အပိုင်း ၁၃၃
Viewers 32k

🧑‍⚕️Chapter 133



သူမ၏ကျောတွင် ကျောပိုးအိတ်တစ်လုံးနှင့် သေးသွယ်သော ကောင်မလေးသည် တံခါးကို ဘန်းကနဲ တွန်းဖွင့်၍ ဝင်လာသည်။ သူမ၏ဖိနပ်ကိုပြောင်းစီးနေစဉ်သူမ၏ကျောပိုးအိတ် ဇစ်ကိုဖွင့်လိုက်သည်။

“ ဒယ်ဒီ….. မြန်မြန်….မြန်မြန်…ကူပါအုံး..”

သူမအတွက်မွေးနေ့ကိတ်မုန့်မျှော်စင်ပြုလုပ်နေသော ရှန့်ဖန်းယွိအား ဘောပင်နှင့်စာရွက်ပေးလိုက်သည်။

"မြန်မြန်…သမီးအတွက်ဒယ်ဒီရဲ့နာမည်ကိုလက်မှတ်ထိုးပေး...”

ရှန့်ဖန်းယွိသည် အပေါ်ယံအလွှာကို အေးဆေးစွာ အပြီးသတ်လိုက်ပြီး သူမထံမှစာရွက်ကိုယူလိုက်သည်။ထိပ်ဆုံးမှသနားစရာကောင်းသောနံပါတ်ကိုကြည့်ပြီးနောက်သူကပြုံးပြလိုက်သည်။

 “ မင်းအတွက်ဒီလက်မှတ်ကိုဒယ်ဒီထိုးလို့မရဘူး. ကျန်းရွှိသိသွားရင် ဒယ်ဒီ ဆိုဖာပေါ်မှာ ထပ်အိပ်ရလိမ့်မယ်...”

“ ဒယ်ဒီ…ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ… ဒယ်ဒီကအကောင်းဆုံးပဲ…နော်... ” 

သူမသည် ရှန့်ဖန်းယွိ၏ င်္အကျီလက်စကိုဆွဲကာ ရယ်ပြသည်။

 “ ပါပါး ပြန်မလာခင် အခုလက်မှတ်ထိုးပေးပါ….ဒီနေ့သမီးရဲ့ ၁၂နှစ်မြောက်မွေးနေ့ပဲဟာ…သမီးအဆူခံရတာကို မြင်ချင်လို့လား… ပါပါးရဲ့စိတ်ကောင်းကို ဖျက်ဆီးချင်လို့လားလို့..."

“ ဒယ်ဒီ့ကိုအပြစ်ဖြစ်အောင်မလုပ်ပါနဲ့ …ဒယ်ဒီလုံးဝလက်မှတ်ထိုးမှာမဟုတ်ဘူး... ”

ရှန့်ဖန်းယွိက လုံးဝငြင်းဆန်နေခဲ့သည်။

“ ဒယ်ဒီ……"

သမီးလေးသည် ရှန့်ဖန်းယွိ၏လက်မောင်းကို အတင်းဆွဲလှုပ်နေလေသည်။

 “ဒယ်ဒီ…သမီးကို ဒီတစ်ခါပဲ လက်မှတ်ထိုးပေးပါ… ဒါနောက်ဆုံးပါပဲ ကတိပေးတယ်လို့…နော်... နော်... ”

“မင်း ဒယ်ဒီ့ကိုလှည့်စားနေတာပါ…ကျန်းမူရှန့်… သမီးနဲ့နောက်ဆုံးတခေါက်က ကိစ္စတောင် မဖြေရှင်းရသေးဘူး. နောက်ထပ် အဲဒီတုန်းကဘာလဲ ... အိုး… အပင်များနေ့လေ….သမီးပဲ အဲဒီနေ့က ဒယ်ဒီတို့ရဲ့ အမိမြေရဲ့ ပန်းလေးတွေကိုကာကွယ်ရမယ်လို့ပြောပြီး အပင်များနေ့မှာကျန်းရွှိဆူတာမခံချင်ဘူးဆိုလို့ ဒယ်ဒီ လက်မှတ်ထိုးပေးခဲ့တယ်လေ.. အဲ့မှာမင်းအဖိုးက ထုတ်ပြောလိုက်တော့ မင်းပါပါးက ဒယ်ဒီ့ကို သုံးရက်နဲ့သုံးညများစကားမပြောတော့ဘူးလေ… သူ့ကိုကူဖျောင်းဖျပေးဖို့ သမီးကိုအကူအညီတောင်းခဲ့ပေမယ့်လည်း သမီးမလုပ်ပေးခဲ့ဘူးလေ..."

