Chapter 25
Viewers 1k

အခန်း ၂၅ -  လက်ကိုင်ကွင်းပါဓား

 

 

 

လုချန်သည် ပျက်စီးနေသော ဆိုင်တစ်ဆိုင်တွင် ပုန်းအောင်းနေခဲ့သည်။

 

 

သူ၏ ခန္ဓာကိုယ်သည် အရွယ်အစားအမျိုးမျိုးရှိသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သူ ဖုတ်ကောင်ဖြစ်လာသည့် အချိန်မှစ၍ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများသည် သွေးခဲများအဖြစ်သို့ ​ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

 

 

သူသည် သွေးထွက်လွန်၍ သေဆုံးမည်မဟုတ်၊ ၎င်းသည် ယခုအချိန်တွင် သူ့အတွက် သတင်းကောင်းဟု သတ်မှတ်၍ ရနိုင်ပါသည်။

 

 

သူသည် ပြတင်းပေါက်မှ အသာအယာ ကြည့်လိုက်ရာ အညစ်အကြေးကောက်သူများသည် အနည်းငယ်မျှ လှည့်လည်သွားလာပြီးမှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ လုံးဝ ပျောက်ကွယ်သွားမှသာ သူ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပြီး သူ၏ ရှပ်အင်္ကျီမှ အဝတ်စအချို့ကို ဆွဲဖြဲကာ အသားများ လန်ထွက်နေပြီး အရိုးများ မြင်နေရသော သူ၏ ခြေထောက်ဒဏ်ရာအား ကြမ်းတမ်းစွာ ပတ်တီးစည်းလိုက်သည်။

 

 

သူ့တွင် မိမိကိုယ်ကိုယ် ကုသနိုင်စွမ်း အနည်းငယ် ရှိသော်လည်း ဤမျှကြီးမားသော ဒဏ်ရာသည် အချိန်တိုအတွင်း သူ၏ လုပ်ဆောင်မှုများကို အနည်းအကျဥ်း ထိခိုက်စေဦးမည် ဖြစ်သည်။

 

 

ယခုမူ သူသည် အဆင့်နိမ့် ဖုတ်ကောင်များနှင့်  အနည်းငယ်သော မြန်နှုန်းမြင့်ဖုတ်ကောင်များကိုသာ ထိန်းချုပ်နိုင်သည်။ အညစ်အကြေးကောက်သူများ၏ အသိစိတ်ကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်သော်လည်း ၎င်းတို့ နိုးထလာပြီးနောက် သူ့အား ပြန်လိုက်ဖမ်းဉီးမည်ဖြစ်သည် ။ သူ၏ စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ခရစ်စတယ်များအား ပိုမို စုပ်ယူရန် လိုအပ်နေသေးသည်။

 

 

ဤအချက်ကို စိတ်တွင်ထားပြီး သူသည် ခေတ္တနားရန်အလို့ငှာ ဘေးကင်းသော နေရာတစ်ခု ရှာရန် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

 

 

ဤဆိုင်သည် မကြီးလှဘဲ လူသားများနှင့် ဖုတ်ကောင်တို့၏ အလောင်းများ အစုလိုက် စုပုံနေသည်။ မည်သည်တို့ ဖြစ်ခဲ့သည်အား မသိရ။ သွေးများကား အခန်းတစ်ခုလုံးအား ဖုံးလွှမ်းနေရာ အလွန် ထိတ်လန့်စရာ ကောင်းနေပေသည်။

 

 

သူသည် အိမ်တွင်းလှုပ်ရှားမှုများကို သိပ်ဂရုမစိုက်ခဲ့သော်လည်း နံရံကိုမှီကာ ခေတ္တရပ်နားပြီးနောက် သူ၏ရှေ့မှ အလောင်းပုံကြီး ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။

 

 

လုချန် သတိအနေအထားနှင့် ဖြစ်သွားသည်။ သူသည် အနီးအနားရှိ အက်ကွဲနေသော နံရံမှ သံချောင်းတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကာကွယ်ရန်အတွက် သူ၏ရှေ့တွင် ကိုင်ထားကာ သတိထား၍ ရှေ့သို့ လျှောက်သွားခဲ့သည်။

 

 

