Ch 3
Viewers 7

🥰Chapter 3

လူလုပ်မှတ်ဥာဏ်တု(AI)ဟုတ်လား...လူလုပ်ငတုံးနဲ့ ပိုတူနေတာကွ...



ညစာစားပွဲတွင် ကျန်းယင်က ချီကျူးထံ ရိုင်းစိုင်းသည့် လက်ဟန်အမူအရာလုပ်ပြခဲ့ပြီး ချီကျူးကလည်း ယင်းကို သတိထားမိကာ မိန့်ခွန်းအချို့ကိုပင် မတော်တဆ ကျော်ချမိသွားခဲ့သည်။  ယင်းကို မည်သူမှ သတိမပြုမိခဲ့ဘဲ ကျန်းယင်တစ်ဦးတည်းကသာ သတိထားမိခဲ့သည်ပင်။


ညစာစားပွဲပြီးနောက် ကျန်းယင်က ပွဲစီစဉ်သူများထံသွားရှာက ချီကျူးအမှာစကားပြောကြားနေသည့် ဗွီဒီယိုပေးရန် တောင်းဆိုလိုက်သည်။ သူယင်းကို ရရန်လိုပေသည်။ ယခုဆိုလျှင် ချီကျူးကို လုံးပါးပါးသွားစေမည့် သတင်းထဲတွင် နောက်ထပ်သက်သေတစ်ခု တိုးလာပြီဖြစ်သည်။


ချီကျူး၏ပရိသတ်များ ပြောနေကြသည့် ပြီးပြည့်စုံသည်ဟူသော ချီကျူးက ကျန်းယင်၏folder များထဲတွင်မူ ထိုမျှ ပြီးပြည့်စုံနေခြင်းမရှိချေ။


ရေချိုးပြီးနောက် သူ့ဖုန်းတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှု သုံးခုရှိနေသည်ကို တွေ့လိုက်ရ၏။ အကုန်လုံးက သူ့အစ်ကိုထံမှပင်။


"ဘာဖြစ်လို့လဲ..."

ကျန်းယင်က ဖုန်းပြန်ခေါ်ကာ မေးလိုက်သည်။


"ဒရာမာအကြောင်းလေ...မင်းလက်ထောက်က မင်းကို ပြောပြီးသွားပြီမလား..."

ကျန်းရွှင်က မေးလိုက်သည်။


"ကော..."

ကျန်းယင်က ခံစားချက်မရှိသည့် မျက်နှာသေဖြင့် မေးလိုက်သည်။


"အခုဘယ်အချိန်ရှိပြီလဲဆိုတာ သိလားဗျ...ကျွန်တော်တို့မှာ လိင်မှုဘဝဆိုတာရှိတယ်...ဒီလိုညချမ်းချိန်ခါမှာ ကောက အဲ့ဘဝမှာ ပျော်မွေ့နေမယ့်အစား ကောရဲ့ညီငယ်လေးနဲ့ပတ်သက်ပြီး စိတ်ပူနေမယ်ဆိုရင် ဝေဝေကတော့ ပျော်တော့မှာမဟုတ်ဘူးနော်..."


"သူ့ကို ဝေဝေလို့ခေါ်လို့ရတယ်လို့ မင်းကိုဘယ်သူပြောတာလဲ..."

ကျန်းရွှင်က ခွန်းတုံ့ပြန်ပြောလိုက်သည်။


"ဘယ်အချိန်ပဲဖြစ်ဖြစ်...သူက ငါ့ကိုတွေ့လိုက်တာနဲ့ ပျော်နေရောပဲ..."


ကျန်းယင်က ခေါင်းစဉ်ကို နောက်ထပ်မပြောင်းနိုင် ကျန်းရွှင်က သူဖုန်းခေါ်ရသည့် အကြောင်းအရင်းထံ အတင်းအကျပ် ပြန်ဆွဲခေါ်လိုက်သည်။


"ဟိုဟိုဒီဒီပြောနေတာ တော်လောက်ပြီ...စီးပွားရေးကိစ္စပြောကြတာပေါ့...'မင်္ဂလာရှိ​သော နှင်းတစ်ပွင့်'က ရွှမ်းမော့လင်ဇာတ်ကောင်နေရာက မင်းနဲ့လိုက်တယ်ဆိုပြီး အင်တာနက်အသုံးပြုသူတွေက မဲပေးခဲ့ကြတယ်...ပြီးတော့ အဲ့ဒရာမာရဲ့ဒါရိုက်တာက ငါတို့အဖေရဲ့သူငယ်ချင်းပဲ...သူတို့က မင်းအဲ့ကားကို ရိုက်မယ်လို့ မျှော်လင့်နေကြတာ...."


