အပိုင်း (၂၁)
Viewers 12k

Part 21

ကျိယန် ထွက်သွားပြီးတဲ့နောက် ထန်ထန်တို့နှစ်ယောက် သာ အိမ်မှာကျန်ခဲ့တယ်။ 

ကျိယန်  ထွက်သွားတာကို ၀မ်းနည်းနေတာရှောင်ကျိုး တစ်ယောက်တည်းမဟုတ်ပေ။ သူမလဲ အတူတူပဲခံစားနေရတာဖြစ်တယ်။ သူနဲ့ ရက်အနည်းငယ်သာ စကားပြောဖြစ်ခဲ့ပေမယ့်လဲ သူမနှလုံးသားထဲကတော့ သူ့ကိုလွမ်းနေတာဖြစ်တယ်။

ဒါကလဲ သူက သူမအပေါ် ကောင်းမွန်စွာဆက်ဆံတာကြောင့်ဟု သူမယုံကြည်ထားတယ်။ ငယ်စဉ်ကတည်းက သူမရဲ့ အထိန်းတော်ကလွဲလို့ သူမကိုဘယ်သူမှ ကောင်းမွန်စွာမဆက်ခံခဲ့တဲ့အတွက် အခုလိုဖြစ်နေတာလို့သူမထင်မိတယ်။ ဖုန်းမျက်နှာပြင်ကိုထိတွေ့ရင်း သူမပြုံးလိုက်မိတယ်။

သူမ ဖုန်းကိုအရင်ကမြင်ဖူးထားတယ်။ တီဗီဇတ်လမ်းတွေထဲမှာ အမျိုးသားဇတ်လိုက်အသုံးပြုတဲ့ ဖုန်းနဲ့အတူတူပဲဖြစ်တယ်။ ဒီဖုန်းက မေးမကြည့်ပဲနဲ့တောင် စျေးကြီးမှန်း သူမ ခန့်မှန်းလို့ရတယ်။ အဲ့ဒါကြောင့် သူမက မတော်တဆပြုတ်ကျမှာကြောက်ပြီး တယုတယနဲ့ သတိကြီးစွာထားနေရတယ်။

သူ့မာမီ ပြုံးနေတာကို မြင်လိုက်ရတဲ့ အသေးလေးက အနားကပ်သွားပြီး သူမဘောင်းဘီစကိုဆွဲကာ 

“ မာမီ, ဘာဖြစ်လို့လဲဟင်’’

သူမ လက်တွေ့ဘ၀ကို သတိပြန်ဝင်သွားပြီးတဲ့နောက် ပါးနှစ်ဖက်လုံးနွေးသွားတယ်

 “ ဘာမှမဟုတ်ပါဘူး, မာမီက ဖုန်းဘယ်လိုသုံးရလဲဆိုတာ စဉ်းစားနေတာ’’

ကျိရှောင်ကျိုး  ချက်ချင်းပဲ နားလည်သွားကာ 

“ ဖုန်းဘယ်လိုသုံးရမလဲ မသိဘူးလား မာမီ...’’ 

တက်ဘလက် ဘယ်လိုသုံးရမလဲဆိုတာတောင် မသိခဲ့တဲ့အတွက်  ဖုန်းကိုလဲ သူမ မသုံးတတ်လောက်ဘူးဟုယူဆလိုက်ပြီး သူ့မာမီအတွက် ချက်ချင်းပဲစိုးရိမ်သွားတယ်။ မာမီက အရမ်းရိုးအတာပဲ။ သူမသာ သူနဲ့အတူ မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ? အဲ့ဒါ အရမ်းစိုးရိမ်ဖို့ကောင်းတယ်။

အမှန်အတိုင်းပြောရရင် သူမ ဖုန်းဘယ်လိုသုံးရလဲ မသိပါဘူး။ အဲ့ဒါက သူမအတွက် အရမ်းရှုပ်ထွေးလွန်းတယ်။ ဘယ်ကနေ စရမှန်းတောင် မသိတော့ဘူး။

