Chapter 25
Viewers 2k

ညပေါင်းများစွာ ထိုအိပ်မက်ဆိုးတို့သည် အစစ်အမှန်ဟု ထင်ရလောက်အောင် ကြောက်ရွံ့ဖွယ်ကောင်းပေသည်။

အိပ်မက်တို့က အလွန်ထင်ရှားလာသည်။

အိပ်ရာမှ နိုးသောအခါ ဝမ်ကျုံး သူ့ကိုယ်ခန္ဓာပေါ်တွင် ကြောက်စရာကောင်းသော အမှတ်အသားများဖြစ်သည့် ကုတ်ရာများ၊ ကိုက်ရာများ၊ နမ်းရာများနှင့် စုပ်ယူထားသော အမှတ်အသားများကို တွေ့ရသည်။ အပြာနှင့် ခရမ်းရောင် အမှတ်အသားများသည် မေးစေ့မှစ၍ ရင်ဘတ်နှင့် ဝမ်းဗိုက်အောက်ပိုင်း ခြေဖဝါးအထိ ပျံ့နှံ့နေသည်။

ထို့ပြင်...

နှုတ်ခမ်းနှင့် လျှာတို့သည် ရက်စက်စွာ ကိုက်ခံထားရပြီး နာကျင်ထုံကျဉ်နေတတ်သည်။ ၎င်းတို့မှာ ဟန်ဆောင်၍ မရ။

အိပ်မက်ဆိုးတို့သည် မကြာသေးမီကပင် ပိုမိုပြင်းထန်လာခဲ့သည်။

သူ မည်သို့ ပုန်းကွယ်နေသည်ဖြစ်စေ၊ မြွေနက်ကြီးနားတွင် မည်မျှပင် နီးကပ်သည် ဖြစ်စေ  သူ အိပ်ပျော်သည့်အခါတိုင်း ထိုသတ္တဝါကြီး ပေါ်ထွက်လာသည်။ သူ မျက်ရည်များဖြင့် နိုးထလာပြီး ရှက်ရွံ့ စိတ်ပျက်အားငယ်လျက် ဗလာဖြစ်နေပြီး ကြောင်တောင်တောင်ဖြင့် ပတ်ဝန်းကျင်ကို ရင်ဆိုင်ရသည်။

လူတိုင်းသိသည့်အတိုင်း အိပ်မက်ထဲက အဖြစ်အပျက်များသည် တကယ်တမ်း၌ ဖြစ်မလာနိုင်ပေ။

အဲ့တာဆို ငါ ဘာဖြစ်နေတာလဲ...

 ဝမ်ကျုံးသည် ထိုလူတစ်ဝက် မြွေတစ်ဝက်သတ္တဝါနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စများကို မရှိပေ။ သူ့အိပ်မက်များထဲတွင် ငဲ့ညှာပေးရန် မျက်ရည်များဖြင့် တောင်းပန်နေခဲ့သည်။

"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မှားခဲ့ပါတယ်။ အဲဒီလို ရန်စတဲ့စကားတွေကို ခင်ဗျားကို ပြောမပြောသင့်ပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ မြွေနက်ကြီးကို စားခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့လို့ပါ။ ဒါကြောင့် ကျွန်တော် စိတ်ဆိုးခဲ့တာပါ။ အပြင်မှာ အကောင်ေတွ အများကြီး ရှိပါတယ်။ ကျွန်တော့်ကို ဒီလို ဆက်မလုပ်ပါနဲ့တော့နော် အီးဟီး..."

ထိုသတ္တဝါ ရှူထုတ်လိုက်သော အေးစက်စက်လေက သူ့နားရွက်တဝိုက်ကို ဖြတ်သွားပြီး ရှည်လျားဖြူဖျော့သော လက်တစ်ချောင်းက သူ့ရင်ဘတ်ကို လာထိလေသည်။

ဝမ်ကျုံးသည် မမြင်နိုင်ခဲ့။  အေးစက်ချောမွေ့သော မြွေအမြီးဖြင့် ရစ်ပတ်ခံထားရပြီး သူ လှုပ်ရှား၍ မရနိုင်။

