အခန်း
(၄) ယောင်ရန်၏
အစီအမံ
ရဲကိုဖုန်းဆက်ပြီးနောက်
ယောင်ရန်သည် ထိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်လေ သည်။ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များမှလွဲ၍
တခြားနေရာများ၌ မနာကျင်မှုမရှိခြင်းကြောင့်
လန်ကွမ်းဟွေ့ သည် သူမကို ရိုက်နှက်ခဲ့ခြင်းမရှိသေးသည်ကို
သိလိုက်ရသည်။
ဤအချင်းအရာကိုကြည့်
၍ လန်ကွမ်းဟွေ့
သည်သူမကို ပိတ်လှောင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဟု တွက်ဆလိုက်လေသည်။
အရင်ဘဝက
ယောင်ရန်သည် အဖိုး၏သေတမ်းစာအတိုင်း ကုမ္ပဏီကို ဖခင်ဖြစ်သူအား လွှဲပြောင်းပေး ရန် ခေါင်းမာစွာ
ငြင်းဆန်ခဲ့လေသည်။ ထို့ကြောင့်ပင် လန်ကွမ်းဟွေ့သည် သူမအား နှစ်လကျော်ကြာ သည်အထိ ပိတ်လှောင် ထားခဲ့ခြင်းဖြစ်ပေသည်။
အကျဉ်းချခံထားရသည့်
ပဉ္စမနေ့မှစ၍ လန်ကွမ်းဟွေ့ သည် လူမိုက်အုပ်စုအားငှားပြီး နေ့တိုင်းပင် သူမကို အကြိမ်ကြိမ် ရိုက်နှက်ခိုင်းခဲ့သည်။ သူ မရှိသောအချိန် များ၌ ချန်မေလင်
နှင့် လန်လီဖေး သည် လည်း လာရောက် ရိုက်နှက်ခဲ့ကြပေသည်။
အတိတ်ဘဝတုန်း၌
ဤမြေအောက်ခန်းထဲတွင် သူမ ကြုံခဲ့
ရသည်များကို ပြန်တွေးမိသောအခါ
ယောင်ရန် ၏ မျက်လုံးများ ထဲ၌
သတ်ဖြတ်လိုသည့် အငွေ့အသက် များ ပေါ်လာခဲ့လေသည်။
လန်ကွမ်းဟွေ့
အား ထောင်ထဲထည့်နိုင်ရန်အတွက် လုပ်မည်ဆိုပါက
ယောင်ရန်သည် သူမကိုယ်သူမ ပို၍ နာကျင် အောင် ပြုလုပ်ရပေတော့မည်။
သူမသည်
လှောင်ပြုံး တစ်ချက်ပြုံးလိုက်ပြီး
လက်ကိုမြှောက်၍ နွယ်ပင်တစ်ပင်အား ဖန်တီးလိုက်လေ သည်။ ထို့နောက် ထိုနွယ်ပင်ဖြင့် သူမ၏ ခန္ဓာကိုယ်အား
ရိုက်နှက်ရန် ထိန်းချုပ်လိုက်လေသည်။ ခဏမျကြာ သောအခါတွင်ပင် သူမ၏ပါးပါးလျှလျှ ဂါဝန်သည် စုတ်ပြဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ နှင့် သွေးများ ပေကျံသွားလေတော့သည်။
သူမ တစ်ကိုယ်လုံး
စပ်ဖျဥ်းဖျဥ်းနာကျင်မှုကို
ခံစားနေရသာ်လည်း နွယ်ပင်ကိုပြန်ရုပ်သိမ်း၍ ရဲများ ရောက်လာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ မြေအောက်ခန်းထဲ၌ မီးမရှိသော ကြောင့် ရဲကိုဖုန်းဆက်ပြီးသည်မှာ မည်မျှ ကြာသွားပြီလဲဆိုသည်ကိုပင်
ယောင်ရန်သည် မသိပေ။
ခဏအကြာတွင်
အပြင်ဘက်ရှိ လှုပ်ရှားမှုအချို့အား နောက်ဆုံး၌ ကြားလိုက်ရပေသည်။ သံတံခါး၏ တစ်ဖက်ခြမ်းမှ ခြေသံများနှင့် အသံများအရ ရဲများ ရောက်လာပြီဆိုသည်ကို ယောင်ရန် သိလိုက်ပေ သည်။
