Ch 18
Viewers 266

အပိုင်း ( ၁၈ )

ရှောင်းရှို့သည် မော့ချောင်ရှန်းထံမှ ဟင်းလျာကို လှမ်းယူလိုက်ပြီး စားပွဲပေါ်တွင် တင်လိုက်၏။

ထို့နောက်တွင်တော့ ငွေအပ်တစ်ချောင်းကို ထုတ်ကာ ဟင်းလျာတစ်ခုချင်းစီကို စစ်ဆေးကြည့်လိုက်သည်။

ထို့‌နောက်တွင်တော့ သူက ငွေတူတစ်စုံကိုသုံးပြီး ဟင်းလျာတစ်ခုချင်းစီထဲက အစားအသောက်တွေကိုယူကာ ပန်းကန်ပြားငယ်လေး တစ်ခုထဲတွင် တင်လိုက်သည်။

သူက သူ့ဘေးတွင် ခစားနေသည့် ပိယွင်ကို ပန်းကန်ပြားငယ်လေးအား လှမ်းပေးလိုက်ပြီး ပိယွင်ကလဲ အစားအသောက်ကို မြည်းစမ်းဖို့ရန် သူမ၏တူကို ကောက်ကိုင်လိုက်၏။

ချန်ချန်းယဲ့က သူမ၏လက်ကို တည်တည်ငြိမ်ငြိမ် ဆန့်လိုက်ကာ သူတို့အား လှမ်းတားလိုက်ပြီး ဘာမှမဖြစ်သလို ပြောလိုက်လေသည်။ “ မင်းတို့ညီအစ်မနှစ်ယောက် ဒီမှာမလိုတော့ဘူး၊ ထွက်သွားလိုက်တော့၊ ရှောင်းရှို့နဲ့ ချောင်ရှန်းကိုပဲ နေခဲ့ ”

ဒီအခိုက်အတန့်တွင် ချန်ချန်းယဲ့သည် အိစက်သည့် သလွန်ပေါ်တွင် စိတ်အေးချမ်းစွာ ပုံမှန်အတိုင်း ထိုင်နေသယောင် ထင်ရသော်ငြားလဲ သူမ၏နှလုံးသားကို မမြင်ရသည့် ရတက်မ‌အေးသည့် ခံစားချက်က ဖမ်းဆုပ်ထားသည်ကို‌ေတာ့ ဘယ်သူကမှ မသိချေ။

သူမသည် စားသောက်ပွဲထဲတွင် ထူးဆန်းသည့် လူများရှိနေသည်ဟု ခံစားနေရသည်။ 

ပထမဦးဆုံးအနေဖြင့် ဝေပေဟို  ဟွားယွီကျစ်သည် သူ၏လျှို့ဝှက်ပူးပေါင်း ကြံစည်မှုက အောင်မြင်တော့မည်နှယ်။ စိတ်လှုပ်ရှားမှုများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ ဘာလုပ်ခဲ့သည်ကို မည်သူကမှ မသိသော်ငြားလည်း သူ တစ်ခုခုလုပ်ခဲ့သည်ကတော့ သိသာသည်။ မကြာမီ အဖြေကပေါ် လာတော့မည်နှယ်ပင်။ ထို့ကြောင့်ပင် သူသည်အလွန်မှ စိတ်လှုပ်ရှားနေလေသည်။

ချန်ချန်းယဲ့ အနီးအနားတွင် ထိုင်နေသည့် ကျန်းဖုကတော့ သူ၏မပြောင်းလဲသည့် မျက်နှာဖုံးအောက်တွင် ဘဝင်ခိုက်နေသည့် အမူအရာတစ်ခုရှိနေပြီး ပွဲစဖို့ရန် စောင့်ဆိုင်းနေလေသည်။