ကျန်းယင်က စက္ကန့်အနည်းငယ်မျှ တိတ်သွားပြီးနောက် ရှက်ရွံ့မှုအနည်းငယ်ဖြင့် မေးလိုက်သည်။


"ဒါရိုက်တာက....ကျွန်တော် ဆိုးဆိုးဝါးဝါးသရုပ်ဆောင်ထားတဲ့ အိုင်ဒေါဒရာမာကို မကြည့်ရသေးဘူးလား..."


"အမှန်ပဲ သူမကြည့်ရသေးဘူး...သူက ဒဏ္ဍာရီလာရုပ်ရှင်ကြယ်ပွင့်ရဲ့သားက သရုပ်ဆောင်ဆိုးဝါးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ယုံနေတာ..."


ကျန်းရွှင်လည်း စက္ကန့်အနည်းငယ်မျှ တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။


"သဘက်ခါ မနက်ခင်းကိုးနာရီ...နောက်မကျစေနဲ့နော်...မင်းကိုယ်တိုင် audition နေရာကို လာခဲ့...နောက်ရလဒ်က ဘာဖြစ်ဖြစ်..."


"သူ ကျွန်တော့်ကို လက်လျှော့သွားလိမ့်မယ်..."

ကျန်းယင်က လုံးဝသေချာနေသကဲ့သို့ ပြေလိုက်သည်။


"ကျွန်တော့်ရဲ့အမှိုက်လို သရုပ်ဆောင်စွမ်းရည်တွေရယ်...အော့နှလုံးနာစရာ ဇာတ်လမ်းဖော်ပြမှုတွေနဲ့ဆို သေချာပေါက်သူ...အိုး စကားမစပ်...အဲ့ည ကျွန်တော့်မှာ အလယ်တန်းကျောင်းသားပြန်လည်တွေ့ဆုံပွဲရှိတယ်...audition ကအရမ်းမကြာရင် ပိုကောင်းတယ်..."


"ကောင်းပြီ...ဒါဆို အတည်ပြုလိုက်ပြီ..."


ကျန်းရွှင်က ပြောလိုက်သည်။ ဖုန်းမချမီတွင် သူက ထပ်ပေါင်းပြောလိုက်သည်။


"မွေးနေ့မှာပျော်ရွှင်ပါစေလို့ ကောကြိုဆုတောင်းပေးလိုက်တယ်...မင်းလိုချင်တာတစ်ခုခုရှိရင် Wechat ကနေ ကောကို စာပို့ထားလိုက်နော်..."


ထိုည 11နာရီခွဲတွင် ကျန်းယင်၏Wechat group များစွာထဲကမှ တစ်ခုက လှုပ်ရှားအသက်ဝင်လာခဲ့သည်။


[ချီကျွင်း] : လက်မကြီးဂဏန်း လက်မကြီးဂဏန်းရေ~မင်းရှိလား


[ကျန့်ယင်းယင်း] : လက်မကြီးဂဏန်းရေ...


[လက်မကြီးဂဏန်း] :  ငါရှိတယ် ငါရှိတယ်...ကားဟွန်းတီးရင်း ရယ်​နေသည့်ပုံ.jpg


[ချီကျွင်း] : သဘက်ခါပါတီကို မင်းလာမှာလား...


[လက်မကြီးဂဏန်း] : သေချာပေါက်လာမှာပေါ့...


[ကျန့်ယင်းယင်း] : ငါတို့ဘွဲ့ယူပြီးကတည်းက မတွေ့ကြတော့တာဆိုပေမယ့် အနေဝေးပြီးစိမ်းကားသွားသလို လုံးဝမခံစားရဘူး...


[လက်မကြီးဂဏန်း] : တကယ်ပဲ...


[ချီကျွင်း] : ပြောရရင် ကျန်းယင်က ကျောင်းမှာတုန်းက မနက်ခင်းစုဝေးပွဲတိုင်း ဆူခံရတာ...အခုလည်း နေ့တိုင်း Weibo ပေါ်မှာ ဆူပူကြိမ်းမောင်းခံနေရတော့...မင်းကို အမြဲတွေ့နေရသလို ငါတို့ခံစားနေရတာ...လုံးဝမပြောင်းလဲသွားဘူး...


[လက်မကြီးဂဏန်း] : ...........


[ချောင်ယွဲ့] : လက်မကြီးဂဏန်း...အတည်မေးမလို့...ချီကျူးရော တွေ့ဆုံပွဲလာမှာလား...


