အပိုင်း (၂၀)
Viewers 12k

Part 20


အပြစ်ရှိသလိုခံစားနေရတဲ့ ရှောင်ကျိုး ကို စိတ်ပြောင်းသွားစေဖို ထန်ထန် က သူ့ခေါင်းလေးကိုပွတ်ပြီး မေးလိုက်တယ်


 “ ပေါင်ပေါင်က မာမီ့ကို ဘာလိုရှာတာလဲ”


“ အွန်း..."


 သူ့ရဲ့မူလရည်ရွယ်ချက်ကို သတိရသွားဟန်ရှိပြီး စိတ်လှုပ်ရှားစွာနဲ့


 “ မာမီ မာမီ, မာမီ့ကိုပြောဖို သားမှာ သတင်းကောင်းရှိတယ်, ဒယ်ဒီက သူအလုပ်လုပ်တဲ့နေရာကို သားတို့ကိုခေါ်သွားမယ်တဲ့”


“ဘာ...’’ 


သူမ ကျိယန်ကို မယုံနိုင်တဲ့ အမူအယာနဲ့ ကြည့်လိုက်တယ်


 “ ယောကျာ်း, ကျွန်မတိုကို ရှင့်အခြေစိုက်စခန်းဆီကို ခေါ်သွားမလိုလား”


ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး


 “ အန်တီလီက မလာနိုင်တော့ဘူး ပြီးတော့ မင်းနဲ့ ရှောင်ကျိုး ကိုဒီအတိုင်းထားရမှာ စိတ်ပူတယ်, ကိုယ့်ရာထူးနဲ့ဆိုရင် စခန်းမှာအိမ်ယာလျောက်ထားလိုရတယ်, ပြီး‌တော့အဲ့မှာ မူကြိုလဲရှိတယ်ဆိုတော့ သား လဲတက်လိုရတယ် ဒါပေမယ့်…”


“ဘာဖြစ်လို့လဲ...’’


ကျိယန် က ထန်ထန် ကို မသေချာစွာကြည့်လိုက်ပြီး


 “ကိုယ်နဲ့အတူလိုက်ဖို မင်းဆန္ဒရှိရဲ့လား... ကိုယ်က နေ့ဘက်ဆို စစ်ရေးလေ့ကျင့်မှုတွေရှိတော့ ရှောင်ကျိုး ကို တစ်ယောက်တည်းထားခဲ့လိုမဖြစ်ဘူး, အဲ့ဒါကြောင့် မင်းလိုက်ဖို့လိုတယ် ပြီးတော့…”


“ ယောကျာ်း, ကျွန်မလိုက်ချင်တာပေါ့..."


 ကျိယန် ဘာမှဆက်မပြောရသေးခင် သူမ ကြားဖြတ်ဖြေလိုက်တယ်။


 ကျိယန် အသံတွေ တိတ်ဆိတ်သွားတယ်လို ခံစားလိုက်ရတယ်။ သူမအလွယ်တကူ သဘောတူလိုက်လိမ့်မယ်လို သူ မထင်ထားမိဘူး။ သူက သူမ သဘောတူလာဖို့ စကားတွေ အများကြီးပြောဖို့လိုမယ် ထင်ခဲ့တာ။ သူမနဲ့ပြောဖို့ အကြောင်းပြချက်တွေတောင် တန်းစီလုပ်ထားရတာကို အဆုံးမှာတော့ သူအဲ့လိုလုပ်ဖို မလိုတော့ဘူးပဲ။ 


“အမ်း...” 


ကျိယန် တုံပြန်လိုက်တယ်။


“ဒါဆို, သားတို့ ဘယ်အချိန်သွားကြမှာလဲ ဒယ်ဒီ...’’


 ရှောင်ကျိုး က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။ အရင်ကဆို သူ့ဒယ်ဒီနဲ့ခွဲမနေချင်ခဲ့ဘူး ဒါပေမယ့် အခုက သူ့ဒယ်ဒီနဲ့သွားရမှာဖြစ်တဲ့အတွက် ဖြစ်နိုင်သမျှမြန်မြန်လေး ထွက်သွားချင်ပြီဖြစ်တယ်။ သူ့ဒယ်ဒီအလုပ်လုပ်တဲ့နေရာမှာ သေနတ်တွေ တင့်ကားတွေရှိတယ်လို သူကြားဖူးတယ်။ အဲ့ကိုသာရောက်သွားရင် သူအားလုံးကိုမြင်ရတော့မှာပေါ့ ဟီး..ဟီး..


