Arc(1)
Viewers 265

အခန်း(၈) နူးညံ့ညင်သာသောအိမ်နီးချင်း။


ရွှီမော့ရှူးက ချူချန်အန်းကို သေချာကြည့်နေပုံမှာ သူက တောက်ပပြီး နူးညံ့သောမက်မွန်ပွင့်လွှာမျက်ဝန်းများကို ဖောက်ထွင်းကြည့်ဖို့ ကြိုးစားနေသည့်အလားပင်။


ရွှီမော့ရှူး၏အရပ်ရှည်ပြီး သွယ်လျသောပုံရိပ်က မနက်ခင်းအလင်းရောင်ကိုဖြတ်၍ ထူထဲပြီး မည်းမှောင်သောအရိပ်တစ်ခုကျနေပြီး သူဟာ မြင့်မားသောနံရံတစ်ခုကဲ့သို့ ချူချန်အန်းကို အထဲမှာအကျဥ်းချထားလေသည်။


ချူချန်အန်းအကြည့်လွှဲလိုက်မိသည်။ သူရွှီမော့ရှူး၏မျက်နှာကိုကြည့်ဖို့ တအားရှက်ရွံ့နေမိပြီး ခပ်သွက်သွက်ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ခေါင်းငုံ့ချလိုက်မိသည်။


သူမနေ့ညက အဲ့လိုမျိုးလိမ်မပြောလိုက်သင့်ဘူး။


ဒါကဘယ်လိုကောင်းတဲ့အိမ်နီးချင်းမျိုးလဲ။


ဒါကနှာဘူးအိမ်နီးချင်းမှန်းသိသာနေတာကြီးကို!


ချူချန်အန်းတစ်အောင့်ကြာတိတ်ကျနေတာမြင်တော့ ရွှီမော့ရှူးကရယ်မောလာသည်။ "ဘာလဲ၊ ရှောင်အန်း၊ မင်းကတစ်ညထဲနဲ့မေ့သွားပြီလား။"


ချူချန်အန်း၏လည်တိုင်က စိုးရိမ်ပူပင်နေချိန်မှာ နီရဲသွားလေ့ရှိပြီး သူကစနစ်ကအသုံးပြုဖို့ပေးသည့်-ချန်အန်း၏ခန္ဓာကိုယ်ကိုအသုံးပြုတုန်းကတောင်-အတူတူပင်ဖြစ်သည်။


သူ၏ဖြူဖွေးကာနူးညံ့သောအသားအရည်က ရုတ်တရက်အနီဖျော့ဖျော့သန်းသွားပြီး ဝိုင်းစက်နေသောသမင်မျက်ဝန်းလေးများက တောက်ပကာနူးညံ့လို့နေကာ စိတ်လှုပ်ရှားမှုတစ်စွန်းတစဖော်ပြနေကာ သူ့ကိုအနိုင်ကျင့်ရလွယ်ကူပုံပေါက်သွားစေကာ အနိုင်ကျင့်ခံရလောက်အောင်အလွန်ဆွဲဆောင်မှုရှိလေသည်။


ရွှီမော့ရှူးက ကြွပ်ကြွပ်အိတ်အမည်းကိုင်ထားပြီး ချူချန်အန်းအတွက်ခြေတစ်လှမ်းဆုတ်လိုက်ပြီးမှ တစ်လှမ်းပိုတိုးလာကာ ချူချန်အန်းကို နံရံမှာထောင့်ကပ်သွားအောင်လုပ်လိုက်သည်။


ချူချန်အန်း၏မျက်ဝန်းများက မျက်ရည်ဝေ့တက်လာပြီး မျက်နှာလှလှလေးမှာ ပြစ်ချက်မရှိအောင်ချောမောလှပလေသည်။