“သမီး ဖိုးဖိုးနဲဖွားဖွားကို နောက်ထပ်စာမေးပွဲဖြေခဲ့တဲ့အကြောင်း လုံးဝမပြောဘူး…ကတိ... ” 

သမီးလေးက အပြုံးနှင့်ပြောသည်။

ရှန့်ဖန်းယွိ - “ ... ”

“ ပြီးတော့ ... သမီးသူ့ကို ဖျောင်းဖျဖို့ ဒယ်ဒီ့အတွက်ကူညီခဲ့ပါသေးတယ်…ဒါပေမယ့် ပါပါးက သမီးကိုမေးခွန်းတွေများကြီးနဲ့အပြစ်ထပ်ပေးခဲ့တာ…သူက သမီးအဲ့ဒါတွေ မပြီးမချင်း သူ့ကိုစကားပြောရဘူးလို့ ပြောလို့ပါဆို ”

သမီးလေးက နှုတ်ခမ်းစူကာပြောသည်။

ရှန့်ဖန်းယွိက သက်ပြင်းချသည်။

"အခုမှ ရက်နည်းနည်းပဲရှိသေးတယ်လေ…နောက်တစ်ခါရော သမီးရဲ့ဆင်ခြေကဘာလဲ…ချင်းမင် ပွဲတော်ကိုရော အဲဒီ ကံမကောင်းတဲ့စာမေးပွဲအမှတ်အတွက် အသုံးချမှာလား…ဒါမှမဟုတ် ဒီလိုအမှတ်နည်းနည်းရအောင်ကြိုးစားခဲ့ရတာဆိုပြီး အလုပ်သမားနေ့ကို ခုတုံးလုပ်အုံးမှာလား..."

“ ဒယ်ဒီက သမီးအတွက် ဆင်ခြေပေးစရာတွေ ကူညီပြီးပါပြီ…ဒယ်ဒီက အရမ်း တွေးတတ်တာပဲ...” 

သမီးလေးက မျက်နှာချိုသွေးကာ မြှောက်ပြောသည်။

ရှန့်ဖန်းယွိက သူမအားခေါင်းညိတ်ပြလိုက်သည်။သူမ၏ရည်ရွယ်ချက်များကိုလည်းမြင်သည်။

 “ သမီးရဲ့စာရွက်ကိုလက်မှတ်ထိုးစေချင်တာမဟုတ်ဘူး…တစ်ခုခုမှားသွားရင် သမီးနဲ့အတူ ဒယ်ဒီ့ကို အပြစ်မျှခံစေချင်နေတာမလား... ”

မြေခွေးကြီးသည် မြေခွေးပေါက်စလေး၏ ရည်ရွယ်ချက်များကို ဖော်ထုတ်ခဲ့သည်။ သူမသည် အားနာပါးနာနှင် သွားဖြဲ၍ ရယ်ပြသည်။

 “ပြီတော့…ဒယ်ဒီက ပါပါးကိုချော့တာ သမီးထက်ပိုတော်တယ်လေ... ”

ရှန့်ဖန်းယွိ ခေါင်းကိုခါလိုက်ကာ ကျန်းရွှိ၏နာမည်ကိုစာရွက်ပေါ်တွင် လက်မှတ်ထိုးပေးလိုက်သည်။

“ ယူသွား...”

သမီးလေးသည် စာရွက်ကိုစိတ်လှုပ်ရှားစွာကိုင်လိုက်ပြီး ရှန့်ဖန်းယွိအားဖက်လိုက်သည်။

 “ ကျေးဇူးတင်ပါတယ် ဒယ်ဒီ...”

