Ch 5
Viewers 8

🥰Cahpter - 5

 á€Šá€Žá€™â€‹á€œá€ąá€¸â€‹á€›á€ą...နင် သူ့ခန္ဓာကိုယ်ကို သွားရည်မကျဘူးလား




ပိုပြီးလေးနက်သည့် တရားဝင်ဖိတ်ကြားချက်မှာ ဤသို့ပင်။


[မင်္ဂလာနေ့လည်ခင်းလေးပါ ရှင်ကလည်း ချီကျူးရဲ့ပရိသတ်တစ်ယောက်လို့ ကျွန်မတို့ ကြားထားပါတယ်...ကျွန်မတို့ရဲ့တရားဝင်ပရိသတ်ကလပ်ကို ဝင်ဖို့များ ရှင်ဆန္ဒရှိသလားလို့ ကျွန်မတို့မေးချင်ပါတယ်...အနာဂတ်မှာ ကျွန်မတို့တွေ ပွဲတွေကို အတူတူကျင်းပပြီး haterတွေကို နှိမ်နင်းပြီး ဒရာမာတွေကို အတူတူ ပျော်ပျော်ရွှင်ရွှင် ကြည့်ကြပါစို့...]


ဤဖိတ်ကြားသည့်ပုံစံက ကျန်းယင်အား ရယ်မောသွားစေခဲ့ပြီး ငြင်းဆန်ရန် အကြောင်းပြချက်ရှာလိုက်သည်။ 


သို့သော်ငြား အချို့သော ဖိတ်ခေါ်ချက်များကမူ ပိုပြီး ပေါ့ပါးလန်းဆန်းကာ ကျန်းယင်၏အာရုံကို ဖမ်းစားသွားခဲ့သည်။


[ဟေး ညီမလေး...ငါ့မှာ ချီကျူးရဲ့အသံနိမ့်နိမ့်နဲ့ ဆွဲဆောင်မှုရှိတဲ့ အသံဖိုင်ရှိတယ်...အကုန်လုံးကို ဒရာမာတွေကနေ စုစည်းထားတာနော်...လိုချင်လား...]


[Cloud Link] [Cloud Link]


ကျန်းယင် : "?" 


ကျန်းယင်မျက်တောင်ခတ်လိုက်သည်။ 


ဖာ့ခ်...ဟင့်အင်း သူမလိုချင်ပါဘူးနော်...


[ညီမလေး...ချီကျူးရဲ့အမိုက်စားဘော်ဒီကြီးကနေ ဆွဲဆောင်မခံရတဲ့ ပရိသတ်မရှိဘူးဆိုတာ ငါသေချာတယ်...ဒီအရသာရှိတဲ့ပုံကိုကြည့်လိုက်စမ်း...အယ်လ်ဖာအငွေ့အသက်အပြည့်နဲ့ အရမ်းဆွဲဆောင်မှုရှိနေတာနော်...]


[ပုံ] [ပုံ]


ကျန်းယင် : "??"


ကျန်းယင် ထပ်ပြီးမျက်တောင်ခတ်လိုက်ပြန်သည်။ 


ဟင့်အင်း...မဟုတ်ဘူး...သူဆွဲဆောင်မခံရဘူးနော်...လုံးဝမကြည့်ချင်ဘူးလို့...


[ဟေး ညီမလေး...ငါ့မှာ ချီကျူးကောကောရဲ့ဆွဲဆောင်မှုရှိတဲ့ absတွေပါတဲ့ပုံလည်း ရှိသေးတယ်နော်...ကြည့်ချင်လား...]


[ပုံ] [ပုံ]


ပုံကို မတော်တဆနှိပ်မိသွားသည့်ကျန်းယင် : "..."


ကောင်းပြီလေ...ဒီကြွက်သားတွေက တကယ်မိုက်တာပဲ...အင်းတကယ်မိုက်တာ...


သူအနည်းငယ်ပင် မနာလိုဖြစ်သွားရသည်။


ဒါပေမဲ့ သူက တကယ်ကြီးပရိတ်မဟုတ်ဘူးဆို....မ​နေ့ညက ဒီတိုင်းနိုင်​အောင် ငြင်းခုန်ခဲ့ရုံပဲလို့...ဘာလို့သူ့ကို တစ်​​ယောက်မှ မယုံကြတာတုန်း...


ထို့ထက်ပိုသည်က မ​နေ့ညက သူရုတ်ချည်း​ ​ကျော်ကြားလာချိန်မှစ၍ ယ​ခုအချိန်ထိတိုင်​အောင် ချီကျူး၏ပရိသတ်များထံမှ မ​ရေမတွက်နိုင်​သော ပုံများကို ဆက်တိုက်ရရှိ​နေခြင်းပင်။


ဖြစ်​ကောင်းဖြစ်နိုင်သည်မှာ [ACD] ပို့စ်တင်ထားထဲ့​သော ငြင်းခုန်​နေကြသည့် စခရင် recording ထဲတွင် သူ့​လေသံက အလွန်စိတ်ရင်းစစ်မှန်​​နေ​သော​ကြောင့် ဖြစ်နိုင်​ပေ၏။ ထိုမိန်းက​လေးပရိတ်များက စိတ်ပါလက်ပါဖြင့် ချီကျူး၏ပုံများကို သူ့အားဝေမျှလာခဲ့ကြ​လေသည်။


[@ငြိမ်းချမ်း​ရေးကို မြတ်နိုးတဲ့ဂဏန်းဘုရင် : ဘယ်သူက မင်းရဲ့ညီမ​လေးလဲဟ...]


