အမှောင်အတိကျနေသော နေရာတွင် သူ့လက်ချောင်းများကိုပင် မမြင်နိုင်။ ထိုအချိန် လူတစ်ဝက်၊ မြွေတစ်ဝက် သတ္တဝါကြီးသည် ချောက်ကမ်းပါးကို မှီလျက် အေးစက် ချောမွတ်သော မြွေမြီးဖြင့် သူ့ကို တပ်မက်စွာ ဆွဲယူလိုက်သည်။
ထိုရိုင်းစိုင်းသော သတ္တဝါကြီးကို သူ မမြင်ရပေ။
သို့သော် ထိုသတ္တဝါ၏ အနမ်းများနှင့် ထိတွေ့မှုများသည် အိပ်မက်ထဲကထက် ပိုမိုထင်ရှားလေသည်။ ညှို့ငင်နိုင်စွမ်းလည်း တိုးတက်လာပြီး တိုးတက်လာနိုင်ချေရှိသည့် အခြားအရာများလည်း ရှိနေသည်။
ထိုအေးစက်၍ အပူချိန်ကင်းမဲ့သော လက်ချောင်းများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် အပေါ်အောက် ခပ်မှန်မှန် လှည့်လည်သွားလာနေသည်။ ထိုလက်ချောင်းများက သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင်ထက်ပင် ပိုမိုသိနေသည်ဟု ထင်ရသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုသတ္တဝါသည် ရိုးရှင်းသော အနမ်းများ၊ ထိတွေ့မှုများနှင့်သာ ကျေနပ်တော့မည့် ပုံမပေါ်။
ဒီမကောင်းဆိုးဝါးကြီးက...တကယ်ပဲ...
ဝမ်ကျုံး ရှက်ရွံ့စွာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် အားအင်များကို စုစည်းကာ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် သတ္တဝါကြီးကို ရိုက်ပုတ်ရန် ရည်ရွယ်ချက်ဖြင့် ထိုးနှက်လိုက်သည်။ သို့သော် သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲခြင်းခံခဲ့ရသည်။
ထိုသတ္တဝါက သူ၏ ရုတ်တရက်ဆန်ဆန် ရိုက်ပုတ်မှုကို ညင်သာစွာ ဖမ်းဆုပ်ရန် လက်ကို မြှောက်လိုက်သည်။ ထို့နောက် ဝမ်ကျုံး၏ လက်များကို သူ၏ ခွန်အားအပြည့် သန်မာသော လက်ချောင်းများဖြင့် ရောယှက်လိုက်ပြီး သူ့ လက်ဖဝါးကို ထိတွေ့စေခဲ့သည်။ လက်ချောင်းများနှင့် နှုတ်ခမ်းများသည် တစ်ခုနှင့်တစ်ခု ကျစ်လစ်စွာ ရစ်ပတ်ကာ သဟဇာတဖြစ်၍ ရင်းနှီးသော အခြေအနေတစ်ခုကို ဖန်တီးနေသည်။
"ကောင်းပြီ"
ဝမ်ကျုံး ထိုသတ္တဝါအောက်တွင် ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ကွေးလိုက်ကာ တုန်ရီနေခဲ့သည်။ ထို့နောက် စကားပြောရန် ကြိုးစားခဲ့သည် "ကျွန်တော်တို့မှာ တစ်ယောက်အပေါ်တစ်ယောက် အငြှိုးအတေးလည်း မရှိပါဘူး၊ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရမလား..."
