🧑⚕️Chapter 134 [ End Of Story ]
ကျန်းရွှိသည် ဌာန၏အကြီးအကဲဖြစ်လာပြီးနောက် ရှန့်ဖန်းယွိ နှင့်သူ၏ဆက်ဆံရေးကို အသိပေးခဲ့သည်။
ထိုအချိန်တွင်ဒါရိုက်တာချွေ့ သည်အငြိမ်းစားယူတော့မည်ဖြစ်သောကြောင့် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးရန် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့အားသူမ၏ရုံးခန်းသို့လာရန်ဖုန်းဆက်ခဲ့သည်။
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့နှစ်ဦးစလုံးအား တစ်နှစ်တည်းတွင်ပင် ဆရာဝန်အကြီးအကဲများအဖြစ်ရာထူးတိုးမြှင့်ခဲ့သော်လည်း ခေါင်းစဉ်နှင့်အနေအထားမှာ နှစ်မျိုးကွဲနေသည်။ ဌာနတစ်ခုတွင်ဆရာဝန်အကြီးအကဲများစွာရှိနိုင်သော်လည်း ဌာနအကြီးအကဲမှာမူ တစ်ဦးသာရှိနိုင်သည်။
ဒါရိုက်တာချွေ့မှာ အကြပ်အတည်းဖြစ်သွားရသည်။သူတို့နှစ်ဦးစလုံးသည် သူမကိုယ်တိုင်သင်ကြားခဲ့သောကျောင်းသားများဖြစ်ပြီးဌာနတွင်ယုံကြည်စိတ်ချရဆုံးလက်ထောက်များဖြစ်သည်။ သူမသည် မည်သူကပိုကောင်းသည်ကို ဆုံးဖြတ်နိုင်သဖြင့်သူတို့၏ကိုယ်ရေးရာဇဝင်များကို တစ်ဦးချင်းစီအား ပေးထားလိုက်သည်။
“ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မင်းတို့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ငါခဏခဏဖတ်ထားခဲ့တယ်… ရှုထောင့်ပေါင်းစုံကနှိုင်းယှဉ်ရင်တောင် မင်းတို့ရဲ့ ရမှတ်တွေကအတူတူပဲ…ဒါပေမယ့်ငါက တစ်ယောက်တည်းကိုပဲ အကြံပြုလို့ရမယ်… အဲ့ဒါကြောင့်ငါက သိပ်မသင့်လျော်တဲ့ ရူးကြောင်ကြောင်နည်းလမ်းကိုပဲ သုံးရတော့မယ်.. ”
“ ဆောင်းပါးတွေရဲ့ စုစုပေါင်းရမှတ်တွက်ချက်ကြပါစို့..”
သုတေသနစွမ်းရည်သည် ဆေးရုံတွင် ရာထူးတိုးရန်အဓိကအကဲဖြတ်ချက်ဖြစ်ပြီး အကဲဖြတ်မှုမှတ်တမ်းများသည်တစ်ဦးချင်းစီ၏ ရမှတ်များ နှင့်သူတို့၏ဆောင်းပါးများသက်ရောက်မှုကို အဓိကထားသည်။
အမှန်တကယ်မှာ ထိုရမှတ်များသည် လူတစ်ဦး၏စွမ်းရည်ကိုအပြည့်အ၀တိုင်းတာ၍မရပေ ။ အထူးသဖြင့်ဂျာနယ်တိုက်၏အဆင့်ကိုလိုက်၍ နှစ်စဉ်နီးပါးအတက်အကျရှိသောဆောင်းပါးများ၏သက်ရောက်မှုပင်ဖြစ်သည်။ အရည်အချင်းတူသည့် ကျွမ်းကျင်သူနှစ်ဦးကိုခွဲခြားရန်ခက်ခဲသောအခါ အသုံးပြုသည့် သာမန်ကာလျှံကာနှင့်အလိုလိုရွေးချယ်သော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းမူဝါဒ ၅ချက်ကိုနှစ်ပေါင်းများစွာပြစ်တင်ရှုတ်ချခဲ့သော်လည်း အကျိုးသက်ရောက်မှုများစွာမရှိခဲ့ပေ။
ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည်တစ်ဦး နှင့်တစ်ဦး ကြည့်လိုက်ကာ ရမှတ်များကိုတိတ်တဆိတ်တွက်ချက်နေကြသည်။
တစ်ချိန်တည်းမှာပင် အင်တာနက်ကော်ဖီဆိုင်တွင်သူတို့ဖြေခဲ့သည့်အဖြေများကိုပြန်စစ်ဆေးသော မြင်ကွင်းကိုပင် ပြန်အမှတ်ရခဲ့ကြသည်။အဆုံးတွင် နှစ်ဦးစလုံး စာရွက်လက်ဝဲထောင့်တွင် ရမှတ်များရေးသားခဲ့ကြပြီး ဒါရိုက်တာချွေ့အား ကမ်းပေးလိုက်ကြသည်။
သို့သော်အတိတ်ကာလနှင့်မတူဘဲ ဤတစ်ကြိမ်တွင်မူ နံပါတ်နှစ်ခုသည်အတူတူမဟုတ်တော့ပေ။
“ ဆရာမချွေ့…ကျွန်တော်ကတော့ ဒီလိုနည်းနဲ့ တွက်ချက်သင့်တယ်လို့မထင်ဘူး... ”
ကျန်းရွှိကဆိုသည်။
“ ရှန့်ဖန်းယွိ က အမျိုးသားကိုယ်ဝန်ဆောင်ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး စာတမ်းထုတ်ခဲ့ပြီးတော့ သူ့မှာ စံနှုန်းမြင့်ကိုးကားချက်တွေရှိနေတာတောင် ကိုယ့်နိုင်ငံကို နာမည်ရစေဖို့အတွက်နဲ့ ပြည်တွင်း ဂျာနယ်တိုက်မှာပဲ ထုတ်ဝေခဲ့တာလေ..."
ရှန့်ဖန်းယွိက သူနှင့် ၃မှတ်ကွာနေခဲ့သည်။ သို့သော်သူသည်စာတမ်းအား အရင်စီစဉ်ထားသည့်အတိုင်း ထိပ်တန်းနိုင်ငံခြားဂျာနယ်သို့တင်သွင်းခဲ့ပါက ထို၃မှတ်မျှမှာ ထည့်ပြောစရာပင်မလိုပေ။
“ သူအကြံပြုထားတဲ့ ပြည့်စုံတဲ့ ကိုးကားမှုစံနှုန်းကို ထည့်ပြီးစဉ်းစားသင့်တယ်..."
ဒါရိုက်တာချွေ့ သည်ကိုယ်ရေးရာဇဝင်အကျဉ်းနှစ်ခုကိုကြည့်လိုက်သည်။
“အကယ်၍ ဒီရမှတ်ကိုစဉ်းစားရင် မင်းကိုရွေးချယ်သင့်တယ်… ကိုးကားချက်စံနှုန်းတွေကြည့်ရင် သူ့ကိုရွေးချယ်သင့်တယ်…ဒါပေမယ့်မင်းတို့ရဲ့ အညွှန်းတွေ တစ်ခုချင်းစီကို လိုက်ကြည့်လိုက်တော့ ငါအခက်တွေ့နေပြီ.."
သူမက "ကျန်းရွှိ…ရိုးရိုးသားသားပြောရရင် ဒီတွက်ချက်မှုကိုတွက်ချက်ဖို့ပြောတာက အံစာတုံးခေါက်နေရသလိုပဲ…မင်းတို့ နှစ်ယောက်စလုံးထုတ်ဝေခဲ့တဲ့ ဆောင်းပါတွေရဲ့ သက်ရောက်မှုကဘာတွေလဲဆိုတာ ငါလည်းမသိဘူး…နှစ်နည်းနည်းကြာလို့ မင်းဒီဆောင်းပါတွေကိုပဲသုံးပြီး တွက်ချက်မယ်ဆိုရင်တော့ ရလဒ်က လုံးဝမတူပဲ ထွက်လာလိမ့်မယ်…အခုက ခြားနားချက်တွေက အရမ်းနည်းပြီး အချက်အလက်တွေနဲ့ တိုင်းတာဖို့ကလည်း ခက်ခဲတယ်…အကယ်၍ မင်းကဒီရလဒ်ကိုလက်ခံချင်ရင် ငါထောက်ခံချက်ပေးမယ်… အကယ်၍ မင်းဆန္ဒမရှိရင်လည်း မင်းအတွက် ပိုမြင့်တဲ့နေရာတွေမှာ အရည်အချင်းတွေပြသနိုင်မယ့် အခွင့်အရေးတွေ ရဖို့ ငါကြိုးစားရှာပေးမယ်..."