ညကိုးနာရီတွင် ဇာတ်ညွှန်းကိုဖတ်​နေသည့် ချီကျူးက ကျန်းယင်ထံမှ ​နောက်ထပ်မက်​​ဆေ့ချ်တစ်​စောင်ကို ရလိုက်သည်။


[လက်မကြီးဂဏန်း] : [ pokes]


[လက်မကြီးဂဏန်း] : [ဗိုက်ကြွက်သား​လေးရှိတာများ ဘာမှထူးခြားမ​နေပါဘူး...]


[လက်မကြီးဂဏန်း] : တံ​တွေးထွေးသည့်.jpg


[လက်မကြီးဂဏန်း] : တခြားတစ်ဖက်က​နေတံ​တွေး​ထွေးသည့် .jp


[လက်မကြီးဂဏန်း] : ​နေရာအနှံ့က​နေ တံ​တွေး​ထွေးသည့်.jpg


[အတန်းခေါင်း​ဆောင်] : ?


[အတန်းခေါင်း​ဆောင်] : မင်းမှာတစ်ခုမှမရှိဘူးလား...


[လက်မကြီးဂဏန်း] : ...


ကျန်းယင်မှာ မိနစ်အနည်းငယ်မျှကြာအောင် ချီကျူးအား စကားမ​ပြော​ချင်​တော့​ပေ။


ဂဏန်းဘုရင် တင်ထားသည့်ပို့စ်က ပြန်စာများစွာကို ရရှိ​နေပြီးပြီဆို​သော်ငြား ချီကျူး၏ပရိသတ်များကမူ အဓိကအချက်ကို သ​​ဘောမပေါက်သေးကြပုံပေါ်​ပေ၏။ သူတို့က ခေါင်းမာမာဖြင့် ကျန်းယင်က သူတို့​​​ကော​ကော၏ပရိသတ်ဖြစ်လိမ့်မည်ဟု တထစ်ချ ယုံကြည်​နေကြဆဲပင်။


[@ဂဏန်းဘုရင်...နင်က ​မိန်းကလေးပရိသတ်လား...​ယောကျ်ား​လေးပရိသတ်လား...]


[ဝိုး...ငါတို့ချီကျူး​​ကော​ကောမှာ ယောကျ်ား​လေးပရိသတ်​တောင်ရှိတယ်ဟဲ့...]


ကျန်းယင် ​ဒေါကန်သွားရသည်။ သူက ချီကျူး၏ပရိသတ်မဟုတ်သည်မှာ ​သေချာ​ပေ၏။ ယ​နေ့တွင် အင်တာနက်အသုံးပြုသူများနှင့် ဤကိစ္စကို ​သေ​သေချာချာ ရှင်းလင်းရမည်ဟု သူဆုံးဖြတ်လိုက်သည်။ 


သူက Weibo ပိုစ်အသစ်ကို ဖွင့်ပြီးစတင်စာရိုက်လိုက်သည်။ 


ငါက တကယ်ပရိသတ်အစစ်မဟုတ်​​လောက်ဘူးလိူ့ရော မင်းတို့မ​တွေးမိကြဘူးလား...ငါက...


သူနှင့်ချီကျူး၏ ချာတူးလံဆက်ဆံ​ရေးကို အ​ခြေခံရပါက သူက ချီကျူး၏ပရိသတ်တစ်​ယောက်ဟု ​​ပြောလိုက်ရခြင်းက သူ့ဝိညာဥ်ကို ဓါးနှင့်ထိုးဆွလိုက်သကဲ့သို့ပင်။


သို့​သော် ပို့စ်အသစ်ကို တည်းဖြတ်ပြုပြင်နေစဥ် လမ်းတစ်ဝက်မှာပင် ချီကျူးထံမှ မက်ဆေ့ချ်တစ်​စောင်​ ရောက်လာ​ကြောင်း သတိ​ပေးသံကQQ တွင်​ပေါ်လာခဲ့သည်။


[အတန်း​ခေါင်း​​​ဆောင်] : [poke]


[အတန်း​ခေါင်း​​ဆောင်] : [ညဥ့်နက်​နေပြီကို မင်းဘာလုပ်​နေတာလဲ...]


