အခန်း
(၂၀) အရာအားလုံးပြန်ယူခြင်း
တစ်နာခန့်ရီအကြာတွင်
လုံခြုံရေးအစောင့်တစ်ယောက်သည်
ထရပ်ကားအသေးလေးတစ်စီး
ရောက် လာသည်ကို မြင်သည်နှင့် ဂိတ်အပြင်မှ လက်ကာပြပြီး ရပ်တန့်ခိုင်းလိုက်သည်။ အစောင့်က သူမဆီ လျှောက်လာသောအခါ ယောင်ရန်က ကားပြတင်းပေါက်မှန်ကို ချလိုက်လေသည်။
ငယ်ရွယ်ချောမောသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသောအခါ အစောင့်၏မျက်နှာသည် အနည်းငယ်ပျော့ပျောင်း
သွားခဲ့လေသည်။
အစောင့်က
ခေါင်းညိတ်ပြီး မေးလိုက်လေသည်၊
"မင်္ဂလာနံနက်ခင်းပါ
ညီမလေး။ ပစ္စည်းလာပို့တာလား…။"
ယောင်ရန်က
ခေါင်းခါ၍ ၊
"မဟုတ်ပါဘူး။
ဒီမှာ ကျွန်မအဖေရဲ့ဗီလာရှိတယ်။ သူက ပစ္စည်းလာယူခိုင်းလို့ပါ…။"
သူမ၏ ရှင်းပြချက်ကိုကြားသောအခါ
အစောင့်က မျက်မှောင်ကြုတ်ပြီး ငြင်းဆန်လိုက်သည်၊
"ညီမလေး၊
ကျေးဇူးပြုပြီး ပြန်လိုက်ပါ…။"
ယောင်ရန်သည်
ထိုသူ မယုံဘူးဆိုသည်ကိုသိသောအခါ ဖုန်းကိုဖွင့်ပြီး အစောင့်အား ဓာတ်ပုံတစ်ပုံကို ပြလိုက်လေသည်။
"ဒါက
ကျွန်မအဖေ လန်ကွမ်းဟွေ့ပါ။ သူဘယ်သူလဲဆိုတာတော့ သိသင့်ပါတယ်နော်…။"
အစောင့်က
မိသားစုဓာတ်ပုံကို ကြည့်ပြီး ယောင်ရန်ကို ပြန်ကြည့်လိုက်၏။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက်
၊
"ဝင်လို့ရပါပြီ...။"
အစောင့်မှ
ဂိတ်ကိုဖွင့်ရန်ထွက်သွားသောအခါ
ယောင်ရန်က ကားပြတင်းပေါက်ကို ပြန်ပိတ်လိုက်၏။ ဂိတ်ကို ဖြတ်ပြီးနောက်တွင် အစောင့်ကို ခေါင်းညိတ်ပြပြီး လန်ကွမ်းဟွေ့၏ ဗီလာသို့မောင်းသွားခဲ့လေ
သည်။
ဗီလာသည်
အလှဆင်ဖန်တီးထားသော ရေကန်နားတွင်ရှိပြီး
အလွန်လှပသည့် ရှုခင်းကို မြင်နေရပေ သည်။ သူမ သည် ထရပ်ကားလေးကို ဗီလာရှေ့၌ ရပ်လိုက်ပြီး ကားပေါ်မှဆင်းလိုက်ကာ ကြီးမားသော သုံးထပ်ဗီလာကိုမော့ကြည့် လိုက်ပေသည်။
သူမက
ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ကျိန်းဝါးလိုက်သည်၊
*နင်က
ငါ့မိသားစုဆီကနေ အနှစ်နှစ်ဆယ်အတွင်း ပိုက်ဆံတွေ အများကြီး ခိုးထားတယ် မဟုတ်လား။ အခုတော့ နင့်ဆီကနေ အားလုံးပြန်ယူမယ်။ ဘာမှမရှိတော့တဲ့အခါ ကမ္ဘာကြီးအဆုံးသတ်ချိန်မှာ နင် ကောင်းကောင်းနေနိုင်ဦးမလား ကြည့်ရသေးတာပေါ့….။*
ယောင်ရန်သည်
