Ch 4
Viewers 6

🥰Chapter 4




ကျန်းယင်က မွန်းလွဲပိုင်းထိပင် အိပ်မောကျသွားခဲ့သည်။ သူနိုးလာချိန်တွင် ဖုန်းက အမျိုးမျိုးသော ဘဏ်များနှင့်အာမခံကုမ္ပဏီများထံမှ ဆုတောင်းစကားများနှင့် ပြည့်နှက်နေပြီး ယင်းမက်ဆေ့ချ်များကြားတွင် သူငယ်ချင်းနှင့်မိသားစုများထံမှ နှုတ်ဆက်စကားများလည်း ကြားညှပ်ပါလာခဲ့သည်။


ဆယ့်နှစ်နာရီအတိတွင် ချီကျူးက QQ app ကပြုလုပ်ထားသော ကိတ်မုန့်နှင့်နှင်းဆီemoji များကို ပို့ထားပြီး အစိမ်းရောင်လူသေးသေးလေးက သူ့ကိုဖက်နေသည့် ပုံလေးပင် ပို့ထားပေးခဲ့သည်။


ကျန်းယင်က အစိမ်းရောင်လူသေးသေးလေးကို ကြည့်လိုက်ပြီး ရှင်းပြမရနိုင်စွာ ရယ်ချင်လာခဲ့သည်။


ချီကျူးက တကယ်ပျင်းစရာကောင်းတာပဲ...သူက emojiတွေကို ဘယ်လိုသုံးရမလဲတောင် မသိဘူး...


လက်ထောက်ချန်က ကျန်းယင်၏အချိန်ဇယားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိနေပြီပင်။ ကျန်းယင် အိပ်ရာမှနိုးပြီး မကြာမီမှာပင် လက်ထောက်ချန်၏ဖုန်းက ဝင်လာခဲ့သည်။


"ဇာတ်ညွှန်းကို မင်းemailဆီ ပို့လိုက်ရမလား..."


လက်ထောက်ချန်က သတိတကြီးမေးလိုက်သည်။ ကျန်းယင်သဘောတူပါ့မလားဆိုသည်မှာ မသေချာပေ။


"ကျွန်တော်ရပြီးပြီ...နေ့လည်ကျ မူရင်းဝတ္ထုကို ကျွန်တော်ဖတ်ထားလိုက်မယ် ဒါမှ ကျွန်တော့်ကိုယ်ကျွန်တော် အရှက်ကွဲအောင် မလုပ်မိမှာ..."

ကျန်းယင်က ပြောလိုက်သည်။


"ဒါပေမယ့် ကျွန်တော့်သရုပ်ဆောင်ပုံက တကယ်ကို ကြောက်စရာကောင်းတာနော်...အဲ့ဒါကြောင့် ကျွန်တော့်အပေါ် မျှော်လင့်ချက်ကြီးကြီး မထားနေနဲ့ဦး...ကျွန်တော်က တကယ်သရုပ်ဆောင်တာကို စိတ်ကိုမဝင်စားတာ..."


လက်ထောက်ချန်က သူ့တာဝန်ပြီးမြောက်သွား၍ အပြုံးလေးတစ်ခုနှင့် ဖုန်းချလိုက်သည်။


ကျန်းယင်က ဇာတ်ညွှန်းကို download ဆွဲလိုက်ပြီးနောက် သူနောက်တစ်ကြိမ် ခေါင်းစီးသတင်းထဲ ရောက်နေပြန်သည်ကို သဘောပေါက်လိုက်သည်။ သို့သော် ဤတစ်ကြိမ်ကမူ သူ့မွေးနေ့ကြောင့်ပင်။


Weibo၏အလိုအလျောက်သတိပေးချက်က သူ့မွေးနေ့ကို ဂုဏ်ပြုပေးသည့် ပို့စ်တစ်ခုကို တင်ထားပြီး ထိုရက်စွဲက ပေါက်ကွဲထွက်သွားသည့် ခေါင်းစီးတစ်ခုဖြစ်လာခဲ့သည်။ ယနေ့တွင် သူ့Weiboပေါ်ရှိ မှတ်ချက်အများစုက သူ့ပရိသတ်များထံမှ ဆုတောင်းမေတ္တာစကားများ ဖြစ်ကြပြီး ဖြတ်သွားဖြတ်လာများကလည်း ဝင်ကြည့်သွားကြ​လေ၏။


[@ကျန်းယင်KANIနိုင်ငံတကာဖန်ကလပ် : ကျန်းဟန်ချုံးယင်ယန့်ချူးဖေး# မွေးနေ့မှာပျော်ရွှင်ပါစေ အစ်ကိုလေး...]


