Chapter 7
Viewers 1k

အပိုင်း ၇

 

 

နောက်ဆုံးတွင် စုကျီဆွေ့ မျက်ရည်များဖြင့် တောင်းပန်သောအခါ၊ စုပါးပါးနှင့် စုမားမားတို့က စိတ်ရှုပ်ထွေးသော်ငြားလည်း မလွန်ဆန်နိုင်ဘဲ လိုက်လျောပေးလိုက်ကြသည်။

 

တစ်ဖက်တွင်မူ အဖိုးကုသည် ရင်ဘတ်ကို ဖိရင်း၊ စိုးရိမ်သော မျက်နှာဖြင့် အသံကြမ်းကြီးနှင့် ချောင်းဟန့်လိုက်၏။ “ငါ မသေခင် မင်း စိတ်ရင်းအမှန်နဲ့ ပျော်ရွှင်တာကို မြင်သွားချင်သေးတယ်”

 

ကုယီလန်က မည်သည့်စကားမျှ မဆိုချေ။

 

ကုပါးပါးက စကားဖြတ်ပြောလိုက်သည်။

 

“သူ့ကို ဘာလို့ မေးနေရမှာလဲ? စေ့စပ်ပွဲဆိုတာ မိဘဝတ္တရားပဲလေ၊ ဘယ်လိုလုပ် ငြင်းပိုင်ခွင့် ရှိပါ့မလဲ”

 

ကုယီလန် သူ၏ ဖုန်းပေါ်မှ အချိန်ကို လှမ်းကြည့်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်သွားရန် ပြင်ဆင်နေသည်ကို မြင်သော အဖိုးကုမှာ ချောင်းဆိုးသံများစွာကို အလျင်အမြန် ဆက်တိုက် ပြုလုပ်လိုက်ရာ၊ အဆုတ်ပါ အပြင်ထွက်လာတော့မတတ်ပင်။

 

ကုယီလန် မတ်တပ်ရပ်ရန် ပြင်ဆင်နေသည့် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး၊ ပူနွေးနေဆဲဖြစ်သော လက်ဖက်ရည်ကို သူ၏ ရှေ့သို့ ‘ဒုတ်’ ဟူသည့် ကျယ်လောင်သောအသံဖြင့် ဆောင့်ချလိုက်ပြီးနောက် အေးတိအေးစက် ပြောလိုက်၏။ “လည်ချောင်း ယားရင် ရေများများ သောက်”

 

ထိုမျှ ရိုင်းပြစွာ ပြောဆိုခံရသော်လည်း အဖိုးကုက စိတ်ဆိုးခြင်း မရှိဘဲ ပြုံးပြုံးရယ်ရယ်ဖြင့် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

 

ကုပါးပါးသည်သာ မျက်မှောင်ကြုတ်၍ ကုယီလန်ကို ကြည့်လိုက်သည်။ “လည်ချောင်းက ဘာဖြစ်တာလဲ?”

 

ကုယီလန်က သူ၏ လည်စိကို ဖိလိုက်၏။ “သေသွားပြီ”

 

ကုပါးပါး : “…”

 

ကုပါးပါးက တင်းမာစွာ ပြောလိုက်သည်။ “မင်းရဲ့ ခန္ဓာကိုယ်နဲ့ အသားအရေက မိဘတွေဆီက ရတဲ့ အမွေပဲ။ အရမ်းတန်ဖိုးထားပါလို့ မပြောပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ မထိခိုက်စေနဲ့”

 

ကုယီလန် သူ၏ မျက်တောင်များကို ငုံ့ချပြီး တိတ်ဆိတ်နေသည်။

 

ကုပါးပါးက ဆက်၍ ဖိအားပေးသည်။ “မင်း အသက်က ၂၃ နှစ်ရှိနေပြီ။ မင်းမှာ ရွေးချယ်စရာမရှိဘူး။ ဒီအိမ်ထောင်ရေးကို လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ဆက်ကိုလုပ်ရမှာ”

 

ကုယီလန်က သူ၏ လက်ချောင်းထိပ်များမှ မာခဲနေသည့် အသားမာများကို တိတ်ဆိတ်စွာ ပွတ်သပ်နေသည်။

 

နောက်ဆုံးဝါကျကို ကြားမှသာ သူ၏ မျက်လုံးများကို မော့လိုက်ပြီး၊ စိတ်မပါတပါ အသံဖြင့် မေးလိုက်သည်။ “ခင်ဗျားကြီးတို့အတွက်လား?”

 

ကုပါးပါးက ကုယီလန်၏ သနားညှာတာမှုကင်းမဲ့သော ရိုးသားမှုကို အချိန်အကြာကြီး တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သော်လည်း မျက်မှောင်ကြုတ်မိပြန်သည်။ အိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် သူ၏ စကားများက အလွန် အရေးပါပြီး၊ မျိုးဆက်သစ်များက သူ့ကို ပြင်ဆင်ပေးခြင်း ခံရတိုင်း တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။ သို့သော် ဤသားတစ်ယောက်ကမူ သူ့အား အမြဲလိုလို စကားမဲ့သွားစေခဲ့သည်…

 

လေထုထဲတွင် တင်းမာမှုများ ဖုံးလွှမ်းနေ၏ ။

 

ကုမားမားက အမြန် ဖြတ်ပြောလိုက်သည်။

 

“တော်သင့်ပြီ။ မိဘတွေစကား တစ်ခါလောက် နားထောင်လိုက်။ ငါတို့က မင်းကို ထိခိုက်အောင် လုပ်နေတာ မဟုတ်ဘူး”

 

ကုယီလန်က သူ၏ မျက်လုံးများကို ကျဉ်းလိုက်ပြီး စားပွဲတစ်ဖက်ရှိ စုကျီဆွေ့ထံသို့ ကြည့်လိုက်သည်။

 

