Ch 5
Viewers 913

👶အခန်း ၅



အဘွားကြီးဝမ်က ကျိုးကျင့်ကို ဇနီးသည်အား ရိုက်နှက်ရန် ထပ်မံ အမိန့်ပေးနေသည်ကို ကြားရသောအခါ ရှန်မော့တစ်ယောက် ယနေ့ အရိုက်ခံရတော့မည်ဟု အားလုံးက တွေးလိုက်ကြသည်။ ကျိုးကျင့်၏ ယခင်က အကျင့်စရိုက်အရ အဘွားကြီးဝမ် ခိုင်းသမျှကို သေချာပေါက် လုပ်မည်သာ ဖြစ်၏။


မကြာမီ လူအုပ်ထဲမှ ရှန်မော့အပေါ် သနားသည့်အကြည့်များ၊ အချို့ကလည်း ရယ်ချင်သည့် အကြည့်များဖြင့် တီးတိုးပြောဆိုလာကြသည်။ 

 

ကျိုးကျင့်၏ အသံက ရေခဲကဲ့သို့ အေးစက်နေသည်။ 

 

“ဒီအိမ်ရဲ့ အရှင်သခင်က ဘယ်သူလဲ ဟုတ်လား… အဒေါ်... ခင်ဗျား နေမကောင်းဘူးလား… ဒါက ကျိုးမိသားစုရဲ့ အိမ်ဆိုတာ ထင်ရှားနေတာပဲကို…” 

 

အဘွားကြီးဝမ်က အော်သည်။  

“ဘာကျိုးမိသားစုလဲ… ဒါ ဝမ်မိသားစုအိမ်ပဲ… နင်က ငါ့ဗိုက်ထဲက ထွက်လာတာ…” 

 

ကျိုးကျင့်က ပြန်ပြောသည်။  

“အဒေါ်... ခင်ဗျားစကားတွေက ကျွန်တော့်ကို ဇဝေဇဝါ ဖြစ်စေတယ်… ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာကြောင့်မှန်းမသိဘဲ မိုးရွာပြီး လမ်းချော်နေတာကို ကျွန်တော်က ဇွတ်တရွတ် တောင်ပေါ်တက်ခဲ့မိတယ်… ကံဆိုးစွာနဲ့ပဲ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းကို ထိခိုက်သွားလို့ အရင်က ကိစ္စတော်တော်များများကို ကျွန်တော် မမှတ်မိတော့ဘူး…” 

 

ခေါင်းထိသွားတယ် ဟုတ်လား… ဘာမှမမှတ်မိဘူး ဟုတ်လား… ဒါကြောင့်လည်း အဘွားကြီးဝမ်ကို ဒီလိုပြန်ပြောရဲတာကိုး… ပြီးတော့ ‘ကျိုးမိသားစု’ တဲ့လား… အရင်ကဆိုရင် သူ့ကို တစ်ယောက်ယောက်က ကျိုးကျင့်လို့ ခေါ်လိုက်တာနဲ့ သူက ဒေါသတကြီး ဆဲဆိုတော့တာ… 

 

မူလပိုင်ရှင်က ကျိုးဆိုသည့် မျိုးရိုးကို မည်သည့်အခါကမှ လက်မခံဘဲ ဝမ်မျိုးရိုးကိုသာ အသိအမှတ်ပြုခဲ့သူ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့ကို ဝမ်ကျင့်ဟု ခေါ်လိုက်ပါက သူက ရှန်မော့ ပင်ပင်ပန်းပန်း ရှာထားသည့် ထင်းများကိုပင် ထိုသူ့ထံ ပို့ပေးချင် ပို့ပေးမည့်သူမျိုး ဖြစ်သည်။ 

 

မိုးထဲလေထဲ တောင်ပေါ်တက်ခဲ့သည့် ကိစ္စကိုမူ ဝမ်ရွာက လူတိုင်း ကောင်းကောင်းမှတ်မိကြသည်။ 

 

