အပိုင်း (၁၇)
“ အားဖုန်း မင်း ငါ့ကို တကယ်လာတွေ့တယ်နော် ” မော့ချောင်ရှန်းသည် အလွန်မှအံ့ဩသွား၏။ သူက အားဖုန်းကို သူ့အခန်းထဲသို့ ခေါ်လာခဲ့သည်။
အားဖုန်းက သူ့နောက်မှလိုက်လာခဲ့ပြီး ခြေတစ်လှမ်းတိုင်းစီတိုင်းက အလွန်မှ နှေးကွေးစွာ လျှောက်လို့နေသည်။ သူသည် အိမ်ထဲသို့ လျှောက်ဝင်လာပြီး ကုလားထိုင်တစ်ခုဘေးတွင် အသာအယာ ထိုင်ချလိုက်ပြီး သူ၏လှပသည့်မျက်ခုံးများကို မသိမသာ ကျုံ့ထားလိုက်သည်။
မော့ချောင်ရှန်း၏နှလုံးသားက စူးနစ်သွားသလို ခံစားလိုက်ရပြီး သူက သက်ပြင်းချလိုက်ကာ အားဖုန်းအတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။
“ ငါ အဲ့ဒီနေ့တုန်းက ပြန်လာတဲ့အချိန်တုန်းက တံခါးနားမှာ ဝေပေဟိုနဲ့ တွေ့ခဲ့တယ်၊ သူ့ကြည့်ရတာ ငါ့ကို တော်တော်လေး မကျေမနပ် ဖြစ်နေပုံပဲ၊ သူ မင်းအပေါ် ဒေါသပုံချမှာကို အမြဲတမ်း စိုးရိမ်နေခဲ့မိတာ ထင်ထားတဲ့အတိုင်းပဲ။ သူ တကယ်ပဲ လုပ်ခဲ့တယ် ... ”
အားဖုန်းက ကြွေဖြင့်ပြုလုပ်ထားသည့် လက်ဖက်ရည်ပန်းကန်ကို ကိုင်လိုက်ပြီး သူ့လက်ထဲတွင် ပန်းကန်လုံးကို လှည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ “ ငါ တကယ်... သခင်က အခုနောက်ပိုင်း အရမ်းလွန်လာတာ၊ ငါဒါကို ခံနိုင်ရည် မရှိတော့ဘူး ”
သူ၏ကျန်သည့်လက်တစ်ဖက်က သူ့အဝတ်အစားအနားကို တင်းတင်းကိုင်ထားပြီး သူ၏လက်ခုံပေါ်တွင် သွေးကြောများက ထတက်လာလေသည်။ သူသည် ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် သူ့ခေါင်းကိုမော့လိုက်ကာ မော့ချောင်ရှန်းကို ကြည့်လိုက်သည်။ “ အားရှန်း မင်း ငါ့ကို ကူညီနိုင်လား ”
ဘယ်တော့မှ မပြောင်းလဲတတ်သည့် အားဖုန်း၏အေးစက်စက် မျက်နှာထားသည် ပထမဦးဆုံးအကြိမ်အဖြစ် နူးညံ့လာတော့သည်။
“ငါ့ကို ကျင်းယွဲ့ဟိုနဲ့တွေ့ဖို့ အခွင့်အရေးတစ်ခု လုပ်ပေးပါ... သူ ငါ့ကိုလဲ သဘောကျအောင် လုပ်နိုင်မလားဆိုတာ စမ်းကြည့်ချင်တယ် ”
မော့ချောင်ရှန်းသည် ထိုလှပသည့် ဖီးနစ်မျက်ဝန်းတစ်စုံကို အကြာကြီး စိုက်ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးတော့ အကြည့်လွှဲလိုက်လေသည်။
“ အားတော့နာပါတယ်၊ ဒါပေမဲ့ ငါ ဒီကိစ္စကို သခင့်ဆီကနေ ဖုံးကွယ်ထားလို့ မရဘူး၊ သူ့ဆန္ဒနဲ့ ဆန့်ကျင်မဲ့ကိစ္စတွေကိုလဲ ဘာတစ်ခုမှ မလုပ်နိုင်ဘူး ”
ဒါပေမဲ့ ငါ့သခင်က မင်းကို ဝေပေဟိုဆီကနေ ဝယ်ပေးနိုင်မလားဆိုတာကိုတော့ ငါ့သခင်ကို မေးဖို့ အခွင့်အရေး ရှာပေးပါ့မယ်။
