Chapter 2
Viewers 77

Chapter 2


"ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို နားဝင်အောင် ပြောပြပါ့မယ်" ဟု သမားတော်လျှို က နွေးထွေးစွာ ပြောလိုက်သည်။ 


"ဒါဆိုရင် ကျွန်တော် အရင်သွားခွင့်ပြုပါဦး၊ စစ်သူကြီးက ကျွန်တော့်အဖြေကို စောင့်နေတာမို့လို့ပါ!" ကြမ်းတမ်းသောအသံပိုင်ရှင်က စကားဆုံးသည်နှင့် ခြေသံများ ဝေးကွာသွားလေသည်။


ရှူကျစ်ယွီသည် ဦးနှောက်တစ်ခုလုံး ပူထူနေသကဲ့သို့ ခံစားနေရပြီး အကြောင်းအရာ အတော်များများကို ကြားနေရသော်လည်း သေချာစွာ မစဉ်းစားနိုင်သေးပေ။ 


"ဟေး... ကလေးရယ်၊ မင်းက ဘာလို့ ဒီလောက်တောင် အဆင်အခြင်မဲ့ရတာတုန်း?" သမားတော်လျှို သည် ရှူကျစ်ယွီ၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများကို ကြည့်ကာ သက်ပြင်းတစ်ချက်ချပြီး သူ့ကို တစ်ခေါက် ထပ်မံစစ်ဆေးလိုက်သည် - "ကောင်းကောင်းအနားယူလိုက်ပါ၊ မင်းနိုးလာတဲ့အခါ အားလုံး အဆင်ပြေသွားမှာပါ"


ရှူကျစ်ယွီသည် လိမ်မာစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏ လက်ရှိ အခြေအနေအရ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဆရာဝန်တစ်ဦးအနေဖြင့် သူ၏ဗီဇအရ သူသည် အဖျားကျစ ပြန်လည်နာလန်ထူသည့် အဆင့်တွင်ရှိနေကြောင်း သိထားပြီး အနားယူမှသာ ပိုမိုမြန်ဆန်စွာ သက်သာလာမည် ဖြစ်သည်။


အိပ်ပျော်နေစဉ်အတွင်း ရှူကျစ်ယွီသည် ရှည်လျားသော အိမ်မက်တစ်ခုကို မက်ခဲ့သည်။ 

သူနှင့် ရုပ်ချင်းဆင်သော လူငယ်လေးတစ်ဦး တောင်ပေါ်ရွာလေးတစ်ရွာတွင် ကြီးပြင်းလာပုံကို သူ အိမ်မက်မက်နေခြင်း ဖြစ်သည်။ ထိုလူငယ်၏ အဖိုးမှာ သမားတော်တစ်ဦးဖြစ်ပြီး လူငယ်လေးသည်လည်း ငယ်စဉ်ကတည်းက ဆေးပညာကို သင်ယူခဲ့သည်။ သူ၏အဖိုးမှာ အလွန်ထူးချွန်သော သမားတော်တစ်ဦး မဟုတ်သဖြင့် လူငယ်လေး၏ ဆေးပညာမှာလည်း သာမန်မျှသာ ဖြစ်သည်။ အဖိုးဖြစ်သူ ကွယ်လွန်ပြီးနောက် သူသည် မြို့နယ်လေးတစ်ခုတွင် လှည့်လည်ကုသသော နယ်လှည့်သမားတော်လေး ဖြစ်လာခဲ့သည်။ ငတ်ပြတ်မသွားသော်လည်း ချမ်းသာသော ဘဝကိုတော့ မပိုင်ဆိုင်နိုင်ခဲ့ပေ။


