Ch 19
Viewers 251

အခန်း ( ၁၉ )

 “ ကျွန်တော်... ”

ရှောင်ကျင်သည် ရှက်ရွံ့သွားပြီး ဒူးထောက်ကာ သူ့အပြစ်အတွက် အသနားခံ လျှောက်တင်လေသည်။

 “ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဆိုတာကို ကျွန်‌တော် တကယ်ပဲ သတိထားမိပါတယ်၊ ဒါပေမဲ့ သက်သေက ငြင်းဆန်လို့မရနေဘူး၊ ကျွန်တော်ကလဲ ဒီအခြေအနေကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ချင်တယ်၊ ဒီအတွက် ကျွန်တော်က ဒီကိစ္စနောက်ကွယ်ကလူကို ဖြည်းဖြည်းချင်းပဲ ရှာဖွေနိုင်ပါတယ် ”

ချန်ချန်းယဲ့က သူ့ကို ဖြတ်ပြောလိုက်၏။ 

“နောက်တစ်ချက် ရှိသေးတယ်၊ ချောင်ရှန်းနဲ့ငါ အရမ်းရင်းနှီးသွားပြီး ငါ့ရဲ့လျှို့ဝှက်ချက်ကို မတော်တဆ ရှာဖွေတွေ့ရှိသွားမှာကို မင်းက ကြောက်ရွံ့နေတာပဲ၊ ဒါကြောင့် ဒီဆိုးဝါးတဲ့အခြေအနေကို အကောင်းဆုံး အသုံးချပြီး သူ့ကိုဖယ်ရှားဖို့ အခွင့်အရေးကို ယူရလိမ့်မယ်လို့ မင်း စဉ်းစားခဲ့တာ၊ ဟုတ်တယ်မလား ”

ရှောင်ကျင်မှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ ... ငါ့စိတ်ထဲမှာ ဒီလိုအတွေးမျိုးရှိခဲ့ပါတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင်တောင်မှ သေချာရှင်းရှင်းလင်းလင်း မသိပါဘူး၊ အရှင်က ဘယ်လိုလုပ်ပြီး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောနိုင်ရတာလဲ။

ချန်ချန်းယဲ့သည် အပေါ်တွင်ထိုင်နေပြီး အေးတိအေးစက်ဖြင့် သူ့ကိုကြည့်နေလေသည်။

ပထမဦးဆုံးအနေဖြင့် ရှောင်ကျင်သည် ဒီအရှင်သခင်ထံမှ ထည်ဝါသာလွန်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူက ကြမ်းပြင်ပေါ်တွင် ဦးချလိုက်ကာ ရိုးသားစွာဖြင့် တောင်းပန်လိုက်လေသည်။ 

“ ကျွန်တော်မျိုး မှားမှန်း သိပါပြီ အရှင်၊ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ”

“ ကျွန်တော်မျိုးမှာ ဒီအတွေး ရှိခဲ့တယ်ဆိုပေမဲ့လဲ တကယ်လို့ ကျွန်တော်သာ အမှန်တရားကို ရှာတွေ့ခဲ့မယ်ဆိုရင် သူ့အသက်ကို ပေါ့ပေါ့ပါးပါး နှုတ်ယူမှာ မဟုတ်ဘဲ အပြစ်ကင်းစင်တဲ့သူကိုလဲ အချည်းနှီး သေဆုံးခွင့်ပေးမှာ မဟုတ်ပါဘူး၊ အရှင်က ကျွန်တော့်စိတ်ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ် ”

အချိန်တော်တော်ကြာပြီးသည့်နောက်တွင် ရှောင်ကျင်သည် သူ့ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်ကိုပင် ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့ သူ့ခေါင်းပေါ်မှ ချန်ချန်းယဲ့အသံကို ကြားလိုက်ရသည်။

“ ထပါ။ ငါ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်၊ ငါ့ကို ဒီလိုစိတ်ပျက်စရာ ကောင်းတဲ့ကိစ္စမျိုး ထပ်မရှိစေဖို့ မျှော်လင့်တယ်၊ မင်း ငါ့ကိုဆင်ခြေပေးလို့ရတယ် ဆိုပေမဲ့ ငါကတော့ အဲ့ဒီ ခွေးကောင် ကျန်းဖုကိုတော့ အလွတ်ပေးမှာ မဟုတ်ဘူး ”

“ လာခဲ့ အရင်ဆုံး ချောင်ရှန်းကို သွားကြည့်ကြမယ် ”

...