ရှန့်ဖန်းယွိ သည်သူသမီး၏နောက်ကျောကိုစိုးရိမ်သောအမူအရာဖြင့်ကြည့်နေပြီး သူ၏နဖူးကိုပွတ်သပ်လိုက်ကာသူမ၏အခန်းထဲမှထွက်လာသည့်ခုန်ဟုန် စောင်းအသံကိုနားထောင်နေခဲ့သည်။

သူတို့၏မျိုးရိုးဗီဇသည် အလွန်စွမ်းရည်ပြည့်ဝနလွန်း၍သော်လည်းကောင်း၊ သန္ဓေပြောင်းလဲခြင်းကြောင့်လည်းကောင်း သို့မဟုတ် အခြားအကြောင်းပြချက်များကြောင့် လည်းကောင်း သူတို့၏သမီးဖြစ်သူသည် သူတို့၏ ကောင်းမွန်သောယှဉ်ပြိုင်လိုစိတ်အရည်အသွေးများကိုအမွေမဆက်ခံခဲ့ပေ။ ငယ်ရွယ်စဉ်က သူသည်မိမိကိုယ်ကိုမည်သို့ ပြန်လည်ချိန်ညှိရမည်ကိုလေ့လာခဲ့ပြီးဖြစ်သော်လည်း သူသည် တစ်နေ့ပြီးတစ်နေ့ မည်သည့်အရာကိုမျှ ဂရုမစိုက်ပုံပေါ်လာသည်။

သူမ၏အဆင့်များမှာ ကောင်းသည်လည်းမဟုတ်…ဆိုးသည်လည်းမဟုတ်…။ အတန်းထဲတွင် ပုံမှန်သာဖြစ်သည်။ သူမသည်သူမကိုယ်ကိုကျေနပ်ရောင့်ရဲသော်လည်း ကျန်းရွှိ က သူမအဆင့်များအား ကြည့်၍ ဒေါသထွက်လိမ့်မည်။

ကျန်းရွှိ ပြောသည့်အတိုင်း။

 “ အကယ်၍ ငါစာမေးပွဲမှာ အိပ်ပျော်သွားရင်တောင် ဒါမှမဟုတ် စာလုပ်နေတုန်း အိပ်နေရင်းလမ်းထလျှောက်ရင်တောင် ငါအဲ့လောက်ထိအမှတ်နည်းနည်းပဲ ရမှာမဟုတ်ဘူး..."

သို့သော် ကံကောင်းထောက်မစွာပင် သမီးလေးတွင် သူရသောဘာသာရပ်တစ်ခုရှိနေသေးသည်။ သူမက အင်္ဂလိပ်စာ အလွန်တော်သည်။

သမီးလေး သူငယ်တန်းတက်နေစဉ်က သူမသည် အင်္ဂလိပ်စာအရည်အချင်းကိုပြခဲ့သေးသည်။ သူမအနည်းငယ်ကြီးပြင်းလာ၍စကားလုံးများပိုမိုနားလည်သောအခါ သူမ၏ဖခင်နှစ်ဦးသည် သူမအနေနှင့်ကြားရန်မသင့်လျော်သောအရာများနှင့် ပတ်သက်၍ ပြောဆိုသောအခါအင်္ဂလိပ်ဘာသာသို့ပြောင်း၍ ပြောခဲ့သည်။ မမျှော်လင့်ဘဲတစ်နေ့တွင် ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သည် အနားယူ၍ သူတို့အတွက်အားလပ်ချိန်ယူကြရန် ဆွေးနွေးနေချိန်တွင် သမီးလေးက ကြားဖြတ်ဝင်၍ သူတို့အားလပ်ချိန်တွင် သူမအား အဘယ့်ကြောင့် အပြင်ခေါ်၍မဆော့ခိုင်းသနည်းဟု မေးခဲ့သည်။

သူတို့သည် သမီးလေး၏ အသံကိုကြားသောအခါ တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်လိုက်ပြီး သူတို့မသင့်လျော်သောစကားများမပြောခင် သူမစောစောစီးစီးကြားဖြတ်ဝင်ပြောလိုက်သဖြင့် စိတ်သက်သာရာရသွားကြသည်။

ကျန်းရွှိ နှင့် ရှန့်ဖန်းယွိတို့သည် သူငယ်တန်းတွင်အင်္ဂလိပ်စာတစ်ခါမျှမသင်ယူခဲ့ဖူးသော သမီးလေးက သူတို့၏စကားပြောဆိုမှုများကိုမည်သို့နားလည်နေကြောင်းမသိခဲ့ပေ။ သူမမွေးဖွားကာစတွင် အင်္ဂလိပ်စာပေများစွာကိုကြားနေခဲ့ရပြီး သူမ၏မသိစိတ်တွင်အမြစ်တွယ်နေခြင်းကြောင့်ဖြစ်မည်ဟုသာ သူတို့တွေးနိုင်သည်။