“ဒယ်ဒီက သားတို့ကိုခေါ်သွားလိုမရသေးဘူး, သားနဲ့သားမာမီကိုမခေါ်ခင် အရင်ပြန်ပြီး လျောက်လွှာတွေတင်ရဦးမယ်, အဲ့ဒါကြောင့် သားနဲ့ သားမာမီက အိမ်မှာ ဒယိဒီလာခေါ်တာကိုစောင့်နေရုံပဲ ဟုတ်ပြီလား...’’


သူ့ဒယ်ဒီနဲ့ ချက်ချင်းလိုက်မသွားနိုင်လို အနည်းငယ်စိတ်ပျက်သွားသော်လဲ သူကညဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် ခေါင်းငြိမ့်လိုက်ကာ


 “ ဟုတ် ဒါဆို ဒယ်ဒီမြန်မြန်ပြန်လာပြီး သားတို့ကိုလာခေါ်ရမယ်နော်”


“အိုကေ, ဒယ်ဒီ အမြန်ဆုံးပြန်လာခဲ့မယ်”


....


သူတို့တစ်မိသားစုလုံး အတူတူနေရတော့မှာကြောင့်ဖြစ်နိုင်တယ်။ အခု  ခဏလေးခွဲရမှာကို အရမ်းကြီးမခံစားကြရပေ။ နောက်တစ်နေ့မှာတော့ ကစားကွင်းသိုသွား၍ စိတ်ကျေနပ်သည်အထိ ကစားခဲ့ကြတယ်။ ဒဏ်ရာရထားတဲ့ သူမတောင်မှ ကစားနည်း တော်တော်များများကို ကစားဖြစ်ခဲ့တယ်။ လူအများကကြည့်ခြင်းကို ခံရသော်လဲ သူတိုအတွဲကတော့ ပျော်ရွှင်ဆဲပဲဖြစ်တယ်။


ညနေမှာတော့, ကျိယန် က သူ့အားလပ်ရက်ကုန်ဆုံးပြီ ဖြစ်တဲ့အတွက် စခန်းသိုပြန်သွားတော့တယ်။ သိုသော်လဲ, သူမျှော်လင့်ထားခဲ့သလို အသေးလေးကမငိုပဲ လက်ကို‌ဝှေ့ယမ်းကာ


 “ဒယ်ဒီ, မြန်မြန်ပြန်လာပြီး သားတို့ကိုခေါ်ဖို မမေ့နဲ့နော်”


သူ ရှောင်ကျိုး ခေါင်းကိုပွတ်လိုက်ရင်း မရယ်ပဲမနေနိုင်တော့ပေ။ သူ ထန်ထန့်ကိုမမေ့အောင်သတိပေးလိုက်တယ်


 “ မင်းတိုနှစ်ယောက်တည်းအိမ်မှာနေရမှာဆိုတော့ တစ်ခုခုဖြစ်လို့ ကိုယ့်ကိုခေါ်လို့မရရင် ကျိုးကျီ နဲ့ ကုကျန်းအန်းကို ဆက်သွယ်လိုက်နော်, သူတို့ကို နှောက်ယှက်မိမှာဆိုပြီးလဲ စိုးရိမ်မနေနဲ့”


သူမ ခေါင်းငြိမ့်ပြလိုက်တယ်။


“ အပြင်သွားရင်လဲ သတိထားသွားဦး, ကြုံရာကားကိုလဲမစီးနဲ့ ပြီးတော့ လူများတဲ့နေရာကိုလဲမသွားနဲ့။ ကလေး ကို တစ်ယောက်တည်း ထိန်းဖို့မလွယ်ဘူး”


“အင်း...!” 


ထန်ထန် ခေါင်းငြိမ့်လိုက်ပြန်တယ်။


 “ပြီးတော့ ကလေး ကို အစာ ထိန်းစားခိုင်းဦး, သူ့ကို ညဘက်တွေမစားစေနဲ့, ရေခဲမုန့်တွေလဲ ပေးမစားနဲ့, မဟုတ်ရင် သူ့ကိုယ်အလေးချိန်တွေ ထပ်တက်လာပြီး အ၀လွန်နိုင်တယ် ပြီးတော့ အဲ့ဒါက ကျန်းမာရေးအတွက် မကောင်းဘူး” 


အဲ့ဒါက သူ ထန်ထန့်ကိုပြောချင်တဲ့ အရေးကြီးဆုံး အချက်ပဲဖြစ်တယ်။ 


သူမ ခေါင်းငြိမ့်လိုက်ပြန်တယ်


 “ အင်းပါ “


ကျိရှောင်ကျိုး က မကျေနပ်တော့ပဲ ကျိယန်ရဲ့ဘောင်းဘီစကို မပျော်ရွှင်တဲ့မျက်နှာထားနဲ့ လှမ်းဆွဲလိုက်ပြီး အထွန့်တက်လိုက်တယ် 


“ ဒယ်ဒီ, သားမ၀ပါဘူး, သားက အရမ်းခန့်ညားနေတာပါ” 


ကျိယန် က လေသံမာနဲ့ ပြန်ပြောလိုက်တယ်


 “ ဒါဆို ဘယ်သူက လူကြီးတစ်ယောက်ကို လဲကျအောင်လုပ်လိုက်တာလဲ...’’