ထိုသတ္တဝါက စကားမပြောဘဲ သူ လုပ်လက်စကိုသာ အာရုံစိုက်နေခဲ့သည်။
ဝမ်ကျုံး၏ မျက်ဆံများ ရုတ်တရက် ပြူးကျယ်လာခဲ့သည်။ ထိုသတ္တဝါသည် သူနှင့်အတူ တစ်စုံတစ်ရာ ပြုလုပ်ရန် အမြီးကို အသုံးပြုလိုကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည့်အခါ သူ အရူးအမူး ရုန်းကန်တော့သည်။ မြေပြင်ရှိ ကျောက်စရစ်ခဲများနှင့် သစ်ရွက်အားလုံးကို လက်ဖြင့် လျင်မြန်စွာ ဆုပ်ကိုင်ကာ ကျိန်ဆဲနေပြီး သတ္တဝါကြီးကို ထိုအရာတို့ဖြင့် ပစ်ပေါက်နေခဲ့သည်။
"ထွက်သွား! ကျွန်တော့်ကို မထိနဲ့! မထိနဲ့! ခင်ဗျားက သားရဲကောင်ကြီး!" ဟု အော်ဟစ်လိုက်သည်။
ထိုမိစ္ဆာက သူ ထိုသို့ အပြင်းအထန် ခုခံမည်ဟု မထင်ထားခဲ့။ ခြစ်ရာများဖြင့် သွေးများ ထွက်နေသော သူ့လက်များကို ဦးခေါင်းပေါ် မြှောက်တင်လိုက်သည်။ သူ့အမြီးကို အသုံးပြု၍ ဝမ်ကျုံးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မပျော်ရွှင်သည့်လေသံဖြင့် "မင်း ငါ့ကိုဒီလိုပြောရဲတယ်ပေါ့" ဟု ပြောလိုက်၏။
"ကျွန်တော် ခင်ဗျားကို သတိပေးနေတာနော်... ကျွန်တော်က မြွေနက်ကြီးနဲ့ အတူနေတာ ခင်ဗျား ကျွန်တော့်ကို ထိရဲလား...သူက ခင်ဗျားကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး... ကျွန်တော်တို့က အရမ်းရင်းနှီးတာ ခင်ဗျား ကျွန်တော့်ကို တစ်ခုခု လုပ်ရင် သူ ခင်ဗျားကို မြိုမချလောက်ဘူးလို့ ထင်နေတာလား..." ဟု ဝမ်ကျုံးက ခြိမ်းခြောက်ရန် ကြိုးစားရင်း မနားတမ်းပြောလိုက်သည်။
မိစ္ဆာ၏ အမြီးဖျားသည် သူ့ခန္ဓာကိုယ်၏ အလွန်အန္တရာယ်ရှိသည့် နေရာကို ထိနေသည်။ မိစ္ဆာသည် အကြောင်းတစ်ခုခုကြောင့် ပျော်ရွှင်နေပုံရပြီး ပြုံးလျက် "အိုး... တကယ်လား" ဟု ပြောဆိုလေသည်။
ဝမ်ကျုံးသည် မိစ္ဆာကို ကြောက်လန့်စေရန် မီးလောင်ရာလေပင့်ပြုလျက် ချက်ချင်းပင် ဟန်ဆောင် ပြောဆိုလိုက်သည်။
"ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး...ချောမောတဲ့မြွေနက်ကြီးက ကျွန်တော့်ကို အချစ်ဆုံးပဲ...သူ ပြန်မလာခင် ခင်ဗျား ထွက်သွားလို့ရတယ်... သူ့ခန္ဓာကိုယ်က အကြီးကြီး ရှည်လည်းရှည်တယ် အရမ်းလည်း သန်မာတာနော် သူ့အမြီးတစ်ချောင်းတည်းနဲ့တင် ခင်ဗျားကို ကောင်းကင်ပေါ် ပစ်တင်နိုင်တယ်! သူ့မှာ အစွယ်အကြီးကြီး နှစ်ချောင်းလည်း ရှိတယ်...ခင်ဗျားခေါင်းကို တစ်ကိုက်တည်းနဲ့တောင် ကိုက်ဖြတ်နိုင်တယ်! ခင်ဗျားက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး!" ဟု ပြောဆိုလိုက်သည်။
ထိုမိစ္ဆာက စိတ်ဝင်တစား မေးလိုက်သည်- "ဒါဆို မင်းက သူ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျောက်စိမ်းလို ကာကွယ်နေတာပေါ့"
ဤရိုင်းစိုင်းသောမိစ္ဆာသည် ပညာမဲ့သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဝမ်ကျုံး တွေးလိုက်သည်။ သူ လုပ်ခဲ့တာတွေက အရမ်းရက်စက်ပြီး သိက္ခာမဲ့နေတာ မဆန်းတော့ပါဘူး
သူ ယဉ်ကျေးမှုဆိုင်ရာ သင်ခန်းစာ ပေးရန် အချိန် မရှိပေ။ ငါက လူလေ ငါ့ရဲ့ သန့်ရှင်းမှုကို ဘာလို့ မြွေနက်ကြီးအတွက် ထိန်းသိမ်းပေးဖို့ လိုမှာလဲ...ထားပါ အရင်ဆုံး သူနဲ့ ရှင်းရမယ်
သူက ချက်ချင်း သဘောတူလိုက်သည်- "ဟုတ်တယ်။ ကျွန်တော့် ခန္ဓာကိုယ်က ချောမောတဲ့မြွေနက်ကြီးရဲ့အပိုင်ပါ ခင်ဗျားသာ ကျွန်တော့်ကို အနိုင်ကျင့်ရင် သူ့ကို စော်ကားတာနဲ့ အတူတူပဲ... သူက အရမ်းပိုင်ဆိုင်လိုစိတ် ပြင်းပြတာ သူ့ပစ္စည်းတွေကို တခြားသူတွေ ထိတာကို မုန်းတယ်။ ခင်ဗျားသာ ကျွန်တော့်ကို ထိခဲ့ရင်၊ သူ ခင်ဗျားကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး..."
