Chapter 20
Viewers 2k

ငါးသည် ထူးခြားသော ပုံသဏ္ဌာန်ရှိသော်လည်း ထွက်ပေါ်လာသည့် ဟင်းချိုရနံသည် မယုံနိုင်လောက်အောင် မွှေးကြိုင်လှသည်။
 
မြွေနက်ကြီးသည် ငါးဟင်းချိုကို ချက်ပြုတ်၍ ဇလုံထဲ ထည့်လိုက်ချိန် ဝမ်ကျုံးက ပန်းကန်လုံးတစ်လုံးကို ကိုင်ထားပြီး ဇွန်းကို လျှာဖြင့် လျက်နေလေပြီ။ သူ့ ပါးစပ်မှ သွားရည်များကျပင် ထွက်ကျမတတ် သူ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည်။
 
ထိုငါးဟင်းချိုသည် နို့နှစ်ရောင်ကဲ့သို့ ဖြူနေပြီး  အရိုးများကို အကြာကြီး ချက်ပြုတ်ထားသော  ဟင်းချိုကဲ့သို့ ပျစ်နှစ်နေသည်။
 
ဝမ်ကျုံးသည် ဇလုံကို ကိုင်ထားလျက် ခေါင်းကို ငုံ့ထားသည်။ သူ၏ခန္ဓာကိုယ်နှင့် သေးသွယ်နုနယ်သော လက်ဖဝါးအရွယ် မျက်နှာသည် အရသာရှိသော အစားအစာ၏ မွှေးရနံ့တွင် နစ်မြှုပ်နေခဲ့သည်။ သူ့မျက်လုံးများမှာ ကြယ်များကဲ့သို့ အရောင်တောက်ပလျက် အလင်းစီးကြောင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
 
သူ အနံ့ကို ရှူလိုက်ကာ တံတွေးကို မျိုချလိုက်သည်။ သူ စားလိုသော်လည်း အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
 
မြွေနက်ကြီးသည် သူ၏ တုံ့ဆိုင်းမှုကို သိရှိပုံရပြီး ချက်ချင်းပင် ဝမ်ကျုံးကို ရစ်ပတ်ကာ သူ့အမြီးဖျားဖြင့် ခြေဖဝါးများကို မညှာမတာ ထိုးဆွနေသောကြောင့် ဝမ်ကျုံး ဟိုဘက်သည်ဘက် လှိမ့်နေရသည်။
 
"အား..."
 
ဝမ်ကျုံးသည် ပန်းကန်လုံးနှင့် ဇွန်းကို ပစ်ချလိုက်သည်။ သူ့ဦးခေါင်းနောက်ပိုင်းကို မြေပြင်နှင့် ဖိကပ်လိုက်ပြီး နောက်သို့ မှီလျက် ခြေထောက်များကို ကန်ကျောက်ရင်း ရယ်မောရင်း အော်ဟစ်လိုက်သည်။
 
"ဟား ဟား မလုပ်နဲ့..."
 
ရုန်းကန်လှုပ်ရှားနေစဉ်အတွင်း သူ၏ ခါးတစ်ဝိုက်ရှိ နေရာအချို့ကို ဖုံးအုပ်ရန် အသုံးပြုခဲ့သော သစ်ကိုင်းများသည် ပြန့်ကျဲသွားပြီး အရေပြားများကို ပေါ်လွင်စေခဲ့၏။
 
မြွေနက်သည် အပေါ်မှ ကြည့်လိုက်သည်။ သူသည် တစ်ကိုယ်လုံး ပန်းရောင်သမ်းသွားသည်အထိ ရယ်မောနေသော ဝမ်ကျုံးကို စိုက်ကြည့်လိုက်ရာ သူ့နှာခေါင်းများထံမှ ပူနွေးမှုကို ခံစားလိုက်ရ၏။
 
ဝမ်ကျုံးကမူ သတိမထားမိပေ။ သူက ရယ်မောခြင်းကြောင့် မျက်ဝန်းထောင့်မှ ကျဆင်းလာသော မျက်ရည်များကို  သုတ်လိုက်သည်။ သူက တောက်ပနေသော မက်မွန်ပန်းကဲ့သို့ မျက်ဝန်းတစ်စုံဖြင့် ကြည့်ရင်း ခြေထောက်များကို မြှောက်ကာ ခါးကို ကွေးညွှတ်၍ သူ၏ ခြေဖဝါးများကို ဆက်လက်ခြစ်နေသော မြွေနက်၏ ထူထဲသည့် အမြီးကို ညှပ်ထားလိုက်သည်။ ထို့ပြင် "မှားပါတယ်ဗျာ..
ကျွန်တော် မှားပါတယ် မြွေချောလေးရယ် ခွင့်လွှတ်ပေးပါဦးနော်~ အဲဒီနေရာကို မထိပါနဲ့ဗျာ...အရမ်းယားတယ် ဟားဟားဟား"
ဟု ကြိမ်ဖန်များစွာ တောင်းပန်နေခဲ့သည်။
 
