Chapter 1
Viewers 81

အခန်း (၁)


"မင်းတို့ မှားနေပြီ! ဒီလောက်ကောင်းတဲ့ လူတစ်ယောက်ကို တကယ်ပဲ သေခိုင်းလိုက်ရလား? ဒီစာရေးသူရဲ့ မျက်လုံးတွေကတော့ ကန်းနေပြီ ထင်တယ်!"


ရှူကျစ်ယွီ က ဒေါသတကြီးဖြင့် မောက်စ်ကို လွှင့်ပစ်လိုက်သည်။ ဒေါသကြောင့် သူ၏ ချောမောခန့်ညားသော မျက်နှာလေးမှာပင် ရှုံ့မဲ့နေတော့သည်။ 


ကွန်ပျူတာ စကရင်ပေါ်တွင်မူ သူဖတ်နေကျ "ဝမ်ရယ်ရဲ့အကပညာရှင်လေး" ဝတ္ထု၏ နောက်ဆုံးထွက် အပိုင်းသစ်ကို မြင်နေရဆဲ ဖြစ်သည်။


တကယ်တော့ ဒီစာအုပ်အမျိုးအစားက “လူယုတ်မာအထက်ပုဂ္ဂိုလ်” ဝတ္ထုအမျိုးအစားပင် ဖြစ်သည်။ မူလက ရှူကျစ်ယွီမှာ ဤသို့သော ဝတ္ထုမျိုးကို ဖတ်ဖို့စိတ်မပါပေ။ ယခုကဲ့သို့ အပိုင်းသစ်တိုင်းကို စောင့်မျှော်ဖတ်ရှုနေရခြင်းမှာ သူ့ သူငယ်ချင်းများကြောင့်ဖြစ်သည်။ မနေ့က သူ၏ အရင်းနှီးဆုံး သူငယ်ချင်းများအဖွဲ့က ဤထဲမှ ဇာတ်ပို့သည် သူ၏ 'အကြိုက်' နှင့်လုံးဝထပ်တူကျသည်ဟုပြောလာသောကြောင့် ရှာဖွေဖတ်ရှုခဲ့မိခြင်းဖြစ်သည်။ 


သူ့သူငယ်ချင်းရဲ့အမြင်ကလုံးဝမှန်သည်။ ဒီထဲ က ဇာတ်ပို့က သူ့၏အကြိုက်နှင့် ထပ်တူကျနေသည်။ အရပ်ရှည်ပြီး တည်ငြိမ်သည်၊ စကားနည်းကာ အေးစက်ပြတ်သားသည်ဟုထင်ရသော်လည်း စိတ်သဘောထားနူးညံ့သူဖြစ်သည်။ ထိုအချက်များက ရှူကျစ်ယွီလိုချင်သည့်အချက်များနှင့်ကိုက်ညီနေသည်။ 


နှမြောစရာကောင်းတာက ဒီစာအုပ်ထဲမှာ ဇာတ်ပို့မင်းသားကလွဲရင် ကျန်တဲ့သူတွေက အဆင့်မရှိတဲ့ လူယုတ်မာတွေချည်း ဖြစ်နေပြီး၊ ဇာတ်လမ်းတွေကလည်း ယုတ္တိမရှိပေ။ ရှူကျစ်ယွီ ဖတ်ရင်း ဝေဖန်ပြစ်တင်မဆုံးခင်မှာတင် စာရေးသူက သူအချစ်ရဆုံးဇာတ်ကောင်ကို သေအောင်လုပ်လိုက်တော့သည်။ ထိုသို့ သေဆုံးသွားရခြင်းမှာလည်း ဘာမှမဟုတ်သည့် ကောင်လေးတစ်ယောက်ကို ကာကွယ်ပေးရင်း သေဆုံးရခြင်းဖြစ်ရာ ရှူကျစ်ယွီ မှာ စားပွဲကိုပင် မှောက်ချချင်စိတ် ပေါက်သွားတော့သည်။


စာရေးဆရာက ချီယွီရွှမ်း (Qi Yuxuan) နဲ့ ရန်ငြိုးရှိနေတာလား! ! !

ဤမျှ ပြည့်စုံသည့် ယောကျာ်းမျိုးကို ထိုကောင်လေးနှင့် တစ်ညတာ မှားခဲ့သည်ဆိုသည်မှာ ထားပါတော့၊ သို့သော် နောက်ဆုံးတွင်မူ မိမိအား အချစ်ပြန်မပေးနိုင်သည့်သူကို ကာကွယ်ရင်း အသက်ပေးသွားရသည်မှာ ရှူကျစ်ယွီ အတွက်မူ လက်ခံနိုင်စရာ မရှိလှပေ။


ဒီလိုပြီးပြည့်စုံသည့် အမျိုးသားက ထို ကောင်လေးနှင့် တစ်ညတာမှားယွင်းခဲ့သည်က ကိစ္စမရှိပေ။ ဒါပေမဲ့ နောက်ဆုံးမှာ သူ့ကို လုံးဝ မချစ်သည့်သူ၊ သူ့ကို ဒိုင်းတစ်ခုလိုပဲ သုံးခဲ့ကို ကာကွယ်ရင်း သေသွားရတယ်ဆိုတာကတော့...


