အခန်း (၃၀) ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ
Viewers 2k

ကျန်းရှောင်စိုးရိမ်နေသည့်အရာက နောက်ဆုံးတွင် တကယ်ဖြစ်လာခဲ့သည်။ 


ဤမတိုင်မီက သူ၏ ကြယ်တာရာစွမ်းအားသည် ကြယ်တာရာအတတ်ပညာ၏ အဆင့်အတန်းကို မမှီပါက မည်မျှဆိုးရွားမည်နည်းဟူသော အတွေးဖြင့် သူ စိတ်ရှုပ်ထွေးနေခဲ့ခြင်းဖြစ်သည်။


ယခုအခါတွင်မူ ငွေအဆင့် အရည်အသွေးရှိသော အစိမ်းရောင် အလင်းတန်းသည် မည်မျှအစွမ်းထက်ကြောင်းနှင့် စွမ်းအင်မည်မျှ ကုန်ဆုံးစေကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီ။


ထိုလက်သီးတစ်ချက်ကပင် သူ၏ ကြယ်တာရာစွမ်းအားကို ကုန်ခမ်းသွားစေခဲ့သည်။


သို့သော် ယခုပြဿနာမှာ မြောက်ပိုင်းဒေသ ပေကျန်းတွင် ဘီလူးဖြူများမှာ အတွေ့ရအများဆုံး နယ်လွန်သတ္တဝါများဖြစ်ရာ သူ၏ အစိမ်းရောင် အလင်းတန်းကို ရွှေအဆင့်အရည်အသွေးသို့ မြှင့်တင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ 


သို့သော် အရည်အသွေးကို ထပ်မံမြှင့်တင်လိုက်ပါက အားသာချက်က အားနည်းချက်ထက် သာလွန်ပါဦးမည်လော။


အကယ်၍ သုံးကြိမ်သာ အသုံးပြုနိုင်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ခန်းခြောက်သွားမည် မဟုတ်ပါလား။


ထိုသို့ဆိုလျှင် သူ ဒုက္ခရောက်ပေတော့မည်။ 


အခြေအနေကို ချဲ့ကားပြောရလျှင် ကြယ်တာရာစွမ်းအား မလုံလောက်မှုကြောင့် ထိုအတတ်ပညာကို လုံးဝအသုံးမပြုနိုင်တော့ပါက ဘာဖြစ်သွားမည်နည်း။


"ငါ့မှာ ကောင်းကင်ဘုံကပေးတဲ့ လျှို့ဝှက်ချက် ရှိနေတယ်"


"အဲဒါက ငါ့ရဲ့ ကြယ်တာရာ နေရာထဲမှာ ရှိနေတာ၊ ဒါပေမဲ့ ဘယ်သူမှ မမြင်ဖူးကြဘူး၊ ဘာလို့လဲဆိုတော့ ငါ တစ်ခါမှ မသုံးဖူးလို့ပဲ"


"မင်းတို့တွေ အဲဒါကို ဘယ်လိုတုံ့ပြန်ရမလဲ မသိမှာစိုးလို့ မဟုတ်ဘူး၊ ငါကိုယ်တိုင်ကကို သုံးလို့မရတာ..."


ရှယန်က ကျန်းရှောင် စိတ်ညစ်နေသည်ကို ခံစားမိသဖြင့် သူ့ကို နှစ်သိမ့်ပေးရှာ၏။


ကျန်းရှောင်သည် အလွန်အမင်း အဆိုးမြင်နေကြောင်း သူမက ဆိုသည်။ 


နိုးထသူဖြစ်လာသည်မှာ သုံးလပင် မပြည့်သေးသည့် ကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်

အတွင်းရှိ ကြယ်တာရာစွမ်းအား ပမာဏမှာ ပုံမှန်ပင် ဖြစ်သည်။


အထက်တန်းကျောင်းဘဝ စတင်လာသည်နှင့်အမျှ ဤနိုးထသူ လူငယ်တစ်စု၏ ကြယ်တာရာစွမ်းအားသည် လာမည့်နှစ်အနည်းငယ်အတွင်း လျင်မြန်တည်ငြိမ်စွာ တိုးတက်လာမည်မှာ သေချာသည်။


နောက်ဆုံးတွင် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်များသည် အရွယ်မရောက်သေးသူများ ဖြစ်ကြပြီး ကြီးထွားနှုန်း အကောင်းဆုံး အချိန်တွင် ရှိနေကြခြင်းဖြစ်သည်။ 


