အပိုင်း (၁၉)
Viewers 12k

Part 19


နောက်တစ်နေ့မနက်မှာ လူတိုင်းကအိပ်ယာထ နောက်ကျကြတယ်။ အိမ်ကို စောစောပြန်ဖို့ စီစဉ်ထားပေမယ့်လဲ အောက်ထပ်ရောက်တဲ့အခါမှာ ဆွဲမက်ဖွယ်ကောင်းတဲ့ အနံ့ကပြန့်လွင့်နေတယ်။ 


လူတိုင်းက အမွှေးနံ့နောက်ကိုလိုက်ပြီးတဲ့နောက် ထန်ထန် လုပ်ထားတဲ့ ရွေးချယ်စရာများပြားလှတဲ့ မနက်စာတွေကို အံ့အားသင့်စွာ တွေ့လိုက်ကြတယ်။


 "ဝါး.."


 ထန်ထန် ရှင်က အရမ်းဝိရိယရှိတာပဲ, ကျွန်မသာ ယောကျားလေးဆိုရင် ရှင့်ကိုလက်ထပ်ယူမိမှာ အသေအချာပဲ


" ကျီယွဲ့ က မထိန်းနိုင်တော့ပဲ ထန့်ထန့် ဆီပြေးသွားကာ ဖက်နမ်းဖို့ပြင်လိုက်တယ်။ ကံအားလျော်စွာနဲ့ ကုကျန်းအန်း က အချိန်မီ လှမ်းတားလိုက်တယ်။


 ထန်ထန် က ပြုံးလိုက်ပြီး


 " ရေခဲသေတ္တာထဲမှာ ချက်စရာတွေကျန်နေသေးတာ ကျွန်မတွေ့လိုက်လို့ မနက်စာချက်လိုက်တာပါ , လူတိုင်းမပြန်ခင် စားသွားလို့ရတာပေါ့, အချိန်အကြာကြီးမစားပဲနေရင် ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ" 


"ရှင်က အရမ်းကောင်းတာပဲ, မွ " 


ကျီယွဲ့ က ဆက်မပြောတော့ပဲ စားစရာရှိရာသို့ အပြေးအလွှားသွားလိုက်တယ်။ သူမသာနောက်ကျမယ်ဆိုရင် သူမစားဖို့ ဘာမှကျန်တော့မှာ မဟုတ်မှန်း သိနေတယ်လေ။ မနေ့ညကဆိုရင် သူမရဲ့သိုးသားဟင်းပွဲလေးကို မစားရသေးခင်မှာပဲ အမျိုးသားတွေက အကုန်လုံးကို စားသွားကြတယ်လေ။


 မနက်စာအတွက် ငါးဆန်ပြုတ်, ဖက်ထုတ်ပေါင်း, အရည်ပါတဲ့ပေါက်စီ, ကြက်ဥပြုတ် တွေဖြစ်ပြီး အဲ့ဒါက စစ်မှန်တဲ့တရုတ်မနက်စာပဲဖြစ်တယ်။ 


လူတိုင်းက သူမ လက်ရာကို သိပြီးဖြစ်တဲ့အတွက် ရှောင်ကျိုး ရဲ့အကြံပြုချက်ကိုမလိုတော့ပဲ လျင်မြနိစွာနဲ့ပဲ ဆာလောင်နေတဲ့ ဝံပုလွေတွေလို စားကြတော့တယ်။ 


"မြန်မြန်လေး, မြန်မြန်, မြန်မြန်, ယောက်ျားရေ ကျွန်မကို ကြက်ဥခွံခွာပေးပါ" 


ကျီယွဲ့က အရည်ပါပေါက်စီစားရင်းနဲ့ သူ့ယောကျာ်းကို ညွှန်ကြားချက်တွေပေးနေလေတယ်။ ကုကျန်းအန်းက အကူအညီမဲ့စွာနဲ့ သူ့ဇနီးနဖူးကို ပုတ်လိုက်ပြီး ကျိယန် ဆီသို့ညွှန်ပြကာပြောလိုက်တယ် 


 " ကျိယန် အမျိုးသမီးလုပ်တာတွေကို ကြည့်ပါလား မိန်းမရယ်, သူမဆီက သင်ပါဦးလား"


 "အမ်..." 