သူမရဲ့အပြုအမူကိုတွေ့ပြီး ရှောင်ကျိုး  ပုံစံက ဆရာကြီးအသွင်ပြောင်းသွားတော့တယ်။ 

သူက မူကြိုကျောင်းက ဆရာမတွေပြောတဲ့အတိုင်း အတုခိုးလိုက်ပြီး 

“ သားအဲ့ဒါကို ရှင်းပြတော့မယ်နော်, ဒါကြောင့် မာမီက သေချာနားထောင်ရမယ်, အိုကေ... တကယ်လို့ နားမလည်ရင် သားကိုမေး ဟုတ်ပြီလား’’

 ထန်ထန်  နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ 

ဆရာ ကျိ က ကျေနပ်သွားပြီး ဖုန်းကိုဖွင့်လိုက်ကာ သူမ အား သင်ကြားပြသတော့တယ်

 “ ဒီ ခလုတ်လေးက လူတွေကိုဖုန်းခေါ်ရတာ, အဲ့ဒါကိုနှိပ်လိုက်ရုံပဲ ပြီးတော့ စကားပြောလို့လဲရတယ်’’

ထန်ထန် သူ့ရဲ့သင်ကြားပြသမှုကို သေချာစွာ မှတ်သားနေတယ်။

“ ဒါက WeChat လို့ခေါ်တယ်, သားရဲ့ တက်ဘလက် နဲ့အတူတူပဲ, ဒယ်ဒီဆီကို ပြောလို့လဲရတယ် video call လဲ ခေါ်လို့ရတယ်’’

‘’အာ, မာမီ အဲ့ဒါကိုသိတယ်, ဒါဆို ဖုန်းကလဲ အဲ့လိုပဲပေါ့’’

WeChat မှ ဘယ်လိုခေါ်ရမလဲဆိုတာ သင်ပေးပြီးတဲ့နောက် ဆရာ ကျိရဲ့ သင်ခန်းစာက ပြီးဆုံးသွားတယ်။ သူသိတာ အဲ့ဒါအကုန်ပဲဖြစ်တယ်။ အဲ့ဒီအရာနှစ်ခုက ကျိယန် သူ့ကို ခေါ်ဖို့အတွက် အလွယ်တကူ သီးသန့်လုပ်ထားပေးတာဖြစ်တယ်။ တခြားအရာတွေကိုတော့ ကျိယန် က သူ့ကိုသင်မပေးထားသလို သင်ပေးဖို့လဲ အစီအစဉ်မရှိပေ။ 

သင်ကြားပြီးတဲ့နောက်ဆက်တွဲက လေ့ကျင့်ခြင်းဖြစ်တယ်။ သူတို့မှာ လုပ်စရာလဲမရှိတဲ့အတွက် နှစ်ယောက်သား ဆိုဖာပေါ်တွင်ထိုင်ကာ တစ်ယောက်ကို တစ်ယောက် ဖုန်းခေါ်နေကြတော့တယ်။

အဲ့ဒါက သင်ရတာတကယ်လွယ်တာပဲ။ ခဏလောက် လေ့ကျင့်ပြီးတဲ့နောက် သူမ တတ်မြောက်သွားပြီဖြစ်တယ်။ ကျိယန် တို့နှစ်ယောက် video call ပြောတာကို သူမ မြင်ဖူးတဲ့အတွက် ဘယ်လိုလုပ်ရလဲဆိုတာ သိချင်နေပြီဖြစ်တယ်။ 

အသေးလေးက သူမကိုစိတ်ရှည်စွာနဲ့ သေချာလေ့ကျင့်ပေးနေတာဖြစ်တယ်။ သူတို့က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတယ်။ တစ်ယောက်က ဖုန်းကို အသုံးပြုပြီး နောက်တစ်ယောက်က တက်ဘလက် နဲ့ပေါ့။

“မာမီ မာမီ, သား ပေါင်ပေါင်ပါ’’

‘’ ပေါင်ပေါင်, ပေါင်ပေါင်, မာမီပါ’’

နှုတ်ဆက်ခြင်းပြီးသွားတဲ့နောက် အသေးလေး  က လည်ချောင်းကိုရှင်းလိုက်ပြီး စိတ်အားထက်သန်စွာနဲ့ 

“ မာမီ တခြားပြောချင်တာရှိလား သားကို အခုပြောလို့ရပြီ’’