သို့သော် ကျန်းရှောင်၏ ကြယ်တာရာအတတ်ပညာ အထက်ကန့်သတ်ချက်မှာ အမှန်တကယ်ပင် မြင့်မားလွန်းလှ၏။


ထိုအချက်က ကျန်းရှောင်၏ ကြယ်တာရာစွမ်းအားကို မဖြစ်မနေ တိုးမြှင့်ရန် လိုအပ်စေပြီး၊ သွယ်ဝိုက်သောနည်းဖြင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ရန် တောင်းဆိုနေသကဲ့သို့ ဖြစ်နေသည်။ 


ကျန်းရှောင်သည် ငွေအဆင့် အစိမ်းရောင် အလင်းတန်းကို အနီးကပ်ကြည့်ရှုရာတွင် အဆင့်မြှင့်တင်မှု လိုအပ်ချက်များ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။


အစိမ်းရောင် အလင်းတန်း : ငွေအဆင့် အဆင့် ၁ (အဆင့်မြှင့်တင်နိုင်သည်)


အဆင့်မြှင့်ရန် လိုအပ်ချက် : ဘီလူးဖြူကြယ်တာရာ ပုတီးစေ့ (၁၀) လုံး သို့မဟုတ် အရည်အသွေးပွိုင့် (၁၀) မှတ်


ယခင်က အရည်အသွေးတစ်ခုလုံး မြှင့်တင်ရန်

အတွက် ကြယ်တာရာပုတီးစေ့ ၁၀ လုံးသာ လိုအပ်သော်လည်း ယခုအခါတွင်မူ ၁၀ လုံးသည် အဆင့်အသေးစားလေးတစ်ခု တက်ရန်

အတွက်သာ လိုအပ်တော့သည်။ 


လိုအပ်ချက်များက တစ်ကြိမ်လျှင် ဆယ်ဆစီ တိုးသွားခြင်းလော။


ထိုသို့ဆိုလျှင် ရွှေအဆင့်အရည်အသွေးမှ ပလက်တီနမ်အဆင့်သို့ တက်ရန်အတွက် အဆင့်သေးလေးတစ်ခုအတွက် ကြယ်တာရာ ပုတီးစေ့ ၁၀၀ နှင့် အရည်အသွေးတက်ရန်အတွက် ၁၀၀၀ တောင် လိုအပ်မည် မဟုတ်ပါလား။


ထိုအချက်ကို သူ လက်ခံနိုင်ရန် ခက်ခဲလှ၏။


ကျန်းရှောင်၏ ကြယ်တာရာအဆင့် တိုးတက်လာမှုအတွက် ရှယန်ကလည်း အတူတူပင် ဝမ်းသာနေသည်။ 


သူမအတွက်မူ ငွေဖြင့် ဖြေရှင်းနိုင်သည့် မည်

သည့်အရာကိုမျှ ပြဿနာဟု မသတ်မှတ်ပေ။ 


ရှယန်က ကျန်းရှောင် လိုချင်သည့်အရာသည် ကြေးဝါအဆင့် ဘီလူးဖြူစုန်းမ ကြယ်တာရာပုတီးစေ့များ ဖြစ်နေ၍သာ ယခုကဲ့သို့ ကတိပေးရဲခြင်းဖြစ်သည်။


အကယ်၍ ကျန်းရှောင်က ရှားပါးလှသည့် ရွှေအဆင့် အတတ်ပညာမျိုးကို အဆင့်မြှင့်လိုလျှင် ရှယန် ချမ်းသာသော်လည်း ဖြည့်ဆည်းပေးနိုင်

မည် မဟုတ်ပေ။ 


ကြယ်တာရာ ပုတီးစေ့များ ရရှိနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ 


အကယ်၍ စာသင်ကျောင်းကောင်းကောင်းတွင် တက်ရောက်နေသည့် နိုးထသူတစ်ဦး ဖြစ်ပါက နိုင်ငံတော်က သူတို့ကို တွန်းအားပေးသည့်

