အခန်း (၁၅) ပျော်ရွှင်နေသလား
Viewers 2k

“မသွားနဲ့၊ သူတို့ဘာသာ ထွက်လာပါစေ” 


ဟန်ကျန်းရွှယ်က စိုးရိမ်တကြီးပြောရင်း ကျန်းရှောင်ကို တွန်းထုတ်ကာ ရှလျန်ကို တားလိုက်သည်။


ရှယန်သည် ခဏတာ ကြောင်အသွားပြီးနောက် နှင်းတောအုပ်ထဲမှ သွေးရောင်လွှမ်းနေသော မျက်လုံးအစုံပေါင်းများစွာကို လှမ်းရေတွက်

လိုက်၏။


အဖွဲ့ထဲရှိ ဝန်ထုပ်ဝန်ပိုးများကို ထည့်သွင်းစဉ်းစားပြီးနောက် သူမ နောက်ဆုတ်ရန်သာ ရွေးချယ်လိုက်ရတော့သည်။


ဟုတ်ပါသည်။ ဆေးကုသရေးနိုးထသူ ဟူသော အမည်ခံဖြင့် မည်မျှပင် ဖုံးကွယ်ထားပါစေ၊ လက်ရှိအချိန်တွင် ကျန်းရှောင်သည် အဖွဲ့အပေါ် မှီခိုနေရသူသာ ဖြစ်သည်။


သို့သော် ကျန်းရှောင်တွင် ထိုသို့ မှီခိုရပ်တည်ပိုင်ခွင့်ရှိသည်မှာ သူ၏ ကိုယ်ပိုင်စွမ်းရည်များကြောင့်ပင်။


ကျန်းရှောင်သည် ဤအချက်အတွက် လုံးဝ အရှက်မရှိပေ။ 


သူ ကြီးထွားလာရန် အချိန်အနည်းငယ်သာ လိုအပ်ပြီး၊ သူ ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ စတုတ္ထမြောက်နေ့သာ ရှိသေးသည်။ 


အချိန်အနည်းငယ် ထပ်ရပါက သူ အပြည့်အဝ ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။


၎င်းမှာ အပြောသက်သက် မဟုတ်ပေ။ 


ကျန်းရှောင်၏ စည်းကမ်းရှိမှုနှင့် ပြင်းထန်သော နံနက်ခင်း လေ့ကျင့်ခန်းများကို ကြည့်ခြင်းအားဖြင့် သူ၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲလုံ့လကို သိနိုင်ပါသည်။


ကျန်းရှောင်သည် သူ့အပေါ် ထားရှိသော သူတို့၏ ကူညီစောင့်ရှောက်မှုများကို သေချာပေါက် ပြန်လည်ပေးဆပ်မည်။


နှုတ်ဆိတ်နေခဲ့သော စစ်သား ဖီကဲချိုးသည် မြေပြင်တွင် မတ်တပ်ရပ်နေရင်း ဟန်ကျန်းရွှယ်နှင့် ကျန်းရှောင်ကို သူ့နောက်သို့ ဆုတ်ခွာစေခဲ့သည်။ 


ထို့နောက် ရှယန်၏ ဘေးတွင် ရပ်လိုက်ပြီး ကျန်လူများနှင့်အညီ တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။


“သားမွေးတွေပေါ်မှာ သွေးခဲတွေ ရှိနေတယ်၊ ခြေသည်းတွေမှာလည်း အဝတ်အစားစတွေ ချိတ်နေတယ်"


"ခုနက နှင်းတောထဲဝင်သွားတဲ့ အဖွဲ့တော့ သေချာပေါက် အသတ်ခံလိုက်ရပြီ ထင်တယ်” 


ဖီကဲချိုးက သုံးသပ်ပြသည်။


ဤအချိန်တွင် ကျန်းရှောင်သည် သူ၏ ကြီးထွားမှုကို အထောက်အကူပြုနိုင်မည့် အာဟာရနှင့် အရာအားလုံးကို စုပ်ယူနေဆဲဖြစ်သည်။ 