[ချီကျွင်း] : သူက Wechat သုံးလေ့မရှိတဲ့ပုံပဲ...ဒါပေမယ့် QQမှာလည်း ငါတို့ကို မတုံ့ပြန်ဘူး...ကျန်းယင် မင်းငါတို့အတွက် သူ့ကိုမေးပေးပါလား...မင်းတို့နှစ်ယောက်က တစ်ချိန်လုံးရန်ဖြစ်နေပေမယ့် မင်းတို့က ထိုင်ခုံဖော်တွေပဲလေ...အခုထိ အဆက်အသွယ်ရှိနေဦးမှာပါ ဟုတ်တယ်မလား...


[လက်မကြီးဂဏန်း] : Okaaay...ငါခုချက်ချင်းမေးလိုက်မယ်...မကျရှုံးစေရဘူး...


ကျန်းယင်က အချိန်ကို ကြည့်လိုက်သည်။ ညဉ့်သန်းခေါင်မရောက်သေးဘဲ ချီကျူးကလည်း အိပ်ရာမဝင်လောက်သေးချေ။ ကျန်းယင်က QQ app ကိုပြောင်းလိုက်ပြီး 'အတန်းခေါင်းဆောင်'ဟုအမည်မှတ်ထားသော စကားပြောခန်းကို ကြည့်လိုက်သည်။ နောက်ဆုံးမက်ဆေ့ချ်က ချီကျူး၏'အိုး'ဟူသော မက်ဆေ့ချ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်နာရီက ပို့ထားခြင်းပင်။


ဤလူက ထိုင်းမှိုင်းလွန်းပြီး ပျင်းစရာကောင်းလွန်းသည်ဟု ချီကျူးက အမြဲတွေးနေခဲ့ခြင်းပင်။ သူ Wechat မသုံးသည်က အဆင်ပြေသော်ငြား သို့သော် QQ ပေါ်တွင်တောင် သူ့avatar ရုပ်လေးက app၏ပုံ​သေ​​ပေးထားသည့် ပင်ဂွင်းလာဘ်ကောင်ပုံလေးဖြစ်နေပေ၏။


[လက်မကြီးဂဏန်း] : [poke...poke...poke...]


[လက်မကြီးဂဏန်း] : [poke...poke...poke...]



[လက်မကြီးဂဏန်း] : [poke...poke...poke...]


[အတန်းခေါင်းဆောင်] : မင်္ဂလာညနေခင်းပါ...ကျွန်တော် လက်ရှိမအားလပ်ပါ၍ တစ်ရက်ကြာမှ ပြန်ဆက်သွယ်လိုက်ပါ့မယ်...


ကောင်းပြီလေ...အခုတော့ ​ရွေးချယ်စရာမရှိ​တော့ဘူးပဲ...


ကျန်းယင်က သူမှတ်ထားသည့် ဖုန်းနံပါတ်များကို ရှာကြည့်လိုက်ပြီး ချီကျူး၏ဖုန်းနံပါတ်ကို နှိပ်ကာ တိုက်ရိုက်ပင် ခေါ်လိုက်လေသည်။


ချီကျူးက ဧည့်ခန်းထဲတွင် ဇာတ်ညွှန်းအသစ်ကို ဖတ်ကြည့်နေခြင်းပင်။ သူ့အိပ်ခန်းသို့ ပြန်တော့မည့်အချိန်တွင် သူ့ကွန်ပြူတာမော်နီတာ၏ညာဘက်အောက်ထောင့်တွင် ဂဏန်းပုံလေးက တဖျတ်ဖျတ်လင်းသွားသည်ကို မြင်လိုက်ရသည်။ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဇာတ်ညွှန်းကို ဘေးချကာ အသိပေးချက်စာရင်းကို နှိပ်လိုက်သည်။ သူပြန်မတုံ့ပြန်နိုင်မီမှာပဲ တစ်ဖက်လူထံမှ ဖုန်းခေါ်ဆိုမှု ဝင်လာခဲ့လေ၏ ။


"ကျော်ကြားနေတဲ့သရုပ်ဆောင်တွေက တကယ်ကို အလုပ်များကြတာကိုး..."


ဖုန်းချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယင်က မကျေမနပ်ပြောဆိုလိုက်သည်။ 


"သူတို့မှာ သူ့တို့မက်ဆေ့ချ်တွေကို စစ်ကြည့်ဖို့အချိန်တောင် မရှိကြဘူး..."


"မင်းလောက် အလုပ်မများပါဘူး...မင်းက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတုန်းလေ...နာမည်ကြီးလွန်းလို့ ငါနဲ့ရန်ဖြစ်ဖို့တောင် မင်းမှာအချိန်မရှိဘူးမလား..."