ထိုလူငယ်သည် တစ်ရွာတည်းသား လူငယ်တစ်ဦးနှင့် ချစ်ကြိုက်မိခဲ့ပြီး သူတို့နှစ်ဦး၏ သံယောဇဉ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခိုင်မြဲလာခဲ့သည်။ ထို ထိုချစ်သူဖြစ်သူ လူငယ်မှာ ကြီးမားသော  ရည်မှန်းချက် ကြီးမားသူဖြစ်ပြီး  ဤရွာငယ်လေးထဲတွင်ပင် ဘဝကို အဆုံးမသတ်ချင်သူဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး တိုင်ပင်ပြီးနောက်တွင် စစ်တပ်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။


ထိုလူငယ်လေးတွင် ဆွေမျိုးသားချင်းဟူ၍ မရှိတော့ဘဲ ချစ်သူလူငယ်လေး တစ်ဦးတည်းသာ ရှိတော့သဖြင့် သူကလည်း မကန့်ကွက်ခဲ့ပေ။ ထို့နောက် သူတို့နှစ်ဦးသည် အထုပ်အပိုးများကို ရိုးရှင်းစွာပင် ပြင်ဆင်ပြီး စစ်တပ်ထဲသို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။

..

စစ်တပ်အတွင်းရှိ ဘဝမှာ ခက်ခဲလှပေသည်။ မည်သည့်နောက်ခံအသိုင်းအဝိုင်းမျှ မရှိသော သာမန်အရပ်သားများဖြစ်ရာ အောက်ခြေစစ်သားဘဝမှသာ စတင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် စစ်သူကြီး ချီ မှာ စစ်ပညာတွင် နတ်ဘုရားတစ်မျှ ကျွမ်းကျင်သူဖြစ်သည်။ တိုင်းတစ်ပါးသားများနှင့် တိုက်ခိုက်ရသော စစ်ပွဲများမှာ အလွန်အန္တရာယ်များသော်လည်း သူတို့နှစ်ဦးမှာမူ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။


လူငယ်လေး၏ ကျန်းမာရေး အခြေအနေမှာ အလွန်မကောင်းသော်လည်း ဆေးပညာ တတ်ကျွမ်းသဖြင့် မကြာမီမှာပင် စစ်ဘက်ဆေးတပ်ရင်းသို့ ပြောင်းရွှေ့ခံရသည်။ စစ်တပ်ဆေးပေးခန်းတွင် သမားတော်ချစ်သူတစ်ဦး ရှိနေခြင်းက တစ်ဖက်လူငယ်အတွက် တပ်စုအတွင်း အဆင့်အတန်းကို ချက်ချင်း မြင့်တက်စေခဲ့သည်။ စစ်မြေပြင်တွင် အန္တရာယ်များလှသဖြင့် စစ်ဆေးတပ်တွင် အသိရှိနေပါက ဒဏ်ရာရချိန်၌ ဦးစားပေး ကုသမှုခံယူနိုင်ပြီး အသက်ကိုပင် ကယ်တင်နိုင်မည်ကို အားလုံးက သိထားကြသောကြောင့် ဖြစ်သည်။


ချစ်သူဖြစ်သူ လူငယ်မှာ စစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပြီး ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့သည်။ တိုက်ပွဲအနည်းငယ် အပြီးတွင် သူ၏အဆင့်အတန်းမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ လူငယ်လေးသည် သူ့အတွက် ဝမ်းသာပေးသော်လည်း တစ်ဖက်တွင်မူ စိုးရိမ်စိတ်အချို့ ဖြစ်ပေါ်နေမိသည်။


တဖြည်းဖြည်းနှင့် ချစ်သူ၏ ရာထူးတိုးလာသည်နှင့်အမျှ လူငယ်လေးအပေါ် ထားရှိသော သဘောထားမှာ အေးစက်လာသည်ကို သူ ခံစားလာရသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် လွန်ခဲ့သော ရက်အနည်းငယ်က ထိုလူငယ်နှင့် ငယ်ရွယ်ချောမောသော အမျိုးသမီးတစ်ဦးတို့ အတူရှိနေသည်ကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်စွာ ကြည့်နေကြသည်။ တစ်ချိန်က သူ့ကိုသာ စိုက်ကြည့်ခဲ့သော ထိုမျက်ဝန်းများထဲတွင် ယခုမူ အခြားသူတစ်ဦး၏ ပုံရိပ်များဖြင့် ပြည့်နှက်နေလေပြီ။