အဘွားကြီးဝမ်က အသားစားချင်သည်။ အသားတစ်ပေါင်လျှင် ၁၅ ပြား ပေးရသဖြင့် သူမ နှမြောလှသည်။ ထို့ကြောင့် သူမက ကျိုးကျင့်ကို ဖိအားပေးကာ ရှန်မော့ကို တောဝက်လိုက်ခိုင်းရန် ခိုင်းစေခဲ့သည်။ 

 

တောင်ပေါ်မှ တောဝက်များက အလွန်ကြမ်းကြသည်။ လယ်သမားများသာမက အမဲလိုက်ပြီး အသက်မွေးသူများပင်လျှင် တောဝက်နှင့် တိုးလျှင် ရှောင်ကြရသည်သာ ဖြစ်သည်။ အခြား အန္တရာယ်ရှိသော သားရဲများအကြောင်း ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။ 

 

သို့သော် ကျိုးကျင့် (မူလပိုင်ရှင်) က ထိုအချက်ကို ထည့်မတွေးခဲ့ပေ။ အဘွားကြီးဝမ်က သူ့ကို လေသံအေးအေးလေးဖြင့် ပြောလိုက်သည်ကို မြင်ရုံနှင့်တင် သူက ဝမ်းသာအားရ ဖြစ်သွားပြီး ကျန်သည်များကို ဂရုမစိုက်တော့ပေ။ 

 

သူက အိမ်ပြန်လာပြီး ရှန်မော့ကို တောင်ပေါ်တက်ခိုင်းသည်။ ရှန်မော့က သဘောမတူဘဲ မိုးရွာပြီး လမ်းချော်နေခြင်းနှင့် တောဝက်တို့၏ အန္တရာယ်ကို ရှင်းပြခဲ့သည်။ သို့သော် အဘွားကြီးဝမ်၏ မြှောက်ပင့်မှုအောက်တွင် ထိုအခက်အခဲမှန်သမျှက ‘မိဘအပေါ် ဝတ္တရားပျက်ကွက်ခြင်း’ သာ ဖြစ်သွားလေသည်။ 

 

အဘွားကြီးဝမ်က ကျိုးကျင့်သည် ယောက်ျားဖြစ်ပြီး ရှန်မော့က နိမ့်ကျသည့် 'ကောအာ' တစ်ယောက် ဖြစ်သဖြင့် သူမသားနှင့် ညားခြင်းကပင် ကံကောင်းခြင်း ဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် သူမ၏သားက ရှန်မော့၏ အသက်ကို စီရင်ပိုင်ခွင့်ရှိပြီး အာခံခြင်းက ခွင့်မလွှတ်နိုင်သော ကိစ္စဟု သတ်မှတ်ထားသည်။ 

 

အဘွားကြီးဝမ်၏ သွေးထိုးမှုကြောင့် ကျိုးကျင့်သည်လည်း ရှန်မော့ကို အလွန်ကြည့်မရ ဖြစ်လာသည်။ သူမ၏ အကြံပေးချက်အတိုင်း အာဏာပြရန်အတွက် ရှန်မော့ကို မည်သည့်အကြောင်းပြချက်မှမရှိဘဲ တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်၏။ 

 

ကျိုးကျင့်ကမူ ခေါင်းထိခိုက်ထားသဖြင့် ထိုအချက်များကို မေ့သွားသော်လည်း ဝမ်ရွာက လူများကမူ ကောင်းကောင်းသိကြသည်။ ထိုအကြောင်း ပြန်ပြောလာသည့်အခါ ရွာသားများက အဘွားကြီးဝမ်ကို အကြည့်တစ်မျိုးဖြင့် ကြည့်လာကြသည်။ 

 

ကျိုးကျင့်က ဆက်ပြောသည်။  

“အဒေါ်... ခင်ဗျားစကားတွေက ကျွန်တော့်ကို ရှုပ်ထွေးစေတယ်… ခင်ဗျား ယောက်ျားရဲ့ မျိုးရိုးက ဝမ်လို့ ကျွန်တော် ကြားတယ်… ခင်ဗျားကလည်း တစ်ခါပဲ အိမ်ထောင်ကျတာဆိုတော့ ကျိုးမျိုးရိုး ဖြစ်တဲ့ ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားသား ဖြစ်နိုင်မှာလဲ…” 

