ဝမ်ကျုံးသည် ရွှမ်းမင်၏ တိုက်တွန်းမှုကို မခံနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ခင်ဗျားရဲ့စကားကို ကျွန်တော် အကြိမ်ပေါင်းများစွာ နာခံခဲ့ပြီးပြီပဲ။ ဘာလို့ ကျွန်တော့်စကားကျ တစ်ကြိမ်လေးတောင် မနာခံနိုင်ရတာလဲ။"
သူသည် ရွှမ်းမင်၏ ပခုံးကို ထိုးလိုက်သည်။ ရွှမ်းမင်အတွက်မူ ပန်းနှင့်ပေါက်သည့်နှယ်။
ရွှမ်းမင်က ခပ်ဖွဖွရယ်ကာ ယင်းကို ချိုမြိန်သော ရေရွတ်သံအဖြစ် ခံယူခဲ့သည်။
သူ ဝမ်ကျုံး၏ တွန့်ဆုတ်နေသော မျက်ခုံးမွေးများကို ထိရန် လက်လှမ်းလိုက်ပြီး နူးညံ့စွာ နမ်းရှုံ့လိုက်သည်။ သူ့အမြီးမှ အကြေးခွံများသည် ကျုံ့ဝင်သွားပြီး ရှည်လျား၊ ပိန်သွယ်ကာ အားကောင်းသော ခြေထောက်များအဖြစ်သို့ ပြောင်းလဲသွား၏။
သူ၏ဇနီးလေးကို သူ မည်သည့်အခါမျှ မငြင်းဆန်နိုင်ပေ။
သို့ရာတွင် ဝမ်ကျုံးအတွက်မူ ရွှမ်းမင်၏ လူအသွင်က လုံးဝကွဲပြားသော အတွေ့အကြုံကို ပေးခဲ့သည်။
အေးစက်ပြီး ချောမွေ့သော မြွေနက်ကြီး၏ အမြီးသည် ဝမ်ကျုံးအား မထိန်းချုပ်နိုင်အောင် ဆွဲဆောင်ခဲ့၏။ သို့သော် ချောမွေ့ပြီး အားကောင်းသော ခြေထောက်များသည် ရွှမ်းမင်ထံသို့ ဝမ်ကျုံးကို မသိစိတ်ကပင် ပိုမိုနီးကပ်စေသည်။
ရွှမ်းမင် ဝမ်ကျုံး၌ ပြောင်းလဲမှုများကို သတိပြုမိသွားသည်။ သူသည် ဝမ်ကျုံး၏နားကို ပျော်ရွှင်စွာ နမ်းလိုက်ပြီး "ကျယ်ကျယ်ပြောပါ။ မင်းရဲ့အသံကို ငါကြားချင်တယ်။" ဟု ချော့မော့ပြောဆို၏။
ဝမ်ကျုံးသည် မျက်နှာနီမြန်းသွားကာ ရွှမ်းမင်ကို ရှက်ရွံ့စွာ ကြည့်ပြီး သူ၏နားထဲသို့ စကားအနည်းငယ်ကို တိုးတိုးလေးပြောလိုက်သည်။
ရွှမ်းမင်သည် တုံ့ဆိုင်းသွားပြီး ဝမ်ကျုံး၏ ပိုမိုရှုပ်ထွေးသော အကြည့်အောက်တွင် "ဘယ်လိုလုပ်ရမလဲ။" ဟု အသံနိမ့်ဖြင့် မေးမြန်း၏။
ဝမ်ကျုံးသည် ခပ်ဖွဖွရယ်လိုက်ပြီးနောက် ရွှမ်းမင်သည် လူအဖြစ် ပြောင်းလဲခဲ့သော်လည်း ခြေထောက်ဖြင့် လမ်းမလျှောက်ဘဲ မြေပြင်ပေါ်၌သာ ပျံဝဲနေကြောင်း သဘောပေါက်သွားသည်။ သူ၏ခြေထောက်များကို လိုက်လျောညီထွေ အသုံးမပြုနိုင်သေးဟု ယူဆခဲ့ရာ အနည်းငယ် မကျွမ်းကျင်စွာ လမ်းညွှန်ပေးရန်နှင့် သင်ကြားပေးရန်သာ တတ်နိုင်ခဲ့သာ်။