ချန်အန်း၏မျက်နှာက ချူချန်အန်း၏တကယ့်ရုပ်ရည်၏၄၀%ပေါ်အခြေခံ၍ ဖန်တီးထားခဲ့တာဖြစ်သည်။


ရုပ်ရည်အရဆို ချန်အန်းက အခုချူချန်အန်းလောက်မချောပေ။


ချူချန်အန်း၏မျက်နှာလေးမှာ ထူးကဲလှပပြီး အပြစ်အနာအဆာလုံးဝမရှိပေ။


အထူးသဖြင့်သူ့မျက်ဝန်းများမှာ တစ်ခါတလေသီးသန့်ဆန်ကာ မောက်မာပြီး တစ်ခါတရံတောက်ပကာ ညှို့ယူဖမ်းစားလို့နေကာ အမြဲအလွတ်မှတ်မိနေလေသည်။


ထိုမျက်ဝန်းများက ချန်အန်းနှင့်အလွန်တူသည်။


မဟုတ်ဘူး၊ မသိရင်သူတို့ကလူတစ်ယောက်ထဲအတိုင်းပဲ။


ဒီအတွေးက ရွှီမော့ရှူးကို တစ်ခဏမျှမှင်သက်သွားစေသည်။


သူက ချူချန်အန်း၏မျက်ဝန်းထဲမှာ ချန်အန်း၏ပုံရိပ်ကို ထပ်မြင်လိုက်ရသည်။


သူ့မျက်ဝန်းထဲကအပြုံးကရုတ်တရက်မှိန်ကျသွားပြီး မည်းမှောင်ကာအေးစက်သောအရိပ်အယောင်တစ်ချက်လက်သွားပေမဲ့ လှစ်ခနဲပျောက်သွားသည်။


မဟုတ်ဘူး။


သူ့ချစ်သူကချန်အန်းပဲ။


သူ့ကိုတစ်ကိုယ်ကောင်းဆန်ဆန်နဲ့ စွန့်ပစ်သွားခဲ့တဲ့ချန်အန်း။


ရွှီမော့ရှူးအကြည့်လွှဲကာ ​ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။


သူခပ်ဖွဖွပြုံးလိုက်သည်။

"ကြည့်ရတာတော့ တိုက်ရိုက်ထုတ်လွှင့်သူချန်အန်းကတော်တော်ရှက်တတ်တဲ့ပုံပဲ။"


ထို့နောက်သူ့မျက်ဝန်းထဲကအပြုံးက မှေးမှိန်ပျောက်ကွယ်သွားပုံမှာ မိစ္ဆာတစ်ကောင်က သူ့ကို အသံတိတ်ကျိန်စာတိုက်နေသည့်အလားပင်။

"ဒါဆိုလဲကောင်းပြီလေ။ ကိုယ်တို့အနာဂတ်မှာအဆင်ပြေမယ်လို့ ကိုယ်ယုံကြည်တယ်။ ကိုယ့်ရဲ့အိမ်နီးချင်းအသစ်လေး။"


ချူချန်အန်းမှာသူ့အကျီစကိုတင်းတင်းဆုပ်လိုက်မိပြီး သူ့ကိုယ်သူစိတ်လျှော့လိုက်တော့ ကြမ်းပြင်ပေါ်ကြောက်လန့်တကြားပြိုလဲကျလုနီးပါးဖြစ်သွားသည်။ ရွှီမော့ရှူးက အခန်း701ကိုပြန်သွားမှန်းမြင်လိုက်ရချိန်မှသာ သူသက်မချလိုက်မိသည်။


ရွှီမော့ရှူးကကောက်ကျစ်ပြီး စိတ်ပိုင်းဖြတ်ထားသောမြွေပွေးတစ်ကောင်ကဲ့သို့ ချူချန်အန်း၏နှလုံးသားကို တစ်သက်လုံးပတ်ထားသည်။ သူ၏စွဲလမ်းပြီး ပြင်းထန်သောအချစ်က အဆိပ်ထိုးထားသကဲ့သို့ သူ့ကိုရစ်ပတ်ထားပြီး မသေမချင်းသူ့ကိုအပိုင်သိမ်းဖို့ဆုံးဖြတ်ထားလေသည်။