ချီကျူး၏အသံအနေအထားက သာယာသိမ်​မွေ့​နေပြီး သူဘာတွေးနေလဲ ဘယ်လိုခံစားနေရလဲကို ပြောရန် ခက်လှ၏။


ကျန်းယင်က ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းချလိုက်သည်။


"ဒီတစ်ခေါက်က ရန်ဖြစ်ဖို့ အကြောင်းရှာနေတာမဟုတ်ဘူး...တရားဝင်အလုပ်ကိစ္စ​ပြော...မင်း....ဟေး မင်းဘာလုပ်နေတာလဲ..."


ကျန်းယင်က ရုတ်တရက် ဖုန်းတစ်ဖက်မှ ချီကျူး၏စာရွက်လှန်သံကို ကြားလိုက်ရသည်။


"ဇာတ်ညွှန်းဖတ်နေတာ...ငါဒရာမာအသစ်ရထားတယ်...အချိန်ကြပ်နေတာ...မကြာခင် ရိုက်ကွင်းကို သွားရတော့မှာ..."

ချီကျူးက ပြောလိုက်သည်။


"ဒါဆိုလည်း ငါမင်းကို မနှောင့်ယှက်တော့ပါဘူး...ငါက မေးရုံလေးမေးမလို့..."


ကျန်းယင်က ပြောလိုက်ပြီး ပိုမိုလျင်မြန်စွာပင် စပြောတော့သည်။


"ချီကျူး မင်း..."


ဖုန်း၏အခြားတစ်ဖက်တွင် ချီကျူးက ကျန်းယင်ကို ကြားဖြတ်ဝင်နှောင့်ယှက်လိုက်သော AI အသံတစ်ခုကို ကြားလိုက်ရသည်။


/"ချီကျူး...ချီကျူးက လိင်စိတ်ကင်းမဲ့​နေတဲ့ ​အေးစက်စက် ​ရေခဲမင်းသားတစ်ယောက် ဖြစ်​နေရုံပါ​နော်..."/(သူပြောထားတဲ့အတိုင်း AIက ပြန်ပြောတာ)


ချီကျူး မျက်တောင်ခတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။


ကျန်းယင် တိတ်ဆိတ်သွားလေ၏။


လူလုပ်မှတ်ဥာဏ်တု(AI)ဟုတ်လား...လူလုပ်ငတုံးနဲ့ ပိုတူနေတာကွ.....


တစ်ခဏကြာသည်အထိ ဖုန်းတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည့် လူနှစ်ယောက်လုံး အနည်းငယ် ကသိကအောက်ဖြစ်သွားကြသည်။ 


ကသိကအောက်ဖြစ်နေသည့် အခြေအနေကို ဖျက်စီးရန် ကျန်းယင်က အ​ကောင်းဆုံးကြိုးစားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယခုလေးတင်ဖြစ်သွားသည့် ဘေးဒုက္ခအသေးစားလေး ထပ်ဖြစ်လာမှာကို ရှောင်ရှားရန် သူက ဂရုတစိုက်ဖြင့် ပြောလိုက်သည်။


"အတန်းခေါင်းဆောင် ငါ..."


"ငါက လိင်စိတ်ကင်းမဲ့နေတာလား..."

ချီကျူးက ကြားဖြတ်ပြောလိုက်လေသည်။


ကျန်းယင်က ကိုယ်ကိုလှည့်ကာ ချီကျူးအကြောင်း ဆက်လက်ပြောနေဆဲဖြစ်သည့် 'ဖရဲသီးလေး'ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။


"မဟုတ်ပါဘူး...အဲ့ကိစ္စကို စိတ်ပူမနေနဲ့..ဖရဲသီးလေးက တချို့အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာ...မင်း....မင်းရဲ့ခန္ဓာကိုယ်လုပ်ဆောင်မှုက လုံးဝကို....ပုံမှန်ပါပဲ...."


ချီကျူး၏နောက်ကွယ်တွင် 'လိင်စိတ်ကင်းမဲ့နေသည့် နတ်ဘုရား'ကဲ့သို့သော တစ်စုံတစ်ရာကို ပြောသည်က ကျန်းယင်အတွက် အဆင်ပြေသော်ငြား မေးခွန်းအဖြစ် ထပ်တလဲလဲမေးသည်ကို ကြားရသည်ကမူ လုံးဝအဆင်ပြေမနေချေ။


"အိုး ဒီတော့မင်းသိတယ်ပေါ့လေ..."

ဖုန်းတစ်ဖက်ရှီ ချီကျူး၏အသံက အနည်းငယ် မြင့်တက်သွားခဲ့သည်။


ကျန်းယင် တိတ်ဆိတ်သွား၏။


"မင်းဘာမှပြောစရာမရှိတော့ဘူးဆိုရင် ငါအခုဖုန်းချလိုက်တော့မယ်..."


