🥰Chapter 6
ငါ့ရဲ့အထင်ကရအခိုက်အတန့်တွေကို မင်းကို ပြမယ်
လက်ထောက်ချန်၏ မျက်လုံးများထဲတွင် မြောင်ယဲ့က ဤတစ်ကြိမ်၌ အမှန်တကယ်ပင် စိတ်ခံစားချက်များနေပြီး သူ၏ လူအခွင့်အရေးအတွက် ဝမ်းနည်းစိတ်ဖြင့် ဒေါသတကြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ဒါက အရမ်း ပြင်းထန်လွန်းတယ်…ငါက စင်္ကြံလမ်းပေါ်မှာတောင် ဒီလိုဖြစ်နေရင် လူရွေးပွဲကို သွားရင်လည်း ခုလိုပဲ ဖြစ်နေပြီး ငါ မေ့သွားလိမ့်မယ်…ဘာလို့ သူက မည်းမှောင်ပြီး နီရဲနေတယ်ဆိုတာ ငါ နားလည်ပြီ…”
မြောင်ယဲ့က အော်ပြောပြီးနောက် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်ကာ ကျန်းယင်ကို မတွေ့ရမှသာ သူက ဆက်ပြောသည်။
“ပထမဆုံး လစာကောင်းကောင်းအကြောင်း ပြောပြီးတော့ မင်းနဲ့ မစ္စတာကျန်းက ငါ့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရမယ်…”
မြောင်ယဲ့က ချွေးသုတ်လိုက်သည်။
“ငါ တကယ် မလိမ်ပါဘူး…မင်းလည်း သိတာပဲ၊ မင်းတို့က မိသားစုတစ်ခုပဲ မဟုတ်လား…ဒါက အရမ်း ပြင်းထန်လွန်းတယ်…ငါ အခုထိ တုန်လှုပ်နေတုန်းပဲ…ဒါက စိတ်ကို အရမ်း နာကျင်စေတယ်…ငါ စိတ်ရောဂါဆရာဝန်နဲ့ သွားပြဖို့ လိုနေပြီ…”
မြောင်ယဲ့က ဖုန်းကို ချလိုက်ကာ နံရံ၌ မှီလိုက်ပြီး သူ့မျက်လုံးများက လက်ထောက်ချန်နှင့် အကြည့်ချင်း ဆုံသွားသည်။
“ညီအစ်ကို… ပိုက်ဆံက ရဖို့ ခက်ခဲတယ်…”
လက်ထောက်ချန်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ကာ မြောင်ယဲ့၏ ပုခုံးကို ပုတ်လိုက်သည်။
“ပြီးတော့ အထူးသဖြင့် ဒီကျန်းမိသားစုရဲ့ ပိုက်ဆံက ရဖို့ ခက်ခဲတယ်…”
“ဒါက အရမ်း ခက်ခဲလွန်းတယ်…”
မြောင်ယဲ့က သူ့ခေါင်းကို ခါလိုက်ကာ သက်ပြင်းချလိုက်သည်။
“ဒီကိစ္စက ရိုးရှင်းပြီး မြန်ဆန်မယ်လို့ ထင်ခဲ့တာ…ငါ PTSD ပါ ရလုနီးပါးပဲ…”
ကျန်းမိသားစုထံမှ ပိုက်ဆံရှာနေသော လူနှစ်ယောက်က အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြပြီး အရာအားလုံးက တိတ်ဆိတ်သွားလေသည်။
*
သူ၏ စိတ်ထဲ၌ ကွယ်ဝှက်ထားသော အကြောင်းအရာများကြောင့် ကျန်းယင်က ဂျူနီယာအထက်တန်းကျောင်း ပြန်လည်ဆုံစည်းမှု နေရာသို့ စောစီးစွာ ရောက်ရှိခဲ့ပြီး ထိုနေရာ၌ ပါတီသို့ တက်ရောက်လာသည့်လူ များစွာ မရှိဘဲ သူတို့က စကားပြောရန် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စုဝေးနေကြသည်။
ချီကျွင်းက ရောက်ရှိနေပြီး ကျန့်ယင်းယင်းနှင့် အခြားလူများက မရောက်ကြသေးပေ။
ကျန်းယင်က အခန်းထဲသို့ လျှောက်ဝင်လာကာ သူ့ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ပြီး ထိုင်ရန် ထိုင်ခုံတစ်ခုကို ဦးစွာ ရှာဖွေလိုက်သည်။
သူ ရောက်လာသည်နှင့် မူလက သက်ဝင်လှုပ်ရှားနေသော အခန်းက ပို၍ပင် ဆူညံလာလေသည်။
“ကျန်းယင်…ငါ မင်းကို အခု ရှာဖွေမှုအများဆုံးစာရင်းမှာ နေ့တိုင်းလိုလိုကို တွေ့နေရတော့တာပဲ….”
