အခန်း (၃၁) ဉာဏ်ရည်နိမ့်ပါးတဲ့ပါရမီရှင်လား
Viewers 2k

အမှန်စင်စစ် ကျန်းရှောင်၏ရှေ့တွင် လျှောက်လှမ်းနိုင်သည့် လမ်းစများစွာ ရှိနေခဲ့သည်။


ကျန်းရှောင်အနေဖြင့် မိမိကိုယ်ကိုယ် ဆေးကုသရေးနိုးထသူတစ်ဦး ဖြစ်ကြောင်း အဖွဲ့အစည်းအသီးသီးသို့ ထုတ်ဖော်ပြသ၍ ခွန်အားအမြန်ဆုံးတိုးတက်စေရန် လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်သည်။ 


သို့သော်လည်း ကျန်းရှောင်၏ ဆေးကုသရေးကြယ်တာရာစွမ်းအားကို မြင်တွေ့ပြီးနောက် ရှမန် ပထမဆုံး သိချင်မိသည်မှာ....


"ဟန်ကျန်းရွှယ်က ဘာဖြစ်လို့ သူ့ကို သာမန်ဆရာဝန်တစ်ယောက်ပဲ ဖြစ်စေချင်ရတာလဲ" 

ဟူသောအချက်ပင်။


မည်သည့်အဖွဲ့အစည်းကမျှ သူတို့၏ ထိပ်တန်းအရည်အချင်းရှိသူများကို အလကား ပံ့ပိုးပေးမည်မဟုတ်ပေ။ 


ခက်ခဲသောတာဝန်များတွင် ဆေးကုသရေးနိုးထသူများသည် အလွန်အရေးပါသကဲ့သို့ မရှိမဖြစ်လည်း လိုအပ်လှသည်။ 


ထိုအချက်ကပင် ၎င်းတို့သည် မည်မျှအန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြနေခြင်း။


အထူးသဖြင့် မြေရိုင်း ပြန်လည်သိမ်းယူသူများအဖွဲ့ နှင့် ညကင်းလှည့်အဖွဲ့ တို့ကဲ့သို့သော အထူးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးပါက ပြန်လည်ထွက်ခွာရန် အလွန်ခက်ခဲလှ၏။


၎င်းမှာ ဘွဲ့လွန်တက်ခြင်းနှင့် ဆင်တူလှရာ ဝင်ခွင့်ရရှိရန် လွယ်ကူသော်လည်း ဘွဲ့ရရန်မှာမူ အလွန်ခက်ခဲလှပေသည်။ 


တက္ကသိုလ်မှ ဆရာကို နေ့စဉ်နှင့်အမျှ အသနားခံနေလျှင်ပင် ဘွဲ့ရချင်မှ ရနိုင်မည်ဖြစ်သည်။


ကျန်းရှောင်သည် မိမိဘာလုပ်ချင်သည်ကို ကောင်းစွာနားလည်ထားသည်။ 


သူ၏နောက်ဆုံးပန်းတိုင်မှာ ဟန်ကျန်းရွှယ်နှင့် ရှယန်တို့ကို အနည်းငယ် ပံ့ပိုးပေးရန်သာဖြစ်သည်။ 


ထို့ကြောင့် သူသည် စစ်တပ်အတွင်းသို့ဖြစ်စေ၊ တရားမဝင် အရပ်ဘက်အဖွဲ့အစည်းများသို့ဖြစ်စေ ဝင်ရောက်မည်မဟုတ်ပေ။ 


ကျန်းရှောင်ကဲ့သို့ အာဏာနှင့် လုပ်ပိုင်ခွင့်မရှိသေးသော လူသစ်တစ်ယောက်အတွက် ဥပဒေနှင့်ငြိစွန်းခြင်းမှာ အလွန်အန္တရာယ်များပြီး မိမိကိုယ်ကိုယ် ပျောက်ဆုံးသွားစေနိုင်သည်။


သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် သူသည် လက်တွေ့ကျကျဖြင့် ခြေလှမ်းမှန်မှန် လျှောက်

လှမ်းရဦးမည်ဖြစ်သည်။ 


စစ်တပ်အနေဖြင့် သူ၏အချက်အလက်များကို ရရှိထားနိုင်ကြောင်းလည်း ကျန်းရှောင် သိရှိထား၏။


ကျန့်နန်ကျေးရွာသို့ သူပထမဆုံးရောက်ရှိစဉ်က စစ်သား ဖီကဲချိုးသည် သူ၏ 'ကောင်းချီးပေးခြင်း' စွမ်းရည်ကို မြင်တွေ့ခဲ့ဖူးသည်။ 


ထိုစစ်သားများသည် တင်းကျပ်သောကျင့်ဝတ်များရှိရာ အလုပ်ရှင်၏အချက်အလက်ကို ပြင်ပသို့ ပေါက်ကြားစေမည်မဟုတ်သော်လည်း စစ်တပ်အတွင်း၌မူ အချက်အလက်များကို စီမံဆောင်ရွက်နေမည်မှာ အသေအချာပင်။


သို့သော် ကျန်းရှောင် နားမလည်နိုင်သည်မှာ စစ်တပ်က သူ့ကို အဘယ်ကြောင့် ရွေးချယ်ခြင်းမပြုသနည်း ဟူသောအချက်ဖြစ်သည်။ 


သူက 'ငါ့ကို စည်းရုံးဖို့ ဘာလို့ စိတ်မဝင်စားကြတာလဲ' ဟု တွေးတောမိသည်။


'မြောက်ပိုင်းပြည်နယ်က အရမ်းချမ်းသာပြီး အင်အားကြီးလွန်းလို့ ဆေးကုသရေးနိုးထသူတစ်ယောက်ကို ဂရုမစိုက်တာများလား'


'ဒါတော့ မဖြစ်နိုင်ဘူး၊ ဒီအသက်မွေးဝမ်းကျောင်းက အရမ်းရှားပါးပြီး အဖိုးတန်တာလေ'


'လူတစ်သန်းမှာ တစ်ယောက်ပဲ ရှိတာ၊ အကန့်အသတ်မရှိ တိုးတက်နိုင်တဲ့ ပျိုးပင်လေးတစ်ပင်ဆိုရင် ပိုတောင် အဖိုးတန်သေးတယ်...'


'နေဦး... ပျိုးပင်...'


သူ တစ်ခုခုကို ဆန်းစစ်မိသွားပုံရ၏။


ကျန်းရှောင် မျက်မှောင်ကြုတ်လျက် တွေးတောလိုက်သည်မှာ...


'ငါ့ရဲ့ ကြယ်တာရာမြေပုံက ကြယ်တာရာ နေရာ ၉ ခုပဲပါတဲ့ နက္ခတ်ခုနစ်လုံး ပုံစံပဲလေ'


'လူအများစုအတွက်တော့ ဒါက တော်တော်လေး သနားစရာကောင်းနေမှာပဲ'


'သာမန်နိုးထသူတွေတောင် နေရာ ၁၅ ခုထက်မနည်း ရှိကြတာကိုး...'


ကြယ်တာရာ နေရာများသည် ကြယ်တာရာစွမ်းအားကိုသာမက အရည်အချင်းနှင့် အလားအလာကိုပါ ကိုယ်စားပြုသည်။


'တောက်... သူတို့ ငါ့ကို အထင်သေးနေကြတာလား'


ဇဝေဇဝါဖြစ်လျက် စိတ်ပျက်နေသော ကျန်းရှောင်သည် နောက်ဆုံး၌ အေးစက်ခန့်ညားသော မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ 