 

ဤအချက်ကို ပြောလာသည့်အခါ အဘွားကြီးဝမ်က မိမိကိုယ်ကိုယ် အမှန်ဟု ယူဆထားပြီး သားအပေါ် မည်သည့်အကြွေးမှမတင်ရှိဟု ထင်နေသည်။ 

 

သူမက ခါးထောက်ကာ ကျိုးကျင့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောသည်။ 


“နင်က ကြမ္မာဆိုးကောင် မို့လို့ပေါ့… မွေးကတည်းက တစ်မိသားစုလုံးကို ကံဆိုးစေခဲ့တာ… ငါသာ နင့်အသက်ကို မချမ်းသာပေးခဲ့ရင် နင် ဒီလောက် ကြာကြာ နေရမှာ မဟုတ်ဘူး… နင့်ကို သတ်မပစ်ခဲ့တာ ငါ့စိတ်ထားက မွန်မြတ်လွန်းလို့ပဲ… နင်က ကျေးဇူးတင်သင့်တယ်…” 

 

မိဘမေတ္တာကို အတင်းအကျပ် တောင်းဆို၍ မရနိုင်သကဲ့သို့၊ အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ခြင်း သို့မဟုတ် မျိုးရိုးအမည် မပေးခြင်းကလည်း မိဘတို့၏ ဆုံးဖြတ်ချက်ဟု ဆိုနိုင်သည်။ ၁၀ နှစ်သား ကလေးကို နှင်ထုတ်ခြင်းကိုပင် တစ်မျိုးတစ်ဖုံ ခွင့်လွှတ်နိုင်ဦးမည်။ 

 

ဒါပေမဲ့ နှင်ထုတ်ပြီးနောက်ပိုင်းမှာ ဘာဖြစ်ခဲ့လဲ…  

 

လယ်သမားမိသားစုမှ ၁၀ နှစ်သားဆိုသည်က အလုပ်အတော်လုပ်နိုင်ပြီဖြစ်သော်လည်း ကလေးသာ ရှိသေးသည်။


မြေလည်းမရှိ၊ ငွေလည်းမရှိဘဲ မူလကိုယ် ဘယ်လို အသက်ရှင်ခဲ့ရလဲ…  

 

ဟိုနားဒီနား တောင်းရမ်းစားရသည်။ နွေ၌ တောဟင်းရွက်စားပြီး ဆောင်း၌ သစ်မြစ်များကို ဝါးစားခဲ့ရသည်။  

 

ဒါကို မိဘရဲ့ စောင့်ရှောက်မှုလို့ ခေါ်နိုင်ရဲ့လား… 

 

အကယ်၍ ကလေးက ကံဆိုးစေသောကြောင့် ကြောက်မိပါက အနည်းဆုံးအနေဖြင့် စားသောက်စရာနှင့် နေထိုင်မှု အဆင်ပြေအောင် ကူညီပေးသင့်သည်။ အကျိုးရှိချိန်၌ မိဘဟု အခွင့်အရေးယူပြီး၊ တာဝန်ယူရမည့်အချိန်တွင်မူ မျက်နှာလွှဲထားခြင်းမျိုး မလုပ်သင့်ပေ။ 

 

ကျိုးကျင့်က နှာခေါင်းရှုံ့လိုက်သည်။ 

 

“ခင်ဗျားပြောတဲ့ ‘မိသားစုကို ဒုက္ခပေးတဲ့ ကြမ္မာဆိုး’ ဆိုတဲ့ကိစ္စကို ကျွန်တော် နည်းနည်း ကြားဖူးပါတယ် အဒေါ်… ကျွန်တော်က အဲလောက်တောင် ကံဆိုးစေတဲ့သူဆိုရင် ခင်ဗျားတို့ရဲ့ အိမ်ထောင်စုစာရင်းထဲမှာလည်း မပါသင့်သလို၊ အဖေရင်းရဲ့ မျိုးရိုးကိုလည်း မသုံးသင့်ပါဘူး… ဒါကြောင့် ခင်ဗျားတို့ ကံဆိုးမှာ စိုးရိမ်လို့ ကျွန်တော့်ဆီက ဘာပစ္စည်းမှ မယူဖို့ သတိပေးပါရစေ… တကယ်လို့ ယူသွားလို့ ခင်ဗျားတို့ တစ်ခုခုဖြစ်ရင် ဒါ ကျွန်တော့်အပြစ် ဖြစ်နေပါဦးမယ်…” 

 

“နင်... နင်...”  

