ဝေရော့သည် အသာအယာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"ဒါက အဓိပ္ပာယ် နှစ်မျိုးရှိတာလေ.. မလိုတဲ့အရာကို ပြန်ယူသွားခိုင်းတာက နှမြောစရာဖြစ်မှာ စိုးလို့ပါ"
ဝေယီလင်းသည်လည်း ဝေရော့၏ စကားကို ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့.. အစ်မက ကျောင်းတက်ရတော့မှာလေ၊ ဒါတွေမသုံးဘဲ ဘယ်လိုလုပ် အလဟဿ ဖြစ်မှာလဲ"
ထိုအခါ ဝေရော့သည် ပြုံးလျက် ရှို့မေကို လှမ်းခေါ်လိုက်သည်။
"ရှို့မေ... ငါ့ရဲ့ စာရေးကိရိယာလေးတွေ ယူခဲ့ပေးပါဦး"
"ဟုတ်ကဲ့ပါ သခင်မလေး"
ရှို့မေသည် အခန်းထဲမှ အသံပြုလိုက်ကာ ခဏအကြာတွင် ဝါးခြင်းတောင်း အကြီးကြီးတစ်လုံးကို မနိုင်မနင်း မလာပြီး သူတို့၏ရှေ့တွင် ချလိုက်သည်။
ယွမ်ရှီး၊ ဝေချင်းဝမ်နှင့် ဝေယီလင်းတို့မှာ ထိုခြင်းတောင်းထဲတွင်ရှိနေသော ပစ္စည်းများကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားကြလေသည်။
ခြင်းတောင်းထဲတွင် 'စစ်ပေါင်ကျဲ' ဆိုင်မှ အဆင့်မြင့်စက္ကူများမှာ အထပ်လိုက် ရှိနေပြီး မှင်ကျောက်များ၊ စုတ်တံအမျိုးမျိုးနှင့် မှင်တောင့်များမှာလည်း ဝေချင်းဝမ် ယူလာသည်ထက်ပင် သာလွန်ကောင်းမွန်နေသည်။
"ရော့အာ... ဒါတွေအများကြီးကို သမီး ဘယ်ကရတာလဲ"
ယွမ်ရှီးလည်း ထိုအရာများမြင်လိုက်ရသည်ကို အံ့သြတကြီးဖြင့် မေးလိုက်သည်။
သူမ၏ သားကြီး ဝေရိချန်မှာပင် ဤမျှစုံလင်အောင် မရှိပေ။
"မိုကျားရှန်းမှာ နေတုန်းက တောင်ပေါ်မှာ လမ်းပျောက်နေတဲ့ အဘွားအိုတစ်ယောက်ကို ကူညီခဲ့ဖူးတယ်.. သူ့သားက စာရေးကိရိယာ အရောင်းအဝယ်လုပ်တာဆိုတော့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီတစ်ခြင်းတောင်းလုံး ပေးလိုက်တာပါ.. အဲဒါကြောင့် ဝမ်ဝမ်ပေးတဲ့ ပစ္စည်းတွေကို မလိုဘူးလို့ ပြောတာပါ"
ဝေရော့၏ စကားကြောင့် ဝေချင်းဝမ်နှင့် ဝေယီလင်းတို့မှာ အရှက်ရကာ မျက်နှာပျက်သွားကြသည်။
ဝေရော့သည် ဆက်လက်၍ ဝေယီလင်း၏ ရိုင်းစိုင်းသော အမူအရာကို ထောက်ပြပြီး ဆုံးမစကားဆိုရာ ယွမ်ရှီးလည်း သဘောပေါက်သွားပြီး အစ်မဖြစ်သူအား တောင်းပန်ခိုင်းလိုင်သည်။
"ယီလင်း... အစ်မကြီးကို တောင်းပန်လိုက်စမ်း.. မောင်ဖြစ်ပြီး အစ်မကို ဘယ်လို စကားပြောနေတာလဲ"
ဝေယီလင်းမှာ အစပိုင်းတွင် ငြင်းဆန်ချင်သော်လည်း မိခင်၏ တင်းမာသော အကြည့်ကြောင့် ခေါင်းငုံ့ကာဖြင့် တောင်းပန်စကား ပြောလိုက်ရသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါတယ်"