ဒါသည် မော့ချောင်ရှန်းအတွက်တော့ အင်မတန်မှ ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်လေသည်။ သူသည် သူ့သခင်ထံမှ ဘာကိစ္စကိုမှ တောင်းဆိုဖို့ရန် အခွင့်အရေးမရှိသလို သူသည် သခင်၏ သဘောတူညီချက်ကို ရနိုင်မည်ဟုလဲ မသေချာသလို ခံစားနေရ၏။
ထို့ကြောင့် သူသည် စကား၏ ဒုတိယတစ်ဝက်ကိုတော့ မပြောလိုက်ချေ။
အားဖုန်းက သူ့ခေါင်းကို ငုံ့ထားလိုက်ကာ တစ်ယောက်ထဲ ရယ်မောလိုက်လေသည်။ “ ကိစ္စမရှိပါဘူးလေ၊ ငါ မင်းကို ဒီအတိုင်း ဖိအားပေးသလို ဖြစ်နေပါပြီ ”
သူက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို လှည့်လိုက်ပြီးပြောလိုက်၏။ “ မင်းမှာ အရက်ရှိလား၊ နှစ်ရက်လောက်နေရင် သခင်က ပြန်တော့မှာ၊ ငါတို့တွေ နောက်တစ်ခါ တွေ့မှာမဟုတ်တော့ဘူး ထင်တယ် ”
“ အေး ခဏစောင့် ”
မော့ချောင်ရှန်းက ကိုယ်ကိုလှည့်လိုက်ပြီး ဗီဒိုထဲက အရက်တစ်အိုးကို ဆွဲထုတ်လာခဲ့သည်။
သူက စားပွဲပေါ်က လက်ဖက်ရည်ခွက်များကို သုံးလိုက်ကာ အားဖုန်းနှင့် ကိုယ်တိုင်အတွက် တစ်ခွက်စီလောက် ထည့်ပေးလိုက်သည်။
နှစ်ယောက်သားက ဘာမှမပြောဘဲ ခွက်ချင်းတိုက်လိုက်၏။
သူတို့တစ်ယောက်ချင်းစီသည် ရင်ထဲတွင် ခါးသက်မှုများဖြင့် အရက်တစ်ပန်းကန်ကို သောက်လိုက်ကြသည်။
အရက်တစ်ခွက်လောက် သောက်လိုက်ပြီးသည့် နောက်မှပင် မော့ချောင်ရှန်းသည် အနည်းငယ် မူးနောက်နောက် ခံစားလိုက်ရသည်။ သူက လက်တစ်ဖက်ဖြင့် စားပွဲပေါ်ထောက် ထားလိုက်ကာ ခေါင်းကိုခါလိုက်ပြီး အားဖုန်းကို တအံ့တဩဖြင့် ကြည့်လိုက်လေသည်။
ထို့နောက်တွင်တော့ သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းသွားတော့သည်။
အားဖုန်းက သူ၏လဲကျသွားသည့် ခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်ပြီး သူ့ကိုတွဲထူပေးကာ အိပ်ရာပေါ်တွင် လှဲချပေးလိုက်သည်။
အားဖုန်းသည် ခုတင်ဘေးတွင် ရပ်နေပြီး ဝမ်းနည်းသည့် မျက်လုံးများဖြင့် သူ့အပေါ်လုံးဝ သတိမထားတတ်သည့် ညီအစ်ကိုကို ကြည့်နေမိသည်။ “ ဝောင်းပန်ပါတယ်၊ ငါ ဒီလိုမလုပ်ဘူးဆိုရင် သေရလိမ့်မယ် ”
သူက အရက်ပုလင်းကို ကောက်ယူလိုက်ကာ ကျန်နေသည့်အရက်များကို ခုတင်ပေါ်တွင် ဖြန်းလိုက်လေသည်။
ချန်ချန်းယဲ့သည် မြစ်ကမ်းကို စုံစမ်းစစ်ဆေး ပြီးသွားသည့်နောက်တွင် အချိန်က မှောင်နေပြီဖြစ်၏။
သူမသည် အိမ်တော်သို့ ပြန်လာသည်နှင့်ချက်ချင်း မော့ချောင်ရှန်းနေထိုင်သည့် ခြံဝန်းအပြင်ဘက်သို့ မနေနိုင်တော့ဘဲ ခိုးထွက်လာခဲ့တော့သည်။