ကျန်းယင်က ပြောလိုက်ပြီး ပြောပြီးပြီးချင်းမှာပင် စိတ်ပျံ့လွင့်စွာဖြင့် ဖုန်းကိုချလိုက်သည်။


သူ့ကွန်ပြူတာပေါ်တွင် QQ သတိပေးချက်တစ်ခုက လျှပ်တပြတ်ပေါ်လာခဲ့သည်။ ယင်းက app ကပေးထားသည့် ပုံသေပင်ဂွင်းရုပ်လေးပါပင်။ ချီကျူးက သူ့ကို မက်ဆေ့ချ်တစ်စောင်ပို့လာခဲ့သည်။


[အတန်းခေါင်းဆောင်] : [poke poke]


[အတန်းခေါင်းဆောင်] : [ငါ့ကိုဖုန်းခေါ်တဲ့သူက မင်းလေ]


ကျန်းယင်က စူးစိုက်ကြည့်လိုက်သည်။


မူလက သူက ချီကျူးကို သူတို့၏အတန်းပြန်လည်စုဝေးပွဲကို လာမလားဟုမေးချင်ခဲ့ခြင်းပင်။ သို့သော် သူတို့၏စကားပြောဝိုင်းက အနည်းငယ်ထူးဆန်းသည့် လမ်းကြောင်းပေါ်သို့ ရောက်သွား​သောအခါ ကိစ္စတစ်ခုလုံးကို မေ့သွားခဲ့ခြင်းဖြစ်သည်။ 


ချီကျူးက အလွန်အလုပ်များသည့် လူတစ်ယောက်ဖြစ်ပြီး သူ့ကြည့်ရသည်မှာ သက်ဝင်လှုပ်ရှားသည့် ပွဲအခမ်းအနားများကို နှစ်သက်သည့်ပုံမပေါ်ချေ။ ပြန်လည်စုဝေးပွဲကို သူမသွားသည်မျိုးဖြစ်နိုင်ပေ၏။ ထိုသို့ဆိုလျှင်ပင် စုဝေးပွဲသတင်းကို ကျန်းယင်အနေနှင့် ချီကျူးကို ပြန်ပြောဖို့ရန် လိုနေသေးဆဲပင်။


[လက်မကြီးဂဏန်း] : [poke poke]


[လက်မကြီးဂဏန်း] : [မက်ဆေ့ချ်ကို forward လိုက်သည်]


[အတန်းခေါင်းဆောင်] : [အိုး...]


သူ၏လစ်လျူရှုတတ်သည့် လေသံထဲမှ အနည်းငယ် အဖက်မတန်သကဲ့သို့​သော အသံအရိပ်အ​ယောင်ကို ကြားလိုက်ရသည်။ အဖြေကို အကဲဖြတ်ခြင်းအားဖြင့် လစ်လျူရှုပြီး အေးစက်စက်စရိုက်ရှိသည့် ချီကျူးက ပွဲကိုစိတ်မဝင်စားခြင်းမျိုး ဖြစ်နိုင်ပေ၏။


အနည်းငယ်ညဉ့်နက်နေသော်ငြား ယခုခေတ်လူအများစုက အိပ်ရာမဝင်မီ သူတို့၏ဖုန်းကို လျှောက်ကြည့်ကြလေ့ရှိပေသည်။ ကျန်းယင်က အိပ်ရာထဲတွင် လှဲနေပြီး သူ့ဖုန်းပေါ်ရှိ 'ငြင်းခုန်ကြမယ်'ဟုခေါ်သည့် app တစ်ခုကို ဖွင့်လိုက်သည်။


စခင်ရင်ပေါ်တွင် 'ငြင်းခုန်ကြမယ်'ဟူသည့် စကားလုံးကို ​သွေး​ရောင်ဖြင့် ပြနေလေသည်။ ထို့နောက်တွင် app ၏ပုံစံပေါ်လာခဲဲ့သည်။


လွန်ခဲ့သည့် သုံးနှစ်က ငြင်းခုန်ကြရန်အတွက် ဒီဇိုင်းဆွဲထားသည့် 'ငြင်းခုန်ကြမယ်'ဟူ​သော app တစ်ခု​ပေါ်လာခဲ့သည်။ ယင်းapp​ပေါ်လာလာခြင်းမှာပင် လူတိုင်း၏အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့သည်။ တူညီသည့်အဆင့်တွင်ရှိသည့် ပြိုင်ဘက်များက ကျပန်းတွဲဖက်ပေးခံရပြီး ငြင်းခုန်ရမည့် ခေါင်းစဉ်တစ်ခုကို ပေးလေသည်။ ငြင်းခုန်ပြီးနောက်တွင် ကစားသမားများက လွယ်လွယ်ကူကူပင် ချည်နှောင်ထားသည်များကို ဖြတ်တောက်ပြီး အဖွဲ့ကိုခွဲပစ်နိုင်လေသည်။ အသံမရှိ၊ ဗွီဒီယိုမရှိ။ စာရိုက်ခြင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုထားလေသည်။