ခန်းမ၏ထောင့်တွင် အစေခံနှစ်ယောက်က ပြုံးနေသယောင် ရှိသော်ငြားလဲ သူတို့၏စိတ်ထဲတွင်တော့ ဆိုးညစ်မှုများဖြင့် မှောင်မိုက်နေ၏။

သို့သော်ငြားလဲ ထိုအရာများက အဓိကအချက်မဟုတ်ပေ။ အ‌ရေးအကြီးဆုံးကိစ္စမှာ ချန်ချန်းယဲ့ရှေ့က ရှောင်းရှို့သာဖြစ်လေသည်။

ရှောင်းရှို့သည် ထူထဲပြီး မည်းနက်နေသည့် ဆိုးညစ်မှုများထဲတွင် စိမ့်ဝင်နေ၏။

ဆိုးညစ်မှုက ချန်ချန်းယဲ့သို့ တိုက်ရိုက်ရည်ရွယ်ထားဟန် မတူချေ။

သို့သော်ငြား သူ၏ချောမောလှပသည့်မျက်နှာကတော့ အရင်အတိုင်းပင် တစ်ပုံစံထဲဖြစ်နေပြီး သူ့မျက်လုံးများကလဲ ချစ်ခင်တွယ်တာမှုအပြည့် ဖြစ်နေကာ ရေလိုသိမ်မွေ့နေပြီး နှစ်လိုဖွယ်အပြုံးတစ်ခုဖြင့် ချန်ချန်းယဲ့နားသို့ ချဉ်းကပ်လာလေသည်။

ချန်ချန်းယဲ့၏ မျက်လုံးထဲတွင်တော့ သေသေချာချာ မြင်နေရသယောင်ရှိသည့် အနက်ရောင်သည် နွေဦးပန်းကလေးလို လှပလှသည့် မျက်နှာပေါ်တွင် တစ်လိပ်လိပ်တက်လာကာ အထူးတလည် ကြောက်ရွံ့ဖွယ် ကောင်းနေတော့၏။

တစ်ခုခုတော့ မှားနေပြီ။ ဒီလူတွေမှာ တစ်ခုခုတော့ မှားနေတယ်။ ဒီလူတွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။ ဘာဖြစ်တော့မှာလဲ။

ချန်ချန်းယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ခန်းမထဲတွင် ရဲမက်များကို တာဝန်ယူထားရသည့် ဟယ့်လန်ကျန်းက စားပွဲနားတွင် ထိုင်နေကြသည်။ ယွီတွမ်းစုနှင့် ရှောင်ကျင်တို့သည် သူမကို ကြည့်လိုက်သည့်အချိန်တွင် သူတို့၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းစက်ဝိုင်း ရှိနေသည်။ ချန်ချန်းယဲ့သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ဒီလူများကတော့ ယုံကြည်အားကိုးရသေးသည်ဟု စဉ်းစားလိုက်၏။

သူမဟာ မနေနိုင်တော့ဘဲ နောက်ကိုပြန်မှီချလိုက်ပြီး မော့ချောင်ရှန်း၏လက်ကို တိတ်တိတ်လေး လှမ်းထိလိုက်ကာ သူ့ကို သူမအနားသို့ ဆွဲထားလိုက်ပြီး အနားသို့ ပိုကပ်ခွင့် ပေးထားလိုက်သည်။ ဒီအချိန်တွင် မော့ချောင်ရှန်း၏ ခန္ဓာကိုယ်ပေါ်က မြဲမြံနေသည့် ရွှေရောင်စက်ဝိုင်းသည် ချန်ချန်းယဲ့ကို စိတ်အေးရအောင် ခံစားနိုင်ဆုံးအရာ ဖြစ်နေ၏။