အနေဖြင့် အခါအားလျော်စွာ ကြယ်တာရာ ပုတီးစေ့များကို ဆုလာဘ်အဖြစ် ထောက်ပံ့ပေးလေ့ရှိ၏။


တရားဝင် ဖွင့်လှစ်ထားသော သီးခြားကမ္ဘာများသို့ ဝင်ရောက်နိုင်သည့် ချမ်းသာသော အဖွဲ့များအတွက်မူ ရရှိလာသော ကြယ်တာရာ ပုတီးစေ့များကို ကိုယ်တိုင် အသုံးပြုနိုင်သလို၊ ပိုလျှံနေပါက ကုန်သည်များ သို့မဟုတ် ကုမ္ပဏီများထံ ပြန်လည်ရောင်းချနိုင်သည်။ 


ယေဘုယျအားဖြင့် ကုမ္ပဏီများသည် အစိုးရကုန်သည်များထက် ဈေးပိုပေးလေ့ရှိ၏။


သို့သော် ဟန်ကျန်းရွှယ် နှင့် ကျန်းရှောင်တို့ကဲ့သို့ မိဘများကြောင့် နှင်းတောထဲသို့ အလကား ဝင်ခွင့်ရသူများသည် သူတို့၏ ရလဒ်များကို အစိုးရထံသာ ပြန်လည်ရောင်းချလေ့ရှိသည်။


နောင်တွင်လည်း နှင်းတောထဲသို့ ထပ်မံဝင်ရောက်ရဦးမည် ဖြစ်သောကြောင့် ငွေရာဂဏန်းလောက်ကို သူတို့ အလေးမထားကြပေ။ 


ထို့ပြင် သူတို့ရရှိသော ကြယ်တာရာ ပုတီးစေ့များမှာ သူတို့ကိုယ်တိုင် သုံးစွဲရန်ပင် မလောက်ငှရာ မည်သူ့ကို ရောင်းနိုင်ပါမည်နည်း။


မြောက်ပိုင်းဒေသတွင် ဘီလူးဖြူများက အများဆုံး ဖြစ်သကဲ့သို့ မီးတောင်ဒေသများတွင်မူ 'လာဗာ ဘီလူးဖြူ' များက အတွေ့ရအများဆုံး ဖြစ်သည်။ 


ထို့ကြောင့် ဤသတ္တဝါနှစ်မျိုး၏ ကြယ်တာရာ ပုတီးစေ့ဈေးမှာ အတော်အတန် တည်ငြိမ်သည်။


ဘီလူးဖြူ ကြယ်တာရာပုတီးစေ့တစ်လုံး၏ ဈေးကွက်ပေါက်ဈေးမှာ ယွမ် ၅၀၀ မှ ၈၀၀ ကြားရှိပြီး လာဗာ ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့မှာမူ ယွမ် ၃၀၀၀ ခန့် ရှိသည်။ 


သို့သော် ဘီလူးဖြူစုန်းမ ကြယ်တာရာ ပုတီးစေ့တစ်လုံး၏ ဈေးမှာမူ ယွမ် ၂၀၀,၀၀၀ အထိ မြင့်တက်နေပြီး အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ဈေးမှာ ထိုထက်ပင် မြင့်မားနိုင်သည်။


ဘီလူးဖြူစုန်းမ ကြယ်တာရာပုတီးစေ့ ဈေးကြီးရခြင်း အကြောင်းရင်းမှာ တစ်ကြောင်းမှာ ၎င်းတို့မှာ အလွန်ရှားပါးခြင်းကြောင့်။


အခြားတစ်ဖက်တွင်လည်း ၎င်းတို့သည် ဘီလူးဖြူ အုပ်စုကြီးနှင့်အတူ တွဲ၍ ပေါ်လာတတ်သဖြင့် ရရှိရန် အလွန်ခက်ခဲသည်။ 


သို့သော် အဓိက အကျဆုံး အကြောင်းရင်းမှာ ၎င်းတွင် ဆေးဘက်ဆိုင်ရာ ကြယ်တာရာအတတ်ပညာပါဝင်နေခြင်းကြောင့် ဖြစ်သည်။ 


ထို့ကြောင့်ပင် အနိမ့်ဆုံးအဆင့် ကြယ်တာရာ ပုတီးစေ့ ဖြစ်သော်လည်း ယခုကဲ့သို့ မြင့်မားသော ဈေးဖြင့် ရောင်းချနေရခြင်း ဖြစ်သည်။