'ငြင်းခုန်ကြမယ်'တွင် စည်းမျဥ်း၊စည်းကမ်းအနည်းငယ်သာ ရှိ​လေသည်။


 á€Ąá€á€ťá€„á€şá€¸á€á€ťá€„á€şá€¸áá€™á€­á€˜á€™á€ťá€Źá€¸á€€á€­á€Ż ခြိမ်းခြောက်ခွင့်မရှိသလို အချင်းချင်း၏အသက်များကိုလည်း ရန်ရှာခွင့်မရှိပေ။ နှစ်ဖက်လုံးက သူတို့၏ကိုယ်ပိုင်အရည်အချင်း၊ ထူးခြားသည့် နည်းလမ်းများကိုသာ အသုံးချရမည်ပင်။ 


Appကို ပထမဆုံး စတင်ဖြန့်ဖြူးချိန်တွင် ယင်းက အလွန်ရေပန်းစားကျော်ကြားသွားခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ယင်းဂိမ်းကို ပျင်းရိလွန်းလာ၍ဖြစ်​​စေ သို့မဟုတ် အလုပ်များလာသောကြောင့်ဖြစ်စေ အချို့သူများက စတင်ပြီး ဂိမ်းကို စွန့်ပယ်လာခဲ့သည်။ app ကိုအသုံးပြုနေဆဲသူများမှာ အခြားပိုကောင်းသည့် လုပ်စရာမရှိသော သို့မဟုတ် ငြင်းခုန်ရာတွင် ဆရာကျသော ချန်ပီယံများသာ ကျန်ရစ်ခဲ့လေသည်။


ကျန်းယင်က ထိုကဲ့သို့ ဆရာကျသော ချန်ပီယံကြီးတစ်ယောက်ပင်။ 


Appထဲကို ဝင်ပြီးနောက် ကျန်းယင်ရှေ့တွင် 'ဖွဲ့စည်းထား​သော​ခေါင်းစဥ် ငြင်းခုန်မှု' နှင့် 'အလွတ်တန်းငြင်းခုန်မှု' ဟူ၍ ရွေးချယ်စရာနှစ်ခုပေါ်လာခဲ့သည်။ အလွတ်တန်းငြင်းခုန်မှုဧရိယာရှိ ဖရိုဖရဲမြင်ကွင်းများနှင့်မတူဘဲ  'ဖွဲ့ည်းထားသော​​ခေါင်းစစဥ် ငြင်းခုန်မှု'က ပိုပြီးသဟဇာတဖြစ်ပြီး ​ဖွဲ့စည်းပုံကလည်း ဝေဖန်ဆွေး​နွေးခြင်းနှင့် ဆင်တူပေ၏။


မေးခွန်းများက 'ခရမ်းချဉ်သီးများက အသီးလား အရွက်လား' နှင့် 'ကြောင်တစ်​ကောင်ကို​ မွေးတာက ပို​ကောင်းတာလား ခွေးတစ်ကောင်ကို​ မွေးတာက ပို​ကောင်းတာလား'ဟူသော အခြေခံကျသော အရာများပင်။


ကျန်းယင်က များ​သောအားဖြင့် လွတ်လပ်ပြီး အထိန်းအကွပ်များမရှိသည့် 'အလွတ်တန်းငြင်းခုန်မှု'ကို ​​ရွေးလေ့ရှိ​လေ​စေည်။ သို့သော်ငြား app၏မျက်နှာစာတွင် 'ဖျော်ဖြေရေးလောက'ဟူသော ပရိသတ်အသိုင်းအဝိုင်းကဏ္ဍအသစ်တစ်ခုကို appတွင် ထပ်ပေါင်းထည့်ထားသည်ကို သူ ရုတ်တရက် သတိထားမိလိုက်သည်။ စပ်စုစိတ်ဖြင့် ယင်းကို သူတစ်ချက်နှိပ်ကြည့်လိုက်သည်။


ကစားသမားအများစုက ဖျော်ဖြေရေးလောကကို ပလိပ်ရောဂါလိုမျိုး ရှောင်ရှားကြလိမ့်မည်ဆိုသော်ငြား ကျန်းယင်အတွက်မူ ဤသည်က ရွှေရောင်အခွင့်အရေးတစ်ခုပင်။


