Ch 10
Viewers 55

🍏 Chapter 10




"အဲဒါပဲပေါ့... ရှင့်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ထူးချွန်တာပဲ၊ အချစ်ရေးမှာ အဆင်မပြေဖြစ်ရုံနဲ့ စိတ်ဓာတ်ကျနေတာကို ကျွန်မတော့ ဆူတောင် ဆူမိတော့မယ်" ဟု ဝမ်သိုက်က အားပေးလိုက်သည်။


ဝမ်သိုက်သည် ဝေလင်ကို နှစ်သိမ့်ပေးပြီးနောက် မတ်တတ်ရပ်လိုက်သည်။


"ဒီနေ့တော့ ရှင့်ကို တစ္ဆေနှင်ပေးရုံတင်မကဘဲ စိတ်ခွန်အားပေးတာပါ လုပ်ပေးလိုက်ရပြီ၊ ဒါပေမဲ့ အဖိုးအခတော့ မယူတော့ပါဘူး၊ ရှင့်ညီမလေးက ကျွန်မအပေါ် ကျေးဇူးရှိဖူးလို့ပါ၊ နောက်ဆိုရင် ရှင့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ကူညီဖို့ လိုရင်တော့ ကျွန်မကို ညွှန်းပေးပါဦးနော်"



တိုက်ခန်းတံခါး ပိတ်သွားသောအခါ ချန်စစ်ကျယ်နှင့် ဝမ်သိုက်တို့ ဓာတ်လှေကားထဲသို့ အတူဝင်လာခဲ့ကြသည်။


"တောင်းပန်ပါတယ်" 


ချန်စစ်ကျယ် ဒုတိယအကြိမ် တောင်းပန်လိုက်ခြင်းဖြစ် သည်။ သူသည် ဓာတ်လှေကားတံခါးကို ကြည့်ရင်း ဆိုသည်။ 


"စောစောက ငါ ပြောမိတာတွေ၊ မင်းမိဘတွေကို ဆွဲထည့်မိတာတွေအတွက် တောင်းပန်ပါတယ်၊ အဲဒီ ခုနစ်ထောင်ကို မင်း တကယ်ပဲ မယူတော့ဘူးလား"


ဝမ်သိုက် သူ့ကို အရုပ်မလေးတစ်ရုပ်လို ပြုံးပြလိုက်ကာ


"ရှင်ကတော့ ပိုက်ဆံဆိုရင် သိပ်တွက်တာပဲနော်၊ ရှေ့နေကြီး... အော်၊ မဟုတ်သေးဘူး၊ အခုတော့ တာအို ဆရာကြီး လို့ခေါ်ရမလား၊ လက်တွေ့သမား ရှေ့နေကြီးက ကွယ်ရာမှာ တစ္ဆေနှင်တဲ့ အလုပ်တွေလုပ်နေတာ တကယ်ထူးဆန်းတာပဲ"


"ရှင် တကယ်ပဲ တောင်းပန်ချင်တယ်ဆိုရင် ကျွန်မနဲ့ အတူတူ အလုပ်လုပ်မလား" 


ဝမ်သိုက်က မျက်ခုံးပင့်ကာ မေးလိုက်သည်။


"ဘာလဲ" 


ချန်စစ်ကျယ် အံ့သြသွားသည်။


"ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ မြင်ပြီးပြီလေ၊ ကျွန်မ တစ် ယောက်တည်းလည်း လုပ်လို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ပိုလွယ်တာပေါ့၊ ပိုက်ဆံကိုတော့ ၃ ချိုး ၇ ချိုး ခွဲမယ်၊ ကျွန်မက ၇ ချိုး၊ ရှင်က ၃ ချိုး၊ ကျွန်မက အလုပ်တွေ ပိုရှာနိုင်မှာလေ၊ ရှင့်ကို ၃ ချိုး ပေးတာတောင် ကျွန်မက စိတ်ကောင်းရှိလို့" ဝမ်သိုက်က အလုပ်ရှင်မကြီးကဲ့သို့ လေသံဖြင့် ဆိုလိုက်သည်။


ချန်စစ်ကျယ် ရယ်လိုက်ကာ 


"၃ ချိုး ၇ ချိုး ဟုတ်လား၊ မင်းကတော့ တော်တော်ပြောထွက်တယ်နော်၊ စောစောက ရေချိုးခန်းထဲက တစ္ဆေတွေကို ငါပဲ ရှင်းခဲ့တာလေ၊ မင်းကတော့ တကယ့် ဟော်စန်း ဝင်စားတာပဲ၊ လောဘကြီးလိုက်တာ"