သူမသည်
ခပ်ပြုံးပြုံးလေး ပြုံးလိုက်ပြီးနောက် ရေဓားတစ်ချောင်းကို
ဖန်တီး၍ လည်ပင်းနှင့် ခန္ဓာကိုယ် ရှိ နေရာအတော်များများကို
တွန့်ဆုတ်ခြင်းမရှိဘဲ
လှီးဖြတ်လိုက်လေတော့သည်။
ရေဓားသည်
ညစ်ပတ်နေသည့် ကြမ်းပြင်ပေါ်၌ ရေအဖြစ်ပြောင်းသွားသည့်
အခိုက်အတန့်မှာပင် သံတံ ခါးကို အတင်းတွန်းဖွင့်ပြီး
လူအတော်များများ မြေအောက်ခန်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ အပြင်မှ မီးရောင်သည် မြေအောက်ခန်း၏ အမှောင်ကို ထွန်းလင်းပေးလိုက်သည့်အခါ ရဲများသည် အောက်ဘက် ၌ ဖြစ်နေသော အခြေအနေကို
ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။
မြေပြင်ပေါ်တွင်
သေချင်ယောင်ဆောင်နေသော
ယောင်ရန်ကို မြင်လိုက်ရသောအခါ ၌ ဆေးဘက်ဆိုင် ရာ ဝန်ထမ်းများကို
အလျင်အမြန် ခေါ်လိုက်ပေတော့သည်။
"လူနာတင်ယာဉ်ခေါ်….၊ လူနာဒီမှာ….။
သူမ ဒဏ်ရာတွေနဲ့ သွေးထွက်နေတယ်….။"
မကြာခင်မှာပင်
ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မြေအောက်ခန်းထဲသို့
အလျင်အမြန် ပြေးဝင်လာ ခဲ့ကြသည်။ ယောင်ရန်၏
ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသောအခါ သူတို့ အသက်ရှူသံ များသည် ပြင်းထန်စွာ
ထွက်ပေါ်လာခဲ့ကြပေသည်။
ယခုကဲ့သို့
တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်း၌
ဤကဲ့သို့ ရိုက်နှက်ညှဥ်းပန်းခံရသည့် သူသည်
ရှားပါးလှပေသည် ။ မည်ကဲ့သို့သော ရန်ငြိုးမျိုးကြောင့်
အဖေတစ်ယောက်သည် သူ့သမီးအား ဤကဲ့သို့ လုပ်ရခြင်းဖြစ်သည်ကို သူတို့တွေးနေခဲ့ကြသည်
။ အံ့အားသင့်မှု နှင့်
စူးစမ်းလိုစိတ်များကြား၌ပင် ဆေးဘက်ဆိုင်ရာ
ဝန်ထမ်းများသည် မြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့ကြလေသည်။
ယောင်ရန်အား
ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပြီးသောအခါ
ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်က
ပြောလိုက်လေသည်။
"သူမ
သွေးအများကြီးဆုံးရှုံးထားတယ်၊
အခြေအနေက တော်တော်ဆိုးရွားတယ်။ အမြန်ဆုံး ဆေးရုံပို့ သင့်တယ်…။"
ထိုစကားကိုကြားသောအခါ
ရဲများသည် လူနာတင်စင်ကို မြန်မြန်ယူလာခဲ့ပြီး ယောင်ရန်အား မြေအောက်ခန်းထဲမှ သယ်ထုတ်ရန်အတွက် ကူညီပေးကြပေသည်။
ဗီလာ၏ မြေအောက်ခန်းသည်
မြေအောက်ရှိ မြေစာဂိုဒေါင်ဘေးတွင်
