Ch 1
Viewers 254

အပိုင်း(၁) 

ချန်ချန်းယဲ့သည် အချိန်ကူးပြောင်းလာခဲ့မှန်း သိလိုက်ရသည်။ 

သို့သော်ငြားလည်း သူမသည် ဒီအခိုက်အတန့်တွင် အံ့ဩနေရန် အချိန်မရှိချေ။

အကြောင်းမှာ သူမ၏ လည်ပင်းကို အဖြူရောင်ပိုးစလေးတစ်ချောင်းက တင်းကြပ်နေအောင် ဆွဲညှစ်ထားပြီး သူမ၏ဦးခေါင်းထဲတွင် သွေးများနှင့် ပြည့်နှက်နေကာ ပေါက်ထွက်တော့မလို ခံစားနေရ၏။ သူမ၏ လျှာကလည်း ထိန်းချုပ်လို့ မရဘဲ သူမ၏ ပါးစပ်ထဲမှ ထွက်နေသည်။ သူမသည် နှာခေါင်းထဲမှ အသက်မရှူနိုင်သဖြင့် အောက်စီဂျင် ပြတ်လပ်နေရာ သူမ၏ နှလုံးသားကလည်း ပရမ်းပတာ တုန်ယင်နေလေသည်။

သူမ၏ ခန္ဓာကိုယ်ကို အရှည်သုံးပေရှိသည့် အဖြူရောင် ပိုးပိတ်စဖြင့် ထုပ်တန်းတစ်ခုပေါ်တွင် တွဲလောင်းချိတ်ထားကာ ပုံမှန်ဆိုလျှင်တော့ ဒါကို ကြိုးဆွဲချသေသည်ဟု ဆိုရမည်။

ဒီအခိုက်အတန့်တွင် သူမ၏ခြေရင်း၌ ရှေးခတ်ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီး တော်တော်များများက သူမကို ဝန်းရံထားကာ ခါးခါးသီးသီး ငိုကြွေးနေကြသော်ငြားလည်း မည်သူကမှလည်း သူမကို လာမကယ်ကြပေ။

သူမသည် အလွန်မှ နာကျင်လွန်းလှသဖြင့် သူမ၏ ခြေထောက်ကို ပရမ်းပတာ ကန်ကျောက်မိလေသည်။

ကံအားလျော်စွာ အဖြူရောင် ပိုးစက အရည်အသွေး ညံ့နေသဖြင့် သူမ၏ ရုန်းကန်မှုအတွင်းတွင် ပြတ်ကျသွားခဲ့သည်။

ချန်ချန်းယဲ့သည် ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားပြီး သူမ၏လည်ပင်းကို အုပ်ထားကာ လတ်လတ်ဆတ်ဆတ်လေကို အငမ်းမရ ရှူသွင်းလိုက်ပြီး အသည်းအသန် ချောင်ဆိုးနေလိုက်သည်။

ဘရိုကိတ်သားဖြင့် ပြုလုပ်ထားသည့် နဂါးဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်။

ချန်ချန်းယဲ့၏လည်ပင်းမှာ နာကျင်မှုကြောင့် ပူလောင်နေသဖြင့် စကားမပြောနိုင်ပေ။

သူမသည် စိတ်ထဲတွင် တင်းကြပ်နေတော့သည်။

 “ဘာလဲ ဟ။ ရှင်က အမေအရင်းဆိုလဲ ကိုယ့်ဟာကိုယ် ကြိုးဆွဲချသတ်သေနေတဲ့ ငါ့ကို ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူးပါဘူး”

ဒီအခိုက်အတန့်တွင် မရေမတွက်နိုင်သည့် ပန်းချီကားချပ်များ၊ ပုံရိပ်များနှင့် အသံများက သူမ၏ စိတ်ထဲတွင် တဖျတ်ဖျတ် ဝင်ရောက်လာကာ သူစိမ်းတစ်ယောက်၏ ဘဝတစ်ခုကို အသက်တစ်ချက် ရှူလိုက်သည့် အတောအတွင်း သူမ၏ ဦးနှောက်ထဲသို့ ဖိသိပ်ထိုးသိပ်နေသယောင်ပင်။ လျှပ်တပြတ်အတွင်း အလွန်မှ မြန်ဆန်လှသည်။