(T/N - ​'အေးစက်တဲ့​​ဆောင်းဦးမြစ်ကို​ ကျော်လွန်ပြီး ငန်းရိုင်း​တွေရဲ့အရိပ်က စတင်ပျံသန်း​တော့မယ်...' အသစ်ကိုစတင်ပြီး ​ရှေ့လျှောက်ပို​အောင်မြင်အဆင်​ပြေလာပါစေလို့ဆိုလိုပါတယ်...)


[@မက်မွန်အို​လောင်းလက်ဖက်ရည် : ငါတို့အစ်ကိုလေးရဲ့မွေးနေ့က အင်တာနက်မှာ နာမည်ကြီးနေပြီနော်...​အထူးမွေး​နေ့စပရိုက်​လေးများ​​​ပေးလောက်လား...]


[@ 321: ဖြစ်နိုင်တာက လူနည်းနည်းလောက်ကပဲ ဒီလိုနေ့မှာ သူတို့မွေးနေ့ကို ကျင်းပကြလို့နေမှာပေါ့...ဟားဟားဟား...]


[@ဒီဒီဒါဒါ : ဖြတ်သွားဖြတ်လာလေးပါ...ဒီမှာဘာတွေဖြစ်နေလဲလို့ လာဝင်ကြည့်တာပါ...ကျန်းယင်ရဲ့မွေးနေ့က တကယ်ကြီး ဖေဖော်ဝါရီ 29 ပဲ...ဆိုလိုတာက သူက လေးနှစ်မှ တစ်ကြိမ်ပဲ သူ့မွေးနေ့ကို ကျင်းပလို့ရတာပေါ့လေ...]


[@ထောပတ်ဂဏန်း : လာပြီး ငါတို့အစ်ကိုလေးကို လာကြည့်လိုက်စမ်း...သူက သူ့ပရိသတ်တွေ ပိုက်ဆံမဖြုန်းမိအောင် လုပ်ပေးနေတာကွ..တစ်ခြားသူတွေက တစ်နှစ်ကိုတစ်ကြိမ်မွေးနေ့ပွဲလုပ်ကြပေမယ့်...သူကတော့ လေးနှစ်နေမှ တစ်ကြိမ်ပဲ မွေးနေ့ပွဲလုပ်တာလေ...]


မနေ့က နာမည်ကြီးသွားသည့် ပါပါရာဇီတစ်ယောက်ကို ကျန်းယင်ကြိမ်းမောင်းနေသည့် ခေါင်းစီးကို သူ့ကုမ္ပဏီက ဖယ်ရှားလိုက်ပြီဖြစ်ကာ ထိုအကြောင်းကို ဆွေးနွေးနေသေးသည့် အကောင့်က အနည်းငယ်မျှသာ ရှိတော့သည်။


ယခု ရေပန်းစားနေသည့် သူ့မွေးနေ့အကြောင်းကို အမှီသဟဲပြုပြီး ဆယ်လ်ဖီတစ်ပုံလောက်ရိုက်ကာ ပို့စ်တင်လိုက်ပါက ပရိသတ်များပိုရလာပြီး မွေးနေ့ဆုတောင်းများ ပိုရနိုင်သည်ဟု အတွေးပေါက်ကာ ကျန်းယင်က သူ၏ပင်မWeiboအကောင့်ကို ဖွင့်လိုက်သည်။


[@ကျန်းယင်KANI : မွေးနေ့ဆုတောင်းစကားတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...အတူတူ​ပျော်လိုက်ကြစို့...(ဟဟ)...]