ချန်ချန်းယဲ့အောက်က ပထမထိုင်ခုံတွင် ထိုင်နေသည့် ကျန်းဖုသည် ရှေ့သို့အနည်းငယ်တိုးလိုက်ကာ အပြုံးတစ်ခုဖြင့် လေသံတိုးတိုးနှင့် သတိပေးလိုက်လေသည်။ “ ရှောင်းရှို့ ဘယ်သူကမှ အရှင့်ရဲ့ ဟင်းလျာတွေကို မမြည်းစမ်းကြည့်ရသေးဘူးလေ၊ မြန်မြန်လုပ်လိုက်လေ၊ ဧည့်သည်တွေရဲ့အရှေ့မှာ ကိုယ့်ဘာသာ အရူးမလုပ်ပါနဲ့ ”

ရှောင်းရှို့သည် အခိုက်အတန့် မှင်တက်အံ့ဩသွားသယောင်ပင်။ သူသည် အစားအသောက်ကို မြည်းပေးဖို့ရန် ပန်းကန်ပြားနှင့်တူကို တည်တည်ငြိမ်ငြိမ် ကောက်ယူလိုက်ကာ ချန်ချန်းယဲ့၏စားပွဲပေါ်က ဟင်းလျာအားလုံးကို ကိုယ်တိုင်မြည်းစမ်းလိုက်လေသည်။

သူသည် တူများကို ချလိုက်သည်နှင့်ချက်ချင်း သူ့မျက်နှာပေါ်က အပြုံးက အေးခဲသွားတော့သည်။ သူ့အမူအရာကလဲ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ သူ့နဖူးပေါ်တွင်လဲ ချွေးစေးများ ထွက်လာ၏။

သူသည် လက်တစ်ဖက်နှင့် သူ့ဝမ်းဗိုက်ကို အုပ်ထားပြီး ကျန်သည့်လက်တစ်ဖက်ကတော့ အစားအ‌သောက်ကို လက်ညှိုးထိုးပြကာ ခက်ခက်ခဲခဲ အော်ဟစ်လိုက်လေသည်။ “ အဆိပ်ရှိတယ် … ” ထို့နောက်တွင်တော့ သူသည် လဲကျသွား၏။

ချန်ချန်းယဲ့သည် ခုနက စိတ်အခြေအနေမကောင်းသည်ကို သိထားသော်ငြားလဲ အခြေအနေက ရုတ်တရက်ကြီး ဒီလိုပြောင်းလဲသွားမည်ဟု ထင်မထားခဲ့ချေ။ နောက်တစ်စက္ကန့်တွင် ရှောင်းရှို့သည် သူမ၏ရှေ့တွင် သေလုမြောပါး ဖြစ်နေလေ၏။

သူမက စားပွဲမှနေ၍ ခြေလှမ်းနှစ်လှမ်းလောက် နောက်ဆုတ်လိုက်ပြီး ရှောင်းရှို့သည် မျက်နှာက ပြာနှမ်းနေကာ ပါးစပ်ထဲတွင်လဲ အဖြူရောင်အမြှုပ်များ ထွက်လာသည်ကို တွေ့လိုက်ရ၏။

ချန်ချန်းယဲ့က သူ့မေးရိုးကိုမြှင့်ကာ ဆွဲဟလိုက်ပြီး သူ့ပါးစပ်ကို အားဖြင့် ဖွင့်လိုက်လေသည်။ အန်ထုတ်နိုင်ရန်အတွက် သူ့လည်ချောင်းထဲသို့ ငွေတူ‌တစ်ချောင်းကို ထည့်လိုက်လေ၏။ ထို့နောက်တွင်တော့ သူမက အစေခံဆီမှ နို့တစ်ခွက်ကို လှမ်းယူလိုက်ကာ ရှောင်းရှို့၏ပါးစပ်ထဲသို့ ထည့်လိုက်လေသညိ။

တစ်ချိန်ထဲတွင် သူမက အော်ပြောလိုက်၏။ “ စစ်ဖက်သမားတော်ကို ခေါ်လိုက် ”