လျှပ်တပြက်အတွင်း ရှောင်ကျိုးလေး က အပြစ်ရှိသလိုခံစားသွားရပြီး ခေါင်းကိုငုံကာ လက်ချောင်းလေးတွေကို အချင်းချင်းပွတ်နေတော့တယ်။


အသေးလေး နှင့် အောင်မြင်စွာဆွေးနွေးပြီးတဲ့နောက် ကျိယန်က လေးထောင့်ဆန်တဲ့ အရာ၀တ္တုတစ်ခုကို ထုတ်ပြီး ထန်ထန် ကိုပေးလိုက်တယ်


 “ ဒါကိုယူထားလိုက်, တစ်ခုခုဖြစ်ရင် ကိုယ့်ကိုဆက်သွယ်လိုက်, ကိုယ့်ဖုန်းနံပါတ်က အဲ့ထဲမှာထည့်ပြီးသား”


သူမ နားမလည်ပဲ အဲ့ဒါကိုယူလိုက်ပြီးမှ မိုဘိုင်းဖုန်းမှန်း သိလိုက်တယ်။


“ ရှင်…ရှင် ကျွန်မအတွက် ဖုန်း၀ယ်ပေးတယ်...”


“ ဖုန်းမရှိရင် အဆင်မပြေဘူးလေ, တစ်ခုခုဖြစ်တာနဲ့ ကိုယ့်ကိုခေါ်လို့ရတယ် ကုကျန်းအန်း နဲ့ တခြားသူဖုန်းနံပါတ်တွေလဲ အဲ့ထဲမှာပါပြီးသား”


“ ကျွန်မ…ကျွန်မ…” 


ထန်ထန် အံ့အားသင့်ပြီး အကူအညီမဲ့နေသလို တပြိုင်တည်းခံစားလိုက်ရတယ်။ သူမဘာပြောရမှန်း မသိဖြစ်နေပြီ။ သူက သူမအပေါ်အရမ်းကောင်းတာပဲ။ သူ့ကိုဘယ်လို ပြန်ပေးဆပ်ရမှန်း သူမ မသိတော့ဘူး။


ကျိယန် က သူမရဲ့စကားကို အထူးတလည်မလိုအပ်တဲ့အတွက် သူ့အထုတ်အပိုးတွေကိုသယ်ပြီး တခါး၀ဆီသို့ ဦးတည်လိုက်တယ်။


ထန်ထန်က သူ့ကိုလှမ်းဆွဲလိုက်ပြီး


 “ ခဏလေး, ခဏလေး, ကျွန်မရှင့်ကို ပေးစရာရှိတယ်”


 ထို့နောက် သူမက မီးဖိုချောင်ထဲ အမြန်သွားပြီးနောက် ဆော့စ်နှစ်ပုလင်းနဲ့ အသားခြောက်ဗူးကြီးကို Ji Yan ဆီ ထိုးပေးလိုက်တယ်။


 “ ဒီမှာ, ထမင်းနဲ့စားဖို့ ဆော့စ်နည်းနည်းလုပ်ထားပေးတယ်, ပုလင်းက အရမ်းကြီးလို့ ရှင်သယ်လို့လွယ်အောင် နှစ်ခုခွဲထည့်ပေးထားတယ်။ ပြီးတော့ အသားခြောက်နည်းနည်းလဲပါတယ်။ ရှင်ဗိုက်ဆာရင် စားလို့ရအောင်လို့။ အဲ့ဒါက အရမ်းဗိုက်မပြည့်ပေမယ့်လဲ အဆာတော့ခံတာပေါ့။ ရှင်စားလို့ကုန်သွားရင် ကျွန်မထပ်လုပ်ပေးမယ်”


“ မင်း…” 