သူသည် နှင်းတောအစပ်ရှိ ဘီလူးဖြူများကို တိတ်တဆိတ် အကဲခတ်နေခဲ့၏။


သေဆုံးနေသော ဘီလူးဖြူများမှာပင် အလွန်အရုပ်ဆိုးလှသော်လည်း၊ အသက်ရှင်နေပြီး သွေးရောင်လွှမ်းသော မျက်လုံးများရှိသည့် ကောင်များမှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည်။


စစ်သား ဖီကဲချိုးက ဆက်ပြောသည်မှာ....


"သူတို့တွေ တွန့်ဆုတ်မနေဘဲ ရှေ့တိုးလာနေတုန်းပဲ"


"သူတို့ရဲ့ သဘာဝနဲ့မတူဘဲ နှင်းတောအုပ်ထဲကနေတောင် ထွက်လာကြပြီ၊ ဒါက ဘာကို ဆိုလိုသလဲဆိုတော့...”


“ဒီဘီလူးဖြူအုပ်ထဲမှာ ဘီလူးဖြူစုန်းမတွေ ပါနေတယ်လို့ ဆိုလိုတာပဲ” 


ရှယန်က မျက်နှာပျက်ပျက်ဖြင့် ပြောလာ၏။


ဖီကဲချိုးက လေသံနှိမ့်၍ ပြောသည်မှာ...


"ဒီနေရာက လူသားတွေနေတဲ့နေရာနဲ့ မိနစ် ၃၀ ပဲ ဝေးတာ၊ ကင်းစောင့်အဖွဲ့တွေက ၁၀ မိနစ်အတွင်း ရောက်လာနိုင်တယ်"


"ဒီလောက် အင်အားကြီးတဲ့ အုပ်စုရှိလိမ့်မယ်လို့ ငါမထင်ထားဘူး"


ဖီကဲချိုး၏ ကြေးစားစစ်သား တစ်ယောက်အနေဖြင့် အခန်းကဏ္ဍမှာ အဖွဲ့ကို လမ်းညွှန်မှုပေးရန်။


ထို့အပြင် သူ၏ အဆင့်အတန်းအရ သူသည် သေနတ်တစ်လက် ဆောင်ယူခွင့်ရသည့် အခွင့်ထူးကိုလည်း ရရှိထားသည်။


ဖီကဲချိုး၏ ခါးတွင် အနက်ရောင် သေနတ်တစ်လက် ချိတ်ထားသည်။ 


အခြားသော သီးခြားကမ္ဘာများမှ သတ္တဝါများကို ရင်ဆိုင်ရာတွင် သေနတ်သည် ကြယ်တာရာ နည်းစွမ်းအားလောက် မထိရောက်နိုင်သော်လည်း၊ ဘီလူးဖြူများကို ရင်ဆိုင်ရာတွင်မူ အတော်အတန် အသုံးဝင်ဆဲ။


ကျည်ဆန်များသည် အသားထူပြီး ကြမ်းတမ်းသော ဘီလူးဖြူများ၏ ခန္ဓာကိုယ်ကို အနာတရဖြစ်အောင် များစွာ မလုပ်နိုင်သော်လည်း၊ ၎င်းတို့၏ အနက်ရောင်မျက်နှာများတွင် မွှေးညင်းများ မရှိပေ။ 


ထို့ကြောင့် သေနတ်သည် ထိုနေရာများအတွက် အားကောင်းနေဆဲဖြစ်သည်။


သို့သော်လည်း စစ်တပ်သည် စစ်သားများ၏ သေနတ်အသုံးပြုမှုကို တင်းကျပ်စွာ ကန့်သတ်ထား၏။


ကျန်းရှောင်က နားမလည်နိုင်သဖြင့် မေးလိုက်၏။


"ကျွန်တော့်မှာ ဘီလူးဖြူစုန်းမရဲ့ ကောင်းချီးပေးခြင်း ကြယ်တာရာ အတတ်ပညာရှိပြီးသားလေ"


