အခန်း (၃၄) ဟတ်စကီးခွေးလေး ရှယန်
Viewers 2k

တည်နေရာ - သီးခြားကမ္ဘာ၊ နှင်းတောပြင်၊ အရှေ့တောင်ဘက်လမ်းကြောင်း။


အရှေ့တောင်ဘက်လမ်းကြောင်းသည် နိုးထသူများ စူးစမ်းမှုအနည်းဆုံးဖြစ်ပြီး အန္တရာယ်အရှိဆုံးလမ်းလည်း ဖြစ်သည်။ 


သို့သော် အခွင့်အလမ်းကောင်းများစွာလည်း ရှိနေပြန်၏။


ယခင်က ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေရန်နှင့် ဤကမ္ဘာကြီးအပေါ် ပိုမိုကြောက်ရွံ့ရိုသေမှုရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဘီလူးဖြူများကို တိုက်ခိုက်ခဲ့ဖူးသည်။ 


ထို့ကြောင့် သူတို့လေးဦးသည် အနောက်မြောက်လမ်းကို ရွေးချယ်ခဲ့ကြခြင်း။


လမ်းတစ်လျှောက်တွင် မမျှော်လင့်ဘဲ ဘီလူးဖြူအုပ်စုကြီးနှင့် ဘီလူးဖြူစုန်းမများကို ကြုံတွေ့ခဲ့ရသော်လည်း ရလဒ်ကတော့ မဆိုးလှပေ။


ယခုတစ်ကြိမ်တွင်မူ သူတို့သုံးဦးသည် အရှေ့တောင်ဘက်လမ်းကို ရွေးချယ်ခဲ့ကြသည်။ 


ထိုနေရာရှိ နှင်းတောအုပ်မှာ ပိုမိုထူထပ်ပြီး ကျယ်ပြောသော နှင်းကွင်းပြင်များမှာ ရှားပါးသည်။ 


ထို့ကြောင့် ဤနေရာသည် ဘီလူးဖြူများအတွက် ကစားကွင်းသဖွယ် ဖြစ်နေမည်ဟု သူမ ခန့်မှန်းထားသည်။


ထိုစဉ် နှင်းတောထဲတွင် ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို အံ့အားသင့်စွာ ကြည့်နေမိ၏။


ကျန်းရှောင်သည် အစိမ်းရောင်အလင်းတန်း ထွက်ပေါ်နေသော သူ၏လက်သီးဖြင့် ဘီလူးဖြူတစ်ကောင်ကို ထိုးချလိုက်ရာ ဘီလူးဖြူမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ 


သို့သော် ကျန်းရှောင်တွင် အဆုံးသတ်သတ်ဖြတ်

နိုင်သော စွမ်းရည်မရှိသေးသဖြင့် အစိမ်းရောင်

အလင်းတန်း၏ တွန်းထုတ်နိုင်စွမ်းကို အသုံးချကာ ဘီလူးဖြူကို တရစပ် ဆက်တိုက်ထိုးနေရသည်။ 


သန်မာလှသော ဘီလူးဖြူကြီးမှာ မြေထဲသို့ နစ်ဝင်မတတ် အထိုးခံရပြီး တစ်စစီဖြစ်သွားတော့သည်။


"သူ့ရဲ့ အားနည်းချက်တွေက သိသာလွန်းတယ်၊ ရန်သူကို အသေအလဲ ထိခိုက်စေနိုင်တဲ့ ကြယ်တာရာ အတတ်ပညာတွေ သူ့မှာ မလုံလောက်သေးဘူး" 


ဟု ဟန်ကျန်းရွှယ် က ပြောလိုက်သည်။


ရှယန်က ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ 


သူတို့နှစ်ဦးမှာ ပွဲကြည့်ပရိသတ် သို့မဟုတ် နည်းပြများကဲ့သို့ စစ်တလင်းအပြင်ဘက်တွင် ရပ်ကာ ကျန်းရှောင်နှင့် ဘီလူးဖြူတို့ တိုက်ခိုက်နေသည်ကို အာရုံစိုက်ကြည့်နေကြသည်။


ခဏတာ ဝေခွဲမရဖြစ်ပြီးနောက် သူမက "နင့်ရဲ့ ဓားမြှောင်ကျွမ်းကျင်မှု က ငါ့ထက် အဆပေါင်းများစွာ သာတယ်၊ နင် သူ့ကို သင်ပေးလို့ရတာပဲ" ဟု ပြောလိုက်သည်။