သူကနံရံကိုမှီပြီး လေးလံစွာမောဟိုက်နေကာ သူ့မျက်တောင်များကတုန်ရီလို့နေသည်။


သူဘာလို့မှန်းနားမလည်တော့ပေ။ သူမနေ့ညကနှစ်ခုဘဲလိမ်ပြောခဲ့ပေမဲ့ ရွှီမော့ရှူးက သူ့ကို ထိုရင်းနှီးကာ ကြောက်ဖို့ကောင်းသောအကြည့်တစ်ခုပေးသွားခဲ့သည်။


ချူချန်အန်းထိုနေရာမှာရပ်ကာ မှင်သက်နေမိပြီး စက္ကန့်အန​ည်းငယ်မျှစဥ်းစားလိုက်မိသည်။


မဟုတ်မှလွဲရော....


သူ့ကိုမှတ်မိသွားတာများလား?!


ချူချန်အန်း၏မျက်နှာမှာ ဖြူစုတ်သွားပြီး သူ့စိတ်ကတင်းမာစပြုလာသည်။


ဒါဘယ်လိုဖြစ်နိုင်မှာလဲ...


သူနာမည်နဲ့ပုံစံပြောင်းထားတယ်လေ။


ချူချန်အန်းစိတ်ပူတကြီးတွေးလိုက်မိသည်။


သူမှင်သက်စွာခြေလှမ်းအနည်းငယ်တိုးလိုက်မိပြီး ထို့နောက်မျက်ဝန်းထောင့်မှတဆင့် ကျန်းလျန်၏ပုံရိပ်ကို မြင်လိုက်ရသည်။


ကျန်းလျန်က အခန်း703၏တံခါးဝမှာ အသံတိတ်ရပ်နေပြီး သူထိုနေရာမှာဘယ်တုန်းထဲကရှိနေခဲ့မှန်းမသိပေ။


ကျန်းလျန်ကချူချန်အန်းနားရောက်လာသည်။ "ဘာဖြစ်တာလဲချန်အန်း? မင်းကြည့်ရတာတစ်မျိုးပဲ။"


ချူချန်အန်းမှာ ကျန်းလျန်ကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှမဆိုဘဲ ဆက်လျှောက်သွားလိုက်သည်။


စနစ်ကသူ့ကိုစိတ်ထဲမှာအသိပေးလာသည်။


[သင့်ရဲ့တာဝန်အသစ်တွေကိုအတည်ပြုပေးပါ:


(1) အမြှောက်စာဇာတ်ကောင်၏နေ့စဥ်တာဝန်များကို ပြီးမြောက်အောင်လုပ်ရန် (1/10)


(2) အဓိကဇာတ်ကြောင်းကို အမြန်ဆုံးဖွင့်ရန်]


"ရွှီမော့ရှူးကမင်းကိုအနိုင်ကျင့်လိုက်တာလား။"


"မဟုတ်ဘူး။" ချူချန်အန်းမျက်မှောင်ကြုတ်လိုက်သည်။ ကောင်းမွန်သောအမြှောက်စာဇာတ်ကောင်ပုံရိပ်ကိုထိန်းသိမ်းဖို့အတွက် သူကကျန်းလျန်ကိုကြည့်ပင်မကြည့်ဘဲ သူ့အခန်းဆီပြန်သွားပြီး တံခါးကိုသေသပ်စွာပိတ်လိုက်သည်။


သူက ကျန်းလျန်ကို မရှိသလိုဆက်ဆံခဲ့သည်။


ကျန်းလျန်၏သိမ်မွေ့သောမျက်ဝန်းများက တောင့်ခဲကာ မည်းမှောင်သွားသည်။


သူကပိတ်သွားသောတံခါးကိုမမှိတ်မသုန်စိုက်ကြည့်ပြီး လက်သီးဆုပ်လိုက်မိလေသည်။


ချူချန်အန်းမှာအမှန်တော့ ပိုအရေးကြီးသည့်ကိစ္စကိုစဥ်းစားနေတာဖြစ်သည်။


ယေဘုယျအားဖြင့် ဇာတ်ကြောင်းကိုဖွင့်ခြင်းက ပုံမှန်ဆိုရင်တော့ ဂိမ်းကမ္ဘာထဲက ရန်မူသောNPC၏အသွင်အပြင်ကိုဆိုလိုခြင်းဖြစ်သည်။