သမီးလေး မူလတန်းကျောင်းကိုစတက်သောအခါ ကျန်းရွှိ သည် သူမအတွက် မျှော်လင့်ချက်ကြီးကြီးမားမား များရှိခဲ့သည်။ သို့သော်သူသည်နောက်ပိုင်းတွင်သူမကထိပ်တန်းကျောင်းသားမဟုတ်ကြောင်း သဘောပေါက်သွားသည်နှင့် သူမအတွက်အပေးအယူ ချမှတ်ခဲ့သည်။ သူမ မည်သည့်ဘာသာရပ်တွင်မဆို အမှတ်၈၀ ရထားလျှင် စာမေးပွဲကိုပြန်လည်ပြင်ဆင်ရန်မလိုအပ်ပေ။ အကယ်၍ သူမသည်အမှတ် ၈၀ အောက်သာရခဲ့ပါလျှင် ထိုပုံစံတူမေးခွန်းမျိုး အခု၃၀ ပြန်ဖြေရမည်ဖြစ်ပြီး သူကိုယ်တိုင်စစ်ဆေးလိမ့်မည်ဖြစ်သည်။

သမီးလေးသည်အပိုပုစ္ဆာများကို လုပ်ရန် အမြဲတွန့်ဆုတ်နေခဲ့သည်။ကံကောင်းထောက်မစွာပင် သူမသည်တရုတ်၊ သင်္ချာနှင့်အင်္ဂလိပ်ဘာသာတို့၏ အဓိကသင်တန်းသုံးခုကိုသာယူနေဆဲဖြစ်သည်။ သို့သော် သူမသည် အထက်တန်းပထမနှစ်တွင် အတန်းများစွာယူရမည်ဖြစ်ကြောင်းကြားခဲ့သည်။ ထိုအတွေးနှင့်ပင် သူမကိုခေါင်းကိုက်စေသည်။

ကျန်းရွှိ ပြန်လာသောအခါ ရှန့်ဖန်းယွိသည် ညစာချက်ပြုတ်ပြီးသွားပြီ။ သူသည်ဂီတ၏အသံကိုကြားသောအခါ မေးလိုက်သည်။

 “ သူအခု ခုန်ဟုန်တီးနေတာလား... ”

“ အင်း…သူ နေ့တိုင်းအဲ့အကြောင်းပဲတွေးနေတာလေ.. ”

ရှန့်ဖန်းယွိကပြန်ဖြေသည်။

သမီးလေးသည် ပထမတန်းတွင် ခုန်ဟုန် ( ရှေးဟောင်းတရုတ်စောင်း ) တီးနည်းကိုစတင်လေ့လာခဲ့သည်။ ကျုံးလန်၊လင်းကျန် တို့နှင့် အတူကစားသောအခါ လင်းကျန် သည် သူမ၏ ခုန်ဟုန်တီးနေသည်ကိုတွေ့ရလေ့ရှိသည်။

ခုန်ဟုန် သည်သမိုင်းတွင်ကြာမြင့်စွာတိမ်မြုပ်နေခဲ့ပြီးခေတ်သစ် ခုန်ဟုန်သည် ကြိုးနှစ်ချောင်းတည်းဖြင့် တူရိယာလက္ခဏာများကိုပေါင်းစပ်ထားသည့် အသစ်ပြုပြင်ထားသော ခေတ်သစ်တူရိယာတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၃၀ မှ ၄၀ ကြာမျှ တိုးတက်နေဆဲဖြစ်ပြီး အတော်အတန်ကောင်းမွန်သောကိရိယာတစ်ခုဖြစ်သည်။

လင်းကျန် သည်မူလက ဂူကျန်း (တရုတ်နိုင်ငံ၏ကြိုးတပ် ဒုံမင်းတစ်မျိုး ) ကိုလေ့လာခဲ့ပြီးနောက်ပိုင်းတွင် ခုန်ဟုန် သို့ပြောင်းခဲ့သည်။ ဘွဲ့ရပြီးနောက်တွင် သူသည် လူသိပ်မသိသောတူရိယာများ၏ ဆရာအနည်းစုထဲမှတစ်ဦး ဖြစ်လာခဲ့သည်။

