အပိုင်း (၃၂၂) (Extra-9) Final
Viewers 31k

Chapter 322 

(Extra 9)


သူတို့ အိမ်ပြန်ရောက်ချိန်တွင် ဝမ်လေးက မူကြိုမှပြန်ရောက်လာပြီဖြစ်သည်။ သူက ကော်ဇောပေါ်တွင်ထိုင်ရင်း သင်္ချာပုဒ်စာအနည်းငယ်ကို ဖြေရှင်းနေသည်။ သူ့မိဘများပြန်လာသည်ကိုမြင်သည်နှင့် ခဲတံချကာယွမ်ရှ ရင်ခွင်ထဲ ပြေးဝင်လေတော့သည်။


"မာမားသာ ဒီ့ထက်အိမ်ပြန်နောက်ကျရင် သားက မာမားကိုဖုန်းခေါ်တော့မလို့...."


စုန့်ထင်ရှန်းနှင့် ဝမ်လေး၏နာမည်က သူမဖုန်းခေါ်ဆိုမှုမှတ်တမ်းတွင် အများဆုံးနာမည်များဖြစ်ကြသည်။ ဝမ်လေးတွင် ဖုန်းနာရီရှိလေရာ သူ့တွင် သူတွင်အတန်းမရှိပါက သူ့မာမားကိုသတိရချိန်တိုင်းတွင် သူမကိုဖုန်းခေါ်လေ့ရှိသည်။ သူက မူကြိုမှ ကျွေးသည့်ဟင်းများကို မကြိုက်ကြောင်းနှင့် သူ့သူငယ်ချင်းများကြားမှ အသေးအဖွဲ အငြင်းပွားမှုများကို ပြောပြလေ့ရှိသည်။ ခပ်တိုတိုပြောရလျှင် ဝမ်လေးက သူတို့မိသားစုလေးထဲတွင် ဖုန်းခေါ်ဆိုမှုအများဆုံးလူဖြစ်သည်။


သူက ဖုန်းခေါ်တိုင်းလက်ဖွာလေသည်။ သူမူကြိုတွင်ရှိစဉ်၌ သူ့မိဘများကိုဖုန်းခေါ်ပြီး အိမ်တွင်ရှိစဉ်၌ သူ့သူငယ်ချင်းများကို ဖုန်းခေါ်သည်။ သူက သူနှင့်နီးစပ်သော လူများကို ဖုန်းခေါ်ရင်း အလွန်အလုပ်များလေ့ရှိသည်။


ညစာစားချိန်တွင် ဝမ်လေးက ဘယ်တော့မှ စကားပြောမရပေ။ နေ့တိုင်းမူကြိုတွင် ကြုံတွေ့ရသော အရာများကို သူ့မိဘများကို ပြောပြပေသည်။ စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့က စိတ်ရှည်ရှည်နားထောင်ပေးပြီး တစ်ခါတစ်ရံတွင် မေးခွနိးလေးများ ပြန်မေးလေ့ရှိသည်။ မိဘနှစ်ပါးက ထိုအချိန်လေးများကို အလွန်သဘောကျကြလေသည်။


ယွမ်ရှက တစ်ခါတစ်ရံတွင် သူမတို့က စာအုပ်ကမ္ဘာထဲတွင်နေထိုင်နေပြီး အဓိကဇာတ်လိုက်များမဟုတ်ကြကြောင်း သတိရမိတတ်သည်။ သူတို့ဘဝတွင် အတက်အကျမရှိနေပေ။ ချင်ယွီနှင့် စုန့်ကော်ပိုရေးရှင်း၏ ဒေဝါလီခံချိန်ကို ဖြတ်ကျော်နိုင်ခဲ့၍ အရာရာတိုင်းက တည်ငြိမ်အေးချမ်းနေလေသည်။ 

ဘဝက အဲ့လိုဖြစ်သင့်တာပဲမလား...