သို့သော် သူ တစ်စုံတစ်ရာ မလုပ်ဆောင်မီ အလောင်းပုံအတွင်းမှ အသက် ၄၀ ခန့်ရှိသော အမျိုးသားတစ်ဦး ရုတ်တရက် ထွက်လာခဲ့သည်။ သူသည် ထိတ်လန့်တကြားနှင့် အလောင်းပုံထဲမှ တွားထွက်လာပြီး သူ့အား လက်ယပ်ခေါ်လိုက်သည်။  "မ... မသတ်ပါနဲ့... ကျွန်တော် အပြင်က ငါးခေါင်းပုံစံရှိတဲ့မွန်းစတားဆီက ပုန်းနေရင်း သေချင်ယောင်ဆောင်နေရလို့ အလောင်းတွေကြားထဲ ဝင်နေတာပါ..."

 

 

 လုချန် ထိုသူက လူသားဖြစ်နေသည်ကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားပြီး သံချောင်းကို ဖယ်ရှားလိုက်ကာ ထိုသူ့အား လျစ်လျူရှုလိုက်သည်။ သူသည် နံရံကိုမှီပြီး ထိုင်လိုက်ကာ သူ၏ဒဏ်ရာများကို ဆက်လက် သန့်ရှင်းရေးလုပ်နေခဲ့သည်။

 

 

ထိုအမျိုးသားသည် သူ၏ လည်ပင်းကို ကျုံ့လိုက်ပြီး လုချန်၏ ဦးခေါင်းထိပ်ကို တိတ်တဆိတ် ကြည့်လိုက်ကာ တံတွေး မျိုချလိုက်သည်။

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၈၄၃၅၃ - ကျန်းယီ] ၏ တိုက်ရိုက်ကြည့်ရှုမှုအခန်းသည် အနီရောင်မျက်နှာပြင်ပေါ်ဝယ် အဆင့် ၁၄၁၇၅ တွင် ရှိနေသည်။

 

 

၂၇၆လိုင်း: သွားပြီ၊ ဒါ ဘယ်လိုကံမျိုးလဲ? ဘော့စ်က မျက်စိရှေ့မှာ ပေါ်လာတာ...

 

 

၂၇၇လိုင်း: သူ့ရဲ့ သေချင်ယောင်ဆောင်တဲ့ စွမ်းရည် ပျောက်သွားတာနဲ့ သူ ပြီးသွားပြီလို့ ငါ အစက ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူက ပထမဆုံး အောင်မြင်သူ ဖြစ်ချင်ဖြစ်နိုင်တယ်...

 

 

၂၇၈လိုင်း: ဒီလို အရှုံးသမားရှေ့မှာ ဘော့စ်ပေါ်လာရင်တောင် သူ မနိုင်နိုင်ဘူး... သူ့မှာ လက်နက်တောင် မပါဘူး။

 

 

၂၇၉လိုင်း: ဟေ့၊ သူ လက်နက်အချို့ ရမလား ကြည့်ရအောင် ရတနာသေတ္တာအချို့ ပို့ပေးလိုက်မယ်။ အောင်မြင်မှု ဒါမှမဟုတ်  ကျရှုံးမှုက ဒီအပေါ်မှာ မူတည်တယ်။

 

 

၂၈၀လိုင်း: ဒီကမ္ဘာ့ဘော့စ်က တခြားဇုန်တွေက ဘော့စ်တွေနဲ့ နည်းနည်း ကွာခြားတယ်လို့ မင်းတို့ မထင်ဘူးလား? လူသတ်တာလည်း မလုပ်ဘူး... ဉာဏ်ရည်ရှိပုံလည်း ရတယ်နော်?

 

 

ထိုလူငယ်သည် သူ့အား တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း မြင်သောအခါ ကျန်းယီသည် အသာအယာပင် ထောင့်တစ်နေရာသို့ ရွှေ့သွားပြီး ထိုင်လိုက်သည်။ သူသည် ထိုသူနှင့် အလွန်နီးကပ်အောင် သွားရဲခြင်း မရှိသကဲ့သို့ အလွန်ဝေးဝေးသို့လည်း မသွားချင်ပေ။ ဘာပဲဖြစ်ဖြစ်... ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးကို မဖြုန်းတီးနိုင်ဘူး… ဒီဘော့စ် လွတ်သွားရင် ကောင်းကင်ကနေ ကျလာတဲ့ ဒီအခွင့်အရေး ကောင်းကောင်းကြီး အလဟဿ ဖြစ်သွားလိမ့်မယ်….