သမီးလေးသည် လင်းကျန် စန္ဒရားခန်းတွင်လေ့ကျင့်နေသည်ကိုတွေ့သောအခါ သူမ၏မျက်လုံးများပြူးကျယ်သွားသည်။ လူတစ်ရပ်စာမျှမြင့်သော ခုန်ဟုန်သည် ထူးခြားသောပုံသဏ္ဍာန်နှင့် ထွင်းထုထားပြီး လင်းကျန်သည်ကြိုးများကိုလှပစွာ တီးခတ်နေကာ ရှင်းလင်းပြတ်သားသောသံစဉ်များကိုဖန်တီးနေသည်။

နှစ်အနည်းငယ်အရွယ်မျှသာရှိသေးသော ကလေးငယ်အတွက် ထိုအရာသည်မယုံနိုင်လောက်အောင် အံ့ဩဖွယ်ကောင်း၍ ဆွဲဆောင်မှုရှိသောအတွေ့အကြုံသာဖြစ်သည်။ ထိုနေ့တွင်သူမသည် ဖခင်နှစ်ဦးကိုချက်ချင်းရှာဖွေကာ ထိုတူရိယာတီးနည်းကို သင်ယူရန်နားပူနားဆာလုပ်ခဲ့သည်။

သူမလေ့လာလိုကြောင်းကြားသောအခါ ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သည် လင်းကျန် နှင့်စကားပြောခဲ့ပြီး သမီးလေးအား သူမ၏ အတန်းသို့ပို့ကာ တူရိယာကိုမည်သို့တီးရမည်ကို သင်ယူစေခဲ့သည်။ အစပိုင်းတွင် မည်သူမျှ ထိုကိစ္စကို အလေးအနက်မထားခဲ့ပေ။ နောက်ဆုံးတွင်ထိုအသက်အရွယ်ရှိကလေးများသည်ခန့်မှန်းရခက်ပြီး မည်သည့်အရာနှင့်မဆို အတည်တကျသင်ယူဖြစ်ရန်ခက်ခဲသည်။ သို့သော် သမီးလေးသည် ထိုသင်ယူမှုနှင့် ပတ်သက်၍ ပိုမိုစိတ်အားထက်သန်လာလိမ့်မည်ဟုသူတို့မမျှော်လင့်ခဲ့ပေ။ ဆွေးနွေးကြပြီးနောက် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည် သမီးလေးကိုအိမ်တွင်လေ့ကျင့်ရန် ခုန်ဟုန်တစ်လက်ကိုဝယ်ယူပေးခဲ့သည်။

လင်းကျန်နှင့်မတွေးမီက…ဆရာဝန်နှစ်ဦးမှာ ထိုတူရိယာအမျိုးအစားကို တစ်ခါမျှမမြင်ဖူးပေ။ သို့သော်သူတို့သည် သမီးလေးနှင့်အတူလင်းကျန် အတန်းသို့လိုက်ပါသည့်အခါတိုင်း သူတို့သည်မှားယွင်းသောတူရိယာကို ၀ယ်ခဲ့ခြင်း ဟုတ်မဟုတ် သိချင်သွားကြပြန်သည်။

သူတို့၏အိမ်နီးချင်း ကျန်းလေ့သည် ချည်ကြိတ်စက်ရုံမှ စက်ရုံလုပ်သားတစ်ယောက်ဖြစ်သည်။ သူသည် သမီးလေး၏ခုန်ရုန် တီးသံကိုကြားသည့်အခါ နတ်သမီးဂီတသံကဲ့သို့ ပင်ဖြစ်ကြောင်း ပြောပြသည်။ သူတို့သည် ထိုနာကျင်စရာ ဘဝကိုတစ်နှစ်နီးပါးခံနိုင်ရည်ရှိခဲ့ကြသော်လည်း သမီးလေး၏ အနုပညာစွမ်းရည်သည် နောက်ဆုံးတွင် ပေါ့ပေါ့တန်တန်အဆင့်မှ ရိုးရှင်းသောလေ့ကျင့်ခန်းအချို့ကိုကျွမ်းကျင်စွာ တီးခတ်နိုင်သည်အထိပြောင်းလဲလာခဲ့သည်။ ဖခင်နှစ်ဦးသည်နောက်ဆုံးတွင်သူတို့၏နားကြပ်များကိုချွတ်လိုက်ကြပြီး မျက်ရည်များစီးကျခဲ့ကြသည်။

