အခန်( ၁ )ကိုယ်ပိုင်နေရာလွတ်(၁)
Viewers 38k

အခန်း(၁) - ကိုယ်ပိုင်နေရာလွတ် (၁)


“အမေ သားဗိုက်ဆာတယ်”


တိုက်ခန်းတစ်ခုတွင် လင်းချင်းဟယ်သည် သူမအိပ်စက်ရာကနေ မိန်းမောတွေဝေစွာ နိုးထလာခဲ့သည်။ ခဏအကြာတွင် သူမ သက်ပြင်းသိသိသာသာချလိုက်မိသည်။


သူမ ကုတင်ဘေးကဖုန်းကို ကောက်ကိုင်ပြီး အချိန်ကို စစ်ကြည့်လိုက်သည်။ နံနက် ၅နာရီခွဲခန့်သာရှိသေးပြီး လူနာပြက္ခဒိန်အရ မေလဖြစ်သည်။ ဒီအချိန်မှာ အပြင်ဖက်ကောင်းကင်ယံမှာ လင်းချင်းနေပြီ။


လင်းချင်းဟယ်သည် သူမဖုန်းကို တိတ်ဆိတ်စွာ ပြန်ချထားလိုက်ပြီးနောက် မှော်ဆန်သည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဘယ်နေရာကမှန်းမသိပဲ သူမလက်ထဲ ရေတစ်ခွက် ရောက်ရှိလာသည်။


လင်းချယ်ဟယ်သည် ထိုခွက်ထဲက ရေနွေးပူကို စစ်ကြည့်လိုက်တော့ မနေ့ညက သူထည့်ထားသလိုပဲ ပူနွေးနေဆဲပင်။


သူမမျက်လုံးများထဲတွင် ဒီအဖြစ်အပျက်ကို လက်ခံလိုက်ရင်း လင်းချင်းဟယ်သည် မတုံ့ဆိုင်းနေတော့ပဲ ရေချိုးရန် အိပ်ရာထလိုက်သည်။


သူမသည် သာမာန်ရုံးဝန်ထမ်းတစ်ဦးသာဖြစ်ပြီး အလုပ်ကြိုးစားသည်။ လက်ရှိအချိန်တွင် သူမသည် အရောင်းမန်နေဂျာတစ်ယောက်ဖြစ်နေပြီ။ သူမသည် သာမာန်လူတစ်ဦးသာဖြစ်သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှသည် သာမာန်မဟုတ်ပေ။


သူမသွားတိုက်နေရင်း မှန်ထဲကိုကြည့်မိလိုက်တော့ သူမမျက်ဝန်းအိမ်အောက်က အမည်းရောင်အကွင်းတွေကို တွေ့လိုက်ရတော့ လင်းချင်းဟယ်သည် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ သူမနှလုံးသားထဲမှာ ရှုပ်ထွေးနေဆဲဖြစ်ပေမယ့် မိတ်ကပ်ပြင်ဆင်ဖို့ သူမ မမေ့ခဲ့ပါဘူး။


ဒီအကြောင်းကိုပြောပြရရင် ဘယ်သူမှယုံမှာ မဟုတ်ဘူး။ သုံးညဆက်တိုက် သူမကို အမေလို့ခေါ်ပြီး ဖမ်းဆုပ်ထားကာ အစားအစာတောင်းနေသော ကလေးတစ်ယောက်ကို မြင်မက်မိသည်။ ထိုအိမ်မက်သည် အစစ်အမှန်တစ်ခုလို့ ခံစားရပြီး တုံးအလှသောသူမအား ကြောက်လန့်လုနီးပါး ဖြစ်သွားမိသည်။


ပထမတော့ သူမသည် မကြာသေးမီက အချိန်ပိုအလုပ်ဆင်းတာများသွားသောကြောင့် ပင်ပန်းလွန်းပြီး ထင်ယောင်ထင်မှားဖြစ်သည်ဟု ထင်သောကြောင့် သူမ ဂရုမစိုက်ခဲ့ပေ။


ဒါပေမယ့် ဒုတိယညမှာလည်း တူညီတဲ့အိမ်မက်တစ်ခုကိုပဲ ဆက်မက်ခဲ့ပါသည်။ ထိုအိမ်မက်နှင့်အတူ စတုရန်းဆယ်မီတာခန့်ရှိသော နေရာလပ်နယ်မြေတစ်ခု သူမခန္ဓာကိုယ်ထဲတွင် ပေါ်လာသည်။ ၎င်းသည် သူမ၏လုံးချင်းတိုက်ခန်းနှင့် အရွယ်အစား တူညီသည်။