 

 

သူ တုံ့ဆိုင်းစွာဖြင့် သူ၏ တိုက်ရိုက်ကြည့်ရှုမှုအခန်းကို တိတ်တဆိတ် ဖွင့်လိုက်ချိန်တွင် ဖန်သားပြင်ပေါ်၌ ရတနာသေတ္တာ သုံးခု ပျံဝဲနေသည်ကို မြင်သောအခါ သူ၏ နှလုံးသားမှာမူ ပျော်ရွှင်မှုဖြင့် ပေါက်ကွဲသွားခဲ့သည်။

 

 

 

သူ အသက်ရှင်စဉ်က သူသည် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၉၉၆ အချိန်ဇယားကို ကျေညက်အောင် ကြိုးစားခဲ့ရသော ပရိုဂရမ်မာတစ်ဦးဖြစ်ကာ ရံဖန်ရံခါ ၀၀၇ အထိပင် ဖြစ်သည်။ နေ့ရက်တိုင်းသည် ကုဒ်ရေးခြင်း သို့မဟုတ် နောက်ထပ် ကုဒ်များ ရေးရန် ကြိုးပမ်းနေသည့် အနေအထားတွင် ရှိနေခဲ့သည်။

 

 

သုံးပတ်အကြာ အဆက်မပြတ် အချိန်ပိုလုပ်ပြီးနောက် သူသည် သူ၏ ရုံးကွန်ပျူတာရှေ့၌ နောက်ဆုံးတွင် သေဆုံးခဲ့သည်။ ထို့နောက် ဤကျိန်စာတိုက်ထားသော ကမ္ဘာပျက်ဂိမ်းအတွင်းသို့ အတင်းအကြပ် ဆွဲသွင်းခံခဲ့ရသည်။ လည်နေသော မီးပန်းတိုင်အချိန်အခါတွင် သူရရှိခဲ့သော စွမ်းရည်သည်လည်း အများအပြား အထောက်အကူမပြုခဲ့ပေ။ ကြည့်ရှုသူမှတ်ချက်များအရ ၎င်းသည် အသုံးမဝင်ဆုံး အနီရောင်တံဆိပ် စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် သူ့အား တစ်နေ့လျှင် နှစ်နာရီသာ သေချင်ယောင်ဆောင်ခွင့် ပြုနိုင်သည်။

 

 

သူသည် အန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါ သေချင်ယောင်ဆောင်ပြီး ဖြတ်သန်းရန် ဤစွမ်းရည်အား အခြေခံအားဖြင့် အားကိုးခဲ့ရသည်။

 

 

အနီးအနားတွင် အညစ်အကြေးကောက်သူတစ်ကောင် ပေါ်လာသည်ကို မြင်သောအခါ သူသည် ပုံမှန်အတိုင်း အလောင်းပုံထဲတွင် ချက်ချင်း ပုန်းအောင်းကာ အလောင်းကောင်ယောင်ဆောင်ခဲ့သည်။ သူသည် ဤစွမ်းရည်ဖြင့် ဖြတ်သန်းနိုင်ဦးမည်ဟု ထင်ခဲ့သော်လည်း ကျွမ်းကျင်မှု ပြီးဆုံးခါနီးတွင် ကမ္ဘာ့ဘော့စ်နှင့် ထိပ်တိုက်တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ...

 

 

သူသည် မူလက သေပြီဟု ထင်ခဲ့သော်လည်း ကမ္ဘာ့ဘော့စ်သည် သူ့အား လုံးဝ စိတ်မဝင်စားသကဲ့သို့ သူ့ကို သတ်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်း ပေါ်နေသည်။

 

 

သူ အသက်ရှင်လျက် လွတ်မြောက်ပြီးနောက် သူ၏စိတ်ထဲတွင် တစ်ခြားအရာတစ်ခု ရှိနေခဲ့သည်။

 

 

ကျန်းယီ၏ မျက်လုံးများ အနည်းငယ် လှည့်သွားပြီး မျက်လုံးမှိတ်၍ အနားယူနေသော လူငယ်ကို ကြည့်လိုက်သည်။

 

 