Appက ပြိုင်ပွဲစတင်ရန် အချိန်ကို စတင်ရေတွက်လိုက်သည်။ မကြာမီ ကျန်းယင်၏ထုံတမ်းစဉ်လာ အိပ်ရာမဝင်မီ တိုက်ခိုက်မှုက တရားဝင် စတင်လာခဲ့သည်။ သူက ဂိမ်းကိုမဖွင့်မီကတည်းကပင် စတင်သန်းဝေနေပြီးဖြစ်သော်ငြား သူ့အတွက် ကျပန်းရွေးချယ်ထားသည့် မေးခွန်းက စခရင်တွင် ပေါ်လာသည့်အခိုက် သူ့ကို ကြက်သွေးထိုးထားသကဲ့သို့ တက်ကြွလန်းဆန်းမှုအပြည့် ဖြစ်သွားခဲ့သည်။ ကျပန်းရွေးချယ်ထားသည့်မေးခွန်းတွင် သူသိသည့်လူတစ်ယောက်အကြောင်းလည်း ပါဝင်နေလေသည်။


ချီကျူးက တကယ်ရေပန်းစားတာလား မစားဘူးလား...


ကျန်းယင်က ကြား​နေအ​ဖြေတစ်ခုကို ရွေးရုံ​ရွေးလိုက်သော်ငြား စနစ်က 'yes'ဟူသည့် အဖြေကို သူ့အတွက် ကျပန်းရွေးချယ်ပေးလိုက်၍ သူ့မှာ ကူကယ်ရာမဲ့သွားခဲ့ရသည်။ ဤကိစ္စတွင် ဆန့်ကျင်ဘက်အဖြေကို ရွေးသည်က သူ့အတွက် ပိုသင့်တော်ကောင်းတော်နိုင်ပေ၏။


ပြောရပါက သူ့တွင် ချီကျူးနှင့်ပတ်သက်သည့် ကောလာဟလများကို အများကြီးစုဆောင်းထားပြီးပြီဖြစ်ရာ ချီကျူးကို မြှောက်ပင့်ချီးကျူးလိုက်သည်က သူ့စွမ်းရည်ကို အလဟသဖြစ်သွားစေမည်သာ။


သို့သော် ယခုမူ ဂိမ်းကစတင်နေပြီဖြစ်၍ ကျန်းယင်အနေနှင့် အရှုံးကို ဝန်ခံလိမ့်မည်မဟုတ်ချေ။


App၏စည်းမျဉ်းများက အချိန်နှင့်ကန့်သတ်ထားသည်ပင်။ ကျပန်းစကားပြောပြိုင်ကြသည့် နှစ်ယောက်က သူတို့ကိုပေးထားသည့် စက္ကန့်နှစ်ဆယ်အတွင်း  စကားမပြောခဲ့ကြပါက သို့မဟုတ် ပြောနေသည်များက အဓိပ္ပာယ်မရှိသော် သူတို့ကျရှုံးသွားသည်ဟု စနစ်က သတ်မှတ်လိုက်မည်ပင်။


ဤappအတွင်းရှိ ကျန်းယင်၏IDက[ဂဏန်းဘုရင်]ဖြစ်ပြီး သူ့ပြိုင်ဘက်၏IDကမူ [ACD]ဟုအမည်ရလေသည်။


[ACD] : မြန်မြန်စကားပြိုင်လုကြလိုက်ရအောင်...ဒါမှပြီးရင် အိပ်ရာဝင်လို့ရမှာ...


[ACD] : မင်းက ပရိသတ်တော့မဟုတ်ဘူးမလား...


[ဂဏန်းဘုရင်] : မဟုတ်ပါဘူး...လွတ်လွတ်လပ်လပ်ငြင်းခုန်လို့ရပါတယ်...


[ACD] : ကောင်းတယ်...ငါ့မေးခွန်းကလည်း ကျပန်းရွေးချယ်ခံလိုက်ရတာပဲ...ငါအခုစတော့မယ်​နော်...


[ACD] : ချီကျူးကဘယ်သူလဲ...ငါသူ့ကို ဘယ်သူမှန်းသိတောင်မသိတာ...ဘယ်လိုလုပ်သူ့ကိုရေပန်းစားတယ်လို့ ပြောလို့ရမှာလဲ...


[ဂဏန်းဘုရင်] : ? ? ?


[ဂဏန်းဘုရင်] : မင်းက ချီကျူးဘယ်သူမှန်းတောင်မသိဘူးလား...မင်းမြို့မှာ ဟိုင်းဝေးလမ်းမကြီးမဆောက်ရသေးဘူးလား...မင်းဂူထဲမှာလည်း 2G အင်တာနက်မရှိဘူးလား...Weiboဆိုတာကိုရော ကြားဖူးရဲ့လား...ရေပန်းစားနေတဲ့ခေါင်းစီးတွေကိုရော မြင်ရောမြင်ဖူးရဲ့လား...