အရှင်က အိမ်ပြန်လာပြီးသည့်နောက်တွင် ထိုအဆင့်နိမ့်ကျွန်ကို နေ့တိုင်းသွားရောက် တွေ့ဆုံလိမ့်မည်ဟူသည့်အချက်က နယ်စားမင်းအိမ်တော်တွင် လူသိရှင်ကြား လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။
အရှင်၏ အချစ်ရဆုံးအမျိုးသားအဖြစ် မော့ချောင်ရှန်းက ရှောင်းရှို့၏နေရာတွင် အစားထိုး ဝင်ရောက်လာသည့် ကောလာဟလကလဲ အစေခံများကြားတွင် ပိုပိုပြီး ပျံ့နှံ့လာခဲ့သည်။
အဲ့ဒီသနားစရာလေးက ဒီနေ့စားရော စားရဲ့လားဆိုတာ သွားကြည့်လိုက်ပါဦးမယ်။ သူ ထပ်ပြီးတော့ အဆာခံနေမလား မသိဘူး။
ချန်ချန်းယဲ့က သူမကိုယ်တိုင်အတွက် ဆင်ခြေတစ်ခု ရှာဖွေလိုက်တော့သည်။
သူမက အခန်းထဲသို့ ခုန်ဝင်လာပြီး သူမကို ကျောပေးထားကာ စားပွဲနားတွင် ထိုင်နေသည့်လူကို အော်ခေါ်လိုက်လေသည်။
“ ရှောင်မော့ …”
ထိုအခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်ကအပြုံးမှာ ရုတ်တရက်ဆိုသလို အေးခဲသွားပြီး သူမ၏ ခြေလှမ်းများကလဲ တုန့်ဆိုင်းသွားတော့သည်။
ဒီကောင်လေးရဲ့အရောင်အဝါက မဟုတ်သေးဘူးပဲ။
ဒါက မိုးပြာရောင်မဟုတ်ဘဲနဲ့ ဝိုင်နီရောင်ဖြစ်နေတာပဲ။ အစတုန်းကတော့ ဒါကအရမ်းကိုလှတဲ့ အရောင်တစ်ခုပါ။ ဒါပေမဲ့ ထူထဲတဲ့ မီးခိုးမှိုင်းရောင်နဲ့ ရောနေပြီးတော့ အသက်မဲ့နေပြီး နောက်ကျိနေတယ်။
“ ဘယ်သူလဲ ” ချန်ချန်းယဲ့က မေးလိုက်သည်။
သူမက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး အနီးအနားက ရဲမက်များကို အချိန်မရွေးခေါ်ဖို့ ပြင်ဆင်ထားလိုက်သည်။
စားပွဲနားက လူက ကိုယ်ကိုလှည့်လာပြီး သူ့လက်ကို ရင်ဘတ်ပေါ်တွင် ယှက်ထားလိုက်ကာ မြေကြီးပေါ်တွင် ဝပ်တွားလိုက်ပြီး အနှိမ့်ချဆုံး ဦးညွှတ်နှုတ်ဆက်ခြင်းကို လုပ်လိုက်လေသည်။
ချန်ချန်းယဲ့က သူ့အပေါ်တွင် အထင်အမြင်တချို့ ရှိခဲ့၏။ သူသည် ဝေပေဟိုဘေးက ကျွန်တစ်ယောက် ဖြစ်နေသည်ကို ဝိုးတဝါး မှတ်မိနေသည်။ ဒီလူက မော့ချောင်ရှန်း၏ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်လောက်သည်။
ချန်ချန်းယဲ့သည် သူ့ကိုယ်ပေါ်တွင် ဆိုးညစ်သည့်ခံစားချက်များကို မတွေ့ရချေ။ ထို့ကြောင့် သူမက အနည်းငယ် စိတ်အေးသလို ခံစားသွားရ၏။
သူမက အခန်းကို ပတ်ကြည့်လိုက်သည့် အချိန်တွင် တည်ငြိမ်နေသည့် မျက်နှာအမူအရာတစ်ခုဖြင့် ခုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက်လေး လဲလျောင်းနေသည့် မော့ချောင်ချန်းကို တွေ့လိုက်ရပြီး သူသည် တစ်ခုခု မှားယွင်းနေသည့်ပုံတော့ မပေါ်ချေ။