ထိုကောင်လေးမှာ အာရုံစိုက်မှု၏ ဗဟိုတွင် ရှိနေပြီး၊ ညင်သာစွာ ပြုံးလျက်၊ လက်သေးသေးလေးများကို ဝမ်းသာအားရ လက်ခုပ်တီး၍ တစ်စုံတစ်ရာကို တီးတိုးရွတ်ဆိုနေသည်။ သူ၏ ကြည်လင်သော မျက်လုံးများက စစ်မှန်သော ပျော်ရွှင်မှုဖြင့် တောက်ပနေခဲ့၏။

 

ကုမားမားက သူမ၏ သားသည် နောက်တစ်ကြိမ် စိတ်ဆိုးဒေါသထွက်လိမ့်မည်ဟု တွေးလိုက်သော်လည်း၊  ကုယီလန်က ပြောလိုက်သည်။ “ကောင်းပြီလေ၊ အတူနေတာတော့ ရတယ်။ ဒါပေမဲ့ ဆယ်ရက်ကြာပြီးတော့ သူက မလုပ်ချင်တော့ဘူးဆိုရင်၊ ဒီစေ့စပ်စာချုပ်က အပြီးတိုင် ပျက်သွားလိမ့်မယ်”

 

ကုမားမား ကျေနပ်သွားခဲ့သည်။ ယင်းက ကုယီလန်၏ ပထမဆုံးသော လိုက်လျောမှုခြေလှမ်းဟု သူမ တွေးလိုက်ခြင်းပင်။

 

သူမသည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး၊ သူမ သား၏ ပခုံးကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သော်လည်း— ကုယီလန်က သူမ၏ ထိတွေ့မှုကို တိတ်တဆိတ် ရှောင်ဖယ်လိုက်သည်။

 

သူမ၏ လက်တစ်ဖက်က လေထဲတွင် အဆင်မပြေစွာ ရပ်တန့်နေခဲ့ပြီး၊ သူမ၏ အပြုံးသည်လည်း ခေတ္တခဏ ရပ်တန့်သွားသည်။

 

မိသားစုနှစ်စုသည် အတွင်းသဘောတူညီချက်များ ရရှိခဲ့ကြသည်။ ဆွေးနွေးပြီးနောက်တွင် နှစ်ရက်အတွင်း အတူနေထိုင်ခြင်းကာလကို စတင်ရန် လျင်မြန်စွာ သတ်မှတ်လိုက်ကြ၏။

 

အိမ်သို့ ပြန်ရောက်သောအခါ စုမိသားစုက စိတ်ရှုပ်ထွေးနေကြဆဲဖြစ်သော်လည်း၊ သူတို့၏ သားအငယ်ဆုံးကို မငြင်းနိုင်တော့ပေ။ ထို့ကြောင့် သူတို့က သူ၏ ခေါင်းမာသော ညီလေးကို စည်းရုံးရန် စုမင်ယွီကို စေလွှတ်လိုက်သည်။

 

“မလုံခြုံဘူးလို့ ခံစားရရင် ကောကို မျက်တောင်ခတ်ပြလိုက်နော်” စုမင်ယွီက တံခါးကို မှီကာ ရပ်လျက်၊ ညီဖြစ်သူ အသည်းအသန် အထုပ်အပိုးများ ထုတ်ပိုးနေသည်ကို ကြည့်၍ ပြောလိုက်သည်။

 

စုကျီဆွေ့က သူ့ကို အလေးအနက် လှည့်ကြည့်လိုက်ပြီး၊ မျက်လုံးများကို ကျယ်ကျယ်ဖွင့်၍ မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ အချိန်အတော်ကြာအောင် ကြည့်ပြီးမှ နောက်ဆုံးတွင် မျက်နှာလွှဲသွားကာ ခိုးကြောင်ခိုးဝှက် မျက်တောင် တစ်ချက်ခတ်ပြလိုက်၏။

 

 

စုမင်ယွီက သူ့ကိုကြည့်၍ ရယ်လိုက်ပြီးနောက် မေးလိုက်သည်။ “အေးဆေးနေရတာ ပျင်းလို့ စွန့်စားခန်းဖွင့်ချင်နေတာလား?”

 

ထိုအချိန်တွင် စုကျီဆွေ့က ထောင့်တစ်နေရာရှိ စုတ်ပြဲနေသော သေတ္တာအဟောင်းတစ်ခုနှင့် အပြင်းအထန် ရုန်းကန်နေရသည်။ ပွန်းပဲ့နေသော ထိုသေတ္တာမှာ အခန်း၏ ခမ်းနားထည်ဝါသော ပုံစံနှင့် မလိုက်ဖက်ပေ။ ၎င်းက လျှို့ဝှက်ချက်တစ်ခုကို သေချာပေါက် ဖုံးကွယ်ထားပြီး၊ သူက - လျှို့ဝှက်နံပါတ်လော့ခ်ကို ဖွင့်၍မရချေ။ နှစ်များ၊ မွေးနေ့များ၊ ရှစ်ဂဏန်း လေးလုံးများ… ထိုအရာများထဲမှ တစ်ခုမျှ မဟုတ်ချေ။

 

သူ၏ အာရုံစူးစိုက်မှု အားလုံးသည် လျှို့ဝှက်နံပါတ်လော့ခ်ကို ဖွင့်ရန်ပေါ်တွင်သာ ရှိနေသဖြင့် သူ၏ စကားများကို မည်သို့ ရှင်းပြရမည်ကို ကောင်းစွာ မသိပေ။ စုမင်ယွီ မည်သည်ကိုပြောပြော သူက သဘောတူညီကြောင်း ခေါင်းညိတ်နေခဲ့သည်။

 

“အမှန်အတိုင်း ပြော ” စုမင်ယွီက ပြောလိုက်သည်။ သူ လုံးဝ မယုံကြည်ကြောင်း ရှင်းနေသည်။

 