သို့သော် သူသည် ခံစားနိုင်သည်။

ထိုမကောင်းဆိုးဝါး သတ္တဝါကြီးသည် အနီးတွင် ရှိနေခဲ့ပြီး၊ သူ၏မျက်နှာပေါ်သို့ ထိခတ်နေသော အေးစက်စက်လေက သူတို့၏ နှုတ်ခမ်းများ ထိလုနီးပါး ဖြစ်နေသည်ဟု ဖော်ပြနေသည်။

ဝမ်ကျုံး မျက်တောင်များ တုန်ယင်လာပြီး ခေါင်းကို လှည့်၍ ထိုသတ္တဝါ စကားပြောနေသည်ကို နားထောင်နေသည်။ "မင်းရဲ့ နှလုံးသားကို ဆွဲထုတ်လိုက်လေ ပြီးရင်  ငါ့ကို ပြ " ဟု ထိုသတ္တဝါက ဆိုလေသည်။

ထိုအသံ ခပ်တိုးတိုးက ချိုသာသော်လည်း တစ်ချိန်တည်း၌ပင် အေးစက်ကာ ရက်စက်လှသည်။

ထိုသတ္တဝါ တစ်ကယ်လုပ်မည်ဟု ဝမ်ကျုံး ထင်နေသည်။ အိပ်မက်ဆိုးမှ လွတ်မြောက်ရန် ရုန်းကန်နေစဉ်၊ ထိုသတ္တဝါက သူ့ပါးစပ်ကို မြွေလျှာဖြင့် အတင်းအကျပ် ဖွင့်ကာ သူ့အား ကြမ်းတမ်းစွာ နမ်းလိုက်သည်။

"အားးးးးးးးးးးးး..."

ဝမ်ကျုံး ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးမျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ  ချောမောသော မြွေနက်ကြီး၏ အမြီးဖြင့် ရစ်ခွေထားသော ကွင်းထဲတွင် ပုံပျက်ပန်းပျက် လှဲနေသည့် သူ့ကိုယ်သူ တွေ့လိုက်ရသည်။ အိပ်မက်တစ်ခုလို မခံစားရဘဲ၊ မူးဝေနေပြီး အခွင့်အရေးယူခံရသကဲ့သို့ ခံစားနေရသည်။

သူ့ဘေးမှ မြွေနက်ကြီးပေါ်သို့ မှီကာ လှဲချလိုက်ပြီး၊ ထိုသတ္တဝါ ပုန်းအောင်းနေနိုင်သည့် ဟာလာဟင်းလင်းနေရာသို့ ချက်ချင်းဆိုသလို ကျိန်ဆဲလိုက်သည်။

"မင်း ခေါင်းညိတ်ရုံနဲ့ လူတွေကို သတ်နိုင်တယ်ပေါ့လေ... မင်းက ရမ္မက်ကြီးတဲ့လူယုတ်မာကြီး...  အကြိမ်တစ်ထောင်လောက် ဓားနဲ့ထိုးခံရပြီး သေသင့်တဲ့ ကောင်... ငါက ယောက်ျားတစ်ယောက်ဆိုတာ မင်း မသိဘူးလား... မင်းက ဦးနှောက်မရှိတဲ့ လူတစ်ဝက် မြွေတစ်ဝက် လူဆိုးပဲ... ဒီလိုယုတ်မာတဲ့ နည်းလမ်းတွေနဲ့ လူတွေကို အနိုင်ကျင့်တယ်ပေါ့...မင်း သတ္တိရှိရင် ထွက်လာပြီး ငါ့ကို မျက်နှာချင်းဆိုင် တိုက်ခိုက်စမ်း ! ငါ မင်းကို အပိုင်းပိုင်းဖြတ်ပြီး မြွေဟင်းချို လုပ်ပစ်မယ်..."

 ဆူပူကြိမ်းမောင်းပြီးနောက် ဝမ်ကျုံး မိမိကိုယ်ကို ကာကွယ်ရန် မြွေအရေခွံကို အလျင်အမြန် အသုံးပြုလိုက်သည်။ ယာယီပြုလုပ်ထားသော ရေစိုခံခေါင်းအုံးကို ချောမောသော မြွေနက်ကြီး၏ ဦးခေါင်းကြီးရှေ့တွင် ထားလိုက်သည်။ ထိုမြွေနက်ကြီး၏ ထူထဲ ကြံ့ခိုင်သော ကိုယ်ထည်ကို ရေဘဝဲတစ်ကောင်ကဲ့သို့ တွယ်ကပ်လိုက်ပြီး လေသံ ခပ်မာမာဖြင့် ထပ်လောင်းပြောလိုက်သည်။ "ငါ မင်းကို သတိပေးထားမယ်... မထွက်လာတာ အကောင်းဆုံးပဲ... မဟုတ်ရင် ငါ့မြွေချောလေးနဲ့ မင်းကို သေအောင် ကိုက်ပြီး မျိုချပစ်မယ်!"