ဘီလူးဖြူစုန်းမ ကြယ်တာရာပုတီးစေ့တစ်လုံးက ယွမ် ၂၀၀,၀၀၀ ကျော် တန်ကြောင်း ကျန်းရှောင် သိလိုက်ရသောအခါ သူ အလွန် နှမြောသွား၏။


'ဟူး... တိုက်ခိုက်ရေးဆိုတာ တကယ့်ကို ပိုက်ဆံကုန်တဲ့ အလုပ်ပဲ'


ထို့ပြင် အမှန်တကယ် ပြဿနာမှာ ပိုက်ဆံရှိသော်လည်း ထိုကြယ်တာရာ ပုတီးစေ့ကို ဝယ်

ချင်တိုင်း ဝယ်၍မရခြင်း 


ဘီလူးဖြူစုန်းမ ကြယ်တာရာပုတီးစေ့များသည် အမြဲတမ်း ပြတ်လပ်နေလေ့ရှိသည်။ 


သို့သော် ကျန်းရှောင်အတွက် သတင်းကောင်းတစ်ခု ရှိသည်မှာ နောင်တွင် သူသည် ဘီလူးဖြူများကို ပိုမိုသတ်ဖြတ်ပြီး သူ၏ ကျောင်းလခအတွက် ကြယ်တာရာပုတီးစေ့များကို ရောင်းချနိုင်ခြင်းပင် ဖြစ်သည်။


သို့သော် အစိုးရက ပေးသည့်ဈေးမှာ တကယ့်ကို နည်းလွန်းလှ၏။


ဘီလူးဖြူအလောင်းတစ်လောင်းကို ယွမ် ၂၀၀ နှင့် ကြယ်တာရာ ပုတီးစေ့တစ်လုံးကို ယွမ် ၃၀၀ သာ ပေးသည်။ 


ကုမ္ပဏီများထံ ရောင်းပါက ယွမ် ဆယ်ဂဏန်းလောက် ပိုရနိုင်သော်လည်း များများစားစား ထူးခြားမှု မရှိပေ။


အခြေခံ ဆေးကုသမှုအတတ်ပညာကို တတ်မြောက်သွားသူတစ်ဦးအတွက် ကံကောင်းပါက အနာဂတ်မှာ တောက်ပမည်ကို လူတိုင်း သိကြသည်။ 


ဘီလူးဖြူစုန်းမ ကြယ်တာရာ ပုတီးစေ့ကြောင့်ပင် လူမွဲဖြစ်သွားပါစေဦးတော့၊ မှန်ကန်သည့် လောင်းကြေးကို ထပ်နိုင်ခဲ့လျှင် ကျောင်းများ၊ အသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက သူတို့ကို အခွင့်အရေးများစွာ ပေးအပ်ကြမည် ဖြစ်သည်။ 


တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကဲ့သို့ပင်၊ တောင်ပေါ်ရွာမှ ကလေးတစ်ယောက်သည် မြို့ကြီးရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ တက်ခွင့်ရသွားပါက သူ၏ ဘဝမှာ ရုတ်ချည်း ပြောင်းလဲသွားနိုင်သကဲ့သို့ပင်။


ယွမ် ၂၀၀,၀၀၀ ဆိုသည်မှာ ကျန်းရှောင်အတွက် ကောင်းကင်ဘုံက ဈေးနှုန်းဖြစ်သော်လည်း ရှယန်အတွက်မူ ပြဿနာမဟုတ်ပေ။ 


တစ်လုံးကို ယွမ် နှစ်သန်းဆိုလျှင်တော့ သူမ စဉ်းစားရပေမည်၊ သို့သော် နှစ်သိန်းလား။


သူမ သေချာပေါက် ဝယ်မည်။


အရင်ဆုံး ဆယ်လုံးလောက် ဝယ်ထားပြီး ကျန်တာကိုမှ ဆက်ကြည့်မည်။


ရှယန်၏ မိသားစုသည် အာဏာရှိသော မိသားစုမျိုး မဟုတ်သော်လည်း ချမ်းသာသော မိသားစုဖြစ်သည်။ 


ကျန်းရှောင်၏ မျက်လုံးထဲတွင် ရှယန်မှာ အလွန်ကြွယ်ဝသူ ဖြစ်သည်။ 


သူမ၏ ကားဂိုဒေါင်ထဲတွင် Porsche 911ရတစ်စီး ရှိနေသည် မဟုတ်ပါလား။ 


သို့သော် တကယ့် သူဌေးကြီးများ၏ မျက်လုံးထဲတွင်မူ ရှယန်မှာ ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့ကဲ့သို့ပင် ဆင်းရဲသူတစ်ဦးသာ ဖြစ်သည်။


