အခန်း(၂) ကိုယ်ပိုင်နေရာလွတ်(၂)
Viewers 43k

အခန်း(၂) - ကိုယ်ပိုင်နေရာလွတ် (၂)


တခြားမနက်စာဆိုင်များက မဖွင့်သေးပေမယ့် ဒီမနက်စာဆိုင်က မနက် ၆နာရီ ၁၅မိနစ်မှာ စဖွင့်သည်။ ဒီဆိုင်ကနေ မုန့်တွေဝယ်ပြီး လမ်းသန့်ရှင်းရေးသမားများသည် စားသောက်ပြီးနောက် လုပ်ငန်းခွင်ဝင်နေကြပြီ။


“အန်တီ ကျွန်မကို ဘန်းကိတ်တစ်ခုနဲ့ ပဲနို့တစ်ခွက်ပေးပါ။ မုန့်ဖိုးက သုံးယွမ်ပဲမလား။” ဟု လင်းချင်းဟယ်က ပြောသည်။


မနက်စာဆိုင်ရှင်အန်တီက သူမအမေးကို ပြန်ဖြေပြီးနောက် မကြာခင်မှာပဲ သူမဆီကို မုန့်လာချပေးသည်။


ပဲနို့တစ်ခွက်နဲ့ ပူပူနွေးနွေးဘန်းကိတ်တစ်ခု


လင်းချင်းဟယ်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က အမှတ်တမဲ့ ဒီဆိုင်ကိုရောက်လာခဲ့ပြီး မနက်စာစားဖို့ နောက်ထပ်တစ်ခေါက် ဒီဆိုင်ကို ထပ်လာခဲ့သည်။


ဆိုင်ရှင်အန်တီက ဒေသခံဖြစ်တယ်။ သူမမိသားစုက အဆောက်အဦးသုံးလုံး အငှားချထားသည်။ လက်ရှိအိမ်ခြံမြေပေါက်စျေးအရ သူမရဲ့လုံးချင်းတိုက်ခန်းကဲ့သို့ တိုက်ခန်းမျိုးဆို အိမ်အသုံးစရိတ်မပါဝင်ပဲ ငှားခအသားတင် တစ်လလျှင် ယွမ်တစ်ထောင်ခန့် ကုန်ကျမည်ဖြစ်သည်။


စျေးသက်သာတဲ့တိုက်ခန်းမျိုးဆိုလျှင်ပင် တစ်လလျှင် ယွမ်ခြောက်ရာ ခုနစ်ရာခန့် ကုန်ကျသည်။ ပြီးတော့ အဆောက်အဦးသုံးလုံးကနေ လတိုင်းငှားခတွေကောက်ခံ၍ရသည်အဓိပ္ပာယ်က ဒီလိုမိသားစုမျိုးက ဘာမှမလုပ်ပဲထိုင်စားရင်တောင် အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူမလိုပါဘူး။


ဒါပေမယ့် ထိုအန်တီကြီးရဲ့မိသားစုကတော့ ထိုင်မနေနိုင်ကြပါဘူး။ သားကြီးနှင့် ချွေးမတို့နှင့်အတူ နံနက်စာဆိုင်ဖွင့်ထားသော ဇနီးမောင်နှံနှစ်ဦးသည် စီးပွားရေးအရ အလွန်အဆင်ပြေသည်။


မနက်စာဆိုင်က သန့်ရှင်းသပ်ရပ်ရုံသာမကပဲ အရသာလည်း အလွန်ကောင်းမွန်လှသည်။


သူမစားနေတဲ့ ပေါက်စီလေးလိုပဲ တစ်ခုစားရုံဖြင့် သူမရဲ့သေးငယ်တဲ့အစာအိမ်ကို ပြည့်အင့်သွားစေဖို့ လုံလောက်ပါသည်။


ပေါက်စီတစ်ခုလျှင် သုံးယွမ်သာကုန်ကျသော်လည်း အသား၊ ဥများနှင့် ဂေါ်ဖီထုပ်တို့ ပါဝင်ပါသည်။ ထိုပေါက်စီသည် အလွန်အရသာရှိပြီး ပါဝင်ပစ္စည်းအများအပြားပါဝင်သည်။