“သူက… အရမ်းကောင်းတယ်” စုကျီဆွေ့ နောက်ဆုံးတွင် ထိုသေတ္တာကို ချလိုက်သည်။ အချိန်အတော်ကြာ ရုန်းကန်ပြီးမှ စကားလုံး အနည်းငယ်ကို အတင်းညှစ်ထုတ်လိုက်၏။ “Physics… အရမ်းကောင်းတယ်”

 

သူ ဆိုလိုသည်မှာ– ကုယီလန်မှာ ကြင်နာပြီး သင့်လျော်သော လူတစ်ဦးဖြစ်ကာ၊ သူ့ကို ကောင်းမွန်စွာ ဆက်ဆံသည်။ ပြီးနောက် သူတို့မှာ ဘာသာရပ်တစ်ခုတည်းကို သင်ယူကြသဖြင့် တူညီသောအရာများ ရှိနိုင်ပေမည်။ ယင်းက မှန်ကန်သည်ဟု ခံစားရသည်။

 

သို့သော် စုမင်ယွီက သဘာဝအတိုင်းပင် အထင်လွဲခဲ့သည်။ သူက ကုယီလန်သည် Physics တွင် အလွန်ထူးချွန်ပြီး သူ၏ ညီလေးအတွက် စာပြဆရာအဖြစ် လုပ်ဆောင်ပေးနိုင်သည်ဟု ယူဆလိုက်သည်။ စုကျီဆွေ့က ဆိုရှယ်လ်ကြောက်တတ်ပြီး သူတို့၏ အွန်လိုင်းသင်တန်းများပင် မပြီးသေးသည်ကို ထောက်ရှုပါက၊ အခမဲ့ဖြစ်ပြီး အိမ်တွင် နေထိုင်သည့် ပညာရပ်ဆိုင်ရာ အရင်းအမြစ်တစ်ခုက သင့်လျော်သော အပေးအယူတစ်ခုသဖွယ် ထင်ရသည်။

 

သူ၏ ညီလေးက မည်မျှ ခေါင်းမာတတ်ပြီး၊ သူ့ကို စကားပြော၍ မဖြစ်နိုင်ကြောင်းကို သိရှိသောကြောင့် စုမင်ယွီ တရားခံ အစစ်အား မက်ဆေ့ခ်ျ ပို့လိုက်တော့၏။

 

[စုမင်ယွီ: မင်း ဘာသောက်မဟုတ်တာတွေ လုပ်နေတာလဲ?]

 

[ကုယီလန်: ?]

 

[စုမင်ယွီ: မင်း ဘယ်တော့မှ လက်မထပ်ဘူးလို့ အပြတ်ငြင်းခဲ့တာ မဟုတ်လား? အခု ငါ့ညီကို သုံးပြီး မင်းရဲ့ ကတိကို ဖျက်တော့မလို့လား?]

 

[ကုယီလန်: ဒါက ယာယီ အတူနေထိုင်ရုံသက်သက်ပါ]

 

[စုမင်ယွီ: ငါ သတိပေးလိုက်မယ်နော်။ ငါ့မှာ ညီလေးတစ်ယောက်ပဲ ရှိတာ။ သူကလည်း ၁၈ နှစ်ပဲ ရှိသေးတာ။ မင်း သူ့ကို သွေးဆောင်ဖို့ ကြိုးစားရဲရင်၊ ငါ ဓားနဲ့ကို လိုက်လာခဲ့မယ်၊ ကြားလား?]

 

[ကုယီလန်: ……]

 

[ကုယီလန်: ဆယ်ရက်ကြာပြီးလို့ သူက ငါနဲ့ လက်ထပ်ဖို့ ဆက်ကြိုးစားချင်သေးတယ်ဆိုရင်၊ မင်းရဲ့ နောက်ဆုံးနာမည်ကို ယူဖို့ ငါ စဉ်းစားကြည့်မယ်]

 

စာသားများကို ဖတ်ရုံဖြင့် စုမင်ယွီတစ်ယောက် ကုယီလန်၏ လေသံထဲမှ အေးစက်စက်နိုင်ကာ ၊ သေနေသည့်အလား လှောင်ပြောင်မှုကို အမှန်တကယ် ကြားရသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းက သူ့ကို အနည်းငယ် ပို၍ စိတ်သက်သာရာ ရစေခဲ့သည်။

 

ရိုးရိုးသားသား ပြောရလျှင် သူက ညီဖြစ်သူကို နားလည်ပေးနိုင်သည်။

 

သူတို့၏ မိဘများနှင့်—သူကိုယ်တိုင်ပင်လျှင်—အမြဲတမ်း အလုပ်များနေခဲ့သည်။ သူ အိမ်ပြန်လာခဲ့သော နောက်ဆုံးအကြိမ် အနည်းငယ်တွင် စုကျီဆွေ့သည် ထောင့်တစ်နေရာတွင် ကွေးနေကာ တိတ်ဆိတ်စွာ ငေးမောနေသည်ကို သူ မကြာခဏ မြင်တွေ့ခဲ့ရသည်။ ထိုသို့သော အချိန်များတွင် သူက ထူးဆန်းသော အပြစ်ရှိသလို ခံစားချက်တစ်ခု ရရှိခဲ့၏။ ထိုသေးငယ်သော၊ အထီးကျန်နေသော ပုံရိပ်လေးမှာ အလွန်ပင် သနားစရာ ကောင်းနေခဲ့သည်။

 

ကုယီလန်အား သူ၏ ညီလေးအတွက် အခမဲ့ ပြိုင်ပွဲနည်းပြအဖြစ် ယခု အချိန်တွင် ထားလိုက်ပါတော့ဟု သူ တွေးလိုက်သည်။

 

ကျောင်းနှစ် စတင်သည်နှင့် စုကျီဆွေ့က သူ၏ အတန်းဖော်များနှင့် အဆင်ပြေလာမည်ဖြစ်ကာ၊ သူ၏ ကိုယ်ပိုင် စည်းချက်ကို ရှာတွေ့လိမ့်မည်။ ပြီးနောက် သူ့ဘဝထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ဤအေးစက်ပြီး ယုတ်မာသော စေ့စပ်ဖော်အကြောင်းကိုလည်း မေ့သွားလိမ့်မည် ဖြစ်သည်။