ထန်ထန် ရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် အသေးလေးရဲ့ ပါးဖောင်းဖောင်းလေးကို ဖုန်းထဲမှာ မြင်ပြီးတဲ့နောက် သူမက အသေးလေးကိုအရမ်းချစ်ဖို့ကောင်းလွန်းတယ်လို့ တွေးလိုက်မိပြီး အသံချိုလေးနဲ့ 

“ ပေါင်ပေါင်, သားက အရမ်းကိုချောပြီး ချစ်ဖို့ကောင်းတာပဲ”

 ကျိရှောင်ကျိုး  က မမျှော်လင့်ပဲ ချိုမြိန်တဲ့တိုက်ခိုက်မှုခံလိုက်ရတဲ့အတွက် သူ့မျက်နှာက အနီရောင်သို့ပြောင်းသွားတယ်။ သူကလဲ အလေးအနက်ဖြင့် ထန်ထန်ကို မြှောက်ပင့်ကာ 

“ မာမီ, မာမီ, မာမီကအလှဆုံးပဲ, အချောဆုံး’’

‘’ဟားဟား....’’ 

ထန်ထန် သူ့ရဲ့မြှောက်ပင့်မှုကြောင့် ရှက်သွားတယ်။ အဲ့ဒါအမှန်မဟုတ်ပါဘူး။ သူမ မျက်နှာကို ထိတွေ့လိုက်ရင်း ရှက်ရွံ့စွာနဲ့ 

“ မာမီက အရမ်းရုပ်ဆိုးပါတယ်, မာမီက လုံး၀မလှပါဘူး’’

ရှောင်ကျိုး က လက်မခံပေ။ 

“ ဘယ်သူအဲ့လိုပြောတာလဲ ! , မာမီကအလှဆုံးပဲ’’ 

သူ့ မျက်လုံးထဲမှာတော့ သူ့မာမီက အလှဆုံးဖြစ်တယ်။ ကလေးတွေရဲ့ အမြင်မှာ ဘယ်သူမှ သူတို့မိခင်ထက် ပိုမလှနိုင်ဘူးလေ။

ကလေးစကားဆိုတာ မယုံရမှန်း သူမ သိပေမယ့်လဲ စိတ်တွင်းမှာတော့ ချိုမြိန်နေတယ်။ အမျိုးသားတစ်ယောက်ဆီက လှတယ်လို အပြောခံရတာ အရမ်းကောင်းတယ်လေ။ အမျိုးသားက အသက်သုံးနှစ်ခွဲ ဖြစ်နေပေမယ့်လဲပေါ့။

ဒါပေမယ့်လဲ စကားတွေဘယ်လိုပြောပြော သူမ ရုပ်ဆိုးတာကိုတော့ ပြောင်းလဲလို့မရပေ။ သူမသာ ချောမောလှပလာရင် အရမ်းကောင်းမှာပဲ။ အဲ့ဒါဆို သူတို့သားအဖကို မျက်နှာမပျက်စေတော့ဘူးပေါ့။  

ကျိယန်နဲ့အတူ တပ်ထဲလိုက်နေရမယ်ဆိုရင် သူမအသွင်အပြင်ကြောင့် သူမျက်နှာပျက်ရမှာကို စဉ်းစားမိပြီး ထိတ်လန့်သွားတယ်။ ယောကျာ်းတိုင်းကတော့ သူတိုမျက်နှာရဖိုအတွက် လှပတဲ့အမျိုးသမီးကို လိုချင်ကြမှာပဲလေ။ ဒါပေမယ့် သူမနဲ့ဆိုရင်တော့.., သူမက အရှက်ရစရာတစ်ခုပါပဲ။

“ဟင်း…’’ 

သူမ သက်ပြင်းချလိုက်မိတယ်။ စိတ်ဓါတ်ကျသွားတာကြောင့် ဖုန်းဆက်မသုံးချင်တော့ပေ။

ရှောင်ကျိုးလေးက သူမရှိရာသို လျောက်လာပြီး သူ့လက်လေးနဲ့သူမမျက်နှာကိုကိုင်ရင်း မေးလိုက်တယ်

 “ ဘာဖြစ်လိုလဲ မာမီ ဘာလို မပျော်တဲ့ပုံပေါက်နေတာလဲ...’’