“ မလိုအပ်ပါဘူး... ” ရှန့်ဖန်းယွိကပြောကြားခဲ့သည်။
“ ပြည်တွင်းဂျာနယ်တိုက်ကို တင်ပြဖို့က ကျွန်တော့် ဆုံးဖြတ်ချက်ပါ… ကျွန်တော့်ဆောင်းပါတွေရဲ့ရမှတ်တွေကိုတွက်ချက်ခြင်းပြီး ဒီကိစ္စကိုဆုံးဖြတ်ဖို့ ကျွန်တော်တို့နှစ်ဦး စလုံးသဘောတူခဲ့တာမို့ ကျွန်တော်တို့အားလုံး ဒီစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာသင့်တယ်...”
ဒါရိုက်တာချွေ့ သည် ကျီဟွားဆေးရုံ၏ ဌာနအကြီးအကဲနှင့်ဒုတိယညွှန်ကြားရေးမှူးဖြစ်သည်။ ထို့ကြောင့် ရှန့်ဖန်းယွိသည်သူမ၏ထောက်ခံချက်မည်မျှလေးနက်မှုရှိသည်ကိုသိသည်။ သူနှင့် ကျန်းရွှိ တို့အကြား နှစ်ပေါင်းများစွာပြိုင်ဆိုင်မှုသည် ကျန်းရွှိ ဌာနအကြီးအကဲဖြစ်လာမှုနှင့် အဆုံးသတ်လျှင် သူသည် ကျန်းရွှိထံတွင် ရှုံးသွားခြင်းဟု ဟုဆိုလိုသည်။
သို့သော် သူသည်ရှုံးနိမ့်ခြင်းနှင့် ပတ်သက်၍ မကျေနပ်မှုများသို့မဟုတ် နောင်တရမှုများ မရှိခဲ့ပါ။ ဒါရိုက်တာ ချွေ့ ပြောခဲ့သလိုပင် နှစ်ပေါင်းများစွာကြာပြီးနောက် အတိတ်မှ ဆောင်းပါးများ၏သက်ရောက်မှုနှုန်းကို တွက်ချက်ရာတွင်အမှားအယွင်းများနှင့်အတက်အကျများစွာရှိခဲ့ပြီး ၎င်းတို့အားအမှန်တကယ်အဆင့်သတ်မှတ်ရန်မှာ ခက်ခဲခဲ့သည်။အကယ်၍ သူသည်ကံတရားကြောင့်သာ ရှုံးခဲ့ပါက ထွေထွေထူးထူးဂရုစိုက်စရာပင်မလိုပေ။
အကယ်၍ ရှန့်ဖန်းယွိက ရှုံနိမ့်မှုအကြောင်းကိုသာတွေးမည်ဆိုလျှင် သူသည်ကျန်းရွှိအား နမ်းလိုက်သည့်အချိန်တွင် သူ့နှလုံးသားများဗြောင်းဆန်သွားရုံနှင့်ပင် သူရှုံးနေပြီးသားဖြစ်နေခဲ့သည်။
ကျန်းရွှိကသူ့အား ကြည့်ရင်းတစ်ခုခုပြောချင်နေသည်။ သို့သော် ဒါရိုက်တာချွေ့က သူတို့ရှေ့တွင် ထိုင်နေသောကြောင့် သူတို့ တိုက်ရိုက်ဆက်သွယ်၍မရပေ။ထို့ကြောင့် သူသည် စားပွဲအောက်မှ ရှန့်ဖန်းယွိ၏ဖိနပ်အားထိရန် သူ၏ခြေထောက်ကိုသုံးလိုက်သည်။
ရှန့်ဖန်းယွိသည် သူ၏လှုပ်ရှားမှုများကိုသတိပြုမိပြီးနောက် အာရုံပြန်စိုက်ကာ ဒါရိုက်တာချွေ့အားပြောလိုက်သည်။
“ ကျွန်တော် ကျန်းရွှိနဲ့ ခဏစကားပြောလို့ရမလား.."