 

စုမင်ယွီ ညီဖြစ်သူ၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးမှုအား  ကူညီရန် လျှောက်သွားလိုက်သည်။

 

ထိုအချိန်တွင် ထောင့်တစ်နေရာ၌ရှိသော ထူးဆန်းသောအရာတစ်ခုကို သူ သတိထားမိလိုက်သည်။ နူးညံ့သောအရာများဖြစ်သည့် ခွေးပေါက်လေးများ၊ ကြောင်ကလေးများ၊ ပန်ဒါအရုပ်များနှင့် ရောင်စုံပိုစတာများကြားတွင်၊ နူးညံ့သော ကစားစရာ တစ်ခုက ဆိုးဆိုးရွားရွား ထူးခြားနေခဲ့၏။

 

သူက ကိုင်းလိုက်ပြီး ထိုထူးဆန်းသော အရာလေးကို ကောက်ယူလိုက်ရာ— ၎င်းက လက်ထိပ်ပုံစံရှိသော နူးညံ့သည့် အရုပ် ဖြစ်သည်။ ၎င်း၏ အရွယ်အစားကြီးမားသော ပဲစေ့မျက်လုံးများက သူ့ကို မိုက်မဲပြီး ချစ်စဖွယ်ကောင်းသော ပုံစံဖြင့် ငေးစိုက်ကြည့်နေသည်။

 

ချက်ချင်းဆိုသလိုပင် ဤအရာသည် မည်သည့်နေရာမှ ရောက်လာသည်ကို သူ တိတိကျကျ နားလည်လိုက်သည်။

 

 

“ဖူး—” သူ ရယ်မောလုနီးပါး ဖြစ်သွား၏။ “ဒါ ဘာကြီးတုန်း? ထောင်ထဲသွားလည်တုန်းက ရခဲ့တဲ့ အမှတ်တရပစ္စည်းလား?”

 

အဝတ်အစားများ ခေါက်နေဆဲဖြစ်သော စုကျီဆွေ့ ရပ်တန့်သွားသည်။ သူက မျက်လုံးပြူးလေးဖြင့် လှည့်ကြည့်လိုက်သည်။ သူ၏ အစ်ကိုလက်ထဲရှိ အရာကို မြင်လိုက်သည့်အခါ၊ သူက ဒေါသဖြင့် ပါးဖောင်းသွားပြီး အလျင်အမြန် ပြေးလာကာ ထိတ်လန့်တကြား လက်လှမ်းလိုက်သည်။ 

 

“ဆွေ့ဆွေ့ကို— ဆွေ့ဆွေ့ကို ပြန်ပေး…”

 

. . . . .

 

တစ်ချိန်တည်းမှာပင်၊ အိမ်တော်ထိန်းက ကုယီလန်၏နောက်တွင် ကပ်၍ လမ်းများပေါ်တွင် ရည်ရွယ်ချက်မဲ့ လမ်းလျှောက်နေရသည်။

 

ကုသခင်လေးက သူတို့ မကြာမီ ရောက်လာတော့မည့် ဧည့်သည်အတွက် ပစ္စည်းအနည်းငယ် သွားယူရန် လိုအပ်သည်ဟု ပြောခဲ့သည်။ သို့သော် အဓိက စျေးဝယ်စင်တာ သုံးခုကို ဖြတ်ကျော်သွားခဲ့သော်လည်း မဝင်ရောက်သေးသည်ကြောင့် အိမ်တော်ထိန်းက လုံးဝ စိတ်ရှုပ်ထွေးနေတော့၏။

 

ကုသခင်လေးတစ်ယောက် လမ်းပေါ်တွင် သူ့ကို ဖလစ်ဖို့ ကြိုးစားခဲ့သည့် လူငယ်တစ်ဦးကို အေးစက်စက် ဖယ်ထုတ်လိုက်သည်။ သနားစရာကောင်းသော ထိုကောင်လေးခမျာ ရှက်သွားသဖြင့် ထိုနေရာတွင်ပင် မျက်ရည်များကျခဲ့ရသည်။ ၎င်းက အလွန်ပင် မကြင်နာသော်လည်း— ကုသခင်လေး၏ ပင်ကိုယ်စရိုက်နှင့် လုံးဝ ကိုက်ညီသည်။

 

ထို့နောက် သူတို့က နောက်ထပ် စျေးဝယ်စင်တာတစ်ခုကို ဖြတ်သွားခဲ့ကြသည်။

 

ဆက်ပြီး မဝင်ခဲ့ပေ ။

 

ဟူး။

 

. . . . .

 

နောက်ဆုံးတွင် ကုသခင်လေးသည် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။

 

သူ—သူ—သူက လူကြီးဆိုင် တစ်ခုထဲသို့ တည့်တည့်မတ်မတ် လျှောက်ဝင်သွားတော့၏။

 

အိမ်တော်ထိန်း : ???