ပို့စ်အောက်တွင် ပူးတွဲပါလာသည့် ပုံက ကျန်းယင်တစ်ယောက် အိပ်ရာထကာစတွင် သူ့ဖုန်းနှင့်ရိုက်ယူထားသည့်ပုံဖြစ်ပြီး ယင်းပုံထဲတွင် အိပ်ရာနံဘေးက စားပွဲပေါ်ရှိ ပင်ဂွင်းအမွေးပွရုပ်လေးပင် ပါသွားခဲ့သည်။ သူက ယခုလေးတင်မှ အိပ်ရာထလာစဖြစ်၍ ဆံပင်အနည်းငယ်က ခေါင်းထက်တွင် ထောင်နေခဲ့သည်။ ကင်မရာကို ပြုံးကြည့်နေချိန်တွင် သေးငယ်သည့် ကျားသွားလေးနှစ်ချောင်းကို ဖော်ပြလျက်သားဖြစ်နေကာ ယင်းက သူ့ကိုသာမာန်ထက်ပင် ပိုချစ်စရာကောင်းသွားစေခဲ့သည်။


[@ကြယ်များအပြည့် : ငါဒီပုံကို သိမ်းလိုက်ပြီဟေ့...ဒီပုံက အရမ်းချစ်ဖို့ကောင်းတာပဲ...ငါ့အစ်ကိုလေးက ပုံမှန်ဆို ချောပြီးမိမိုက်နေတာ...ဒါပေမယ့် ဒီနေ့ကျ သူက အရမ်းချစ်ဖို့ကောင်းနေတယ်...]


[@ဆန်ဂဏန်း​လေး : မေမေဖန်တွေကတော့ စပြီးစိုးရိမ်နေရပြီ...အနာဂတ်မှာ ငါတို့ရဲ့ယင်လေးနဲ့ ထိုက်တန်တဲ့သူက ဘယ်သူများဖြစ်လိမ့်မလဲမသိ...]


[@ကျန်းယင်KANIက @ဆန်ဂဏန်း​လေးကို စာပြန်လိုက်သည်။ 


'ငါ့ဖြစ်တည်မှုအတိုင်းကိုက တန်ဖိုးရှိပါတယ်​ ဘယ်သူ့မှမလိုပါဘူး'...]


သို့သော်ငြား အခြားရေပန်းစားနေသည့် ခေါင်းစီးတစ်ခုက ကျန်းယင်၏အာရုံကို ဖမ်းစားသွားခဲ့သည်။ "ငြင်းခုန်ကြမယ်" ဟုခေါ်သည့် သူမနေ့ညမှပင် အသုံးပြုခဲ့သည့် appတစ်ခုကလည်း ရေပန်းစားနေခဲ့ပြီး သူ့မွေးနေ့အကြောင်းခေါင်းစီးကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။


#မိန်းက​လေး​တွေကိုပိုးပန်းခြင်း#


ကျန်းယင်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။ 


"ကောင်းတဲ့အရာတစ်ခုဖြစ်လာပြီဆိုရင် တစ်ယောက်ယောက်ကတော့ မင်းကိုဆွဲချဖို့လုပ်နေပြီဆိုတဲ့အတိုင်းပါပဲလား..."


ဒါပေမယ့် ချီကျူးကလည်း ဒီappကို သုံးတယ်မလား...


ရေပန်းစားနေသည့် ခေါင်းစီးကို နှိပ်ကြည့်လိုက်ပြီးနောက် ကျန်းယင်က ယင်းမှာ appကိုသုံးနေသည့် ချီကျူးမဟုတ်ခဲ့ဘဲ မနေ့ညက ဖြစ်ခဲ့သည့် တိုက်ပွဲကို [ACD]ဟုခေါ်သည့် အကောင့်က screen recording ဗွီဒီယိုတစ်ခုပြုလုပ်ကာ ပို့စ်တင်ထားခြင်း ဖြစ်နေခဲ့သည်။


[@ ACD : ချီကျူးက အခုအဲ့လောက်တောင် တကယ်နာမည်ကြီးနေတာလား...သာမာန်ငြင်းခုန်တဲ့ကစားပွဲလေးမှတောင် ချီကျူးရဲ့ပရိသတ်တစ်ယောက်နဲ့ သွားတိုးနိုင်သေးတယ်ပေါ့လေ...ဒီပရိသတ်အုပ်စုက အရမ်းအရည်အသွေးမြင့်ကြတာပဲ...သူတို့က ချီကျူးရဲ့အဲ့လောက်များတဲ့အလုပ်တွေနဲ့‌ အောင်မြင်မှုတွေကို အချိန်တိုလေးအတွင်းမှာကို စာရင်းလုပ်နိုင်တယ်...ငါပိုင်တုကနေ copy paste လုပ်တာတာတောင် အဲ့လောက်အသေးစိတ်ကျကျ မလုပ်နိုင်ဘူး...သူတို့က တကယ်ဉာဏ်ကြီးရှင်တွေပဲ...]