မော့ချောင်ရှန်းသည် အေးခဲသည့်အကျဉ်းခန်းတစ်ခုထဲတွင် သံကြိုးခတ်ခံထားရသည်။ လရောင်က သံတိုင်များကြားက ဖြာဆင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ပြောက်ကျားအရိပ်များကို ဖြစ်နေစေသည်။

သူ့ကိုစောင့်ကြပ်နေသည့် စစ်သူကြီးယွီတွမ်းစုသည် လူရည်မွန်တစ်ယောက် ဖြစ်ပေသည်။ သူသည် မော့ချောင်ရှန်းပေါ်တွင် ဘာအင်အားမှ မသုံးခဲ့ပေ။ သူသည် လက်ထဲတွင် ဓားတစ်ချောင်းဖြင့် အကျဉ်းခန်းတံခါးနားတွင် တိတ်တိတ်လေး ရပ်နေလေ၏။

ဟယ့်လန်ကျန်းထံမှ အစောပိုင်းရိုက်နှက်မှုများကလွဲ၍ ဘယ်သူကမှ သူ့ကိုထပ်ပြီး မရိုက်နှက်ကြတော့သလို သူ့ကို ဘယ်သူကမှ ဘာပြစ်ဒဏ်မှ မပေးခဲ့ချေ။

သို့သော်ငြားလဲ မော့ချောင်ရှန်းသည် ဒါကအစောပိုင်း သူရရှိခဲ့သည့် ဒဏ်ရာများမှ ပြစ်ဒဏ်များထက် အများကြီး ပိုပြီး နာကျင်ရသည်ဟု ခံစားမိလေသည်။

အတွင်းအပြင်မှ ထွက်လာသည့် နာကျင်မှုမျိုးဖြစ်၏။

အားဖုန်း၏ စကားလုံးများက သူ့နားထဲတွင် ဆက်တိုက်မြည်နေလေသည်။

“ မင်းရဲ့စိတ်ကို မင်းသခင်ဆီ အလွယ်တကူ မပေးလိုက်နဲ့၊ အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ရှက်ရွံ့စရာ ကောင်းတာတွေပဲ မင်းကိုထပ်ပြီး စောင့်ကြိုနေလိမ့်မယ် ”

မော့ချောင်ရှန်းက သူ့မျက်လုံးများကို မှိတ်ထားသည်။

သူသည် ဒီလိုပျော်ရွှင်မှုမျိုးကိုပင် အိပ်မက်မမက်သင့်တာ ဖြစ်နိုင်သည်။

ချန်ချန်းယဲ့၏ နူးညံ့သိမ်မွေ့သည့် မျက်နှာက မျက်လုံးရှေ့တွင် ဆက်တိုက်ပေါ်ထွက်နေ၏။

မြို့တံခါးအပြင်ဘက်မှာ ရှိနေခဲ့တုန်းက ဝေါယာဉ်ပေါ်မှာ ထိုင်နေတဲ့ အဲ့ဒီလူကို ဖြတ်ခနဲ မြင်လိုက်ရတယ်။ နေရောင်ထဲမှာ လင်းလက်တောက်ပနေတာပဲ။ သူက ငါ့ကို ပျင်းရိလေးတွဲတဲ့ပုံနဲ့ ပြုံးပြီးတော့ ကြည့်နေခဲ့တယ်။

...