ကျန်းယင် ရင်ခုန်သံတစ်ချက်မြန်သွားခဲ့သည်။ သူက Weibo ပို့စ်အား တည်းဖြတ်​နေသည်ကို လက်​လျှော့လိုက်ပြီး QQ ထံ​ ပြောင်းလိုက်လေသည်။ 


[လက်မကြီးဂဏန်း] : [ဒိုင်နို​ဆော​လေး​ချွေးထွက်နေသည့်.jpg]



[လက်မကြီးဂဏန်း] : ဇာတ်ညွှန်းဖတ်နေတာလေ...ငါ့အစ်ကိုက ငါ့ကို မနက်ဖြန်audition ဝင်ဖြေစေချင်နေတာ...


[အတန်းခေါင်းဆောင်] : အိုး...


[အတန်းခေါင်းဆောင်] : ဘယ်တစ်ခုလဲ...


[လက်မကြီးဂဏန်း] : မင်းကို မပြောပြဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကောင်နေရာကို ငါရမှာမှ မဟုတ်တာ...


ကျန်းယင်က သရုပ်ဆောင်ရခြင်းကို အလွန်စိတ်ပါဝင်စားခြင်း မဟုတ်ချေ။ သူ့ဖခင်က တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်သော်ငြား သူတင်မကဘဲ သူ့အစ်ကိုကလည်း သရုပ်ဆောင်ရသည်ကို စိတ်မဝင်စားချေ။


သူ့အစ်ကိုဖြစ်သူ ကျန်းရွှင်က နှစ်ပေါင်းများစွာကြာအောင် e-sport ကစားခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာစဉ်တွင် သူကမူ အနုပညာလောကအတွင်းသို့ ဝင်ရောက်ကာ နှစ်အနည်းငယ်အတွင်း လူပြောအများဆုံး အနုပညာလောက၏ပုံရိပ်အဖြစ် သူ့ကိုယ်သူ ပြောင်းလဲခဲ့သည်။


***


Audition ကမနက်ဖြန်မနက်ခင်းပင်။ မနက်ရောက်သော် လက်ထောက်ချန်က ကျန်းယင်ကို အိပ်ရာထဲမှ ဆွဲထုတ်ပြီး ပစ္စည်းများ စုပုံသိမ်းထည့်ကာ audition သို့ပို့လွှတ်လိုက်သည်။


"မင်းမိတ်ကပ်လိမ်းချင်သေးလား..."

လက်ထောက်ချန်က မေးလိုက်သည်။


ကျန်းယင်က အိပ်ရာထကာစဖြစ်၍ စိတ်တိုနေသေးပြီး သန်မာသည့်အရှိန်အဝါများ လွှတ်ထုတ်နေခဲ့သည်။


"မလိုပါဘူး...ကျွန်တော်က ခဏပဲ လူလုံးသွားပြမှာကို...ကျွန်တော့်ရဲ့ ကြောက်စရာကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ဆို ဘယ်သူမှ ကျွန်တော့်ကို လိုချင်မှာ မဟုတ်ပါဘူး..."


လက်ထောက်ချန်က အရင်အကြောင်းတွေကို ပြန်တွေးကြည့်ပြီး ကြက်သီးမွှေးညှင်းများ ထသွားသည်။ သူ့သရုပ်ဆောင်စွမ်းရည်ကိုသာ လစ်လျူရှုလိုက်ပါက ကျန်းယင်၏လက်ရှိ အရောင်အဝါက စာအုပ်ထဲက ဗီလိန်ဇာတ်ကောင်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေခဲ့သည်။


"မင်္ဂလာရှိသော နှင်းတစ်ပွင့်"၏ထုတ်လုပ်ရေးအဖွဲ့က အလွန်သန်မာအားကောင်းပြီး အနုပညာလောကထဲရှိ လူများက ဤဒရာမာနှင့်ပတ်သက်ပြီး အ​ကောင်းမြင်​နေကြ​လေသည်။ စာအုပ်ထဲက ဗီလိန်ဇာတ်ကောင်နေရာအတွက် အမျိုးမျိုးသော ကုမ္ပဏီများမှ သရုပ်ဆောင်များကပင် audition လာဖြေကြလေသည်။


 á€€á€ťá€”á€şá€¸á€šá€„á€şáá€‡á€Źá€á€şâ€‹á€€á€ąá€Źá€„á€şâ€‹á€–á€źá€ąá€›á€™á€Šá€şá€ˇ နေရာက ​နောက်ကျ​နေပြီဖြစ်​သော်ငြားသူက လုံးဝအလျင်မလိုပါချေ။ သူက ဖုန်းကိုကောက်ကိုင်လိုက်ပြီး ချီကျူးfollow လုပ်လိုက်သည့် Weibo အကောင့်နှင့်ပတ်သတ်သည့် ပြဿနာကို စတင်စဉ်းစားလိုက်သည်။ 


ပြဿနာအားလုံး၏အရင်းအမြစ်က ပရိတ်အုပ်စုကြီးက သူ့အားချီကျူး၏ပရိသတ်တစ်ယောက်ဖြစ်ရမည်ဟု ထင်နေရာက စတင်သည်ပင်။