“လာ ကျန်းအားရှောင်…ငါ့ကို လက်မှတ်ထိုးပေးပါဦး…ငါ့ရဲ ကိုးနှစ်အရွယ် ညီမလေးက မင်းရဲ့ လက်မှတ်ကို လိုချင်နေတယ်…”
“ကိုးနှစ်မှာ အိမ်စာတွေကို ကောင်းကောင်း မလုပ်ဘဲ ဘယ်ကြယ်ပွင့်နောက်ကို လိုက်နေတာလဲ…?”
ကျန်းယင်က သူ့အတန်းဖော်ဟောင်းထံမှ လက်မှတ်ထိုးသည့် ကတ်ကို ယူလိုက်ပြီး သူ့နာမည်ကို လက်မှတ်ထိုးလိုက်သည်။
“ချီကျူးက မလာနိုင်ဘူးလား…”
ချီကျွင်းက သူ့ကို မေးလိုက်သည်။
“ငါ ဂျူနီယာအထက်တန်းကျောင်းမှာတုန်းက မင်းတို့နှစ်ယောက်ရဲ့ ရှေ့က အတန်းမှာ ထိုင်ခဲ့တာ…ပြီးတော့ တစ်နေ့လုံး ကြက်တွေ ခွေးတွေ ခုန်ပေါက်နေကြသလိုမျိုး ငါ့နောက်က အမြဲ ဆူညံပွက်လောရိုက်နေတော့တာပဲ…”
“သူ မလာလောက်ဘူး…”
ကျန်းယင်က ခေါင်းခါလိုက်သည်။
“ငါ သူ့ကို အဲ့နေ့က ခေါ်သေးတယ်…သူက ခုရက်ပိုင်း အလုပ်အရမ်း ရှုပ်နေတယ်လို့ သူ ပြောတယ်…”
“သူတို့အားလုံးက ကြယ်ပွင့်ကြီးတွေပဲလေ…ဘာလို့ သူက အရမ်း အလုပ်များနေရတာလဲ…”
ချီကျွင်းက သက်ပြင်းချလိုက်သည်။
“ငါက သူနဲ့ မတူဘူး…ငါက စိတ်ရှုပ်ထွေးတာကို ခံစားနေရပေမယ့် စိတ်အေးလက်အေးရှိတယ်…”
ကျန်းယင်က တည်ငြိမ်နေသည်။
ကျန်းယင်ကို နှစ်ပေါင်းများစွာ သိလာပြီးနောက် ချီကျွင်းက ကျန်းယင်၏ “အေးချမ်းသော စိတ်အခြေအနေ” ကို နားမလည်သေးသကဲ့သို့ ခံစားနေရဆဲပင်။
“မင်းက သီချင်းဆိုတာနဲ့ ရုပ်ရှင်ရိုက်တာကို မကြိုက်ဘူးလို့ ပြောခဲ့ပြီး ဘာလို့ ဦးစားပေးအနေနဲ့ ဖျော်ဖြေရေးနယ်ပယ်ကို ဝင်ခဲ့တာလဲ…”
“ငါ ဖျော်ဖြေရေးနယ်ပယ်ကို ကြိုက်ပါတယ်…”
ကျန်းယင်က စားပွဲကို ရိုက်လိုက်ကာ စိတ်အားထက်သန်စွာ ပြောသည်။
“ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်လဲ…”
သူက ကလေးဘဝကတည်းက သရုပ်ဆောင်ခြင်းကို စိတ်မဝင်စားခဲ့ပေ။ သူက ကောင်းစွာ သရုပ်ဆောင်နိုင်သည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရသော်လည်း သူက ဖျော်ဖြေရေးနယ်ပယ်ထဲမှ အတင်းအဖျင်းနှင့် အညစ်အကြေးအားလုံးကို သိ၏။
ချီကျူးက မလာနိုင်ခဲ့ဘဲ ကျန်းယင်က ပါတီမစမီ သူ၏ [ဂဏန်းဘုရင်] ဝေ့ပေါ်အကောင့်ကို နာမည်တစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။
“မင်း ဘာလို့ ဒါကို ကစားနေသေးတာလဲ…?”