[ဂဏန်းဘုရင်] : ရိုးရိုးသားသားပြောရရင် သူက ကြည့်ကောင်းတယ်...သရုပ်ဆောင်စွမ်းရည်လည်းကောင်းပြီး ခန္ဓာကိုယ်ကလည်း အမိုက်စားပဲ...လွန်ခဲ့တဲ့နှစ်နှစ်ကတည်းကနေ ခုထိ နှစ်သစ်ကူးရုပ်ရှင်ကားတွေထဲမှာဆို သူချည်းပဲ...မင်းနှစ်သစ်ကူးရုပ်ရှင်ကားတွေ မကြည့်ဖူးဘူးလား...


[ACD] : ငါ...


[ဂဏန်းဘုရင်] : ဟုတ်ပါပြီ မင်းသူ့ကိုမသိဘူးလို့ပဲ သရုပ်ဆောင်ကြတာပေါ့...ဒါပေမဲ့ ချီကျူးက တကယ်ကျော်ကြားတာနော်...ဘာလို့ကျော်ကြားလဲဆိုတာ ငါရှင်းပြမယ်...


[ACD] : ဒါပေမယ့် သူက...


[ဂဏန်းဘုရင်] : ချီကျူးက အစကတည်းက ရေပန်းစားတယ်ဆိုတဲ့ လမ်းကြောင်းပေါ် တစ်ခါမှ မမှီခိုဖူးဘူးနော်...သူ ဘာလို့နာမည်ကျော်လာတာလဲဆို သူ့သရုပ်ဆောင်စွမ်းရည်ကြောင့်ပဲ...


[ဂဏန်းဘုရင်] : သူ့အဖေက အနုပညာလောကထဲက နာမည်ကြီးဒါရိုက်တာတစ်ယောက်လေ...ဒါပေမယ့် သူက တစ်ခါမှ သူ့အဖေကို အားမကိုးဖူးဘူးနော်...သူဘယ်လိုကျော်ကြားလာလဲမင်းသိလား...အဲ့ဒါဘာလို့လဲဆို သူ့မျက်ဝန်းထဲက အကြည့်လေးတစ်ချက်ကြောင့်ပဲ...အမြှောက်စာတစ်ယောက်အဖြစ် ရိုက်ကူးခဲ့ရတဲ့ အဲ့အကြည့်လေးတစ်ချက်ကြောင့်ပဲ ပရိသတ်တွေက သူ့ရဲ့သက်ဝင်လွန်းတဲ့မျက်ဝန်းတွေကို ချီးကျူးခဲ့ကြတာလေ...သူက သူရောက်နေတဲ့နေရာကို တစ်လှမ်းခြင်းလှမ်းပြီး တက်ခဲ့တာ...



ကျန်းယင်၏စာရိုက်နှုန်းက အလင်း၏အမြန်နှုန်းကဲ့သို့ပင်။ ချီကျူးပွဲဦးထွက်ပြီး မကြာမီအချိန်တိုအတွင်း ရိုက်ကူးခဲ့သည့် ဇာတ်ကောင်များနှင့် အလုပ်များ၊ TV ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ကားများ၏ကြည့်ရှုနှုန်းနှင့် အဆင့်သတ်မှတ်ချက်များအပါအဝင် သူအနိုင်ရရှိခဲ့သည့် ဆုများကိုပါ အကုန်လုံး ရှင်းရှင်းလင်းလင်း စာရင်းပြုစုပြီး စာရိုက်ကာ ပို့လွှတ်လိုက်သည်။


[ဂဏန်းဘုရင်] : အကျဉ်းချုပ်ပြောရရင် ချီကျူးက ရေပန်းစားကျော်ကြားတယ်ဆိုတဲ့‌ ခေါင်းစဉ်နဲ့ထိုက်တန်တယ်...


[ACD] : ...မင်း မင်းက ဒါကို ပရိသတ်မဟုတ်ပါဘူးလို့ ပြောနေသေးတုန်းပေါ့လေ...


[စနစ်သတိပေးချက် : "ACD" ကဂိမ်းက ထွက်သွားပါပြီ... ဒီတစ်ကြိမ်မှာ အနိုင်ရရှိသူကတော့ "ဂဏန်းဘုရင်"ပါ...]


"ငါက အစကတည်းက ပရိသတ်မဟုတ်ပါဘူး...မင်းစာရိုက်တာကသာ နှေးလွန်းနေတာပါ..."


အနိုင်ရသူ ကျန်းယင်က သူ့ကိုယ်သူ တတွတ်တွတ်ရေရွတ်လိုက်ပြီးနောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် app မှထွက်ကာ အိပ်လိုက်တော့သည်။




😍😍😍