ရွှမ်းမင်သည် အလွန်ထက်မြက်သော တပည့်တစ်ဦး ဖြစ်သည်။
သူသည် အယူအဆများကို နားလည်ရုံသာမက ဆက်စပ်တွေးခေါ်မှုများကိုလည်း ကျွမ်းကျင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ခဏအကြာတွင် ဝမ်ကျုံးသည် သူ့ရဲ့ ဆရာတစ်ဦးအဖြစ် ထိုသူကို လေးစားနေမိကြောင်း တွေ့ရှိခဲ့ရသည်။
ရွှမ်းမင် ဝမ်ကျုံးကို မေးလိုက်သည်။ "မင်း အခြားမြွေတွေနဲ့ အမြီးချည်နှောင်ခဲ့ဖူးလား။ ဒါမှမဟုတ် တစ်ခြားတစ်ယောက်ယောက်နဲ့ မိတ်လိုက်ခဲ့ဖူးလား။"
ဝမ်ကျုံး၏ နဖူးမှ ချွေးများသည် မျက်လုံးများထဲသို့ စီးကျလာပြီး သူသည် ရွှမ်းမင်ကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်ကာ မေး၏။ "ဘာလို့ အဲလိုမေးတာလဲ။"
ရွှမ်းမင်သည် အဝတ်စတစ်ခုကို ကောက်ယူကာ ဝမ်ကျုံး၏ မျက်နှာမှ ချွေးများကို သုတ်ပေးရင်း အနည်းငယ် ခါးသီးသော အသံဖြင့် ပြောလာသည်။ "ငါနဲ့ယှဉ်ရင် မင်းက အတွေ့အကြုံလည်းအရမ်းရှိပြီး ဗဟုသုတလည်းကြွယ်ပုံပဲနော်။"
"..."
ဝမ်ကျုံးသည် ရွှမ်းမင်၏ သူ့အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် ရိုးရှင်းသော ပျော်ရွှင်မှုနှင့် ပိုင်ဆိုင်လိုစိတ်သက်သက် ဖြစ်သည်လား သို့မဟုတ် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ဆောင်သည်လား ဆိုသည်ကို ရုတ်တရက် သိလိုစိတ် ပြင်းပြလာ၏။
သူ နောက်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။ "အင်း၊ ငါဒါမျိုးတွေကို မြင်ခဲ့ပြီးပြီ။"
ရွှမ်းမင်သည် ရပ်တန့်သွားပြီး သူ၏ပခုံးကို ဆုပ်ကိုင်ကာ မယုံကြည်နိုင်စွာ ပြင်းပြင်းထန်ထန် လှုပ်ခါပြီး "မင်း အတည်ပြောနေတာလား။ မင်း တခြားမြွေတစ်ကောင်ကို မြင်ခဲ့ဖူးလား။" မေးလိုက်သည်။
ဝမ်ကျုံး အသက်ရှူသွင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ "ဘာဖြစ်တာလဲ။ တခြားမြွေတစ်ကောင်ကို ဘာလို့ မမြင်နိုင်ရမှာလဲ။" ဟု ပြော၏။ သူသည် ရွှမ်းမင်ကို တိုက်ရိုက်ကြည့်လိုက်ရာ ထိုသူ၏ မျက်လုံးများတွင် ဒေါသများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရပြီး အေးစက်တောင်ွတင်းသွားရသည်။ သူသည် မတ်တပ်ထရပ်ရန် ကြိုးစားခဲ့သော်လည်း ရွှမ်းမင်က လွှတ်မပေးပေ။