သူ ကမ္ဘာ့ဘော့စ်အား သတ်လိုက်သည်နှင့် သူ ထွက်သွားနိုင်မည်ဖြစ်ပြီး ရှင်သန်မှုရမှတ် အများအပြားကိုလည်း ရရှိမည်ဖြစ်သည်။ ကံကောင်းပါက ဤငရဲဘုံမှ တစ်ခုတည်းသော အားထုတ်မှုဖြင့် ထွက်ခွာနိုင်ရန်နှင့် ဘေးကင်းသော ကမ္ဘာသို့ ပြန်သွားနိုင်ရန် ရှင်သန်မှုရမှတ် အလုံအလောက် စုဆောင်းနိုင်မည်ဖြစ်သည်။

 

 

သူ့အား ဖမ်းမိမည်ကို ကြောက်ရွံ့၍ မွန်းစတားများ၏ ဆွဲဖြဲခြင်းခံရမည့် ယခုကဲ့သို့ ပုန်းအောင်းနေရသည့် ဘဝအား တစ်ရက်ပင် ဆက်မလုပ်ချင်တော့ပေ...

 

 

သူ ဆုံးဖြတ်ချက်ချပြီးနောက် ပထမဆုံး ကြေးနီရောင် ရတနာသေတ္တာကို ဖွင့်လိုက်သည်။

 

 

သူ ဖွင့်လိုက်သောအခါ ရတနာသေတ္တာသည် အဖြူရောင် အလင်းတန်း လင်းလက်လာပြီး ၎င်းမှ အိုင်ကွန်တစ်ခုနှင့် ရိုးရှင်းသော မိတ်ဆက်ဖန်သားပြင်တစ်ခု ပေါ်လာခဲ့သည်။

 

 

[ သန့်ရှင်းရေးသုံး မျက်နှာသုတ်ပဝါ အထုပ်။]

 

[အဆင့်: ၁]

 

[ဖော်ပြချက်: ဟူရှုးပု  သန့်ရှင်းရေးသုံး မျက်နှာသုတ်ပဝါ တစ်ထုပ်၊ အဖြူရောင်အရည်အသွေးရှိသော သာမန်ပစ္စည်း။]

 

[အသုံးပြုလိုပါသလား? ဟုတ်သည်။ မဟုတ်ပါ။]

 

 

သန့်ရှင်းရေးသုံး မျက်နှာသုတ်ပဝါ၏ အိုင်ကွန်ကို မြင်သောအခါ သူသည် စနစ်ကို ဆဲချင်သွားသည်။ ဤမျှ အရေးကြီးသော အချိန်တွင် ၎င်းက သူ့ကို သန့်ရှင်းရေးသုံး မျက်နှာသုတ်ပဝါ ပေးလာရသလား?... ကောင်းကင်ဘုံက သူ့ကို ရယ်စရာလုပ်ဖို့ တမင် ရည်ရွယ်တာလား....

 

 

ကျန်းယီ အိုင်ကွန်ကို ပေါ့ပေါ့ဆဆ ပစ်ပယ်လိုက်ပြီး မျှော်လင့်ချက် ကြီးကြီးမားမားဖြင့် ဒုတိယ ရတနာသေတ္တာအား ဖွင့်လိုက်သည်။

 

 

[ကြောင်သဲတစ်ဇလား။]

 

[အဆင့်: ၁]

 

[ဖော်ပြချက်: အသုံးပြုပြီးသော ကြောင်သဲတစ်ဇလား၊ ကြောင်သခင်လေးမှ ယခုလေးတင် ထားခဲ့သော လတ်ဆတ်သည့် "လက်ဆောင်" ပါဝင်သည်။ အဖြူရောင်အရည်အသွေးရှိသော သာမန်ပစ္စည်း။]

 

[အသုံးပြုလိုပါသလား.... ဟုတ်သည်။ မဟုတ်ပါ။]

 

 

"ချီးပဲ... ဒါ ဘယ်လို အမှိုက်မျိုးလဲ..."