 သူမက အသက်လေးနှစ်တောင်မပြည့်သေးပဲနဲ့ မယုံနိုင်လောက်တဲ့ မေးခွန်းမေးနေတဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ပြီး 

“ ပေါင်ပေါင်, ချောမောလှပအောင် မာမီဘာလုပ်သင့်တယ်လို ထင်လဲ...’

ကိုယ်တွေရဲ့သူငယ်ချင်းပေါက်စလေး ကျိရှောင်ကျိုး တစ်ယောက်ကတော့ သူ့အသက်နဲ့မလိုက်အောင်ပဲ ဖြေလိုက်တယ်

 “ မာမီက အရမ်းကိုချောပြီးလှနေပြီးသားလေ’’

ထန်ထန် ပြောစရာစကား ပျောက်ရှသွားပြီးမေးခွန်းကို ပြောင်းမေးလိုက်ရတယ် 

“ ဒါဆို ပိုပြီး ချောလာအောင် ဘယ်လိုလုပ်သင့်တယ်လိုထင်လဲ...’

မေးခွန်းက သူ့ရဲ့နားလည်နိုင်စွမ်းကိုကျော်လွန်သွားသော်လဲ သူ့ခေါင်းကိုလက်နှင့်ကိုင်လိုက်ပြီး အပြင်းအထန်စဉ်းစားလိုက်တယ်။

ခဏလောက်စဉ်းစားပြီးတဲ့နောက်, အသေးလေးရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်တယ်

 “ သားသိပြီ မာမီ, မာမီ နှုတ်ခမ်းနီ၀ယ်လိုက်, အနီရောင်နှုတ်ခမ်းနီက အရမ်းလှတာ, သားသူငယ်ချင်းတွေရဲ့ အမေတွေဆီမှာလဲ အနီရောင်နှုတ်ခမ်းနီရှိတယ်, သားဆရာမ ဆီမှာတောင်ရှိတယ်။ သူတိုက အဲ့ဒါကို မိတ်ကပ်လို့ပြောတယ် ပြီးတော့ အမျိုးသမီးတိုင်းက မိတ်ကပ်ကြိုက်ကြတယ်တဲ့ ‘’

သဘာ၀ကျစွာနဲ့ သူမ မိတ်ကပ်ကိုသိသော်လဲ အခုသူမရဲ့အသွင်အပြင်ကို နှုတ်ခမ်းနီတစ်ချိုနဲ့ ဖြေရှင်းလိုမရပေ။ သူမရဲ့အဓိကအကြောင်းအရာက အရိုးလိုပိန်ရာကနေ ၀လာဖို့ပဲဖြစ်တယ်။ တခြားဟာတွေက နောက်မှဆွေးနွေးလိုရတယ်လေ။

ဒါပေမယ့် သူမနေ့တိုင်းစားတယ်, စားတိုင်းလဲ ဗိုက်ပြည့်တဲ့အထိစားခဲ့တာပဲ။ ဘာလို ၀မလာသေးတာလဲ...သူမအခန်းထဲမှာ ကိုယ်အလေးချိန်တိုင်းတဲ့စက်ရှိတယ်။ အဲ့ပေါ်မတ်တတ်ရပ်ရုံနဲ့ သူမကိုယ်အလေးချိန်ကိုသိနိုင်တယ်လေ။ နံပါတ်တွေကို လေ့လာသင်ကြားပြီးတဲ့နောက် သူမက အဲ့စက်ကိုသဘောကျသွားပြီး နေ့တိုင်းကိုယ်အလေးချိန်ကို တိုင်းတာနေတာဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ အချိန်ဒီလောက်ကြာတာတောင် သူမကိုယ်အလေးချိန်က တိုးမလာခဲ့ဘူး။ 

သူမ အရမ်းကိုစိတ်ဓါတ်ကျနေပြီ ဖြစ်တယ်။

သူမ မနာလိုဖြစ်စွာနဲ့ ပေါက်စီလုံးလေး ရဲ့ ပါးဖောင်းဖောင်းလေးကို တိုထိလိုက်ပြီး အကြံတောင်းတဲ့အနေနဲ့ မေးလိုက်တယ်

 “ ပေါင်ပေါင်, သားလိုမျိုး ၀၀ကစ်ကစ်လေး ဖြစ်လာအောင် မာမီဘာလုပ်သင့်တယ်လိုထင်လဲ...’’