ခန်းမထဲတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။ နေရာတွင် ရှိနေကြသည့်လူအားလုံးမှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စိုးရိမ်တကြီး စစ်ဆေးကြည့်လိုက်ပြီး အချင်းချင်း တီးတိုးပြောဆိုကြတော့သည်။

ရှောင်ကျင်ကတော့ ဒေါသထွက်သွားလေသည်။ သူက ထရပ်လိုက်ကာ အမိန့်ပေးလိုက်၏။ 

“စားဖိုဆောင်ကလူတွေ အားလုံးကို ချက်ချင်း ထိန်းသိမ်းထားရမယ်၊ နန်းတော်ထဲမှာ အစားအသောက်ကို တည်ခင်းဧည့်ခံပေးတဲ့ အစေခံအားလုံးလဲ နေရာမှာ စောင့်ဆိုင်းခိုင်းထား၊ ဘယ်သူမှ ထွက်ခွာခွင့်မရှိဘူး ”

ရုတ်ခြည်းဆိုသလိုပင် ခန်းမတစ်ခုလုံးသည် ရဲမက်များ၏ ချပ်ဝတ်တန်ဆာများ ထိရိုက်သံနှင့် အစေခံများက ဟိုဟိုဒီဒီ ပြေးလွှားနေသံများဖြင့် ပြည့်နှက်သွားတော့သည်။

မကြာမီတွင် ခန်းမသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် စားဝောာ်ကဲ၊ အစေခံနှင့် တစ်ခြားသူများနှင့် အပြည့်ဖြစ်သွားတော့သည်။

စားဖိုဆောင်ထဲက ရိက္ခာမှူးက ကြောက်ရွံ့စွာဖြင့် မြေကြီးပေါ်တွင် တုန်တုန်ရင်ရင် ဒူးထောက်ချလိုက်ပြီး ပြောလိုက်လေသည်။ “ ဒီနေ့ စားသောက်ပွဲကို တက်ရောက်ကြတဲ့ အရှင်တွေအားလုံးအတွက် ဟင်းလျာကို အတူတူ ချက်ပြုတ်ခဲ့ကြတာပါ၊ အရှင့်ရဲ့ စားတော်ပွဲပေါ်မှာပဲ အမှားအယွင်းတစ်ခု ဖြစ်သွားတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး ”

“ ဒီနေ့ စားတော်ကဲလူက ဒီနေရာမှာမရှိတဲ့အတွက် ကျွန်တော်မျိုးက အလျင်စလို လုပ်မိတဲ့အတွက် အမှားအယွင်း လုပ်မိမှာကိုတောင် စိုးရိမ်မိတာပါ၊ အရှင်နဲ့ ဝေပေဟိုအတွက် အစားအသောက်ဘူးကို ကျွန်ဝောာ်မျိုးနဲ့ လက်ထောက် စားတော်ကဲနှစ်ယောက်က ထုပ်ပိုးပေးခဲ့တာပါ၊ ပြီးတော့ ရှောင်သခင်လေး လက်ထဲကို ချက်ချင်းထည့်ပေးခဲ့တာပါ၊ လူအများကြီးကလဲ စောင့်ကြည့်နေကြတာ၊ ဘယ်သူကမှ ဒါကို လက်လွှဲယူခဲ့တာ မရှိခဲ့ပါဘူး၊ ကျွန်တော်မျိုး တကယ်မှားယွင်း စွပ်စွဲခံရတာပါ၊ ကျေးဇူးပြုပြီးတော့ အရှင်နဲ့ ရှောင်စစ်ခို့တို့က ကျေးဇူးပြုပြီး သေသေချာချာ စုံစမ်းပေးပါ ”

ခန်းမထဲတွင် ဧည့်ခံရသည့် အစေခံတစ်ယောက်က ရိုးရိုးလေးဖြင့် သူ့ခေါင်းကိုမော့ကာ “ ဘယ်သူကမှ လက်လွှဲမယူခဲ့ဘူးဆိုတာ မဟုတ်ပါဘူး ”