ရန်မူသောNPCများမှာ ဂိမ်းကမ္ဘာထဲမှာတည်ရှိသည့် လူတွေ ဒါမှမဟုတ်ရင် တစ္ဆေသရဲများဖြစ်သည်။ သူတို့က ကစားသမားများကို တိုက်ခိုက်ပြီး သတ်ပစ်ကြသည်။


အဲ့တော့မနေ့ညကအိပ်မက်က အိပ်မက်မဟုတ်ဘူးပေါ့...?


တံခါးအပြင်ကရေကျသံ၊ ကုလားထိုင်တကျွီကျွီမြည်သံ၊ ပြတင်းပေါက်တံခါးပိတ်သွားသံ...


သူပြတင်းပေါက်ကိုလုံးဝမပိတ်ခဲ့ဘူး!


ဒါကချူချန်အန်းကိုပို၍ပင်စိုးရိမ်ပူပင်သွားစေသည်။


သူအလိုလိုခံစားမိလိုက်သည်။


မနေ့ညကသူ့အိပ်ခန်းဆီလာလည်ခဲ့သည့်တစ်ယောက်မှာ ကျောင်းကျောင်းဖြစ်ဖို့များ၏။


ကျောင်းကျောင်းမှာ ဂိမ်းကမ္ဘာထဲက ပထမဆုံးရန်မူသောNPCဖြစ်ပြီး ချူချန်အန်းကြုံခဲ့ရသည့်ပထမဆုံးဝိညာဥ်လည်းဖြစ်သည်။


သူမကသရဲမလေးဖြစ်သည်။


သူမသေသွားတာဆယ်နှစ်ကျော်ကြာသွားပြီဖြစ်ပြီး သူမကအသက်၈နှစ်၉နှစ်အရွယ်မှာပိတ်မိနေခဲ့သည်။ သူမကဒီရပ်ကွက်မှာ တစ်​ယောက်ထဲလှည့်ပတ်သွားလာနေခဲ့ပြီး သူမမှာအဖော်ဆိုလို့ သူမ၏အရုပ်လေးသာရှိသည်။


နောက်တော့သူမအရုပ်က တအားဟောင်းနွမ်းပြီး ရုပ်ဆိုးကာ မကောင်းတော့ဘူးဟုတွေးမိသောကြောင့် ကျောင်းကျောင်းကသူမအရုပ်ကိုမုန်းစပြုလာပြီး တစစီဖြစ်တဲ့အထိစုတ်ဖြဲပစ်လိုက်သည်။


သူမကအသစ်စက်စက်အရုပ်လှလှလေးအရုပ်တစ်ရုပ်လိုချင်သည်။


အဲ့တော့...


ညတိုင်း သူမက သက်ရှိလူတွေ၏မျက်လုံးကို​ ဖောက်ထုတ်တတ်သည်။ အကြောင်းကတော့ သက်ရှိလူတွေ၏မျက်လုံးကအရမ်းလှတာမို့ပင်။


သူမက အမျိုးသမီးများ၏ဆံပင်ကိုဆွဲနှုတ်ပြီး သူမအရုပ်အတွက် ဆံပင်အဖြစ်အသုံးပြုတတ်သည်။


သူမကလူတွေကိုတွဲလောင်းချိတ်ပြီး သူတို့ကိုတစ်စချင်းစီလှီးကာ သူတို့သွေးကိုသုံးပြီး အရုပ်များ၏အဝတ်ကိုအရောင်ဆိုးတတ်သည်။


၎င်းမှာလုချန်၏သေဆုံးမှုနှင့်ဆင်တူသည်။


သူမနှင့်အရုပ်များကပျင်းလည်းမပျင်းရပေ။ ညတိုင်းသူမကခေါင်မိုးပေါ်မှာ ၎င်းတို့နှင့်အတူကစားလိမ့်မည်။