မြွေနက်ကြီးသည် ခပ်ပြင်းပြင်း အသက်ရှူလိုက်ပြီး တံတွေးကို မျိုချလိုက်သည်။ သူ့ မျက်လုံးများမှာ တောက်ပလာ၏။ သူ ဝမ်ကျုံးကို စိုက်ကြည့်နေလေသည်။ နှာခေါင်းသွေးနှင့် တံတွေး နှစ်မျိုးလုံး စုပေါင်းကျဆင်းလာပြီး မကြာမီပင် ဝမ်ကျုံး၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝမ်းဗိုက်ပေါ်တွင် ပင်လယ်ပြင်ကြီးတစ်ခုအဖြစ် စုစည်းသွားလေသည်။
 
ဝမ်ကျုံး...
 
ဝမ်ကျုံး၏ အပြုံးများ ရပ်တန့်သွားရတော့သည်။ ထို့နောက် သူကိုယ်တိုင် မြွေနက်၏ စားချင်စိတ်ကို အထူးနှိုးဆွနိုင်ခဲ့ကြောင်း သဘောပေါက်လိုက်သည်။ အောက်နှုတ်ခမ်းကို အလျင်အမြန် ကိုက်လိုက်ပြီး နောက်ထပ် အသံတစ်စုံတစ်ရာ ထုတ်ဝံ့ခြင်းမရှိဘဲ သူ့ခြေထောက်များကို မြွေအမြီးအား ညှပ်ထားရာမှ ဂရုတစိုက် ဖြေလျှော့လိုက်သည်။
 
အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိပေ။
 
မြွေနက်ကြီး၏ အမြီးဖြင့် ရစ်ပတ်ထားသော သူ၏ ခြေကျင်းဝတ်သည် ထုံကျင်သည့် အခြေအနေသို့ ရောက်ရှိလာသည်ဟု သူ ခံစားလိုက်ရသည်။ အဆုံးတွင် မြွေနက်ကြီးသည် သူ့ကို လွှတ်ပေးလိုက်ပြီး အပေါက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
 
သူ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပင် မှောင်မိုက်သော ရေအိုင်၏ အောက်ခြေသို့ ရောက်ရှိသွားပြီး အေးစက်သော ရေအိုင်အဝင်ဝတွင် သူ့အမြီးပေါ်မှ တဖြည်းဖြည်း ပိုမိုပူပြင်းလာသော အကြေးခွံများကို ဖိကပ်လိုက်ကာ မခံမရပ်နိုင်အောင် ဖြစ်နေသော ခန္ဓာကိုယ်ကို လိမ်၍ ကြေးမုံကို မေးမြန်းလိုက်သည်။
 
"ကြေးမုံကြီးရေ ကြေးမုံကြီးရေ"
 
"သူ့ ခန္ဓာကိုယ် ဘယ်တော့မှ ဝလာပြီး ငါ့ကိုယ်ထဲက ရှေးဟောင်းစွမ်းအားကို ခံနိုင်ရည်ရှိလောက်မယ်လို့ မင်း ထင်လဲ..."
 
"တကယ်လို့ တကယ် မဖြစ်နိုင်တော့ဘူးဆိုရင်လည်း.."
 
"ငါ့ကိုယ်ငါ ပြုတ်ပြီး သူ့ကို အားဖြည့်ပေးလိုက်ဖို့ပဲ ရှိတော့တယ်"
 
မြွေနက်ကြီးသည် အချိန်အကြာကြီး စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ၏ ရှက်ရွံ့နေသောအကြေးခွံများ ပုံမှန်အပူချိန်သို့ ပြန်လည်ရောက်ရှိလာသောအခါ ရေအိုင်၏အောက်ခြေမှ ထွက်လာလေသည်။
 