တံခါးဝကို လျှောက်သွားပြီးနောက် စကားဝှက်ထည့်ဖို့ လိုအပ်နေတာကို တွေ့လိုက်ရ ပေသည်။ သူမက လော့ခ်ကိုဖွင့်ပြီး စကားဝှက်ကို အေးဆေးစွာပင် ရိုက်ထည့်လိုက်သည်။ စက္ကန့်ပိုင်း အကြာတွင် အီလက်ထရွန်နစ်သော့က
အသံမြည်လာခဲ့လေသည်။
ဗီလာထဲသို့
ရောက်ပြီးနောက် ယောင်ရန်က အဓိကတံခါးဆီကို တည့်တည့် လျှောက်သွားလိုက်သည်။ နောက်ထပ်စကားဝှက်တစ်ခုနှင့် တံခါးကိုဖွင့်လိုက်ပြီး
ဗီလာထဲကို ဝင်လာခဲ့လိုက်လေသည်။ ဧည့်ခန်း ထဲမှ ဇိမ်ခံပစ္စည်းများနှင့် ဈေးကြီးသောပစ္စည်းများကို ကြည့်ရင်း သူမ မနေနိုင်အောင်ပင် မရိုးမရွဖြစ် လာခဲ့လေသည်။
သူမ မစတင်ခင်မှာ
ယောင်ရန်က ရှေ့ခြံဝန်းထဲရှိ လုံခြုံရေးအခန်းကို သွားလိုက်သည်။ သူမ ဝင်လာသည့် မှတ်တမ်းကို ဖျက်ပစ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ကင်မရာအားလုံးကို ပိတ်လိုက်သည်။ ထိုအရာ များ အားလုံးပြင်ဆင်ပြီးသည့်နောက်
ဧည့်ခန်းသို့ ပြန်လာခဲ့လေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင်
သူမသည် ပစ္စည်းများအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက် ပြီး
ဘာတစ်ခုမှပင် ချန်မထားခဲ့ပေ။
ဧည့်ခန်းကို ရှင်းပြီးနောက်
ယောင်ရန်က မီးဖိုချောင်ဘက် သို့ ထွက်လာခဲ့လိုက်လေသည်။
ရိက္ခာပစ္စည်းအစုံအလင်နှင့်
အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများကို
မြင်လိုက်ရသောအခါ သူမ ၏မျက်လုံးများ
အရောင်တောက်သွားခဲ့သည်။ သူမ
ယူလို့ရနိုင်သမျှ အရာအားလုံးကို
ယူလိုက်ပြီး မီးဖို ချောင်ဘေးတွင်ရှိသော
သိုလှောင်ခန်းသို့ သွားခဲ့လိုက်လေသည်။
အခန်းတံခါးကို
ဖွင့်လိုက်သည်နှင့် ဆန်၊ ဟင်းခတ်အမွှေးအကြိုင်၊ စည်သွပ်ဗူးနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ
အပါအဝင် ဈေးကြီးသော
အစားအစာအမျိုးမျိုးကို
တွေ့လိုက်ရပေသည်။
ပစ္စည်း များကိုယူပြီးနောက်
ယောင်ရန်သည် နံရံပေါ်တွင်ရှိနေသော သံတံခါးကြီးကို သတိထားမိလိုက် ၏။ သူမ သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်သောအခါ အသားများထားသော
ရေခဲခန်း ဖြစ်နေသည်ကို
တွေ့လိုက်ရပေသည်။
တန်းစီ၍ချိတ်ထားသော
အသားများကို မြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး
"ဒီမြေခွေးလိုလူတွေက
၊ တကယ်ပဲ ဘဝကို ဘယ်လိုပျော်မွေ့ရမလဲဆိုတာ သိကြတာပဲ…။" ဟုတီးတိုးရေရွတ်လိုက်လေသည်။
သူမသည်
ဤအခန်းတွင်း၌ရှိနေသော ပစ္စည်းအားလုံးကို