သူမက သူကောင်းကောင်းမစားနိုင်မှာနဲ့ ဗိုက်ဆာနေမှာကို စိုးရိမ်လိမ့်မယ်လို့ ကျိယန် က မမျှော်လင့်ထားမိဘူး။ သူ့အတွက် ဆော့စ်တောင်သီးသန့်လုပ်ပေးထားသေးတယ်။ အတိတ်မှာ သူ့ကိုဒီလို ဘယ်သူမှနားလည်မပေးဖူးတဲ့အတွက် ဘယ်လိုတွေးရမှန်း သူ မသိဘူးဖြစ်နေတယ်။


ကျိယန်ဖော်ပြရခက်တဲ့ ခံစားချက်တစ်ချို့ခံစားလိုက်ရတယ်။ သူက တိတ်ဆိတ်စွာနဲ့ အစားအစာတွေကိုယူလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်တယ်


 “ကျေးဇူးတင်ပါတယ်”


ထန်ထန်ပြုံးလိုက်ပြီး 


“ကျေးဇူးတင်ဖို့မလိုပါဘူး, အဲ့ဒါတွေက ကျွန်မလုပ်သင့်တာပဲ, ကုန်သွားရင်သာ ကျွန်မကိုပြောဖို့သတိရ, ချွေတာစားဖို့လဲ မလိုဘူးနော်”


‘’အိုကေ’’ 


ကျိယန်အစားအစာတွေကို သယ်လိုက်တယ်။ ဒါက သူ့တပ်စုကို ပြန်တဲ့အခါ အစားအစာတွေယူသွားတာ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ 


ထန်ထန် သူမရဲ့အစားအစာတွေကြောင့် ဒီလို ကို့ယို့ကားယားဖြစ်မယ်လို့ မထင်ခဲ့မိဘူး။


....


နောက်တနေ့ တပ်စုမှာတော့...


နေ့လည်စာစားချိန်မှာ ကျိယန် က ဆော့စ်ပုလင်းအသေးလေးကို တခါတည်းယူသွားလိုက်တယ်။ အရိုးသားဆုံးပြောရရင်, တပ် ကန်တင်းက အတော်လေးကောင်းတယ်လို့ သူတွေးခဲ့ဖူးတယ်။ သို့သော်လဲ ထန်ထန် ချက်တာကို ရက်အနည်းငယ် စားပြီးတဲ့နောက် ကန်တင်းက အစားအစာတွေက မျိုချဖို့တောင် ခက်တယ်လို့ ရုတ်တရက်သူတွေးမိသွားတယ်။ ကံကောင်းလို့ပေါ့, သူမက သူ့အတွက် ဒီဆော့စ်တွေထည့်ပေးလိုက်လို့သာပဲ။


သူမရဲ့ ဆော့စ်က မကောင်းပဲမနေဘူးဆိုတာ သူသိပေမယ့်လဲ မြည်းကြည့်ပြီးတဲ့နောက် သူ မအံ့ဩပဲမနေနိုင်တော့ဘူး။ သူ့ရဲ့ အရသာခံဖုလေးတွေက အရမ်းကိုအာရုံခံစားမှုကောင်းနေပြီး စူပါမားကတ်တွေမှာရောင်းတဲ့ ဆော့စ်တွေကတောင် အဲ့ဒါကိုမမီနိုင်ဘူး။ သူက အဲ့ဆောစ့်နဲ့တင် ထမင်းပန်းကန်လုံးကြီး သုံးလုံးစားလိုက်မိတယ်။


တုန်းလီ က သူ့ရဲ့ စားစရာဗန်းကိုကိုင်ရင်း ကျိယန် ဆီကိုလျောက်လာတယ်။ သူက ကျိယန် ရဲ့စားပွဲပေါ်က ဆော့စ်ပုလင်းကိုတွေ့သွားပြီး မေးလိုက်တယ် 


“ လောင်ကျိ မင်းဒါကိုဘယ်ကရတာလဲ ဒါဘာဆော့စ်လဲ ဘာလို့ တံဆိပ်မပါတာလဲ...’’


သူကပြောရင်းနဲ့ တူကိုဆော့စ်ပုလင်းထဲနှစ်လိုက်ပြီး မြည်းကြည့်လိုက်တယ်


“ဘုရားရေ, ဒီဆော့စ်က ကောင်းလှချေလား, မင်းဒါကိုဘယ်ကရတာလဲ လောင်ကျိ ... ‘’


 တုန်းလီ က စိတ်လှုပ်ရှားစွာနဲ့  သူ့ကိုယ်သူမထိန်းနိုင်ပဲ ချက်ချင်းထပ်ယူဖို့ပြင်လိုက်တယ်။


တုန်းလီ က ပုလင်းထဲသိပ်မကျန်တော့တဲ့အထိ ယူသွားတာကိုကြည့်ရင်း ကျိယန် ချက်ချင်းပြန်ဆွဲယူလိုက်ကာ