ကောက်ရိုးမျှင်လေးကဲ့သို့ တုန်ယင်နေသော ဝမ်ကျုံးသည် ဒူးများကိုဖက်ကာ  ငါးဟင်းဇလုံနောက်တွင် အမြန်ပုန်းနေသည်။ ပိုမိုကြီးမားသော အရာဝထ္တုများက သူ့ကို ကာကွယ်ပေးနိုင်သည်ဟူသော အတွေးဖြင့်။
 
သို့သော်လည်း မြွေနက်ကြီးက သူ့အား ပြသနာ မရှာလိုပေ။ ကုန်းပေါ်သို့ တက်လာပြီးနောက် ရွှံ့များထဲသို့ တည့်တည့်ကျသွားသည်။ သူ့ကို အနောက်ဘက်မှ အမြီးဖြင့် ပတ်၍ စတင် အိပ်စက်လေသည်။

ပင်ပန်းနေပုံရသော မြွေနက်ကြီးသည် မှန်ကို တစ်ချက်ပင် မကြည့်တော့ဘဲ ဟောက်သံပေးလျက် အိပ်ပျော်သွားလေသည်။
 
ဝမ်ကျုံး စိတ်သက်သာရာရသွားသည်။မြွေနက်ကြီးသည် ငါးဖမ်းရာမှ ပင်ပန်းနေသည်ဟု တွေးမိသည်။ မြွေနက်ကြီးက လောဘကြီးသော်လည်း သူ့စိတ်သူ ထိန်းကာ ဝမ်ကျုံးကို မစားဘဲ ဝေခွဲမရစိတ်များဖြင့် ထားရစ်ခဲ့သည်။
 
ဇွန်းဖြင့် ဟင်းရည်ကို မွှေကြည့်သောအခါ ငါးဟင်းချိုသည် လုံးဝ ဆူပွက်နေပြီး အရိုးအကြွင်းအကျန်များပင် ကျန်ရှိမနေသည်ကို တွေ့လိုက်ရသည်။
 
" တော်တော် ထူးဆန်းတဲ့ ငါးပဲ"
 
ငါးဟင်းရည်တစ်ပန်းကန်ကို ဖြည့်လျက် ဝမ်ကျုံးသည် မြွေနက်အား စားလိုခြင်းရှိမရှိ သွားမေးလိုက်သည်။ သို့သော်လည်း မြွေနက်သည် ကျယ်လောင်စွာ ဟောက်လျက် သူ့ကို လျစ်လျူရှုခဲ့သည်။ ဝမ်ကျုံး နှုတ်ခမ်းကိုစူလျက် သူ ကိုယ်တိုင် သောက်လိုက်လေသည်။
 
ငါးဟင်းရည်သည် ပန်းကန်လုံးထဲတွင် ကပ်နေပြီး ပြစ်ခဲနေ၏။ ကစီဓာတ်များ ပါဝင်ပုံရသည်။ ဇွန်းဖြင့် အသာအယာထိလိုက်ရာ အနည်းငယ် ပျော့ပျောင်းလျက် ကော်လာဂျင်ဓာတ် အပြည့်ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
 
ဝမ်ကျုံးသည် မျက်လုံးများကို မှိတ်ကာ လျှာကို ထုတ်၍ ပန်းကန်လုံး၏ အစွန်းကို ဂရုတစိုက် လျက်လိုက်သည်။
 
သူ၏လျှာဖျားသည် နို့ရောင်သန်းသော ဟင်းရည်ကို ထိမိပြီး ယခင်က တစ်ခါမျှ မခံစားဖူးသော လတ်ဆတ်၍ အရသာရှိသည့် ခံစားချက်ကိုရလိုက်သည်။ သူ တစ်ငုံပြီးတစ်ငုံ ဆက်၍ သောက်မိနေသည်။
 
ပန်းကန်လုံးဖြင့် သောက်ခြင်းသည် အဆင်မပြေဟု ယူဆပြီးနောက် ဇလုံကို ကောက်ယူကာ သောက်လိုက်သည်။
 
"အဟစ်..." သူ ကြို့ထိုးသွားလေသည်။
 
ဝမ်ကျုံး သူ့ပါးစပ်ထောင့်ရှိ ပြစ်ခဲမေသော အဖြူရောင်ဟင်းရည်စက်ကို လျက်လိုက်သည်။ သူ ပို၍ သောက်လိုစိတ် ပြင်းပြလာသည်နှင့်အမျှ မျက်လုံးများ တောက်ပလာသည်။
 