ရှောင်ကျင်းက ဒေါသတကြီး အော်ပြောလိုက်သည်။ “ ငါ့ကို မြန်မြန်ပြော၊ မင်း ဘယ်သူ့ကို ပြောချင်တာလဲ ”

ထိုလူက ခေါင်းကိုမော့လိုက်ပြီး ချန်ချန်းယဲ့ဘေးက မော့ချောင်ရှန်းကို လှမ်းကြည့်လိုက်လေသည်။

ခန်းမထဲက လူအားလုံး၏ မျက်လုံးများကလဲ မော့ချောင်ရှန်းဆီသို့ ကျရောက်သွားသည်။ ခုနက လူတိုင်း၏ မြင်ကွင်းထဲတွင် ချန်ချန်းယဲ့ကို ခစားပေးသည့် လူများထဲမှာ ရှောင်းရှို့နှင့် မော့ချောင်ရှန်း နှစ်ယောက်ထဲသာဖြစ်ပြီး သူတို့နှစ်ယောက်ထဲကသာ ဟင်းလျာများကို ထိတွေ့ခဲ့သူဖြစ်သည်။

ဒီအခိုက်အတန့်တွင် ရှောင်းရှို့သည် အဆိပ်ကြောင့် မြေကြီးပေါ်တွင် လဲကျနေပြီး မော့ချောင်ရှန်းကတော့ သံသယဖြစ်စရာ အကောင်းဆုံးလူ ဖြစ်လာခဲ့သည်။

မော့ချောင်ရှန်းသည် အထိတ်တလန့် ထရပ်လိုက်ပြီး သူ့စိတ်ထဲတွင် ဆိုးရွားသည့်ခံစားချက်တစ်ခု ထိုးထွက်လာလေသည်။ 

လူအုပ်ထဲက စားတော်ကဲတစ်ယောက်က သူ့ခေါင်းကိုမော့ကာ ပြောလိုက်၏။ 

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ဒီလူက လမ်းခုလတ်မှာ သခင်လေးရှောင်းဆီကနေ ဟင်းလျာဘူးကို လှမ်းယူလိုက်တာ ကျွန်တော် တွေ့လိုက်ပါတယ်၊ ဒါတွေက သူ့ကြောင့်လို့ပဲ ထင်တယ်၊ ကျွန်တော်တို့တွေ သူ့ကို စုံစမ်းစစ်ဆေးလို့ရပါတယ်၊ ဒီကိစ္စက ကျွန်တော်မျိုးတို့နဲ့ ဘာမှမဆိုင်ပါဘူး ”

ချန်ချန်းယဲ့နောက်တွင် စောင့်ကြပ်ပေးနေသည့် ဟယ့်လန်ကျန်းသည် ဒေါသတကြီးဖြင့် မော့ချောင်ရှန်း၏ ကော်လံကို ဖမ်းဆွဲလိုက်ကာ သူ့ကိုမြေကြီးပေါ်သို့ တွန်းလှဲလိုက်သည်။

ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ရဲမက်နှစ်ယောက်က ရှေ့သို့တက်လာပြီး သူ့လက်မောင်းကို ထိန်းချုပ်ထားလိုက်ကာ ဘယ်တစ်ဖက် ညာတစ်ဖက် ဖမ်းချုပ်ထားလိုက်လေသည်။

“ ကျွန်တော် မဟုတ်ပါဘူး အရှင်၊ ကျွန်‌တော် တကယ် မဟုတ်ရပါဘူး ” မော့ချောင်ရှန်းက ရုန်းကန်ပြီး သူ့မျက်နှာကို မော့ထားကာ ချန်ချန်းယဲ့အား ကြည့်လိုက်လေသည်။