(ရှူကျစ်ယွီက ချီယွီရွှမ်းက အဲ့ ကောင်လေးကို လုံးဝမချစ်မိဘူးလို့ ယုံကြည်ထားပါတယ်၊ အဲ့ကောင်လေးရဲ့ ဖြူစင်နူးညံ့တဲ့ အသွင်ကြောင့်သာစိတ်ပါသွားတာလို့ထင်တာပါ။  သူက တစ်ယောက်တည်း အထီးကျန်နေတာ ကြာပြီဖြစ်လို့ အဲ့ဒီလူက အချိန်ကိုက်ပေါ်လာပြီး တစ်ညတာ ပတ်သက်မှုရှိခဲ့တာကြောင့်သာ ဒီလိုရလဒ်မျိုး ဖြစ်လာတာလို့ သူက ယူဆထားတာပါ။)


သူမြတ်နိုးရသည့် ဇာတ်ကောင်အပေါ် စာရေးသူရဲ့လုပ်ရပ်ကို သူမကျေနပ်ပေမဲ့ စာရေးရတာခက်ခဲကြောင်း ရှူကျစ်ယွီ နားလည်ပေးနိုင်သည်။ ထို့ကြောင့် နောက်ဆုံးတွင်  (Negative Score) မပေးခဲ့တော့ပေ၊ 



စိတ်ပျက်လက်ပျက်ဖြင့် ကွန်ပျူတာကို ပိတ်ကာ ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။ မိမိအမြတ်နိုးရဆုံးသော ဇာတ်ကောင်မှာ သေဆုံးသွားပြီဖြစ်ရာ ဤဝတ္ထုကို ဆက်ဖတ်ရန် အကြောင်းမရှိတော့ပေ။ ထို့အပြင် စာရေးသူ၏ စရိုက်အရ ထို "လူယုတ်မာ" ကိုသာ ဦးစားပေးသူ ဖြစ်သဖြင့် ဇာတ်သိမ်းတွင်မူ ထိုကောင်ငယ်လေးက လူယုတ်မာအထက်ပုဂ္ဂိုလ်ထံ ပြန်လည်ရောက်ရှိသွားပြီး အခြားသော မယားငယ်များ၊ အမြှောင်မယားများဖြင့် အတူတကွ ပျော်ရွှင်စွာ ပေါင်းသင်းသွားမည်မှာ အမှန်ပင် ဖြစ်သည်။ 

တကယ်ကို ငြီးငွေ့ဖွယ်ကောင်းလှသည်။ 


"ဘုရားသခင်... ကျွန်တော့်ကို ဘာလို့ အဲ့ဒီလို လူကောင်းတစ်ယောက် မပေးတာလဲ! ကျွန်တော်သာ ရမယ်ဆိုရင် သူ့ကို နေ့တိုင်း ချစ်ပေးမယ်၊ အလိုလိုက်မယ်၊ တစ်သက်လုံး တန်ဖိုးထားပေးမှာ! သူ့ကို ဘယ်တော့မှ အထီးကျန်ပြီး ဝမ်းနည်းအောင် လုံးဝမထားဘူး..." ဟု တိုးတိုးလေး ရေရွတ်ရင်း စောင်ကို တင်းတင်းဆွဲခြုံရင်း အိပ်ပျော်သွားလေသည်။

ကျယ်ဝန်းလှသော အိပ်ခန်းကြီးမှာ ယခုအချိန်တွင် ပို၍ပင် ဟာလာဟင်းလင်း ဖြစ်နေသယောင် ရှိသည်။ အခန်း၏ တစ်ဖက်ခြမ်းတွင် သူနှင့်အတူလာနေမည့်သူက ဘယ်အချိန်မှာ ရောက်လာမလဲ သူမသိပေ။ 


"ပူလိုက်တာ..." မီးတောက်ထဲသို့ ရောက်နေသကဲ့သို့ ခံစားချက်မျိုးဖြင့် တစ်ကိုယ်လုံးမှာလည်း ချွေးများဖြင့် စေးကပ်နေကာ ခံရခက်လှပေသည်။


"နိုးပြီ! နိုးပြီ! သူ နိုးလာပြီ!" တစ်စုံတစ်ယောက်က သူ၏ နားနားတွင် မိုးကြိုးပစ်သကဲ့သို့ အော်ပြောနေသဖြင့် ဦးနှောက်များပင် ထုံကျင်သွားရသည်။


ရှူကျစ်ယွီ တစ်ယောက် ဝေဝေဝါးဝါးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဝိုးတဝါး ပုံရိပ်များကိုသာ မြင်နေရလေသည်။


"တော်သေးတာပေါ့၊ နောက်ဆုံးတော့ နိုးလာပြီ! သမားတော်လျူ ၊ သူ အဆင်ပြေသွားမှာမလား?"ဟု ကြမ်းတမ်းလှသော အသံပိုင်ရှင်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။


"အင်း၊ နိုးလာပြီဆိုရင်တော့ ဘာမှ မဖြစ်တော့ပါဘူး၊ စိတ်မပူပါနဲ့၊ မင်းသွားပြီး သူ့ကို ဂရုစိုက်ပေးလိုက်ဦး" ဟု အဘိုးအို တစ်ဦး၏ အသံက ပြန်လည်ဖြေကြားလေသည်။


"ကောင်းပါပြီ...သမားတော်ကြီး၊ သူ့ကိုလည်း နည်းနည်းလောက် နားဝင်အောင် ပြောပေးပါဦး။ ဘာကိစ္စကြောင့် ဒီလောက်တောင် အသေခံချင်နေရတာလဲမသိဘူး။ ဒီတစ်ခါတော့ ကံကောင်းလို့ 'စစ်သူကြီ'  က အနားက ဖြတ်သွားလို့သာပေါ့... မဟုတ်ရင်တော့ သွားပြီ!" ဟု ထိုသူက သက်ပြင်းချရင်း ပြောသွားသည်။ 


1