ကျိရှောင်ကျိုးက ခေါင်းငုံလိုက်ပြီး သူ့ဗိုက်ခေါက်တွေကိုကြည့်လိုက်တယ်။ ထိုနောက် သူက ထန်ထန်ရဲ့ပိန်ပါးတဲ့ ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး အံ့ဩစွာနဲ့ မေးလိုက်တယ်

 “ ဒါဆို မာမီက သားလိုမျိုး ဝဝကစ်ကစ်လေး ဖြစ်ချင်တာလား...’’

“အင်း…, မာမီက နည်းနည်းလောက် ကိုယ်အလေးချိန်တက်လာချင်တာ’’ 

အများကြီးတော့မဟုတ်ဘူးပေါ့။

ရှောင်ကျိုး  အနည်းငယ်နားလည်သွားပုံပေါ်ပြီး နောက်ဆုံးတော့ သူ့မာမီရဲ့ဆန္ဒကို သိသွားပြီဖြစ်တယ်။ ဒီပြဿနာက အရမ်းလွယ်တာပဲလို ချက်ချင်းပဲခံစားလိုက်မိတယ်။ ကိုယ်အလေးချိန်ကျအောင် ဘယ်လိုလုပ်ရလဲဆိုတာသာ သူ မသိရင်နေမယ် ကိုယ်အလေးချိန်တိုးအောင် လုပ်တဲ့နေရာမှာတော့ သူက ဆရာတစ်ဆူပဲလေ။

သူ စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ကိုမြှောက်လိုက်ပြီး 

“ မာမီ, ဘယ်လိုလုပ်ရလဲဆိုတာ သားသိတယ်’’

“အိုး... ပြောပါဦး’’

‘’မာမီ, မာမီအနေနဲ့ တချိန်လုံး အစာစားနေရုံပဲ’’

‘’မာမီ အဲ့လိုမျိုး လုပ်ပြီးသွားပြီ, အစားအစာတိုင်းကို အများကြီးစားတယ်, ဒါပေမယ့် ကိုယ်အလေးချိန်တက်မလာဘူးလေ’’

ရှောင်ကျိုး  က သူခြေထောက်ကို ဖတ်ကနဲရိုက်လိုက်ပြီး ထန်ထန်  ကို ချက်ချင်းကြည့်လိုက်ကာ 

“ အ လိုက်တဲ့မာမီ, ထမင်းစားရုံနဲ့ ဘယ်လိုလုပ်ပြီး၀မှာလဲလို့...ပြီးတော့ မာမီစားတာက သားစားတာထက်တောင်နည်းသေးတယ်။ ကိုယ်အလေးချိန်မြန်မြန်တက်မယ့် အစားအစာတွေကို စားရမှာလေ"

သူမ ချက်ချင်းပဲ ဆရာ ကျိ ဆီမှ အကြံတောင်းလိုက်တယ် 

“ ဒါဆို ကိုယ်အလေးချိန် မြန်မြန်တက်အောင် မာမီဘာစားရမလဲဆိုတာ ပြောပြပါဦ''

ယုံကြည်မှုအပြည့်နဲ့ အသေးလေး က ဖြေလိုက်တယ်

 “ မာမီ, ဒယ်ဒီ သားကို ပေးမစားတဲ့ အစားစာတွေကိုစားလိုက်ရုံပဲ, ဘာလို့လဲဆိုတော့ အဲ့ဒါတွေအကုန်လုံးက လူတွေကို ဝစေတယ်လေ’’

ထန်ထန် ပြောစရာစကားပျောက်ရှသွားတယ်, ဒါပေမယ့် အဲ့ဒါက အကျိုးကြောင်းသင့်သလိုပဲ။

ရှောင်ကျိုးတစ်ယောက် သူစားလို့မရတဲ့ အစားအစာတွေကို စတင်ပြီး စာရင်းပြုစုတော့တယ်

 “ ဒယ်ဒီသားကို ပေးမစားတဲ့ဟာတွေက ကြက်ကြော်, ချောကလက်, ကိတ်, မုန့်ကြွပ် ပြီးတော့ …..’’