“ မင်း ဘယ်သူလဲ၊ ချောင်ရှန်းက ဘာဖြစ်တာလဲ ”
“ အရှင် ကျွန်တော်မျိုးက ဝေပေဟိုရဲ့ ကျွန်တစ်ယောက်ပါ၊ ကျွန်တော်မျိုးရဲ့နာမည်က အားဖုန်းပါ၊ ကျွန်ဝောာ်မျိုးက ချောင်ရှန်းနဲ့ မိတ်ဆွေဟောင်း ဆက်ဆံရေးတချို့ ရှိပါတယ်၊ ကျွန်တော်တို့တွေက ခွဲခွာတော့မှာ မို့လို့ တစ်ခွက် နှစ်ခွက်လောက် ထပ်သောက်ပြီးတော့ မေ့လျော့အောင် လုပ်နေတာပါ၊ ချောင်ရှန်းက အများကြီး မသောက်နိုင်ဘဲနဲ့ ဒီအတိုင်း အိပ်ပျော်သွားတာပါ ”
ချန်ချန်းယဲ့သည် ခုတင်ပေါ်တွင် လဲလျောင်းနေသည့် မော့ချောင်ရှန်းကို စစ်ဈေးဖို့ရန်အတွက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။ သူသည် မူးပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက စိတ်အေးသွား၏။
“ အရှင် ကျေးဇူးပြုပြီးတော့ သူ့ကို အပြစ်မပေးပါနဲ့၊ ဒါတွေအားလုံးက အားဖုန်းရဲ့အမှားပါ ”
အားဖုန်းက သူ့ခေါင်းကို မော့လိုက်ပြီး ချောမောလှပသည့် မျက်နှာလေးကို လှည့်ပြလိုက်သည်။ သူ့မျက်နှာသည် ပန်းဆီရောင်မက်မွန်နှင့် အပြည့်အဝ ချောမောလှပနေပြီး သူ၏မျက်လုံးများကလဲ ဆောင်းတွင်းရေစင်လေးလို ရွှန်းလဲ့နေကာ သူသည် ချန်ချန်းယဲ့ကို ရှက်ရွံ့ရို့ကျိုးစွာ ကြည့်နေပြီး လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။
“ တကယ်လို့ အရှင် စိတ်မရှိဘူးဆိုရင် အားဖုန်းက ချောင်ရှန်းအစား အရှင့်ကို ခစားပေးလို့ရပါတယ် ”
ချန်ချန်းယဲ့သည် ကိုယ်ကို လှည့်လာချိန်တွင် ရှည်လျားသည့်ဆံပင်များက လျော့ရဲနေသည်။ သူ့ဝတ်ရုံက လရောင်အောက်တွင် တစ်ဝက်လောက် ချွတ်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
သူ့ရှည်လျားသည့် ဆံပင်များသည် မသိမသာကောက်နေပြီး ကျက်သရေရှိစွာဖြင့် ဖြန့်ချထားလေသည်။ နှင်းလိုဖြူဖွေးနေသည့် ပတ်တီးတစ်ခုက သူ့ပခုံးပေါ်တွင် စည်းထားသည်။ ပြတင်းပေါက်က လရောင်က သူ၏အသားအရေပေါ်သို့ စောင်းကာဖြာကျနေပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးပေါ်က ခရမ်းရောင် ပွန်းပဲ့ဒဏ်ရာများကို ပြနေလေသည်။ ရင်ဖိုစရာကောင်းပြီး ရက်စက်သည့် အလှတစ်မျိုးဖြစ်နေ၏။
သူ့မျက်ဝန်းများထဲတွင် နှစ်လိုဖွယ် အရိပ်အယောင်တစ်ခု ပါရှိနေကာ သူသည် ချန်ချန်းယဲ့ကို ခပ်ယဲ့ယဲ့လေး ပြုံးပြနေသည်။