“ ချောင်ရှန်း … ”

မော့ချောင်ရှန်းသည် တစ်စုံတစ်ဦးက သူ့ကို‌ေခါ်လိုက်သံ ခပ်သဲ့သဲ့ကြားလိုက်ရပြီး အူ‌‌ေကြာင်ကြောင်ဖြင့် မော့ကြည့်လိုက်လေသည်။

စစ်မှန်သည့် အပြုံးတစ်ခုက သူ့မျက်နှာရှေ့တွင် ပေါ်ထွက်လာပြီး စိတ်ကူးထဲက မျက်နှာနှင့် တဖြည်းဖြည်းထပ်သွားကာ ပိုပြီးကြည်လင်လာခဲ့သည်။

အရှင်

အရှင် … သူ တကယ်ပဲ ငါ့ကိုလာတွေ့တာပဲ။

ချန်ချန်းယဲ့သည် သူမရှေ့က သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် မော့ချောင်ရှန်းကို ကြည့်လိုက်၏။

သူသည် ချုပ်နှောင်ခံထားရသည်မှာ တစ်ညပင် မပြည့်သေးချေ။ သို့သော်ငြားလဲ သူ၏ နီလာရောင်က ကူကယ်ရာမဲ့ပြီး အသက်မဲ့နေသည့် ခံစားချက်ဖြစ်နေ၏။

သူသည် မယုံကြည်နိုင်သည့် အကြည့်တစ်ခုဖြင့် သူ့အသံကိုပင် ပြန်ကြားမိလိုက်သည်။ သူသည် ခေါင်းမော့ကာ သူမကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက ရုတ်ခြည်းဆိုသလို နီရဲသွားကာ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားလျော့သည့် အကြည့်တစ်ခု ပေါ်ထွက်လာ၏။

ချန်ချန်းယဲ့က သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ရှုပ်ပွနေသောဆံပင်ကို လှမ်းထိကိုင်လိုက်ကာ ကိုယ်ကိုကုန်းပြီး သူ့မျက်နှာအနားသို့ ကပ်သွားပြီးနောက် ညင်ညင်သာသာ မေးလိုက်လေသည်။

“ ချောင်ရှန်း ငါ့ကိုပြောစမ်း၊ မင်း ဒါကိုလုပ်ခဲ့လား ”

မော့ချောင်ရှန်း၏ ညို့မှိုင်းနေသော မျက်လုံးများထဲတွင် ပိုးစုန်းကြူးလေးများ လင်းလက်လာတော့သည်။ သူသည် သူ့ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်ပြီး ခေါင်းကိုငုံ့ထား၏။ ခဏအကြာတွင်တော့ သူသည် စကားအချို့ကို ခပ်တိုးတိုးပြောလိုက်လေသည်။

သူ ကလေးဘဝထဲက အိပ်မက်ဆိုးထဲတွင် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့သည့်စကားတစ်ခွန်း ဖြစ်သည်။ သို့သော်ငြားလဲ ဘယ်သူကမှ ထိုစကားကို မယုံကြည်ခဲ့ကြချေ။

“ ကျွန်တော် မဟုတ်ပါဘူး အရှင်၊ ကျွန်တော့်ကို ယုံကြည်ပေးပါ၊ ကျွန်တော့်ကို တစ်ခါလောက်ပဲ ယုံကြည်ပေးပါ ”

ဒီတစ်ကြိမ်တွင်တော့ သူသည် အမြဲတမ်း အိပ်မက် မက်လာခဲ့ရသည့် ထိုအဖြေကို ပြန်ကြားခဲ့ရ၏။

“ ရှောင်မော့က မဟုတ်ဘူးလို့ ပြောနေပြီဆိုမှတော့ ဒါ မဟုတ်လို့ပဲပေါ့ ”

သူ့ဆံပင်ကို ပွတ်သပ်ပေးနေရင်း ထိုလူသည် သူ့ရင်ခွင်ထဲသို့ ဒီစကားများကို သာသာယာယာ ဖြည့်သွင်းပေးနေသည်။ ထိုတစ်လုံးချင်းစီတိုင်းက သူ၏ဒဏ်ရာရပြီး ကျိုးပဲ့နေသည့် နှလုံးသားကို သက်သာရာရစေသည်။