အဘွားကြီးဝမ်က ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားလေသည်။ 

 

ကျိုးကျင့်က ဆက်ပြောသည်။  

“အဒေါ်တို့ မိသားစု ကောင်းစားဖို့အတွက် ကျွန်တော်တို့ကြားမှာ စည်းခြားထားတာ ပိုကောင်းပါလိမ့်မယ်… အခုကစပြီး ခင်ဗျားတို့ မိသားစုက ခင်ဗျားတို့ပဲ… ကျွန်တော့် မိသားစုက ကျွန်တော်တို့ပဲ… ကျွန်တော်က ကျိုး မျိုးရိုးဖြစ်သလို ကျွန်တော့်ရဲ့ သားစဉ်မြေးဆက်တွေလည်း ကျိုး မျိုးရိုးပဲ ဖြစ်လိမ့်မယ်… ဝမ် မျိုးရိုး ဘယ်တော့မှ မဖြစ်စေရဘူး… ဒါကြောင့် အဒေါ်... ကျွန်တော့်ရဲ့ ကျိုးမိသားစု အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ပြီး ပစ္စည်းတွေ မယူပါနဲ့… ခင်ဗျားက ‘ယူတယ်’ လို့ ပြောပေမဲ့ တည့်တည့်ပြောရရင် ဒါဟာ ‘ခိုးတာ’ ပါပဲ… ခိုးတဲ့သူကိုတော့ အာဏာပိုင်တွေဆီ အပ်ရမှာပဲ… လိုအပ်ရင်တော့ ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် ရုံးတော်အထိ ဆွဲခေါ်သွားဖို့ ဝန်လေးမှာ မဟုတ်ဘူး…” 

 

ကျိုးကျင့်က အဘွားကြီးဝမ်ကို ခြောက်လှန့်သည့် အမူအရာ လုပ်လိုက်သော်လည်း ထိုစဉ်မှာပင် ပြတ်သားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ 

 

“မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ…” 

 

လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြရာ ကျိုးကျင့်၏ ဖခင်ဖြစ်သူ ဝမ်ချန် ရောက်ရှိလာလေသည်။


ကျိုးကျင့်သည် မူလပိုင်ရှင်၏ မိသားစုအပေါ် မည်သည့်အခါမှ အထင်ကြီးလေးစားစိတ် မရှိခဲ့ဖူးရာ ယခုလည်း ခနဲ့တဲ့တဲ့ အပြုံးဖြင့်သာ စိုက်ကြည့်နေလိုက်သည်။ 

 

ဝမ်ချန်က အကျိုးအကြောင်း အကောင်းအဆိုးကို မမေးမြန်းတော့ဘဲ ဒေါသတကြီး ဆဲဆိုလေတော့သည်။  


"မင်းက ကျေးဇူးကန်းတဲ့ကောင်… မိဘကို မရိုသေ၊ အကြင်နာတရားမရှိ၊ မတရားတဲ့ကောင်… မင်း ဒီလောက် အသက်ရှည်နေတာ ခွေးဗိုက်ထဲ ရောက်ဖို့ပဲ ရှိတော့တယ်… မင်းအဒေါ်ကို ကြိုးချည်ပြီး ရုံးတော်ပို့မယ် ဟုတ်လား… မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား…" 

 

ကျိုးကျင့်က ဝမ်ချန်၏ ဆဲဆိုသံများကို လျစ်လျူရှုကာ စကားဖြတ်ပြောလိုက်သည်။  


"ခင်ဗျားကိုယ်တိုင်လည်း သူ့ကို 'ကျွန်တော့်အဒေါ်' လို့ ခေါ်နေတာပဲလေ… ဒီရွာထဲမှာဆိုရင် လူတိုင်းကို ကျွန်တော်က အဒေါ်လို့ပဲ ခေါ်တာပဲလေ… သူနဲ့ တခြားသူတွေ ဘာထူးလို့လဲ…" 