ချီကျွင်းက သူ့ခေါင်းကို လှည့်လာကာ ကျန်းယင်၏ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။
“ငါ အဲ့ဒါကို လွန်ခဲ့တဲ့ သုံးနှစ်ထဲက ဖယ်ပစ်ခဲ့တာ…ဒီ app က ငါ့အတွက် စိတ်ထွက်ပေါက် ရှာရမယ့်နေရာ မဟုတ်ဘူး…အဲ့ဒါက ဒေါသတိုးမယ့်နေရာ…မြန်မြန် ဖျက်ပလိုက်၊ အသက်ရှည်လာလိမ့်မယ်…”
“မင်းက ဘာလို့ ဖျက်ပစ်ချင်ရတာလဲ…ဒါက အရမ်း စိတ်ဝင်စားဖို့ကောင်းတာကို…မင်းမှာ စိတ်တိုစရာတစ်ခုခုရှိနေရင် ထိန်းမထားဘဲ ဒါကို အကြိမ်ရေနည်းနည်းလောက် ဆိတ်(ပြော)ပစ်ပြီး အသက်ရှည်ရှည်နေ…”
ကျန်းယင်က သူ့အကောင့်ထဲသို့ ဝင်လိုက်သည်။
“လာစမ်းပါ…မင်းကို ငါ့ရဲ့ အထင်ကရအခိုက်အတန့်တွေကို ကြည့်ခွင့်ပေးမယ်…”
[ဂဏန်းဘုရင်] ဤရန်ဖြစ်ရန်အတွက် သီးသန့်အကောင့်ကို ကျန်းယင်က သုံးနှစ်ကြာ အသုံးပြုခဲ့၏။ သုံးနှစ်ဟူသည့်အချိန်ကာလမှာ ဤ app ကို အသုံးပြုသူအားလုံးထဲ၌ သူ၏ ဂိမ်းအဆင့်ကို ထိပ်တန်းစာရင်းသို့ ဝင်ရောက်နိုင်စေရန် တွန်းတင်နိုင်သည့် အချိန် လုံလောက်လေသည်။
ကျန်းယင် ဖွင့်ထားသည့် app အဆင့်စာရင်းအရ သူ၏ အဆင့်မှာ ကိုးနေရာမြောက်တွင် ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုမှာ ဝက်ဘ်ဆိုဒ်တစ်ခုလုံးအနက် ထိပ်ဆုံးသုံးနေရာ၌ ပါဝင်နေ၏။ ဒသမနေရာ၌ [sunny] ဟု ခေါ်သည့်သူ ရှိပြီး သူ၏ လှုပ်ရှားမှုမှာလည်း ထိပ်ဆုံးသုံးနေရာထဲ၌ ပါဝင်သည်။
ချီကျွင်းက ကျန်းယင်၏ တိုက်ပွဲ မှတ်တမ်းကို ကြည့်ပြီးနောက် ပြောစရာစကားပင် မရှိတော့ပေ။
“မင်းတို့ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ရန်ဖြစ်တဲ့ ရသစုံရှိုးတစ်ခုလောက် မထုတ်ကြဘူးလား…?”
“အကြံကောင်းပဲ…”
ကျန်းယင်က ဖုန်းမျက်နှာပြင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
“မင်း ဘာလို့ တစ်ခုလောက်မှာ မရင်းနှီးမမြှုပ်နှံတာလဲ…ငါ ပါမယ်လို့ ကတိပေးပါတယ်…”
ချီကျွင်း: “ငါ့ကို မင်းရဲ့ အထင်ကရ အခိုက်အတန့်တွေကို ပြမယ်လို့ ပြောခဲ့တယ် မဟုတ်လား…?”
ကျန်းယင်က တီးတိုးအသံပြုလိုက်ပြီး app ထဲရှိ “အဆိုပြုချက် ဆူညံသံ” ကို ထပ်မံရွေးချယ်လိုက်ပြီး တန်ဖိုးအပိုင်းအခြားကော်လံထဲမှ ဖျော်ဖြေရေးနယ်ပယ်ကို ရွေးချယ်လိုက်သည်။
“မင်းကို ဒီ app ဘယ်လောက်မိုက်လဲဆိုတာ ခံစားခွင့်ပေးမယ်…”
မည်သို့ပင်ဖြစ်စေ ၎င်းက အစာမစားမီ အပျော် အငြင်းပွား၍ ကစားခြင်းသာ ဖြစ်ပြီး ဤတစ်ကြိမ်၌ ချီကျူးနှင့် ဆက်စပ်သည့် မေးခွန်းများ ပေါ်လာရန် သူက မမျှော်လင့်ထားပေ။ app က ကိုက်ညီသည့် ပြိုင်ဘက်ကို ရွေးချယ်ပေးလိုက်ပြီးနောက် သူ့အတွက် မေးခွန်းများကို စတင်၍ ရွေးထုတ်ပေးလာသည်။
“ဘယ်ဟာထွက်လာလာ အဆင်ပြေတယ်…ငါက ဖျော်ဖြေရေးနယ်ပယ်အကြောင်းကို အများကြီးသိပြီး များသောအားဖြင့် ထွက်လာတဲ့ ခေါင်းစဉ်တိုင်းကို ငါ အငြင်းပွားနိုင်တယ်…”
ကျန်းယင်က ချီကျွင်းကို ရှင်းပြလိုက်သည်။
“ငါ့အတွက်တော့ ဒီနေရာက မေးခွန်းအများစုက အမှတ်လွယ်လွယ်ရတဲ့ဟာတွေပါပဲ…”
အငြင်းပွားမှုကို စတင်ခဲ့ပြီး ကျပန်းစီမံထားသည့် မေးခွန်းများက စခရင်ပေါ်တွင် ပေါ်လာခဲ့သည်။
[[ကျန်းယင်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ဆိုးလား…?]]
ချီကျွင်း: “…”
ကျန်းယင်က စာရေးသည့်နေရာ၌ “?” တစ်ခုကို ဖြည်းညင်းစွာ ရိုက်ထည့်လိုက်လေတော့သည်။
😍😍😍