သူမကိုယ်သူမ ဤကမ္ဘာနှင့် သက်ဆိုင်ကြောင်း ခံစားနေရသည်မှာ ကြာပြီဖြစ်သည်။


သူမ ဒုတိယကလေးမလိုချင်သည့် အဓိကအကြောင်းပြချက်မှာ ရိုးရှင်းလှပေသည်။ လူဆိုသည်မှာ တစ်ကိုယ်ကောင်ဆန်သူများချည်းသာဖြစ်သည်။ ဝေ့ပေါ်ရှိ ဆရာကြီးများနှင့် ကီးဘုတ်စစ်သည်များ၏ပါးစပ်ဖျားတွင် သူမကလေးမလိုချင်သည်က ပိုလွန်းသည်ဟု ဆုံးဖြတ်ချက်ချကြပေမည်။ သို့သော် သူမက ကိုယ်ဝန်ဆောင်ရ ကလေးမွေးရသော ကိစ္စကိုစိတ်မဝင်စားပေ။ သူမစုန့်ထင်ရှန်းနှင့် ဆက်ဆံရေးကောင်းမွန်နေသော်လည်း သူမ၏အတွေးက မတုန်မလှုပ်ပင်ဖြစ်သည်။ သင်ချစ်သည့် ယောက်ျားနှင့် ကလေးယူရမည်ဟူသော အကြံများနောက်သို့ မျက်ကန်းပမာလိုက်မည့်သူများထဲ သူမမပါပေ။


သူမတွင် ကလေးမယူရသည့် ဒုတိယ အကြောင်းပြချက်ရှိသော်လည်း ထိုအကြောင်းကို မည်သူ့ကိုမှ ပြောပြမည်မဟုတ်ပေ။


သူမက ဤကမ္ဘာကိုမတော်တဆရောက်လာခဲ့ရပြီး ယောက်ျားနှင့် ကလေးပါရှိနေသည်။ ၎င်းက တိုင်းပြည်ခွဲဝေသတ်မှတ်လိုက်သလိုပင်။ သူမတွင်ရွေးချယ်စရာမရှိသလို ငြင်းဆို၍လည်းမရပေ။ ဤကိုးရိုးကားရားခံစားချက်က သူမကိုဗိုက်ပင်အောင့်စေသည်။


 ဝမ်လေးအတွက် သူမက အမေအရင်းဖြစ်သည်။ စုန့်ထင်ရှန်းအတွက် သူမက သူ့ကလေး၏အမေဖြစ်သည်။ သူတို့က ဤခန္ဓာကိုယ်ထဲတွင် အခြားလူ၏ဝိဉာဉ်ဝင်နေမှန်း မသိကြပေ။


လူသားများ၏သဘာဝက ရှုပ်ထွေးလှသည်။ သူမတွင် စုန့်ထင်ရှန်းနှင့်ကလေးရှိလာလျှင် ဝမ်လေးအပေါ်ထားသည့်အချစ် မပြောင်းလဲမည်လား ကိုယ့်ကိုယ်ကိုယ်မသိပေ။ သူမ၏ဝမ်လေးအပေါ်အချစ်များက သူမတို့၏နေ့စဉ်ဆက်ဆံမှုများကြောင့် တိုးပွားလာခဲ့ခြင်းဖြစ်သည်။ 


အကယ်၍ သူမသာကိုယ်ဝန်ဆောင်ပြီး ခန္ဓာကိုယ်တစ်ခုတွင် နှလုံးခုန်သံနှစ်ခုဖြစ်သွားပါက ထိုကလေး၏တည်ရှိမှုကိုသိသည်နှင့် သူ့ကိုသာပုံအောချစ်မိသွားပေလိမ့်မည်။ သူမ ကလေးနှစ်ယောက်ကို မျှမျှတတ်ချစ်နိုင်လိမ့်မည်လား မသေချာပေ။


ယွမ်ရှက ဝမ်လေးကိုအိပ်ရာဝင်ပုံပြင်ပြောပြနေသည်။ သူ့ဘေးနားတွင်လှဲလျောင်းရင်း သူလေးတဖြေးဖြေးအိပ်ငိုက်လာသည်ကို စောင့်ကြညိ့နေသည်။ သူ့မျက်လုံးများက တဖြေးဖြေးမှိတ်သွားသည်။ ယွမ်ရှပြုံးလိုက်ပြီး သူ့နှဖူးလေးပေါ်အနမ်းခြွေလိုက်သည်။


လူ့သဘာဝက ရှုပ်ထွေးလှပြီး လူ့စိတ်ကမသေချာဘူး....


သားက မာမားရဲ့သား... မာမားရဲ့တစ်ဦးတည်းသောကလေး.... မာမားရဲ့မိခင်မေတ္တာတွေအားလုံး သားကိုပဲပေးမယ်...


"ကောင်းသောညပါ မာမားရဲ့ပေါင်ပေ့လေး..."


...............

 ပြီးပါပြီ❤💃