ဒါက သူမကို ကြောက်လန့်စေခဲ့သည်။


ဒါပေမယ့် သူမမှာ ဝတ္ထုဇာတ်လမ်းတွေကို ဖတ်ရှုတဲ့ အလေ့အထကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူမရဲ့လက်ခံနိုင်စွိမ်းက အတော်လေး အားကောင်းခဲ့သည်။ ဟုတ်ပါတယ်။ ဒါက သူမရဲ့ ခိုင်မာလှတဲ့ဇွဲနပဲနဲ့လည်း သက်ဆိုင်ပါသည်။


အတိုချုပ်ပြောရရင် သူမ မြန်မြန်လက်ခံလိုက်နိုင်သည်။


သူမ၏ခန္ဓာကိုယ်ပေါ်ရှိ နေရာလပ်နယ်မြေသည် သူမ၏လက်ဖဝါးတွင်ရှိသည်။ တွေးရုံဖြင့်ပင် ထိုအရာကိုမြင်နိုင်သည်။ ထိုနေရာသည် သိုလှောင်သေတ္တာတစ်ခုလိုပင်ဖြစ်သည်။ မနေ့ညက သူမဟာ စမ်းသပ်မှုတစ်ခုအနေဖြင့် ရေနွေးတစ်ခွက်ကို နေရာလပ်ထဲသို့ထည့်ထားခဲ့ပြီး မနက်ခင်းက သူမထုတ်ယူလိုက်တဲ့ ထိုခွက်နဲ့အတူတူပါပဲ။ သူမထည့်ထားခဲ့သောအပူချိန်အတိုင်းပင် လုံးဝမပြောင်းလဲပါ။


ဤနေရာတွင် အချိန်စီးဆင်းမှုမရှိကြောင်း သက်သေပြရန် လုံလောက်ပါသည်။ အထဲကို ထည့်ထားလိုက်တဲ့ အခြေအနေနဲ့ အပြင်ကို ပြန်ထုတ်ယူလိုက်တဲ့ အခြေအနေက အတူတူပါပဲ။


အခုလေးတင်ပဲ သူမကို အမေလို့ခေါ်ပြီးတော့ ဗိုက်ဆာတယ်လို့ ထပ်ပြောပြန်တဲ့ ကလေးလေးကို အိမ်မက်ထဲမှာ ပြန်တွေ့သည်။ ပြီးတော့ သူမ အိပ်ရာမှနိုးလာသည်။


ဒါပေမယ့် ဒီတစ်ကြိမ်မှာတေ့ာ သူမ မတုံ့ဆိုင်းနေတော့ဘူး။ သူမရဲ့မသိစိတ်ထဲကနေ တစ်ခုခု ထူးဆန်းသည့်အရာ ဖြစ်ပွားလာလိမ့်မယ်လို့ သတိပေးနေသောကြောင့် ပြင်ဆင်မှုအချို့ကို ပြုလုပ်ရတော့သည်။


သူမအိမ်မက်ထဲတွင် မြင်မက်ရသောနေရာဟာ အလွန်တရာ ဆင်းရဲစုတ်ချာလှပြီး ကမ္ဘာပျက်သည့်ပမာဖြစ်နေသောကြောင့် သူမ စူးစမ်းလေ့လာကြည့်မိသည်။ ထိုနေရာတွင် စားနပ်ရိက္ခာများ အရမ်းရှားပါးသည်။ သူမမြင်လိုက်ရသောမျက်နှာများသည် အလွန်မသဲကွဲလှသော်လည်း ခြွင်းချက်မရှိ သူတို့ခန္ဓာကိုယ်များဟာ ပိန်လှီနေပြီးတော့ အာဟာရမပြည့်ဝမှုကြောင့် သူတို့မျက်နှာများဟာ အဝါရောင်သန်းနေသည်။


သူမ၏ငယ်စဥ်ဘဝတုန်းကလည်း မလွယ်ကူခဲ့ပေ။ သို့သော် သူမအိမ်မက်ထဲမှာ မြင်တွေ့ရသည့် ပတ်ဝန်းကျင်နှင့်နှိုင်းယှဥ်ပါက တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုကာလအစပိုင်းတွင် ကြီးပြင်းလာသည့် သူမဘဝသည် အစားအသောက်များနှင့် အဝတ်အစားများက ပြဿနာတစ်ရပ် မဟုတ်ပေ။ သူမအိမ်မက်ထဲလို လူနေမှုပတ်ဝန်းကျင်မျိုးဆိုတာကို စိတ်ကူးကြည့်ဖို့ မဖြစ်နိုင်ပါဘူး။