ရွှမ်းမင်သည် ဝမ်ကျုံး အခြားသူတစ်ဦးနှင့် အတူရှိခဲ့သည်ကို အလွန်ဒေါသထွက်ပုံရပြီး ဝမ်ကျုံးကို သူ့လက်မောင်းများထဲတွင် ရေကဲ့သို့ နူးညံ့ပျော့ပျောင်းသွားသည်အထိ အားမစိုက်နိုင်တော့ဘဲ လက်ချောင်းများကိုပင် မလှုပ်ရှားနိုင်တော့ဘဲ မရပ်မနား ဒုက္ခပေးခံနေခဲ့ရသည်။ ထို့နောက် ဝမ်ကျုံးသည် ရွှမ်းမင်၏ လည်ပင်းထဲသို့ ခေါင်းစိုက်ဝင်ကာ "ဒီအချိန်ကစပြီး ငါတစ်ယောက်ပဲ ရှိရမယ်။ တခြားဘယ်သူမှ မရှိရဘူး။" ဟု တိုးတိုးလေး ရေရွတ်နေသည်။
ဝမ်ကျုံးကမူ ထိုအရာကို ကလေးဆန်သည်ဟု ခံစားရပြီး နက်ရှိုင်းစွာ အိပ်ပျော်သွားတော့သည်။
သူနိုးလာသောအခါ ရွှမ်းမင်၏ အဝတ်များဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။ သူက မီးဘေးတွင် လဲလျောင်းနေကာ ရွှမ်းမင်၏ လက်မောင်းများက သူ့ကို ဝန်းရံထားပြီး မြွေ၏ အမြီးသည် သူ့နှင့် မီးကြားတွင် ရှိနေသည်။
ဝမ်ကျုံးသည် နာကျင်နေသော ခြေထောက်များကို လှုပ်ရှားလိုက်စဉ် ရွှမ်းမင် ရုတ်တရက် မေးသည်ကို ကြားလိုက်ရသည်။ "မင်းရဲ့ရင်ထဲမှာ သူရှိနေသေးလား။"
ဝမ်ကျုံး အံ့သြသွားပြီး "ဘယ်သူလဲ။" ဟု မေးလိုက်သည်။
"မင်းကို အတွေ့အကြုံပေးခဲ့တဲ့သူလေ။"
ရွှမ်းမင်သည် ဝမ်ကျုံးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး မေးခွန်းများဖြင့် ဗုံးကြဲလိုက်သည်။
"မင်းငါ့ကို ငြင်းခဲ့တာ သူကြောင့်လား။ သူ့ဆီ ပြန်သွားချင်တာလား။ သူက ငါ့ထက်ပိုကောင်းလား။ သူ့မှာ မှန်တစ်ချပ်တောင်ရှိလို့လား။ သူက ငါ့ထက် ပိုက်ဆံပိုချမ်းသာလား။ သူ့ရဲ့နတ်ဆိုးစွမ်းအားက ငါ့ထက်ပိုမြင့်လို့လား။ ငါ့မြို့က မိုင်ထောင်ချီကျယ်တယ်၊ ငါ့ရဲ့မြွေရဲတိုက်ထက်ရော ပိုကြီးလို့လား။ သူက ကမ္ဘာတစ်ခုရဲ့ သခင် ဖြစ်နေတာလား။ အရေးအကြီးဆုံးက သူက ငါ့လိုပဲ ချောလား။ သူကရော မသေမျိုးပဲလား..."
"..."