‌ချန်ချန်းယဲ့က ဘာမှမပြောရသေးခင်မှာပင် ရှောင်ကျင်က ပြောလိုက်လေ၏။ “အရှင့်ရဲ့ စိတ်ခံစားချက်တွေကို ကျေးဇူးပြုပြီး ဦးစားမပေးပါနဲ့၊ ဒီလူက အခုလောလောဆယ်မှာ သံသယဖြစ်စရာ အကောင်းဆုံးလူပါ၊ တကယ်လို့ အမှန်တရားက ပေါ်ပေါက်လာပြီး သူနဲ့ဘာမှမဆိုင်ဘူးဆိုရင် သူ့နာမည်ကို ရှင်းလင်းပေးဖို့ အရမ်းနောက်မကျပါဘူး ”

ဤတွင် ဝေပေဟို ဟွားယွီကျစ်သည် သူ့လူများကို ဦးဆောင်ကာ အပြုံးတစ်ခုဖြင့် ရှေ့သို့လျှောက်လာပြီး ပြောလိုက်၏။ “ ကြည့်ရတာ ဒါက ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်မဲ့ပုံပဲ၊ ကျုပ်က ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး၊ ကျုပ်တို့ အရင်ဆုံး ပြန်လိုက်ပါဦးမယ် ”

ချန်ချန်းယဲ့သည် သူနှင့်ခဏလောက် ဧည့်ခံစကားပြောပြီးနောက် ပြန်ပို့ပေးလိုက်လေသည်။ သူမသည် မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခုဖြင့် ထွက်ခွာသွားသည့် ဝေပေဟို၏ပုံရိပ်ကို ကြည့်နေမိသည်။ ကြည့်ရတာ သူက ငါ့ကို အဆိပ်ခတ်ချင်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့လဲ ကျရှုံးသွားလို့ စိတ်ပျက်သွားခဲ့တာများလား။

ချန်ချန်းယဲ့သည် သူမ၏ မေးစေ့ကို ထိကိုင်ထားပြီး ခံစားချက်များက ရှုပ်ထွေးနေဆဲဖြစ်၏။

အရင်ဆုံး ဘာတွေဖြစ်နေတယ်ဆိုတာကို လေ့လာကြည့်ရမယ်။

ရဲမက်များစွာက ခန်းမထဲကို အလျင်စလို ပြေးဝင်လာကြပြီး သူတို့ထဲကတစ်ယောက်သည် လက်ထဲတွင် သော့ခတ်ထားသည့် သေတ္တာဘူးတစ်ခုကို ကိုင်ထားလေသည်။ မော့ချောင်ရှန်းက မျက်နှာပေါ်တွင် မှားယွင်းနေသော အကြည့်တစ်ခုဖြင့် သေတ္တာကို ကြည့်လိုက်၏။ ဒါသည် သူ့ တစ်ကိုယ်ရည်ပစ္စည်းများကို သိမ်းဆည်းထားသည့် သူ့အဝတ်ဗီဒိုထဲက သေတ္တာဖြစ်သည်။

ရဲမက်က ဒူးတစ်ဖက် ထောက်ချလိုက်ကာ သေတ္တာကို ဆက်သလိုက်သည်။

ရှောင်ကျင်က တည်ငြိမ်နေသော မျက်နှာထားဖြင့် ရှေ့သို့ထွက်လာပြီး သော့ခလောက်ကိုဖယ်ရှားကာ သေတ္တာကို ဖွင့်လိုက်လေသည်။

သေတ္တာအဖုံးကို ဖွင့်လိုက်သည့်အချိန်တွင် ရွှေသေတ္တာတစ်လုံးနှင့် ကြွေပုလင်းငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။ 

နန်းတော်ထဲတွင် အော်သံတချို့ ထွက်လာတော့သည်။

ကျွန်တစ်ယောက်သည် ထုတ်ပြောလို့မရသည့် တစ်ခုခုကို မလုပ်ခဲ့လျှင် ဒီလောက်များပြားသည့် ပမာဏကို ပိုင်ဆိုင်ဖို့ရန်က မဖြစ်နိုင်ချေ။