ကျီယွဲ့က ကျိယန်ပန်းကန်ထဲကို ကြက်ဥခွာပြီး ထည့်ပေးနေတဲ့ ထန်ထန်ကို သတိထားမိသွားတယ်။


 သူမ မျက်တောင်ခတ်လိုက်ပြီး အကြည့်လွှဲလိုက်ကာ ဆက်စားတော့တယ်။ သူမက ကုကျန်းအန်း ကိုမနှစ်သိမ့်ပေးတဲ့အပြင့် 


" ကျိယန်ကို အားကျမနေနဲ့ ဒါမျိုးကဖြစ်လာမှာ မဟုတ်ဘူး" 


ကုကျန်းအန်း ပြောစရာစကားပျောက်ရှသွားတယ်။ 


ကျိုးကျီ ကပြုံးလိုက်ရင်း ကျီယွဲ့ ကို ကာကွယ်ပေးလိုက်တယ်


 " ထန်ထန် လိုလူမျိုးက မျိုးသုန်းကုန်ပြီ, နောက်ဆုံးကျန်တဲ့ တစ်ယောက်ကို ကျိယန် က လက်ဦးသွားပြီဆိုတော့ ငါတို့အတွက် အခွင့်အရေးမရှိတော့ဘူး " 


ကျိုးကျီ အကျင့်ပျက်ပြီး အရှက်မရှိတဲ့ အမျိုးသမီး တစ်ယောက်အကြောင်းကို တွေးလိုက်မိတယ်။ သူက အကူအညီမဲ့စွာနဲ့ခေါင်းခါလိုက်ပြီး ဘယ်သူမှ ကျိယန်လောက်ကံမကောင်းပါဘူး။


မနက်စာစားပြီးတဲ့နောက် လူတိုင်းကအိမ်ပြန်ဖို့ ပြင်ကြတော့တယ်။ အားလုံးကအလုပ်များတဲ့သူတွေမို့လို့ အားလပ်ရက်ကို ရက်အများကြီးမရကြဘူး။


အသေးလေးက ပြီးခဲ့တဲ့နှစ်ရက်အတွက် အရမ်းကိုကျေနပ်နေတယ်။ သူက ကစားရရုံတင်မကပဲ သူ့မာမီရော ဒယ်ဒီပါ နှစ်ယောက်လုံး သူ့ဘေးနားမှာရှိခဲ့တယ်လေ။ အဲ့ဒါက အရေးအကြီးဆုံ အပိုင်းပဲပေါ့။ သူအနေနဲ့ တခြားကလေးတွေကို မနာလို့ဖို့ မလိုတော့ဘူး။


“ မာမီ, ပျော်လားဟင်...” 


သူ ..ထန်ထန် ရင်ခွင်ထဲမှနေ၍ မေးလိုက်တယ်။


ထန်ထန် ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်


 “ ပျော်တာပေါ့, မာမီ အရမ်းပျော်တာပဲ”


 သူမက အမှန်အတိုင်းပြောခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ရက်လုံး သူမ မကစားခဲ့ပေမယ့် တခြားသူတွေ သူမအပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့တယ်လေ။ လူတိုင်းက သူမကို သဘောမကျတာ မရှိတော့ဘူး။ အဲ့ဒါက သူမအတွက် ဒီခရီးမှာ အကြီးမားဆုံးအောင်မြင်မှုပဲ။ 


ဒါအပြင့် ပေါင်ပေါင်ဒယ်ဒီနဲ့လဲ ပိုပြီးနီးကပ်လာတယ်လို့ ခံစားမိတာကြောင့် တိတ်တဆိတ် ၀မ်းသာနေမိတယ်။ 


အမေဖြစ်သူကိုမေးပြီးတဲ့နောက် သူ့ဒယ်ဒီကိုလှည့်မေးလိုက်တယ်....


 “ ဒယ်ဒီရော ပျော်လား...”


ကျိယန် က ပြုံးရင်းနဲ့ ခေါင်းငြိမ့်လိုက်ပြီး


 “ ပျော်တာပေါ့”


“ သားနဲ့ဆော့ရရင် ဒယ်ဒီပျော်မယ်ဆိုတာ သားသိနေတယ်လေ” 


အသေးလေးက ဂုဏ်ယူစွာနဲ့မေးလိုက်တယ်


 “ ဒါဆို မနက်ဖြန်ကော သားနဲ့အတူတူဆော့မှာလား.”