သူမသည် ထုံးစံအတိုင်း အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထား၏။


သူမ၏ ဆံနွယ်နက်များသည် ရေတံခွန်တစ်ခုကဲ့သို့ ကျောပြင်ထက်တွင် ဝဲကျနေကာ လှပသောမျက်နှာထက်၌ မည်သည့်ခံစားချက်မျှ အရိပ်အယောင်မရှိပေ။ 


သူမသည် အေးစက်တည်ငြိမ်သော အသွင်ဖြင့် ကျန်းရှောင်နှင့် ရှယန်တို့ရှိရာသို့ လျှောက်လှမ်းလာသည်။


"A လား"


ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ဂရုမစိုက်ဘဲ ရှယန်ကို စိုက်ကြည့်လျက် မေးလိုက်သည်။ 


ရှယန်သည် ဟန်ကျန်းရွှယ်ကို မြင်တွေ့ရသောအခါ အလွန်ဝမ်းမြောက်သွားပြီး ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ အတင်းပြေးဖက်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။


"ဟင့်အင်း၊ ငါက D ပါ"


ရှယန်က သူမ၏ ပြည့်ဖြိုးသောရင်အုပ်ကို ဟန်ကျန်းရွှယ်နှင့် ဖိကပ်၍ ပွတ်သပ်လိုက်သည်။ 


ဟန်ကျန်းရွှယ်၏ ဖြူစင်နုနယ်သော နားရွက်လေးများမှာ နီရဲသွားပြီး ရှယန်ကို ချက်ချင်း တွန်းထုတ်ကာ ဆူပူလိုက်၏။


"ဖယ်စမ်း"


"ဟီး၊ တို့တွေ ဘီလူးဖြူစုန်းမတွေကို သွားအမဲလိုက်ကြမလို့လေ" ဟု ရှယန်က ပြုံးလျက် ရှင်းပြသည်။


"နင်နဲ့ ငါ့အတွက်တော့ ဘီလူးဖြူစုန်းမတွေကို အမဲလိုက်တာက A-အဆင့် တာဝန်လို့ မသတ်မှတ်နိုင်ပါဘူး" 


ဟု ဟန်ကျန်းရွှယ်က အေးစက်စွာ ပြောဆိုသည်။


"ကျွန်တော် ဒီမှာ ရှိနေတယ်လေ၊ နွေရာသီက ပန်းတွေလို လန်းဆန်းနေတုန်းပဲ" 


ဟု ကျန်းရှောင်က ညည်းတွဲတွဲ ပြောလိုက်သည်။


ဟန်ကျန်းရွှယ် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ကျန်းရှောင်ကို မျက်စောင်းထိုးလိုက်ကာ ရှေ့သို့တိုး၍ သူ၏စုတ်ပြဲနေသော အဝတ်အစားများကို ပြင်ပေးရင်း မေးလိုက်သည်။


"နင် ဘာမှ မဖြစ်ဘူးမလား"


ကျန်းရှောင်က သူ၏စုတ်ပြဲနေသော စစ်ရောင်စုံယူနီဖောင်းကို ပြလျက် ပြန်မေးလိုက်သည်။


"မမ ဘယ်လို ထင်လဲ"


"နင် ငါ့ကို ပြန်ပြောနိုင်သေးတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူးလို့ ဆိုလိုတာပဲ"


ဟန်ကျန်းရွှယ်က နှာခေါင်းရှုံ့လျက် ကျန်းရှောင်၏ခေါင်းကို ပွတ်သပ်ကာ ခိုင်းလိုက်သည်။ 


"သွား၊ အဝတ်အစား သွားလဲတော့"


"နင်...နင်...နင်တို့ နှစ်ယောက်..." 


