အနည်းငယ် သောက်လိုက်ပြီးနောက် သူ့ကို မော့ကြည့်လိုက်သည်။ 


ထို့နောက် သဘာဝကျကျ ချောင်းတစ်ချက်

ဟန့်ကာ ဆက်ပြောလိုက်သည်။


"ဟိုလေ... မနေ့က ဖြစ်သွားတဲ့ ကိစ္စအတွက် ရှင်းပြချင်လို့ပါ"


"ကျွန်မ... မသောက်သင့်တဲ့ အရာတစ်ခုကို နှစ်

ခွက်လောက် သောက်မိသွားလို့..."


"အဲဒါကြောင့် အမူအရာတွေ နည်းနည်း ရိုင်းစိုင်းသွားတာပါ၊ ဒါတွေကို အကုန်မေ့လိုက်ပြီး အရင်လိုပဲ နေကြရအောင်"


ကုမိုဟန်ကလည်း နို့ကို တစ်ငုံသောက်လိုက်

သည်။ 


သူ၏ နက်မှောင်သော မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူမ၏ တစ်ကိုယ်လုံးကို အထက်အောက် ကြည့်လိုက်ရင်း....


"ဆိုလိုတာက... အရက်က မင်းကို သတ္တိတွေ ပိုကောင်းစေခဲ့တာပေါ့ ဟုတ်လား"


"ဟုတ်တယ်... မဟုတ်ဘူး"


သူက အရက်က သတ္တိတွေ ပိုကောင်းစေခဲ့တယ် ဟု ပြောလိုက်သောအခါ သူမ အမြဲတမ်း လုပ်ချင်သော်လည်း သတ္တိမရှိ၍ မလုပ်ရဲခဲ့သည့် အရာတစ်ခုကို လုပ်ခဲ့သည်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းကို သူမ နားလည်လိုက်သည်။ 


မနေ့ညက သူ့ကို အတူအိပ်ဖို့ တောင်းဆိုခဲ့သည့် ပုံစံကိုကြည့်လျှင် သူမက သူ့ကို အရင်ကတည်းက တပ်မက်နေခဲ့သည်ဟု သူက ထင်နေတာလား။


သူက ဘယ်လိုတောင် ယုံကြည်မှုတွေ လွန်ကဲနေတာလဲ။


"ကျွန်မ..." 


သူမ စတင် ရှင်းပြရန် ကြိုးစားလိုက်​၏။


"ရှင်းပြနေစရာ မလိုပါဘူး"


"စိတ်မပူပါနဲ့... ကိုယ် မင်းကို... ကာမနှောင့်ယှက်မှု နဲ့ တရားမစွဲပါဘူး"


"ကာမနှောင့်ယှက်မှု"


ထန်မော့အာ အံ့အားသင့်သွားပြီး မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်မိသွားသည်။ 


သူမကိုယ်သူမ ပြန်ညွှန်းပြရင်း ဇဝေဇဝါဖြစ်စွာဖြင့် ပြန်မေးလိုက်​၏။


"ကျွန်မက ဘယ်တုန်းက ရှင့်ကို... ကာမနှောင့်ယှက်ခဲ့လို့လဲ"


ကုမိုဟန်က သူ၏ လှပသော မျက်ခုံးကို ပင့်

လိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။


"မင်းက ငါ့ကို အကြွေစေ့တစ်စေ့တည်းနဲ့ အမျိုးသား ပြည့်တန်ဆာအဖြစ် ငှားဖို့ ကြိုးစားခဲ့တာလေ"


"တကယ်ပဲ မင်းကို ပြည့်တန်ဆာမှုနဲ့ တရားစွဲစေချင်တာလား"


"..."


ထန်မော့အာ၏ ပါးပြင်များ တစ်ဖန် ပြန်လည် နီမြန်းလာပြန်သည်။ 


သူမ ရှက်လည်းရှက်သလို ဒေါသလည်း ထွက်

မိသည်။ 


တကယ်လို့ သူမက သူ့ကို နှောင့်ယှက်ခဲ့တယ် သို့မဟုတ် ငှားဖို့ ကြိုးစားခဲ့တယ် ဆိုရင်တောင်မှ သူမက လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူကသာ အသာစီးရသူ မဟုတ်ပါလား။


သူက ဘာလို့ သနားစရာကောင်းတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေရတာလဲ။


ကာဂါလစ် ရဲ့ အလှဆုံး အမျိုးသမီးက သူနဲ့ အတူနေချင်ပါတယ်လို့ ပြောတာကို သူက ပျော်နေသင့်တာ မဟုတ်ဘူးလား။


သူမသည် သူ့ကို မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ 


သူ့မှာ ဘာတွေများ ကောင်းနေလို့လဲ။


မာနကြီးတဲ့ ဥဒေါင်းတစ်ကောင်လို အမြဲတမ်း ဟန်ပန်တွေနဲ့။ 


သူ ပြောနေတဲ့ လေသံက သူမရဲ့ ဉာဏ်ရည်ကို အထင်သေးနေသလိုပဲ။ 


ဒါဟာ တကယ်ကို ဒေါသထွက်စရာပင်။


သူမသည် ပြုတ်ထားသော ကြက်ဥတစ်လုံးကို ကောက်ယူကာ စားပွဲပေါ်တွင် ကြမ်းတမ်းစွာ ခေါက်လိုက်ပြီး ဒေါသတကြီး လှိမ့်လိုက်သည်။ 


ထို့နောက် စားပွဲတစ်ဖက်ရှိ သူ့ဆီသို့ လွှင့်ပစ်

လိုက်ရင်း အပြစ်ရှာလိုက်သည်။


"ရှင် ဘယ်လို ကြက်ဥညံ့တွေ ဝယ်လာတာလဲ၊ အခွံတောင် နွှာလို့မရဘူး"


ကြက်ဥလေးမှာ သနားစရာကောင်းစွာဖြင့် စားပွဲပေါ်တွင် သုံးပတ်ခန့် လည်သွားပြီးမှ ကုမိုဟန်ရှေ့သို့ ရောက်သွားသည်။ 


သူက ကြက်ဥကို အေးဆေးစွာ ဖမ်းယူလိုက်ပြီး သူမကို ဂျီကျနေသော ကလေးတစ်

ယောက်လို ကြည့်ကာ...