ချန်ချန်းယဲ့သည် သူမ၏မျက်လုံးများဖြင့် တပ်အပ်သာ မမြင်နိုင်ခဲ့လျှင် ဒီလူတွင်ဒီလောက် နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်သည့်ပုံစံမျိုး ရှိလိမ့်မည်ဟု အမှန်ပင် စိတ်ကူးထင်ထားလိမ့်မည် မဟုတ်ချေ။ လုံးဝကို မအပ်စပ်လှသည့် ထူးခြား ချောမောသည့်လူတစ်ယောက် ဖြစ်ပေသည်။
သို့သော်ငြားလဲ ချန်ချန်းယဲ့သည် သူမ၏စိတ်ထဲတွင်တော့ အနည်းငယ် မသက်မသာ ခံစားနေရ၏။ သူမသည် ထိုပြုံးနေသည့် မျက်နှာနောက်ကွယ်က နက်ရှိုင်းသည့် ဝမ်းနည်းမှုနှင့် ကိုယ့်ဘာသာ စွန့်လွှတ်လိုက်သည့် ခံစားချက်တစ်ခုကို မြင်နေရသည်။
သူမက သက်ပြင်းချလိုက်ပြီး သူမ၏ဝတ်ရုံကို ချွတ်လိုက်ကာ သူ၏လှပသည့်ခန္ဓာကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။
အားဖုန်းသည် အခိုက်အတန့် မှင်တက်သွားတော့သည်။ သူသည် ထိုမျှလောက် ဆွဲဆောင်မှုရှိအောင် လုပ်နေသည့်အချိန်တွင် ကျရှုံးသည်ဆိုသည်ကား မရှိသလောက်ပင်။
အေးခဲလှသဖြင့် တောင့်တင်းနေသည့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်အပူချိန်တစ်ခု ပါသည့် ဝတ်ရုံတစ်ခု၏ လှမ်းမိုးခံလိုက်ရ၏။ ဖြူဖွေးနေသည့် လက်တစ်စုံက ဆန့်ထွက်လာပြီး သူ့ကော်လံကို တင်းနေအောင် ချည်ထားပေးလိုက်ကာ သူ့ပခုံးကို ပုတ်ပေးလိုက်လေသည်။
သူသည် သတိဝင်လာသည့်အချိန်တွင် ကျင်းယွဲ့ဟိုက ထွက်သွားနှင့်ပြီဖြစ်ကာ သူ မထွက်သွားခင် ပြောခဲ့သည့် စကားလုံးများက အိမ်ထဲတွင် ကြားနေရသေးသည်။
“ ဒီကိစ္စကို လုပ်ဖို့ ကိုယ့်ဖာသာ ဖိအားမပေးပါနဲ့ ”
ချန်ချန်းယဲ့သည် သူ၏ အတွင်းဆောင်သို့ အပြေးပြန်ရောက်လာပြီး သူမ၏ မသိမသာ ပူနွေးနေသည့်မျက်နှာကို ထိကိုင်မိလိုက်၏။
ဘုရားရေ! ဒီရှေးခေတ်က ချောမောလှပတဲ့ ယောက်ျားတွေက ငါ့ရဲ့အရှေ့မှာ သူတို့ရဲ့ အဝတ်အစားတွေကို ချွတ်ပြီးတော့ သူတို့ကိုယ်သူတို့ အတင်းဟိုဟွာပြုဖို့ ဆက်သနေတာတဲ့လေ။ တကယ့်ကို သည်းမခံနိုင်စရာပဲ။
သူမသည် မော့ချောင်ရှန်းကို တစ်ယောက်ထဲ ချန်ထားခဲ့ရသည့်အတွက် အနည်းငယ် စိုးရိမ်နေသေးသည် ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
ထို့ကြောင့် သူမက တိုက်တိုက်ဆိုင်ဆိုင် သူမဆီသို့ လျှောက်လာနေသည့် ရှောင်းရှို့ကို လက်ဝှေ့ယမ်းကာ ခေါ်လိုက်လေသည်။ “ရှောင်းရှို့ ချောင်ရှန်းရဲ့အခန်းထဲမှာ ဝေပေဟိုဆီက လူတစ်ယောက် ရောက်နေတယ်၊ သူ ချောင်ရှန်းကို မူးအောင် လုပ်လိုက်တာ၊ လူတချို့ခေါ်သွားပြီးတော့ သွားစစ်ဆေးကြည့်လိုက်ပါဦး၊ မမျှော်လင့်တာတွေ ဘာတစ်ခုမှ မဖြစ်စေနဲ့နော် ”
...