ရှယန်က ကျန်းရှောင်ကို လက်ညှိုးထိုးပြပြီး အထူးသဖြင့် သူ့ခေါင်းပေါ်ရှိ ဟန်ကျန်းရွှယ်၏လက်ကို ကြည့်ကာ ပြောလိုက်သည်။


"နင် ငါ့ကိုကျတော့ တစ်ခါမှ ဒီလောက်ထိ ချစ်ချစ်ခင်ခင် မလုပ်ပေးဖူးဘူး"


ကျန်းရှောင်က နောက်သို့ တစ်လှမ်းဆုတ်ကာ ဟန်ကျန်းရွှယ်၏ အနိုင်ကျင့်မှုကို ရှောင်တိမ်းလိုက်သည်။ 


ထို့နောက် ဒေါသထွက်နေသော ရှယန်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။


"စိန်အဆင့် ကြယ်တာရာစွမ်းအား : မိန်းကလေးတွေကို ညှို့ယူခြင်းတဲ့"


"ကြောက်သွားပြီလား"


ရှယန်က ကျန်းရှောင်၏ တင်ပါးကို ကန်လိုက်ပြီး "မြန်မြန် သွားလဲတော့" ဟု အော်ပြောလိုက်သည်။


"ဟုတ်ကဲ့ပါဗျာ"


ကျန်းရှောင်သည် အဝတ်လဲခန်းသို့ အသည်းအသန် ပြေးသွားတော့၏။


ဟန်ကျန်းရွှယ်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း ပထမဆုံးအကြိမ်အဖြစ် စကားလမ်းကြောင်း လွှဲလိုက်

သည်။


"ဘာလို့ ငါ့ဆီ စာပို့တုန်းက A-အဆင့် တာဝန်သွားမယ်လို့ ပြောတာလဲ"


"ဘီလူးဖြူစုန်းမတွေကိုပဲ သွားဖမ်းမှာ မဟုတ်လား"


ရှယန်က မကျေမနပ်ဖြင့် "တကယ်တော့ များလေ ကောင်းလေပဲ"


"တို့မှာ ၉ ရက် အချိန်ရှိတယ်၊ မဟုတ်ဘူး... ၁၀ ရက်ပေါ့"


"ဪ... ဒါနဲ့ ကျောင်းကို ၂ ရက် ခွင့်တိုင်ထားလိုက်ဦး၊ တို့တွေ ကျောင်းတက်တာ နည်းနည်း နောက်ကျမယ်" ဟု ပြောလိုက်သည်။


ဟန်ကျန်းရွှယ်က နားမလည်နိုင်စွာဖြင့် "ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။


ရှယန်က ဟန်ကျန်းရွှယ်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။


"သနားစရာကောင်းပြီး လိမ်မာတဲ့ ကောင်လေးက သူ့အစ်မကို အကုန်ပြောပြခဲ့သားပဲ၊ ဒါပေမဲ့ ကံဆိုးတာက သူ့အစ်မက သူ့ကို လုံးဝမယုံရုံတင်မကဘဲ နှိမ်ပြီးတောင် တိုက်ခိုက်ခဲ့သေးတယ်"


"တကယ်ကို နှလုံးသားမရှိတဲ့ မိန်းမကြီးပဲ"


ဟန်ကျန်းရွှယ်က နှုတ်ခမ်းကိုကိုက်လျက် "ရှယန်၊ နားလည်အောင် ပြောစမ်းပါ" ဟု ဆိုသည်။


ရှယန်က ဟန်ကျန်းရွှယ်၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။


"သူ့ရဲ့ ကြယ်တာရာစွမ်းအားက အဆင့်မြှင့်လို့ ရတယ်ဆိုတာ သူ နင့်ကို ပြောခဲ့သားပဲ"


ဟန်ကျန်းရွှယ် တစ်ကိုယ်လုံး တုန်ရင်သွားပြီး ရှယန်ကို လှည့်ကြည့်လိုက်သည်။


"သူ ပြောတာ တကယ်လား"


"မွ"


ရှယန်က သူမရှေ့ရှိ ဆွဲဆောင်မှုရှိသော ပါးပြင်လေးကို ဘာမှမစဉ်းစားဘဲ နမ်းလိုက်သည်။ 


ဟန်ကျန်းရွှယ်သည် နောက်သို့ အမြန်ဆုတ်လိုက်ပြီး ပါးကို ရွံရှာသလို သုတ်လိုက်သည်။ 


သို့သော် သူမ ဂရုမစိုက်နိုင်တော့ဘဲ ထပ်မေးလိုက်၏။


"သူ ပြောတာ တကယ်လား"