 “ အကုန်မစားပစ်နဲ့”


တုန်းလီ  မျက်တောင်ခတ်လိုက်ပြီး


 “ ကပ်စေးနည်းမနေပါနဲ့ကွာ, ဆော့စ်နည်းနည်းလေးတောင် ငါ့ကိုမပေးချင်ဘူးလား ပြန်ပေးဦး, ဒီဆော့စ်က တော်တော်စားကောင်းတာကွ’’


ကပ်စေးနည်းတယ်လို့ အပြောခံလိုက်ရပေမယ့် သူကစိတ်မ၀င်စားပေ။ သူ့ဘာသာတောင် မလောက်တဲ့တာ သူများနဲ့ခွဲစားဖို့တော့ မဖြစ်နိုင်ဘူးလေ။


သူတို့နှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် တတိယအဖွဲ့ ကပ္ပတိန်က ကြားသွားပြီး သူ့ရဲ့စားစရာထည့်တဲ့ဗန်းနဲ့အတူ လျောက်လာရင်းမေးလိုက်တယ် 


“ ဘာတွေလုပ်နေကြတာလဲ...’’


တုန်းလီ က ကျိယန် ကိုညွှန်ပြရင်း တိုင်လိုက်တယ်


 “ လောင်ကျိပေါ့ အရမ်းအရသာရှိတဲ့ ဆော့စ်ကို ဘယ်ကရလဲမသိဘူး, အဲ့ဒါကို အရမ်းကပ်စေးနည်းနေပြီး ခွဲမပေးချင်ဘူးလုပ်နေတယ်လေ”


ကျန်းချန်း က ကျိယန် လက်ထဲမှ ပုလင်းကိုလှမ်းကြည့်လိုက်ပြီး သူလဲမြည်းကြည့်ချင်သွားတဲ့အတွက်


 “လောင်ကျိ ငါ့ကိုလဲ နည်းနည်းပေး, အဲ့ဆော့စ်က ဘယ်လောက်ကောင်းလဲဆိုတာ ငါလဲမြည်းကြည့်ချင်လို့”


ဆာလောင်နေတဲ့ ဒီဝံပုလွေ နှစ်ကောင်ရဲ့လက်ထဲမှ မလွတ်မြောက်နိုင်မှန်း သိနေတဲ့ ကျိယန်က အကူအညီမဲ့စွာနဲ့ သူ့လက်ထဲက ပုလင်းကိုထုတ်ပေးလိုက်တယ်။ ကိစ္စမရှိပါဘူး သူမှာ နောက်တစ်ပုလင်း ကျန်သေးတာပဲကို။


ကျန်းချန်းက ဆော့စ်ကိုမြည်းကြည့်ပြီးနောက် သူ့မျက်လုံးတွေ အရောင်တောက်ကုန်တယ်။ ထို့နောက် သူခိုးတစ်ယောက်လို့ သူ့ပန်းကန်ထဲသို့ ဆော့စ်တွေကို အမြန်သွန်ထည့်နေတော့တယ်


 “ ဘုရားရေ, ဒါက ဆိုင်ကနေဝယ်လာတာ လုံး၀မဖြစ်နိုင်ဘူး’’


တုန်းလီက စကားပြောရင်းနဲ့ ဆော့စ်ပုလင်းကို လှမ်းယူဖို့ကြိုးစားလိုက်တယ်


 “ လောင်ကျိငါတို့ကို အမှန်အတိုင်းပြော, ဒါကိုဘယ်ကရတာလဲ?’’


ကျိယန် က တည်ငြိမ်စွာနဲ့ဖြေလိုက်တယ်


 “ ရှောင်ကျိုး အမေလုပ်ပေးလိုက်တာ’’


‘’အ…ဟွတ်..ဟွတ်’’


 တုန်းလီ ထမင်းတွေသီးကာ ပြန်ထွက်ကုန်ပြီး ဆို့နင့်နေတယ်။ သူ မယုံနိုင်စွာနဲ့ ချောင်းဆိုးရင်း မေးလိုက်တယ်


 “ မင်းဘာပြောလိုက်တာလဲ... ရှောုကျိား ရဲ့အမေလုပ်ပေးလိုက်တာ ငါ့ကိုနောက်နေတာမဟုတ်လား...‘’


ကျိယန် က သူ့ကို ရှင်းပြဖို့ပျင်းနေတယ်


“အဲ့ဒါအမှန်ပဲလား...’’