 

သူ၏ ရှေးရိုးစွဲစိတ်ဝိညာဉ်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏ မျက်မှန်ကိုပင် ပြုတ်ကျစေလုနီးပါး ဖြစ်သွားခဲ့၏ ။ သို့သော် သူက ချက်ချင်း သတိပြန်ဝင်လာပြီး သူ့နောက်သို့ အလျင်အမြန် လိုက်ပါသွားတော့သည်။

 

“ကု— ကုသခင်လေး၊ ကျွန်တော်တို့ရဲ့ ဒီ… ဧည့်သည်က…?” အိမ်တော်ထိန်းက တုန်တုန်ရီရီဖြင့် မေးလိုက်သည်။ သူသည် ဤကဲ့သို့သော နေရာမျိုးသို့ တစ်ခါမျှ ခြေချဖူးခြင်းမရှိဘဲ၊ လူတိုင်းက သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ပေ။ သူ၏ မျက်နှာက ရဲရဲနီသွားပြီး၊ သူ၏ အသံပင် တီးတိုးသံအဖြစ် ကျဆင်းသွားသည်။

 

သူက ကုသခင်လေး၏ ရည်ရွယ်ချက်များကို ထင်မြင်သုံးသပ်ရဲခြင်း မရှိသော်လည်း— သူ၏ အတွေးများကမူ လေးစားဖွယ်မရှိသော ကောက်ချက်များဆီသို့ မလွှဲမရှောင်သာ စီးဆင်းသွားခဲ့သည်။

 

ထိုအချိန်တွင် သူ၏ ရှေ့ရှိ လူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်ကို သူ ကြားလိုက်ရ၏။ “စုကျီဆွေ့”

 

အိမ်တော်ထိန်း : အို၊ ကျေးဇူးပါပဲ၊ ဘုရားသခင်။ အနည်းဆုံးတော့ နာမည်ရှိတဲ့ တစ်စုံတစ်ယောက်တော့ ဖြစ်နေသေးတယ် ။ သူ့နာမည်က စုကျီ— ခဏလေး ၊ စုကျီဆွေ့?! စုမိသားစုက သခင်လေးလား?!!

 

ဤသည်မှာ ကြီးမားသော လူကြီးဆိုင် ဖြစ်သည်— ရွေးချယ်မှုများစွာ ရှိပြီး၊ သပ်ရပ်စွာ ခွဲထားသော အပိုင်းများနှင့် ၊ အလွန် ပရော်ဖက်ရှင်နယ်ဆန်သော ဝန်ဆောင်မှုများလည်း ရှိသည်။ သူတို့ ဝင်ရောက်ပြီး မကြာမီတွင် အရောင်းလက်ထောက်တစ်ဦးက သူတို့ကို ကိုယ်တိုင် လိုက်လံ ပြသပေးရန် ရောက်လာခဲ့သည်။

 

ယခု ထွက်ပြေးခြင်းက အလွန် အပြစ်ရှိသကဲ့သို့၊ အလွန် သံသယဖြစ်ဖွယ်ရာ မြင်တွေ့ရလိမ့်မည်။ ထို့ကြောင့် အိမ်တော်ထိန်းက သူ၏ မျက်နှာကို ဖုံးထားရင်း လိုက်ပါသွားရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ ထူးဆန်းသော၊ မေးခွန်းထုတ်စရာ ပုံသဏ္ဍာန်ရှိသည့် ပစ္စည်းများ အလွန်အမင်း များပြားလှသည့်ကြားတွင်၊ ကုယီလန်က ဝန်ထမ်းများနှင့် တည်တည်ငြိမ်ငြိမ် စကားပြောဆိုနေသည်ကို သူ ကြည့်နေခဲ့သည်။

 

အိမ်တော်ထိန်းက သူ၏ ရင်ဘတ်အောက်ခြေမှ သူ၏ အလုပ်ရှင်အား တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။

 

စီးပွားရေး ပြိုလဲမှုများနှင့် အန္တရာယ်ကြီးမားသော အကျပ်အတည်းများတွင် ကုသခင်လေးတစ်ယောက် အေးဆေးတည်ငြိမ်ပြီး ပြတ်သားစွာ ရှိနေသည်ကို သူ မြင်တွေ့ခဲ့ရသည်— ၎င်းက သူ့အတွက် အသစ်အဆန်း မဟုတ်ချေ။ သို့သော် ဤကိစ္စသည်ကား အခြားအရာတစ်ခုပင်။ လေးစားမှု အဆင့်အသစ်တစ်ခုပင် ဖြစ်သည်။

 

ရှက်ရွံ့မှု? စိတ်မကောင်းဖြစ်မှု? အဆင်မပြေမှု? ထိုစကားလုံးများက ကုယီလန်၏ အဘိဓာန်တွင် မရှိပုံရသည်။ သူ မည်သည်ကိုလုပ်လုပ် အမြဲတမ်းပင် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။

 

စုမိသားစု၏ ထိုနူးညံ့သိမ်မွေ့ပုံရသော သခင်လေးအတွက်သာ စိတ်မကောင်းဖြစ်ရသည်…

 

အိမ်တော်ထိန်း တိတ်ဆိတ်စွာ စိုးရိမ်ပူပန်နေစဉ်၊ ကုယီလန်သည် အရောင်းလက်ထောက်နှင့် စကားပြောဆိုမှု ပြီးဆုံးသွားပြီး အပိုင်းတစ်ခုဆီသို့ ဦးတည်သွားတော့၏။

 

အိမ်တော်ထိန်းက အမီလိုက်ရန် အလျင်စလို ပြေးလိုက်ရင်း၊ အပေါ်မှ ဆိုင်းဘုတ်ကို ခိုးကြည့်လိုက်သည်။

 

သူ တကယ် မကြည့်သင့်ခဲ့ချေ။

 

“BDSM & Bondage Section”

 

အိမ်တော်ထိန်းတစ်ယောက် ထိုနေရာတွင်ပင် မေ့လဲသွားမလို ဖြစ်သွားခဲ့သည်။

 

“ကျွန်မတို့ဆီမှာ စတိုင်အသစ်တွေ အများကြီး ရောက်နေတာရယ်” အရောင်းဝန်ထမ်းအမျိုးသမီးက တောက်ပစွာ ပြောလိုက်သည်။ “ရိုးရိုးအရောင်အပြင် အသားရောင်နဲ့ တခြားပုံစံတွေလည်း ရှိပါတယ်။ တချို့ဆို ပွန်းတာရှတာတွေ မဖြစ်အောင် အတွင်းမှာ အခံပါပြီး တချို့ကတော့ ရှေးခေတ်က သံမဏိစစ်စစ်တွေပဲ။ ဘယ်ဟာကို ကြိုက်ပါသလဲရှင့်?”