 

 

ကျန်းယီ မဆဲဘဲ မနေနိုင်တော့ပေ။

 

 

သူ အသံကျယ်ကျယ် ဆဲလိုက်ကြောင်း သိလိုက်သောအခါ ကျန်းယီ အလွန်ထိတ်လန့်သွားခဲ့သည်။ သူသည် ပြတင်းပေါက်မှ လူငယ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ထိုသူသည် မကြားလိုက်ပုံရပြီး တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

 

 

သူ သက်ပြင်းချလိုက်ပြီး လုံးဝ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တတိယ ရတနာသေတ္တာအား ဖွင့်လိုက်သည်။ အပြာရောင်အရည်အသွေးရှိသော အိုင်ကွန်ပါသည့် ဓားရှည်တစ်ချောင်း သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

 

[လက်ကိုင်ကွင်းပါဓား]

 

[အဆင့်: ၂]

 

[ဖော်ပြချက်: မိုနိုစဲရို့စ်၏ အဆင့်မြင့်ကမ္ဘာမှ ဓားရှည်တစ်ချောင်း၊ အပြာရောင်အရည်အသွေးရှိသော အလယ်အလတ်အဆင့် လက်နက်ဖြစ်ပြီး ဖုတ်ကောင်အမျိုးအစား မွန်းစတားများကို တိုက်ခိုက်ရာတွင် အထူးအကျိုးသက်ရောက်မှုများရှိသည်။]

 

[အသုံးပြုလိုပါသလား.... ဟုတ်သည်။ မဟုတ်ပါ။]

 

 

ဓားရှည်၏ အိုင်ကွန်ကို မြင်သောအခါ အစက စိတ်ပျက်အားငယ်သော ခံစားမှုကိုခံစားနေရသောသူသည် ရုတ်တရက် အလွန်ပျော်ရွှင်သွားခဲ့သည်။ ကောင်းကင်ဘုံသည် သူ့ကို တကယ်ပင် မျက်နှာသာပေးခဲ့သည်...

 

 

 

ဤလက်နက် ရှိနေပါက သူသည် အဆင့်ကို ရှင်းလင်းသည့် ပထမဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်လာမည်မှာ သေချာသည်...

 

 

သူ အနည်းငယ် ပြုံးလိုက်ပြီး ဖန်သားပြင်ကို ပိတ်လိုက်သည်။ သူသည် ၎င်းကို အခု ချက်ချင်း မထုတ်နိုင်သေးပေ၊ မဟုတ်လျှင် ရုတ်တရက် ပေါ်လာသော ဤဓားရှည်အား ထိုလူငယ် မြင်သွားလိမ့်မည်။ စဉ်းစားပြီးနောက် ညနေအထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

 

 

ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်သည် ဖြည်းဖြည်းချင်း မှောင်လာသည်။ ထိုကမ္ဘာ့ဘော့စ်သည် ထွက်သွားရန် သဘောထားမရှိဘဲ ဤနေရာတွင် တစ်ညတာ ကုန်ဆုံးရန် စီစဉ်နေပုံရသည်။

 

 

ကျန်းယီသည် ထောင့်တွင် တိတ်တဆိတ် ကုပ်အောင်းနေပြီး ညရောက်ရန် စောင့်နေခဲ့သည်။

 

 

စစ်စိမ်းရောင် အော့ဖ်ရုတ်ယာဉ်သည် လှုပ်ရမ်း၍ မောင်းနှင်နေခဲ့ပြီး ရှေ့မှ အပျက်အစီးများနှင့် တိုက်မိတော့မည့်အချိန်တွင် အတားအဆီးများသည် အလိုအလျောက် ဘေးဘက်သို့ ရွှေ့သွားကာ အပျက်အစီးများကြားတွင် ကားသွားနိုင်ရုံမျှသာ ကွေ့ဝိုက်နေသော လမ်းကြောင်းတစ်ခုကို အတင်းအကြပ် ထွင်းဖောက်ဖန်တီးပေးခဲ့သည်။

 

 

"ဟားဟားဟားဟား၊ မင်းတို့ အားလုံး သေကြတော့..." ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးသည် ကားဘော်နက်ပေါ်တွင် ရပ်နေလျက် သူမ၏ သေသေသပ်သပ် ပြုလုပ်ထားသော လက်ကိုင်အိတ်အတွင်းမှ ဖန်သားစကျင်ကျောက်လုံး တစ်ဆုပ်ကို ထုတ်ယူလိုက်ပြီး လက်ဖဝါးထဲတွင် ညှစ်လိုက်သည်။ စကျင်ကျောက်လုံးများသည် သူမ၏ လက်ပေါ်ရှိ အနက်ရောင် ဗုံးပုံသဏ္ဌာန် အမှတ်အသားကို ထိမိသည်နှင့် မီးခိုးရောင်-အနက်ရောင် မီးခိုးငွေ့များ စတင်ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် အရူးတစ်ယောက်က​ဲ့သို့ ရယ်မောလျက် စကျင်ကျောက်လုံးများကို ၎င်းတို့ထံ လှိုင်းလုံးများကဲ့သို့ စီးဆင်းလာသော ဖုတ်ကောင်များထံသို့ လျင်မြန်စွာ ပစ်ပေါက်လိုက်သည်။