ဝမ်ကျုံးက ပြန်ဖြေလိုက်သည်။ "ခင်ဗျား အဲ့လောက်တောင် ဂရုစိုက်တာလား။"
"ဟုတ်တယ်။" ရွှမ်းမင်သည် ရှက်ရွံ့ခြင်းမရှိဘဲ ဝန်ခံ၏။ " ငါအရမ်းဝမ်းနည်းတယ်။ အရမ်းလည်း မနာလိုဖြစ်တယ်။ မင်းဘာလို့ ငါ့ဆီကို စောစောမလာခဲ့တာလဲ ငါမုန်းတယ်။ သူ့ကိုသတ်ပစ်လိုက်ချင်လိုက်တာ။"
ဝမ်ကျုံးက ပြန်ဖြေ၏။ "တကယ်ပဲ အဲလောက်တောင် ဂရုစိုက်တယ်ဆိုရင် အရင်က ဘယ်သူနဲ့မှ မပတ်သက်ဖူးတဲ့သူတစ်ယောက်ကိုပဲ ရှာလိုက်ပေါ့။ ခင်ဗျားက — အင်း — မလိုပါဘူး။"
"ငါမင်းကိုပဲ လိုချင်တာ။ တခြားဘယ်သူ့ကိုမှ မလိုချင်ဘူး။" ရွှမ်းမင် ဝမ်ကျုံး၏ နှုတ်ခမ်းများကို မနာလိုစိတ်ဖြင့် ပြင်းပြင်းထန်ထန် ကိုက်လိုက်ပြီး "သူမင်းကို အဲဒီလို နမ်းခဲ့လား။" ဟု ဆက်၍ု
မေးလေသည်။
ဝမ်ကျုံး သူ၏ကိုက်ခံထားရသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည် မြွေနက်ကြီး၏ အနမ်းများအောက်တွင် အရှုံးပေးလိုက်ရပြီးနောက် "ကောင်းပြီ လာပါ၊ မနာလိုမဖြစ်ပါနဲ့။ ခင်ဗျားကို စနေတာပါ။ ကျွန်တော့်မှာ ဘယ်သူမှမရှိဘူး။ ခင်ဗျား တစ်ယောက်တည်းပဲ ရှိတယ်။" ဟု ပြောလိုက်သည်။
ရွှမ်းမင်သည် ထိုအရာကို မယုံကြည်ပေ။ "ဒါဆို မင်းက ခြေထောက်တွေသုံးတဲ့အခါ ဘာလို့ အဲလောက်အတွေ့အကြုံရှိနေရတာလဲ။"
ဝမ်ကျုံးက ပြန်လည်ပြောဆို၏။ "ခင်ဗျား အမြီးကို သုံးတဲ့အခါလည်း အတူတူပဲ မဟုတ်ဘူးလား။"
ရွှမ်းမင်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ "အဲဒါက တခြားစီ။ ငါက မြွေတစ်ကောင်လေ။ ငါ့အမြီးကို သုံးနိုင်တာ သေချာတာပေါ့။"
ဝမ်ကျုံးကလည်း နှာမှုတ်လိုက်သည်။ "ဒါဆို ကျွန်တော်ကလည်း လူတစ်ယောက်ပဲလေ ခြေထောက်တွေကို သုံးလို့မရဘူးလား။"
ရွှမ်းမင်သည် ဝမ်ကျုံး အခြားမြွေနှင့် မည်သည့်အခါမျှ မပတ်သက်ဖူးကြောင်း အတည်ပြုပြီးသည်အထိ ဆက်လက်ဇွတ်အတင်းလုပ်နေခဲ့၏။ ထို့နောက် သူသည် ပျော်ရွှင်သွားပြီး ဝမ်ကျုံးကို ပွေ့ဖက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည် "ငါလည်း အတူတူပဲ။ မင်းကလည်း ငါ့ရဲ့ ပထမဆုံးပဲ။"
ဝမ်ကျုံးသည် အပေါ်ယံတွင် ပြုံးနေခဲ့သော်လည်း သူ၏စိတ်ထဲတွင် ရွှမ်းမင်၌ ဆက်ဆံရေးမှတ်တမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုံးဝဂရုမစိုက်ပေ။