ပြီးတော့ ဒီပေါက်စီကြောင့် သူမ ဒီကိုတောက်လျှောက်မောင်းလာခဲ့တာဖြစ်သည်။


လင်းချင်းဟယ်သည် ထိုအကြောင်းကို နားမလည်နိုင်သေးပဲ သံသယဝင်နေသေးသည်။ ကိုယ်ပိုင်နေရာလွတ်ပေါ်ပေါက်လာပြီးနောက် သူမ အခြားနေရာတစ်ခုသို့ ကူးပြောင်းသွားသည်မှာ အမှန်တကယ် ဖြစ်လာနိုင်မည်လား။


နှစ်ရက်ကြာအောင်တုံ့ဆိုင်းသွားပြီးနောက် ယနေ့ တတိယမြောက်နေ့တွင် သူမ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒီဆုံးဖြတ်ချက်က သူမကို အရေးတကြီးခံစားရစေသည်။ သူမ အဆင်သင့်မဖြစ်မီ ဆင်းရဲနွမ်းပါးသောနေရာဒေသတစ်ခုသို့ ကူးပြောင်းသွားခဲ့မည်ကို သူမကြောက်ရွံ့ခဲ့သည်။


ပြီးတော့ ထိုနေရာမှာ ဟင်းချက်စရာရှိမရှိကိုလည်း သူမ မသိနိုင်ဘူး။ ဒီကြီးမားပြီးအရသာရှိတဲ့ပေါက်စီက တကယ်ကို သင့်တော်ပါသည်။


“အန်တီ ပေါက်စီဘယ်နှခုရှိလဲ။ အန်တီက အရမ်းကျွမ်းကျင်တာပဲ။ ဒါက အရမ်းမွှေးကြိုင်နေတာပဲ။ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝယ်သွားချင်တယ်။” လင်းချင်းဟယ်သည် သူမပါးစပ်ကို တစ်ရှူးစက္ကူဖြင့်သုတ်ရင်း အန်တီကြီးကို ပြောလိုက်သည်။


အန်တီကြီးက ရယ်မောလိုက်သည်။ “အကယ်၍ မင်းများများဝယ်မယ်ဆိုရင်တောင် ငါ စျေးလျော့ပေးလို့တော့မရဘူးနော်။ ငါတို့ရတဲ့အမြတ်က သိပ်မများဘူး။”


ဒီစီးပွားရေးလုပ်ငန်းက တကယ်ကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် အထွေထွေစတိုးဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များထံမှ အမှာစာတွေ အများကြီးရှိပေမယ့် စျေးမလျှော့ပေးပဲ ကျသင့်ငွေအတူတူပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဆိုင်က ဘယ်လောက်ပဲဝယ်ဝယ် အရသာနှင့်ပါဝင်ပစ္စည်းများတူညီသောကြောင့် ဒီဆိုင်က မုန့်တွေအကုန်ရောင်းလို့ကုန်တယ်။


လင်းချင်းဟယ်ကဲ့သို့ ဖောက်သည်ကြီးများ ပြတ်လပ်မှုမရှိပါ။


“အန်တီ မင်းမှာ ဘယ်လောက်ကျန်သေးလဲ။ ကျွန်မအတွက် အကုန်ထုပ်ပေးပါ။ ကျွန်မ ဒီကိုကားမောင်းလာတာဆိုတော့ နောက်ထိုင်ခုံမှာ ထားလို့ရတယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ “ဒါပေမယ့် အန်တီ ကျွန်မကို ပိုသက်သာတဲ့စျေးနဲ့ပေးရမယ်နော်။ ကျွန်မ အန်တီတို့မိသားစုရဲ့အချိန်တွေကို အများကြီးသက်သာသွားစေခဲ့တာပဲ။”


အန်တီကြီးက လင်းချင်းဟယ် နောက်ပြောင်ပြောဆိုနေတာ မဟုတ်ဘူးဆိုတာကို မြင်လိုက်ရတော့ “အဲ့တာဆို ဘယ်လောက်ကျန်နေသေးလဲဆိုတာကို ကြည့်လိုက်ဦးမယ်။” လို့ ပြောလိုက်သည်။ 