ကျိယန်က  အသေးလေး သူ့ကိုဘာပြောစေချင်လဲဆိုတာကို သိတဲ့အတွက် သူကပဲ စတင်ကာပြောလိုက်တယ်


 “ မနက်ဖြန် သားကို ဒက်ဒီက ကစားကွင်းခေါ်သွားပေးမှာပေါ့”


“ ဟုတ်ပြီကွ..” 


ရှောင်ကျိုး ထန်ထန် ကိုဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်


“ မာမီ, သားတို့ မနက်ဖြန် ကစားကွင်းသွားရတော့မယ်, သားတို့ ပင်လယ်ဓါးပြစီးလို့ရတယ် ရိုလာကိုစတာကောပဲ ပြီးတော့…”


အသေးလေးက စိတ်ထဲမှပေါ်လာတာတွေကို စာရင်းလုပ်ထားတယ်။ အရိုးသားဆုံးပြောရရင် သူတစ်ခါမှ ကစားကွင်းကိုမရောက်ဖူးဘူး။ သူက တခြားကလေးတွေဆီကနေ သူကြားဖူးတဲ့ ကစားကွင်းအကြောင်းကို မှတ်ထားတာပဲဖြစ်တယ်။


ထန်ထန်က အသေးလေးပြောတဲ့အတိုင်း လိုက်လျောညီထွေစွာနဲ့ ခေါင်းငြိမ့်ပြနေတယ်။ သူမက အသေးလေးကို မနက်ဖြန်မှာ ပျော်နေစေချင်တယ်လေ။ ပြီးတော့ အဲ့ဒါက ပေါင်ပေါင့်ဒယ်ဒီရဲ့ နောက်ဆုံးအားလပ်ရက်နေ့လဲဖြစ်တယ်။ သူတို့တွေ ဘယ်အချိန်မှ ပြန်တွေ့မလဲဆိုတာ မသိနိုင်ဘူးလေ။


ကျိယန် ပြန်သွားတော့မယ်လို့ သူမ သတိရသွားပြီးနောက် သူမစိတ်ထဲသူနဲ့ခွဲဖို့ နည်းနည်းဝန်လေးသလို ခံစားလိုက်ရတယ်။ သူက သူ့တပ်ထဲမှာ ကောင်းကောင်းအိပ်ရပါ့မလား, သူကိုယ်သူကော သေချာဂရုစိုက်ပါ့မလားဆိုတာ မသေချာဘူး။ သူတို့တပ်ထဲက စားသောက်ဆိုင်မှာ အရသာကောင်းတဲ့ အစားအစာမရှိလောက်ဘူး။ လေ့ကျင့်ရေးတွေကြောင့် သူကပင်ပန်းနေမယ့်အပြင့် ကောင်းကောင်းသာ မစားရဘူးဆိုရင် သူ့အတွက်ကောင်းမှာမဟုတ်ဘူး။


သူမ ကျိယန် အတွက် တစ်ခုခုလုပ်ပေးသင့်တယ်လို့ ခံစားလိုက်မိတယ်။ ပြန်ရင်ယူသွားဖို့ စားစရာတချို့ဆိုရင်ကော... အနည်းဆုံးတော့ သူကောင်းကောင်းစားဖို့အတွက် သူမအကောင်းဆုံးလုပ်ပေးသင့်တယ်လေ။


အဲ့အချက်ကိုတွေးလိုက်မိပြီး သူမ ကေားမောင်းနေတဲ့ ကျိယန် ကိုပြောလိုက်တယ်


 “ ယောကျာ်း, စူပါမားကတ်ကိုသွားရအောင်, ကျွန်မ ၀ယ်စရာလေးတွေရှိလို့”


သူမပြောတာကို ကျိယန် ကြားတဲ့အခါ သူက စူပါမားကတ်ရဲ့ ကားပါကင်ဆီကို တိုက်ရိုက်မောင်းသွားတော့တယ်။ မိသားစု သုံးယောက်လုံး စူပါမားကတ်ထဲကို ၀င်သွားကြတယ်။ ဒီတစ်ခါတော့ လမ်းလျောက်တဲ့အခါမှာ ကျိယန် က စျေးဝယ်တွန်းလှည်းကို တွန်းပြီး အသေးလေးကတော့ ထန်ထန် ရဲ့ ဘောင်းဘီစကိုဆွဲထားတယ်။ 


ထန်ထန် သူမခြေထောက်ဘေးမှာ လျောက်နေတဲ့အသေးလေးကိုကြည့်လိုက်ပြီး ကျိယန် လက်ကိုဆွဲလိုက်တယ်။


ကျိယန် သူမကိုကြည့်လိုက်ပြီး


 “ ဘာဖြစ်လို့လဲ...’’