လှိုဏ်ဂူအပြင်ဘက်တွင် လရောင် ထိန်လင်းနေခဲ့ပြီး၊ မြွေနက်ကြီးသည် ဟောက်သံရပ်သွားခဲ့သည်။

သူ “ဟုတ်ပြီ” ဟု တွေးလိုက်မိသည်။

'မင်းက လူတွေရဲ့ မျက်နှာကို သိပေမယ့် သူတို့ရဲ့ စိတ်နှလုံးကိုတော့ မသိဘူးပဲ...'

'ငါက ပုံမှန်ဆို မင်းကို သနားစရာကောင်းပြီး အားနည်းတဲ့ ပုံစံရှိတဲ့ ကြင်နာတတ်သူလေးလို့ ထင်ခဲ့တာ... ဒါပေမယ့် မင်းက မြွေတွေကို တော်တော်လေး ဆူပူကြိမ်းမောင်းတတ်သားပဲ မထင်ထားဘူး...မင်းက နှုတ်သီးကောင်း လျှာပါးလေးပဲ"

'မင်း အခုလို စွမ်းရည်ရှိတာကို ငါ ဘာလို့ အရင်က မတွေ့ခဲ့ရတာလဲ...အရင်ကတော့ အရမ်းကို လိမ္မာပြီး နူးညံ့သိမ်မွေ့နေလိုက်တာ... အခုတော့ အိပ်မက်မက်ပြီးတည်းက ဘာလို့ ဒီလိုဖြစ်သွားမှန်းကို မသိဘူး...'

"လိမ်ညာတတ်တဲ့ အသားလုံးလေး... မင်း ငါ့ကို တကယ် လှည့်စားခဲ့တာပဲ ..."

"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဖြစ်ခဲ့တဲ့ ကပ်ဘေးကြီးကြောင့်၊ ငါ့ရဲ့ နတ်ဆိုးစွမ်းအားကို ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ထပ်က မသေမျိုးတွေ ပိတ်ဆို့ခဲ့တာမျိုးသာ မရှိခဲ့ဘူးဆိုရင် ငါ ငါ့ပုံစံအတိုင်းပဲ ရှိနေနိုင်ပြီး အသွင်ပြောင်းတာတွေ စကားပြောတာတွေ လုပ်နိုင်မှာ မဟုတ်ရင် မင်းအတွက် ငါ့အမြီးကိုပဲ သုံးရမှာ ...အာ... မဟုတ်သေးဘူး။ မြွေတွေက ဘယ်လိုမျိုးလဲဆိုတာ မင်းကို အရင် သင်ကြားပေးရမယ်"

မြွေနက်ကြီးသည် ဒေါသအလွန်ထွက်သဖြင့် သူ၏အကြေးခွံများပင် ပူလောင်လာခဲ့သည်။

သူ့ကိုယ်ပေါ်ရှိ ချိတ်ပိတ်ခံထားရသော အကြေးခွံဟောင်းများ ကွာကျသည်မှာ  ကြာနေပြီဖြစ်သော်လည်း နတ်ဆိုးစွမ်းအားများက ပြန်ရောက်မလာသေး။ ယခင်က သူ ဝမ်ကျုံးအတွက် အလင်းစက်ဝိုင်းမန္တန်ကို အတင်းအကျပ် အသုံးပြုခဲ့ပြီး သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးစွမ်းအား အနည်းငယ်မျှကိုပင် ကုန်ဆုံးစေခဲ့သည်။ သူ၏ ဝမ်ကျုံးအပေါ် တက်မက်စိတ်ကို ဖြေဖျောက်ရန် အိပ်မက်များထဲတွင်သာ သူ့ကို ဖက်ယက် နမ်းရှုံ့နိုင်ခဲ့သည်။