သူမသည် ပေါက်စီလက်ကျန်ကို တစ်ချက်စစ်ကြည့်ပြီး မကြာခင်ပြန်ထွက်လာကာ “ဒီနေ့ ငါ အများကြီးလုပ်ထားမိတယ်။ အခုသုံးရာရှိတယ်။ မင်း ဘယ်လောက်လိုချင်လဲ။” လို့ မေးလိုက်သည်။


“သုံးရာပဲရှိတာလား။” လို့ လင်းချင်းဟယ်က မမေးပဲမနေနိုင်စွာ မေးလိုက်မိသည်။


“အိုး... ကလေးမလေး မင်းကြည့်ရတာ အသက်လည်းအရမ်းကြီးသေးတဲ့ပုံမပေါ်ဘူး။ မင်းအသံနားထောင်ကြည့်ရတာလည်း ငယ်သေးတဲ့ပုံပဲ။ အခုသုံးရာက မနည်းဘူး။ အနည်းဆုံးတော့ ငါတို့ပေါက်စီသုံးခုလောက်စားရင် ဗိုက်ပြည့်ဖို့လုံလောက်တယ်။”လို့ အန်တီကပြောလိုက်သည်။


“ကျွန်မတို့လုပ်ငန်းခွင်မှာ လူတွေအများကြီးရှိတယ်။ သူတို့အားလုံးက ယောကျာ်းကြီးတွေပဲ။ သူတို့ရဲ့စားချင်စိတ်က ကျွန်မတို့နဲ့ယှဥ်လို့မရဘူး။ ဒါက အရသာကောင်းတယ်။ လူတစ်ယောက်က အနည်းဆုံးနှစ်ခု သုံးခုလောက်တော့ စားကြလိမ့်မယ်။ အခုသုံးရာက မုန့်ဝေပေးဖို့ မလုံလောက်ဘူး။” ဟု လင်းချင်းဟယ်က အပြုံးလေးတစ်ပွင့်ဖြင့်‌ပြောလိုက်သည်။


“မင်းတို့ဌာနမှာ လူတွေအများကြီးရှိတာလား။” အန်တီကြီးသည် အေးခဲသွားပြီး သူမကို သံသယအကြည့်နဲ့ကြည့်လိုက်သည်။


လူတစ်ဦးလျှင် ပေါက်စီသုံးခုစီဝေပေးရင်တောင်မှ အခုသုံးရာက လုံလောက်ပေသည်။


လင်းချင်းဟယ်က ရယ်မောလိုက်သည်။ “ကျွန်မတို့ဌာနတစ်ခုတည်းက အဲ့လောက်အများကြီး မလိုအပ်ပါဘူး။ ကျွန်မတို့ဌာနဘေးမှာလည်း အခြားဌာနတစ်ခုရှိသေးတယ်လေ။ ဒါပေမယ့် အခုရှိတဲ့ပေါက်စီသုံးရာကိုပဲ ကျွန်မအရင်ယူလိုက်မယ်။ ဘာနဲ့ထည့်သင့်တယ်လို့ အန်တီထင်လဲ။ သူတို့ ဒါကိုကြိုက်လားဆိုတာသိရအောင် အခုရှိသလောက်ကိုပဲ အရင်ယူသွားလိုက်မယ်။ သူတို့တွေ ဒါကိုစားပြီးရင်း ဒီနေ့အချိန်ပိုမှာ အလုပ်ကြိုးစားကြလိမ့်မယ်လို့ ကျွန်မထင်တယ်။ အချိန်ပိုဆင်းရတာများတော့ လုပ်ငန်းခွင်ကနေ အဆာပြေမုန့်တွေအမြဲမှာနေရတာ။”