ဇလုံကို မှောက်လိုက်ပြီး ကျန်ရှိနေသော ဟင်းရည်အားလုံးကို ဇွန်းဖြင့် ပန်းကန်လုံးထဲသို့ ကော်ထည့်ကာ  လျှာဖြင့် လျက်၍ သန့်စင်လိုက်သည်။
 
ထို့နောက် ရည်မှန်းချက်ကြီးသော ကျားသစ်ကဲ့သို့ ဟောက်သံပေး၍ အိပ်ပျော်နေသော မြွေနက်ကြီးကို ရှာလိုက်သည်။
 
"ဟေး မြွေချောလေး ဒီငါးကို ဘယ်ကနေ ဖမ်းလာတာလဲ...အရမ်းကို စားလို့ကောင်းတယ်"
 
မြွေနက်ကြီး : "..."
 
'အိပ်ပျော်နေတုန်းပဲ'
 
"မနက်ဖြန်လည်း ဒီငါးလေး ထပ်စားရရင် ကောင်းမှာပဲ"
 
မြွေနက်ကြီး : "..."
 
"ငါ တကယ် အိပ်ပျော်နေပြီကွ"
 
"ဟေး မြွေချောလေး တကယ် အိပ်ပျော်နေတာလား..."
 
ဝမ်ကျုံးသည် မြွေနက်ကြီး၏ မျက်လုံးကြီးများကို ဖွင့်လိုက်ပြီး ထိုမျက်လုံးများထဲတွင် သူ့အရိပ်ကို သူ ပြန်မြင်လိုက်ရသည်။ ထို့နောက် မြွေနက်ကြီး၏ ခေါင်းပေါ်ကို ဖင်တုံးလုံးဖြင့် တက်လိုက်ပြီး အလေးအနက် မေးလိုက်သည် " ခင်ဗျား အားတဲ့ အချိန်ကျရင် အဲ့ငါးတွေကို ထပ်ဖမ်းရအောင်လေ နော်..."
 
မြွေနက်ကြီး : “…”
 
ထိုကျားနဂါးငါးသည် ဖမ်းဆီးရန် အလွန်ပင် ခက်ခဲခဲ့သည်။
 
မင်း ဘာလို့ အဲ့တာကို စွဲလမ်းနေသေးတာလဲ...
 
သို့သော်လည်း…
 
ထိုမြွေနက်ကြီးသည် မိမိ၏ဇနီးဖြစ်သူ၏ ကျားနဂါးငါး ဟင်းချိုကြောင့် စိုစွတ်နေသည့် လှပနုပျိုသောမျက်နှာကို ကြည့်လိုက်၏။ ထို့နောက် သူ၏ ဖြူဝင်းသောအရေပြား တိုးတက်ပြောင်းလဲလာပုံကို မြင်တွေ့ရသောအခါ အံ့ဩသွားတော့သည်။ သူ ခေါင်းငုံ့ကာ သူ၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သဘောတူညီခြင်းမှအပ သူ့တွင် အခြားရွေးချယ်စရာမရှိချေ။
 
မထွက်ခွာမီ။
 
ဝမ်ကျုံးသည် သူ့လက်မှဒဏ်ရာကို ကုစားရန်နှင့် အတွင်းခံအဝတ်အစားအချို့ ပြုလုပ်ရန် လိုအပ်၏။
 
သူ သေချာ ဆေးကြော၍ နေရောင်အပြည့်အဝလှန်းထားသော ကြက်သားရေအိတ်ကို ဖွင့်လိုက်ပြီး ပြီး  မြွေကြီးကြောင့် ပျက်စီးနေသော အတွင်းခံအဝတ်အစားကို ခါးချုပ်ရိုး၏ ဘေးနှစ်ဖက်မှ အပိုင်းနှစ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ထိုအပိုင်းများကို ကြက်သားရေပေါ်တွင် ပြန့်ပြူးစွာဖြန့်ကာ ပုံတူဆွဲလိုက်၏။
 
ပြီးစီးသောအခါ...
 