သူမ ကျိယန် နားရွက်နားကပ်ပြီး အသေးလေးမကြားအောင် လေသံတိုးလေးနှင့်


 “ ယောကျာ်း ပေါင်ပေါင်ကို တွန်းလှည်းပေါ်မှာ ထိုင်ခိုင်းလိုက်ပါလား, တခြားကလေးတွေအားလုံးလဲ လှည်းပေါ်မှာထိုင်နေကြတယ်လေ, ပုံမှန်ဆို ကျွန်မခြေထောက်ကြောင့် ပေါင်ပေါင်ကိုမတင်နိုင်ဘူး ဒါပေမယ့် ပေါင်ပေါင်က တကယ်ကိုပဲ အဲ့ထဲမှာထိုင်ချင်နေတာ”


ကျိယန် ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပြီးတဲ့နောက် လူအများစုက သူတို့ကလေးတွေကို တွန်းလှည်းပေါ်တွင် ထိုင်နေစေတာကို တွေ့လိုက်ရတယ်။ ပေါက်စီလုံးလေး တစ်ယောက်တည်းသာ သူ့ခြေထောက်တိုတိုလေးတွေနဲ့ လမ်းလျောက်နေတာဖြစ်တယ်။


ကျိယန် ကလေး ကိုချီရန် ခါးညွှတ်လိုက်တယ်


 “ ဘာလုပ်မလို့လဲ ဒယ်ဒီ”


“ ဒယ်ဒီ သားကိုတွန်းလှည်းနဲ့တွန်းပေးမလို့ပေါ့" 


 ကျိယန်ပြောရင်းဖြင့် သူ့ ကို တွန်းလှည်းပေါ်တင်လိုက်တယ်။


အသေးလေး အခြေအနေကို နားလည်သွားပြီး မသိစိတ်ကပြုံးလိုက်မိတယ်။ တခြားသူတွေ သူ့ကိုတွေ့သွားမှာကိုကြောက်ပြီး သူ့ကိုယ်သူ အိနြေဆယ်တဲ့အနေနဲ့ ပြုံးပြီးလက်ကာပြတယ် 


“ အာ, သားက သုံးနှစ်ကလေးမဟုတ်တော့ပါဘူး, သားဒီထဲမှာထိုင်ရင် မကောင်းဘူးလေ”


ကျိယန်နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး... ထန်ထန် ရယ်မောလိုက်မိတော့တယ်။


- - - - - - - - - - - - - - - - - - - - - -


ထန်ထန် အမဲသားနဲ့ ကြက်သားကို ငါးကီလိုစီဝယ်လိုက်တယ်။ အဲ့ဒါက အတော်လေးများတဲ့ပမာဏဖြစ်တယ်။


ကျိယန်နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်


“ အသားတွေ ဘာလို့ဒီလောက်တောင် ၀ယ်တာလဲ... သိမ်းထားတာအရမ်းကြာရင် မကောင်းဘူးလေ”


“ အိုး, ဆော့စ်လုပ်ဖို့လိုသေးတာပဲ”


 သူမက သူ့အတွက် လုပ်ပေးမယ့်အကြောင်းကို မပြောပေ။ သူမ ပြောလိုက်ရင် အဆင်မပြေဖြစ်မှာစိုး၍ မပြောပဲနေဖို့ စီစဉ်ထားလိုက်တယ်။ သူမအားလုံးပြင်ဆင်ပြီးသွားတဲ့ အခါကျရင် ကျိယန် က မယူချင်ဘူးမပြောနိုင်တော့ဘူးလေ။


ကျိယန်ကသိပ်မစဉ်းစားပဲ ခေါင်းငြိမ့်လိုက်တယ်။ 


သူတို့အိမ်ပြန်ရောက်တဲအခါမှာ အချိန်ကစောနေသေးတယ်။ သူမက မီးဖိုချောင်ထဲမှာ ဆော့စ်မလုပ်ခင် သားအဖနှစ်ယောက်အတွက် စားစရာတစ်ချို့ကိုလုပ်ပေးလိုက်တယ်။ သူမက အမဲသားနဲ့ ၀က်သားဆော့စ်ဟင်းကိုချက်ပေးဖို့ စဉ်းစားထားပြီး အဲ့ဒါက ထမင်းမြိန်စေတယ်လေ။ 