စိတ်နှလုံး ထိခိုက်ကြေကွဲနေသော လူငယ်လေးသည် ထိုလူငယ်ကို သွားရောက် မေးမြန်းရန် ကြိုးစားသော်လည်း မွေးရာပါ ကြောက်ရွံ့တတ်သူ ဖြစ်သဖြင့် အပြစ်ပင် မတင်ဝံ့ခဲ့ပေ။ မျှော်လင့်ချက် အားလုံး ပျက်သုဉ်းသွားသောအခါ လူငယ်လေးသည် မြစ်ထဲသို့ ခုန်ချလိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် စစ်သူကြီး တစ်ဦး ထိုနေရာသို့ ဖြတ်သွားခဲ့သောကြောင့်သာအသက်ရှင်ရခြင်းဖြစ်သည်။ မဟုတ်ပါက သူသည် ယခုအချိန်တွင် ရေပေါ်တွင် ပေါလောပေါ်နေသော အလောင်းတစ်ခုသာ ဖြစ်နေပေလိမ့်မည်...


ရှူကျစ်ယွီသည် ထိုလူငယ်လေး၏ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ကြည့်နေသကဲ့သို့ ကြည့်ရှုခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူနှင့် အမည်တူသော ဤလူငယ်မှာ အလွန်ပင် နူးညံ့ပျော့ညံ့လွန်းသည်ဟု သူ ခံစားရသည်။ ဤကဲ့သို့ ဖောက်ပြန်တတ်သော ချစ်သူမျိုးကို လုပ်သင့်သည့် အကောင်းဆုံးအရာမှာ တစ်ချက်လောက် ပြင်းပြင်းထန်ထန် ထိုးကြိတ်ပြီးနောက် ကျောခိုင်းလှည့်ထွက်ကာ မေ့ပစ်လိုက်ရန်သာ ဖြစ်သည်။


ထိုသူမှာ လူယုတ်မာတစ်ဦးမျှသာ ဖြစ်ပါလျက်နှင့်၊ သူ့အတွက်ကြောင့် မြစ်ထဲသို့ ခုန်ချရသလား...။ ရှူကျစ်ယွီသည် ဤမှတ်ဉာဏ်များကို ကြည့်ရှုရင်း မူလပိုင်ရှင်ကို ရှာဖွေကာ အားရပါးရ ဆုံးမလိုက်ချင်စိတ်ပင် ပေါက်သွားသည်။


"ခြေနှစ်ချောင်းပါတဲ့ ဖားကို ရှာရခက်ပေမဲ့၊ ခြေသုံးချောင်းပါတဲ့ (ယောက်ျား) တွေက အများကြီးရှိတာပဲ မဟုတ်လား။ ဒါ့အပြင် သူ့မှတ်ဉာဏ်ထဲက သူ့အသက်ကို ကယ်ခဲ့တဲ့ စစ်သူကြီးကတောင် ရွေးချယ်သင့်ဆုံးးသူပဲ”


"မင်း ထွက်သွားပြီဆိုတော့လည်း၊ မင်းရဲ့ ကျန်ရှိတဲ့ ဘဝအတွက် ငါပဲ ဆက်ပြီး တာဝန်ယူ စောင့်ရှောက်ပေးပါ့မယ်" ဟု စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက်၊ ရှူကျစ်ယွီသည် သူ၏ ရင်ထဲမှ မကျေနပ်ချက် အာဃာတများ လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်မှာ သေဆုံးသွားပြီးနောက်မှ ထိုလူငယ်လေးသည် သူ၏ မိုက်မဲမှုကို သဘောပေါက်သွားခြင်း ဖြစ်ပေလိမ့်မည်။ ရှူကျစ်ယွီ၏ ကတိကို ရရှိပြီးနောက် လူငယ်လေး၏ နောက်ဆုံးကျန်ရှိနေသော အငြှိုးတေးများမှာ လုံးဝကွယ်ပျောက်သွားခဲ့သည်။