သူတို့နှစ်ဦးသည် လူသိပ်မရှိသော လှေကားထစ်တွင်ရပ်နေပြီး ကျန်းရွှိကမျက်မှောင်ကြုတ်လိုက်သည်။
“ သမီးလေးကြောင့် မင်းရာထူးမတိုးချင်တော့တာလား…အဲ့ဒါဆိုရင်တော့ ငါမင်းကို မဖျောင်းဖျတော့ဘူး…ဒါပေမယ့်မင်းကိုယ်တိုင် အဲဒီခက်ခဲတဲ့ ခွဲစိတ်မှုလုပ်ပြီးသွားခဲ့တာတောင် မင်းအတွက်မင်း မကြိုးစားချင်တော့ဘူးလား"
“ ကျန်းရွှိ…စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့က မင်းရဲ့နိယာမပဲ မဟုတ်လား….အဲ့လိုမဟုတ်ရင် အဲဒီဆောင်းပါးမှာ မင်းလည်း ပါဝင်ကြောင်းနာမည်ထည့်ခဲ့မှာလေ..အခုကျမှ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့သဘောတူလိုက်ပြီပဲကို ဘာလို့ ငါ့ကိုဖျောင်းဖျချင်နေသေးတာလဲ.. ”
ကျန်းရွှိ ဆို့နင့်နေကာ ခဏမျှစကားမပြောခဲ့ပေ။
“စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတွေ ခံစားမနေပါနဲ့… အကယ်၍ မင်းအဲ့လို ဝန်လေးနေတယ် ခံစားရရင် ဌာနအကြီးအကဲဖြစ်လာတဲ့အခါ မင်းရုံးခန်းနဲ့ပစ္စည်တွေကို ငါ့ကိုခွဲပေးလို့ရတယ်... ”
“ ဟုတ်ပါတယ် ... ခွဲဖို့မလိုပါဘူး...”
သူကစိတ်အေးလက်အေး လက်ခံသောလေသံဖြင့်ပြောလိုက်သည်။
အချိန်သည်ကား အလွန်အံ့ဩစရာကောင်းသည်။ ၁၂ နှစ်ကြာမျှကုန်လွန်သွားပြီဖြစ်သော်လည်း ကျန်းရွှိသည် ကားထဲတွင်ထိုင်ကာ “ ငါနဲ့အတူဒေါ်လာနှစ်ထောင်ကို တစ်ဝက်စီခွဲလိုက် ” ဟုပြောခဲ့သော လူငယ်လေးကို သတိရနေဆဲဖြစ်သည်။ ထိုအချိန်တွင်သူတို့သည်ကွဲလွဲမှုများရှိခဲ့သော်လည်း ယခုသူတို့သည် သဟဇာတဖြစ်ကာ ချစ်ခင်နေကြသောဆက်ဆံရေးတွင်ရှိနေသည်။
သူတို့တွင် အကြီးမားဆုံးတူညီသောအရာမှာ သူတို့၏ဘ၀သက်တမ်းထက်ဝက်ကို တစ်ဦးနှင့်တစ်ဦး အမြဲတမ်းမျှဝေခဲ့ခြင်းဖြစ်သည်။ ရှန့်ဖန်းယွိသည်မိမိကိုယ်ကို တန်ဖိုးထားခြင်းအား အမြဲတမ်းထည့်သွင်းစဉ်းစားတတ်ပြီး မည်သူ့ထံတွင်မဆို အကြွေးမတင်ချင်ပေ။
“ ကောင်းပြီ..” ရှန့်ဖန်းယွိသည် သူ၏ပခုံးကိုဖျစ်ညှစ်ကာ
“ ဒါရိုက်တာချွေ့ကသာ မင်းကိုပဲ အကြံပြုခဲ့ပေမယ့် အပေါ်ကအကဲဖြတ်လွှာတွေကို မင်းဘာသာ ဖြတ်ကျော်နိုင်တဲ့ မင်းရဲ့ကိုယ်ပိုင်စွမ်းရည်တွေပေါ်မူတာလေ... ”
“ ပြီးတော့ ကျန်းရွှိ….မင်းက ငါကလွဲရင် တခြားသူတွေကိုမျက်နှာသာပေးရမယ်လို့ခံစားနေရပုံပဲ ..ဘာလို့ဆို ငါမင်းကို ပိုင်ထားလို့မလား...”