 

"ဩော်... ထူးခြားတာ တစ်ခုတော့ ရှိတာပေါ့… အနည်းဆုံးတော့ တခြားအဒေါ်က ကျွန်တော် အသည်းအသန် ဖျားပြီး အိပ်ရာထဲ လဲနေတဲ့အချိန်မှာ ကျွန်တော့်ဇနီးလေး ပင်ပင်ပန်းပန်း တူးထားတဲ့ တောဟင်းရွက်တောင်းတစ်ဝက်ကိုတော့ ခိုးမသွားကြဘူး… သူတို့က ကျွန်တော့်လို ဝေဒနာသည်ကို အငတ်မထားဘူး… ကျွန်တော့်ဇနီးကိုလည်း ဆာလောင်တာကို အောင့်အည်းဖို့ ရေအေးပဲ သောက်နေရအောင် မလုပ်ကြဘူး… သူတို့က ကျွန်တော် နေကောင်းလားတောင် မမေးဘဲ ရှိသမျှ ဆန်တစ်စေ့မကျန် လာလုမှာ မဟုတ်ဘူးလေ…" 

 

"သားသမီးဆိုတာ မိဘအပေါ် ဝတ္တရားကျေရတာ သဘာဝပဲလို့ မင်း မထင်ဘူးလား…" 

ဝမ်ချန်က ဆိုသည်။ 

 

"လုံးဝ မဟုတ်ဘူး… ခင်ဗျားတို့ တစ်ခုခု လိုချင်ရင်တော့ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ 'အဖေနဲ့ အမေ' လို့ ခေါ်တယ်… အကျိုးအမြတ် မရှိတော့ရင်တော့ 'ဦးလေးနဲ့ အဒေါ်' ဖြစ်သွားရော… ကျွန်တော့်ရဲ့ အသက်ကယ် စားနပ်ရိက္ခာတွေကို လာစားပြီးမှ ဆွေမျိုးသားချင်းအပေါ် မကြင်နာဘူးလို့ လာပြီး အပြစ်မတင်နဲ့…" 

 

ဝမ်ရွာသားများက တဟားဟား ရယ်မောကြရာ ဝမ်ချန်က အရှက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ 

 

"ကျေးဇူးမသိတဲ့ကောင်… ကျေးဇူးကန်းတဲ့ကောင်…" 

 

"မျိုးရိုးဖြတ်တောက်ကြောင်း ကြေညာတုန်းက အဖြူအမည်း သေချာရေးထားပြီးသားလေ… ဆွေမျိုးတော်စပ်မှုနဲ့ ဝတ္တရားမှန်သမျှ အကုန်ဖြတ်တောက်ပြီးပြီ… သေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ကြေးလို့ အဲဒီစာချုပ်ပေါ်မှာ အားလုံး မြင်အောင် ရေးထားတာပဲ… ဦးလေး... အမှားအယွင်း မလုပ်ပါနဲ့… တစ်ခုခု လွဲချော်သွားရင် ကျွန်တော့်အပြစ် ဖြစ်နေဦးမယ်…" 

 

"မင်း... မင်း..."  

ဝမ်ချန်က ဒေါသထွက်လွန်း၍ တုန်ယင်နေတော့သည်။ ဤသားက သူ့ကို ဤကဲ့သို့ တစ်ခါမျှ ပြန်မပြောဝံ့ခဲ့ဖူးပေ။  


"ကောင်းပြီ... ကောင်းပြီ… ဒီနေ့ မင်းပြောတာကို မှတ်ထားလိုက်… ဝမ်မိသားစုရဲ့ တံခါးဝကို မင်း ခြေချရဲရင်တော့ မင်းရဲ့ ခွေးခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်…" 

 