တုန်းလီ အံ့ဩလွန်းလို့ စားနေတာရပ်သွားတယ်


 “ လောင်ကျိ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ... ရှောင်ကျိုးရဲ့အမေက ဘယ်လိုချက်ရလဲ သိနေတာလား... သူမ …’’ 


တုန်းလီက 'သူမအရက်ပဲ သောက်တတ်တာ မဟုတ်ဘူးလား' ဆိုတဲ့ မေးခွန်းကို ကျိယန်ရဲ့အကြည့်ကိုမြင်မိပြီးနောက် ပြန်မျိုချလိုက်တယ်။


ကျန်းချန်းက ကျိယန်ရဲ့မိသားစုကိစ္စကို သေချာမသိတဲ့အတွက် အကျယ်ကြီးရယ်လိုက်ကာ


 “ ဒါဆို ခယ်မလေးက တော်တာပေါ့, သူမရဲ့ဟင်းချက်တဲ့စကေးက အရမ်းကောင်းတာပဲ လောင်ကျိမင်းက အရမ်းကံကောင်းတာပဲ, ငါ့လိုမဟုတ်ဘူး, ငါ့မိန်းမဆိုရင် မီးဖိုချောင်ကို ဘယ်တုန်းကမှ ၀င်တာမဟုတ်ဘူးကွ "


ကျိယန်က ပြန်မဖြေဘူး ပြီးတော့ တုန်းလီ ကလဲ ဘာမှမပြောသင့်ဘူးလို့ခံစားမိတယ်။  


 သူတို့ အခန်းဆီသို့ မပြန်ခင်အထိ တုန်းလီသူ့ရဲ့သိချင်စိတ်ကို ထိန်းထားလိုက်တယ်။


သူတို့ ကျိယန်ရဲ့အခန်းထဲ၀င်ပြီးတဲ့နောက်, သူ  တံခါးကိုပိတ်လိုက်ပြီး


 “ လောင်ကျိ တကယ်ပဲ ဘာတွေဖြစ်နေတာလဲကြီးကြီးမားမား တစ်ခုခု ပြောင်းလဲသွားတယ်လို့ ငါခံစားမိနေတယ်’’


ကျိယန် က ရေအနည်းငယ်သောက်ပြီး ပြောလိုက်တယ်။ သူဘာကိုမှ မဖုံးကွယ်ထားပေ 


“ သူမ ကားအက်စီးဒန့်ဖြစ်သွားတယ်, သူမ အတိတ်မေ့သွားပြီး အကုန်ပြောင်းလဲသွားတယ်, သူက ရှောင်ကျိုးကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီးတော့ ငါ့ကိုလဲ…’’ အရမ်းကောင်းတယ်။


‘’တကယ်ကြီးလား...သူမ အတိတ်မေ့သွားတာလား... တီဗီထဲကဇတ်လမ်းတွဲတွေထဲကလိုလား... အဲ့ဒါ လှည့်စားနေတာများလား...’’ 


အဲ့အမျိုးသမီးက ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားတာလဲ ပြီးတော့ ကလေး ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်?


ကျိယန့်ခေါင်းကိုယမ်းလိုက်ပြီး


 “ သူမ အယောင်ဆောင်နေတာမဟုတ်ဘူး, သူမ မှတ်ညဏ်တွေ အကုန်ပျောက်သွားတာ’’


ကျိယန်  က အဲ့လိုပြောနေမှာတော့ သူမ အတိတ်မေ့တာ တကယ်ပဲပေါ့ သူ တစ်ခုခုကို တွေးမိသွားပြီး 


“ တီဗီဇတ်လမ်းတွဲတွေထဲကလို ဖြစ်လာမလားမသိပေမယ့်, သူမက ပြောင်းလဲသွားတာက ကောင်းတဲ့ဘက်ကိုလား’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။


ဘာတွေဖြစ်နေလဲဆိုတာ တုန်းလီ စဉ်းစားလို့မရတော့ဘူး, ဒါပေမယ့် ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားမှတော့ အရမ်းအဆင်ပြေသွားပြီပေါ့။ အနည်းဆုံး ငယ်ငယ်လေးကတည်းက မိခင်မေတ္တာကို လိုချင်နေတဲ့ ရှောင်ကျိုး အတွက် ကောင်းသွားတာပေါ့။


ကျိယန် ရဲ့ပုခုံးကိုပုတ်ပေးလိုက်ပြီး သူ ပြောလိုက်တယ်


 “ အဲ့ဒါသတင်းကောင်းပဲ, ဒီလိုတွေဖြစ်သွားမှာ‌တော့ ကလေး ကို မင်းစိတ်ပူစရာမလိုတော့ဘူးပေါ့, ပြီးတော့ ကလေး လဲ တော်တော်လေးပျော်နေမှာပဲ’’