ရှန့်ဖန်းယွိက သူအသစ်သင်လာသော ချွဲပျစ်သည့်အသုံးနှုန်းနှင့်ပြောလိုက်သည်။
သေချာသည်။ ကျန်းရွှိသည် သူပြောသည်ကို ကြားပြီးနောက် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထကာ တုန်နေသည်။ သူသည် လေးလံသောခြေလှမ်းများနှင့်အတူထွက်သွားခဲ့သည်။
သို့သော်လည်း ညနှောင်းပိုင်းရောက်သောအခါ ဒေါက်တာကျန်း ထိုစကားကြောင့် အနည်းငယ်အိပ်မရတော့ပေ။
ကျန်းရွှိ သည် ဌာနအကြီးအကဲဖြစ်လာပြီးနောက် ရုံးခန်းအသစ်၏ တစ်ဝက်ကို ရှန့်ဖန်းယွိအား သော့နှင့်အတူပေးခဲ့သည်။
အမြဲ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော လူငယ်နှစ်ဦးသည် ယခုအခါ သူတို့၏လိုရင်းသို့ရောက်သွားကြပြီဖြစ်သည်။နားလည်သောဌာနရှိသူများနှင့် နားမလည်ခဲ့သူများသည်လည်း ယခုအခါ သူတို့၏ဆက်ဆံရေးကိုနားလည်လာကြပြီဖြစ်သည်။ အံ့အားသင့်စရာဖြစ်သော်လည်းခံစားမှုတစ်ခုထက်ပို၍ရည်ရွယ်သည်။
အမှတ်တရများကိုပြုပြင်ရန် ဦးနှောက်၏စွမ်းရည်သည်လူတို့၏စိတ်ကူးထက်ပိုမိုအားကောင်းသည်။ ၁၂နှစ်တာမျှအချိန်ကာလသည်ဆရာဝန်နှစ်ဦးအချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြသည့်အတိတ်ကိုမေ့သွားစေကြသည်။ သူတို့အနေဖြင့်၎င်းတို့သည်တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ယှဉ်ပြိုင်နေကြပြီး ဘေးချင်းယှဉ်၍ ရှေ့သို့ဆက်သွားနေကြပုံရသည်။
သူတို့သည် ကောင်းကင်ဘုံတွင် ကျင်းပသော ပွဲတစ်ခုလိုပင်ဖြစ်နေသည်။ သူတို့အား တခြားသူများနှင့် မြင်ယောင်ဖို့ပင်ခက်ခဲသည်။
သို့သော် ကျန်းရွှိက သူသည်သူနှင့်နီးစပ်သောလူအနည်းငယ်ကိုသာကလေးအကြောင်းပြောခဲ့သည်။တစ်ဖက်တွင်လည်း သူတို့၏ဆက်ဆံရေးက ကောင်းမွန်သောကြောင့် သူ့အပေါ်လှောင်ရယ်ခြင်းမရှိသည့်အပြင် သူသည်လည်း ဌာနအတွင်းရှိ ကိစ္စများကိုအဆင်ပြေစေရေးအတွက် ကူညီကြရန်နှင့် ထိုကိစ္စ ကိုအခြားသူများအားလျှို့ဝှက်ထားရန်သူတို့အားတောင်းဆိုခဲ့သည်။