ကြာရှည်စွာ အသက်ရှင်နေထိုင်ခဲ့ပြီး အရာရာတိုင်းတွင် ကောင်းမွန်သော အခြေအနေ၌ ရှိနေသည့်အတွက် ရွှမ်းမင်သည် မကြာမီ အမတ မသေမျိုး ဖြစ်လာမည်ကို ဝမ်ကျုံး သိရှိ၏။ ရွှမ်းမင်သည် အလွန်ရေပန်းစားကြောင်းနှင့် စိတ်ရင်းဖြူစင်ကာ နှစ်ပေါင်းထောင်ချီ အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိကြောင်း သိရန် များစွာ စဉ်းစားစရာမလိုပေ။ မြွေများ၏ သဘာဝကို မပြောလို၊ သူ၏ ရှည်လျားပြီး ကြောက်စရာကောင်းသော မိတ်လိုက်ရာသီကို ထည့်သွင်းစဉ်းစားပါက သူသည် တစ်ကိုယ်တည်းသမားအဖြစ် မနေနိုင်ပေ၊ မဟုတ်ပါလား။
ရွှမ်းမင်သည် မရေမတွက်နိုင်သော ကိုယ်လုပ်တော်များရှိပြီး ထိုထဲမှ မည်သူနှင့်မျှ ဆက်ဆံရေးတစ်ခု ထူထောင်ခဲ့ခြင်း မရှိကြောင်း ပြောလျှင်ပင် ဝမ်ကျုံး မယုံချင့်ယုံချင်ဖြင့် ယုံပေးနိုင်သည်။ သို့သော် ဝမ်ကျုံးက သူ၏ ပထမဆုံး ဖြစ်သည်ဟု ပြောလာသောအခါ သူ ခပ်တိုးတိုး ရယ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ဝမ်ကျုံး စိတ်ကူးယဉ်မှုမှ ရုတ်တရက် နိုးထလာသောအခါ သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသော မြွေအမြီးကို ကြည့်လိုက်ပြီး မြေကြီးပေါ်ရှိ ကျောက်တုံးများကို လက်ချောင်းများဖြင့် ဆုပ်ကိုင်ရင်း ညည်းတွားလိုက်သည်။
ရွှမ်းမင်က သူ့ကို နောက်မှနေ၍ ပွေ့ဖက်ထားကာ ခါးကို ဖက်တွယ်လိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏နားရွက်ဖျားကို ပါးစပ်ထဲသို့ ထည့်ကာ မေးလိုက်သည်။ "မင်းငါ့ကို နောက်ထပ်နည်းနည်းလောက် ထပ်ခွင့်ပြုပေးလို့ရဦးမလား။"
ဝမ်ကျုံးက ပြန်ခံပက်လိုက်သည်။ "ခင်ဗျား တံခါးတောင် မခေါက်ဘဲ အထဲရောက်နေပြီမလား..."
"ဘာလို့ ထပ်မေးနေသေးတာလဲ။"
ဝမ်ကျုံးက ပြန်၍ ကမ်းလှမ်း၏။ "တစ်ကြိမ်ပဲ လုပ်တော့နော်။"
"အင်း"
ရွှမ်းမင် သူ၏ ကတိကို စောင့်ထိန်းခဲ့သည်။
တစ်ကြိမ်ဆိုသည်မှာ တစ်ကြိမ်တည်းပင် ဖြစ်၏။
သို့သော် တစ်ကြိမ်က တစ်ရက်မျှ ကြာသည်၊
ဝမ်ကျုံး ရွှမ်းမင်၏ အပြုအမူကို စိုးရိမ်ပူပန်ရင်း အိမ်မှ ထွက်ပြေးခဲ့စဉ်ကကဲ့သို့ သူ၏ခါးကို မချင့်မရဲ ဖက်ထားခဲ့သည်။
အကျင့်မကောင်းတဲ့ မြွေနက်ကြီး...
