အခန်း
(၃) ရဲကိုအကြောင်းကြားခြင်း
လန်လီဖေးသည်
ယောင်ရန်ကို ခြိမ်းခြောက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။ ထို့နောက်
သံတံခါးကြီး က ပိတ်သွားခဲ့ပြီး မြေအောက်ခန်းတစ်ခုလုံးကို အမှောင်ထုက ပြန်လည်၍ ဖုံးလွှမ်း သွားခဲ့လေသည်။
ယခုတော့ မည်သူမျှ
နှောင့်ယှက်မည့်သူ မရှိတော့သည်မို့
ယောင်ရန်လည်း စိတ်ကိုပြန်လည် တည်ငြိမ် အောင်ထား ပြီး
အဖြစ်အပျက်များကို ပြန်သုံးသပ်နိုင်တော့သည်။
သတိမေ့သွားသည်အထိ
ခံစားခဲ့ရသော ပြင်းထန်သည့် နာကျင်မှုများသည်
သူမ မှတ်မိနိုင်ခဲ့သော နောက်ဆုံးအရာများသာဖြစ်ချေသည်။
သို့ပေမယ့် လန်ကွမ်းဟွေ့၏ စကားများကြောင့်
သူမ ပြန်လည် မွေးဖွားလာပြီဆိုသည်မှာ သေချာသွားခဲ့လေသည်။
မှတ်မိသလောက်တွင်
သူမအဖေက မြေအောက်ခန်းထဲ၌ သုံးလလောက် ပိတ်လှောင်ထားပြီးမှ ကမ္ဘာ ပျက်ကပ်ဘေးဆိုးကြီး စတင်ခဲ့ခြင်းဖြစ်သည်။ အဘိုးထားခဲ့သော အမွေများအားလုံးကို လန်ကွမ်းဟွေ့ က အတင်းအကျပ် လွှဲပြောင်းခိုင်းသည်ကို ငြင်းဆန်ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲပြီး လက်မှတ် ထိုးခိုင်းရန် ကြိုးစားခဲ့သည်ကိုလည်း သူမ မှတ်မိနေခဲ့သည်။
အရင်ဘဝတုန်းကတော့
ဖခင်၏ မေတ္တာကို တောင့်တခဲ့ပြီး ယောင်ကုမ္ပဏီကို လန်ကွမ်းဟွေ့ဆီသို့ လွှဲပေးခဲ့မိခြင်းက ငရဲကို ပထမဆုံး ခြေလှမ်းချမိလိုက်ခြင်းပင်ဖြစ်သည်။
ယောင်ရန်သည်
စိတ်တည်ငြိမ်သွားစေရန်
အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။
ထို့နောက် မျက်လုံး များကိုမှိတ်လိုက်ပြီး
ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဘောလုံးသုံးလုံးကို
မြင်လိုက်ရသောအခါ သူမ၏ အတိတ် ဘဝမှ စွမ်းရည်များသည် ပါလာခဲ့သောကြောင့် အံ့အားသင့်သွားခဲ့သည်။
စွမ်းအင်ဘောလုံးများကို
ခဏလောက်ကြည့်ပြီးသောအခါ
အာကာသစွမ်းအင်ကို ကိုယ်စားပြုသော အနက်ရောင်စွမ်းအင်ဘောလုံးသည်
အစိမ်းရောင်နှင့် အပြာရောင်တို့ထက်
ပိုမှိန်နေသည်ကို တွေ့လိုက် ရသည်။ ထိုစွမ်းအင်ဘောလုံးများကို စဥ်းစားနေရင်းဖြင့်ပင် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။
*ဒါ...