နောက်ဆုံးတွင် သမီးလေးအတွက် လူအာရုံစိုက်မှုနည်းလေလေ..သူမ၏ဘ၀သည် ပို၍ ပျော်ရွှင်ရလေဖြစ်သည်။
ယွီဆန်းက ထိုအကြောင်းကို ပထမဦးဆုံးသိရသောအခါသူသည်၃ ပေအမြင့်မျှ ခုန်သွားပြီး ချက်ချင်းပင်သတိလစ်မလိုဖြစ်သွားသည်။သူသည် သူ၏နှလုံးကိုစစ်ဆေးပေးရန်လည်းတောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ကျန်းရွှိကသူ့ကိုလျှပ်စစ်နှလုံးခုန်နှုန်းတိုင်းစက်နှင့်တိုင်းပေးပြီးအရာအားလုံး ပုံမှန်ဖြစ်ကြောင်းပြောခဲ့သည်။
အကြီးတန်းစီနီယာတစ်ဦး အနေဖြင့်ဝူရွေ့ သည်အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ထိုစကားများ နားထောင်ပြီးနောက်သူသည် စိတ်အေးဆေးတည်ငြိမ်ရန် ရေပူသုံးခွက်မျှသာသောက်ခဲ့ရသည်။ နောက်ဆုံးတွင် သူတို့၏သမီးနှင့် အသက်တူသော သူ၏သားဖြစ်သူကို စဉ်းစားမိသွား၏။
“ ငါတို့မိသားစုတွေကြားမှာ ရွှေလမ်းငွေလမ်းတွေ ဖောက်ထားကြမလား... ”
သို့သော် ရှန့်ဖန်းယွိက ငြင်းလိုက်၏။
“ သူက မျောက်တွေကိုပဲ ကြိုက်တာ..."
ထို့ကြောင့် သမီးလေး ၏မွေးနေ့အတွက် ဝူရွေ့သည် ကြီးမားသော စွန်းဝူခုန်းအရုပ်ကြီးကို ယူဆောင်လာခဲ့သည်။ သမီးလေး သည်အလွန်ပျော်ရွှင်ခဲ့ပြီး သူမအရပ်မျှရှည်သော အရုပ်ကြီးကိုကိုင်ထားကာ လူတိုင်းကိုလိုက်ပြနေသည်။
“တီတီကျုံးကိုပြစရာရှိသေးတယ်... ”
သမီးလေးသည် ရယ်မောမှုများစွာဖြင့် ကျုံးလန် ကိုကျောင်းမှသူငယ်ချင်းများအကြောင်း စတင်ပြောတော့သည်။သူမ၏သူငယ်ချင်းများက သူမအတွက်လုပ်ပေးကြသည့် မွေးနေ့ကဒ်များကိုပင်ပြခဲ့သေးသည်။ သူမသည် ထ၍ အိပ်ခန်းသို့ပြေးသွားသည်။ သို့သော် ကျန်းရွှိသည် သူမအား လှမ်းဆွဲဖမ်းထားလိုက်သည်။
“ပါပါးတို့ ကိတ်မုန့်တွေကုန်မှ အန်တီကျုံးကို ပြလိုက်..နော်..အခုမပြေးရဘူးလေ..."
သမီးလေးက သူမ၏အရုပ်ကိုဖက်ထားပြီး ကျန်းရွှိ ရှေ့တွင်ရပ်နေကာ ကျုံးလန်အားပြောလိုက်၏။
“ ခဏစောင့်ပါအုံး တီတီ ကျုံး…ကိတ်မုန့်ကုန်သွားရင် တီတီ့ဆီကို သမီး ယူလာပေးမယ်.."
