အခန်း (၅) ဟန်ဆောင်ခြင်း
လက်ထောက်ဟယ်ကို
မြင်ပြီးနောက် ယောင်ရန်သည် သူမ၏ မှတ်ဉာဏ်များကို
ပြန်တူးဆွလိုက်ပြီး နောက်ဆုံး၌ သူသည် အကြောင်းအရာ အချို့ကို
ပြန်တွေး၍ရခဲ့ပေသည်။
လက်ထောက်ဟယ်ကြောင့်ပင်
အဘိုးကွယ်လွန်သွားပြီးနောက်ပိုင်း၌
သူမသည် သုံးလလောက်ထိ ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ခြင်းဖြစ်ပေသည်။သို့သော်လည်း
သူမသည် လန်ကွမ်းဟွေ့ ကို အရာအားလုံး အတင်းအကျပ် လွှဲပြောင်းပေးလိုက်ရပြီးနောက်တွင်
လန်ကွမ်းဟွေ့ သည် သူ့ကို အလုပ်ထုတ်လိုက်ပေ သည်။
ထိုနောက်ပိုင်း၌ သူမသည် ထိုလူအကြောင်း အနည်းငယ်မျှပင် မကြား ရတော့ပေ။
လက်ထောက်ဟယ်သည်
မည်သူဆိုသည်ကို သိရှိပြီးသည့်နောက်တွင်
ယောင်ရန်သည် အနည်းငယ်
စိတ်အေးသွားခဲ့သည်။ သူမသည် ရှေ့နေလီကို ခေါင်းညိတ်ပြလိုက်ပြီး…၊
"ရှေ့နေလီ၊ လွတ်လွတ်လပ်လပ်မေးပါ…။"
ရှေ့နေလီသည်
သူ၏ ဖုန်းကိုထုတ်ပြီး ၊
အသံဖမ်းသည့်အက်ပလီကေးရှင်းကို
ဖွင့်လိုက်လေ၏။ သူက မေးခွန်းတချို့ကို စပြီးမေးလိုက်လေသည်။
"မမလေး
ယောင်ရန်၊ လန်ကွမ်းဟွေ့
မမလေးကို သူ့ဗီလာရဲ့ မြေအောက်ခန်းထဲမှာ ဘယ်လို ပိတ် လှောင် ထားလဲဆိုတာ
ပြောပြပေးနိုင်မလား။ ခင်ဗျားကို ပိတ်လှောင်ထားတုန်း ဘာတွေလုပ်ခဲ့သေး လဲ…။"
ယောင်ရန်သည်
သူ၏ မေးခွန်းများကို ကြားသောအခါ ဟန်ဆောင်ရန် စတင်လိုက်ပါတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး
မျက်လုံးကိုလည်း မှေးချလိုက်လေသည်။ ကုတင်ပေါ်ရှိ စောင်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း သူမမှတ်မိသမျှအရာအားလုံးကို
ရှေ့နေလီအားပြောပြလိုက်လိုက်လေ
တော့သည်။
နာရီဝက်ခန့်ကြာပြီးနောက်
ရှေ့နေလီသည် အသံဖမ်းထားသည်ကို ပိတ်လိုက်ပြီး စဥ်းစားဟန် ဖြင့် ပြောလိုက်လေသည်…၊
"မမလေး
ယောင်၊ ကျွန်တော်
လန်ကွမ်းဟွေ့ နဲ့ တခြားလူတွေကို သူတို့ထိုက်တန်တဲ့ ပြစ်ဒဏ်ရအောင် သေချာပေါက်လုပ်ပေးပါ့မယ်…။"
ထိုစကားကို
ကြားသောအခါ ယောင်ရန်သည်
သူ့အား မျက်ရည်များ ဝဲနေသည့်
မျက်လုံးများနှင့်ကြည့် လိုက်ပြီး…၊
"ရှေ့နေလီ၊ ကျွန်မအဖေ ဘာဖြစ်သွားမလဲ…။"
ရှေ့နေလီသည်
သူမကို ခဏမျှ စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်…၊