"ဘာလဲ... မင်း ရှက်သွားလို့ ဒေါသထွက်နေတာလား"


ထန်မော့အာသည် ပါးဖောင်းကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ 


သူမ၏ ကြည်လင်သော မျက်ဝန်းများသည် ဒေါသထွက်နေချိန်တွင် ပို၍ တောက်ပလှပနေသည်။ 


သူမက မာနတကြီးဖြင့် ပြန်ပြောလိုက်သည်။ 


"ဟုတ်တယ်... ရှက်လို့ ဒေါသထွက်နေတာ"


"ရှင် ဘာလုပ်ချင်လဲ၊ မကျေနပ်ရင် ကျွန်မအိမ်ကနေ အခုချက်ချင်း ထွက်သွား"


ကုမိုဟန်သည် သူ၏ ရှည်လျားသော လက်ချောင်းလေးများဖြင့် ကြက်ဥကို စတင်နွှာလိုက်သည်။ 


သူ၏ ကျွမ်းကျင်လှသော အပြုအမူများက သူမကို ပို၍ ဒေါသထွက်စေသည်။ 


ထို့နောက် နွှာပြီးသား ကြက်ဥကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ဆိုးနွဲ့နေသော ကြောင်ပေါက်လေးတစ်ကောင်ကို ချော့မြှူနေသကဲ့သို့...


"လိမ္မာရမယ်လေ... ဒါဆိုရင် ကိုယ့်ရဲ့ ဝန်ဆောင်ခကို လျှော့ပေးဖို့ စဉ်းစားပေးမယ်"


သူမ၏ ပါးစပ်မှာ အံ့အားသင့်လွန်း၍ ဟသွားသည်။ 


ဒီလူကို သူမ မယုံနိုင်အောင် ဖြစ်နေရသည်။


...


နံနက်စာ စားပြီးနောက် ထန်မော့အာသည် သူမ၏ ကိုယ်ပိုင်ကားဖြင့် ကုန်တိုက်သို့ သွားခဲ့သည်။ 


ဟန်ရှောင်းဝမ်က သူမကို စောင့်နေပြီး မြင်သည်

နှင့် ထကာ နှုတ်ဆက်သည်။ 


သူမသည် အဝါရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ နူးညံ့သော ဆံနွယ်များက ပခုံးပေါ်တွင် ဝဲကျနေသည်။ 


သူမ၏ နုနယ်ရိုးသားသော မျက်နှာလေးမှာ အလွန်လှပပြီး မြင်သူတိုင်း၏ ရင်ကို လှုပ်ခတ်စေနိုင်​၏။


"အစ်မ... ရောက်ပြီလား"


ထန်မော့အာကို မြင်လိုက်သည်နှင့် ဟန်ရှောင်းဝမ်၏ မျက်လုံးများ တောက်ပသွားသည်။


ထန်မော့အာက ခနဲ့တဲ့တဲ့ အပြုံးဖြင့် ဟန်ရှောင်းဝမ်အနီးသို့ လျှောက်သွားကာ "ဒီမှာ ဘယ်သူမှ မရှိဘူး၊ နင်က ဘယ်လောက်အထိ ဆက်ပြီး ဟန်ဆောင်နေဦးမှာလဲ"


ဟန်ရှောင်းဝမ်က ချိုသာသော အပြုံးကို ဆက်လက်ထိန်းထားရင်း ပြန်ပြောသည်။ 


"အစ်မ... အစ်မ ကျွန်မကို ခွင့်လွှတ်ပြီး ဒေါသ မထွက်ပါနဲ့တော့နော်"


"အစ်မရဲ့ စေ့စပ်ထားသူက အစ်မကို မချစ်ဘဲ ကျွန်မကို ချစ်နေလို့ အစ်မ စိတ်မကောင်းဖြစ်နေတာကို ကျွန်မ သိပါတယ်"


"ဒါပေမဲ့ ဒါတွေက အတင်းအကြပ် လုပ်လို့မရဘူးလေဝ


"သူက အစ်မကို မချစ်တာ သိသိကြီးနဲ့တော့ အတင်းအကျပ် မလုပ်ပါနဲ့"


ထန်မော့အာ၏ မျက်လုံးများက သားကောင်ကို ချောင်းနေသော ငါးမန်းတစ်ကောင်ကဲ့သို့ ဟန်ရှောင်းဝမ်ကို စိုက်ကြည့်လိုက်သည်။


"သြော်... ဒါဆို နင်က စုကျယ်ဟာ ငါ့ရဲ့ စေ့စပ်ထားသူဆိုတာကို သိနေတာပဲ"


"ရပါတယ်..."


"စုကျယ်ဆိုတာ... ငါ ငြီးငွေ့နေပြီဖြစ်တဲ့ အမျိုးသားတစ်ယောက်ပါ"


"နင် ယူချင်ရင် ယူသွားလိုက်... ငါ အာရုံထဲတောင် မရှိဘူး"