 

 

“ရိုးရိုးလေးဆို ရပါပြီ” ကုယီလန်က တိုတိုတုတ်တုတ် ပြန်ဖြေသည်။ သူ၏ လည်ချောင်းက နာနေဆဲပင်။ “အနားသပ် ပါတာ”

 

“ပြီးတော့ အရွယ်အစားက?”

 

ထိုခေါင်းစဉ်ကို ကြားသောအခါ အိမ်တော်ထိန်းက နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

 

ဒါဆို ဒါက… လက်ထိပ်နဲ့ သံကြိုးတွေပဲလား? ဒါကတော့ အဓိပ္ပာယ်ရှိပါသေးသည်။ သူကိုယ်တိုင်ပင် ထိုအရာများထဲမှ ဆယ်ခုကို တစ်ဒါဇင်အတွက် အွန်လိုင်းမှ ဝယ်ယူခဲ့ဖူးသည်။ ကုသခင်လေးက ပိုမို အရည်အသွေး ကောင်းမွန်သော အစားထိုးများကို လိုချင်ခြင်း ဖြစ်နိုင်သည်။

 

သို့သော် နောက်တစ်ခဏတွင် သူ၏ နှလုံးသားက သူ၏ လည်ချောင်းဆီသို့ တည့်တည့် တက်သွားတော့၏။

 

အဘယ်ကြောင့်ဆိုသော်… အရောင်းဝန်ထမ်းအမျိုးသမီးက လက်ထိပ်တစ်စုံကို ကောက်ကိုင်လိုက်ပြီး ၎င်းတို့က—ထုတ်ကုန်နှင့် သူ၏ လက်ကောက်ဝတ်များ—ကြားတွင် အရွယ်အစားကို တိုင်းတာရန် ကြိုးစားနေသည့်နှယ် ပြန်လှည့်ကြည့်နေသောကြောင့်ပင်။

 

ဘာလို့ ငါ့ကို ကြည့်နေရတာတုန်း?

 

ရူးနေတာလား?! ငါက အဘိုးကြီးလေ!

 

ငါနဲ့ ကုသခင်လေး… ငါတို့နှစ်ယောက်…?!!

 

ဒါက အဓိပ္ပာယ်ရော ရှိရဲ့လား၊ မစ်စ်?!

 

အိမ်တော်ထိန်း၏ အသက်ကြီးကြီး မျက်နှာက နီရဲသွားခဲ့ပြီး၊ သူက စကားတစ်ခွန်းကို အတင်းအကျပ် ထုတ်ပြောလိုက်သည်– “ကျွန်တော် မဟုတ်ပါဘူး…”

 

အရောင်းဝန်ထမ်းအမျိုးသမီးက အံ့အားသင့်စွာ ရပ်တန့်သွားသည်ကို မြင်သောအခါ—ထို့နောက်တွင် သူမ တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားသည့်နှယ် မြင်လိုက်ရသည်။ သူမက ကုယီလန်၏ လက်ကောက်ဝတ်ကို နှိုင်းယှဉ်ရန် ကြည့်လိုက်သည်။ အိမ်တော်ထိန်းက အလျင်အမြန် ထပ်ပေါင်းလိုက်သည်။ “ကျွန်‌တော်တို့”  

 

ငါတို့ မဟုတ်ဘူးဟဲ့!!

 

သူ၏ မျက်နှာက ပူလောင်နေသော်လည်း ကံကောင်းစွာပင် ကုယီလန်က အသေးဆုံး အရွယ်အစားကို ဈေးဝယ်လှည်းထဲသို့ တည်ငြိမ်စွာ ပစ်ထည့်လိုက်သဖြင့် ရှက်စရာကောင်းသော အခြေအနေမှ သူ့ကို ကယ်တင်လိုက်သည်။

 

ကုသခင်လေးက ချမ်းသာပြီး ရက်ရောသူဖြစ်ရာ— တစ်ခုခု အဆင်ပြေမည်ဟု ထင်ရပါက ဈေးဝယ်လှည်းထဲသို့ ပစ်ထည့်လိုက်သည်။ မကြာမီပင် ကန့်သတ်ပစ္စည်းများ၊ blindfold များ၊ လည်ပင်းကော်လာများ၊ သံကြိုးများ၊ နားကြပ်များ… ဈေးဝယ်လှည်းသည် ပြည့်လျှံနေတော့၏။

 

အစောပိုင်းကကဲ့သို့ ထပ်ပြီး အထင်လွဲခံရမည်ကို ကြောက်ရွံ့သဖြင့် အိမ်တော်ထိန်းသည် တိတ်ဆိတ်စွာ ဘေးဘက်သို့ လျှောထွက်သွားပြီး ကုယီလန်နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်နေလိုက်သည်။

 

ဤဆိုင်တွင် တစ်ခြားသော ထုတ်ကုန်များလည်း ရှိပေသည်။ အချို့သော… မေးခွန်းထုတ်စရာ ပုံသဏ္ဍာန်ရှိသည့် ပစ္စည်းအချို့ကို လျစ်လျူရှုလိုက်ပါလျှင် ၊ အမှန်တကယ် စိတ်ဝင်စားစရာကောင်းသော အသစ်အဆန်း ပစ္စည်းအချို့ ရှိနေသေးသည်။

 

သခင်လေးကို စောင့်နေစဉ် အိမ်တော်ထိန်း၏ အာရုံက အရည်ပုလင်းငယ် တစ်ခုဆီသို့ ဖမ်းစားခံလိုက်ရသည်။

 

ပုလင်းငယ်လေး၏ ဖန်သားပေါ်တွင် နှုတ်ခမ်းရဲရဲကြီးတစ်စုံ ရှိနေပြီး၊ ကြော်ငြာထားသည်က– “ပျားရည်ထက် အစွမ်းပိုထက်တယ်။ ရွှေဆေးလုံးထက် ပိုအားရှိတယ်။ တစ်ပုလင်းသောက်ရုံနဲ့ နောက်တစ်ညလုံး အသံကောင်းနေမှာ….”