အံ့ဩစရာကောင်းသည်မှာ သူမသည် ထိုအရာများကို အမှန်တကယ် နားလည်နေခြင်းပင်။

ဒီအမျိုးသမီးသည် သူမ၏ အမေအရင်း ဖြစ်နေသည်။ သူမသည် လက်ရှိခန္ဓာကိုယ်၏ အမေအရင်း ဖြစ်သည်။

တခြားသူများက အချိန်ခရီးသွားလာချိန်တွင် သူမကလည်း အချိန်ခရီးသွားလာသည်။

တခြားသူများက သူတို့၏ခန္ဓာကိုယ်ကို မင်းသမီးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး နိုးလာသည့်အချိန်တွင်လည်း အမျိုးသမီး အစေခံများက ၇ယောက်၊ ၈ယောက် ဝန်းရံထားကာ အရသာရှိသည့် အစားအသောက်များကို တည်ခင်းဧည့်ခံပေးနေကြသည်။

သူမကလည်း အချိန်ခရီးသွားလာပြီး မင်းသမီးတစ်ပါး၏ ခန္ဓာကိုယ်ထဲတွင် နေရာယူခဲ့ရသည်။ သူမ နိုးလာသည့် အချိန်တွင်တော့ ကိုယ့်ဟာကိုယ် ကြိုးဆွဲချဖို့ ပြင်ဆင်နေကြပြီး အစေခံအမျိုးသမီး ၇ယောက်၊ ၈ယောက်လောက်က သူမကို ဝန်းရံနေကြသည်တဲ့။

ချန်ချန်းယဲ့သည် သူမ၏စိတ်ထဲက သပွတ်အူလို ရှုပ်ထွေးနေသော မှတ်ဉာဏ်များကို တစ်ခုချင်း ရှင်းထုတ်လိုက်ပြီး သူမသည် မဆုံးနိုင်သည့် စစ်ပွဲများနှင့် သီးခြားပြည်နယ်များနှင့် အုပ်ချုပ်နေသည့် ခေတ်တစ်ခုသို့ ရောက်လာခဲ့မှန်း အကြမ်းဖျဉ်း သဘောပေါက်လိုက်၏။

ဒီခန္ဓာကိုယ်ကလည်း သူမအချိန်ခရီး မသွားလာခင်က သူမ၏ နာမည်နှင့် ဆင်တူပြီး ချန်ချန်းယဲ့ဟု ခေါ်သည့် နာမည်ရှိလေသည်။ သူမ၏ အဖေသည် ကျင်းဝေဟိုဟု ခေါ် ပြီး အင်အားကြီးသည့် နယ်စားမင်းတစ်ယောက်ဖြစ်ကာ သူမကိုယ်တိုင်ကတော့ အလွန်မှကောင်းမွန်သည့် ရာထူးရှိသော မင်းသမီးတစ်ပါးဖြစ်သည်။

ကံဆိုးချင်တော့ ကျင်းဝေဟိုသည် ဆုံးပါးသွားသည်မှာ ကြာခဲ့ပြီ။       

လက်ရှိ ကျင်းပြည်နယ်၏ အုပ်ချုပ်သူမှာ သူမ၏အမြွှာအစ်ကို မင်းသားယွီဖြစ်ကာ ကျင်းယွဲ့ဟိုဟု ဘွဲ့ခံယူထားသည်။

ကံဆိုးချင်တော့ သူကလည်း လွန်ခဲ့သော တစ်နာရီက အဆိပ်ခတ်ခံရပြီး သေဆုံးသွားသည်။ 

ဒီအခိုက်အတန့်တွင် သူမနှင့် အလွန်မှဆင်တူသည့် ပုံသဏ္ဌာန်ရှိသည့် ခန္ဓာကိုယ်က ချန်ချန်းယဲ့၏ ရှေ့တွင် လှဲလျောင်းနေသည်။ ထိုခန္ဓာကိုယ်က လုံးဝအေးစက်သွားသည်တော့ မဟုတ်ချေ။

ကျင်းဝေဟိုတွင် ဇနီးများစွာနှင့် ကိုယ်လုပ်တော်များစွာ ရှိသည်။ ချန်ချန်းယဲ့နှင့် သူမအစ်ကိုတို့၏ အမေဖြစ်သူ ယန်ကျီအပြင် သူ့တွင် ကုန်းဇီကျန့်ဟု အမည်ရသော သားတစ်ယောက်ရှိသည့် လီကျီဆိုသော ကိုယ်လုပ်တော်တစ်ယောက်လည်း ရှိသေးသည်။