‘’ ရပ်, ရပ်, ရပ်”

 သူမ.  အဆုံးမရှိပုံပေါ်တဲ့ အသေးလေးရဲ့ စာရင်းကိုမြင်ပြီး တားလိုက်တယ်

“ မာမီသိပါပြီ, သားစာရင်းလုပ်ဖို့မလိုတော့ပါဘူး’’

ရှောင်ကျိုး က ချစ်ဖိုကောင်းစွာနဲ့ မျက်တောင်ခတ်လိုက်ပြီး သူမ ကိုဆွဲကာ “

 မာမီ, အဲ့ဒါတွေ၀ယ်ဖို့ စူပါမားကတ်ကိုသွားရအောင်, ဒါဆို သားလိုမျိုး ဝဝကစ်ကစ်လေး ဖြစ်ပြီ’’

အသေးလေးက ဒီလိုတက်ကြွနေတယ်ဆိုတာ သူမအတွက်မဟုတ်ပဲ သူစားချင်နေတယ်လို့သာ သူမခံစားလိုက်မိတယ်။ 

သူမ အနည်းငယ်စိုးရိမ်သွားမိတယ်။

ဒာပေမဲ့ သူ တက်ကြွစွာပြောနေတာကိုကြည့်ရင်း အဲ့ဒါက အကျိုးကြောင်းသင့်တယ်လို သူမစဉ်းစားလိုက်မိတယ်။  တီဗီဇာတ်လမ်းတွဲတွေ ထဲမှာဆိုရင် မင်းသမီးဖြစ်သူက ချောကလက်တွေစားရင် ကယ်လိုရီတွေများပြီး ကိုယ်အလေးချိန်တက်တယ်လို ပြောတာကြားဖူးတယ်။ သူမက ကယ်လိုရီဆိုတာ ဘာမှန်းမသိပေမယ့်လဲ အဲ့ဒါတွေစားရင် ကိုယ်အလေးချိန်တက်တယ်ဆိုတာကိုတော့ ခန်းမှန်းလိုက်မိတယ်။ အဲ့ဒါကြောင့်ပဲ ကျိယန် က ကလေးကို စားခွင့်မပေးတာဖြစ်တယ်။

ဒါဆို သူမသာ အဲ့ဒါတွေကို စမ်းစားကြည့်မယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်တဲ့အတွက် သွား၀ယ်သင့်တယ်မဟုတ်လား။

အဆုံးမှာတော့ လှပတဲ့ငါးစာရဲ့ဆွဲဆောင်မှုက အရမ်းပြင်းထန်လွန်းတဲ့အတွက် ထန်ထန်  တစ်ယောက် ရှောင်ကျိုးကိုခေါ်ကာ စူပါမားကတ်သို့ ရောက်သွားပါတော့တယ်။

အမျိုးအစားစုံလင်လှတဲ့ သွားရည်စာတွေအကုန်လုံးကို စိုးရိမ်မှုမရှိပဲ တစ်ခုပြီးတစ်ခု ပျော်ရွှင်စွာလက်ညှိးထိုးနေတဲ့ ရှောင်ကျိုး  တစ်ယောက် သူ့ကိုယ်သူ ကောင်းကင်ပေါ်ရောက်နေတယ်လိုတောင် ထင်မှတ်နေမိတော့တယ်။ 

အသေးလေး ညွန်ပြတဲ့များပြားလှတဲ့ သွားရည်စာတွေကိုကြည့်ရင်း ထန်ထန်ခေါင်းမူးလာတော့တယ်။

သူမ စျေးနှုန်းတွေကိုကြည့်လိုက်ချိန်မှာ အတော်လေးစျေးများနေတာကို တွေ့လိုက်ရတယ်။ အထူးသဖြင့် ချောကလက်ပဲ, သေးသေးလေးတစ်ဗူးရဲ့စျေးနှုန်းက သူမဟင်းပွဲတစ်ချို့ ချက်လို့ရလောက်တဲ့အထိ နှိင်းယှဉ်လို့ရတယ်။ 