"ပြန်ပေးဆွဲမှု၊
ပိတ်လှောင်ထားမှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ပါ။
သူက သူ့ရဲ့မယားငယ်နဲ့ သမီးတို့နဲ့အတူ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရ နိုင်ပါတယ်။ အစေခံတွေကတော့ အနည်းဆုံး ထောင်ဒဏ်နှစ်နှစ် ရင်ဆိုင်ရပါလိမ့်မယ်…။"
သူ၏ အဖြေကိုကြားပြီးသောအခါ ယောင်ရန်သည် အနည်းငယ်မျက်မှောင်ကြုတ်ပြီး
တွေဝေစွာဖြင့် ပြောလိုက်လေသည်။
"ရှေ့နေလီ၊
သူ့ပြစ်ဒဏ်ကို လျှော့ပေးလို့ရမလား။ ဘာပဲဖြစ်ဖြစ် သူက ကျွန်မအဖေပဲလေ…။"
သူမ၏ စကားကိုကြားသောအခါ
ရှေ့နေလီသည် မျက်ခုံးပင့်လိုက်မိသည်။ သူက လက်ထောက်ဟယ် အား ကြည့်လိုက်သောအခါ သူသည် သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ ထို့နောက်မှာတွင် ရှေ့နေလီ သည် ယောင်ရန်၏ ဝမ်းနည်းနေသောမျက်နှာကို
ပြန်၍ ကြည့်လိုက်လေသည်။
မိန်ကလေးယောင်ရဲ့
အကြောင်း ကောလာဟလတွေက တကယ်ဖြစ်ပုံရ၏။ မွေးကတည်းက လူမှား ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်သွားသော ဥက္ကဋ္ဌယောင်မှ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သောကြောင့်
ချမ်းသာသော မိသားစု၏ အမွေခံတစ်ယောက်အနေဖြင့် လိုအပ်သော ခိုင်မာပြတ်သားမှုနှင့် အရည်အချင်းများ လိုအပ်နေသေးသည့်ပုံရပေသည်။
သူမ
မကြာခင်ကပင် ကြုံတွေ့ခဲ့ရသည်များနှင့် လက်ရှိစိတ်ပိုင်းဆိုင်ရာအခြေအနေကို
စဥ်းစားပြီး ရှေ့နေလီက ခဏမျှတိတ်ဆိတ်နေခဲ့ပြီးနောက်…၊
"မမလေး လန်ကွမ်းဟွေ့ ကို တကယ်လွှတ်ပေးချင်တာ သေချာလား။ ဒီလို ပြစ်မှု ကျူးလွန်ခဲ့တဲ့
လူမျိုးကို လွှတ်ပေးလိုက်ရင် နောင်တစ်ချိန် ခင်ဗျားပဲ ထိခိုက်နစ်နာရလိမ့်မယ်…။"
ယောင်ရန်သည်
လန်ကွမ်းဟွေ့မှာ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုသည်ကို
သေချာပေါက်သိပေ သည်။ သို့ပေမယ့် ကမ္ဘာပျက်ကပ်ဆိုးကြီးကျရောက်လာသောအခါ
လန်ကွမ်းဟွေ့၊ ချန်မေလင် နှင့် လန်လီဖေး တို့ကို ထောင်ထဲ၌ သေဆုံးစေမည်ကို မလိုလားပေ ။
သူတို့သည်
ဤကဲ့သို့ သေသွားမည် ဆိုပါက အရမ်းပင်
လွယ်လွန်းပေသည်။ ထိုအခါ
သူမ၏ရင်ထဲက မုန်းတီးမှုများသည်လည်း ပြေသွား လိမ့်မည် မဟုတ်ပေ။