အသေးလေး ရဲ့ လတ်တလောပျော်ရွှင်နေတာကို သူ့မျက်လုံးထဲ ပြန်မြင်ယောင်လာတယ် ထန်ထန်တစ်ယောက် ကောင်းတဲ့အရာတွေပဲပြောင်းလဲလာတယ်ဆိုတာကို ကျိယန်မငြင်းနိုင်ဘူး။


“ ငါ အိမ်ယာနေထိုင်ခွင့်လျောက်ပြီး သူမနဲ့ ရှောင်ကျိုး ကို ဒီခေါ်လာဖို့ စီစဉ်ထားတယ်’’


“ အာ...’’ 


တုန်းလီနောက်တစ်ကြိမ် အလန့်တကြားဖြစ်သွားတယ်။ အတိတ်တုန်းကဆိုရင် အဲ့လိုလုပ်ဖို့ အကြိမ်များစွာ သူအကြံပေးခဲ့ပေမယ့်လဲ ကျိယန်က သူတို့ကိုခေါ်လာဖို့ စဉ်းတောင်မစဉ်းစားခဲ့ဘူး။ သူ့နှလုံးသားကို ပြောင်းလဲသွားစေတာ ဘာပါလိမ့်?


တုန်းလီက မမေးပေမယ့်လဲ သူ ပြောပြလိုက်တယ်


 “ အန်တီလီအိမ်မှာ ကိစ္စတစ်ချို့ဖြစ်သွားတာကြောင့် ရှောင်ကျိုး ကို ဆက်စောင့်ရှောက်ဖို့မဖြစ်နိုင်တော့ဘူး, သူတို့နှစ်ယောက်တည်း ထားခဲ့ရမှာလဲ ငါစိတ်ပူတယ် ပြီးတော့ သား ကလဲ ဒီကိုလိုက်လာချင်တယ်လေ’’


တုန်းလီ မျက်ခုံးတွေကို တွန့်ချိုးလိုက်မိပြီး နားမလည်စွာနဲ့ မေးလိုက်တယ် 


“ သူမက ရှောင်ကျိုးကို ကောင်းကောင်း စောင့်ရှောက်နိုင်ပါ့မလား မင်းတို့အတူတူနေရင်တောင် ကလေး ကိုစောင့်ရှောက်ဖို့ မင်းမှာအချိန်မှမရှိပဲ”


ကျိယန် က ခဏတိတ်ဆိတ်သွားပြီးနောက်


 “ သူမ လုပ်နိုင်လောက်ပါတယ်”


ကျိယန် ဆုံးဖြတ်ချက်ပြီးမှတော့ သူ့အနေနဲ့ သူ့သူငယ်ချင်း အဆင်ပြေဖို့ပဲဆုတောင်းပေးလိုက်တယ်။


အဲ့အချိန်မှာပဲ တုန်းလီ ရဲ့ စူးရှတဲ့မျက်လုံးတွေက အိတ်ထဲမှ တစ်ခုခုတွေပါလောက်တဲ့ ပုလင်းကြီး နှစ်လုံးကို သတိထားမိသွားတယ်။ နေ့လည်က ဆော့စ်ပုလင်းကို သတိရသွားပြီး သူမျက်လုံးတွေက တောက်ပသွားတယ်။ တုန်းလီက ထို့နေရာသို့ အပြေးသွားလိုက်ပြီး ပုလင်းတွေကို အမြန်ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ တခန်းလုံး မွှေးကြိုင်တဲ့အနံ့တွေနဲ့ ပြည့်နှက်သွားတော့တယ်။


ကျိယန် သူ့ကိုအချိန်မီ မတားလိုက်နိုင်ဘူး။


"ဝါး.., ဆော့စ်တွေ အများကြီးပဲ, ပြီးတော့ အရသာနှစ်မျိုးတောင်မှ, ဝါး..., ဒီမှာ အသားခြောက်တွေလဲပါသေးတယ်ဟ’’


တုန်းလီက အသားခြောက်ကိုထုတ်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်တယ်။ မကြာခင်မှာပဲ အစားအစာများရဲ့ အနိုင်ယူမှုကို ခံယူလိုက်ရတဲ့ သူက 


“ ဒီအသားခြောက်က အရမ်းအရသာရှိတာပဲ, ရှောင်ကျိုးအမေ ဒါကိုလုပ်ပေးလိုက်တာလား...’’