ရှယန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။


"ငါ ကိုယ်တိုင် မျက်မြင်ပဲ"


ဟန်ကျန်းရွှယ် အသက်ရှူအောင့်ထားမိပြီး တွေးတောလိုက်သည်မှာ 'ဒါဆို အဲ့ဒီကလေး ငါ့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ'


ထိုခဏတွင် ဟန်ကျန်းရွှယ်သည် ဖော်မပြနိုင်သော ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားသည်။ 


တစ်ချိန်တည်းမှာပင် သူမ၏မောင်လေးမှာ မည်မျှအစွမ်းထက်ကြောင်း သတိပြုမိသွားသည်။


'ဒါက တကယ်ပဲ ကြယ်တာရာ နေရာ ၉ ခုတည်းနဲ့ နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက်လား'


'ဆော့ကစား၊ စနောက်ဖို့ပဲ သိတဲ့ ကလေးက နတ်ဘုရားတစ်ယောက်လား'


ရှယန်က ရှေ့သို့တိုးလာကာ ဟန်ကျန်းရွှယ်၏ ပုခုံးကို ကိုင်လျက် တိုးတိုးလေး ပြောလိုက်သည်။ 


"သူ့ရဲ့ ကြေးဝါအဆင့် ကြယ်တာရာအတတ်ပညာ အစိမ်းရောင်အလင်းတန်းက ငွေအဆင့်ကို အဆင့်တက်သွားတာ ငါ ကိုယ်တိုင် မြင်ခဲ့တာ"


အေးစက်တည်ငြိမ်သော ဟန်ကျန်းရွှယ်သည် သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လျက် ခေါင်းညိတ်လိုက်သည်။


"ပြီးခဲ့တဲ့တစ်ခေါက် စစ်သား ဖီကဲချိုးနဲ့ အတူတူ အလုပ်လုပ်ခဲ့တာ မှတ်မိလား"


ဟု ရှယန်က ရုတ်တရက် မေးလိုက်ရာ ဟန်ကျန်းရွှယ်က "အင်း... မှတ်မိတယ်လေ" ဟု ပြန်ဖြေသည်။


"ရှောင်ဖီက အဲ့ဒီတာဝန်တုန်းက သူ့ရဲ့ ကြယ်တာရာမြေပုံကို ထုတ်မပြခဲ့ဘူး"


"ဖီကဲချိုးက ငါတို့ စကားပြောတာကို ကြားပြီး ကျန်းရှောင်ဖီမှာ ကြယ်တာရာ နေရာ ၉ ခုပဲ ရှိတယ်ဆိုတော့ သူ့ကို ဉာဏ်ရည်နိမ့်ပြီး အရည်အချင်းမရှိတဲ့ အားနည်းသူတစ်ယောက်လို့ ထင်နေတာ" ဟု ရှယန်က ဆိုသည်။


သာမန်နိုးထသူများပင် ကြယ်တာရာ နေရာ ၁၅ ခုထက် ပိုမိုရှိကြသည်။ 


ကျန်းရှောင်မှာမူ ဂဏန်းတစ်လုံးတည်းသာရှိသော နိုးထသူဖြစ်ရာ ဟန်ကျန်းရွှယ်

တို့ကဲ့သို့ ထူးချွန်သူများနည်းတူ ရှားပါးလှသော်လည်း ဆန့်ကျင်ဘက် အစွန်းတစ်ဖက်၌ ရှိနေခြင်းဖြစ်သည်။


ထိုအချက်ကို ကြားသိရသောအခါ ဟန်ကျန်းရွှယ် ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏မျက်လုံးများမှာ အရောင်တောက်လာပါတော့၏။