မျက်တောင်ပင်မခတ်ဘဲ အကုန်ယူလိုက် လေ ၏။ ပထမထပ်ကို ရှင်းပြီးနောက်၌ သူမသည် အိပ်ခန်းအနည်းငယ်သာရှိသော ဒုတိယထပ်သို့ ဆက် သွားလိုက်လေသည်။
ပထမဆုံးအိပ်ခန်းတံခါးကို
ဖွင့်လိုက်သည်နှင့် ဤအခန်းသည်
လန်လီဖေး၏အိပ်ခန်းဖြစ်သည်ကို သူမ
အလိုလိုသိလိုက်သည်။ ဇိမ်ခံပစ္စည်းများက သူမမျက်လုံးကို မျက်စိကြိမ်းလောက်အောင်ပင်။
ယောင်ရန်သည် ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက်
စိတ်ဝင်စားမှု မရှိတော့ပေ။
အဝတ်အစားများ၊
ဖိနပ်များ၊ အိတ်များနှင့် အလှကုန်များသည်
သူမအတွက် တန်ဖိုးမရှိသော်လည်း ယောင်ရန်က လန်လီဖေးအတွက် ဘာတစ်ခုမှ မချန်ထားခဲ့ချင်သည်မို့ အကုန်ယူသွားခဲ့လိုက်သည်။
နောက်တစ်ခန်းမှာ
ချန်မေလင်နဲ့ လန်ကွမ်းဟွေ့တို့၏ အိပ်ခန်းဖြစ်တယ်။
ယောင်ရန်သည် အလားတူစွာ ပစ္စည်းအားလုံးကို သူမ၏ နေရာလွတ်ထဲ ထည့်လိုက်၏။ ဧည့်ခန်းသည်ပင် သူမ၏ရက်စက် မှုမှ မလွတ် မြောက်နိုင်ခဲ့ပေ။
အရည်အသွေးမြင့် သစ်သားပရိဘောဂ ပစ္စည်းများသည် အအေးလွန်ကဲ သောအချိန် များ၌ ဖြတ်တောက်ပြီး
ထင်းအဖြစ် ခုတ်ထွင်သုံးနိုင်သောကြောင့်
အလဟဿ မဖြစ်ပေ။
ဒုတိယထပ်ကို
ရှင်းလင်းပြီးနောက်တွင်
သူမသည် တတိယထပ်သို့ လှေကားမှ တက်လာလိုက်သည်။ ဤအထပ်မှာ စာကြည့်ခန်းနှင့် စာကြည့်တိုက်ဟူ၍
အခန်းနှစ်ခန်းသာရှိပေသည်။
ယောင်ရန်က
အသိပညာသည် လူသားများ၏ အခြေခံအုတ်မြစ်ဟု ယုံကြည်ထားသူဖြစ်သည်။
စာကြည့် တိုက်ထဲမှ စာအုပ်အားလုံး၊ စာအုပ်စင်တွေ၊ ကုလားထိုင်များနှင့် စားပွဲများပါမကျန် ယူသွားခဲ့လိုက်ရာနံရံ လေးဘက်လေးဖက်လုံးသည်
ဗလာကျင်းသွားခဲ့လေသည်။
သူမ
စာကြည့်ခန်းကိုရောက်သောအခါ
တခြားဘာကိုမှ မကြည့်တော့ဘဲ နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံဆီကိုသာ တည့်တည့်သွားလိုက်လေသည်။
သူမ၏ အရင်ဘဝတွင်
ယောင်ရန်၊ လန်ကွမ်းဟွေ့
နှင့် တခြားသူများသည်
ဘယ်တော့မှ မကွဲကွာခဲ့ဘူး ပေ။ အလွန်အေးသော ရာသီဥတု လွန်မြောက်ပြီး နောက်ရေကျသွားချိန်၌ လန်ကွမ်းဟွေ့က သူတို့ကို ဟိုင်ချန်မြို့ကနေ မထွက်ခင်ဤနေရာသို့ ခေါ်လာခဲ့သည်။ ထိုအချိန်က ယောင်ရန်သည် လန်ကွမ်းဟွေ့က သူ့လူများကို လျှို့ဝှက်စုဆောင်းပြီး ကိုယ်ပိုင်အင်အားစုကို တည်ထောင်ခဲ့သည်ဆိုခြင်းကို မသိခဲ့ပေ။
အရင်ဘဝတုန်းက
သူမလုပ်ခဲ့သည့် မိုက်မဲသောအရာများကို ပြန်တွေးမိရင်း