မော့ချောင်ရှန်းသည် အိပ်မက်ဆိုးတစ်ခု မက်ခဲ့လေသည်။ သူသည် သူ၏ပထမဦးဆုံး ပိုင်ရှင်ဖြစ်သူ ဝူရွှယ်လီဆီသို့ ပြန်ရောက်သွားကာ စာလေ့လာနေ၏။
သူသည် ထိုနေရာတွင် ဒူးထောက်နေပြီး သူ့ရှေ့က ကြမ်းပြင်ပေါ်တွင်လဲ ပွန်းပဲ့နေသည့် မှင်တုံးက ရှိနေလေသည်။ လူအုပ်ကြီးတစ်စုက သူ့ကိုဝန်းရံလာပြီး တစ်ယောက်ချင်းစီက သူ့ကို လက်ညှိုးထိုးကာ တစ်ပြိုင်နက် ပြောနေကြ၏။ “ သူပဲ သူလုပ်ခဲ့တာ ”
မော့ချောင်ရှန်းမှာ ထိတ်လန့်ကြောက်ရွံ့နေသည်။ သူက သူ့သခင်၏အဝတ်အစားကို တင်းနေအောင် ဖမ်းဆွဲထားပြီး ပြောလိုက်သည်။ “ သခင် ကျွန်ဝောာ် မဟုတ်ပါဘူး၊ တကယ် မဟုတ်ပါဘူး ”
ဝူရွှယ်လီ၏ အမူအရာသည် ဆိုးညစ်ကာ ကြောက်မက်ဖွယ်ကောင်းနေ၏။ “ သူ့ဘောင်းဘီကို ချွတ်ပြီးတော့ သူ့ကို ကြိမ်အချက်တစ်ရာ ရိုက်ပြီး သူ့ကို ဆောင်ကြာမြိုင်မှာ သွားရောင်းလိုက်တော့ ”
“ မလုပ်ပါနဲ့ သခင်၊ သခင် ကျွန်တော့်ကို ယုံပေးပါ၊ ကျွန်တော် မဟုတ်ပါဘူး မလုပ်ပါနဲ့ ”
ဝူရွှယ်လီ၏ မျက်နှာသည် ရုတ်တရက်ဆိုသလို ကျင်းယွဲ့ဟို၏ မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ သူသည် ခါတိုင်းလိုပင် သိမ်မွေ့ကာ ဖော်ဖော်ရွေရွေ ရှိလှသည်။ မော့ချောင်ရှန်းသည် စိတ်အေးသွားသလို ခံစားရတော့သည်။
သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ ချောင်ရှန်း အားလုံးက မင်းပါလို့ ပြောနေပြီဆိုမှတော့ ငါ တတ်နိုင်တာ ဘာမှမရှိတော့ဘူး၊ ငါ မင်းကို ရောင်းထုတ်ပစ်ရတော့မယ် ”
မော့ချောင်ရှန်းသည် အလန့်တကြားဖြစ်သွားပြီး ချွေးစေးများ ထွက်လာတော့သည်။ သူသည် အိပ်ရာပေါ်မှ လိမ့်ကျသွားပြီးနောက် အပြင်ဘက်တွင် မိုးလင်းနေသည်ကို တွေ့လိုက်ရလေသည်။
သူသည် မနေ့ညက ဖြစ်သွားသည့်ကိစ္စကို ပြန်စဉ်းစားလိုက်ပြီး သူ့ရင်ထဲတွင် နေရခက်သည့် ခံစားချက်တစ်ခု ဖြစ်သွားကာ ဒါသည် နာကျင်မှုလား ဒေါသလား မသိတော့ချေ။
အဝတ်အစားများကို ဝတ်လိုက်ပြီးနောက် သူက စိုးရိမ်တကြီးဖြင့် သူ့သခင်၏ အတွင်းဆောင်ဆီသို့ လျှောက်လာခဲ့၏။ မနေ့ညက တစ်ခုခုဖြစ်သွားခဲ့ပြီး သူ့သခင်ကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့မိလေသလား မသိခဲ့ချေ။ သူသည် သူ့သခင်ကို မည်သို့မျက်နှာချင်းဆိုင်ရမည်မှန်းမသိ ဖြစ်နေလေ၏။