ထိုမိစ္ဆာသည် ကြောက်ရွံ့နေပုံရပြီး သူ့ကို တကယ်ပင် လွှတ်ပေးလိုက်လေသည်။
ဝမ်ကျုံး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ အမှောင်ထဲတွင် လေထဲကို ခြေချမိမတတ် ဖြစ်သွားသည်။ သူ အလန့်တကြား အော်ဟစ်လိုက်ပြီး ခြောက်ကမ်းပါးမှ ပြုတ်ကျတော့မတတ်ပင်။ မိစ္ဆာကြီးသည် သူ့အမြီးဖြင့် ဝမ်ကျုံးကို ဖမ်းလိုက်ပြီးလေထဲသို့ မြှောက်တင်လိုက်ကာ ခန္ဓာကိုယ်ကို အလေးချိန် ချိန်ကြည့်လေသည်။
"အား" ဟု ဝမ်ကျုံး အော်ဟစ်လိုက်သည်။
ဝမ်ကျုံး ခဏတာမျှ မှင်တက်သွားပြီး ဤသည်မှာ မြွေနက်ကြီးက သူ့အား အလေးချိန်သည့်အခါ အသုံးပြုသည့် အမြီးလှည့်ခြင်းနည်းလမ်း ဖြစ်နေသည်ကို ထင်ရှားစွာ မြင်ရသော်လည်း ဤမိစ္ဆာက အဘယ်ကြောင့် အလားတူ လုပ်ဆောင်သနည်းဟု တွေးတောနေမိသည်။
ဒါက မြွေအားလုံးရဲ့ မွေးရာပါ စွမ်းရည် တစ်ခုလား...
ဝမ်ကျုံးကို မိစ္ဆာကြီးက အမြီးဖြင့် လုံးထွေးသိမ်းယူကာ သူ့လက်များထဲတွင် ပွေ့၍ လိုဏ်ဂူသို့ ပြန်လည်သယ်ဆောင်သွားလေသည်။
ဝမ်းကျုံး အမှောင်ထဲတွင် ညီညာသော မြေပြင်ပေါ် လမ်းလျှောက်နေရသည့်နှယ် ခံစားရသည်။ မိစ္ဆာကြီး၏ ဦးတည်ရာသို့ အာရုံခံနိုင်စွမ်းသည် လအတော်ကြာ ဤနေရာတွင် နေထိုင်ခဲ့သူထက် ပိုမိုကောင်းမွန်သည်။ မိစ္ဆာကြီးသည် လမ်းကို ကျွမ်းကျင်စွာသိပြီး သူ့အား အစိုဓာတ် ဒဏ်ခံဖျာပေါ်တွင် ထိုင်စေခဲ့သည်။
ညဘက်တွင် တောက်ပသော ပုလဲ၏အကူအညီဖြင့် မိစ္ဆာ၏ ကြွက်သားထူထပ်သော ခါးသည် ချောမောသောမြွေနက်ကြီး၏ အမြီးနှင့် ပေါင်းစပ်နေသည်ကိုလည်းကောင်း၊ မြေပြင်သို့ ထိလုနီးပါး ရှည်လျားသော မှင်ရောင်ဆံပင်များကိုလည်းကောင်း ဝမ်ကျုံး မသဲမကွဲ မြင်လိုက်ရသည်။
ဝမ်ကျုံး ခန္ဓာကိုယ်ပေါ်ရှိ ရှုပ်ပွနေသော မြွေအရေခွံများကို အလျင်အမြန် စုဆောင်းလိုက်ပြီး ဒူးများကို ပွေ့ဖက်၍ တိုးတိုးလေး ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
ထိုမိစ္ဆာသည် သူ့ဘေးနားတွင် မာနကြီးစွာ ရပ်နေပြီး၊ မြွေအမြီးထိပ်ဖြင့် တို့ထိကာ ပြောလာသည်- "ငါ့ကို မကြည့်ရဲဘူးလား"
ဝမ်ကျုံး သူ့ခေါင်းကို လက်များထဲတွင် မြှုပ်နှံလိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်- " မူးလဲမှာ ကြောက်လို့"