 

ကျန်သည့် စာသားများကို သူ နားမလည်သော်လည်း၊ ၎င်းက လည်ချောင်းဆေးတစ်မျိုး ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

 

သူက ၎င်းကို ပိုမို အနီးကပ် ကြည့်ရှုရန် စင်ပေါ်မှ ပုလင်းကို ကောက်ယူလိုက်သည်— ၎င်းက သူ၏ ပူလောင်နေသော လည်ချောင်းကို ကူညီပေးနိုင်မလားဟု တွေးတောနေစဉ်၊ ရုတ်တရက် သူ၏ နောက်ကျောမှ အေးစက်စက် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

 

နောက်သို့ လျင်မြန်စွာ လှည့်လိုက်သောအခါ ကုယီလန်က အပြည့်အစုံတင်ထားသော ဈေးဝယ်လှည်းကို တွန်း၍ မဝေးလှသော နေရာတွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ မျက်လုံးများကို မှေးထားပြီး အိမ်တော်ထိန်းနှင့် သူ၏ လက်ထဲရှိ ပုလင်းကို စိုက်ကြည့်နေသည်။

 

အိမ်တော်ထိန်းက ချွေးအေးများ ပျံသွားပြီး၊ ထို “အာလူးပူ” ကို စင်ပေါ်သို့ အလျင်အမြန် ပြန်တင်လိုက်ကာ၊ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဈေးဝယ်လှည်းကို တွန်းရန် အလျင်စလို ပြေးသွားတော့၏။

 

…စနောက်သည် ဖြစ်စေ၊ မစနောက်သည် ဖြစ်စေ၊ ထိုအေးစက်စက် အကြည့်နှင့်ဆိုလျှင် သူ တစ်စက္ကန့်မျှ နောက်ကျသွားခဲ့ပါက အိမ်ရောက်သည်နှင့် လုပ်ကြံခံရမည်ဟု သူ တွက်ဆလိုက်သည်။

 

“ဆရာ၊ ကျေးဇူးပြုပြီး လိပ်စာလေး ဖြည့်ပေးပါနော်၊ ရက်ပိုင်းအတွင်း အကြီးစားပစ္စည်းတွေကို အိမ်အရောက် ပို့ပေးပါ့မယ်” စာရေးက ရိုသေစွာ ပြောလိုက်သည်။

 

ကုယီလန် သူ၏ ကတ်ကို လျင်မြန်စွာ ပွတ်ဆွဲပြီး သူ့အား ဆက်သွယ်ရန် အချက်အလက်များကို လက်မှတ်ထိုးလိုက်သည်။

 

အိမ်တော်ထိန်းက ကြီးမားသော ဝယ်ယူထားသည့် ပစ္စည်းများကို ယူဆောင်လာသောအခါ၊ စူးစမ်းလိုစိတ်က သူ့ကို လွှမ်းမိုးနေဆဲဖြစ်သည်။ ဒီလိုနေရာက ဘာ "အကြီးစားပစ္စည်းတွေ" ရောင်းနိုင်မှာလဲ?

 

ထိုမေးခွန်းကို နှစ်ရက်ကြာပြီးသည်အထိ အဖြေမရခဲ့ချေ။

 

ထိုနေ့တွင် စုမိသားစု၏ သခင်လေးက အချိန်မီ ရောက်ရှိလာခဲ့ပြီး၊ အိမ်တော်ထိန်းမှာ သူ၏ နောက်မှ ခရီးဆောင်အိတ် ခုနစ်လုံးကို တွန်း၍ လိုက်ပါလာခဲ့သည်။

 

 

ကုယီလန်က ရှေ့မှ လျှောက်သွားကာ လက်ဗွေသော့ပေါ်တွင် သူ၏ လက်ညှိုးကို တင်လိုက်ပြီး နေထိုင်သူ ဦးရေကို ရိုက်ထည့်ကာ ဘေးဘက် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

 

တံခါးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည့်အရာမှာ အသစ်တပ်ဆင်ထားသော ပြတင်းပေါက်နှင့်… ကြီးမားသော၊ ရွှေရောင် လှောင်အိမ်ကြီးတစ်ခု ဖြစ်သည်။ ၎င်းက အလွန်အမင်း အလှဆင်ထားပြီး၊ သံကြိုးများဖြင့် ပတ်ထားကာ၊ နေရောင်ခြည်အောက်တွင် ထူးထူးခြားခြား တောက်ပနေသည်။ ၎င်းက ကျဆုံးခဲ့သော ကောင်းကင်တမန် စိတ်ကူးယဉ်ဇာတ်လမ်းမှ တစ်စုံတစ်ရာကဲ့သို့— သန့်ရှင်းသော်လည်း မိုက်မဲနေပုံရသည်။

 

အစောပိုင်းက ဝယ်ယူခဲ့သော ကိရိယာလေးများကို “လူကြီးကစားစရာများ” အဖြစ် စာရင်းသွင်းနိုင်သေးသော်လည်း၊ ဤရွှေရောင်လှောင်အိမ်သည်ကား ထိတ်လန့်စရာကောင်းလောက်အောင် ကြောက်စရာကောင်းလှသည်။

 

အိမ်တော်ထိန်းက ရပ်တန့်သွားပြီး၊ စုကျီဆွေ့  မမြင်ရစေရန် တံခါးဝတွင် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ထိုကောင်လေးက ထိတ်လန့်တကြား အော်ဟစ်မည် သို့မဟုတ် ထွက်ပြေးမည်ကို စိုးရိမ်ခဲ့သည်။

 