"အဲဒါကို စီနီယာတို့အပေါ်မှာလည်း သုံးဖူးပါတယ်"


"ကြေးဝါအဆင့်ရှိတဲ့ ကောင်းချီးပေးခြင်း အတတ်ပညာရဲ့ အကျိုးသက်ရောက်မှုက အရမ်း ထူးခြားနေလို့လား"


“အင်း... ဘီလူးဖြူစုန်းမကလည်း ကြေးဝါအဆင့် သတ္တဝါပဲ၊ ဒါကြောင့် သူ့ရဲ့ နည်းစနစ်တွေက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး” 


ရှယန်က သတိကြီးစွာဖြင့် နောက်ဆုတ်ရင်း ပြောလိုက်သည်။ 


သူမက ဆက်လက်၍....


"ဒါပေမဲ့ ဘီလူးဖြူစုန်းမ တစ်ကောင် ရှိနေတာက ဘီလူးဖြူအုပ်စု တစ်ခုလုံးရဲ့ အရည်အသွေးကို မြင့်တက်စေတယ်"


"တိုက်ပွဲဆိုတာ တစ်ပေါင်းတစ်က နှစ်ထွက်တာမျိုး မဟုတ်ဘူး၊ အဖွဲ့ရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲစေနိုင်တဲ့ အချက်တွေ အများကြီး ရှိသေးတယ်”


ဟန်ကျန်းရွှယ်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။


"အခုကိုပဲ ကြည့်လေ၊ သူတို့တွေ နှင်းတောအုပ်ထဲက ထွက်လာပြီး သူတို့ ကျွမ်းကျင်တဲ့ စစ်မြေပြင်ကနေ ထွက်လာကြပြီ"


ရှယန်သည် အရိုးအပါအဝင် နှစ်မီတာနီးပါး ရှည်လျားသော ဓားကြီးကို ဖြည်းညှင်းစွာ ထုတ်လိုက်သည်။ 


သူမ ဓားကို မြေပြင်ပေါ် ဆွဲလိုက်ရာ နှင်းများပေါ်တွင် နက်ရှိုင်းသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့၏။


"ဘီလူးဖြူတွေက နှင်းတောထဲမှာဆို မျောက်တွေလို ဖျတ်လတ်ပြီး အခွင့်သာတယ်"


"ဒါပေမဲ့ သူတို့က အဲဒီအားသာချက်ကို စွန့်လွှတ်ပြီး ငါတို့နဲ့ တန်းတူညီတူ မြေပြင်မှာ တိုက်ဖို့ ရွေးချယ်လိုက်တယ်"


"ရှောင်ဖီ... ပြောစမ်း၊ ဒါက ဘာကို ပြတာလဲ"


ကျန်းရှောင် ခဏလောက် စဉ်းစားပြီးမှ မေးလိုက်သည်။


"ဘီလူးဖြူစုန်းမ ရှိနေတာက သူတို့ကို ယုံကြည်မှု အပြည့်အဝ ရှိစေတာလား"


“နီးစပ်ပါတယ်” 


ရှယန်က ရှေ့က ဘီလူးဖြူများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


"ဘီလူးဖြူစုန်းမရဲ့ တည်ရှိမှုက သူတို့အတွက် အဓိက ကျောရိုးပဲ"


"တစ်ဦးချင်းစီ ဆန်တဲ့ အဖွဲ့ဝင်တွေက ယုံကြည်မှုရှိလာပြီး စည်းလုံးသွားတဲ့အခါ သူတို့ဆီက ထွက်လာတဲ့ ရန်လိုမှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ကြောက်စရာကောင်းသွားတာ"


ကျန်းရှောင် မျက်ခုံးပင့်လိုက်ပြီး...