[@ချီကျူးဇာတ်ကားသစ်မထွက်မချင်း နာမည်မပြောင်းဘူး : @ACD...နင်မပြောနဲ့ ငါပရိသတ်ဖြစ်လာတာ သုံးနှစ်ကြာတာတောင် အဲ့လိုမလုပ်နိုင်ဘူး...]


"ငြင်းခုန်ကြမယ်"app တွင် ကျန်းယင်အသုံးပြုနေကြ ID တစ်ခုဖြစ်သည့် [ဂဏန်းဘုရင်]က သူ၏အံ့ဩစရာကောင်းသည့် အောင်မြင်မှုများကြောင့် လုံးဝကျော်ကြားသွားခဲ့လေသည်။ သူက Weiboတွင် follower တစ်သိန်းကျော်လည်းရှိနေပြီဖြစ်ကာ ACD ၏ပို့စ်တက်လာလာခြင်းမှာပင် လူများက သူ့ကို ကျော်ကြားသည့် အငြင်းအခုန်ဘုရင်ကြီးတစ်ယောက်အဖြစ် လျင်မြန်စွာ မှတ်မိသွားကြသည်။


ဗွီဒီယိုထဲတွင် ဤမစ္စတာဂဏန်းက မယုံနိုင်စရာအမြန်နှုန်းဖြင့် စာရိုက်နေသည်ကို မင်းတို့မြင်နိုင်ပေသည်။ သူက ချီကျူး၏အတွေ့အကြုံနှင့်ပတ်သက်သည့် အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း သိနေပြီး ချီကျူး၏ပရိသတ်များကိုပင် အံ့အားသင့်သွားစေခဲ့သည်။


​ဒါက ဂဏန်းဘုရင်မဟုတ်ဘူးလား...ဒါကြီးက မဖြစ်နိုင်ဘူး​လေ...


ပရိသတ်များက မကြာခဏဆိုသလို သူတို့အိုင်ဒေါလ်များ၏အတိတ်က အတွေ့အကြုံများကို တူးဖော်တတ်ကြသော်ငြား မစ္စတာဂဏန်းကမူ ထိုမျှရှင်းရှင်းလင်းလင်းနှင့် နားလည်သဘောပေါက်သည့် ပထမဆုံးတစ်ယောက်ပင်။


[အင်တာနက်အသုံးပြုသူ 1 : ကောင်းပြီ...အရမ်းအထင်ကြီးစရာပဲ...ငါဂဏန်းဘုရင်ကို သိလာတာကြာပြီကို သူက ဆယ်လီတစ်ယောက်ရဲ့ပရိသတ်မှန်း တစ်ခါမှ သတိမထားမိခဲ့ဘူး..]


[အင်တာနက်အသုံးပြုသူ 2 : ဂဏန်းဘုရင်...မင်းက ချီကျူးရဲ့ပရိတ်သတ်လား...အရင်တုန်းက မင်းဒီအကြောင်းပြောဖူးတာ ငါမကြားမိပါဘူး..မင်းအဲ့ဒါကို လျှို့ဝှက်ချက်အဖြစ်ထားထားတာလား...]


ထိုအခိုက် သူ့ဖုန်းကိုကိုင်ထားသည့် ကျန်းယင် : ???


မဟုတ်ပါဘူး...သူက ငြင်းခုန်တဲ့နေရာမှာ သူမှန်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေရုံပါနော်...သူက ချီကျူးကို မထောက်ပံ့ပါဘူး...သူ့ကိုယ်သူပဲ ထောက်ပံ့တာလို့...


ထိုအခိုက် ချီကျူး၏fan page တွင်မူ...


နင်တို့ ရေပန်းစားနေတဲ့ ခေါင်းစီးတွေကို မြင်ပြီးကြပြီလား...