လီကျီသည် ကျင်းဝေဟို၏ အချစ်ရဆုံးသူတစ်ယောက် ဖြစ်ကာ မင်းသားကျန့်သည် တစ်ချိန်က အမွေဆက်ခံသူ ရာထူးအတွက် မင်းသားယွီနှင့် အသည်းအသန် ပြိုင်ဆိုင်ခဲ့ရသည်။

နောက်ဆုံးတွင် မင်းသားကျန့်သည် အလွန်မှ ရက်စက်ကြမ်းကြုတ်သဖြင့် ကျင်းဝေဟို၏ အမျက်ထိရှခဲ့ပြီး သူ၏ လက်ဝေခံနယ်မြေ ကျုံးမူသို့ နှင်ထုတ်ခြင်း ခံခဲ့ရသည်။

သိပ်မကြာခင်က အသစ်ဆက်ခံထားသည့် ကျင်းယွဲ့ဟိုသည် သူ့စစ်တပ်ကို ဦးဆောင်ကာ ကျုံးမူကို ဖြတ်သန်းခဲ့သည်။ မင်းသားကျန့်က သူ့ကို မြှောက်ပင့်ပြောဆိုပြီး သူ့ကို ကြိုဆိုဖို့ရန် စားသောက်ပွဲတစ်ခု ကျင်းပခဲ့သည်။ စားသောက်ပွဲတွင် သူက သူ့အစ်ကို ဖြစ်သူကို ချောမောလှပသည့် လူငယ်လေးနှစ်ယောက်ကို ဆက်သခဲ့သည်။

ကျင်းယွဲ့ဟိုသည် သားကောင်ကို မြင်ရသည်ကို အလွန်နှစ်ခြိုက်လှသဖြင့် လူက တစ်ဖက်တစ်ချက်တွင် ထိုလူငယ်လေးနှစ်ယောက်ကို ပွေ့ဖက်ထားသည်။ ထိုနမောနမဲ့နိုင်လှသည့် အခိုက်အတန့်တွင် သူသည် လွမ်ချုံး၏ နူးညံ့လှသည့် လက်အတွင်းမှ အကောင်းစား ယမကာခွက်ကို သောက်ကာ နေရာတွင်ပင် အဆိပ်မိပြီး သေဆုံးခဲ့သည်။

သိုသော်ငြားလည်း အတူလိုက်ပါသွားသည့် စစ်သူကြီးများက အလောင်းကို ပြန်သယ်ယူလာနိုင်ခဲ့သည်။

သို့တိုင် ဒီအခိုက်အတံ့တွင် မင်းသားကျန့်သည် သူ့လူများကို ဦးဆောင်ကာ စခန်းကို ဝန်းရံထားပြီး စားသောက်ပွဲသို့ ကျင်းယွဲ့ဟိုနှင့် အဖော်လိုက်ပါလာသည့် ကိုယ်လုပ်တော်တစ်ယောက်ကို အဝတ်အစားများ ဆွဲချွတ်ကာ သူမ၏ အဝတ်အစားများကို လှံဖျားတွင် ချိတ်ထားပြီး သူမကိုလည်း ရှေ့တန်းတွင် ချည်နှောင်ထားကာ ကျင်းယွဲ့ဟို၏ အမျိုးသမီးဆွေမျိုးများအားလုံးကို ထိုနည်းတူလုပ်ဖို့ ခြိမ်းခြောက်နေလေသည်။

စစ်ဌာနတွင် သခင်ဆုံးရှုံးလိုက်ရသဖြင့် စိတ်ဓာတ်များ ပြိုလဲသွား၏။ သူတို့သည် ခံစစ်ဖြင့် ခုခံနေရပြီး နောက်တန်းခံစစ်သည် ကုန်းဇီကျန့်၏ ထိုးဖောက်ခံရတော့မည့်ဆဲဆဲ ဖြစ်နေသယောင်။

ယန်ကျီမှာ ရွေးချယ်စရာမရှိတော့ဘဲ သူမနှင့် နက်ရှိုင်းသည့် အာဃာတရှိသူ ကိုယ်လုပ်တော်လီ၏ လက်ထဲကျရောက်သွားမှာ၊ သေသည်အထိ အရှက်ကွဲခံရမှာကို ကာကွယ်ဖို့ရန် သူမ၏သားဖြစ်သူ၏ ခန္ဓာကိုယ်ဘေးတွင် ချွေးမနှင့်ကလေးများကို ခေါ်ကာ ကိုယ့်ဟာကိုယ် ကြိုးဆွဲချသတ်သေဖို့ ရွေးချယ်ခဲ့လေသည်။