သူမက စားလို့မကုန်တဲ့ အမဲသားတွေကို အခြောက်ခံဖို့ စဉ်းစားထားတယ်။ အခြောက်ခံထားတာတွေက အထားခံပြီး အရသာရှိတယ်လေ။ အဲ့ဒါက ဗိုက်ဆာတဲ့အချိန်မှာ စားရင်လဲ ကောင်းတယ်။ သူမရဲ့အထိန်းတော်သင်ပေးထားတဲ့ လျှိုဝှက်နည်းကိုသုံးပြီးပြုလုပ်မှာဖြစ်တယ်။ 


ထန်ထန် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတုန်း ကျိယန်က ကလေး ကိုခေါ်ကာ မီးသီးသွား၀ယ်နေပြီဖြစ်တယ်။ သူတို့ပြန်ရောက်တဲ့အချိန်မှာတော့ ထန်ထန့်ရဲ့အခန်းထဲသို့သွားကာ မီးသီးလဲပေးလိုက်တယ်။ ထို့နောက် သူက တအိမ်လုံးကို စစ်ဆေးပြီး ပြုပြင်ဖို့လိုတဲ့နေရာတွေကို ပြင်ဆင်လိုက်တယ်။


ရှောင်ကျိုးလေးက ကျိယန် နောက်မှ တကောက်ကောက်လိုက်နေပြီး အားလုံး ပြင်ပြီးသွားတဲ့အခါမှာတော့ ရုတ်တရက်ပဲမေးလိုက်တယ်


 “ ဒယ်ဒီ, ဒယ်ဒီပြန်သွားတော့မှာမဟုတ်လား...”


ကျိယန် ကလေးရဲ့ မျက်နှာလေးကိုထိလိုက်ပြီး 


“ ဒယ်ဒီ အားလပ်ရက်က ကုန်သွားပြီလေ, မနက်ဖြန်ညကျရင် ဒယ်ဒီတပ်စုဆီကို ပြန်သွားရတော့မယ်”


ရှောင်ကျိုး ပါးစပ်ကိုစေ့လိုက်ပြီး သူ့ကိုယ်သူမငိုမိအောင် ကြိုးစားနေတယ်။ သူ့ကိုယ်သူ အားတင်းလိုက်ပြီး


 “ ဒယ်ဒီ, အိမ်မှာ သားရှိနေမှာပါ, သားက မာမီကိုစောင့်ရှောက်ထားပါ့မယ်, ဒယ်ဒီစိတ်ပူဖို့မလိုပါဘူး”


ကျိယန်က အသေးလေးကို ချီလိုက်ပြီး နူးညံ့စွာနမ်းလိုက်တယ်


 “ အိုကေ, သားက တော်တဲ့ကလေးဆိုတာ ဒယ်ဒီသိပါတယ်, ဒယ်ဒီ သားကိုယုံတယ်”


ပေါင်ပေ့လေး က သူ့လက်တွေကို ကျိယန်ရဲ့ လည်ပင်းဆီမှာ ဖက်တွယ်ထားပြီး သူ့မျက်နှာလေးကို မြုပ်နေအောင်နှစ်လိုက်တယ်။ သူ့ မျက်လုံးတွေက နီရဲလာပြီး တုန်ရီနေတဲ့အသံလေးနဲ့မေးလိုက်တယ်


 “ ဒါဆို သားဒယ်ဒီကိုလွမ်းလာရင် ဒယ်ဒီ့ဆီကိုလာတွေ့လို့ရလားဟင် ဒယ်ဒီ...’’


ကျိယန်နှလုံးသားနာကျင်သွားရပြီး အချိန်တစ်ခုတိတ်ဆိတ်သွားတယ်။ သူကရုတ်တရက်ပဲ မေးလိုက်တယ်


 “ ရှောင်ကျိုး သား ဒယ်ဒီနဲ့အတူတူလိုက်ပြီးနေချင်လား...အဲ့ဒီမှာ သားမူကြိုတက်ချင်လား...’


ရှောင်ကျိုး ချက်ချင်းပဲ သူ့ခေါင်းကိုမော့လိုက်ကာ 


“ သား သြားလို့ရလားဒက္ဒီ...’’