ရှန့်ဖန်းယွိသည် သမီးလေးကသူ့အားပြခဲ့သော စာမေးပွဲ ရလဒ်အကြောင်းတွေးကာတူရိယာ၏ သာယာ၍ စည်းချက်ကျသော ဂီတသံကိုနားထောင်ရင်း ကျန်းရွှိအားပြောလိုက်သည်။

“ အကယ်၍ သူတကယ် စာလေ့လာတာကိုမကြိုက်ရင်လည်း သူ့ကို အရမ်း မတင်းကြပ်နေပါနဲ့…အနာဂတ်မှာ သူဂီတကျောင်းကိုသွားတာက အရမ်းကောင်းမှာပါ... ”

“ သူ လပြည့်ညပါတီတုန်းက သီချင်းဖွင့်စက်တစ်ခုကိုင်ထားတာမှတ်မိတယ်…သူ့မှာ တကယ်အရည်ချင်းရှိတာလည်း ဖြစ်နိုင်တယ်လေ.. ”

ရှန့်ဖန်းယွိ သည် သမီးလေး ၏အိပ်ခန်းတံခါးကိုကြည့်နေသည်။ 

“ လင်းကျန်က ဝင်ခွင့်စာမေးပွဲတွေအတွက် ဒီလိုတူရိယာမျိုးကိုရရင် ပိုပြီးလွယ်ကူမယ်လို့ပြောခဲ့တယ်... ”

ကျန်းရွှိက တစ်ခုခုမှားနေသည်ဟုခံစားခဲ့ရပြီး ချက်ချင်းမေးသည်။

“ သူနောက်ထပ်စာမေးပွဲဖြေခဲ့သေးလား ”

ရှန့်ဖန်းယွိ- "မဖြေပါဘူး… လုံးဝပဲ... ”

ကျန်းရွှိကသူ့အား အဓိပ္ပာယ်အပြည့်နှင့်ကြည့်လိုက်သည်။သို့သော် သမီးလေး၏မွေးနေ့ဖြစ်သောကြောင့် ဒီတိုင်းထားလိုက်ရန်ဆုံးဖြတ်လိုက်သည်။

ညစာစားချိန်နီးကပ်လာသည်နှင့်အမျှ ဧည့်သည်များစတင်ရောက်ရှိလာသည်။ သူ၏အိမ်ဟောင်းတွင်နေထိုင်သော ကျန်းရွှိ၏မိဘများက အရင်ဆုံးရောက်ရှိလာကြသည်။

သူတို့၏အိမ်နီးချင်းများဖြစ်သော ကျုံးလန်နှင့်လင်းကျန်တို့သည် ရှန့်ဖန်းယွိက သူ၏ဆိုရှယ်မီဒီယာပေါ်တွင်တင်ခဲ့သော အစားအသောက်များအပြည့်နှင့်စားပွဲကိုမြင်ခဲ့ပြီး ဆာလောင်မွတ်သိပ်စွာ အပြေးလာခဲ့ကြသည်။

ရှန့်ဖန်းယွိ၏မိဘများနှင့် အစ်ကိုသည် သူတို့နှင့် ဝေးရာတွင်နေထိုင်သောကြောင့် မလာနိုင်သော်လည်း သမီးလေးအတွက် လက်ဆောင်များစွာပေးပို့ခဲ့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က အမေဖြစ်သူရှန့် အိမ်ပြန်ရောက်ပြီးနောက် သူမသည် ရှန့်ဖန်းယွိအား ထိုကလေးဘယ်ကရလာသည်ကိုမမေးမြန်းမီ ရက်အနည်းငယ်မျှကြအောင် သူမစဉ်းစားခဲ့သည်။ ကျန်းရွှိ၏ထင်မြင်ချက်ကိုမေးမြန်းပြီးနောက် ရှန့်ဖန်းယွိကသူမအားအမှန်တရားကိုပြောပြလိုက်သည်။ ဖုန်း၏တစ်ဖက်တွင် ရှန့်ပိုင်ဟန်သည်လည်း ထိုသတင်းကိုကြားပြီးနောက် အသံတိတ်သွားပြီး ညီအစ်ကိုနှစ်ဦးစလုံးသည်ဖုန်းထဲတွင် အသံတိတ်နေခဲ့ကြသည်။

အချိန်ကြာကြာအသံတိတ်နေပြီးနောက် ရှန့်ပိုင်ဟန်ကနောက်ဆုံးတွင် ပြောလိုက်သည်။

“ မင်းတို့တွေကောင်းကောင်းအဆင်ပြေနေတာပဲ…အကယ်၍ မင်းတို့ဘာအခက်အခဲပဲကြုံကြုံ…မင်းရဲ့အစ်ကိုနှင့်မိဘတွေက ကူညီပေးမှာပါ..."