သူ ဝမ်ကျုံးနှင့် အတူရှိနေနိုင်ရန် ထိုမျှလောက် ပေးဆပ်ရမည်ဟု မမျှော်လင့်ခဲ့။ သို့သော် ဝမ်ကျုံးသည် သူ့ကို စော်ကား အနိုင်ကျင့်ခဲ့ပြီး သူ့အား ထိတွေ့ရန်ပင် ဆန္ဒမရှိခဲ့။

မြွေနက်ကြီး ထိုအကြောင်းကို တွေးမိလေသောအခါ ပို၍ ဒေါသထွက်လာလေသည်။ သူ့ကိုယ်ခန္ဓာအပူချိန်ကို လျော့ချနိုင်ရန် သူ၏ အလွန်ပူပြင်းနေသော ခန္ဓာကိုယ်ကို ထိုသူ့ထံသို့ ထိုးသွင်းလိုစိတ် ပြင်းပြနေခဲ့သည်။

သူ့အကြေးခွံများ ကြီးထွားလာရန် မစောင့်ဆိုင်းတော့ဘဲ သူ၏ နတ်ဆိုးစွမ်းအားများ လျင်မြန်စွာ ပြန်လည်ရောက်ရှိစေရန်အတွက် နေ၊ လ နှင့် ကြယ်တို့ကို မျိုချရန် ပင်လယ်တစ်ဖက်ရှိ တောင်ထိပ်သို့ ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်လေသည်။

ထိုအချိန်၌...

ဟားဟားဟား

ဟားဟားဟား

ဟားဟားဟား

ဝမ်ကျုံးသည် ရုတ်တရက် ဂူထဲမှ ထွက်ခွာသွားသော မြွေနက်ကြီးကို ကြည့်ကာ "မြွေချောလေးရေ... ဘယ်ကိုသွားနေတာလဲ" ဟု အော်ခေါ်လိုက်လေသည်။

မြွေနက်ကြီး ရှိနေတုန်းကတောင် မိစ္ဆာကောင်ကြီးက အရမ်း ဆိုးတာ အခု မြွေနက်ကြီး မရှိတော့ဘူးဆိုတော့ ငါတော့ တစ်စစီ ဖြစ်တော့မယ် ခန္ဓာကိုယ်တစ်ခုလုံး ဘာမှတောင် ကျန်မှာ မဟုတ်ဘူး...

ဝမ်ကျုံးသည် အလွန်ထိတ်လန့်နေခဲ့၏။ ကြောက်ရွံ့ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ခံစားနေရသော်လည်း သူသည် မအိပ်ရဲ။

နောက်ဆုံး သူ ထိုအခြေအနေကို ဆက်လက် သည်းမခံနိုင်တော့ဘဲ ရေကန်စပ်သို့ ပြေးသွားကာ မျက်နှာကို ရေဖြင့် ဆေးကြောလိုက်သည်။ သူသည် မီးခြစ်တစ်ချောင်းကဲ့သို့ ထူထဲသော သစ်သားချောင်းငယ်နှစ်ချောင်းကို ချိုးယူ၍ သူ အလွန်အိပ်ငိုက်လာသည်နှင့် အပေါ်နှင့်အောက် မျက်ခွံများကို ထောက်ထားခဲ့သည်။ ထို့နောက် သူ နိုးနိုးကြားကြား ရှိနေစေရန် ပေါင်များကို ဆိတ်နေသည်။

ကောင်းကင်တွင် လသည် ဖြတ်သန်းသွားနေပြီး ကြယ်များသည် မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် လျင်မြန်စွာ လျော့နည်းလာခဲ့သည်။ ခဏအကြာတွင် တာယာတစ်ခုကဲ့သို့ ကြီးမားသော လခြမ်းကြီးကို ခွေးတစ်ကောင်က ကိုက်စားနေဟန်။ ဝမ်ကျုံး သူ  အမြင်မှားနေသည်လားဟု တွေးတောရင်း မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ မြွေတစ်ကောင်က ကြယ်တွေကို အမြီးနဲ့ယူပြီး ကိုက်စားနေတယ်လို့ သူ မြင်နေရတာလဲ... လမင်းကြီးကိုပါ ဝါးစားနေတာလား...