“မင်းလုပ်ငန်းခွင် ဘယ်နေရာမှာလဲ။ ဒါတွေကိုကိုင်တယ်ဖြေရှင်းဖို့ ဟင်းချက်ပေးတဲ့ မိန်းကလေးတစ်ယောက်လိုနေတယ်။” အန်တီက သူမကို လှည့်စားနေတာမဟုတ်ဘူးဆိုတာကိုမြင်တော့ အစာပြေမုန့်များကိုထုပ်ပိုးဖို့ ဖော့ဗူးတစ်ခုကိုပြင်ဆင်ရင်း ပြောလိုက်သည်။ 


ထိုဖော့ဗူးဟာ ငယ်ငယ်တုန်းက ရေခဲချောင်းလှည့်ပတ်ရောင်းတဲ့ဖော့ဗူးနဲ့ ခပ်ဆင်ဆင်တူတယ်။


“ဒီပုံးကိုအသုံးပြုရင်ရော ဘယ်လိုလဲ” ဟု အန်တီက ပြောလိုက်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များက မုန့်များကို မှာယူလေ့ရှိသောကြောင့် မနက်စာဆိုင်တွင် ထုပ်ပိုးရန်အတွက် အထူးသီးသန့်ပြုလုပ်ထားရသော ဒီလိုပုံးများကို ထားရှိထားရသည်။


“ကောင်းပြီ” လင်းချင်းဟယ်သည် ထိုပုံးသည် အလွန်သန့်သန့်ပြန့်ပြန့်ဖြစ်နေတာကိုမြင်ပြီး ခေါင်းညိတ်လိုက်ကာ သူမ၏နောက်ဆုံးမေးခွန်းကို ပြန်ဖြေလိုက်သည်။ “ဒါက ကျွန်မအတွက် သိပ်မပင်ပန်းပါဘူး။ ကျွန်မရဲ့ယောင်းမက အစားအသောက်အတွက် တာဝန်အနည်းငယ်ယူပေးပေမယ့် သူက အအေးမိနေလို့ ကျွန်မ ကူညီပေးဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူးလေ။ အန်တီရဲ့ပေါက်စီက အရသာလည်းကောင်းတယ်၊ သန့်လည်းသန့်တယ်။ ဒီဒေသမှာ နာမည်ကြီးတယ်၊ လူတိုင်းကြိုက်မှာ သေချာတယ်။ ကျွန်မယောင်းမလည်း အနားယူနိုင်တာပေါ့။”


ဤစကားများသည် ကယ်ပေါက်များပြည့်နှက်နေသော်လည်း လင်းချင်းဟယ်၏ အရောင်စုံအမှိုက်စကားများအောက်တွင် အန်တီကြီးက သိပ်ဂရုမစိုက်ခဲ့ပေ။


ပထမဦးစွာ သူမအတွက် ဖော့ပုံးသုံးပုံးကိုထုပ်ပိုးထားပြီး အချို့မှာ မကြော်ရသေးသောကြောင့် အန်တီကြီးက လင်းချင်းဟယ်ကို ထိုင်စောင့်ခိုင်းသည်။ လင်းချင်းဟယ်က ဖော့ပုံးသုံးပုံးကို အရင်ယူသွားမှာဖြစ်ပြီး အန်တီကြီးကိုဆက်လက် ပေါင်းထားဖို့ပြောပြီး ဖော့ပုံးထဲကဗူးတွေကို သူမအလုပ်ခွင်ကို အရင်သွားပို့ပြီးနောက် ပြန်လာယူမှာဖြစ်သည်။


လင်းချင်းဟယ်၏စကားများတွင် ချို့ယွင်းချက်အချို့ရှိ‌သော်လည်း သူမ ဒါကို ကိုင်တွယ်ရမည်မှာအမှန်ပင်။ ငွေပေးချေမှုကို တစ်ခါတည်းရှင်းလိုက်သောကြောင့် အန်တီကြီးသည် တစ်စုံတစ်ရာမှ သံသယမဝင်တော့ချေ။ လင်းချင်းဟယ်၏‌စျေးဆစ်မှုအောက်တွင် အန်တီကြီးသည် ‌စျေးနှုန်းကို ယွမ်နှစ်ဆယ်လျှော့ပေးခဲ့သည်။