သို့သော် ထိုဆယ်ကျော်သက်လေးသည် သူ ထင်ထားသည်ထက် ပို၍ ရဲရင့်နေခဲ့သည်။ သူက မကြောက်ရွံ့ရုံသာမက၊ တိတ်ဆိတ်စွာ ရပ်နေပြီး ကုယီလန်ကို မျက်လုံးအစုံဖြင့် စိုက်ကြည့်နေခဲ့သည်။

 

အိမ်တော်ထိန်းက သူ၏ ခြေထောက်များ မခိုင်တော့ဟု ယူဆလိုက်သည်။ နောက်တစ်ခဏတွင် ကောင်လေးက သူ၏ လက်ချောင်းများကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး၊ လျှောက်သွားကာ ခုတင်အစွန်းတွင် ထိုင်လိုက်ပြီး၊ သူ၏ ရှည်လျားသော၊ ဖြူဖျော့ဖျော့ ခြေထောက်များကို စိတ်မသက်မသာ လွှဲနေခဲ့သည်။

 

အိမ်တော်ထိန်းက နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။

 

အနည်းဆုံးတော့ သူ မပြေးဘူးပေါ့!

 

အတူနေထိုင်ခြင်း၏ ပထမဆုံးနေ့တွင်ပင် ကုသခင်လေး၏ ချောမောလှပသော စေ့စပ်ဖော်လေးမှာ ထိတ်လန့်၍ ထွက်ပြေးသွားပါက၊ အိမ်တော်ထိန်းသည် သခင်ကြီးကု၏ရှေ့တွင် ဝန်ချတောင်းပန်ရန် ဓားကိုယူ၍ ဒူးထောက်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

 

ကုယီလန်က ယခုအခါ ဗီရိုထဲတွင် တစ်စုံတစ်ရာကို ရှုပ်ယှက်ခတ်အောင် လုပ်နေခဲ့သည်။

 

ထိုအချိန်တွင် စုကျီဆွေ့က နောက်ဆုံးတွင် အိမ်တော်ထိန်းကို ကြည့်လိုက်ပြီး၊ သူ၏ လက်မောင်းကို မြှောက်ကာ လက်ညှိုးထိုးပြလိုက်သည်။

 

သူ၏ လက်ညှိုးထိုးပြရာသို့ လိုက်ကြည့်သောအခါ အိမ်တော်ထိန်းတစ်ယောက် ခရီးဆောင်အိတ်များထဲမှ တစ်လုံးကို ရှာတွေ့လိုက်သည်။

 

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ— အလျင်မလိုပါနဲ့ သခင်လေးစု။ အခုပဲ ဖွင့်ပေးပါ့မယ်။ ကျွန်တော်တို့ရဲ့ သခင်လေးက သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ဘယ်လို ပျော်စရာကောင်းတဲ့ အရာလေးတွေ ထည့်ထားလဲဆိုတာ ကြည့်ရအောင်…” အိမ်တော်ထိန်းက သူ၏ လေသံကို ပျော့ပျောင်းစေပြီး၊ ကလေးတစ်ယောက်နှင့် စကားပြောသကဲ့သို့ သူ့ကို ညင်သာစွာ ချော့မော့လိုက်သည်။ ထိုကောင်လေးက ထပ်၍ ကြောက်ရွံ့ပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်ခဲ့သည်။

 

ဘယ်လိုပဲဖြစ်ဖြစ်၊ ဤအိမ်က နှစ်ပေါင်းများစွာအတွင်း ဒုတိယ သခင်လေးကို ပထမဆုံးအကြိမ် ကြိုဆိုခြင်းပင်။

 

ဆယ်ရက်တာ ကာလတိုလေးသာ ဖြစ်သော်ငြားလည်း၊ သူကိုယ်တိုင် အပါအဝင် အိမ်ရှိ လူတိုင်းက ထိုချစ်ခင်ရသော ဧည့်သည်ငယ်လေးကို ရတနာတစ်ခုကဲ့သို့ ဆက်ဆံရန် အသင့်ဖြစ်နေကြသည်။ သူ့ကို ဂရုစိုက်ကာ ကာကွယ်ပေးပြီး အိမ်ကဲ့သို့ ခံစားရစေရန် ဖြစ်သည်။

 

အိမ်တော်ထိန်း ဝမ်းမြောက်ဝမ်းသာ ကိုင်းညွှတ်၍ ခရီးဆောင်အိတ်ကို ဇစ်ဖွင့်လိုက်စဉ်၊ သတ္တုနှစ်ခု တိုက်မိသည့် ကျယ်လောင်သောအသံ နှစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

သူ အလိုလို မော့ကြည့်လိုက်ရာ— တကယ့် အိမ်ရှင်ဖြစ်သူ ရပ်နေသည်ကို မြင်လိုက်ရသည်။ မျက်လုံးနက်များက ငုံ့ကျနေပြီး၊ လက်တစ်ဖက်တွင် အေးစက်စက်၊ လေးလံသော သံကြိုးကို ကိုင်ထားသည်။

 

လက်ထိပ်၏ တစ်ဖက်စွန်းကို ခုတင်တိုင်တွင် သော့ခတ်ထားပြီး အခြားတစ်ဖက်ကိုမူ—ချစ်လှစွာသော သခင်လေး၏ လက်ကောက်ဝတ်တွင် တင်းကျပ်စွာ ပတ်ထားသည်။

 

အိမ်တော်ထိန်း : ???

 

ထိုအရာက မလုံလောက်သေးသည့်အလား ကုယီလန်က မီးထပ်မွှေးလိုက်သည်။

 

“လှောင်အိမ်ထဲမှာ အိပ်မလား၊ ဒါမှမဟုတ် ခုတင်မှာ လက်ထိပ်ခတ်ပြီး အိပ်မလား၊ နှစ်ခုထဲက တစ်ခုကို ရွေး”

 

အိမ်တော်ထိန်း : ???!!!

 

…ဒီလိုဆိုရင်တော့ သူ တကယ်ပဲ ထုံးတမ်းအစဉ်အလာအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရတော့မှာပဲ ထင်ပါရဲ့။