သူမသည် ဝတ္ထုဇာတ်လမ်းတွေ ဖတ်ရှုခဲ့တာက အချည်းနှီးတော့ မဖြစ်ခဲ့ပါလေ။ ယခုအချိန်တွင် သူမမှာ နေရာလပ်နယ်မြေတစ်ခု ရှိနေပြီဖြစ်သည်။ သူမ တခြားဘာကိုမှကြိုတင်မပြင်ဆင်ထားခဲ့ရင် ထိုပျက်စီးယိုယွင်းနေတဲ့ခေတ်ကို မတော်တဆပြောင်းရွှေ့သွားရင် ငတ်သေသွားလိမ့်မယ်လို့ သူမ ထင်သည်။


ခဏကြာတော့ လင်းချင်းဟယ်က ရေမိုးချိုးပြင်ဆင်ပြီးဖြစ်သည်။ သူမသည် ဘောပင်နှင့် စာရွက်ကိုထုတ်ကာ ဝယ်ယူရန်လိုအပ်သည့်ပစ္စည်းများကို စတင်စာရင်းပြုစုသည်။ အခြေခံမီးဖိုချောင်သုံးပစ္စည်း ၇မျိုး (ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ လက်ဖက်ခြောက်) တို့တွင် ထင်းနှင့် လက်ဖက်ခြောက်မှလွဲ၍ ကျန်တာအားလုံးကို ဝယ်ယူပြင်ဆင်ထားရမည်။


အဲ့ဒီအထဲမှာ ဆန်နဲ့ဆီက ထိပ်တန်းဦးစားပေးဖြစ်သည်။


လင်းချင်းဟယ်သည် ထင်းနှင့် လက်ဖက်ခြောက်နေရာတွင် သကြားညိုနှင့် သကြားခဲတို့ကို အစားထိုးလိုက်သည်။ သကြားဖြူက မလိုအပ်ပါ။ ထိုနေရာတွင် သကြားခဲတို့ကို အစားထိုးဖို့ လုံလောက်တယ်။ ကြက်ဥများကိုပါ ဝယ်ယူရန် စာရင်းထဲထည့်မှတ်လိုက်သည်။


အိမ်မက်ထဲကနေရာမျိုးမှာ ကြက်ဥလိုအရာမျိုးက ပိုင်ဆိုင်မှုငွေကြေးဥစ္စာလို အဖိုးတန်သည်။


ကြက်ဥအပြင် အသားများလည်း ပါဝင်သည်။ ဘယ်လိုအသားကိုပဲဖြစ်ဖြစ် သူမ အချို့ကိုတော့ ဝယ်ယူထားရန်လိုအပ်သည်။


ထို့အပြင် အရေးပေါ်အခြေအနေများအတွက် ဆေးဝါးများ၊ အအေးမိပျောက်ဆေးများ၊ ဖောရောင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့အတွက် ပြင်ဆင်ဝယ်ယူထားရန် လိုအပ်သည်။ ပြီးတော့ အကိုက်အခဲအမျိုးမျိုးနှင့် ဒဏ်ရာများအတွက်လည်း ဆေးအဆီနှင့်လိမ်းဆေးဆီများ ဝယ်ယူဖို့လိုအပ်သည်။


ထိုအရာများကို ဝယ်ယူရာတွင် သေတ္တာတစ်နေရာစာသာလိုအပ်ပြီးတော့ နေရာအများကြီးယူမှာမဟုတ်ပါ။


လိုအပ်တာများကိုရေးမှတ်ပြီးတဲ့အခါမှာ လင်းချင်းဟယ်က စားနပ်ရိက္ခာများ လုံလောက်လုနီးပါးဖြစ်နေပြီလို့ ခံစားလိုက်ရသည်။