သူမကနေထိုင်သူ၏ရေပိုက်ခေါင်းကို အရင်လှည့်ဖွင့်လိမ့်မည်။ နေထိုင်သူနိုးလာပြီးမျက်စိဖွင့်လိုက်လို့ရှိရင် သူမကသူတို့၏မျက်လုံးကိုဖောက်ထုတ်ပစ်လိမ့်မည်။


သူတို့မနိုးလာလို့ရှိရင် သူမကသူတို့ဆံပင်ကိုဆွဲနှုတ်ပြီး သူတို့ကိုတွဲလောင်းချိတ်ပြီး အရုပ်ကိုစုတ်ဖြဲနေသလိုမျိုး သူတို့ကိုတစစီလှီးဖြတ်ပစ်လိမ့်မည်...


သူချန်အန်းအဖြစ်ရှိနေတုန်း ကျောင်းကျောင်းနှင့်ပထမဆုံးအကြိမ်ဆုံခဲ့စဥ်က ကျောင်းကျောင်းကသူ့ဆံပင်ကိုဆွဲနှုတ်မလို့ပြင်နေမှန်း ချူချန်အန်းမှတ်မိသည်။


ထိုစဥ်က ရွှီမော့ရှူးက သူမကို တားပေးခဲ့တာဖြစ်သည်။


ကျောင်းကျောင်းက ရွှီမော့ရှူးကိုရှိန်သွားပြီး ချူချန်အန်းကိုထိခိုက်အောင်ထပ်မလုပ်ရဲတော့ပေ။


ဒါပေမဲ့သူမက ချူချန်အန်းကို အငြိုးထားနေတုန်းဖြစ်ပြီး သူ့ကိုတစစီလှီးနိုင်ဖို့ဆုတောင်းနေခဲ့သည်။


ထိုအချိန်အတောအတွင်းမှာ သူမက အရုပ်လုပ်ဖို့ လူတွေ၏မျက်လုံးကို မကလော်ထုတ်ရဲတော့ဘဲ ချူချန်အန်း၏တံခါးရှေ့မှာဆောင့်ကြောင့်ထိုင်ပြီး သနားစရာကောင်းစွာငိုနေရုံသာတတ်နိုင်ခဲ့သည်။


ချူချန်အန်းမှာဆူညံသံကိုမခံနိုင်တော့တာမို့ ချည်သားနှင့်အရုပ်လုပ်ပေးလိုက်သည်။


ဒါပေမဲ့အရုပ်မှာကြည့်ဖို့ပင်တအားရုပ်ဆိုးနေမှန်းသိလိုက်ရတာမို့ နောက်ဆုံးမှာလက်လျှော့လိုက်သည်။


သူလက်မြှောက်ပြီး ရုပ်ဆိုးဆိုးအရုပ်ကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။


သူအနောက်လှည့်ကာ နားထဲနားဆို့ထည့်ပြီး ပြန်အိပ်လိုက်သည်။


ဆယ်မိနစ်အတွင်းမှာငိုသံတိတ်သွားသည်။ ချူချန်အန်းမှာနားဆို့များကိုအံ့သြတကြီးချွတ်ပြီး ထကာစစ်ဆေးလိုက်သည်။


သရဲမလေးကျောင်းကျောင်းက ဘယ်တုန်းကမှန်းမသိ သူ့အခန်းထဲခိုးဝင်လာမှန်းသူမြင်လိုက်ရသည်။ သူကအမှိုက်ပုံးဘေးမှာရပ်နေပြီး ရုပ်ဆိုးဆိုးနှင့်ရုပ်ပင်မပေါ်သောအရုပ်ကိုကိုင်ထားကာ မထင်မှတ်ဘဲအလွန်သဘောကျနေလေသည်။


သူမကထိုအရုပ်ကိုရတနာကဲ့သို့ရင်ခွင်ထဲမှာပိုက်ထားပြီး ချူချန်အန်းနိုးလာမှန်းမြင်လိုက်ရချိန်မှသာ ငိုရဲလေသည်။

"ဝါးးးးး....အရမ်းလှတယ်...လူမျက်လုံးနဲ့လုပ်ထားတာတွေထက်တောင်ပိုလှသေးတယ်။ ကိုကိုချန်အန်းကအရမ်းတော်တာပဲ...ဝါးးးးး၊ သမီးဒီအရုပ်ကိုအကြိုက်ဆုံးပဲ..."