နောက်ပိုင်းတွင် အမေဖြစ်သူရှန့်က သမီးလေးကိုသူတို့အိမ်သို့ ခေါ်လာနိုင်ခြင်းရှိမရှိ ခဏခဏမေးမြန်းခဲ့သည်။ သို့သော်ထိုအချိန်က သူတို့အိမ်သည်အလွန်သေးငယ်ပြီး ကျန်းရွှိ၏မိဘများသည် သမီးလေး နှင့်ပိုမိုရင်းနှီးကြသည်။ ထို့ကြောင့် သူ၏ ဇာတိမြို့သို့ပြန်ရန် တွန့်ဆုတ်နေခဲ့သည်။ ရှန့်ဖန်းယွိကငြင်းဆန်ခဲ့သော်လည်း ဆောင်းရာသီနှင့်နွေရာသီအားလပ်ရက်များတွင် သမီးလေးအား သူ၏မိဘများနှင့်အစ်ကိုထံသို့ ပြန်၍ လည်ပတ်စေခဲ့သည်။

အရွယ်ရောက်သူများ၏ လူမှုကျင့်ဝတ်သည်သူတို့အတိတ်ကာလကမည်သည့်မကျေနပ်မှုမျိုးရှိပါစေ ကလေးများကိုရှေ့တွင်ဖုံးကွယ်ထားကြလိမ့်မည်ဖြစ်သည်။

နှစ်ပေါင်းများစွာကြာ မိသားစုနှစ်စုသည်ဆွေမျိုးများကဲ့သို့အတူတူလျှောက်လှမ်းခဲ့ကြပြီး သူတို့သည်သဟဇာတဖြစ်နေကြဆဲပင်ဖြစ်သည်။

မှန်သည်။ သမီးလေးသည် ရှန့်ဖန်းယွိ၏ အစ်ကိုကအလယ်တန်းကျောင်းဝင်ခွင့်စာမေးပွဲဖြေရာတွင်
သူမအတွက်ရွေးချယ်ထားသောလေ့ကျင့်ခန်းစာအုပ်များကိုဖွင့်ကြည့်လိုက်သောအခါ သူမသည် ထိုသို့ခံစားရမည်မဟုတ်ပေ။

နှိုင်းယှဉ်ကြည့်လျှင် ကျုံးလန်ပေးခဲ့သော ဂါဝန်လေးနှင့် လင်းကျန်မှပေးသောဂီတစာအုပ်များက သမီးလေးကို ပို၍ စိတ်ကျေနပ်စေသည်။

သမီးလေး လက်ဆောင်များကိုဖြည်ပြီးနောက် ကျုံးလန်ကဟင်းလျာများနှင့်ပြည့်နေသောစားပွဲကိုကြည့်သည်။

 “ ထန်ခယ်နဲ့ တခြားလူတွေက ဘာလို့မရောက်သေးတာလဲ.."

“ ငါတို့ဒီမှာ…ငါ ယွီဆန်းကိုခေါ်ဖို့သွားတဲ့အချိန်မှာ ကားပိတ်နေလို့ လမ်းပေါ်မှာအချိန်ကြာကြီး စောင့်ခဲ့ရတာ... ”

ထန်ခယ် တံခါးကိုဖွင့်၍ လူစုလူဝေး၏နောက်မှလိုက်လာသည်။ ယွီဆန်း၊ဝူရွေ့နှင့် ကျန်းချန်တို့ပါရောက်လာကြပြီး သူတို့သည်လက်ဆောင် အသေးအကြီး များစွာသယ်လာကြကာ ဖိနပ်ပြောင်းစီးသည့်ဝင်ပေါက်တွင် စုပြုံနေကြသည်။

သမီးလေးက သူတို့အား ချိုသာစွာနှုတ်ဆက်ပြီး ဦးလေးတို့အုပ်စုကို ၀မ်းသာအားရဖြစ်စေကာ သူတို့၏အပြုံးများသည်လည်း စိတ်ရင်းမှန်သာဖြစ်ကြသည်။