အကယ်၍ သူသာ ချီကျူး၏ပရိတ်သတ်မဟုတ်ကြောင်း သက်သေအထောက်အထားနှင့် သေသေချာချာ သက်သေပြနိုင်ပါက ဂဏန်းဘုရင်လည်း အပြစ်မရှိ​ကြောင်း ထုတ်​ဖော်ပြီးသား ဖြစ်သွားမည်ပင်။


ထိုသို့ဆိုပါကသူက 'ငြင်းခုန်ကြမယ်'app  ကိုဖွင့်ပြီးနောက်ထပ်တူညီသည့်​ မေးခွန်းကိုစောင့်ပြီး ငြင်းခုန်လိုက်ရုံပင်။ သို့သော် ဤတစ်ကြိမ်တွင်​​တော့ ယခင်နှင့်မတူသည့် ဆန့်ကျင်ဘက်က​နေ ငြင်းခုန်သွားမည်ဖြစ်သည်။ 


ကျန်းယင်က appကို ဖွင့်ရန်ပြင်လိုက်စဉ်မှာပင် သူ့နံဘေးမှလာသည့် အသံကို ကြားလိုက်ရသည်။

"ဟေး...ဒါက ကျန်းယင် မဟုတ်ဘူးလား..."


ကျန်းယင် : "မင်းကဘယ်သူလဲ..."


သူ့ရှေ့တွင် ရပ်နေသည့်သူက လူစိမ်းတစ်ယောက်ဖြစ်ပြီး audition ဖြေရန် ကုမ္ပဏီတစ်ခုခုမှလာသည့်ပုံပေါ်ကာ အလွန်အမင်းရန်လို​နေပုံပေါ်ပေ၏။


"မြောင်ယဲ့က T.ATWနဲ့ကုမ္ပဏီအတူတူပဲ...သူလည်း ဒီကို audition လာဖြေတာပဲ...ဒါပေမဲ့ သူဖြေမယ့်ဇာတ်ကောင်နေရာက မင်းနဲ့မတူဘူး..."

ချန်ရှုက ကျန်းယင်ကို တီးတိုးပြောလိုက်သည်။


ကျန်းယင်ကမူ မြောင်ယဲ့ကို စိတ်ဝင်စားမှုမရှိဘဲ သူ့အပြစ်ကင်းမှုကို သက်သေပြရန် ငြင်းခုန်နိုင်မည့် လူတစ်ယောက်ကို အမြန်ရှာနိုင်ရန်သာ ပိုစိတ်ဝင်စားနေခဲ့သည်။ 


သို့သော်ငြား မြောင်ယဲ့က ရုတ်တရက်ကြီး သူ့အသံကို မြှင့်လိုက်သည်။

"မဖြစ်နိုင်ဘူး...မင်းသရုပ်ဆောင်တာ ဒီလောက်ဆိုးဝါးနေတာကို ဒီဇာတ်ကောင်နေရာအတွက် audition ဝင်ဖြေချင်နေသေးတာလား...နောက်ကျ ငါမင်းနဲ့အတူတူလက်တွဲ မလုပ်ချင်ပါဘူး...မင်းအရင်တုန်းက သရုပ်ဆောင်ခဲ့တဲ့ အိုင်ဒေါလ်ဒရာမာတွေဆိုBiliBiliက သ​ရော်ခံရတဲ့ ဗွီဒီယိုထဲမှာတောင် ပါနေပြီ..."


ကျန်းယင်က ဖုန်းကို ခုံပေါ်ပစ်တင်လိုက်သည်။

တစ်ယောက်ယောက်က သူ့ဘဝကို သူ့ရှေ့(ကျန်းယင်)ရှေ့လာပြီး ထိုးကျွေးနေမှတော့ သူက ဘာလို့ရှောင်နေရတော့မှာလဲ...


"မြောင်ယဲ့...ရွှယ်ချင်းအင်တာတိန်းမန့်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒရာမာတွေ အများကြီးမရိုက်ရသေးပေမဲ့ လူကြိုက်မများတဲ့ အမြှောက်စာဇာတ်ကောင်နေရာလေးတွေမှာပဲ သရုပ်ဆောင်နေရတယ်...ဇာတ်လိုက်အမျိုးသမီးအတွက် အပိုလူအဖြစ်နဲ့ သုံးကြိမ်သရုပ်ဆောင်ထားပြီးတော့ အမျိုးသားဇာတ်ဆောင်ရဲ့ ခြေနင်းတုံးအဖြစ်နဲ့ ငါးခါသရုပ်ဆောင်ထားပြီးပြီ...အခြေခံအရဆို အပိုင်းသုံးပိုင်းကျော်အောင်တောင် သရုပ်မဆောင်ဖူးဘူး...ပြီးတော့ မင်းကုမ္ပဏီက အရင်းအမြစ်တွေကလည်း ထိပ်တန်းယောက်ျားလေးအိုင်ဒေါလ်အဖွဲ့ဖြစ်တဲ့ T.ATWကိုပဲ အဓိကထောက်ပံ့ပေးနေတာ...မင်းဘယ်လိုခံစားရလဲ..."