ကြယ်ရောင်ကျဆင်းသွားသောအခါ ကမ္ဘာလောကကြီးတစ်ခုလုံး အမှောင်အတိကျသွားသည်၊

။ ဝမ်ကျုံး သူ့လက်ချောင်းများကိုပင် မမြင်နိုင်တော့။

ဝမ်ကျုံး တောက်ပသော ပုလဲတစ်လုံးကို အလျင်အမြန် ကိုင်ဆောင်၍ ပုန်းအောင်းနေခဲ့သည်။

အိပ်ငိုက်နေသည့် အခြေအနေတွင် အားကောင်းသော နေထွက်လာခြင်းက ကမ္ဘာမြေကို လင်းထိန်စေခဲ့လေသည်။

"နေထွက်လာပြီ"

မှောင်မိုက်ခြင်းအားလုံးက နေမင်းကြီးအောက်တွင် ပျက်စီးသွားမည်ဖြစ်ပြီး သူ့အား အနိုင်ကျင့်ရန် နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သော မိစ္ဆာကောင်ကြီးသည် နေရောင်ကို ကြည့်ရဲမည် မဟုတ်ဟု ခိုင်မာစွာ ယုံကြည်ခဲ့သည်။

သူ ပျော်ရွှင်စွာ ပြေးထွက်သွားခဲ့သည်။ စွမ်းအားပြည့်ဝသော မနက်ခင်းအလင်းရောင်သည် သူ့ကိုယ်ပေါ်ရှိ ကံဆိုးခြင်းများကို ဆေးကြောပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်။ သူ ကျောက်ဆောင်ပေါ်တွင် ရပ်၍ ဝေးကွာသော ပင်လယ်ရေပြင်ကို ကြည့်နေခဲ့သည်။ အာကာသအစွန်အဖျားတွင် ပါးစပ်ဖွင့်ထားသော မြွေတစ်ကောင်ကို သူ မြင်လိုက်ရပြီး တစ်ကြိမ်ကိုက်လိုက်သည်နှင့် နေမင်းကြီး ပျောက်ကွယ်သွားတော့၏။

သူ့မျှော်လင့်ချက် ရောင်ခြည် ဖြစ်သောသော အနီရောင် နေမင်း မျိုချခံလိုက်ရလေပြီ။

"အား!"

"ငါ့မျက်လုံးတွေ!"

ဝမ်ကျုံးသည် ရုတ်တရက် ဘာကိုမျှ မမြင်နိုင်တော့။ သူ့မျက်လုံးများကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။ အစပိုင်းတွင် သူသည် မျက်မမြင်ဖြစ်သွားပြီဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆိုးသွမ်းသော မိစ္ဆာကောင်ကြောင့် သူ ရူးသွပ်သွားတာ ဖြစ်လိမ့်မည်ဟု သဘောပေါက်လိုက်သည်။ မဟုတ်ပါက သူသည် မျက်လုံးများကို ဖွင့်ပိတ်လုပ်နိုင်မည် မဟုတ်ဘဲ သူ၏စိတ်သည် မြွေများဖြင့် ပြည့်နှက်နေမည် မဟုတ်ပေ။

သူ လဲကျတော့မည့်အခိုက် အေးမြသော လေညှင်းတစ်ချက်က သူ့နောက်တွင် ရပ်တန့်သွားခဲ့လေသည်။

ဝမ်ကျုံး အသက်ရှုရပ်သွားတော့မတတ် ပြင်းထန်စွာ တုန်ယင်သွားလျက်။

သူ နေရောင်မရှိသော အမှောင်ထဲတွင် ငြိမ်သက်သွားခဲ့ပြီး နောက်သို့ လှည့်ကြည့်ရန်ပင် မရဲဝံ့ပေ။

သူ၏နားရွက်များတွင် အေးစက်သော လေအေးတစ်စွန်းတစ်စ ရှိနေခဲ့ပြီး အဆုံးမဲ့သော အိပ်မက်ဆိုးများ ပေးခဲ့သော ထိုမိစ္ဆာကောင်က သူ့အား အေးစက်တိုးလျသော အသံဖြင့် "ငါ့ကို ဘာလို့မဆူတော့တာလဲ" ဟု မေးနေသည်ကို သူ ကြားလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ အိပ်မက်တစ်ခုသာ မဟုတ်တော့ချေ...