ဒါ….၊ ငါအတိတ်ကို ပြန်လာနိုင်တာက အာကာသစွမ်းရည်ကြောင့်များလား…။*
ယောင်ရန်သည်
ခဏတာမျှ မှင်တက်သွားပြီးနောက် ဖြူဖျော့နေသောမျက်နှာပေါ်တွင်
အပြုံးတစ်ခု ပေါ်လာပြီး …၊
"ဟား….။
ငါ့ကို ဆေးရည်ထိုးသွင်းပေးခဲ့တဲ့ အရူးတွေကို တကယ်ကျေးဇူးတင်ရမှာပဲ…။"
ဟုရေရွတ်လိုက်လေသည်။
သူမ ပြန်လည်မွေးဖွားလာရသည့်
အကြောင်းရင်းအား သိလိုက်ရပြီးနောက်၌
ရေစွမ်းအင်ကို အသုံး ပြုလိုက်သည်။ စက္ကန့်အနည်းငယ်အကြာမှာပင် သေးငယ်သော
ရေဓားလေးတစ်ချောင်း ပေါ်လာခဲ့ လေသည်။ ယခင်ဘဝက အတွေ့အကြုံကြောင့် ယောင်ရန်သည် ရေဓားလေးကို ထိန်းချုပ်ပြီး ကြိုးများ ကို ဖြတ်တောက်ပစ်လိုက်လေသည်။
ကြိုးကို
ဖယ်ရှားရန် ကြိုးစားနေစဉ်မှာပင်
တံခါးက ပြန်ပွင့်လာခဲ့သည်။ မြေအောက်ခန်းထဲသို့ အလင်း ရောင်များ
ဝင်လာသည်မို့ ယောင်ရန်သည် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ မျက်လုံးများက ရုတ်တရက်ပေါ်လာသော အလင်းရောင်နှင့် အသားမကျခင်မှာပင်
ခြေသံတစ်စုံကို ကြားလိုက်ရသည်။
နောက်တစ်စက္ကန့်အတွင်းမှာပင်
သူမရှေ့ရှိ ကြမ်းပြင်ပေါ်သို့
ပန်းကန်ပြားတစ်ချပ် ကျလာခဲ့လေသည်။ အမျိုးသမီးကြီးတစ်ဦး သည် သူမကိုကြည့်ပြီး
ပြောလိုက်လေသည်။
"အလှလေး၊
အစာစားချိန်ရောက်ပြီ…။"
ပြောပြီးသည်နှင့်
အမျိုးသမီးကြီးက
ထွက်သွားခဲ့လေသည်။ သို့သော်လည်း သူမလှည့်ထွက်သွားသည့် အချိန်မှာ ပင် ယောင်ရန်က သစ်စွမ်းရည်ကို အသုံးပြုပြီး နွယ်ပင်လေးတစ်ပင်ကို ဖန်တီးလိုက်ကာ ထိုအမျိုး သမီးကြီး၏ အိတ်ကပ်ထဲမှ
ဖုန်းကို ခိုးယူထားလိုက်လေသည်။
တံခါးပိတ်သွားပြီးသည့်နောက်တွင်
ယောင်ရန်သည် ဖုန်းကိုဖွင့်လိုက်သောအခါ လော့ခ်ချထားခြင်းမရှိ သည်ကို
တွေ့လိုက်ရလေသည်။
တကယ်တမ်း၌
သက်ကြီးရွယ်အိုများက သူတို့၏ ဖုန်းများကို လော့ခ်ချထားခြင်းမျိုး မကြိုက်ကြပေ။ ဖုန်းကို အသုံးပြုတိုင်း လော့ခ်ဖွင့်ရခြင်းကို အလုပ်ရှုပ်သည်ဟု ထင်ကြပြီး ခေတ်အမီဆုံး နည်းပညာ များနှင့်လည်း အသားကျခြင်းမရှိကြပေ။
ယောင်ရန်သည်
ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီး ပြုံးပြီး
ပြောလိုက်လေသည်။
"မဆိုးပါဘူး။
ဒီနေ့တော့ ငါကံကောင်းနေတယ်…။"
အချိန်ဖြုန်းမနေတော့ဘဲ
သူမသည် ဂဏန်းသုံးလုံးကိုနှိပ်လိုက်ပြီး
ရဲကိုတိုက်ရိုက်ခေါ်လိုက်သည်။
စက္ကန့် အနည်းငယ်ကြာသောအခါ
ဖုန်းခေါ်ဆိုမှု စတင်လေတော့သည်။
"ဒါကတော့
ရဲတပ်ဖွဲ့ရဲ့ အကူအညီပေးရေးဌာနကပါ၊ ဘာများကူညီပေးရမလဲခင်ဗျ"
ဟု တည်ငြိမ်သော
အမျိုးသားတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့လေသည်။
ယောင်ရန်သည်
ရဲအရာရှိ၏ ….
"ဟဲလို…၊ အကူအညီလိုနေပါသလား…။"
ဟုထပ်မေးမှပင်
ပြုံးပြီး ကြောက်လန့်နေဟန်ဆောင်ကာ တိုးတိုးလေးပြောလိုက်လေ၏။
"လို...