"အဲဒီလိုဆိုရင်လည်း ဦးလေးဝမ်က အဒေါ်ဝမ်ကို ပြန်ပြောပေးလိုက်ပါဦး… ကျွန်တော့်အိမ်ကို နောက်တစ်ခါလာပြီး ပစ္စည်းခိုးရဲရင်တော့ ကျွန်တော် တကယ်ပဲ ရုံးတော်ပို့မှာပါ… ကျွန်တော့်လက်ထဲမှာ အမွေပြတ်စာချုပ် ရှိနေတာမို့ ကျွန်တော်တို့က အခု မိသားစု သီးခြားစီပဲ… နောက်ပြီး ကျွန်တော် ကြားဖူးတာကတော့ အစိုးရအမှုထမ်းတွေက ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဂရုမစိုက်ဘူးတဲ့… ရုံးတော်ရောက်တာနဲ့ အရင်ဆုံး ကြိမ်ဒဏ် အချက်နှစ်ဆယ် အရင်ရိုက်တာတဲ့… ကျွန်တော်ကတော့ လူပျိုလူရွယ်မို့ အချက်နှစ်ဆယ် အရိုက်ခံရရင်တောင် ရက်ပိုင်းလောက် နားပြီး ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ… ဒါပေမဲ့ အဒေါ်ဝမ်ရဲ့ အသက်အရွယ်နဲ့ဆို အဲဒီအချက်နှစ်ဆယ်က အသက်အန္တရာယ် ဖြစ်နိုင်တယ်နော်… 'သူခိုးမ' ဆိုတဲ့ နာမည်ဆိုးနဲ့ သေသွားရလိမ့်မယ်…" 

 

ဝမ်ချန်က ဒေါသထွက်လွန်း၍ စကားပင် မထွက်နိုင်တော့ပေ။ ဆွေမျိုးသံယောဇဉ်ကို လုံးဝဖြတ်တောက်လိုက်သော ကျိုးကျင့်ကိုလည်း မုန်းတီးမိသလို၊ သူ့ကို အကျပ်ရိုက်အောင် လုပ်ခဲ့သော အဘွားကြီးဝမ်ကိုလည်း စိတ်တိုနေမိသည်။ 

 

ဝမ်ချန်၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေသည်။ အဘွားကြီးဝမ်က အလွန်ထိတ်လန့်သွားသဖြင့် စကားတစ်လုံးမှ မဟဝံ့တော့ဘဲ ဝမ်ချန်၏နောက်သို့ အသာတကြည် လိုက်ပါသွားတော့သည်။ 

 

ကျိုးကျင့်သည်လည်း ရှန်မော့၏ တွဲကူမှုဖြင့် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ လူအုပ်ထဲတွင် ရောနှောကာ အခြေအနေ ကြည့်နေသည့် ဝမ်လီက ကျိုးကျင့်၏ လက်ချက်ဖြင့် အဘွားကြီးဝမ်တို့ မိသားစု အရှက်ရသွားသည်ကို မြင်သောအခါ အံ့ဩသွားရသည်။ သူက တိတ်တဆိတ် စဉ်းစားနေမိသော်လည်း ကျိုးကျင့်ကို ထပ်မံ ရန်စရန် မဝံ့တော့ပေ။ ကျိုးကျင့်က သူ၏ မိဘအရင်းများကိုပင် ရုံးတော်ပို့ရဲလျှင် သူ့လိုလူကို လုံးဝ တွန့်ဆုတ်နေမည် မဟုတ်ပေ။ 

 

"ယောက်ဖ... ဒီနေ့တော့ တကယ်ကို ကျေနပ်စရာပဲ… ဝမ်ချန်ရဲ့ မျက်နှာကို မြင်လိုက်လား… မျက်လုံးတွေတောင် ပြူးထွက်တော့မလို့…"


ရှန်လင်းက အားပါးတရ ရယ်မောလိုက်သည်။ မသိမသာပင် ကျိုးကျင့်ကို ခေါ်ဝေါ်သည့် လေသံက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ 

 

ဝမ်ချန်နှင့် ပတ်သက်၍မူ ကျိုးကျင့်က မည်သည့် ကျေးဇူးတရား သို့မဟုတ် ဝတ္တရားမှ မရှိဟု ခံစားရသဖြင့် အားနာနေစရာ မလိုဟု ယူဆထားသည်။


ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျိုးကျင့်က သူ့ကိုယ်သူ အသေအချာ စစ်ဆေးပြီးနောက် ဤခန္ဓာကိုယ်က သူ၏ ခန္ဓာကိုယ်အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မွေးရာပါ အမှတ်အသားများနှင့် မှဲ့များကို သူ မှားစရာ အကြောင်းမရှိပေ။ ရုပ်ချင်းတူသည့်တိုင်အောင် မှဲ့နေရာချင်းပါ တူနိုင်စရာ မရှိပေ။ သူက အဘယ်ကြောင့် ဤနေရာသို့ ရောက်လာပြီး မူလ ကျိုးကျင့်က အဘယ်ကြောင့် ပျောက်ကွယ်သွားသည်ကိုမူ သူ မသိပေ။ 

 

ကျိုးကျင့်က မူလပိုင်ရှင်၏ နေရာကို ယူထားသူဖြစ်သဖြင့် ၎င်း၏ "မိဘအရင်း" များအပေါ် သိတတ်ရိုသေသင့်သည်ဟု ကျိုးကြောင်းဆင်ခြင်နိုင်သော်လည်း၊ ရှန်ညီအစ်ကိုတို့၏ စကားနှင့် အဘွားကြီးဝမ်၏ လုပ်ရပ်များကို ကြည့်ပြီးနောက် သူက ထိုသို့ မလုပ်နိုင်တော့ပေ။


 á€™á€­á€™á€­á€žá€Źá€¸á€Ąá€›á€„်းက သေလုနီးပါး ဖြစ်နေချိန်တွင်ပင် စားသောက်စရာ လာတောင်းကာ အိမ်ထဲရှိ ရှိသမျှ ဆန်ကို လုယူရဲသော မိဘမျိုးအပေါ် သူ စာနာစိတ် မထားနိုင်ပေ။ 

 

ထို့အပြင် မနက်ဖြန်တွင်လည်း စားစရာ လာပို့ရမည်ဟု အမိန့်ပေးခဲ့သေးသည်။ ဤကဲ့သို့သော အပြုအမူမျိုးအပေါ် မူလပိုင်ရှင်အတွက် ကိုယ်စားပြုပြီး သူ မည်သို့မျှ ရိုသေသိတတ်မှုကို မပြနိုင်ပေ။ 


သူ လုံးဝ မလုပ်နိုင်ပေ။


မူလပိုင်ရှင်၏ ဖခင်ဖြစ်သူကလည်း အလားတူပင် ဆိုးရွားလှသည်။ အဘွားကြီးဝမ် အသားစားချင်သောကြောင့် ကျိုးကျင့် တောင်ပေါ်သို့ အမဲလိုက်သွားရာမှ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ရွာသားများက အိမ်သို့ ထမ်းပိုးပြန်ပို့ပေးခဲ့ရသည်။ ထိုအချိန်မှစ၍ မိသားစုတစ်ခုလုံးမှ တစ်ယောက်မျှ လာမကြည့်ခဲ့ကြပေ။ ယနေ့ လမ်းလျှောက်ရန်ပင် အကူအညီလိုနေသော ကျိုးကျင့်ကို တွေ့သည့်တိုင် ဖခင်ဖြစ်သူက ကျန်းမာရေးအကြောင်း တစ်ခွန်းမျှ မမေးမြန်းခဲ့ပေ။ ယင်းအစား ကျိုးကျင့်ကို မြင်ရသည်ကပင် ကံဆိုးစေသည်ဟု ယူဆကာ ဆဲဆိုနေသေးသည်။ 

 

ဤကဲ့သို့သော မိသားစုမျိုးနှင့် ပတ်သက်၍ ကျိုးကျင့် လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော ကျေးဇူးဆပ်နည်းက "သူတို့က ငါ့ကို မထိရင် ငါလည်း မထိဘူး… သူတို့က လာထိရင်တော့ သူတို့ အသက်ကိုတော့ ချမ်းသာပေးမယ်…" ဟူသော မူဝါဒကို ကျင့်သုံးရန်သာ ဖြစ်သည်။ 

 


👶👶👶