"စီနီယာ ဆိုလိုတာက... သူတို့မှာ ရှင်းလင်းတဲ့ ရာထူးတွေနဲ့ လိုက်နာရမယ့် အမိန့်တွေ ရှိနေတာလား"


“ဟုတ်တယ်၊ မှန်တယ်"


"ဘီလူးဖြူစုန်းမက ဒီအဖွဲ့ရဲ့ ကွပ်ကဲရေးမှူးပဲ"


ရှယန်နှင့် ဖီကဲချိုးတို့ နှစ်ဦးလုံး ခြေလှမ်းရပ်

လိုက်ပြီးနောက် ဆက်ပြောသည်။


"ဒီမှော်ဝင်သတ္တဝါတွေရဲ့ ဗီဇတွေက လူသားတွေ အမြဲတမ်း သင်ယူခဲ့ရတဲ့ ပုံစံခွက်တွေပဲ"


"အဖွဲ့တစ်ခုမှာ ဆေးကုသရေး နိုးထသူတွေက ခေါင်းဆောင်လုပ်ဖို့ အသင့်တော်ဆုံးပဲ"


"သူတို့က ဘေးကင်းတဲ့ နေရာမှာ ပုန်းနေနိုင်ပြီး အခြေအနေ တစ်ခုလုံးကို ကြီးကြပ်နိုင်တယ်"


"သူတို့က လူတစ်ဦးချင်းစီပေါ်မှာပဲ အာရုံမစိုက်ဘူး၊ တစ်ဖွဲ့လုံးရဲ့ ရှုထောင့်ကနေပဲ စဉ်းစားတာ"


'အထင်ကြီးစရာပဲ'


'ငါကတော့ အဆင့်တက်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အစွမ်းထက်သူကြီး ဖြစ်လာမယ်လို့ ထင်နေတာ'


'ပျော်ပြီးရင် ပြီးပြီပေါ့'


'ဒါပေမဲ့ အခုတော့ ငါ့ကို ကွပ်ကဲရေးမှူး လုပ်ခိုင်းနေတာလား'


'ဒါပေမဲ့လည်း ဒါက ဂိမ်းတစ်ခု မဟုတ်ဘူးလေ၊ ရှေ့တန်းက တိုက်ခိုက်ရေးသမားတွေက အခြေအနေအရပ်ရပ်ကို အကုန်မမြင်နိုင်ဘူး'


'ဒါကြောင့် သူတို့က စစ်မြေပြင်ရဲ့ သတင်းအချက်အလက်တွေကို ထိရောက်အောင် မယူနိုင်ကြဘူး'


“သင်ပေးတာ ကျေးဇူးတင်ပါတယ်” ကျန်းရှောင်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။


“ရပါတယ်၊ အိမ်ပြန်ရောက်ရင် ငါ့ခြေထောက်လေး နှိပ်ပေးဖို့ မမေ့နဲ့ဦး” 


ရှယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


ကျန်းရှောင် ဆွံ့အသွားရ၏။


“အဖွဲ့ထဲမှာ ဆေးကုသရေးနိုးထသူ မရှိတဲ့အခါ ဒါမှမဟုတ် ကွပ်ကဲရေးမှူး လုပ်ဖို့ အရည်အချင်းမပြည့်မီတဲ့အခါမှာတော့ အဝေးထိန်း ကွပ်ကဲမှုက နောက်ထပ် အကောင်းဆုံး ရွေးချယ်မှုပဲ” 


ရှယန်က သူမ၏ အသံကို အနည်းငယ်မြှင့်ပြီး မေးလိုက်သည်။


"ကျန်းရွှယ်"


“စောင့်ဦး"


ဟန်ကျန်းရွှယ်က အမိန့်ပေးလိုက်၏။


“ထပ်စောင့်နေရင် သူတို့တွေ ငါ့မျက်နှာကို လာထိတော့မယ်"