နောက်တော့မှ ကျန်တာတွေကို ဖြည့်ရေးရမယ်။ အဲ့ဒီမှာ အေးသလားဆိုတာကိုမသိပေမယ့် အနွေးထည်တွေကို ပြင်ဆင်ထားရမယ်။ မွေ့ယာတွေကိုလည်း ပြင်ဆင်ထားရမယ်။ အိမ်မက်ထဲတွင် သူမမြင်လိုက်ရသောနေရာသည် အရောင်စုံမဟုတ်ပဲ မီးခိုရောင်နှင့် အဖြူရောင်များကိုသာ မြင်မက်တာဖြစ်သည်။ အရောင်လုံးဝမပါရှိပေ။


ဒါတွေကိုတွေးပြီးနောက် သူမမှာ အကောင်းမြင်စိတ်ရှိနေသေးပေမယ့် သက်ပြင်းမောကို မှုတ်ထုတ်လိုက်သည်။


နောက်ထပ် လိုအပ်မည့်ပစ္စည်းများကို ထပ်ထည့်လိုက်သည်။ သူမကိုယ်ပိုင်ပစ္စည်းအချို့ကိုလည်း ထပ်ထည့်လိုက်ပြန်သည်။ ကုန်ပစ္စည်းများက အရေးကြီးသော်လည်း သူမတစ်ကိုယ်ရေသုံး အမျိုးသမီးပစ္စည်းအချို့ဝယ်ယူပြီး ထည့်သွင်းရန် နေရာသီးသန့်ချန်ထားလိုခဲ့သည်။


ကုန်ပစ္စည်းများစွာကို ချရေးထားသည်မှာ စာမျက်နှာအနည်းငယ်ခန့်ရှိသည်။ သူမမှာ ဝယ်ယူရန် ဘာမှမကျန်တော့ကြောင်း သေချာအောင် အပြန်ပြန်အလှန်လှန် စစ်ကြည့်ပြီးနောက် သက်ပြင်းချမိသည်။


ထို့နောက် သူမ၏စုဆောင်းငွေကို စတင်ရေတွက်ကြည့်လိုက်သည်။


အကြိမ်အနည်းငယ်ခန့်ရေတွက်ပြီးနောက် သူမ၏စုဆောင်းငွေမှာ ယွမ်ငါးသောင်းသာ ရှိသည်။


ဘွဲ့ရပြီး နှစ်အနည်းငယ်ကြာမှ ဌာနတစ်ခု၏မန်နေဂျာဖြစ်ခဲ့သော သူမအတွက် ဤစုဆောင်းငွေမှာ တော်တ်ောလေးနည်းပါးလှသည်။ ဒါပေမယ့် နေ့ရက်တိုင်းမှာ သူမရဲ့အသုံးစရိတ်က မနည်းတဲ့အတွက် အခြားနည်းလမ်းမရှိခဲ့ပါဘူး။


အလှကုန်ပစ္စည်းဆိုတာ မရှိမဖြစ်ပစ္စည်းတစ်မျိုးပါပဲ။ မကြာခဏဆိုသလို သူမ၏သူငယ်ချင်းများနှင့် ‌စျေးဝယ်ထွက်တာက ပိုက်ဆံမကုန်ပဲနေမှာလဲ။


လက်ရှိသူမထံမှ အတိတ်မှအရိပ်ကို ရှာမတွေ့နိုင်တော့ပါ။


သူမသည် မိဘများက စွန့်ပစ်ထားခဲ့သော မိဘမဲ့မိန်းကလေးတစ်ဦးဖြစ်သည်။ ငယ်ငယ်ကတည်းက ကျေးလက်ဒေသမှာ အဖွားဖြစ်သူနဲ့ ကြီးပြင်းခဲ့သည်။ ဒုတိယနှစ်ကောလိပ်ကျောင်းသူဘဝမှာ အဖွားဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ထိုအချိန်မှစ၍ ကောလိပ်မှဘွဲ့ရသည်အထိ အလုပ်ရှာခဲ့ရသည်။


ဘဝကမလွယ်ကူပေမယ့် သူမ ရှင်သန်နိုင်ခဲ့သည်။ ယခု သူမသည် အလွန်ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့သည်။


မူလက သူမသည် ကိုယ်ပိုင်အိမ်ဝယ်ယူရန် ပိုက်ဆံစု‌ဆောင်းကာ ကုန်ကျစရိတ်အချို့ကို ချွေတာပြီး လရောင်ဖြူအဖွဲ့တွင် မပါဝင်‌တော့ရန် ကြိုးစားခဲ့သည်။