“ ရတာပေါ့, အဲ့မှာ အဆောက်အအုံ အမြင့်ကြီးတွေမရှိဘူး, ကစားကွင်းလဲမရှိဘူး, စားကောင်းတဲ့အစားအစာတွေလဲမရှိဘူး ပြီးတော့ ကစားဖို့နေရာလဲမရှိဘူး, သားအဲ့ကိုသွားချင်ရဲ့လား....’’


ကျိရှောင်ကျိုး က ဘာမှမတွေးပဲ ချက်ချင်းခေါင်းငြိမ့်ကာ


 “ သားသွားချင်တယ်, သားဒယ်ဒီနဲ့အတူတူနေရမယ်ဆိုရင် သားသွားချင်တယ်, သားကိုခေါ်သွားပါနော်, ဒယ်ဒီ’’


ကျိယန် ကလေးနဖူးကိုနမ်းလိုက်ပြီး သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။


ရှောင်ကျိုး က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ရှိပြီး စိတ်ပူစွာနဲ့မေးလိုက်တယ် 


“ နောက်ပြီး, မာမီကိုကော သားတို့ခေါ်သွားမှာလား သားမာမီနဲ့မခွဲချင်ဘူး, သားတို့ မာမီကိုခေါ်သွားဖို့လိုတယ်, သားတို့ မာမီကို ထားခဲ့လို့မဖြစ်ဘူး...”


“ အိုကေ…” 


ကျိယန် က ရုတ်တရက်ပဲ သူမွေးထားတဲ့၀က်ကို တစ်စုံတစ်ယောက်က ခိုးယူသွားသလို ခံစားလိုက်ရတယ်။ အသေလေးက သူ့မာမီအတွက်ကိုပါ စဉ်းစားပေးတတ်လာတာ ဘယ်လောက်တောင်ကြာနေပါလိမ့်။ အချိန်နည်းနည်းလောက် ကြာလာတဲ့အခါမှာ သူ့ကိုနောက်ဆုံးကိုများ ပို့တော့မလား?


သူ့ဒယ်ဒီက သူ့ကိုပါခေါ်သွားမယ့်အကြောင်းသိပြီးတဲ့နောက် သူ  မတရားပျော်ရွှင်နေတော့တယ်။ သူ ချက်ချင်းပဲ မီးဖိုချောင်ကိုပြေးသွားပြီး ထန့်ထန့် ဆီကို ကျည်ဆံလိုအရှိန်နဲ့ ပြေး၀င်သွားတော့တယ်။


အရိုးစုကဲ့သို့ ဖြစ်နေသော Tang Tang က သူ့အလေးချိန်ကို မထိန်းနိုင်သေးပေ။ သူမရဲ့ခြေထောက်တစ်ဖက်က ဒဏ်ရာကြောင့် ကောင်းကောင်းမရပ်နိုင်တော့ပဲ လဲကျသွားတော့တယ်။ သူမလဲကျတဲ့အချိန်မှာပဲ သူမလက်က မီးဖိုနဲ့တိုက်မိသွားပြီး အဲ့ဒါကအရမ်းနာတာပဲ ပြီးတော့ သူမဘာသာ မတ်တတ်မရပ်နိုင်တော့ဘူးဖြစ်နေတယ်။


အသေးလေးက ကြောက်လန့်သွားပြီး သူအမှားလုပ်လိုက်မိတယ်ဆိုတာကို သိသွားတယ်။ သူက ထန်ထန့်ကို မတ်တတ်ရပ်နိုင်ရန် ကူညီဖို့ကြိုးစားသော်လဲ သူကအရမ်းသေးငယ်နေတဲ့အတွက် ချက်ချင်းပဲ ကျိယန်ကိုအော်ခေါ်လိုက်တော့တယ်။


ကျိယန် ပြေး၀င်လာပြီး သူမကို မချီခင် မီးဖိုချောင်ကို ကြည့်လိုက်တယ် ထို့နောက် သူမကို ဧည့်ခန်းထဲက ဆိုဖာပေါ်သို့ ခေါ်သွားတော့တယ်


 “ ဘာဖြစ်သွားတာလဲ... ဘယ်နေရာ နာသွားသေးလဲ...’’