ရှိသည်။သူတို့သည် ယောင်ရန် အား သယ်ထုတ်လာသောအခါ
လန်ကွမ်းဟွေ့ နှင့် တခြားသူများသည်လည်း အဆောက်အဦ အပြင် ဘက်သို့ ထွက်လာခဲ့ကြပေသည်။
လန်ကွမ်းဟွေ့သည်
သွေးများ၊ ဒဏ်ရာများနှင့် ပြည့်နေသော ယောင်ရန်၏ ပိန်ပါးသော ခန္ဓာကိုယ်လေး
အား မြင်လိုက်ရသောအခါ
သူ့မျက်လုံးများကိုပင်
မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ မကြာသေးခင်ကပင် သူမသည် ကောင်းကောင်းမွန်မွန်ရှိနေသေးသည်၊
မည်သည်ကြောင့်ရုတ်တရက်
ယခုကဲ့သို့ ဖြစ်သွားရ သည်ကို
မသိတော့ပေ။
ယောင်ရန်သည်
ဟန်ဆောင်နေသည်ဟု ယူဆ၍ လန်လီဖေးသည်
ရဲများကဆွဲထားသည်ကို ရုန်းကန်ရင်း
ဒေါသတကြီး အော်လိုက်လေသည်….၊
"သူမဟန်ဆောင်နေတာပါ….၊ မယုံကြပါနဲ့….။ ကျွန်မက အပြစ်ကင်းပါတယ်…။"
သူမ၏စကားဆုံးသောအခါ
လန်ကွမ်းဟွေ့
နဲ့ ချန်မေလင် တို့လည်း သတိပြန်ဝင်လာခဲ့ကြသည်။ ရဲများ ကို မြင်လိုက်ရကတည်းက ချန်မေလင်သည် တစ်ခုခုတော့ မှားနေပြီဆိုသည်ကို သိလိုက်မိပေသည်။
မိုဘိုင်းဖုန်းမရှိဘဲ
မည်သူမှမကူညီနိုင်ဘဲနှင့်
ယောင်ရန်သည် မည်ကဲ့သို့ ရဲကိုခေါ်နိုင်မည်နည်း။
ပို၍ဆိုး သည်က သူတို့တစ်ချက်ကလေးပင် ထိမထားသည်ကို အဘယ်ကြောင့် ဒဏ်ရာများနှင့် ပြည့်နေခဲ့ရပါ
သနည်း။ ထိုအရာအားလုံးသည်
ယောင်ရန်၏ အကြံအစည်ပင် ဖြစ်ရပေမည်။
ချန်မေလင်သည်
သွားများကို ကျိတ်လိုက်ပြီး ရဲများကိုကြည့်ကာ မျက်ရည်အနည်းငယ် ကျလိုက်ရင်း ပြောလိုက်သည်။
"သူမ
ခုနကတင် ကောင်းကောင်းမွန်မွန်ရှိနေသေးတာပါ။
အရာရှိကြီး၊ သူ ဟန်ဆောင်နေတာ သေချာ
ပါတယ်…။"
လန်လီဖေး
နှင့် ချန်မေလင် တို့၏ စကားကို ကြားလိုက်ရသောအခါ ရဲများ၏မျက်လုံးများသည် အေးစက်သွားခဲ့လေသည်။
ဖခင်တစ်ယောက်က
သူ့သမီးကို ပြန်ပေးဆွဲသည်ဆိုခြင်းသည်မှာ
တော်တော်ယုတ်ညံ့ပေသည်။
သို့ပေ မယ့် သူ၏ မယားငယ်ကမူ အဖမ်းခံရသူသည် ဟန်ဆောင်နေတာပါဟု ပြောဖို့ သတ္တိရှိနေခဲ့သေးသည်။ သွေးထွက်နေသော နစ်နာသူ၏လည်ပင်းကိုကြည့်လိုက်ရုံမျှနှင့်
ဤသူတွေသည် ခုနကမှပင် သူမကို ညှဥ်းပန်းနှိပ်စက်ထားမှန်း လူတိုင်းသိနိုင်ပေသည်။
ချန်မေလင်အား
ရဲကားထဲသို့ ဆွဲထည့်ရင်း ရဲအရာရှိက အေးစက်စွာပြောလိုက်လေသည်။
"ခင်ဗျားတို့ပြောတဲ့စကားတွေအားလုံးကို
တရားရုံးမှာ ခင်ဗျားတို့ကိုခုခံဖို့အတွက်
အသုံးပြုနိုင်တယ်။ ယဉ်ယဉ်ကျေးကျေးနေတာ အကောင်းဆုံးပဲ…။"
ရဲများသည်
လန်ကွမ်းဟွေ့ နှင့် ဗီလာထဲရှိလူတိုင်းကို