[ငါမြင်ပြီးပြီ...appမှာဒီခေါင်းစီးက ရေပန်းစားနေတယ်လို့ ငါကြားတုန်းကဆို တစ်ယောက်ယောက်ကများ ငါ့အစ်ကိုကို မဟုတ်မမှန်စွပ်စွဲနေတာလားလို့ ငါစိုးရိမ်နေတာ...ဒါပေမဲ့ ဒီလိုဖြစ်သွားမယ်လို့...မထင်ထားမိဘူး...]


[ကျိန်းသေပေါက်ကို ပရိသတ်ပဲ...ငါအဲ့လေသံကို ကောင်းကောင်းသိတယ်...အဲ့ဒါက လုံးဝကို fangirl တစ်ယောက်ရဲ့လေသံပဲ...]


[ငြင်းခုန်ကြမယ်appရဲ့ထိပ်တန်းကစားသမားတွေက တကယ်ကြီးကို ငါတို့အစ်ကိုလေးရဲ့die-hard fan ပဲကိုး...အခုဆို ငါတို့မှာ အွန်လိုင်းပေါ်က မကောင်းတဲ့မှတ်ချက်တွေကို ပြန်တိုက်ခိုက်ဖို့ ဦးဆောင်နိုင်မယ့်သူရှိသွားပြီ...]


မစ္စတာဂဏန်းက ငါတို့ပရိသတ်အဖွဲ့ထဲက တစ်ယောက်ယောက်များလား...


[သူဒီမှာရှိမယ့်ပုံမပေါ်ဘူး...အရင်က သူဒီမှာရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး...]


[တစ်ယောက်ယောက်သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားသင့်တယ်...ငါတို့ပရိသတ်အုပ်စုမှာ အဲ့လိုတစ်ယောက်လောက် လိုအပ်နေပြီ...]


[ငါ့အစ်ကိုလေးက မကောင်းတဲ့မှတ်ချက်တွေနဲ့ သူ့ကိုလှောင်ပြောင်ထားတဲ့ အွန်လိုင်းပို့စ်တွေကို ပြန်တိုက်ခိုက်ရတာကြိုက်တယ်...ငါတို့ သူ့အတွက် @ဂဏန်းဘုရင်ကို tag တွဲသင့်တယ်... ]


[ငါတို့ tagတွဲဖို့ မလိုပါဘူး...ငါတို့အစ်ကိုလေးက သူ့ဟာသူ သွားလိမ့်မယ်... ]


ကျန်းယင်၏ဖုန်းက တုန်ခါသွားပြီး သူ့Weibo အရံအကောင့်က မက်ဆေ့ချ်အသစ်တစ်ခုကို လက်ခံရရှိလိုက်သည်။


@ချီကျူးက သင့်ကို follow လိုက်ပါပြီ...


မစ္စတာဂဏန်းခမျာ တစ်ညအတွင်း နာမည်ကြီးသွားခဲ့တော့သည်။


(T/N -ကျန်းယင်KANI  ဆိုတာ ကျန်းယင်ဂဏန်းလို့​ပြောခြင်းဖြစ်နိုင်ပါတယ်။)



ပရိသတ်စာရင်းတွင်ရှိ​နေသည့် လူအ​ရေအတွက်က ယခုထိ တိုးလာ​နေဆဲပင်။ ပရိသတ်စာရင်းတွင် ပေါ်လာသည့် ရင်းနှီး​နေသည့် လူနာမည်ကိုကြည့်ပြီး ကျန်းယင်၏ခံစားချက်များ ရှုပ်​ထွေးသွားရသည်။


ချီကျူးနဲ့ဘယ်သူက သူငယ်ချင်းဖြစ်ချင်​နေလို့လဲဲကွ...အရံအ​ကောင့်နဲ့ဆိုရင်တောင် မရဘူးပဲ...


ထို့​ကြောင့် သူက ချီကျူး၏Weibo homepage ကိုသွားကာ ညာဘက်အ​ပေါ်​ထောင့်တွင် ရှိ​နေသည့် [followers များကိုဖယ်ရှားသည်]ဟူ​သော ​ရွေးချယ်စရာကို ​တွေ့သွားကာ နှိပ်လိုက်သည်။


သူ့မစ်ရှင်ကို ​အောင်​အောင်မြင်မြင် လုပ်​ဆောင်နိုင်လိုက်ပြီး​နောက် ကမ္ဘာကြီးက ရုတ်တရက်ကြီး တဖန်ပြန်လည် ​တောက်ပကာ ​နေသာလာသကဲ့သို့ ကျန်းယင်ခံစားလိုက်ရလေသည်။