နဖူးကို စမ်းကြည့်လိုက်ရာ ကိုယ်ပူရှိန်မှာ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သဖြင့် ရှူကျစ်ယွီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်မိသည်။ ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည်အကဲခတ်မိသောအခါ သူရှိနေသည့် တဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်နိုင်လှပြီး မီးခိုးရောင်အမိုးက စိတ်ကို လေးလံဖိစီးစေသည်။ သူ လဲလျောင်းနေသည့် သစ်သားပျဉ်ပြားအပြင် မနီးမဝေးတွင် အခြားသော ပျဉ်ပြားတစ်ခုလည်း ရှိနေသေး၏။


ကိုယ်ပေါ်တွင် စောင်ပါးလေးတစ်ထည် လွှမ်းခြုံထားသော်လည်း ကံကောင်းသည်မှာ ရာသီဥတုက သိပ်မအေးလှခြင်းပင်။ မဟုတ်ပါက ဤကဲ့သို့ နေရာမျိုးတွင် အိပ်စက်ရသည်မှာ နှိပ်စက်မှုတစ်ခု ဖြစ်နေပေလိမ့်မည်။ ရှူကျစ်ယွီသည် နဂိုမူလက ကျန်းမာရေး ကောင်းမွန်သဖြင့် အအေးဒဏ်ကို သိပ်မကြောက်သော်လည်း၊ အကြောင်းရင်းကို မသိရဘဲ အိပ်ပျော်နေသည့်အချိန်တွင်မူ အအေးဒဏ်ကို အလွန်အမင်း ခံစားရတတ်သည့် အကျင့်ရှိသည်။


ဤနေရာမှာ စစ်ဘက်သမားတော်များ အနားယူရာ တဲဖြစ်ကြောင်း အတည်ပြုပြီးနောက်၊ သူသည် စိတ်ကို တည်ငြိမ်အောင် ထားကာ ဦးနှောက်ထဲတွင် ရှုပ်ထွေးနေသော မှတ်ဉာဏ်အကြွင်းအကျန်များကို ပြန်လည် စုစည်းလိုက်သည်။


"အင်း... တိုင်းတစ်ပါးသားတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ခေတ်၊ ယောက်ျားချင်း ချစ်ကြိုက်လို့ ရတဲ့ခေတ်၊ ပင်းရှီး စစ်သူကြီး ချီယွီရွှမ်း...."

နေပါဦး! ! ! ပင်းရှီး စစ်သူကြီး ချီယွီရွှမ်’ ဆိုပါလား? ? ! !

ရှူကျစ်ယွီ၏ မျက်လုံးများမှာ ရုတ်တရက် ဝိုင်းစက်သွားတော့သည်။ ဒါက... ဘယ်လိုဖြစ်ရတာလဲ?!

ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ရှူကျစ်ယွီသည် သတိပြန်ဝင်လာခဲ့သည်။ သူသည် မည်သည့် သမိုင်းမှတ်တမ်းတွင်မျှ မရှိသော ခေတ်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း၊ မှတ်ဉာဏ်များကို ပြန်လည်ဖတ်ရှုနေစဉ်အတွင်း သူ အလွန်ရင်းနှီးနေသည့် အမည်တစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်


—— ထိုသူကား အခြားသူမဟုတ်၊ သူ ကောင်းကောင်းသိနေသည့် 'ပင်းရှီး စစ်သူကြီး ချီယွီရွှမ်း' ပင် ဖြစ်လေတော့သည်။

☆、၀၂