ရှောင်ကျင်က ပုလင်းကိုဖွင့်လိုက်ပြီး သူ့ဘေးက စစ်ဖက်သမားတော်ကို လှမ်းပေးလိုက်၏။

သမားတော်က ပုလင်းထဲကဆေးနှင့် စားပွဲပေါ်က အစားအသောကျုံားကို နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ရှောင်ကျင်ကို ခေါင်းငြိမ့်ပြလိုက်သည်။

ခန်းမထဲတွင် ဆွေးနွေးသံများ ကျွက်ကျွက်ညံသွားတော့သည်။

“ မဟုတ်ဘူး… ကျွန်တော်မျိုး မဟုတ်ပါဘူး ” မော့ချောင်ရှန်း၏ မျက်လုံးများမှာ နီရဲသွားပြီး သူသည် စတင်ရုန်းကန်ဝောာ့သည်။

ဟယ့်လန်ကျန်းက သူ့ကို လက်သီးတစ်ချက်ထိုးကာ မြေကြီးပေါ်သို့ တွန်းလှဲလိုက်ပြီး သူ့ကို နှစ်ချက် ဆင့်ကန်လိုက်လေသည်။

“ အရှင့်ကို မြှူစွယ်ဖို့ကြိုးစားနေလို့ မင်းကို အစောကြီးထဲက သဘောမကျတာ၊ မင်းက လူကောင်းတစ်ယောက် တကယ် မဟုတ်ဘူးပဲ ” ချန်ချန်းယဲ့က သူ့ကို လှမ်းတားလိုက်လေသည်။

မော့ချောင်ရှန်းသည် မြေကြီးပေါ်တွင် ဖိနှိပ်ခံထားရ၏။ သူက ကပျာကယာ ခေါင်းမော့လိုက်ပြီး ကြံရာမရဖြစ်နေသည့် မျက်လုံးများဖြင့် ချန်ချန်းယဲ့ကို ကြည့်လိုက်လေသည်။

ချန်ချန်းယဲ့က တွန့်ဆုတ်စွာဖြင့် သူ့ကိုကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့ကာ သက်ပြင်းချလိုက်လေသည်။

သူမက ယွီတွမ်းစုကို အရှေ့ထွက်လာဖို့ ခေါ်လိုက်ပြီး ပြောလိုက်၏။ “ စစ်သူကြီးယွီ သူ့ကိုခေါ်သွားပြီးတော့ ချုပ်ထားလိုက်ပါ၊ သူ့ကို ကိုယ်တိုင်စောင့်ကြပ်ပေးပါ ”

ထို့နောက်တွင်တော့ သူသည် ယွီတွမ်းစု၏ နားနားသို့ တိုးတိုးလေး ပြောလိုက်လေသည်။ “ ငါ မလာမချင်း သူ့အနားကို ဘယ်သူမှ ကပ်ခွင့်မပေးနဲ့၊ ဘယ်သူမှလဲ ရိုက်ခွင့်မပေးနဲ့ ”

ချန်ချန်းယဲ့၏ စကားလုံးများကို ကြားပြီးနောက် မော့ချောင်ရှန်း၏မျက်နှာသည် ရုတ်ခြည်းဆိုသလို မျှော်လင့်ချက်များအားလုံး ပျောက်ဆုံးသွားသလို ဖြစ်သွားတော့သည်။ သူသည် ခုခံနေသည်ကို ရပ်တန့်လိုက်ပြီး ယွီတွမ်းစုက သူ့ကိုခေါ်ထုတ်သွားသည်ကို ခွင့်ပြုထားလိုက်တော့သည်။

ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီးသည့်နောက်တွင် ချန်ချန်းယဲ့သည် သူ၏ဧည့်ခန်းထဲသို့ ပြန်လာခဲ့တော့သည်။