"အို... ရှင် မပြောနဲ့တော့၊ ကျွန်မ ဥပဒေတွေ ဘာတွေ နားမလည်ဘူး၊ ၃ ချိုး ၇ ချိုး မကြိုက်ရင် ၄ ချိုး ၆ ချိုးပေါ့" ဝမ်သိုက်က နားကို လက်ဖြင့် ပိတ်ကာ အတင်းပြောတော့သည်။


နောက်ဆုံးတွင် ၅ ချိုး ၅ ချိုးဖြင့် သဘောတူညီမှု ရသွားကြသည်။ အပြင်သို့ ရောက်သောအခါ ချန်စစ်ကျယ်က ဝမ်သိုက်၏ ဆံပင်ကို ဆွဲလိုက်သဖြင့် သူမ နောက်သို့ ယိုင်သွားသည်။


"ရှင် ရူးနေတာလား၊ ကျွန်မကို ကလေးဆန်တယ်ပြောပြီး ရှင့်အပြုအမူကကော လူကြီးဆန်လို့လား" ဟု ဝမ်သိုက်က အော်လိုက်သည်။


ချန်စစ်ကျယ် ချောင်းတစ်ချက် ဟန့်လိုက်ကာ


"ဆောရီး... ငါ့ ကား ဟိုမှာ ရပ်ထားတယ်၊ မင်း ဘယ်မှာ နေတာလဲ၊ လမ်းကြုံရင် လိုက်ပို့ပေးမယ်၊ နောက်ပြီး ငါတို့က အခု အလုပ်ဖော်တွေ ဖြစ်သွားပြီဆိုတော့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တော့ ရှိသင့်တာပေါ့"


ဝမ်သိုက်သည် စီးကရက်ကို ငြှိမ်းလိုက်ပြီး သူနှင့် WeChat အကောင့်ချင်း ချိတ်ဆက်လိုက်သည်။


"လိုက်ပို့ပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ ကျွန်မက ဖုန်းအန်း ရပ်ကွက်မှာနေတာ၊ အဲဒါက အရမ်းဝေးတယ်လေ၊ ရှင့်လို လူချမ်းသာတွေက အဲဒီမှာ နေမှာ မဟုတ်ဘူး"


"လမ်းကြုံပါတယ်၊ ငါတို့ ရှေ့နေရုံးက ရှေ့နေတစ်ယောက် အဲဒီမှာ နေတယ်၊ သူ နေမကောင်းဖြစ်နေလို့ သွားကြည့်မလို့ပဲ၊ လာ... လိုက်ပို့ပေးမယ်" ဟု ချန်စစ်ကျယ်က မျက်နှာသေဖြင့် ဆိုလိုက်သည်။


ဝမ်သိုက် သူ့ကို သံသယဖြင့် ကြည့်ကာ


"အင်း... ရှင်က ဒီလောက်တောင် စိတ်ကောင်းရှိတာလား၊ တစ်ခုခုတော့ ကြံစည်နေတာ မဟုတ်ပါဘူးနော်"


"မင်း မြေအောက်ရထားနဲ့ ပြန်ရင် အချိန်ကုန်တယ်၊ ပင်ပန်းတယ်လေ၊ ငါ လိုက်ပို့ပေးတာက အချိန်ကုန်သက်သာမယ်၊ ပိုက်ဆံလည်း မကုန်ဘူး၊ ငါက မင်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ပါ၊ မင်းက မြေအောက်ရထားနဲ့ပဲ ပြန်ချင်တယ်ဆိုရင်လည်း သဘောပဲလေ"



ချန်စစ်ကျယ်က လှည့်ထွက်သွားရန် ပြင်လိုက်သောအခါ ဝမ်သိုက်က အမြန်နောက်မှ လိုက်သွားတော့သည်။


"နေပါဦး... ရှင်ကလည်း ဘာလို့ စိတ်ကြီးနေတာလဲ၊ ကျွန်မက မြေအောက်ရထားနဲ့ ပြန်ရတာ ကြိုက်တယ်လို့ မပြောပါဘူး... ကျေးဇူးပဲနော်၊ နောက်ဆို အလုပ်ရရင် ရှင့်ကို မမေ့ပါဘူး"


အချိန်ကာလ၏တိုက်စားမှုကြောင့် ဟောင်းနွမ်းနေသော လူနေအိမ်တန်းလျားများ၏ အောက်တွင် တောက်ပြောင်နေသည့် အနက်ရောင် ဘင်တလီကားတစ်စီး ရပ်တန့်ထားသည်မှာ ပတ်ဝန်းကျင်နှင့် လုံးဝအံချော်နေပေသည်။


မွန်းလွဲပိုင်း၏ စောင်းစောင်းကျနေသော နေရောင်ခြည်သည် ကားမျက်နှာပြင်ထက်တွင် အရိပ်အယောင်များအဖြစ် ထင်ဟပ်နေချေသည်။ 