"ပြဿနာမရှိဘူး၊ နင် ငါ့ကို နမ်းမယ်ဆိုရင်ပေါ့" 


စစ်ဝတ်စုံဝတ်ထားသော ရှယန်က နှင်းလျှောစီးဝတ်စုံဝတ်ထားသည့် ဟန်ကျန်းရွှယ်ကို ကြည့်ကာ အခွင့်အရေးယူကာ ကျီစယ်လိုက်၏။


ဟန်ကျန်းရွှယ်က ရှယန်ကို အေးစက်စွာ တစ်

ချက်ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။


"အင်းလေ... ဒါက မျှတတဲ့ အလဲအလှယ်တော့ မဟုတ်ဘူးပေါ့" 


ရှယန်က ရယ်မောရင်း "ငါ့ကို နမ်းမယ်ဆိုရင် သူ့ကို ဓားသိုင်းသင်ပေးမယ်"


"ငါ့ရဲ့ ဓားမြှောင်ကျွမ်းကျင်မှု ပညာက နည်းနည်း သံချေးတက်နေပေမဲ့ ဓားရှည်သိုင်းကတော့ တစ်မျိုးပဲ"


"ငါ ဒီအတွက်နဲ့ပဲ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာ"


ဟန်ကျန်းရွှယ် ခဏတာ မှင်သက်သွားပြီး 'သူမ တကယ်ပဲ သူ့ရဲ့ ဓားသိုင်းပညာတွေကို သင်ပေးတော့မှာလား' ဟု တွေးနေမိသည်။ 


ကျန်းရှောင်၏ တောင်းဆိုမှုကြောင့် ရှယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါက်သွားခဲ့ခြင်း ဖြစ်နိုင်သလား။


"သူ့ကို ပိုသန်မာလာစေပြီး ငါတို့အဖွဲ့ထဲ ဝင်စေချင်လို့ပါ" 


ရှယန်က ဟန်ကျန်းရွှယ်၏ အတွေးကို သိနေသကဲ့သို့ ပြန်ဖြေလိုက်သည်။


"ငါ့လက်နက်က အလေးစားဖြစ်ပြီး တိုက်စစ်ရော ခံစစ်ပါ သုံးလို့ရတယ်"


"သူ အရည်အချင်းမရှိရင်တောင် ဒါကြီးကို သယ်ထားရုံနဲ့ ရန်သူတွေကို ခြောက်လှန့်ပြီးသား ဖြစ်မယ်"


"ဘာပဲဖြစ်ဖြစ် သူက ဆေးပညာရှင် နိုးထသူတစ်ယောက်ပဲလေ၊ သူ့အနာဂတ်က ဆေးပညာနယ်ပယ်မှာပဲ ရှိမှာ"


ဟန်ကျန်းရွှယ်က တိုးတိုးလေးပြောလိုက်၏ရ


"နင် အဲ့လိုတွေးရင်လည်း သင်ပေးလိုက်လေ"


"အဲ့ဒါဆို ငါ့ရဲ့ ဂုဏ်သိက္ခာတွေ ကျကုန်မှာပေါ့၊ တစ်ယောက်ယောက်က ငါ့ကို အသနားခံရမယ်လေ" 


ရှယန်က ဟန်ကျန်းရွှယ်၏ ပုခုံးကို ဖက်ကာ ဟန်ဆောင်ပန်ဆောင် သက်ပြင်းချရင်း...


"ငါက အဲ့ဒီ ရှောင်ဖီဆိုတဲ့ ကောင်လေးကို စိတ်မဝင်စားပါဘူး..."


ဟန်ကျန်းရွှယ်က ရှယန်ကို လှည့်ကြည့်လိုက်သည်။


မျက်မှန်ကြောင့် မျက်လုံးကို သေချာမမြင်ရသော်လည်း သူမ၏ ပါးလွှာသော နှုတ်ခမ်းလွှာကို ရှယန် မြင်နေရသည်။ 


ထိုခဏ၌ ရှယန်၏ အသက်ရှူသံများ မြန်လာပြီး ရင်ခုန်သံများလည်း တဒိတ်ဒိတ် မြန်လာသည်။ 


ဟန်ကျန်းရွှယ်က သူမကို တွန်းထုတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုပေ။ 