မူလက မြောင်ယဲ့မှာ သူ့ကိုရန်စရန်သာ ရည်ရွယ်ထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်ငြား ယခုမူ သူ့မျက်နှာက နီရဲတက်လာခဲ့သည်။


"ငါ..."


လက်ထောက်ချန်က မြောင်ယဲ့ကို ပါးစပ်ပိတ်ထားရန် လက်ဟန်အမူအရာပြလိုက်သည်။ ဤသရုပ်ဆောင်သေးသေးလေးက အဘယ့်ကြောင့် ရုတ်တရက်ကြီး ကျန်းယင်ကို ရန်စရန် ကြိုးစားနေမှန်း လက်ထောက်ချန် စဉ်းစားမရတော့ချေ။


ယခုအခိုက်အတန့်တွင် ကျန်းယင်၏ပါးစပ်ကို ပိတ်ထားနိုင်ရန် လက်ထောက်ချန် ဆုတောင်းမိသွားသည်။ လူတိုင်းရှေ့မှောက်တွင် ဤလူပုဂ္ဂိုလ်လေးက တမင်တကာပင် နားမခံသာသည့် စကားများကို ရည်ရွယ်ပြီး ပြောနေခဲ့သည်ပင်။


"မင်းပွဲဦးထွက်စတုန်းက ရည်ရွှယ်ချက်က ငယ်ရွယ်သန့်ရှင်းပြီး ဖြူစင်တဲ့ပုံစံလို ဟန်ဆောင်ဖို့ဆိုတာကိုရော မှတ်မိသေးလား..."


"ငါ့ဆီကအော်တိုထွက်လာတဲ့ အဲ့လိုအရောင်အဝါကို လူတိုင်းကရနိုင်တယ်လို့များ မင်းထင်နေလို့လား..."

ကျန်းယင်က ဆက်ပြောလိုက်သည်။


"ငါက အမှန်တရားကို ပြောပြရုံပါပဲ...ငါက..."


"နံပါတ် ၃၇ ကျန်းယင်..."

အခန်းတံခါးက ရုတ်တရက်ပွင့်သွားပြီး အထဲကလူက ကော်ရစ်တာတွင်ရှိနေသည့် လူနှစ်ယောက်ကို လက်ယမ်းပြလိုက်သည်။


"မြောင်ယဲ့ မင်းလည်းဒီမှာပဲကိုး...မင်းဇာတ်ကောင်နေရာက ဆုံးဖြတ်ပြီးသွားပြီ...ဒီတော့ မင်း ကျန်းယင်နဲ့ဒီဇာတ်ကွက်ကို လာစမ်းကြည့်လို့ရတယ်..."


ငြင်းခုန်ရန် စွမ်အားအပြည့်ဖြစ်နေသည့် ကျန်းယင်က မြောင်ယဲ့ကို ရန်စသည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်ပြီးမှ မတ်တတ်ထရပ်ကာ အခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။ 


ဒါရိုက်တာက သူ့အဖေ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ကာ ဤအခြေအနေမျိုးတွင် အာလာပသလ္လာပ စကားစမြည်ပြောဆိုနေရန် အချိန်မရှိပေ။ ဒါရိုက်တာက ကျန်းယင်ကို တိုက်ရိုက်ပင် ဇာတ်ညွှန်းအားပေးလိုက်ပြီး ဇာတ်ညွှန်းထဲကအတိုင်း နေရာကို ပြင်ဆင်ကာ စတင်သရုပ်ဆောင်ရန် အချက်ပြလိုက်သည်။ 


ကျန်းယင်က ဇာတ်ညွှန်းကို အကြမ်းဖျင်းဖတ်လိုက်ပြီးနောက် ဤအခန်းက ရွှမ်းမော့လင်က ကျောက်ကြွယ်၏မိသားစုကို အသုံးချပြီး ကျောက်ကြွယ်ကို ခြိမ်းခြောက်ကာ အမျိုးသားဇာတ်လိုက် လောနန်ခယ့်ကို ပြဿနာတက်အောင် ပြုလုပ်သည့် ဇာတ်ဝင်ခန်းဖြစ်ကြောင်း သိလိုက်သည်။


သူ ခြိမ်းခြောက်ရမည့်လူက ကျောက်ကြွယ်ဖြစ်ကာ မြောင်ယဲ့လိုချင်သည့် ဇာတ်ကောင်ပင်။


သူမြောင်ယဲ့ကို ကြိမ်းမောင်းနေစဉ်က ကြားဖြတ်နှောင့်ယှက်ခံလိုက်ရ၍ ကျန်းယင်က စိတ်မကျေနပ်​နေသေးချေ။ ထို့ကြောင့် သူက ဇာတ်ညွှန်းကို ဘေးဖယ်ပစ်လိုက်ပြီး ဝန်ထမ်းက သူ့အားကမ်းပေးသည့် ဇာတ်ညွှန်းအသုံးအဆောင် ဓားရှည်ကို ချက်ချင်းဆွဲယူလိုက်ပြီး လက်ထဲတွင် စိတ်ရှိသလို ပတ်ချာလှည့်ယမ်းနေလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဓားက မြောင်ယဲ့၏လည်ပင်းကို ဖိကပ်သွားသည်။