လမ်းတွင် ရှောင်းရှို့က သူ့ကိုလှမ်းတားလိုက်ပြီး ပြောလိုက်လေသည်။ “ ချောင်ရှန်း မင်း အခုတလော ဝေပေဟိုရဲ့လူတွေနဲ့ အရမ်းတွဲနေတာလား ”
ရှောင်းရှို့က မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။ “ မင်း မနေ့ညတုန်းက မူးပြီးတော့ မင်းရဲ့အခန်းထဲကိုလဲ သူစိမ်းတစ်ယောက်ကို ဝင်ခွင့်ပေးခဲ့တယ်နော်၊ သခင်က နေ့တိုင်း မင်းကို လာရှာလိမ့်မယ်ဆိုတာ မသိလို့လား၊ တော်သေးတာပေါ့ သခင့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိလိုက်လို့ပဲ၊ တကယ်လို့ သခင့်ကို မပျော်မရွှင်ဖြစ်အောင် လုပ်မိတယ်ဆိုရင် မင်းက ဖြစ်လာမဲ့တာဝန်ကို ယူနိုင်မှာတောင် မဟုတ်ဘူး ”
မော့ချောင်ရှန်းသည် သူ့ကိုယ့်သူအတွက် ခုခံဖို့ရန်မရှိတော့သဖြင့် သူ့အမှားကိုသာ ဝန်ခံရတော့သည်။
တိုက်တိုက်ဆိုင်ဆိုင် ကျန်းဖုကလဲ ထိုနေရာမှဖြတ်သွားပြီး အခြေအနေကို ဖျန်ဖြေပေးဖို့ရန်အတွက် ပြုံးပြလိုက်ကာ “ ချောင်ရှန်းက သူ့မိတ်ဆွေဟောင်းတွေကို သတိရတာ သဘာဝပါပဲ၊ ဘာပဲဖြစ်ဖြစ်လေ ဝေပေဟိုကလဲ နောက်နှစ်ရက်နေရင် သူ့ရဲ့ပြည်နယ်ကို ပြန်သွားဝောာ့မှာပဲ ”
နှစ်ယောက်သားက ကျန်းဖု ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ သူတို့သည် ဒူးထောက်ကာ နှုတ်ဆက်လိုက်ကြလေသည်။
ကျန်းဖုကဝောာ့ ငြင်သာစွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ချောင်ရှန်း မင်း မှတ်ထားရမှာက မင်းက သခင့်ရဲ့လူပဲ၊ မင်းက မင်းရဲ့နေရာကို ဂရုစိုက်သင့်တယ်၊ အတိတ်ကလူတွေနဲ့ ဆက်ဆံတာကို လျှော့သင့်တယ်၊ အရာအားလုံးက အရှင့်ရဲ့ ဦးစားပေးကိစ္စတွေအပေါ်ပဲ စဉ်းစားသင့်တယ်၊ မင်း ဒါကို သဘောတူလား ”
မော့ချောင်ရှန်းက မြေကြီးပေါ်တွင် ဝပ်တွားလိုက်ပြီး သူ့အမှားကို ဝန်ခံလေသည်။
ဟုတ်ပါသည်။ နှစ်ရက်ကြာပြီးသည့်နောက်တွင် ဝေပေဟိုနှင့် ချန်ချန်းယဲ့တို့သည် နှုတ်ဆက်စကား ပြောကာ ထွက်ခွာသွားကြတော့မည်။
ချန်ချန်းယဲ့က သူ့ကို လိုက်ပါပို့ဆောင်ပေးရန် သူမ၏အိမ်တော်အတွင်းတွင် ညစာစားပွဲတစ်ခုကို ကျင်းပပေးခဲ့သည်။