ဤအရာက အလွန်ပင် ကာမဂုဏ် လိုက်စားရာ ရောက်၏။
ကျေးဇူးတင်စရာတစ်ခုခု ရှိခဲ့ပါလျှင် ထိုအရာသည် လှည့်ပတ်ပျော်ပါးနေသည့် ကာလအတွင်း အစာများစွာကို ချွေတာနိုင်ရုံသာမက သူ၏အာရုံခံစားမှုများ ပိုမိုထက်မြက်လာသည်ကိုပါ သတိပြုမိခဲ့ခြင်း ဖြစ်၏။
ဝမ်ကျုံး သူ၏ ခန္ဓာကိုယ်၌ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ သူ၏ မျက်လုံးများ၊ မူလက အနည်းငယ် အဝေးမှုံသော်လည်း၊ ယခုအခါ မီတာရာပေါင်းများစွာဝေးသော အရာများကို အမှောင်ထဲတွင်ပင် အလင်းရောင်မပါဘဲ မြင်နိုင်သည်။ ညဘက်၌ အိပ်ပျော်နေစဉ်တွင် တောင်များထဲ၌ လေစီးဆင်းသံများ ပဲ့တင်ထပ်နေသည်ကိုပင် ကြားနိုင်နေသည်။
ဤကဲ့သို့သော အကျိုးကျေးဇူးများစွာ ရှိခဲ့သည်။
အထင်ရှားဆုံး ပြောင်းလဲမှုမှာ သူ၏အသားအရေ တိုးတက်လာခြင်းနှင့် သူ၏ ကိုယ်ခန္ဓာပုံစံသည် လှပသော နတ်ဆိုးတစ်ပါးနှင့် ပိုမိုတူလာခြင်းပင်။
သူ၏ ရုပ်ရည်ကို ဂရုမစိုက်သော အရွယ်ရောက်ပြီးသူ ဝမ်ကျုံးသည် ကျန်းမာရေးကိုသာ စိုးရိမ်ပူပန်သည်။
သူသည် တစ်နေ့တွင် သူ၏အရင်းအမြစ်များကို မတော်တဆ ကုန်ခမ်းသွားမည်ကို စစ်မှန်စွာ ကြောက်ရွံ့ခဲ့သည်။
ရွှမ်းမင်သည် မည်သည့် ထိန်းချုပ်မှုကိုမျှ မပြခဲ့ပေ။
သို့သော် ဝမ်ကျုံးသည် တစ်ဖက်သား၏ ရိုင်းစိုင်းသော အပြုအမူများနှင့် အသားကျလာပုံရ၏။
သူတို့၏ ဆက်ဆံရေး လျင်မြန်စွာဖြင့် ဤအခြေအနေသို့ ရောက်ရှိလာသည်ကို နားမလည်နိုင်ပေ။
သူသည် အရူးအမူး စွဲလမ်းနေသည်ဟု ခံစားရသည်။
ဆောင်းရာသီ ရောက်လာပြီဖြစ်၍ မြွေနက်ကြီး၏ဘေးမှ လွတ်ကင်းကာ တိတ်ဆိတ်အေးချမ်းစွာ တစ်ကိုယ်တည်း နေရတော့မည် ဖြစ်သည်။
ရွှမ်းမင်သည် ဂူပေါက်ဝကို ကျောက်တုံးကြီးများဖြင့် ပိတ်ထားလိုက်သည်။ “ငါ ဆောင်းခိုရတော့မယ်။ ဆောင်းမခိုခင် ငါတို့ အမြီးတွေ ရစ်ပတ်လို့ရမလား...” ဟု မေးလိုက်သည်။
ဝမ်ကျုံးက “ခင်ဗျား သေမှာမှ မဟုတ်တာ။ ဘာလို့ နောက်ဆုံးစကားတွေ ပြောနေရတာလဲ...” ဟု ပြန်ပြောလိုက်သည်။ သူ ခေါင်းခါကာ “ကျွန်တော် ငြင်းလို့ရမလား”
ရွှမ်းမင် သူ့ကို အိပ်ချင်မူးတူးဖြင့် နမ်း၍ ရင်ခွင်ထဲ ထည့်ထားကာ ခေါင်းခါလျက် “မရဘူး" ဟု ပြောလိုက်သည်။
“ဒါဆို ဘာလို့ မေးနေသေးလဲ” ဟု ဝမ်ကျုံး ပြန်ပြောလိုက်သည်။