ထိုမိစ္ဆာသည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး၊ သူ၏အသံတွင် ပျော်ရွှင်မှု တစ်စွန်းတစ်စ ပါဝင်နေလျက် "အမှန်ပဲ" ဟု ပြောလိုက်လေသည်။
မြွေနက်ကြီး ဤနေရာ၌မရှိချေ။ ရိုင်းစိုင်းသောမိစ္ဆာကြီးသည်လည်း ထွက်မသွားသေးပေ။ မည်သို့ဖြစ်ပျက်သည်ကို သူ မသိရ။ အဆုံးမဲ့ညသို့ ရောက်ရှိနေသကဲ့သို့ မှောင်အတိကျနေလျက်။
ဝမ်ကျုံး အချိန်ကိုမပြောနိုင်ချေ။ ဆာလောင်မှုဟူသော အခြေခံအကျဆုံးခံစားချက်ကပင် ရိုင်းစိုင်းသောမိစ္ဆာ ရှိနေခြင်းကြောင့် လွင့်ပြယ်သွားခဲ့သည်။
သူ မြွေအရေခွံကို အလွှာလိုက်ပတ်၍ သူ့ကိုယ်သူဖုံးအုပ်ခဲ့သည်။ အထူးသဖြင့် ဘယ်ဘက်နှင့်ညာဘက်ခြမ်းတို့ရှိ ထိလွယ်ရှလွယ်သော အစိတ်အပိုင်းအချို့ကို ဖြစ်သည်။ ကြိုးအမျိုးမျိုးဖြင့်လည်း ချည်ရန် ဦးနှောက်ခြောက်အောင် တွေးတောခဲ့သည်။
သူ ဒူးနှစ်ဖက်ကိုပိုက်ကာ မြွေနက်ကြီး အရေခွံလဲစဉ်က ၎င်း၏အမြီးဖြင့် ကျောက်နံရံ၌ ရိုက်ချိုးထားသော အပေါက်ကြားထဲသို့ တိုးဝင်နေခဲ့သည်။
မြွေနက်ကြီး မည်သည့်နေရာသို့ ရောက်ရှိသွားသည်မသိသော်လည်း မကြာမီ ပြန်လာမည်ဟု မျှော်လင့်နေစဉ်တွင် ရိုင်းစိုင်းသောမိစ္ဆာကြီးသည် ဤနေရာကို ၎င်း၏အိမ်အဖြစ် မှတ်ယူနေသည်ကို သူ မြင်တွေ့နေရသည်။ ထိုမိစ္ဆာကြီးက ရေကန်ထဲ၌ ခဏတာ ကစားသည်။ ထို့နောက် မြွေနက်ကြီး၏ ရွှံ့ထဲ၌လည်း ကစားလေသည်။
သူ အလုံအလောက်ပျော်ရွှင်အောင် ကစားခဲ့ပြီးနောက် ကျောက်တုံး အက်ကွဲကြောင်းများထဲ၌ ပုန်းကွယ်နေသော ဝမ်ကျုံးကို ထုတ်ယူကာ နမ်းရှိုက်ထိတွေ့ပြီးနောက် ကစားတော့သည်။
ဝမ်ကျုံး မျက်လုံးများကို အစမှအဆုံးတိုင် ပိတ်ထားခဲ့သည်။ သူ့ကို တစ်ကြိမ်မျှပင် မကြည့်ရဲ။
သန်မာသောခါးနှင့် ဝမ်းဗိုက်ပေါ်၌ အတင်းအကျပ်ထိုင်ခိုင်းခံလိုက်ရသည်။ ဝမ်ကျုံး သတိကြီးစွာဖြင့် "ခင်ဗျား ဘယ်ချိန်ပြန်မှာလဲ... မြွေနက်ကြီးပြန်လာတော့မယ်" ဟု မေးမြန်းခဲ့သည်။
မိစ္ဆာကြီးသည် စိတ်မရှည်စွာဖြင့် သူ့ကို ခပ်တင်းတင်း ရစ်ပတ်လိုက် ၊ ဖြေလျော့လိုက် ပြုလုပ်လေသည်။ ဝမ်ကျုံးကို ရစ်ပတ်ရာတွင်သာ အာရုံရောက်နေပြီး ဝမ်ကျုံးစကားကိုမူ အာရုံမစိုက်ပေ။
ဝမ်ကျုံး မိစ္ဆာကြီး၏ပခုံးများကို ရဲရဲဝံ့ဝံ့တွန်းလိုက်ရာ သူ့ဆံပင်အနည်းငယ်ကို လက်ချောင်းများဖြင့် မတော်တဆ ရစ်ပတ်မိသွားခဲ့သည်။ "မိစ္ဆာကြီး ကျွန်တော် စကား ပြောလို့ရမလား..."