ကလေးမလေးကဒီလိုရုပ်ဆိုးဆိုးအရုပ်ကို ဘာလို့ကြိုက်နေမှန်းချူချန်အန်းနားမလည်နိုင်ဖြစ်သွားမိသည်။


သူပြောလိုက်သည်။ "မင်းကြိုက်ရင်ပြီးရော။"


ကျောင်းကျောင်းကချူချန်အန်းကိုပွေ့ဖက်လာပြီး သူမ၏သွေးရောင်မျက်ဝန်းများက သူ့ကိုတည့်တည့်စိုက်ကြည့်နေလေသည်။

"ကိုကိုချန်အန်း၊ မနက်ဖြန်ညကျရင်လဲ မီးကိုအရုပ်တစ်ရုပ်ထပ်လုပ်ပေးမှာလား။"


ချူချန်အန်း: "....."


အဲ့လိုနှင့်ခဏလောက်တော့ ချူချန်အန်းကသူမအတွက် ညတိုင်းနီးပါးရုပ်ဆိုးဆိုးအရုပ်တစ်ရုပ်လုပ်ပေးခဲ့ရသည်။


ချူချန်အန်းမှတ်ဉာဏ်ထဲကရုန်းထွက်ပြီး ကုလားထိုင်မှာမှီထိုင်ကာ အတွေးထဲနစ်သွားသည်။


မနေ့ညကကျောင်းကျောင်းကသူ့ကိုထိခိုက်အောင်မလုပ်သွားတာမို့ သူမကသူ့ကိုမှတ်မိသွားတာဖြစ်ဖို့များသည်။


ပြီးတော့ကျောင်းကျောင်းကရွှီမော့ရှူးကိုသိတယ်။ သူကချန်အန်းပါလို့ ကျောင်းကျောင်းကရွှီမော့ရှူးကို ပြောလိုက်ရင်ဘယ်လိုလုပ်မလဲ။ သူကအလဟာသပြန်ရှင်လာသလိုမဖြစ်သွားဘူးလား...?


ချူချန်အန်းစိုးရိမ်တကြီးတွေးလိုက်မိစဥ် စားပွဲထောင့်နှင့်သိပ်မဝေးသောနေရာကအမှိုက်ပုံးက လှုပ်စပြုလာသည်။


ဒီရင်းနှီးသောအသံကိုကြားလိုက်ရတော့ ချူချန်အန်းတွန့်ဆုတ်စွာဖြင့် ခပ်ဖြေးဖြေးလှည့်ကြည့်လိုက်သည်။


သူကလေးမ​လေး၏ကျီစယ်သောရယ်သံကိုကြားလိုက်ရသည်။


အလွန်ရုပ်ဆိုးသောအရုပ်က ချူချန်အန်း၏စားပွဲပေါ်ရုတ်တရက်ပြုတ်ကျလာသည်။


ကလေးမလေး၏တက်ကြွသောအသံက အခန်းထဲမှာပဲ့တင်ထပ်လာသည်။

"ကိုကိုချန်အန်းပြန်လာပြီဝေ့! မီးစောင့်နေတာအရမ်းကြာပြီသိလား!"


"ကိုကိုပြန်လာပြီလို့ ကိုကိုရွှီကိုသွားပြောလိုက်တော့မယ်။ ဟီးဟီး။"


ချူချန်အန်းရှက်သွားကာပြန်ဖြေလိုက်သည်။ "ပြန်လာခဲ့!"


---