ရွှမ်းမင်က “မင်းကို လေးစားဖို့ သင်ယူရမယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်လေ မဟုတ်လား” ဟု ပြောလိုက်သည်။
ဝမ်ကျုံးက “ကျွန်တော်က မရဘူးလို့ ပြောတာ ခင်ဗျား မကြားမိဘူးလား” ဟု ပြန်မေး၏။
“မင်း အဲဒီလို ပြောခဲ့တာလား...” ဟု ရွှမ်းမင် အံ့အားသင့်စွာ ပြောလိုက်သည်။
ဝမ်ကျုံး သူ့ကို ဆူပူလိုက်သည် “ခင်ဗျားကတော့ ပြုပြင်လို့တောင် မရတော့ဘူးပဲ ... အင်း~”
ရွှမ်းမင် သူ၏ လည်ပင်းကို သွားဖြင့် ကြိတ်ကာ အပြစ်ပေးလိုက်သည် “မင်းကို ငါ အလိုလိုက်ပြီးပြီ။ အခု ငါ့ကို ယောက်ျားလို့ ခေါ်တော့” ဟု ခြိမ်းခြောက် ပြောဆိုလေသည်။
ဝမ်ကျုံးသည် ကန့်ကွက်ခြင်းကို ရပ်တန့်ကာ ချိုင့်ပေါက်ကို ညွှန်ပြ၍ “အဲဒီကို သွား။ ခင်ဗျား နောက်ပြီးရင် အိပ်ပျော်သွားမှာ။ ကျွန်တော် ခင်ဗျားကို မသယ်နိုင်ဘူး” ဟု ပြောလိုက်သည်။
ရွှမ်းမင်က “ငါ ဆောင်းခိုပြီးရင် မင်း နေ့တိုင်း လာပြီး ငါ့အမြီးကို နမ်းရမယ်။ မင်း နေရာကို သိတယ် မဟုတ်လား။ နားလည်တယ်နော်” ဟု ဆက်လက် ပြောဆိုခဲ့သည်။
ဝမ်ကျုံး ခေါင်းကို ဘေးလှည့်ကာ မသိဟန်ဆောင်လိုက်သည်။
ရွှမ်းမင် သူ၏ ခါးကို ကိုင်၍ လည်ပင်းညှစ်သတ်လိုစိတ် ပေါ်ပေါက်လာသည်။
ဝမ်ကျုံး အင်တင်တင်ဖြင့် သဘောတူလိုက်ပြီး ရွှမ်းမင်၏ အဆုံးမရှိသော တောင်းဆိုမှုများကို နားထောင်လိုက်သည်။
“နေ့တိုင်း ငါ့ကို သတိရရမယ်။ နေ့တိုင်း ငါ့ကို နမ်းရမယ်။ တစ်ရက်တောင် ငါ့ကို မမေ့ရဘူး မေ့ရဲရင် မင်းကို ငါ ဘယ်လိုလုပ်မယ်ဆိုတာ မြင်ရလိမ့်မယ်”
“ရပြီ” ဟု ဝမ်ကျုံး သူ့ကို ဖက်၍ ပြောလိုက်သည်။ ရွှမ်းမင် သူ့လည်ပင်းကို ညင်သာစွာ စုပ်ယူလိုက်သည်။ ဝမ်ကျုံး၏ မျက်လုံးများ နီရဲလာရသည်။ “ခင်ဗျား ပြီးပြီလား...ခင်ဗျားရဲ့ ကိစ္စတွေက ဘာလို့ မပြီးသေးရတာလဲ၊ ပြီးရင်လည်း မျက်လုံးပိတ်ပြီး အိပ်တော့ ခင်ဗျားက တော်တော် အာရုံနောက်တာပဲ”
ရွှမ်းမင်သည် သူ ပြောသည့်အတိုင်း ပြုလုပ်လိုက်သည်။ အချိန်မဆွဲတော့ဘဲ ဝမ်ကျုံးနှင့် နေရာချင်း လဲလိုက်တော့သည်။
လုံလောက်စွာ ရင်ဖွင့်ပြီးနောက် ရွှမ်းမင်သည် ချိုင့်ထဲ လှဲချ၍ ဆောင်းခိုရန် မျက်လုံးများကို မှိတ်လိုက်တော့၏။
“???”