“ အရှင် ဒီပြစ်မှုရဲ့ သက်သေက ငြင်းဆန်လို့ မရပါဘူး၊ အရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အယုံလွယ်ရပါသလဲ ” ယွီတွမ်းစုက လက်သီးများကို ကျစ်နေအောင်ဆုပ်ထားပြီး အကြံပြုလိုက်၏။

ချန်ချန်းယဲ့က ထရပ်လိုက်ကာ ကိုယ်ကိုလှည့်ပြီး ယွီတွမ်းစုနှင့် ရှောင်ကျင်တို့ကို လက်ဝှေ့ယမ်းခေါ်လိုက်လေသည်။

“ စစ်သူကြီးယွီ … ” သူမက ယွီတွမ်းစုကို ကြည့်လိုက်ပြီး “ အမှန်အတိုင်း ပြောရမယ်ဆိုရင် စစ်တပ်ထဲမှာ ငါ အပြည့်အဝ ယုံကြည်တဲ့သူတွေက ဒီနေရာမှာရှိနေတဲ့ မင်းတို့သုံးယောက်ပဲ ”

“ ဒီနေ့ ငါ ချောင်ရှန်းကို ယုံကြည်ပေးတယ်၊ တကယ်လို့ တစ်စုံတစ်ယောက်က နောက်ပိုင်းကျရင် ငါ့ရှေ့မှာ မင်းကို ချောက်ချခဲ့မယ်ဆိုရင်လဲ ငါက မင်းကို ဒီလိုပုံစံမျိုး ယုံကြည်ပေးဦးမှာပဲ ”

ယွီတွမ်းစုက ဒူးတစ်ဖက်ထောက်ချလိုက်ကာ လက်နှစ်ဖက်ကို ဆုပ်ထားလိုက်ပြီး “ ကျေးဇူးတင်ပါတယ် အရှင်၊ အရှင့်ရဲ့ ကြင်နာသနားမှုနဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် ”

ချန်ချန်းယဲ့က ပြောလိုက်၏။ “ ငါ ဒီကိစ္စကို ရှောင်စစ်ခို့နဲ့ တိုင်ပင်ထားပြီးပြီ၊ ချောင်ရှန်းက ဒီကိစ္စအတွက် တာဝန်ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဒီကိစ္စရဲ့နောက်ကွယ်ကလူ၊ ဒီကိစ္စကို ချောက်ချခဲ့တဲ့လူ ဘယ်သူဆိုတာနဲ့ လူတွေဘယ်နှစ်ယောက်လောက် ပါဝင်ပတ်သက်နေတယ် ဆိုတာကိုတော့ ငါတို့တွေ အခုထိမသိသေးဘူး ”

“ ဒါပေမဲ့ သူက ဒီကိစ္စကို လုပ်ခဲ့တယ်ဆိုတော့ သူ့မှာလဲ သေချာပေါက် ရည်ရွယ်ချက်တစ်ခု ရှိရမယ်၊ ဒီတော့ တကယ့် လက်သည်တရားခံကို ရှာဖွေဖို့ ငါ့ကိုကူညီပေး‌နိုင်ဖို့ မင်းတို့တွေကိုပဲ အားကိုးစရာရှိတယ်၊ ဒါပေမဲ့ ချောင်ရှန်းကိုတော့ ဒီနေရာမှာ ခဏလောက် နေခိုင်းရဦးမယ် ”

သူမသည် ကိုယ်ကို လှည့်လိုက်သော်ငြားလဲ ခေါင်းကိုငုံ့ထားပြီး မလှုပ်မယှက် ဖြစ်နေသည့် မော့ချောင်ရှန်းကို တွေ့လိုက်ရလေသည်။

“ ချောင်ရှန်း ဘာဖြစ်တာလဲ ”

ချန်ချန်းယဲ့က ကိုယ်ကို ကုန်းလိုက်သည်တွင် ကြည်လင်နေသည့် မျက်ရည်စများ ရောင်ပြန်ဟပ်နေသည့် မော့‌ချောင်ရှန်း၏ မျက်နှာကို တွေ့လိုက်ရလေသည်။

“ အို… ”