ကားပြတင်းမှတစ်ဆင့် ကြည့်လျှင် ဖြူဝင်းသော လက်တစ်ဖက်သည် ဂီယာတံပေါ်မှ ကြွတက်လာပြီး ရှည်လျားသော လက်ချောင်းလေးများဖြင့် ကွန်ထရိုးစခရင်ပေါ်ရှိ ဖုန်းလက်ခံသည့်ခလုတ်ကို နှိပ်လိုက်သည်ကို တွေ့ရပေမည်။


သူ စကားတစ်ခွန်းမျှ မပြောရသေးခင်မှာပင် ချီယာ၏အသံမှာ လောလောလောလောဖြင့် ကားထဲတွင် ပျံ့လွင့်လာလေသည်။


"နင် အခု ဘယ်မှာလဲ၊ ကိစ္စမရှိရင် အိမ်ကို အမြန်ပြန်လာခဲ့ဦး၊ အရေးကြီးကိစ္စ ရှိလို့"


ချန်စစ်ကျယ်သည် ထိုအရေးကြီးကိစ္စမှာ ဘာလဲဟုပင် မမေးနိုင်ခင်မှာပင် ဖုန်းမှာ အဆက်အသွယ် ပြတ်တောက်သွားချေပြီ။ 


သို့သော် သူကတော့ သိပ်ပြီး ဂရုမစိုက်လှချေ။ လက်မှာ ဂီယာတံပေါ်သို့ ပြန်လည်ကျရောက်သွားပြီး ခရစ္စတယ်ဂီယာခေါင်း၏ အေးစက်သော အထိအတွေ့နှင့် ကားထဲမှ အေးစက်သော လေအေးပေးစက် တို့က သူ့ကို အမြန်နိုးကြားလာရန် သတိပေးနေသကဲ့သို့ ရှိနေပေသည်။ 


သို့သော် လေးနက်သော အတွေးများ ကိန်းဝပ်နေသည့် မျက်ခုံးအစုံအောက်မှ မျက်ဝန်းများမှာမူ နိုးကြားရန် ခဲယဉ်းနေဆဲ ဖြစ်ပေသည်။


တာအိုကိုမကျင့်ကြံခင်က သူသည် မိမိ၏ကံကြမ္မာကို မိမိသာ ဖန်တီးနိုင်သည်ဟု ထင်ခဲ့မိသော်လည်း ကျင့်ကြံပြီးနောက် တွင်မှ လူ့ဘဝ၌ မိမိ မထိန်းချုပ်နိုင်သော အရာများစွာ ရှိနေ သည်ကို သိမြင်လာခဲ့ ရသည်။


ယခုဆိုလျှင် သူသည် မိမိ၏ ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ချေ။


သူ့မျက်စိရှေ့တွင် ဝမ်သိုက် ဆေးလိပ်သောက်နေသည့်ပုံရိပ်မှာ ပြန်လည်ပေါ်ပေါက်လာပြန်သည်။ သူသည် ဆေးလိပ်နံ့ကို မနှစ်သက်သကဲ့သို့ ဆေးလိပ်သောက်သူကိုလည်း မကြိုက်ချေ၊ သို့သော် သူမကိုမူ မုန်းတီးခြင်း မရှိပေ။


သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ဆေးလိပ်နံ့ကို မခံနိုင်ခြင်း မဟုတ်ဘဲ သူမတွင် မည်ကဲ့သို့သော အတိတ်များရှိခဲ့သနည်းဟုသာ အလိုလိုတွေးတောမိခြင်း ဖြစ်ပေသည်။


မည်ကဲ့သို့သော အတိတ်မျိုးက သူမ၏ ထိုကဲ့သို့သောမျက် ဝန်းများကို ထုဆစ်ခဲ့ပြီး ထိုကဲ့သို့သော ဝိညာဉ်မျိုးကို ဖန်တီးခဲ့သနည်း။


အင်ဂျင်သံမှာ ဟိန်းခနဲ ထွက်ပေါ်လာပြီး အတွေးထဲတွင် နစ်မြုပ်နေသော သူ့ကို သတိပြန်ဝင် လာစေသည်။ လူနေအိမ်တန်းလျားအောက်မှ ဖြတ်သန်းသွားသော အိမ်နီးနားချင်းများနှင့် ကလေးငယ်များသည် မြို့လယ်ခေါင် လမ်းမကြီးများပေါ်တွင်သာ တွေ့ရတတ်သည့် ထိုတန်ဖိုးကြီးကားကို တအံ့တဩ ခိုးကြည့်နေကြလေသည်။ 


ဟင်းသီးဟင်းရွက်အိတ်များကို ဆွဲထားသော အမျိုးသမီးကြီးတစ်ဦးမှာလည်း ကလေး၏လက်ကို ဆွဲကာ နံရံဘေးသို့ ကပ်၍ ထိုကားကို ငေးကြည့်နေမိသည်။