ချန်ချန်းယဲ့က အချိန်ကူးပြောင်းလာသည့် အချိန်တွင် စိတ်ဓာတ်ပြင်းပြ မာကြောလှသည့် မင်းသမီးက သူမကိုယ်သူမ ကြိုးဆွဲချ သတ်သေခဲ့သည့် အချိန်ဖြစ်သည်။

အခုလေးတင် သတိပြန်ဝင်လာခဲ့သည့် ချန်ချန်းယဲ့မှာ သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ရန် အချိန်မရှိဘဲ ဒီလောကကြီးအကြောင်း နားလည်အောင် လုပ်နေရသည်။

အကြောင်းမှာ သူမ၏အရှေ့တွင် ထိုင်ခုံပေါ်သို့ တက်ပြီး အဖြူရောင်ပိုးစကို ဆွဲနေသည့် ကိုယ်ဝန်သည် အမျိုးသမီး နောက်တစ်ယောက် ရှိနေကာ သူမ၏ နှင်းလိုဖြူဖွေးသည့် လည်ပင်းကို ကြိုးကွင်းထဲသို့ စွပ်နေသောကြောင့်ပင်။

 “မလုပ်နဲ့။ မလုပ်ပါနဲ့”

ချန်ချန်းယဲ့က သူမ၏စကပ်ကို လှမ်းဆွဲလိုက်ပြီး သူမ၏ စိတ်ထဲက ဇာတ်‌ကောင်ဇယားပြထားသည့် မြေပုံကို လှန်လှောကြည့်ရှုကာ ထိုလူ၏ ရာထူးကို ရှာဖွေရလေသည်။

 “ယောက်မတော် မသေပါနဲ့”

ဒီယောက်မသည် သူမ၏ယောက်မအစစ် မဟုတ်သော်လည်း ချန်ချန်းယဲ့သည် ကိုယ်ဝန်သည် အမျိုးသမီးတစ်ယောက်က သူမရှေ့တွင် ကိုယ်ဟာကိုယ် ကြိုးဆွဲချ သတ်သေနေသည်ကို မကြည့်ရက်နိုင်ပေ။ ထို့ကြောင့် သူမက အမှတ်တမဲ့ ထိုအမျိုးသမီး၏ ခြေထောက်ကို ဖမ်းဆွဲထားမိသည်။

ရွှီကျီအမည်ရှိသည့် ယောက်မသည် နူးညံ့သိမ်မွေ့သည့် အလှရှင်လေး ဖြစ်လေသည်။ ဒီအခိုက်အတန့်တွင် သူမသည် မိုးရေထဲက မက်မွန်ပွင့်လေးတစ်ပွင့်လို ငိုကြွေးနေသည်။

 “ယောက်မတော် တကယ်လို့ ကျွန်မသာ ကျန့်မင်းသားလက်ထဲ ရောက်သွားမယ်ဆိုရင် ဘာဖြစ်သွားမယ်ဆိုတာ သိရဲ့လား။ ကျွန်မကို ခင်ပွန်းနောက် လိုက်သွားခွင့်ပြုပါ”

သူတို့သည် ရုန်းကန်နေကြချိန်တွင် တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး လူငယ်တစ်ယောက်က အေးစက်သည့် အငွေ့အသက်တစ်ခုဖြင့် ဝင်ရောက်လာခဲ့သည်။

ဒီလူသည် ချောမောသည့် မျက်နှာသွင်ပြင်ရှိပြီး သိမ်မွေ့ကာ ကျက်သရေရှိလှသည်။ သူသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သွေးများ ပေကျံနေသည့် ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူက အခန်းထဲသို့ ခြေလှမ်းကျဲဖြင့် ဝင်ရောက်လာ၏။

ချန်ချန်းယဲ့က သူမ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေလိုက်ကာ ဒီလူမှာ ကုန်းဇီယွီနှင့်အတူ ကြီးပြင်းခဲ့သည့် အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်သည်။ သူ့မျိုးရိုးနာမည်မှာ ရှောင်ဖြစ်ပြီး သူ့နာမည်က ကျင်ဖြစ်သည်။