လိုပါတယ်….။”
သူမ၏
ကြောက်လန့်နေသောအသံကို
ကြားလိုက်ရသောအခါ ရဲအရာရှိသည် တစ်ခုခုတော့ မှားနေပြီဆို သည်ကို သိလိုက်ပေသည်။ သူက ထပ်မေးလိုက်လေသည်။
"မိန်ကလေး၊
အကူအညီလိုနေတာလား…။"
"ဟုတ်…"
"အခုစကားပြောလို့ရပြီလား၊
ဘာတွေဖြစ်ခဲ့လဲ ပြောပြလို့ရမလား…။”
"ကျွန်မ၊
ကျွန်မကို ပြန်ပေးဆွဲထားတာပါရှင်၊ ကူညီပါဦးနော်၊ ကျွန်မကြောက်တယ်…။" ဟုသူမက အသံ တိုးတိုးလေးဖြင့် ရှိုက်၍ ပြောလိုက်လေသည်။
သူမ၏ အဖြေကို
ကြားလိုက်ရသောအခါ ရဲအရာရှိရဲ့အသံသည် တည်ငြိမ်လေးနက်လာခဲ့သည်။
"မိန်ကလေး၊
ဘယ်နေရာမှာလဲဆိုတာ သိပါသလား…။"
"ဟုတ်ကဲ့…”
"ဒါက
ကျွန်မအဖေရဲ့ ဗီလာမြေအောက်ခန်းပါ…"ဟု တုန်တုန်ရီရီဖြင့်ပြန်ဖြေလိုက်လေသည်။
ရဲအရာရှိသည် သူမ၏အဖြေကြောင့်
စိတ်ရှုပ်ထွေးပြီး သိချင်နေသော်လည်း စိတ်ကိုထိန်းချုပ်ပြီး ဆက်လက်၍ မေးလိုက်လေသည်။
"လိပ်စာပြောပြပေးနိုင်မလား…။"
ယောင်ရန်သည်
မှတ်မိသမျှအတိုင်း ဗီလာလိပ်စာကို ပြန်ပြောပြပေးလိုက်လေသည်။
ရဲအရာရှိသည်
လိပ်စာကို ရေးမှတ်ပြီးသောအခါ၌…
"မိန်ကလေး၊ ကျွန်တော်တို့ချက်ချင်း ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်လိုက်ပါ့မယ်။ မကြောက်ပါနဲ့နော်။ ပြန်ပေးဆွဲတဲ့သူတွေ သံသယမဝင်အောင် ကြိုးစားနေထိုင်ပါ၊ ကိုယ့်ကိုယ်ကိုယ် ဘေးအန္တရာယ်ကနေ သတိထားပါ…"ဟု ပြောလိုက်လေသည်။
"ဟုတ်ကဲ့…။"
"မြန်မြန်လာပေးပါနော်၊
ကျွန်မကို သတ်ဖို့ကြံစည်နေတာ ကြားလိုက်ရလို့ပါ။ ကျွန်မ၊ ကျွန်မ တကယ် ကြောက်နေလို့ပါ…။"
ဟူ၍
တိုးတိုးလေးပြောပြီး အရေးတကြီးတောင်းဆိုလိုက်လေသည်။
"မိန်ကလေး၊
စိတ်တည်ငြိမ်အောင် နေဖို့လိုပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး လာကယ်ပါ့မယ်….။"
ရဲအရာရှိသည်
စကားဆုံးသွားပြီးနောက်
ယောင်ရန်သည် ထပ်ပြီးတောင်းဆိုကာ ဖုန်းကို ချလိုက်လေ သည်။
ထို့နောက်
သူမသည် လက်ညှိုးဖြင့် ဖုန်းကိုဖြည်းဖြည်းခြင်းခေါက်ရင်း
အေးစက်စက် မျက်လုံးများထဲမှ မျှော်လင့်ချက်များဖြင့်
လှောင်ပြောင်လိုက်လေတော့သည်။
"အခုချက်ချင်းတော့
နင်တို့ကို ငါမသတ်နိုင်သေးဘူး၊ ဒါပေမယ့် အမှောင်ထဲမှာ ပိတ်လှောင်ခံရတာ ဘယ်လိုခံစားရလဲဆိုတာ နင်တို့ကို သိစေရမယ်။ ငါတို့ကောင်းကောင်းကစားဖို့
အချိန်ရအောင်လို့ နင်တို့အားလုံးကို အသက်ပိုရှည်စေရဦးမယ်….။"