ပေါင်ပေါင့်ဒယ်ဒီက ပိုက်ဆံကိုခက်ခက်ခဲခဲရှာရတာဖြစ်တဲ့အတွက် အခုသူမ သုံးမယ့်ပိုက်ဆံတွေအပေါ် မှာတွန့်ဆုတ်သွားတယ်။ လိုအပ်တာတွေအတွက် ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် အဆာပြေသွားရည်စာမုန့်တွေ အတွက်သာ သုံးလိုက်ရင် မကောင်းဘူးထင်တယ်။

သူမ တွန့်ဆုတ်နေတာကို ကြည့်ရင်း ရှောင်ကျိုး က အရသာရှိတဲ့မုန့်တွေကိုကြည့်ကာ သွားရည်တွေမျိုချနေတော့တယ်။ သူ ထန်ထန်  ရဲ့ဘောင်းဘီစကိုဆွဲလိုက်ပြီး

 “ ၀ချင်တာမဟုတ်ဘူးလား မာမီ...ပိုပြီးတော့လှမလာချင်ဘူးလား... ဒါတွေစားပြီးရင် မာမီ အရမ်းချောလာမှာနော်’’

ရှောုကျိုး တစ်ယောက် သူ့အသံက ကလေးတွေကို ပြန်ပေးဆွဲတဲ့သူနဲ့တူနေမှန်း သူ့ကိုယ်သူ သတိထားမိပုံမရဘူး။

အဲ့ဒီအနားမှာပဲ တခြားကလေးအမေတစ်ယောက်ကလဲ သူ့ကလေးအတွက် မုန့်၀ယ်နေတာဖြစ်တယ်။ သူမက ထန်ထန် နဲ့ ရှောင်ကျိုး  တို့အပြန်အလှန်ပြောနေတာကို ကြားသွားပြီး တခစ်ခစ်ရယ်နေတော့တယ်။ သူမအနေနဲ့  မိခင်တွေသာ သူတို့ကလေးတွေကို အကြံပေးတာပဲမြင်ခဲ့ဖူးတာဖြစ်တယ်။ အခုလိုမျိုး ကလေးက သူ့အမေကို အကြံပေးတာတော့ ပထမဆုံးမြင်ဖူးတာဖြစ်တဲ့အတွက် အဲ့ဒါက အရမ်းဟာသမြောက်နေတော့တယ်။ 

သူမတို့ နှစ်ယောက်လုံးက တခြားတစ်ယောက်က သူတို့ကိုကြည့်ပြီးရယ်နေတာကို သတိမထားမိပေ။ လှပမှုနဲ့ ချွေတာမှု ကြားထဲမှာ ရွေးချယ်ရခက်နေတဲ့ သူ့မာမီ မုန့်တွေ၀ယ်ဖို့အရေး ရှောင်ကျိုးတစ်ယောက် အာရုံစိုက်ပြီး စည်းရုံးနေတော့တယ်။ 

သူ့မုန့်လေးတွေ မစားရတော့မှာကို စိုးရိမ်နေတဲ့ သူက ထန်ထန်  ဘောင်းဘီစအား ဆွဲလိုက်ကာ အပြစ်ရှိသလိုမခံစားစေဖို ရိုးသားစွာနဲ့စည်းရုံးသိမ်းသွင်းနေတော့တယ်

 “ မာမီ, မာမီသာပိုပြီးလှလာရင် သားကမာမီ့ကိုပိုချစ်သွားမှာနော် ပြီးတော့…ပြီးတော့… ဒယ်ဒီကလဲ မာမီ့ကို ပိုချစ်လာမှာ...’’

 ဒီနှလုံးသားမရှိတဲ့ကောင်လေးက သူ့အဖေကို မုန့်အတွက်နဲ့ရောင်းစားနေပြီဖြစ်တယ်။

သူ့နည်းဗျူဟာတွေက အလုပ်ဖြစ်ပုံရသွားပြီး ထန်ထန် အံကြိတ်လိုက်ကာ 

“ကောင်းပြီလေ, မာမီ အဲ့ဒါတွေကို ၀ယ်လိုက်တော့မယ်”

ကျိရှောင်ကျိုး  နှုတ်ခမ်းတွေ မြင့်တက်သွားပေမယ့် သူ့ကိုယ်သူထိန်းချုပ်လိုက်ကာ တစ်စကန့်လောက်ကြာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။(ရိုက်ချင်စရာလေး)