ကျုံးလန်က ပြုံးပြသည်။
“ဟုတ်ပါပြီ အရမ်းမလောပါနဲ့ ”
ကျန်းရွှိသည် သမီးလေး၏ ရှုပ်ထွေးနေသောဆံစည်းအား ပြန်ဖြည်ကာ ပြန်စီးလိုက်ပြီး ရွှေရောင်မွေးနေ့သရဖူကိုခေါင်းပေါ်တွင်တင်ပေးလိုက်သည်။မိန်းကလေး၏မျက်နှာပေါ်ရှိ ကလေးအဆီများမရှိတော့ပဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂါဝန်အရှည်နှင့်မိန်းကလေးသည်အရွယ်ရောက်ပြီးသောအမျိုးသမီးတစ်ဦး၏ပုံစံမျိုး အရိပ်အမြွက်ပေးနေပြီဖြစ်သည်။
အလွှာသုံးအလွှာရှိသောမွေးနေ့ကိတ်မုန့်သည် သမီးလေး၏ တစ်ဆင့်ပြီးတစ်ဆင့်ကြီးထွားလာမှုနှင့် မိသားစုသုံးဦး ၏ပျော်ရွှင်မှုကိုပြသနေသည်။ ကျန်းရွှိ ကင်မရာကိုထုတ်ယူကာ အုပ်စုလိုက်ဓာတ်ပုံရိုက်ရန် စီစဉ်ထားသော်လည်း သမီးလေး ကဆွဲလုသည်။
"သမီး ကိုရိုက်ခွင့်ပေးပါ... ”
သူမသည် ရှန့်ဖန်းယွိ၏ဖုန်းကိုယူကာ ကျွမ်းကျင်စွာ ဆယ်လ်ဖီတုတ်ပေါ်တွင်တင်၍ ခပ်မြင့်မြင့်ကိုင်ထားလိုက်သည်။
ကလစ်…။ ပုံအားရိုက်ပြီးသွားသည်။
အခန်းသည်လက်ဆောင်များနှင့်ပြည့်နေပြီး ရှေ့တွင်မူမိန်းကလေးငယ်သည်သူမ၏အကြိုက်ဆုံး စွန်းဝူခုန်းအရုပ်နှင့်အတူ ပျော်ရွှင်စွာပြုံးနေသည်။ သူမနောက်တွင် သူမ၏ ဖခင်နှစ်ဦးဖြစ်ပြီး ပုံပန်းသွင်ပြင်တူကာ ချောမောသောမျက်နှာများရှိပြီး သူတို့၏သမီးလေးအား အချစ်အပြည့်ရှိသော မျက်လုံးများနှင့်ကြည့်နေသည်။ နောက်တွင်မူ သူမအားချစ်ခင်ကြသော သူမ၏ ဦးဦး၊ ဒေါ်ဒေါ်များနှင့် အဘိုးအဘွားများရှိကြသည်။
သူတို့အားလုံးသည်ပျော်ရွှင်စွာနှင့်စိတ်လွတ်ကိုယ်လွတ်ရယ်မောနေကြသည်။ ထိုအချိန်တွင် ထို ၁၂ နှစ်အရွယ်ကလေးရှေ့တွင် သူတို့သည်သူတို့၏ အပြစ်ကင်းသော ၁၂ နှစ်အရွယ်ကလေးငယ်များဘဝသို့ ပြန်ရောက်သွားကြသကဲ့သို့ခံစားလိုက်ကြရသည်။
အရောင်စုံဖယောင်းတိုင်များထွန်းလိုက်ကြကာ အခန်းထဲရှိမီးများကိုပိတ်ထားလိုက်သည်။ လိမ္မော်ရောင်အဝါရောင်မီးတောက်များကိုမိန်းကလေးငယ်က မှုတ်လိုက်သည်။ သူမသည် သူမ၏မျက်လုံးများကိုပိတ်ပြီးသူမ၏လက်များကိုယှက်ကာ ဆုတောင်းခဲ့ပြီး လူတိုင်းကမွေးနေ့သီချင်းကိုသီဆိုခဲ့ကြသည်။
မည်သည့်လှည့်ကွက်များ၊လှည့်စားခြင်းများမရှိဘဲ ဧပြီဖူး နေ့လေးသည် ရယ်မောခြင်းနှင့်ဝမ်းမြောက်ခြင်းတို့ကြားတွင် အဆုံးသတ်သွားခဲ့သည်။ ထိုမွေးနေ့ဆုတောင်းများသည်လည်း သူတို့၏ ဆုတောင်းသူပိုင်ရှင်ငယ်လေးအား နှစ်သစ်တွင် တစ်ခုပြီးတစ်ခုဖြည့်ဆည်းပေးရန်တိတ်တဆိတ်စောင့်မျှော်နေခဲ့ကြလေသည်။
🧑⚕️🧑⚕️💜🧑⚕️🧑⚕️ 👬ပြီးပါပြီ👬🧑⚕️🧑⚕️💜🧑⚕️🧑⚕️
အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်ရှင်
See U AGAIN 😘