ရင်ထဲ၌
လှောင်ပြုံး ပြုံးနေသော်လည်း
ယောင်ရန်သည် အားနည်းပြီး အကူအညီမဲ့နေသည့် အပြုံးကိုပဲ ပြုံးပြနေတုန်းပင်ဖြစ်သည်။ သူမက ခေါင်းခါပြီး…၊
"ရှေ့နေလီ၊ ကျွန်မပြောတဲ့အတိုင်းပဲ လုပ်ပေးပါ…။"
သူမ၏ ရှေ့နေတစ်ယောက်အနေဖြင့်
သူက အကြံဥာဏ်ပေးခဲ့ပြီးဖြစ်သည်။
ယောင်ရန်က ဆန့်ကျင် ဘက်အရာကို လုပ်ချင်နေသေးသည်ဆိုပါကလည်း သူလိုချင်သည်ကိုပင် လုပ်ပေးရပေတော့မည်။
ရှေ့နေလီက
သူ့မျက်မှန်ကို အနည်းငယ်မြှောက်တင်လိုက်ပြီး
"ဒါက
မမလေး ယောင် ရဲ့ဆန္ဒဖြစ်တဲ့အတွက် ခင်ဗျားဆန္ဒအတိုင်းပဲ ကျွန်တော်လုပ်ပေးပါ့မယ်။ မမလေး သူတို့ကို ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေစေချင်လဲ…။"
ယောင်ရန်သည်
ခဏမျှစဥ်းစားပြီးနောက်…။
"သုံးလလောက်ဆို ရပါပြီ။ ဒီအဖြစ်အပျက်တွေပြီးတဲ့ နောက်မှာ
ကျွန်မအဖေနဲ့ တခြားသူတွေ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်…။"
ရှေ့နေလီက
ခေါင်းညိတ်လိုက်ပြီး မေးခွန်းများ ထပ်မမေးခြင်းမရှိတော့ပေ။ သူက ဆိုဖာဆီသို့ ပြန်လျှောက် သွားလိုက်ပြီး
သူ၏ အိတ်ကိုယူကာ နှုတ်ဆက်လိုက်လေသည်။
"ဒါဆို
ကျွန်တော် ရဲစခန်းကိုသွားလိုက်ပါဦးမယ်။
ကိစ္စပြီးသွားရင် လက်ထောက်ဟယ်ကို ဆက်သွယ် လိုက်ပါ့မယ်…။"
ယောင်ရန်က
ခေါင်းညိတ်ပြလိုက်ပြီး
"ကျေးဇူးတင်ပါတယ်
ရှေ့နေလီ…။”
ထို့နောက်
သူမသည် လက်ထောက်ဟယ် ကိုလှည့်ကြည့်လိုက်ပြီး ပြုံး၍
"လက်ထောက်ဟယ်၊
ရှေ့နေလီကို အပြင်လိုက်ပို့ပေးလို့ရမလား…။"
လက်ထောက်ဟယ်သည်
ခေါင်းညိတ်ပြလိုက်ပြီး
ရှေ့နေလီအား…၊
"ရှေ့နေလီ၊ လိုက်ခဲ့ပေးပါ…။"
ထိုသူနှစ်ယောက်
အခန်းထဲက ထွက်သွားသည်ကို မြင်လိုက်သောအခါ ယောင်ရန်သည် သူမ၏ အားနည်းနေသည့် ပုံစံကို
ဖျောက်လိုက်ပြီး မျက်ရည်များကိုလည်း သုတ်လိုက်လေသည်။
ပြတင်းပေါက်မှန်ကိုကြည့်ပြီး
တိုးတိုးလေး ရေရွတ်လိုက်ပေသည်။
"အခု သူတို့ထောင်ထဲရောက်သွားပြီဆိုတော့
လန်ကွမ်းဟွေ့ က ကမ္ဘာပျက်ကပ်အတွက် ပြင်ဆင်ဖို့ အချိန်မရနိုင်တော့ဘူး၊
ဟုတ်တယ်မလား။ လက်နက်တွေနဲ့ ရိက္ခာတွေမပါဘဲ သူဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်…။”
ကောင်းကင်ပြာထဲ၌