ယောင်ရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ မိသားစုဓာတ်ပုံကို ကြည့်လိုက်နေသော မျက်လုံးများသည် အေးစက်နေခဲ့ပေသည်။
သူမသည်
စစ်တပ်သုံးဓားမြှောင်တစ်ချောင်းကို
ဓါးအိမ်ထဲမှထုတ်လိုက်ပြီး
ဓာတ်ပုံပေါ်ရှိ လန်ကွမ်းဟွေ့၊
ချန်မေလင်နှင့် လန်လီဖေးတို့၏ မျက်နှာများကို အကြိမ်ကြိမ်ထိုးစိုက်လိုက်လေသည်။
မုန်းတီးမှုကို
အနည်းငယ်ဖော်ထုတ်ပြီးနောက်တွင်
ယောင်ရန်က ဓာတ်ပုံကို ဖယ်လိုက်သည်။ ဓာတ်ပုံ၏ နောက်တွင် ခလုတ်သေးသေးလေးတစ်ခုကို
မြင်လိုက်ရသည်။ သူမက ခလုတ်ကို နှိပ်လိုက်သောအခါ နံရံသည် ပွင့်လာခဲ့လေသည်။
သူမက
စစ်တပ်သုံးဓားမြှောင်ကို
သိမ်းပြီး လုံခြုံရေးသော့ထဲကို စကားဝှက်ရိုက်ထည့်လိုက်လေသည်။
ထို့နောက် လေးလံသောသတ္တုတံခါးကို
တွန်းဖွင့်လိုက်လေတော့သည်။
ကျယ်ဝန်းသော
လျှို့ဝှက်အခန်းထဲ ဝင်လိုက်သည်နှင့် ယောင်ရန်က တစ်ဖက်တွင် တောင်လိုပုံနေသော ရွှေချောင်းများကို
တွေ့လိုက်ရသည်။ နံရံပေါ်တွင်
လက်နက်များ၊ အခန်းထောင့်မှာ ကျည်ဆန်ဗူးများကို ပုံထားသည်ကို တွေ့လိုက်ရသည်။ ဖန်အုပ်စောင်းနှင့် အုပ်ထားသော
ရှေးဟောင်းပစ္စည်းများ ကိုလည်း
ခင်းကျင်းထားသည်ကိုလဲ တွေ့လိုက်ရပေသည်။
သူမသည်
ရှေးဟောင်းပစ္စည်းများကို
အချိန်ကုန်ခံ၍ ကြည့်မနေတော့ဘဲ
အကုန်လုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။
ဆယ်မိနစ်အကြာတွင်
သူမသည် လျှို့ဝှက်အခန်းထဲမှ ပြန် ထွက်လာခဲ့ပြီး မိသားစုဓာတ်ပုံမှလွဲ၍ အရာ အားလုံးကို ယူသွားခဲ့လိုက်သည်။ ဗီလာအပြင်ကို ထွက်လာပြီး နောက် ယောင်ရန်သည် ချက်ခြင်း မထွက်သွားဘဲ မြေအောက်ဝိုင်သိုလှောင်ခန်းရှိရာသို့
လာခဲ့လိုက်လေသည်။
လန်ကွမ်းဟွေ့သည်
ဝိုင်စုဆောင်းရခြင်းကို
ဝါသနာပါသူဖြစ်ပြီး ဤနေရာတွင် သူစုဆောင်းထားသော ဝိုင်ပုလင်းများ များစွာရှိပေသည်။
ဝိုင်သိုလှောင်ခန်းတံခါးကို
ဖွင့်လိုက်ပြီးနောက် လန်ကွမ်းဟွေ့ဟာ
တကယ်ပင် ခိုးယူပြီး ပိုက်ဆံဖြုန်းရာတွင် တော်သည်ကို ယောင်ရန် ထပ်မံတွေ့ရှိခဲ့ပေသည်။
ဈေးကြီးသောဝိုင်ပုလင်းများ
အပြည့်ရှိသော ဝိုင်စင်တွေနဲ့
ဝိုင်စည်ပိုင်းတွေကို
ကြည့်ရင်း ယောင်ရန်က မကောင်းဆိုးရွားလို ပြုံးလိုက်ပြီး ပြောလိုက်ပေသည်။
"ဒီပစ္စည်းတွေ
ပေးတဲ့အတွက် သူ့ကို တကယ်ကျေးဇူးတင်ချင်မိတယ်…။"