သူမရဲ့နာကျင်မှုကို ဖုံးကွယ်လိုက်ရင်း ထန်ထန်ခေါင်းခါပြလိုက်တယ်


 “ ဘာမှမဖြစ်ပါဘူး, ကျွန်မလက်က တစ်ခုခုနဲ့တိုက်မိလိုက်လို့ပါ, ပြီးတော့ ကျွန်မခြေထောက်က ရုတ်တရက် အားလျော့သွားလို့ပါ”


ကျိယန် သူမ လက်မောင်းနဲ့ အရိုးကို စစ်ဆေးလိုက်တယ်။ အရိုးတွေက ဘာမှမဖြစ်သော်လဲ တစ်သျှူးတွေကတော့ ထိခိုက်သွားတဲ့အတွက် နောက်ကျရင် ယောင်လာနိုင်ခြေရှိတယ်။သူ ထန်ထန့် လက်မောင်းပေါ်ကို ဆေးတချို့လိမ်းပေးလိုက်တယ်။


ရှောင်ကျိုး က အပြစ်ရှိသလို ခံစားနေပြီး မျက်ရည်တွေနဲ့တောင်းပန်နေတယ်


 “ သားတောင်းပန်ပါတယ် မာမီ, သားမှားသွားပါတယ်, မာမီ့ဆီကို အရှိန်နဲ့ပြေးမလာသင့်ပါဘူး”


 ပုံမှန်ဆိုရင် သူက အဲ့လိုပြေးဖက်တာမျိုးကို ကျိယန် နဲ့တွေ့တိုင်းလုပ်နေကျဖြစ်ပြီး ကျိယန်က အမြဲတမ်းဖမ်းနိုင်ခဲ့တာဖြစ်တယ်။ သူက သူ့ဒယ်ဒီနဲ့မာမီ တို့ရဲ့ ခွန်အားကွာခြားပုံကို မေ့သွားခဲ့တာဖြစ်တယ်။


ထန်ထန် သူ့မျက်ရည်တွေကို သုတ်ပေးလိုက်ပြီးနှစ်သိမ့်လိုက်တယ်


 “ အဆင်ပြေပါတယ်, မာမီဘာမှမဖြစ်ပါဘူး, စိတ်မပူပါနဲ့”


“ ဒါဆို သားမာမီကို မှုတ်ပေးမယ်နော်, မှုတ်ပေးလိုက်ရင် နာမှာမဟုတ်တော့ဘူး”


 သူ ထန်ထန့် လက်မောင်းကိုဆွဲယူကာ မှုတ်ပေးနေတော့တယ်။


ကျိယန် ထန်ထန့်ကိုကြည့်လိုက်မိတယ်။ သူမက တကယ်ကိုပဲ အရိုးစုပမာဖြစ်နေတယ်။ သူမက လေကြမ်းတိုက်ရင်တောင် လဲကျမယ့်ပုံစံဖြစ်နေပြီး သူမခန္ဓကိုယ်က ရှောင်ကျိုးရဲ့အင်အားကို တောင်မခံနိုင်တာ အသေအချာပဲဖြစ်တယ်။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခါမှာတော့ ဘာမှမဖြစ်သွားခဲ့ဘူး, ဒါပေမယ့် တကယ်လို့များ လှေကားဖြစ်ဖြစ် တခြားအန္တရာယ်ရှိတဲ့ နေရာတစ်ခုခုမှာဆိုရင် ဘယ်လိုလုပ်မလဲ။ 


ဒါကြောင့် ကျိယန်က ရှောင်ကျိုးကို သင်ခန်းစာပေးတဲ့အနေနဲ့ပြောလိုက်တယ်


 “ နောက်တစ်ခါဆိုရင် မာမီဆီကို အားနဲ့ပြေးမဖက်ရဘူး, မာမီက အရမ်းပိန်တော့ သားကိုဖမ်းနိုင်မှာမဟုတ်ဘူး, သားဒါကို မှတ်ထားဖို့လိုတယ်...ရှောုကျိုး... ’’


အသေးလေး က့ခေါင်းကိုငုံ့လိုက်ပြီး တီတိုးရေရွတ်လိုက်တယ်


 “ သားသိပါပြီ , သားက အရမ်းဝြပီးတော့ မာမီက သားကိုမဖမ်းနိုင်ပါဘူး”


‘ဒါဆို သူ၀တာတော့ သူသိတယ်ပေါ့လေ’


 ကျိယန် အကူအညီမဲ့စွာနဲ့ တွေးလိုက်မိတယ်။