ယင်းက ဇာတ်အသုံးအဆောင်ပစ္စည်းဆိုသော်ငြား ကျန်းယင်၏အကြည့်က မြောင်ယဲ့ကို ကြက်သီးထအောင်လုပ်နိုင်နေဆဲပင်။ မြောင်ယဲ့၏စိတ်က အသိပြန်မဝင်လာခင် အချိန်အတော်ကြာအောင် ဗလာဖြစ်သွားခဲ့သည်။


ပုံမှန်အားဖြင့် ကျန်းယင်က စာသားများကို ဖတ်ပြီးထွက်သွားလိုက်ရုံသာပင်။ သို့သော် ယနေ့တွင်မူ သူက audition ကို အကြောင်းပြကာ မြောင်ယဲ့ကို သင်ခန်းစာတစ်ခုပေးချင်သွားသည်။


"ကမ္ဘာကြီးက ဒီလိုလည်ပတ်နေတာပဲ..."

ကျန်းယင်က ဇာတ်ကောင်စရိုက်ထဲကို အလျင်အမြန် ဝင်လိုက်ပြီး မညှာမတာ ဓားသွားကို ဖိထားလိုက်သည်။


"ဘယ်သူက တရားမျှတမှု မလိုချင်လို့လဲ...မျက်လုံးတစ်လုံးအတွက် မျက်လုံး...သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲလေ...အဲ့တုန်းက မင်းကငါ့ကို နာကျင်အောင်လုပ်ခဲ့တယ်...အခု ငါကမင်းကို အဲ့နာကျင်မှုကို အပြည့်အဝပြန်ပေးမယ်...မင်းက ငါ့ကိုနာကျင်အောင်လုပ်တယ်...ငါကလည်း မင်းကိုနာကျင်အောင်လုပ်ပြမယ်...ငါက အခုမင်းကို ခြိမ်းခြောက်နေတာ အနာဂတ်မှာလည်း မင်းက ငါ့ကိုခြိမ်းခြောက်လာနိုင်တာ သဘာဝကျပါတယ်...မင်းမှာသာ စွမ်းရည်ရှိရင်ပေါ့..."


မြောင်ယဲ့က စင်္ကြံလမ်းတွင် ကျန်းယင်ကြောင့် လုံးဝကြောက်ရွံ့ထိတ်လန့်နေပြီးသားပင်။ ယင်းကိုကြားလိုက်ရာ ခြေတစ်လှမ်းနောက်ဆုတ်မိသွားပြီး audition ကစတင်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်တစ်ထောင့်တစ်နေရာတွင်ရှိနေသည့် စာသားများကို အမြန်ပြန်စဉ်းစားလိုက်ရသည်။


"ငါမလုပ်နိုင်ဘူး..."


"မလုပ်နိုင်ရင် မင်းမိသားစုကို မင်းပြန်စဉ်းစားကြည့်..."


ကျန်းယင်က မျက်နှာချင်းဆိုင်ရှိလူကို ဓားရိုးဖြင့် အသာပုတ်ကာပြောလိုက်သည်။ ပြုံးလိုက်ချိန်တွင် သူ၏ကျားစွယ်လေးနှစ်ချောင်းက လှစ်ခနဲ ပေါ်လာခဲ့သည်။ သူ့မျက်နှာထက်တွင် ဒေါသမုန်တိုင်းကျရောက်နေသည့် အမူအရာမရှိသော်ငြား သူ့နောက်ကျောတွင် ချွေးအေးများစီးကျလာသကဲ့သို့ မြောင်ယဲ့ခံစားလိုက်ရသည်။


"မင်းရဲ့သရုပ်မှန်ကို ငါဖော်ထုတ်လိုက်မှာ မစိုးရိမ်ဘူးလား...မင်းက အခု ငါ့မိသားစုနဲ့ငါ့ကို ခြိမ်းခြောက်နေတယ်...အနာဂတ်မှာ ငါလည်းမင်းကို ခြိမ်းခြောက်နိုင်တယ်..."


မြောင်ယဲ့၏စာသားများက ချောမွေ့မှုရှိမနေဘဲ ဤအခိုက်တွင် ကျန်းယင်၏သရုပ်ဆောင်မှုကို သူအမှီမလိုက်နိုင်နေသည်ကို သဘောပေါက်လိုက်သည်။


"ဒါဆိုလည်း ငါ့ကိုခြိမ်းခြောက်ကြည့်လေ..."