ရှယန်က မကျေမနပ် အော်ဟစ်လိုက်၏။


နှင်းတောကွင်းပြင်ရှိ မုန်တိုင်းမှာ မည်သည့်အချိန်က ပျောက်ကွယ်သွားသည် မသိရဘဲ၊ လေနှင့်နှင်းများ မရှိတော့သဖြင့် ဆက်သွယ်ပြောဆိုရသည်မှာ ပို၍ လွယ်ကူသွားသည်။


"ဒုန်း...ဒုန်း...ဒုန်း"


အရပ်ရှည်သော ဘီလူးဖြူများသည် သူတို့၏ လေးလံသော ခြေလှမ်းများဖြင့် နှင်းပြင်ပေါ်တွင် ဖြည်းဖြည်းချင်း စတင်ပြေးလွှားလာကြသည်။ 


မကြာမီ သူတို့သည် မြေပြန့်ပေါ်တွင် ပြေးနေသကဲ့သို့ အရှိန်မြှင့်လာကြသည်။


၁၊ ၂... ၁၅၊ ၁၆ ကောင်။


စုစုပေါင်း အရပ်ရှည်ပြီး ကြီးမားသော ဘီလူးဖြူ ၁၆ ကောင်သည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။


ရုတ်တရက် နှင်းတော ကွင်းပြင်ထဲတွင် ထူးဆန်းသော အော်သံတစ်ခု ထွက်ပေါ်လာသည်။


ပြေးလာနေသော ဘီလူးဖြူများသည် ရုတ်တရက် အပြောင်းအလဲဖြစ်သွားပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူက အရှိန်လျှော့လိုက်သည်။ 


ထို့နောက် ကျန်ရှိသူများက ဘေးတစောင်း ဖြန့်

ထွက်သွားပြီး ပြေးလာကြ၏။


ဖရိုဖရဲ ဖြစ်နေသော အဖွဲ့သည် ဖြည်းဖြည်းချင်း လခြမ်းပုံစံ ဖြစ်သွားသည်။


သူတို့လေးဦးကို အလယ်မှာ ပိတ်မိအောင် လုပ်ဖို့ ကြံစည်နေကြတာလား။


“ညာဘက်ကို" ရှယန် အော်လိုက်သည်။


“ဘယ်ဘက်” ဟန်ကျန်းရွှယ်က ရှယန်နှင့် တစ်ပြိုင်တည်းလိုလို ပြောလိုက်သည်။


“မိန်းကလေး၊ နင် တစ်ခါလောက် ငါ့နောက်လိုက်လို့ မရဘူးလား"


ရှယန်က မဆိုင်းမတွ မေးရင်း ဓားကြီးကို ဆွဲကာ ဘယ်ဘက်သို့ ဦးတည်လိုက်သည်။


“လိုက်ခဲ့တော့"


ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို တွန်းထုတ်ပြီး “ဖီကဲချိုး၊ အနောက်မှာ နေခဲ့” ဟု ပြောလိုက်သည်။


ဘီလူးဖြူများ ဝိုင်းမရခင်မှာပင် သူတို့ လေးဦးသည် တန်းစီလျက် ဘယ်ဘက်သို့ အမြန်ဆုံး ပြေးထွက်လိုက်ကြသည်။


သို့သော်လည်း နှင်းပြင်ပေါ်တွင် မြေပြန့်ကဲ့သို့ ပြေးနိုင်သော ဘီလူးဖြူများကို သူတို့ မည်သို့ ရင်ဆိုင်နိုင်မည်နည်း။


သို့သော် တစ်ယောက်ကတော့ အမှီလိုက်နိုင်သည်။


ထိုသူမှာ အခြားသူမဟုတ်ဘဲ ရှေ့ဆုံးမှ ပြေးနေသော ရှယန်ပင်။


ကျန်းရှောင်၏ အမြင်အာရုံထဲတွင် အရပ်ရှည်ပြီး သွယ်လျသော ခြေတံရှည် ရှလျန်သည် နှစ်မီတာရှည်သော ဓားကြီးကို ဆွဲလျက် နှင်းပြင်ပေါ်တွင် အပြင်းအထန် ပြေးနေသည်ကို တွေ့ရသည်။


"ဝူး..."