ညစာစားပွဲအတွင်းတွင် မော့ချောင်ရှန်းသည် အားဖုန်းနှင့် တစ်ဖန်ပြန်တွေ့ခဲ့၏။
အားဖုန်းနှင့် ရှောင်းရှို့တို့သည် ခန်းမအပြင်ဘက်က အရိပ်ထဲတွင် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
ရှောင်းရှို့က သူ့ကို တွေ့လိုက်သည့်အချိန်တွင် အားဖုန်းက သူ့ကိုအေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွား၏။
“ ချောင်ရှန်း…ချောင်ရှန်း ငါ မင်းကိုရှာနေတာ ”
ရှောင်းရှို့က သူ့ကိုလှမ်းခေါ်လိုက်ပြီး “ ငါ့ကို ဒါလေး သယ်ကူပါဦး၊ ဒီနေ့လယ်စာထမင်းဘူးက အရမ်းလေးလို့ပါ ”
ရှောင်းရှို့သည် သူ့လက်ထဲတွင် အစားအသောက်ဘူးနှစ်ခုကို ကိုင်ထားကာ ညည်းညူလေသည်။
“ လွီယောင်က ဒီနေ့မှပဲ ဖျားနေတာတဲ့၊ မတတ်နိုင်ဘူးလေ၊ မီးဖိုချောင်ထဲမှာလဲ ရှုပ်ထွေးနေတာ၊ ငါတို့တွေမှာ ဟင်းပွဲကို တည်ခင်းပေးဖို့တောင် မစီစဉ်နိုင်ဘူး၊ ငါလဲစိတ်ပူပြီးတော့ သခင့်အတွက် အစားအသောက်ကို ကိုယ်တိုင်ပြင်ဆင်ပေးဖို့ ဒီကိုလာခဲ့ရတော့တာပဲ ”
မော့ချောင်ရှန်းက အစားအသောက်ဘူးနှစ်ခုကို လှမ်းယူလိုက်ပြီး နားမလည်နိုင်စွာ ပြန်မေးလိုက်လေသည်။ “ မင်း အားဖုန်းကို သိတာလား ”
“ မင်း အဲ့ဒီနေ့က မူးနေတုန်းက သခင်က မင်းရဲ့အိမ်မှာ သူစိမ်းတစ်ယောက် ရှိတယ်လို့ ပြောခဲ့တာလေ၊ သူက စိုးရိမ်နေတာနဲ့ ငါ့ကို မင်းကို သွားကြည့်ခိုင်းခဲ့တာ၊ အဲ့ဒီတုန်းကမှ သူ့ကိုတွေ့ခဲ့တာ” ရှောင်းရှို့က သူ့လက်မောင်းကို ပွတ်သပ်လိုက်ပြီး လျှောက်သွားလေသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲလေ ငါသူ့ကို တွေ့လိုက်တာနဲ့ နှုတ်ဆက်စကား ပြောလိုက်တာ၊ အဲ့လိုပြောလို့ သခင်က မင်းကို တကယ်စဉ်းစားပေးပြီးတော့ ဂရုစိုက်တာပဲ ”
ဒီအခိုက်အတန့်တွင် ခန်းမထဲကစားသောက်ပွဲတွင် ထိုင်နေကြသူများသည် နှစ်ဖက်စလုံးက နာမည်ကြီး စစ်သူကြီးများနှင့် အရာရှိများ ဖြစ်လေသည်။ သူတို့သည် အချင်းချင်း ခွက်ချင်းတိုက်နေကြကာ လေထုက အလွန်ပင်ညီညွတ်မျှတနေသည်။
ရှောင်းရှို့နှင့် မော့ချောင်ရှန်းတို့က ချန်ချန်းယဲ့ဘေးတွင် ဒူးထောက်ချလိုက်သည်။
မော့ချောင်ရှန်းက အစားအသောက်ဘူးကိုဖွင့်ကာ အစားအသောက်များကို ထုတ်ပေးလိုက်လေသည်။
...