ချန်ချန်းယဲ့သည် စိတ်ထဲတွင် သက်ပြင်းချမိတော့၏။

သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ယွီတွမ်းစုနှင့် ရှောင်ကျင်တို့ကို အရင်ဆုံးထွက်သွားခိုင်းလိုက်သည်။ သူမက သူမ၏လက်ထဲတွင် မော့ချောင်ရှန်း၏ မျက်နှာကို အသာအယာ ထည့်ကိုင်ထားသည်။

“ မင်းက ဘာဖြစ်လို့ ငိုနေရတာလဲ ”

နီရဲနေသည့်နှာခေါင်းနှင့် မျက်နှာတို့သည် သူမလက်ထဲတွင် အနည်းငယ် တုန်ရင်နေလေသည်။

ကြည်လင်နေသည့် မျက်ရည်များက တင်းနေအောင် ပိတ်ထားသည့် မျက်လုံးထောင့်ကနေ တလိမ့်လိမ့် စီးကျနေ၏။

သူ၏ပါးလျသည့် နှုတ်ခမ်းများကို တင်းနေအောင်စေ့ထားပြီး အသံတစ်စုံတစ်ခု ထွက်လာမှာကို ငြင်းဆန်နေသည်။

သူသည် ချန်ချန်းယဲ့၏လက်ထဲတွင် အသံတိတ်ငိုကြွေးနေ၏။

ယောက်ျားတစ်ယောက်က ထိုမျှလောက် လှလှပပ ငိုကြွေးနိုင်ပြီး သူမ၏နှလုံးခုန်နှုန်းကို မြန်ဆန်အောင် လုပ်ပေးနိုင်မည်ဟု ချန်ချန်းယဲ့မှာ တစ်ခါမှမထင်ခဲ့ဘူးချေ။

သူမက သူ့မျက်ရည်များကို စိတ်ရှည်ရှည်ဖြင့် အကြိမ်ကြိမ်ထပ်ခါထပ်ခါ သုတ်ပေးနေလေသည်။

“ မငိုပါနဲ့ ချောင်ရှန်း၊ မငိုနဲ့တော့နော် ”

...

မိုးလင်းလာသည့်အချိန်တွင် အကျဉ်းခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး ရှောင်းရှို့သည် အစားအသောက် ထည့်ထားသည့် ခြင်းတစ်ခုကိုကိုင်ကာ တဖြည်းဖြည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူသည် ရင်းနှီးကျွမ်းဝင်နေသည့် ယွီတွမ်းစုကို ပြောလိုက်၏။ “စစ်သူကြီးယွီ ခင်ဗျားက အလုပ်တော်တော် ကြိုးစားပါပေတယ်၊ အရှင်က ကျွန်တော့်ကို အကျဉ်းသားအတွက် အစားအသောက်တချို့ ယူလာခိုင်းလို့ပါ၊ စစ်သူကြီး တစ်ညလုံး မအိပ်ရသေးဘူး ထင်တယ်၊ ခင်ဗျားရဲ့ဗိုက်ကို ဖြည့်ဖို့ မုန့်နည်းနည်းပါးပါး စားချင်သေးလား ”

ယွီတွမ်းစုက သန်းဝေလိုက်ပြီးပြောလိုက်သည်။ “ အစားအသောက်တွေ မလိုပါဘူး၊ ဒီလိုဆိုရင်လဲ မင်းက သူစားနေတာကို စောင့်ကြည့်ပေးလိုက်၊ ငါ တစ်ရေးလောက် အိပ်လိုက်ဦးမယ် ”

ရှောင်းရှို့က ပြုံးကာပြောလိုက်၏။ “ စစ်သူကြီး ခဏလောက်ပဲ အနားယူလိုက်ပါ၊ သူ့ကို တစ်နာရီလောက် စောင့်ကြည့်ပေးရတာကလဲ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး ”