***


ကျန်းယင်က ​နေ့လည်ခင်းတစ်ခုလုံးကို TVဇာတ်လမ်းတွဲဖြစ်သည့် ​"တောက်ပသောနှင်းတစ်ပွင့်"၏မူရင်းဝတ္တုကို ဖတ်ခြင်းဖြင့် ကုန်ဆုံးလိုက်သည်။ မူရင်းဝတ္ထုကို ​​​ကောင်းစွာ​​ရေးသားထားပြီး ဇာတ်လမ်းဇာတ်ကွက်ကလည်း ကျစ်ကျစ်လျစ်လျစ်ရှသည်ပင်။ ဖတ်ပြီးအချိန်ဖြုန်းရန်အတွက် သင့်​တော်သည့်ဝတ္ထုပင်။


သူaudition ဝင်​ဖြေရမည့် ဇာတ်​ကောင်က ဝတ္ထုထဲမှအဓိကဗီလိန်​နေရာဖြစ်သည့် ရွှမ်း​မော့လင်ပင်။


 á€‘ိုဇဏတ်​​က္ဏင်န္ရဏဥတွက် လူရွေးချယ်ရာတွင် ဝတ္ထုပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများက အဘယ့်​ကြောင့် သူ့ကိုမဲ​​ပေးခဲ့ရသလဲဆိုသည်ကို ​နောက်ဆုံး​တော့ ကျန်းယင်သ​ဘော​ပေါက်သွားခဲ့သည်။ 


ဤဇာတ်​ကောင်၏စရိုက်က တနည်းတဖုံ သူနှင့်ဆင်တူ​နေ​လေ၏။ နှစ်​ယောက်လုံးက ဟိတ်ဟန်များပြီး တဇွတ်ထိုးနိုင်ကာ လူအများ၏​ဒေါသကို နှိုးဆွရာတွင် ထူးချွန်​ပေသည်။


မူရင်းဝတ္ထု​ရေးဆရာက အလွန်ကောင်းမွန်သည့် ဇာတ်​ကောင်များကို ပုံ​ဖော်ဖန်တီးခဲ့​လေသည်။ ဇာတ်​ကောင်များက နတ်ဆိုးဆန်စွာ ​မွေးဖွားလာခဲ့ခြင်းမဟုတ်ဘဲ သူတို့ကို ထိုသို့ရက်စက်ကြမ်းကြုတ်သွား​စေရန် တဖြည်းဖြည်း ဖိအား​ပေးခံခဲ့ရခြင်းပင်။ သူတို့က သနားစရာလည်း​ကောင်းလှသလို မုန်းစရာလည်းကောင်းလှ၏။ အဆုံးသတ်က အလွန်က်ို စိတ်​ကျေနပ်ဖွယ်ရာပင်။


ဇာတ်​ကောင်များက ​ကောင်းမွန်​သော်လည်း အင်တာနက်အသုံးပြုသူများ ပိုမြင်ချင်သည့် အဓိကအရာက စိတ်​ကျေနပ်ဖွယ်ရာကောင်းသည့်အပိုင်းပင် ဖြစ်ရမည်ဟု ကျန်းယင်က ခံစားနေရဆဲပင်။ 


မူရင်းဝတ္ထုကိုဖတ်​ပြီးချိန်တွင် မူလသူစား​နေကျ ညစာစားချိန်ကို ​ကျော်လွန်သွားပြီဖြစ်ကြောင်း ​တွေ့လိုက်ရသည်။ 


သူ့အရံWeibo အကောင့်ဖြစ်သည့် ဂဏန်းဘုရင်၏ထူးခြားသည့် အမှတ်လက္ခဏာမှာ 'အထီးကျန်ဝံပုလွေ'ပင်။ ထိုအရံအကောင့်တွင် သူfollow လုပ်ထားသည့် သူတစ်ဦးမှမရှိသော်လည်း သူ့ကို followထားသည့် ပရိသတ်များမှာ သိန်းကျော်ရှိ၏။ ထိုသူများအားလုံးက "ငြင်းခုန်ကြမယ်" app မှလူများပင်။