နောက်တစ်စက္ကန့်တွင် ရှယန်၏ သွယ်လျသော ကိုယ်လုံးလေးမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကြယ်တာရာမြေပုံသည် သူမ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။


ကျန်းရှောင်၏ ကြယ်တာရာမြေပုံမှာ နက္ခတ်ခုနစ်လုံးပုံဖြစ်ပြီး ရှယန်၏ ကြယ်တာရာမြေပုံမှာမူ လက်နှစ်ဖက်သုံး ဓားရှည်ကြီး တစ်လက် ဖြစ်သည်။


ဟုတ်ပါသည်။ 


ကြယ်တာရာ နေရာနှင့် ပြင်းထန်သောစွမ်းအားများ၏ ဆက်သွယ်မှုကြောင့် ရှယန်၏ ခန္ဓာကိုယ်ပေါ်တွင် ဓားရှည်ကြီး တစ်လက် ပေါ်လာသည်။


ကြေးဝါအဆင့် နှစ်ခု၊ ငွေအဆင့် ငါးခု။


ကြယ်တာရာမြေပုံရှိ ဓားသွားဖျားတွင် ကြယ်စုစုပေါင်း ခုနစ်လုံး လင်းထိန်နေပြီး ကြေးဝါရောင် အလင်းနှစ်ခုနှင့် ငွေရောင်အလင်း ငါးခု ထွက်ပေါ်နေသည်။


နက်ဗျူလာ အဆင့်ရှိသော နိုးထသူတစ်ဦးသည် ကြယ်တာရာစွမ်းအား အတတ်ပညာရှစ်ခုအထိသာ စုပ်ယူနိုင်ပြီး ရှယန်မှာမူ အကုန်နီးပါး စုပ်ယူပြီးနေပြီ။


သူမတွင် စုစုပေါင်း ကြယ်တာရာ အတတ်ပညာခုနစ်ခုရှိသော်လည်း အရေးကြီးဆုံးမှာ သူမတွင်... 


ကြယ်တာရာ နေရာ ၂၈ ခု ရှိနေပုံရခြင်းပင်။


ကြယ်တာရာနေရာ ၂၈ ခု။


၎င်းမှာ ကျန်းရှောင်၏ ကြယ်တာရာ နေရာအရေအတွက်ထက် သုံးဆမျှ များပြားသည်။


နောက်တစ်စက္ကန့်တွင် ကြယ်တာရာမြေပုံ၏ ဓားသွားဘယ်ဘက်ခြမ်းမှ ငွေရောင်ကြယ်တာရာနေရာသည် ရုတ်တရက် လင်းထိန်သွားသည်။ 


ဓားကို ကိုင်ထားသော လက်မှလည်း မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားတစ်လက်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားလေ၏။


ငွေအဆင့် ကြယ်တာရာ အတတ်ပညာ : မီးတောက်များ


မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခု ကျန်ရစ်ရမည်ဖြစ်သော်လည်း ယခုအခါ နှင်းများသည် ရေအိုင်အဖြစ်သို့ အရည်ပျော်သွားပြီ။


အငွေ့ပျံလာသော အဖြူရောင် အခိုးအငွေ့များသည် ကြယ်တာရာ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော လေနှင့်ရောယှက်ကာ ရှေ့သို့ ပျံ့နှံ့သွားသည်။


ရုတ်တရက် နှင်းပွင့်များ လေထဲတွင် လွင့်ပျံသွားပြီး အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။


ရှယန်သည် နောက်ဆုံးတွင် ဓားကြီးကို မြှောက်ကာ သူမ၏ ခြေထောက်များကို အားပြုလျက် နှင်းပြင်ပေါ်တွင် ဆောင့်နင်းလိုက်သည်။ 


ထို့နောက် သူမသည် ချက်ချင်းပင် အပြင်ဘက်သို့ ခုန်ပျံထွက်သွားလေတော့၏။