 

 

ကျန်းရှန်သည် ကားကို ကြောက်ရွံ့စွာ မောင်းနှင်နေသည်။ သူသည် သူမပစ်လွှတ်လိုက်သော စကျင်ကျောက်လုံးများ မတော်တဆ ကားပေါ်သို့ ပစ်ချမိမည်ကို ကြောက်ရွံ့နေသည်။ ထိုသို့ဆိုလျှင် ပျံတက်သွားမည့်သူများမှာ ဖုတ်ကောင်များ မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဖြစ်လိမ့်မည်...

 

 

သူသည် သူ၏ ပရိုဖိုင်ကတ်ကို ကြည့်လိုက်သည်။ [ရှေ့ဆက်မောင်းနှင်] ဟူသော ကျွမ်းကျင်မှုခလုတ်ပေါ်ရှိ အချိန်သည် [၃၂:၁၅] အား ပြသနေသည်။ နာရီဝက်ခန့် ကျန်သေးပေသည် ။ ထိုအချိန်သည် သူတို့နှစ်ဦး ခိုလှုံရာသို့ ပြန်ရောက်ရန် လုံလောက်သော အချိန် ဖြစ်သင့်သည်။

 

 

သို့သော် သူတို့သည် တစ်ဝက်ပြိုကျနေသော ရုံးအဆောက်အအုံတစ်ခုအား ဖြတ်ကျော်တော့မည့်အချိန်တွင် သေလောက်အောင် တောက်ပသော ဘာဘီပန်းရောင် ဘိုးနှင့် ဘဲလေးစကတ်ကို ဝတ်ဆင်ထားသော ထူးဆန်းသည့် အညစ်အကြေးကောက်သူတစ်ကောင်သည် အဆောက်အအုံနောက်ကွယ်မှ မထင်မှတ်ပဲ ခေါင်းထိုးကာ ထွက်လာခဲ့သည်။

 

 

၎င်း၏နောက်တွင် ဟူဒီနှင့် ကျောပိုးအိတ်ပါသော လူငယ်တစ်ဦးသည်လည်း ကုပ်ချောင်းကုပ်ချောင်း ပုံစံဖြင့် ခိုးကြည့်နေခဲ့သည်။

 

 

ကျန်းရှန်သည် ဤထူးဆန်းပြီး ရုတ်တရက် မြင်ကွင်းကြောင့် အလွန်တုန်လှုပ်သွားကာ သူ၏ နှလုံးသားသည် ရပ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် ယာဉ်မောင်းထိုင်ခုံမှ ခုန်ထွက်လုနီးပါး ဖြစ်သွားပြီး "သွားပြီ... ယင်း..ရှစ်...ရှေ့မှာ တစ်ယောက် ယောက်ရှိတယ်... အာ... ဘဲလေးစကတ် ဝတ်ထားတဲ့ အညစ်အကြေးကောက်သူတစ်ကောင်..." ဟု ထစ်အစွာ ပြောလိုက်သည်။

 

 

"ဟမ်?" ထိုစကားကို ကြားသောအခါ ယင်းဟုန်လင်သည် သူမ လုပ်နေသည့်အရာကို ခေတ္တရပ်လိုက်သည်။ သူမသည် ဘဲလေးစကတ်နှင့် အညစ်အကြေးကောက်သူ ရှိသည်ကို ကြားသောအခါ ကျန်းရှန်ကား အာရုံထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်ခဲ့သည်။ သို့သော် သူက နောက်ပြောင်နေသည့်ပုံ မပေါ်သောကြောင့် သူမသည် သူ ညွှန်ပြသည့် နေရာကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။ "သွားပြီ... တကယ်ပဲ ဘဲလေးစကတ် ဝတ်ထားတာပဲ..."

 

 

"ပြီးတော့ ဒီလောက် မျက်စိစူးတဲ့ အရောင်နဲ့ပါလား... ဘယ်သူ ပြောင်းလိုက်တာလဲ? ဒါကြီးက လုံးဝ အဖြောင့်ကောင်နဲ့ တူနေတယ်..."