ယနေ့ကမူ အခြားနေ့များနှင့်မတူ တမူထူးခြားနေလေသည်။ ဤနေ့လယ်ခင်းတွင် မရေမတွက်နိုင်အောင် သူ့အကောင့်ကို မန်းရှင်းခံရပြီး သီးသန်းမက်ဆေ့ချ်များလည်း လက်ခံရရှိခဲ့သည်။ ချီကျူး၏သူ့အပေါ် ရုတ်တရက် အာရုံစိုက်လာမှုကြောင့် ယခုတွင် သူ့အား ချီကျူး၏အသေခံ(die-hard)ပရိသတ်အဖြစ် သတ်မှတ်ခံလိုက်ရသည်။


တစ်ခုခုတော့ မှားနေသလိုပဲ...သူ့followrs စာရင်းကနေ ချီကျူးကို ဖျက်ပစ်ပြီးသား မဟုတ်ဘူးလား...


ပေ့ချ်များကို မိနစ်အနည်းငယ်အတွင်း မွှေနှောက်လိုက်ပြီးနောက်တွင် ယနေ့နေ့လည်ခင်းတွင် ကျန်းယင်က သူဖတ်နေခဲ့သည့် ဇာတ်ညွှန်းပေါ် အာရုံစိုက်နေချိန်တွင် ချီကျူးက တဖန်ပြန်ပြီး ဂဏန်းဘုရင်ကို follow လုပ်လိုက်သည်ကို ကျန်းယင်သဘောပေါက်လိုက်သည်။


သူတို့နှစ်ယောက်က အမြဲတမ်းငြင်းခုန်ရန်ဖြစ်နေကြပြီး သူတို့၏တရားဝင် Weiboအကောင့်တွင် တစ်ခါလေးသော်မျှ အချင်းချင်း follow မလုပ်ဖူးခဲ့ချေ။ ဂဏန်းဘုရင်ကို ချီကျူးက followလုပ်ထားသည်ကို မြင်လိုက်ချိန်တွင် အနည်းငယ် ထူးဆန်းသွားသကဲ့သို့ ကျန်းယင်ခံစားလိုက်ရသည်။ ကျန်းယင်က သူ့ကိုထပ်ပြီး followers စာရင်းကနေ မဖျက်တော့ဘဲ ယင်းအစား သီးသန့်မက်ဆေ့ချ်များကို စစ်ဆေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။


ကျန်းယင်က လူမှုဆက်ဆံရေးကောင်းပြီး ကောလာဟလများ နားထောင်ရသည်ကို နှစ်သက်ကာ ငယ်စဉ်ကတည်းကပင် လူများအာရုံစိုက်ခံရသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်ပင်။ သူ့အရံအကောင့်မှ မက်ဆေ့ချ်များကိုသာမက အဓိကအကောင့်ကြီးမှ မက်ဆေ့ချ်များကိုလည်း ဖတ်လေ့ရှိသည်ပင်။ မကျေမနပ် ငြီးငြူချက်များပါသည့် မက်ဆေ့ချ်များကို လက်ခံရလျှင် အော်ဟစ်ရယ်မောမှုနှင့်သာ စာပြန်လိုက်ပြီး စွပ်စွဲချက်များရသည့်အခါတွင်မူ အပြုံးလေးတစ်ခုသာ ပြန်ပေးလိုက်သည်ပင်။ သူက လူတိုင်းကို ညီတူညီမျှ ဆက်ဆံတတ်သူပင်။ 


ယနေ့တွင် သူ့အရံအကောင့်မှ လက်ခံရရှိသည့် သီးသန့်မက်ဆေ့ချ်အများစုက ချီကျူး၏ပရိသတ်ကလပ်ထံမှ လာခြင်းပင်။


 á€¤á€€á€œá€•်က လေးလေးနက်နက် လုပ်ဆောင်တတ်ပြီး မဟုတ်မမှန်စွပ်စွဲချက်များနှင့် anti-fanများကို ဖိနှိပ်ခြင်းကို တာဝန်ယူထားကာ အရည်အချင်းရှိသည့် ပရိသတ်အဖွဲ့ဝင်အသစ်များကို အမြဲရှာဖွေနေတတ်၏။ ဤတစ်ကြိမ်တွင်မူ သူတို့၏အာရုံက ဂဏန်းသူဌေးရှိရာကို ရောက်ရှိလာခဲ့လေပြီ။ 




😍😍😍