မိစ္ဆာကြီး ရုတ်တရက် ဒေါသထွက်လာခဲ့သည်။ "ဘယ်သူ့ကို မိစ္ဆာလို့ခေါ်နေတာလဲ" ဟု အော်လိုက်သည်။
ဝမ်ကျုံးသည် သူ၏ပခုံးများကို တွန့်လိုက်ပြီး စိတ်ထဲတွင် တွေးမိလိုက်သည်။ “ခင်ဗျားက တစ်ဝက်လူ၊ တစ်ဝက်မြွေမိစ္ဆာလေ နောက်ပြီး နှာဘူးတစ်ယောက်လို ကစားရတာ အရမ်းကြိုက်တယ်လေ... ဒီနာမည်က ခင်ဗျားရဲ့ပုံစံနဲ့ အရမ်းလိုက်တယ် မဟုတ်လား..."
အဲ့လိုဆိုရင်လည်း အဲ့မိစ္ဆာကြီး ဒေါသထွက်ဦးမယ်
"ကျွန်တော် ခင်ဗျား နာမည်ကို မသိဘူးလေ" ဝမ်ကျုံး တိုးတိုးလေး ပြောလိုက်သည်။
"မင်း ငါ့နာမည်ကို မသိဘူးလား" ဟု ထိုမိစ္ဆာက အလွန်စိတ်မကျေနပ်စွာ ပြောလေသည်။ "မင်း လျှာကမြွေတွေကို ဘယ်လို ဂရုစိုက်ရမလဲ မိသိဘူးလား...အရမ်း ရုပ်ဆိုးတာပဲ...အဲ့လျှာကို ထုတ်ပစ်လိုက်ပါတော့လား..."
ထိုမိစ္ဆာကသာ ဝမ်ကျုံးကို နမ်းရန်နှင့် ထိတွေ့ရန် အတင်းအကြပ် ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်းကို ဝမ်ကျုံး ပြန်လည်ချေပချင်သည်။ ဘယ်သူကရော မြွေကို ဂရုစိုက်ချင်မှာလဲ...
သို့သော် ထိုသူ၏ နောက်စကားတစ်ခွန်းကို ကြားသောအခါ မိမိ၏လျှာကို အမှန်တကယ် ဆွဲထုတ်မည်ကို ကြောက်ရွံ့သဖြင့် ပြန်လည် ချေပရန် မရဲဝံ့ပေ။
သူက မိစ္ဆာ၏စကားကို မေးလိုက်သည် "ဒါဆို ခင်ဗျား နာမည်ကဘာလဲ"
“သိချင်လား” ထိုမိစ္ဆာက သူ၏ခါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကောင်းသော လက်မောင်းများထဲသို့ ဆွဲသွင်း၏။ ထိုအချိန်တွင် သူ၏ခါးတွင် ချည်နှောင်ထားသော အထုံးကို ဖြည်ကာ “ ကျေးဇူးပြုပြီး ပြောပြပါလို့ ပြော"
ဝမ်ကျုံးသည် မိစ္ဆာက သူ့ကို ဆွဲလိုက်သောအခါ ညည်းတွားလိုက်သည်။ သူက ကျေးဇူးပြု၍ ပြောရန်ပြင်စဥ် အနီးနားရှိ ထိုမိစ္ဆာက ရုတ်တရက် သူ၏လက်ကို ကမ်းကာ နူးညံ့စွာ နမ်းရှုံ့ပြီး ချိုသာသောအသံဖြင့် “ရွှမ်းမင် ငါ့နာမည်က ရွှမ်းမင် ” ဟု ပြောလိုက်သည်။
"ငါ့ကို ယောက်ျားလို့လည်း ခေါ်လို့ရတယ်" လို့ သူက စကားမဆုံးခင် ထပ်ပြောလိုက်သည်။