သူမက စားပွဲနားတွင် ထိုင်နေပြီး သူမ၏လက်ထဲက မွှေးပျံ့သည့် လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း စုပ်သောက်လိုက်ကာ သူမစိတ်ထဲတွင်တော့ အတွေးပေါင်းများစွာ ရှိနေလေသည်။

ရှောင်ကျင်က အပြင်ဘက်မှ ဝင်လာပြီး ဦးညွှတ်နှုတ်ဆက်လိုက်၏။

“ ရှောင်းရှို့ ဘယ်လိုနေလဲ ” ချန်ချန်းယဲ့က မေးလိုက်သည်။

“ သူ စားလိုက်တဲ့ အဆိပ်ပမာဏက အရမ်းကို နည်းပါးတဲ့အတွက် ကံကောင်းသွားတယ်လို့ သမားတော်က ပြောပါတယ်၊ အရှင်ကလဲ အချိန်မီ အန်ထုတ်အောင် ပြုလုပ်ပေးလိုက်တယ်လေ၊ ဒါကြောင့် သူအဆင်ပြေမှာပါ၊ ဆေးသောက်ပြီး ရက်ပိုင်းလောက် အနားယူလိုက်ရင်တော့ သူပြန်ကောင်းသွားမှာပါ ”

ချန်ချန်းယဲ့က ခေါင်းငြိမ့်လိုက်ကာ စိတ်အေးသွားသလို ခံစားလိုက်ရသည်။

ရှောင်ကျင်က ထပ်ပြီး မေးလိုက်၏။ “ မော့ချောင်ရှန်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးပါ ”

ချန်ချန်းယဲ့က သူ့ကို ခဏလောက် လှမ်းကြည့်လိုက်ပြီးနောက် သရော်ကာ ပြောလိုက်လေသည်။ 

“သူ ဒီလိုလုပ်ခဲ့တယ်လို့ မင်းက တကယ် ထင်သလား ”

“ အရှင် ဒီမေးခွန်းကို ဘာဖြစ်လို့မေးတာလဲ ” ရှောင်ကျင်က တအံ့တဩ ပြန်မေးလိုက်၏။

ချန်ချန်းယဲ့၏ မျက်နှာမှာ ညိုမည်းသွားပြီး ဘာမှပြန်မပြောဘဲ ရှောင်ကျင်ကို ကြည့်လိုက်ကာ ရှောင်ကျင်မှာ တစ်ဖြည်းဖြည်း အထိတ်တလန့် ဖြစ်လာလေသည်။

“ မဟုတ်ပါဘူး မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် ဒီကိစ္စမှာ တစ်ခုခု မသင်္ကာစရာ ရှိနေတယ်ဆိုတာကို တစ်ချက် ကြည့်လိုက်တာနဲ့ မြင်မှာပါ ” ချန်ချန်းယဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ မော့ချောင်ရှန်းက ငါနဲ့ ရင်းနှီးနေတဲ့သူပဲ၊ တကယ်လို့ သူသာ ငါ့ကို အဆိပ်ခတ်ချင်တယ်ဆိုရင် သူ့မှာ အခွင့်အရေးတွေမှ အများကြီးပဲ၊ သူက ဒါကို လူသူရှေ့မှာလုပ်ပြီး သူ့အိမ်ထဲမှာလဲ သူ့ပြစ်မှုရဲ့ သက်သေတွေကို ဘာဖြစ်လို့ ချန်ထားခဲ့မှာလဲ ”

“ မင်းနဲ့ ကျန်းဖုတို့က တစ်စုံတစ်ယောက်က ငါ့ကို အဆိပ်ခတ်တော့မယ် ဆိုတာကို အလွယ်တကူ ခန့်မှန်းမိကြပါတယ်၊ ဒါပေမဲ့လဲ မင်းတို့တွေ ငါ့ကို မပြောခဲ့ဘူးလေ၊ ဘာဖြစ်လို့လဲ ”

...