ကျိယန် ကချက်ချင်းခေါင်းငြိမ့်လိုက်ပြီး အဲ့ဒါကိုအမြန်ကာကွယ်ဖို့ ကြိုးစားလိုက်တယ်။


တုန်းလီက သူတစ်ခုခု ကြံစည်နေမှန်းရိပ်မိသွားပြီး ဆော့စ်တစ်ပုလင်းကို အမြန်ဆွဲယူရင်း တခါး၀မှ ပြေးထွက်ဖို့ကြိုးစားလိုက်တယ်


 “ ဒါဆို ရှောင်ကျိုး ရဲ့ အမေက တကယ်ကိုပဲ တော်တဲ့နေရာတွေရှိသေးတာပေါ့, အရင်တုန်းက  ငါသူမကို အထင်လွဲခဲ့မိတာပဲ”


ကျိယန် က ချက်ချင်းအနောက်မှလိုက်သွားပြီး တုန်းလီကို မြေပေါ်သို့လှဲသိပ်လိုက်တယ်။ ထို့နောက် ပုလင်းကို အသာအယာပြန်ယူလိုက်တယ်။


တုန်းလီ မြေကြီးပေါ်တွင်လဲကျနေပြီး သူ့အရိုးတွေကျိုးတော့မလို ခံစားလိုက်ရတယ်


 “ လောင်ကျိ...မင်း ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ, အဲ့ဒါ ဆော့စ်နည်းနည်းလေးပါကွ, အဲ့လောက်လုပ်ဖို့မလိုပါဘူး’’


‘’လိုတယ်...”


 ကျိယန်က  ရိုးရှင်းစွာဖြေလိုက်ပြီး သူက လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုအကုန်လုံးကို လုပ်တဲ့အနေနဲ့ အစားအစာအားလုံးကို သော့ခတ်သိမ်းလိုက်တော့တယ်။


တုန်းလီ ကြည့်နေရင်း အံ့ဩစွာနဲ့


 “ မင်းကဒီလိုမျိုးလို့ ငါမထင်ခဲ့မိဘူး, ကိုယ့်ညီအကို ကို စားစရာအတွက် တိုက်ခိုက်တယ်ဆိုတာ မင်းလူမှဟုတ်သေးရဲ့လား...’’


ကျိယန် က တည်ငြိမ်စွာနဲ့ ဘာမှမကြားသလို ဟန်ဆောင်နေလိုက်တယ်။ နောက်လာမယ့် နေ့ရက်တွေမှာ သူက ဒါတွေကိုမှီခိုရဦးမှာဖြစ်တဲ့အတွက် သူ့ဆီကနေယူခွင့်သာပေးလိုက်ရင် ဒါတွေမရှိပဲ ထမင်းတောင်စားနိုင်တော့မှာ မဟုတ်လောက်တော့ဘူး။


အဆုံးမှာတော့ အစားအစာတွေ ခိုးလို့မရတော့တဲ့အတွက် တုန်းလီက လက်လျော့လိုက်တယ်။ ထို့နောက် သူက ထိုင်ခုံမှာထိုင်လိုက်ပြီး မကျေနပ်စွာနဲ့


 “ကောင်းပြီ, မင်းနိုင်ပါတယ်, မင်းငါ့ကိုဘာမှမပေးမှတော့ ငါစောင့်နေလိုက်ပါတော့မယ်၊ မင်းမိသားစုရောက်လာတဲ့အခါမှ သူတို့ကို ညစာပါတီလုပ်ခိုင်းရမယ် နှဲာင်ကျိုးနဲ့ သူ့အမေရောက်လာတဲ့အထိစောင့်လိုက်ရင် ငါအဲ့ဒါတွေကိုစားလို့ရမှာပဲ’’


ကျိယန်ဘာသံမှမထွက်တော့ပေ။ သူ့စိတ်ထဲမှာတော့ သူမတို့ရောက်လာတဲ့အခါ သူ့အနေနဲ့ လူတစ်ချို့ကိုဖိတ်သင့်ရဲ့လားဆိုတာ ပြန်ဆန်းစစ်နေမိတယ်။ သူတို့တပ်စုထဲမှာဆိုရင် အသစ်ပြောင်းလာတဲ့မိသားစုက အားလုံးနဲ့နွေးထွေးမှုရရှိစေရန် လူတစ်ချို့ကိုဖိတ်ပြီး အိမ်မှာစားစရာတွေကျွေးမွေးတတ်ကြတယ်။ ဒါပေမယ့် သူမ လုပ်ပေးချင်စိတ်ရှိရဲ့ဆိုတာတော့ သူ မသိဘူးဖြစ်နေတယ်။ 


သူမကို အဆင်မပြေဖြစ်သွားစေမလား။