တိမ်များရွေ့လျား နေသည်ကို ကြည့်ပြီး
ယောင်ရန်၏ အတွေးများက
အတိတ် ဆီ သို့ ပြန်ရောက်သွားခဲ့လေသည်။
ကမ္ဘာပျက်ကပ်စပြီးသည့်နောက်
လန်ကွမ်းဟွေ့ ၏ မိသားစုသည် ရိက္ခာအမြောက်အများကြောင့် ဘုရင် ကဲ့သို့ နေထိုင်နိုင်ခဲ့သည်ကို
သူမမှတ်မိနေသေးသည်။ သို့သော်လည်း သူရိက္ခာများကို မည်သည့်နေရာ၌ ဝှက်ထား သည်ဆိုခြင်းကို သူမသည်တစ်ခါမှ မသိခဲ့ရပေ။
ထိုအကြောင်းကို စဥ်းစားမိသောအခါ ယောင်ရန် သည် မျက်မှောင်ကြုတ်မိလိုက်လေသည်။
"လူငါးရာကျော်ကို
သုံးနှစ်စာထောက်ပံ့ပေးနိုင်လောက်တဲ့
ရိက္ခာတွေဝှက်ထားဖို့ဆိုရင်
လန်ကွမ်းဟွေ့ က ကြီးမားတဲ့နေရာတစ်ခု လိုလိမ့်မယ်။ ဒါပေမယ့်
ကမ္ဘာပျက်ကပ်စပြီးရင်
တစ်ခုပြီးတစ်ခု ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကြောင့် ဒီကမ္ဘာပေါ်မှာ လုံခြုံတဲ့နေရာမရှိနိုင်တော့ဘူး….။"
လက်ထောက်ဟယ်
ပြန်လာသည်အထိ ယောင်ရန်သည် အချိန်အတော်ကြာအောင်ပင် စဥ်းစားနေခဲ့ပေ သည်။
သူမ
အတွေးနက်နေသည်ကို မြင်လိုက်ရသောအခါ သူက သူမအတွက်ဝယ်လာသော မနက်စာကို စားပွဲ ပေါ်၌ တင်လိုက်ပြီး …။
"မိန်ကလေး၊
ဆရာဝန်က ခင်ဗျားရဲ့အခြေအနေကို စောင့်ကြည့်ဖို့ ရက်အနည်းငယ်ကြာအောင် ဆေးရုံမှာ နေရဦးမယ်လို့ပြောတယ်။
ဘာမှမဖြစ်ရင်တော့ ဆေးရုံဆင်းလို့ရပါပြီ…။"
သူသည်
ဆန်ပြုတ်နှင့် ဟင်းလျာများကို ဖွင့်လိုက်ပြီး စားပွဲငယ်လေးပေါ်၌ တင်လိုက်သည်။ ထို့နောက် စားစရာများကို ယူလာခဲ့ပြီး ယောင်ရန်၏ ရှေ့တွင်ရှိသော ကုတင်ပေါ်တွင်တင်လိုက်သည်။ ထို့နောက် သစ်သားသေတ္တာ အသေးလေးတစ်လုံးကိုထုတ်ပြီး
စားပွဲပေါ် သို့တင်လိုက်လေသည်။
"ဥက္ကဋ္ဌယောင်
ကွယ်လွန်ပြီးနောက်မှာ
လုပ်စရာတွေ အများကြီးရှိနေလို့ ကျွန်တော်အခုမှ ဒါကို ခင်ဗျား ဆီပေးဖို့ အချိန်ရတာ တောင်းပန်ပါတယ်…။"
ထိုစကားကိုကြားသောအခါ
ယောင်ရန်သည် အတွေးကနေလွတ်သွားခဲ့ပြီး
သစ်သားသေတ္တာ အသေး လေးကို
ကြည့်လိုက်လေသည်။ သေတ္တာဒီဇိုင်းအရ ထိုအရာကို လေလံပွဲ သို့မဟုတ် ပြတိုက်တွင် ရောင်း ချလိုက်မည်ဆိုပါက ဈေးကောင်းရနိုင်မည်ဆိုသည်ကို
သူမ သိပေသည်။ သူမက သေတ္တာကိုယူပြီး အဖုံး ကို ဂရုတစိုက်ဖြင့် ဖွင့်ကြည့်လိုက်လေသည်။