ကျန်းယင်က သူ့ကိုဓားဖြင့် ဖိပြီး နံရံသို့ တိုးကပ်ကာ ချောင်ပိတ်လိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် မင်းတို့တွေက ငါ့ဆီကနေ အရာအားလုံးကို ဆွဲယူပြီးသွားပြီပဲ...ငါ့မှာကျန်တဲ့မိသားစုဆိုလို့...လောနန်ခယ့်ပဲရှိတော့တယ်..."


မြောင်ယဲ့၏ခြေထောက်များက ပျော့ခွေသွားပြီး ဒူးထောက်ကျလုနီးနီးပင်။


"ကောင်းတယ်..."

ဇာတ်ညွှန်းရေးဆရာက စားပွဲပေါ် ဇာတ်ညွှန်းကို ရိုက်ချလိုက်သည်။


"ဘယ်နားက အဲ့လောက်ကောင်းနေလို့လဲ..."

ကျန်းယင်က ခွန်းတုံ့ပြန်ပက်လိုက်သည်။

 

"ကျွန်တော့်သရုပ်ဆောင်စွမ်းရည်က ကြောက်စရာကောင်းလောက်အောင် ဆိုးဝါးမှန်း ကျွန်တော်သိပါတယ်..."


"သွားကြစို့..."

ကျန်းယင်က ဇာတ်ညွှန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ပြန်ပေးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။


"ခေါင်းဆောင်မင်းသားက ငါးမိနစ်အတွင်း ရောက်လာလိမ့်မယ်...သူနဲ့တစ်ခန်းလောက် အစမ်းရိုက်ကြည့်ချင်လား..."


လက်ထောက်ဒါရိုက်တာ၏မျက်လုံးများက တဖျတ်ဖျတ်တောက်ပသွားသည်။


"ဘယ်လိုခံစားရမလဲ တစ်ခါလောက် သရုပ်ဆောင်ကြည့်ချင်လား..."


"မလိုတော့ပါဘူး ကျေးဇူးတင်ပါတယ်..."


ကျန်းယင်က ငယ်စဉ်ကတည်းကပင် သရုပ်ဆောင်ရသည်ကို စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် "မင်္ဂလာရှိ​သော နှင်းတစ်ပွင့်"ရှိ အဓိကဇာတ်ဆောင်မင်းသား လော့နန်ခယ့်နေရာကို မည်သူသရုပ်ဆောင်လဲ ဆိုသည့်အကြောင်းကို သူနည်းနည်းလေးမျှပင် စိတ်မဝင်စားချေ။


"နောက်တစ်ကြိမ် ပြိုင်ပြောချင်သေးလား..."


ကျန်းယင်က မကျေမနပ် ဖြစ်နေသေးသည့် မြောင်ယဲ့ကို ရန်စသည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်ပြီး တံခါးကိုဖွင့်ကာ ထွက်သွားလိုက်သည်။


ကျန်းယင်ထွက်သွားပြီးနောက် တုန်လှုပ်နေဆဲဖြစ်သည့် မြောင်ယဲ့က မတ်တတ်ထရပ်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။


"သူနဲ့ပဲ ဇာတ်ကားကို ဆက်သွားကြတာပေါ့..."


ဇာတ်ညွှန်းရေးဆရာက ကျန်းယင် အစမ်းသရုပ်ဆောင်ပြသွားသည့် ဗွီဒီယိုကို ထပ်ခါထပ်ခါပြန်ကြည့်လိုက်လေသည်။


"ဒီကလေးက ဗီလိန်နေရာမှာ သရုပ်ဆောင်ဖို့မွေးဖွားလာတာပဲ...သူ့ခံစားချက်ကို မင်းဆွဲထုတ်နိုင်သရွေ့ သူက ရွှေရောင်တောက်ပလာလိမ့်မယ်..."


"ကျန်းကျန့်ရဲ့ကလေးက သရုပ်ဆောင်ဆိုးဝါးတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ ငါပြောသားပဲ...ကျန်းရွှင်က သေချာပေါက် သရုပ်ဆောင်တာကို စိတ်မဝင်စားပေမဲ့ ကျန်းယင်ကတော့...ငါတို့ သူစိတ်ဝင်စားလာအောင် လုပ်နိုင်သရွေ့ သူ့အပေါ် မျှော်လင့်လို့ရသေးတယ်..."


ဒါရိုက်တာက ပြောလိုက်သည်။ 


"ငါတို့သာ သူ့ကို သေသေချာချာ လမ်းညွှန်ပေးနိုင်ရင် တခြားဘယ်သူထက်မဆို သူမဆိုးလောက်ဘူး..."


***


"အားလုံးပြီးသွားပြီလား..."

စင်္ကြံ လမ်းတွင် လက်ထောက်ချန်က ကျန်းယင် ထွက်လာသည်ကို မြင်မြင်ခြင်း မေးလိုက်သည်။


"ပြီးသွားပြီ..."