သူမလက်ထဲတွင် ငွေသား ယွမ်နှစ်ထောင်ကျော်နှင့် ကတ်ထဲတွင် ယွမ်ငါးသောင်းကျော် စုစုပေါင်း ယွမ်ငါးသောင်းနှစ်ထောင်ကျော် ရှိနေသေးသည်။


တည့်တည့်ပြောရရင် သူမဟာ အွန်လိုင်းပေါ်မှာ မီနီဘတ်စ်တစ်စီးကို ငှားရမ်းခဲ့သည်။


ကောလိပ်ကျောင်းစတတ်ပြီး အလုပ်စလုပ်ကတည်းက ယာဥ်မောင်းလိုင်စင် ရခဲ့တယ်။ အဲ့ဒီတုန်းကတော့ ကားမောင်းသမားတစ်ယောက်အနေနဲ့ ဝင်ငွေနည်းနည်းရှာချင်ခဲ့သည်။ နောက်ပိုင်းမှာ ပိုက်ဆံနည်းနည်းလေးရပြီးတော့ အခက်အခဲတွေ အများကြီးရှိတာကို မကြိုက်နှစ်သက်သည့်အတွက် သူမ ဆက်မမောင်းတော့ပေ။


မီနီဘတ်စ်ကို အငှားချထားမယ့်သူကတော့ လူငယ်လေးတစ်ယောက်ပါပဲ။ သူ့မွေးရပ်မြေကို ရက်အနည်းငယ်ပြန်သွားချင်တာကြောင့် ငှားဖို့စီစဥ်ခဲ့တာပါ။ မူလက ဒါကို ငှားရမ်းလိုကြောင်းသာ တင်ထားရုံသာတင်ထားခဲ့ပြီး တစ်စုံတစ်ဦးက အမှန်တကယ် ငှားရမ်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


လင်းချင်ဟယ်က သူ့ကို ဆက်သွယ်ပြီး အရေးတကြီး လိုအပ်နေကြောင်း ကြားသိရပြီးနောက် ထိုကားလေးကို မောင်းထုတ်လာခဲ့သည်။ ငှားရမ်းသည့်နေရာက သိပ်မဝေးတော့ နောက်ဆယ်မိနစ်လောက်အကြာမှာပဲ လင်းချင်းဟယ်၏အိမ်အောက်သို့ ရောက်လာခဲ့သည်။


လင်းချင်းဟယ်သည် ငှားရမ်းခစပေါ်ငွေကို အွန်လိုင်းမှပေးချေပြီးသောကြောင့် ထပ်မံပေးဆောင်ရန် မလိုအပ်တော့ပါ။ သူမ မီနီဘတ်စ်ကားကို မမောင်းတော့တာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အလွန်ချောမွေ့စွာ မောင်းဖို့ သိပ်မကြိုးစားလိုက်ရပေ။


မီနီဘတ်စ်သည် အနည်းငယ်ဟောင်းနွမ်းသော်လည်း ထိုင်ခုံတန်းနောက်တွင် နောက်ထပ်ထိုင်ခုံတန်းတစ်ခုသာရှိကာ ကုန်ပစ္စည်းများကို သယ်ယူနိုင်သည့် မီနီဘတ်စ်ဖြစ်လာရန် နောက်ဆုံးခုံတန်းကို ဖျက်သိမ်းလိုက်ရသည်။ လင်းချင်းဟယ်သည် အလွန်ကျေနပ်အားရသွားသည်။


သူမနဲ့ ကတောက်ကဆဖြစ်တဲ့ ယာဥ်ပိုင်ရှင်လူငယ်က သူမအိတ်ကိုသယ်ပြီး လမ်းပေါ်သို့ လွှတ်ပစ်လိုက်သည်။


သူမ မနက်စာမစားရသေးတာမို့ ရန်မဖြစ်ခင် မနက်စာအရင်စားလိုက်တာက ပိုကောင်းလိမ့်မယ်။


ဒီမနက်စာဆိုင်က သူမနေထိုင်တဲ့ တိုက်ခန်းကနေ ဆယ်မိနစ်လောက် ကားမောင်းရသည်။ ခရီးက တိုတောင်းသည်။ လင်းချင်းဟယ်သည် သူမက အစားကောင်းကြိုက်သူတစ်ဦးဖြစ်ကြောင်း သတိပြုမိသည်။ ဒါပေမယ့် ဒီနေရာက အလုပ်သွားရာလမ်းမှာ မရှိသောကြောင့် ဒီနေရာကို မကြာခဏ မရောက်နိုင်ပါဘူး။