ဖမ်းဆီးပြီးသောအခါ ရဲစခန်းကို ပြန်သွားခဲ့လေ သည်။ တစ်ချိန်တည်းမှာပင် ယောင်ရန်သည် လူနာတင်ယာဉ်ပေါ်၌ လှဲလျောင်းနေပြီး အနီးဆုံးဆေးရုံသို့ သွား နေခဲ့ပြီဖြစ်ပေသည်။
ယောင်ရန်သည်
မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ သူမသည်
ဆေးရုံအခန်းထဲကို ရောက်နေပြီဖြစ်၏ ။ အိပ်ရာပေါ်မှ ညည်းသံသဲ့သဲ့လေးကို ကြားလိုက်ရသောအခါတွင် ဆိုဖာပေါ်တွင်
ထိုင်နေခဲ့သော အမျိုးသားနှစ်ယောက်သည်
ထရပ်လိုက်ကြလေသည်။ သူတို့သည် သူမ၏ အိပ်ရာဘေးသို့ လျှောက် လာပြီး
ခြေလှမ်း အနည်းငယ်အကွာ၌
ရပ်နေလိုက်ကြလေသည်။
ယောင်ရန်သည်
ထိုသူတို့အား လှမ်းကြည့်လိုက်သောအခါ တစ်ယောက်သည် ရင်းနှီးနေသည်ကို တွေ့ လိုက်ရပေသည်။ သူမသည် ထိုသူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါ၌ ထိုအမျိုးသားသည် ပြုံး၍ မေးလိုက်လေသည်။
"မိန်ကလေး ယောင်၊ ဘယ်လိုနေသေးလဲ…။"
သူမနှင့်
ရင်းနှီးကျွမ်းဝင်ပုံရသည်မို့ ထိုနှစ်ယောက်သည်
သူမ၏ အသိမိတ်ဆွေများ ဖြစ်ရမည်ဆိုသည် ကို ယောင်ရန် သိလိုက်သည်။ သို့သော်လည်း ကမ္ဘာပျက်ကပ်ဘေးမှာ
နှစ်ပေါင်းများစွာ နေခဲ့ရပြီး ဓာတ်ခွဲခန်း၌ ငရဲကဲ့သို့
(၂) နှစ်ကြာ ဖြတ်သန်းခဲ့ရသည်မို့ သူမ၏
မှတ်ဉာဏ်များက စုတ်ပြဲနေပြီး
ဝေဝါး နေခဲ့ပေသည်။
သူမသည် အသက်သုံးဆယ်ကျော်အရွယ်
အမျိုးသားကို ကြည့်ပြီး တွေဝေစွာနှင့် "ရှင်က..."ဟု မေးလိုက်လေ၏။
သူမ၏ တွေဝေမှုကို
သိလိုက်သောအခါ အမျိုးသားက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ သနား ကရုဏာများနှင့်
ပြောလိုက်လေသည်။
"မိန်ကလေး
ယောင်၊ ကျွန်တော်တို့ သုံးလလောက်က ဥက္ကဋ္ဌယောင်ရဲ့ သေတမ်းစာဖတ်ပွဲမှာ တွေ့ခဲ့ကြ တာပါ။ ကျွန်တော်က ခင်ဗျားအဖိုးရဲ့ လက်ထောက်ဖြစ်ပြီး အခုတော့ ခင်ဗျားရဲ့လက်ထောက်အဖြစ် လုပ် ကိုင်နေပါတယ်။ ကျွန်တော့်ကို လက်ထောက်ဟယ်လို့ ခေါ်နိုင်ပါတယ်…။"
ထို့နောက်တွင် သူ၏ဘေးရှိ မျက်မှန်တပ်ထားသော လူငယ်ကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါက
ခင်ဗျားရဲ့ ပြန်ပေးဆွဲမှုကိစ္စကို ကိုင်တွယ်ပေးနေတဲ့ ရှေ့နေပါ…။"
မျက်မှန်တပ်ထားသည့်
လူငယ်က ယောင်ရန်ကို
ယဥ်ကျေးစွာ ပြုံးပြပြီး မေးခွန်းတချို့ကိုမေးလိုက်
လေသည်။
"မိန်းကလေး
ယောင်၊ ကျွန်တော်က ယောင် ကုမ္ပဏီရဲ့ အကြီးတန်းရှေ့နေပါ။ ရှေ့နေလီလို့ ခေါ်နိုင်ပါ တယ်။ ကျွန်တော် မေးခွန်းအချို့ မေးလို့ရမလား…..။"