ယွီတွမ်းစုကလဲ ခေါင်းမာမနေတော့ချေ။ သူက ခေါင်းကို ဦးညွှတ်လိုက်ကာ ထိုင်ခုံနောက်တစ်လုံးကို သွားရှာလိုက်ပြီး ခုံနှစ်လုံးကို ပူးကပ်လိုက်ပြီးနောက် အပေါ်တွင် လှဲချလိုက်လေသည်။ မကြာမီတွင်တော့ ဟောက်သံတစ်ခုကို ကြားလိုက်ရလေသည်။

ရှောင်းရှို့သည် အကျဉ်းခန်းထဲသို့ ဝင်သွားပြီး ခြင်းထဲက အစားအသောက်များကိုထုတ်ကာ မော့ချောင်ရှန်းရှေ့ ချပေးလိုက်လေသည်။

“ စားဦးမလား ”

မော့ချောင်ရှန်းက ထိုအခိုက်တွင် သူ့အား စိုက်ကြည့်နေ၏။ “ မင်း ဖြစ်နေတာပဲ၊ မင်း ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ။ မင်း…. ငါ့ကို အဲ့လောက်တောင် မုန်းတာလား ”

ရှောင်းရှို့က မျက်လွှာချထားကာ “ ဟင့်အင်း။ ငါ မင်းကို မမုန်းပါဘူး ”

မော့ချောင်ရှန်းသည် နားမလည်နိုင်စွာဖြင့် သူ့ကို ကြည့်နေလေသည်။

“ ငါ့မှာ မေးစရာတစ်ခုရှိတယ်၊ အဲ့ဒီမေးခွန်းရဲ့ အဖြေကို မင်း သေချာပေါက် သိနေမှာပဲ၊ ပြီးတော့ ငါကလဲ ဒီအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ရလိမ့်မယ် ”

“ မသင်္ကာစရာ ဟုတ်လား ”

“ ငါ့ကို ပြောစမ်းပါ၊ မင်း ဒါကို သေချာပေါက် သိပါတယ်၊ ဟုတ်တယ်မလား ” ရှောင်းရှို့သည် မျက်လုံးများကို ပင့်လိုက်ပြီး မော့ချောင်ရှန်းကို တည့်တည့်ကြည့်လိုက်၏။ 

“မင်း ငါ့ကို အမှန်တရား ပြောမယ်ဆိုရင် မင်းက မှားယွင်းစွပ်စွဲခံရပါတယ် ဆိုတဲ့အကြောင်း ငါ အရှင့်ကို ပြောပြပေးမယ်၊ အဆိပ်ပုလင်းကလဲ မင်းဟာ မဟုတ်ဘူးဆိုတာကို ငါ သက်သေပြပေးနိုင်တယ်၊ ပြီးရင်တော့ မင်းလဲ အရှင့်ဆီကို ပြန်သွားလို့ရပြီ ”

“ ဘာကို သိရမှာလဲ ” မော့ချောင်ရှန်းမှာ လုံးဝကို နားမလည်နိုက်တော့ချေ။

“ မင်း သိပါတယ်၊ မင်း သေချာပေါက် သိတယ်၊ မင်း မသေချင်ဘူးဆိုရင် ငါ့ကိုပြောပြလိုက်တော့ ” 

ရှောင်းရှို့သည် စိတ်လှုပ်ရှားလိုက်ပြီး ချောင်ရှန်း၏ ကော်လံကို လှမ်းဆွဲလိုက်ကာ “ မင်းက အရှင်နဲ့ အဲ့လောက်တောင်မှ နီးနီးကပ်ကပ်ရှိတာပဲ၊ ငါ့ကိုပြောစမ်းပါ အရှင်က …. သူက …. ”

ရှောင်ကျင်သည် သူ ပုန်းနေသည့်နေရာမှ ထွက်လာပြီး ရှောင်းရှို့စကားကို ဖြတ်ပြောလိုက်လေသည်။

“ သူ့ကိုဖမ်းထား ”

ရဲမက်တော်တော်များများက အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာကြပြီး ပျာယာခတ်သွားသည့် ရှောင်းရှို့ကို မြေကြီးပေါ်တွင် ဖိချထားလိုက်ကာ သူ့ကို ချည်နှောင်ထားလိုက်လေတော့သည်။

...