ယွမ်နှစ်ဆယ်သာလျှော့ပေးသော်လည်း လင်းချင်းဟယ်သည် အနည်းငယ်ချွေတာသလိုဖြစ်သည့်အတွက် စိတ်မရှိပေ။ သူမသည် ပိုက်ဆံတစ်ပြားကို နှစ်ပြားခွဲဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး။ ယွမ်နှစ်ဆယ်သည် ကားဆီဖြည့်ရန် လုံလောက်သည်။


မနက်စာဆိုင်မှထွက်လာပြီးနောက် လင်းချင်းဟယ်သည် တိတ်ဆိတ်ငြိမ်သက်သောနေရာတွင် ကားကိုရပ်လိုက်ပြီး ဖော့ပုံးသုံးပုံးအား နေရာလွတ်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။


ထို့နောက် သူမသည် အနီးနားရှိစျေးသို့ ဦးတည်သွားခဲ့သည်။


သူမ ကြက်ကဝယ်ယူဖို့လာခဲ့တာဖြစ်သည်။


သူမဟာ များသောအားဖြင့် ကိုယ့်ဖာသာကိုယ်ချက်စားလေ့ရှိတဲ့အတွက် ဒီစျေးကို စျေးဝယ်ထွက်ခဲ့တာဖြစ်သည်။


လင်းချင်းဟယ် ‌စျေးသို့ရောက်သွားသည်နှင့် သူမသည် အဖွားအိုထံမှကြက်ဥများကို ဝယ်ယူခဲ့သည်။


အဖွားအို၏ဥများသည် အလတ်ဆတ်ဆုံးဖြစ်ပြီး အခြေခံအားဖြင့်တော့ တစ်လုံးမှမကွဲသေးသည်ကို သူမသိသောကြောင့်ဖြစ်သည်။


ဒီအကြောင်းကိုပြောရလျှင် စူပါမားကတ်များတွင်ရောင်းချသည့် ကြက်ဥများလည်းရှိသည်။ ထိုကြက်များသည်လည်း စျေးသက်သာသော်လည်း ဂရုတစိုက် ရွေးချယ်ရပေသည်။ မဟုတ်ပါက မကောင်းသောဥများကို အလွယ်တကူဝယ်ယူမိနိုင်သည်။


ဒီအဒေါ်ကြီးရဲ့ကြက်ဥတွေက စျေးနည်းနည်းကြီးပေမယ့် လင်းချင်းဟယ်က သူ့ဆီကနေဝယ်ယူဖို့ စိတ်မဝင်စားဘူး။ ထို့နောက် ဒီအဒေါ်ကြီးက သူမကို စျေးနည်းနည်းလျှော့ပေးလိုက်သည်။


အဒေါ်ကြီးရဲ့သားက စျေးမှရောင်းချပြီး ပြန်လာတာကိုတွေ့လိုက်ရသည့်အတွက် ကြက်ဥခြင်းများကို သယ်ယူလိုက်ပို့ခိုင်းလိုက်သည်။ အဒေါ်ကြီးရဲ့ သားက အပြေးအလွှား ကူညီပေးသည့်အတွက် အဒေါ်ကြီးက သူမဖာသာသူမ ထိုင်မနေနိုင်တော့ပေ။


ဒီတော့ လင်းချင်းဟယ်က သူ့ကြက်ဥခြင်းနှစ်ခြင်းကို ကားထဲသို့ တင်ခိုင်းလိုက်သည်။


ကြက်ဥနှစ်ခြင်းကိုတင်လိုက်ပြီး လင်းချင်းဟယ်သည် ခြင်းနှစ်ခြင်းနှင့်ထမ်းပိုးများအပါအဝင် တန်ဖိုးငွေများကို ချက်ချင်းရှင်းပေးလိုက်သည်။ ပြီးတော့ သူ့ကိုပြန်ခိုင်းလိုက်သည်။


တစ်ဖက်လူက စိတ်ရှုပ်နေမည်ကိုသိပေမယ့် လင်းချင်းဟယ်က ဒါကို လျစ်လျူရှုထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သူ့အား ငွေအလုံအလောက်ပေးခဲ့သည်။