ရှောင်ကျင်သည် ဦးညွှတ်နူတ်ဆက်လိုက်ပြီး စိတ်လေးလံ‌နေသည့် မျက်နှာတစ်ခုဖြင့် ပြောလိုက်သည်။

 “ကျွန်တော်တို့ရဲ့ နယ်စားမင်း ဆုံးပါးသွားတဲ့အတွက် စစ်တပ်ကလည်း စိတ်ဓာတ်ကျဆင်းသွားပါတယ်။ ကျွန်တော်တို့တွေ ထပ်ပြီး မတောင့်ခံနိုင်တော့မှာ စိုးရိမ်မိတယ်”

 “ရွှီကျီ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ မင်းရဲ့ဒီသွေးသားလေးကို နယ်စားမင်းကိုယ်စား ကာကွယ်ပေးပါ့မယ်လို့ ကျွန်တော် ကျိန်ဆိုခဲ့ပါတယ်”

ရွှီကျီက မေးလိုက်သည်။

“မယ်တော်နဲ့ ယောက်မတော်တို့ကရော”

ရှောင်ကျင်၏ မျက်နှာသည် ထိုအခိုက်အတန့်တွင် မည်းနက်သွားပြီး သူက ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။

ချန်ချန်းယဲ့၏ အမေ ယန်ကျီက ခေါင်းမော့လာပြီး ရွှီကျီကို လှမ်းဆွဲလိုက်ကာ သူမကို ရှေ့သို့ တွန်းလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

 “ဟုတ်တယ် ဟုတ်တယ် စစ်သူကြီးကျင်၊ ယွီအာမှာ ဒီသွေးသားတစ်ယောက်ပဲ ရှိတာ။ နင်တို့နှစ်ယောက် အတူတူ ကြီးပြင်းလာတဲ့ ဆက်ဆံရေးကို ကျေးဇူးပြုပြီး ထည့်သွင်းစဉ်းစားပေးပြီး သူ့ကို ကာကွယ်ပေးပါ”

ရှောင်ကျင်သည် ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်၏။

 “တွေဝေတာ မရှိဘဲ မီးတောင်ကို ကျော်ပြီး ပင်လယ်ကို ဖြတ်ရပါစေ ကာကွယ်ပေးပါမယ်”

သူသည် ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် ချန်ချန်းယဲ့ကို လှမ်းကြည့်လိုက်ကာ ခါးတွင် ထိုးထားသည့် ဓားတိုတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ထန်းကနဲ မြည်သံနှင့်အတူ ချန်ချန်းယဲ့ရှေ့သို့ ဓားကို ပစ်ထည့်လိုက်သည်။

ချန်ချန်းယဲ့မှာ အသံကြောင့် အလန့်တကြား ဖြစ်သွား၏။

အေးစက်သည့် လေပွေတစ်ချက်က ဖွင့်ထားသည့် တံခါးမှ ဖြတ်ဝင်လာပြီး ခပ်တိုးတိုး တိုက်ခိုက်သံများကို သူနှင့်အတူ သယ်ဆောင်လာသည်။

တံခါးအပြင်ဘက်သည် သွေးသံရဲရဲ မီးတောက်မှိန်မှိန်လေးတစ်ခုဖြင့် ပိန်းပိတ်အောင် မှောင်နေသည့် ညလေးတစ်ည ဖြစ်၏။

ချန်ချန်းယဲ့သည် သူမ၏အရှေ့က သွေးစွန်းနေသည့် ဓားမြှောင်ကို လှမ်းကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူမသည် နောက်ထပ် အချိန်နှင့် နေရာတစ်ခုကို ရောက်ရှိလာပြီး လူ့အသက်က တန်ဖိုးမရှိသည့် စစ်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ခေတ်တစ်ခုသို့ ရောက်လာသည်ကို အမှန်ပင် သဘောပေါက်လိုက်သည်။

ဒီအခိုက်အတန့်၌ သူမတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ ဒီဓားနှင့် ကိုယ့်ဟာကို သတ်သေဖို့ရန် ဖြစ်ပြီး ကျန်တစ်ခုမှာ အပြင်မှ အရှိန်ဖြင့် ဝင်လာသည့် ရက်စက်ကြမ်းကြုတ်သော သူများက သူမကို ဆွဲထုတ်သွားကာ သေတဲ့အထိ နှိပ်စက်မှာကို စောင့်ဆိုင်းဖို့ရန်သာ ဖြစ်သည်။