"မောင်လေး... တောင်းပန်တဲ့အခါမှာ စိတ်ပါလက်ပါ ရှိဖို့လိုတယ်.. အိမ်မှာ အစ်မက မပြင်ပေးရင် နောက်တစ်ချိန် အပြင်မှာ ဒီလိုလုပ်မိရင် မိသားစုအတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်"
ဝေရော့သည် သွေးအေးအေးဖြင့် ထပ်ဆင့်ဆုံးမလိုက်ရာ ဝေယီလင်းမှာ မျက်ရည်ဝဲလျက် ထပ်မံတောင်းပန်လိုက်ရလေသည်။
ပြဿနာများ ပြေလည်သွားပြီးနောက် ယွမ်ရှီးတို့ ထွက်သွားစဉ် တံခါးဝ၌ ဝေကျင်းယီနှင့် တွေ့လေသည်။
သူသည် အစောပိုင်းက အဖြစ်အပျက်များကို အစအဆုံး မြင်တွေ့ခဲ့ပုံရသည်။
ယွမ်ရှီးတို့ ထွက်သွားပြီးနောက် ဝေရော့သည် ဝေကျင်းယီကို ခေါ်ကာ စာရေးကိရိယာ အမြောက်အမြားကို ရှောင်ပေ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒုတိယအစ်ကို... ဒါတွေက ရှင်သုံးဖို့ပါ မလိုတဲ့သူကို ပေးမိလို့ ဖုန်တက်ခံမယ့်အစား ကျွန်မ သဘောကျတဲ့သူကို ပေးလိုက်တာက ပိုကောင်းပါတယ်"
ဝေရော့ပြောလိုက်သည့်စကားကြောင့် ဝေကျင်းယီလည်း ရုတ်တရက် မျက်နှာလေး နီမြန်းသွားပြီး မည်သည့်စကားမှ ပြောနေခြင်းမရှိတော့ကာ အမြန်လှည့်ထွက်သွားလေသည်။
ဝေရော့မှာမူ သူ ဘာကြောင့် ဒီလောက်မြန်မြန် ထွက်သွားရသည်ကို နားမလည်နိုင်ဖြစ်လျက် ကျန်ရစ်ခဲ့သည်။
နောက်တစ်နေ့တွင် ရှဲ့အိမ်တော်မှ သတင်းစကား ရောက်လာသည်။
သမီးဖြစ်သူ ရှဲ့ရင်း ကို ခေါ်ဆောင်ကာ ဝေအိမ်တော်သို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း၊ နောင်တွင် အတူတူ စာသင်ကြရမည်ဖြစ်သဖြင့် ကြိုတင်မိတ်ဆက်ပေးလိုခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယွမ်ရှီးမှာမူ အလွန်အလုပ်ရှုပ်သွားပြီး ဧည့်ခံရန် အစွမ်းကုန် ပြင်ဆင်ရသည်။
နှစ်ရက်အကြာတွင် မစ္စရှဲ့နှင့် ရှဲ့ရင်းတို့ ရောက်ရှိလာကြသည်။
"ဝေကတော်... အနှောင့်အယှက် ပေးမိပြီလားရှင်"
မစ္စရှဲ့မှ ဝေအိမ်တော်သို့ ရောက်သောအခါတွင် ပြုံးလျက် နှုတ်ဆက်သည်။
"မရှိပါဘူးရှင်၊ လာလည်ပေးတာကိုပဲ ဝမ်းသာနေတာပါ"
ယွမ်ရှီးသည်လည်း ဝမ်းသာအားရဖြင့် ပြန်ပြောသည်။
မစ္စရှဲ့သည် ယွမ်ရှီးဘေးတွင် ရပ်နေသော ဝေချင်းဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။
"ဝေကတော်... အိမ်က တခြားသမီးတစ်ယောက်ကော ဘယ်မှာလဲဟင်"
-------------------------------------------------------------
-----------------------------------------------------------------------