ကျန်းယင်က ပြေလိုက်သည်။


"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကိုယ့်မျက်နှာကိုယ် အရှက်ရအောင် လာလုပ်နေကြတာပဲ...ကျွန်တော် ကျောင်းသားပြန်လည်စုဝေးပွဲကို သွားတော့မယ်...ဘာလို့ ခင်ဗျား အရင်မပြန်နှင့်တာလဲ..."


"မင်း...ပြန်လည်စုဝေးပွဲကိုသွားတာ ဘာပြဿနာမှ မဖြစ်လောက်ဘူးမလား..."


လက်ထောက်ချန်က သတိတကြီးဖြင့် မေးလိုက်သည်။


"မဖြစ်ဘူး...မဖြစ်ပါဘူး..."


ကျန်းယင်က ဂဏန်းဘုရင်၏ပြဿနာကို ဖြေရှင်းရန် စိတ်အလောကြီးနေပြီး လက်ထောက်ချန်ပြောသမျှကို သဘောတူလိုက်သည်။


"ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ကျွန်တော်ကတိပေးတယ်..."


လက်​ထောက်ချန်က အလျင်အမြန် က​သောက​​​မြောပြေးထွက်သွားသည့် ကျန်းယင်၏​​​နောက်ကျောကို သံသယတချို့ဖြင့် ကြည့်လိုက်မိသည်။


​နေပါဦး ဒါက အလယ်တန်းအတန်း​ဖော်တွေ ပြန်လည်စု​ဝေးပွဲ​လေးပဲ မဟုတ်ဘူးလား...ယောကျ်ား​လေးတစ်​ယောက်က အဲ့​လောက်စိတ်လှုပ်ရှားစရာ လိုလို့လား...


လက်​ထောက်ချန်က ​တွေးပြီး စင်္ကြံလမ်း​​ထောင့်ကို ​ကွေ့လိုက်ချိန်တွင် ရင်းနှီး​နေသည့်ပုံရိပ်​ကို မြင်လိုက်ရသည်။ ယင်းက ယခု​လေးတင် ကျန်းယင်ကို ရန်စသွားခဲ့​သော ​မြောင်ယဲ့ပင်။


အ​စောပိုင်း​လေးက ကျန်းယင်​ကြောင့် ​ကြောက်လန့်သွားခဲ့​သော ​​မြောင်ယဲ့က ယခုတွင် စင်္ကြံ​ထောင့်တွင် မတ်တတ်ရပ်လျက် တစ်​ယောက်​​ယောက်ကို ဖုန်းခေါ်​နေခဲ့သည်။ ဖုန်းနံပါတ်ကိုရှာပြီး ဆက်သွယ်လိုက်ချိန်တွင် တစ်ဖက်က ချက်ချင်းပြန်​ဖြေလာခဲ့သည်။


"ဥက္ကဌကျန်း..."

​မြောင်ယဲ့က တရှုံ့ရှုံ့ဖြင့် ငိုလိုက်သည်။


ဖုန်းတစ်ဖက်ရှိလူက တခဏမျှ တန့်သွားပြီး​နောက်ပြောလာခဲ့သည်။


"ဥက္ကဌကျန်း?...ကျန်းရွှင်က အခုဒီမှာမရှိ​သေးပါဘူး..."


"ကု​ဝေလား..."

​မြောင်ယဲ့က ဖုန်းတစ်ဖက်ရှိလူ၏ အသံကို မှတ်မိသွားပြီး ကျန်းရွှင်နှင့်ကု​ဝေ၏ဆက်ဆံ​ရေးကို တွေးမိသွား၏။


"အဆင်​ပြေပါတယ်...မင်းနဲ့​​ပြောလည်းရပါတယ်..."


​​မြောင်ယဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အသံက မ​​ကျေနပ်ချက်များ၊ ငိုသံများဖြင့် တုန်ခါ​နေပြီး ဖုန်းကို ​အော်ကာ​ပြောလိုက်သည်။


"ဥက္ကဌကျန်းကို ​ပြောလိုက်ပါ...ဒီအမိန့်က ပိုက်ဆံပို​ပေးရမယ်လို့...သူ့ညီ​လေးက အရမ်း​ကိုရက်စက်လွန်းတယ်လို့...အရမ်းအရမ်းကို ရက်စက်တာ..."


"ကျွန်​တော်က ဒီ​နေ့စိတ်အ​ခြေ​နေ​ကောင်း​နေလို့သာ​ပေါ့..မဟုတ်ရင် အဲ့စကား​​တွေနဲတင် ပြိုလဲ​သွားလောက်ပြီ..."


"ကျွန်​​တော်သာ စိတ်ဓါတ်ခိုင်မာမ​နေရင်...သူ့​ရှေ့မှာ ဒူးထောက်​နေရ​လောက်ပြီ..."


ဖုန်းတစ်ဖက်ရှိ ကု​ဝေ : "..."


ဖြတ်သွားရင်း ကြားလိုက်ရသည့် လက်​ထောက်ချန် : "..."



-----------------


😍😍😍