သူမသည် တစ်ခုကိုမှ မရွေးချယ်လိုပေ။

ချန်ချန်းယဲ့သည် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ ရှောင်ကျင်က ရွှီကျီနှင့်အတူ လှည့်ထွက်သွားတော့မည့် ပြင်လိုက်သည့်အချိန်တွင် သူမက ထရပ်လိုက်ပြီး တိမ်ဝင်နေသည့် အသံဖြင့် လှမ်းအော်လိုက်သည်။

 “ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။ ကျွန်မတို့မှာ နောက်ထပ်နည်းလမ်းတစ်ခု ရှိဦးမှာပါ”

...

ကျင်းယွဲ့ဟို သေဆုံးသည်တွင် မင်းသားကျန့်သည် ထီးနန်းဆက်ခံသူ ဖြစ်လာလိမ့်မည်။ သူသည် အောက်တန်းကျသည့် နည်းလမ်းများဖြင့် သူ့အစ်ကိုကို သတ်ဖြတ်ခဲ့သော်လည်း ဒါသည် ဖြစ်ပျက်သွားပြီးခဲ့သည့် ကိစ္စတစ်ခုဖြစ်ကာ စစ်တပ်ကလည်း ခုခံဖို့ရန် စိတ်ဓာတ်ပျောက်ဆုံးနေခဲ့သည်။

မင်းသားကျန့်သည် ဌာနချုပ်၏ နောက်ဆုံး နောက်တန်းခံတပ်ဆီသို့ သူ့တပ်စုများကို ဦးဆောင်လာခဲ့သည်။ သူက အောင်နိုင်သူဟန်ဖြင့် ကြေညာလိုက်၏။

 “လက်နက်ချတဲ့လူတွေကို အရေးမယူဘဲ အရေးကြီးတဲ့ ရာထူးတွေ ပေးမယ်။ ခုခံတဲ့သူတွေကိုတော့ ငါကိုယ်တော် ထီးနန်းဆက်ခံပြီးသွားရင်တော့ ကွပ်မျက်ရလိမ့်မယ်”

သူသည် စကားပြောနေစဉ်မှာပင် ကျောက်စိမ်းဆံထိုးနှင့် အဖြူရောင်ဝတ်ရုံတစ်ခု ဝတ်ထားသည့် ယောက်ျားတစ်ယောက်သည် အမှောင်ထဲမှ ဖြည်းဖြည်းချင်း ထွက်ကာ တောက်လောင်နေသည့် မီးဖိုကြီးတစ်ခုရှိနေသည့် မြင့်မားသည့် စင်မြင့်ပေါ်သို့ လျှောက်လာသည်။

တဖျတ်ဖျတ် တောက်နေသည့် မီးရောင်က သူ၏ဖြူဖျော့နေသော မျက်နှာကို အလင်းပေးထားသည်။

ပတ်တီးပေါင်းများစွာက သူ့လည်ပင်းကို စည်းထားပြီး သူသည် ခါတိုင်းလိုပင် ခန့်ညားချောမောနေကာ အဆိပ်မိထားသည့် အရိပ်အယောင် လုံးဝမရှိချေ။

မင်းသားကျန့်မှာ အထိတ်တလန့် ဖြစ်သွားပြီး

 “မဟုတ်ဘူး မဖြစ်နိုင်တာ။ သူ သေသွားတာ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာပဲ”

သို့သော်ငြားလည်း သူ့အစ်ကိုဖြစ်သူသည် မြင့်မားသော စင်မြင့်ပေါ် ရပ်နေပြီး ဘာတစ်ခွန်းမှ မပြောဘဲ သူ့ကို အေးစက်စက်ကြည့်နေကာ တစ္ဆေတစ်ကောင်က ငရဲမှ ပြန်လာသည့်အလားပင်။

ရှောင်ကျင်သည် သူ့ဘေးတွင် ရပ်ကာ သူ့ဓားကို ဆွဲထုတ်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။

 “သစ္စာဖောက်ကို ဖမ်းကြ”

ချက်ချင်းဆိုသလိုပင် စိတ်အားက တက်ကြွလာပြီး သတ်ဖြတ်နေသည့် အော်သံများက ကောင်းကင်ကို လှုပ်ခါလိုက်ကာ များပြားသည့် အရေအတွက်ကို လွှမ်းမိုးသွားတော့သည်။ 

..