ကျန်းရှောင်က NBA ကြယ်ပွင့်များနှင့် ဘီလ်ဂိတ်စ်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။ 


ကျန်းရှောင်အတွက်မူ အိုနေးလ်နှင့် ဘီလ်ဂိတ်စ် နှစ်ယောက်လုံးမှာ သူဌေးကြီးများ ဖြစ်ကြသည်။ 


သို့သော် ဘီလ်ဂိတ်စ်အတွက်မူ အိုနေးလ်မှာ တကယ့်ကို ဆင်းရဲသူ ဖြစ်သည်။ 


ရှယန့်၏ မိခင်မှာ သာမန်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပြီး အတော်အတန် ချမ်းသာသူအဆင့်သာ ရှိသည်။ 


ဖခင်ဖြစ်သူမှာလည်း ဒဏ်ရာကြောင့် အနားယူထားရသဖြင့် ယခင်ကကဲ့သို့ သြဇာအာဏာ မရှိတော့ပေ။


ထို့ကြောင့် ဝယ်လိုအား မြင့်မားလှသော ဤကဲ့သို့ ကြယ်တာရာ ပုတီးစေ့များကို အဆက်အသွယ်မရှိဘဲ ရရှိရန် အလွန်ခက်ခဲလှ၏။


ရှယန်သည် သူမ၏ မိဘများကို အဆက်အသွယ် ရှာခိုင်းရန် ဆုံးဖြတ်လိုက်သည်။ 


တစ်ဖက်တွင်လည်း ရှယန်က သူမ၏ အဖွဲ့သားများ၏ စွမ်းဆောင်ရည်ဖြင့်လည်း ထိုကြယ်တာရာ ပုတီးစေ့ကို ရရှိနိုင်မည်ဟု ယုံကြည်နေသည်။ 


အချိန်သာ မကန့်သတ်ထားလျှင် သူမ မိသားစုကို ဒုက္ခမပေးချင်ပေ။


ကျန်းရှောင်၏ ကောင်းချီးပေးခြင်းအတတ်ပညာကို ၁၀ ရက်အတွင်း ငွေအဆင့်သို့ မြှင့်တင်ပေးနိုင်ရန် သူမ မျှော်လင့်ထားသည်။ 


ထိုသို့ဆိုလျှင် ကျန်းရှောင် အဖွဲ့ထဲဝင်သောအခါ အမှတ်များစွာ ရရှိရန် အထောက်အကူ ဖြစ်စေမည်။


ဆုံးဖြတ်ချက်ချပြီးသည်နှင့် အချိန်နှင့်အမျှ ပြိုင်ဆိုင်ရတော့သည်။ 


ရှယန်သည် ကျန်းရှောင်ကို ခေါ်ဆောင်ကာ ချက်ချင်းပင် နှင်းတောထဲမှ ထွက်ခွာခဲ့ပြီး ကျန့်

နန်ကျေးရွာသို့ ပြန်လာခဲ့သည်။ 


ကမ္ဘာမြေသို့ ပြန်ရောက်သည်နှင့် ရှယန်သည် သူမ၏ မိခင်ထံ ဖုန်းဆက်ပြီးနောက် ဟန်ကျန်းရွှယ်ထံ ဖုန်းဆက်လိုက်သည်။ 


ထို့နောက် အဖွဲ့၏ အဓိက တိုက်ခိုက်ရေးသမားကို ရှာဖွေခဲ့၏။


ဤစစ်ဆင်ရေးတွင် လူသုံးယောက်သာ ပါဝင်ရမည်၊ မဟုတ်လျှင် ပြဿနာများစွာ ရှိလာနိုင်သည်။


ကျန်းရှောင်သည် ရှယန်ကို ကြောင်တောင်တောင်လေ

း ကြည့်နေရင်း ရုတ်တရက် တွေးလိုက်မိသည်။


'ငါ... မိန်းမချောလေးရဲ့ ကျွေးမွေးစောင့်ရှောက်မှုကို ခံနေရတာလား'


'ငါ့ရဲ့ အရည်အချင်းကြောင့် ငါ အမွေစား အမွေခံသားလို ဖြစ်နေရတာလား'