“ဟေ့၊ ခဏလေး၊ ရွှမ်းမင်။ ခင်ဗျား ဘာလို့ ငါ့ကို အမြဲ အနိုင်ကျင့်နေရတာလဲ” ဟု ဝမ်ကျုံး အော်လိုက်၏။
ဝမ်ကျုံးသည် ရွှမ်းမင်ကြောင့် အလွန် စိတ်ပျက်အားငယ်နေခဲ့ရသည်။
သူ့ကိုယ်သူ မြွေနက်ကြီးထံမှ လွတ်မြောက်ရန် ရုန်းကန်နေစဉ် သူ့ မျက်နှာနီရဲလာခဲ့သည်။ သို့သော် သူ လွတ်မြောက်တော့မည့် ဆဲဆဲတွင် ရွှမ်းမင်သည် ရုတ်တရက် မျက်လုံးများ ဖွင့်ကာ ကျေနပ်စွာဖြင့် ပြောလိုက်သည် “မင်း လက်ဦးမှုယူပြီး စလုပ်တဲ့ပုံက မြွေတစ်ကောင်အတွက် တကယ်ကို မငြင်းဆန်နိုင်ဘူး”
ဝမ်ကျုံးသည် သူ၏ ပူလောင်နေသော မျက်နှာကို ဖုံးအုပ်ထား၍ ရွှမ်းမင်ကို ရိုက်တော့မည် ပြုစဉ် ရွှမ်းမင်သည် သူ့ကို ပွေ့ဖက်၍ “ငါ့နာမည် မင်းပါးစပ်က ထွက်လာတာက အရမ်း ထူးခြားတဲ့ အာနိသင်ရှိတယ်။ ပြန်ပြောပါဦး၊ ငါ ကြားပါရစေ” ဟု ပြောလိုက်သည်။
ကန့်ကွက်မည့်အစား ဝမ်ကျုံးသည် ရွှမ်းမင်၏ ပခုံးပေါ် ခေါင်းတင်၍ သူ၏ အရိုးများကို သွားများဖြင့် ကြိတ်လိုက်သည်။
ရွှမ်းမင်သည် အိပ်ငိုက်စွာ ပြုံးလိုက်ပြီး တိတိကျကျ ပြောလိုက်သည်။ “ငါ လိုချင်တာ မင်းပေး၊ ငါလည်း မင်းလိုချင်တာ ပေးမယ်။ ဘယ်လိုလဲ”
ဝမ်ကျုံးသည် သူ့ကို သွားရာပေးကာ ကိုက်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် “ရွှမ်း~ရွှမ်းမင်~” ဟု ခေါ်လိုက်သည်။
နောက်ဆုံးတွင် ကျေနပ်သွားသော ရွှမ်းမင်သည် ဝမ်ကျုံး၏ ဆံပင်ကို ပွတ်သပ်ပြီး သူ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည် “ငါ့ကို စောင့်နေ” ထို့နောက် သူသည် မြွေနက်ကြီးအဖြစ် ပြောင်းလဲသွားကာ ရှည်လျားသော ဆောင်းခိုကာလသို့ ဝင်ရောက်သွားတော့သည်။
ခဏအကြာ စောင့်ပြီးနောက် ဝမ်ကျုံးသည် တုန်ယင်နေသော ခြေထောက်များဖြင့် သူ၏ ပူပူနွေးနွေး အသိုက်သို့ ပြန်သွားလိုက်သည်။ သူ့ကိုယ်သူ ကြက်အရေခွံ စောင်ဖြင့် ဖုံးအုပ်၍ အိပ်ပျော်သွားတော့သည်။
အမှောင်ထဲတွင် သူ အချိန်ကို မေ့လျော့သွားပြီး ရွှမ်းမင်၏ အမြီးကို နမ်းရန် တောင်းဆိုခဲ့သည်ကိုပါ မေ့လျော့သွားတော့သည်။
စွမ်းအင်ချွေတာရန်နှင့် အစားအစာ ချွေတာရန်အတွက် သူသည် မီးထဲသို့ ထင်းများထည့်ခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မပြုလုပ်ခဲ့ပေ။ ပျင်းရိသောအခါ သူသည် မျက်လုံးများ မှိတ်၍ အိပ်စက်လေသည်။
ဝမ်ကျုံး ဝိုးတဝါးအခြေအနေတွင် ရှိနေစဉ် သူ၏ အသိုက်အပြင်ဘက်၌ အရပ်ရှည်၍ အရိပ်တစ်ခု ရပ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ သတိဖြင့် ခုန်ထလိုက်ပြီး ထိုပုံရိပ်ကို စူးစိုက်ကြည့်ကာ ခပ်မှိန်မှိန် အလင်းရောင်အောက်တွင် ၎င်း၏ ပုံသဏ္ဌာန်ကို ခွဲခြားသိမြင်ရန် ကြိုးစားနေသည်။