ဝမ်ကျုံးသည် အတွင်းခံအဝတ်အစားပြုလုပ်ရန် အသုံးပြုသော ကြက်သားရေ၏ ခါးချုပ်ရိုးဘေးနှစ်ဖက်တွင် အပေါက်ငယ်အချို့ကို ဖောက်လိုက်၏။ ထို့နောက် အချောင်းလိုက် လှီးဖြတ်ထားသော ကြက်သားရေ ကြိုးနှစ်ချောင်းကို အပေါက်များထဲသို့ ထည့်ကာ ဖိနပ်ကြိုးချည်သကဲ့သို့ ဟိုဘက်ဒီဘက် ချိတ်ဆက်၍ ချည်လိုက်လေသည်။
 
 
ဤနည်းဖြင့် အရွယ်အစားညှိနိုင်သောကြိုးများပါသည့် အတွင်းခံအဝတ်အစားတစ်စုံမှာ အဆင်သင့်ဖြစ်နေချေပြီ။
 
ထိုအတွင်းခံအဝတ်အစားသည် ဝတ်ရန် ချွတ်ရန် အနည်းငယ်အခက်အခဲရှိပြီး သက်သောင့်သက်သာမရှိသော်လည်း လေဝင်လေထွက်ကောင်းပြီး အကြမ်းခံနိုင်သည်။
 
ဝမ်ကျုံး ဤအတွင်းခံအဝတ်အစားကို အတော်လေးကျေနပ်ပြီး အခြားတစ်စုံပြုလုပ်ရန် စတင်တော့မည့်အချိန်တွင် ထိုမြွေနက်ကြီးသည် ရူးသွပ်သွားတော့သည်။
 
မြွေနက်ကြီးက ရုတ်တရက် မျက်ဝန်းသူငယ်အိမ်ကို ကျဉ်းမြောင်းကာ အမြီးကိုလှုပ်ယမ်းပြီး သူဝတ်ဆင်ထားသော ကြက်သားရေအတွင်းခံအဝတ်အစားကို ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်၏။ ထိုအပြုအမူမှာ ရူးသွပ်သွားသည်နှယ်။
 
ဓားရောင်အောက် ပြိုးပြိုးပြက်ပြက်လင်းလက်နေသော အခြေအနေတွင်...
 
ဝမ်ကျုံးသည် မျက်နှာဖြူဖျော့လျက် အောက်ကိုငုံ့ကြည့်လိုက်၏။
 
ဤအခြေအနေအထိ ကောင်းမွန်နေသေး၏။
 
ရှိသင့်ရှိထိုက်သည့်အရာအားလုံးမှာ မပျက်စီးသေးချေ။
 
သို့သော် ဤမြွေနက်ကြီးသည် အလွန်ဆင်ခြင်တုံတရားမရှိပေ။
 
ဝမ်ကျုံးစိတ်ထဲတွင် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်လေသည်။
 
သူ့မျက်နှာမှာ နာခံနေပုံပေါ်သော်လည်း သူ၏စကားသံမှာ အနည်းငယ်ညည်းတွားနေသည်နှင့်တူသည်။
 
"မြွေချောလေးရေ၊ ကျွန်တော် အတွင်းခံဝတ်မှရမှာခင်ဗျားက လူသားမဟုတ်တော့ အဲ့ဒါမလိုဘူးလေ ခင်ဗျား မသိပါဘူး ၊ ကျွန်တော်သာ အတွင်းခံမဝတ်ရင် ကျွန်တော့်ဟာက ပေါင်ကြားညှပ်ပြီး နာမှာ"
 
မြွေနက်ကြီး : "????"
 
'ငါ့မှာ နှစ်ခုရှိတယ် ငါ့မှာ နှစ်ခုရှိတယ်ဆိုတာ မှတ်ထားဖို့ အရေးကြီးတယ် ဟုတ်တယ် နှစ်ခု... နှစ်ခု...'
 
ဝမ်ကျုံး စိတ်ရှုပ်ထွေးသွား၏။ ထိုမြွေနက်ကြီးက ဘာကြောင့် သူ့ကို အတွင်းခံဝတ်ဆင်ရန် ခွင့်မပြုသည်ကို သူအမှန်တကယ် နားမလည်နိုင်ချေ။
 
သို့သော် မည်သို့ပင်ဖြစ်စေ သူ အတွင်းခံဝတ်ဆင်ရမည်ဖြစ်သည်။
 
ဝမ်ကျုံးသည် နောက်တစ်စုံပြုလုပ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူစမ်းသပ် မဝတ်မီ၌ပင် ထိုမြွေနက်ကြီးသည် သူ၏ဓားရှည်ကို လွှဲကာ သူပိုင်ဆိုင်သော ကျန်ရှိနေသေးသည့် ကြက်သားရေအပိုင်းအစနှင့်တကွ ခုတ်ပိုင်းပစ်လိုက်လေသည်။
 
ဝမ်ကျုံး : "... "