ကားနောက်ပိုင်းမှ ထွက်ပေါ်လာသော မီးခိုးငွေ့များမှာ နှုတ်ဆက်ခြင်း အမှတ်အသားတစ်ခုကဲ့သို့ ကျန်ရစ်ခဲ့ပေသည်။


ကားနှင့်အတူ အရှိန်ပြင်းစွာ တိုးဝှေ့နေသည်မှာ လေပြေများ ဖြစ်ပေသည်။ ဖုန်းအန်းရပ်ကွက်မှာ အရောင်အဆင်း မှိန်ဖျော့နေသော ကမ္ဘာတစ်ခု ဖြစ်သော်လည်း ဝမ်သိုက်၏ အခေါ်အဝေါ်အရ "ချမ်းသာသော လူကုံထံ" ဖြစ်သည့် ချန်စစ်ကျယ်ကတော့ သူ၏ အရောင်အသွေး စုံလင်သော နယ်ပယ်သို့ ပြန်သွားရပေဦးမည်။


ဤနေရာတွင် သူ လာရောက်ကြည့်ရှုရမည့် ရှေ့နေဆိုသည်မှာ အစကတည်းကမရှိဘဲ သူကိုယ်တိုင် အိမ်သို့လိုက်လံပို့ဆောင်ပေးရမည့် အမျိုးသမီးတစ်ဦးသာရှိခဲ့ခြင်း ဖြစ်ပေသည်။


ဘန်တလီကားသည် မိမိနှင့် သင့်လျော်သော နေရာတွင်ရပ် တန့်သွားသည်။ မြေအောက်ကားပါကင်တွင် တန်ဖိုးကြီးကားများဖြင့် ပြည့်နှက်နေပေသည်။ ချန်စစ်ကျယ်သည် ကားတံခါးကို ပိတ်ကာ အေးအေးဆေးဆေးပင် ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။ 


ချီယာပြောသည့် အရေးကြီးကိစ္စကို သူကတော့ အရေးတ ကြီးဟု မမှတ်ယူထားချေ။ အကြောင်းမှာ ချီယာ ပါးစပ်ထဲတွင် ဘုရားဆင်းတုတော်ထားရှိမည့် နေရာကို ရွေးချယ်ခိုင်းခြင်းမှာပင် အရေးကြီးကိစ္စ ဖြစ်နေတတ်သောကြောင့် ဖြစ်ပေသည်။


ဓာတ်လှေကားတံခါးမှာ မြည်သံနှင့်အတူ ပွင့်သွားပြီးနောက် ဧည့်ခန်းထဲမှ ရယ်မောသံများကို ကြားလိုက်ရသည်။ ထိုအသံနှစ်ခုလုံးမှာ အမျိုးသမီးများ၏အသံများ ဖြစ်ပေသည်။


လှမ်းနေသော ခြေလှမ်းများသည် နောက်သို့ ဆုတ်ချင်စိတ် ပေါ်လာသော်လည်း နောက်ကျသွားခဲ့ချေပြီ။


ချန်စစ်ကျယ်သည် ဓာတ်လှေကားခလုတ်ကို ပြန်နှိပ်ကာ ထွက်ပြေးရန် ကြိုးစားစဉ်မှာပင် ချီယာ၏ အသံမှာ ဧည့်ခန်းထဲမှ လွင့်ပျံလာလေသည်။


"ရပ်လိုက်စမ်း"


တင့်တယ်လှပသော သူဌေးကတော်ကြီးသည် တည်ငြိမ်သော အပြုံးကို ဆင်မြန်းကာ ဖိနပ်သံ တဖျပ်ဖျပ်ဖြင့် လျှောက်လာသည်။ သူမသည် ချန်စစ်ကျယ်၏ လက်မောင်းကို မငြင်း ဆန်နိုင်အောင် ဆွဲကိုင်လိုက်လေသည်။ 


ပန်းအိုးမလျှင်တောင် မောတတ်သော သူမသည် အရပ်မြင့်ပြီး အားကစား လုပ်ထားသည့် ချန်စစ်ကျယ်ကိုတော့ ဧည့်ခန်းထဲအထိ အတင်းဆွဲခေါ်သွားလေသည်။ သူမ၏ စကားလုံးများမှာ ပြုံးနေသော နှုတ်ခမ်းများကြားမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။


"ဆရာဝန်က ငါ့ကို နှလုံးခုန်မမှန်ဘူးလို့ ပြောထားတယ်၊ စိတ်လှုပ်ရှားလို့ မဖြစ်ဘူးနော်၊ နင်သာ ထွက်ပြေးရဲရင် ငါ အခုချက်ချင်း မူးလဲပြလိုက်မှာ"


"သိပါပြီဗျာ"