ပုံမှန်ဆိုလျှင် သူမကို ကန်ထုတ်ပြီးသား ဖြစ်လိမ့်မည်။


ရှယန်သည် စိတ်ကူးယဉ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီး မျက်နှာကို အနားသို့ တိုးကပ်လိုက်သည်။


ဟန်ကျန်းရွှယ်၏ မျက်လုံးများသည် မျက်မှန်

နောက်ကွယ်မှ ရှယန်ကို အေးစက်စွာ ကြည့်နေဆဲ။


သူမသည် လက်ကိုမြှောက်ကာ ရှယန်၏ နှုတ်ခမ်းကို အသာအယာ ဖိထားလိုက်သည်။


"ဝိုး"


ရှယန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ 


သူမ၏ ဦးနှောက်မှာ အလုပ်မလုပ်တော့သကဲ့သို့ပင်။ 


သူမသည် ပတ်ဝန်းကျင်မှ လှပသော ကမ္ဘာကြီးကို လှည့်ကြည့်ကာ ကျန်းရှောင်ရှိရာသို့ ပြေးထွက်သွားပြီး နှင်းတောထဲတွင် ဟတ်စကီးခွေးလေးတစ်ကောင်ကဲ့သို့ လူးလိမ့်နေတော့သည်။


ဟန်ကျန်းရွှယ်က ပျော်မြူးနေသော ရှယန်ကို သနားစဖွယ်ကြည့်ကာ ခေါင်းခါလိုက်ပြီး "ဓားရှည်အကြောင်း ခဏမေ့ထားလိုက်ဦး"


"ဒီလို ပတ်ဝန်းကျင်မျိုးက လေ့ကျင့်ဖို့ မသင့်တော်ဘူး"


"သူ့ကို ဓားမြှောင်သုံးနည်း အရင်သင်ပေးလိုက်" ဟု ပြောလိုက်သည်။


"အမိန့်အတိုင်းပါ မင်းသမီးလေး၊ မင်းရဲ့ ကြီးမားတဲ့ အမိန့်ကို နာခံပါ့မယ်" 


ရှယန်က ပျော်လွန်း၍ ဟာသလုပ်ကာ ပြန်ပြောလိုက်သည်။


"သူတို့ အရေခွံက တကယ်ကို ထူတာပဲ" 


ထိုအချိန်တွင် ကျန်းရှောင်မှာ ဘီလူးဖြူ၏ ကျောပေါ်သို့ ခွစီးထားသည်။ 


သူက ဓားမြှောင်ဆောင်တတ်သည့် အလေ့အကျင့်မရှိပေ။ 


သို့သော် ဘီလူးဖြူကို ရပ်ခိုင်းပြီး သူ၏ စစ်

လွယ်အိတ်ထဲမှ ဓားသွားယူရန်မှာလည်း မဖြစ်

နိုင်ပေ။ 


ထို့ကြောင့် အခြေအနေမှာ ခေတ္တမျှ တန့်နေရ၏။


'မင်း အရေခွံ ဘယ်လောက်ပဲထူထူ၊ ငါ ဘယ်လောက်ပဲ အားနည်းနည်း၊ မင်းရဲ့ ဦးခေါင်းနောက်စေ့ကို ထုရင်တော့ တစ်ခုခု ဖြစ်ရမှာပေါ့' 


ဟု ကျန်းရှောင် တွေးလိုက်သည်။


"နောက်ဆုတ်၊ နောက်ဆုတ်"


ရှယန်က ရုတ်တရက် အော်ပြောလိုက်သည်။


ကျန်းရှောင် လန့်သွားပြီး အမြန် နောက်သို့ လှဲချလိုက်သည်။ 


ထိုစဉ် ကြီးမားသော ဓားကြီးတစ်လက်သည် ကောင်းကင်မှ ကျလာကာ ဘီလူးဖြူ၏ ဦးခေါင်းကို ဖောက်ထွက်၍ မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွား၏။


ရှယန်သည် လေနှင့် နှင်းများကြားမှ နတ်ဘုရားမတစ်ပါးကဲ့သို့ ဆင်းသက်လာသည်။ 


သူမ ဆင်းသက်လာသည့် အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေတိုးအားက ကျန်းရှောင်ကို လွင့်ထွက်သွားစေသည်။ 


ကံကောင်းထောက်မစွာ နှင်းများမှာ ထူထပ်သဖြင့် ကျန်းရှောင် အကြိမ်ကြိမ် လူးလိမ့်သွားသော်လည်း မနာကျင်ပေ။ 


သို့သော် ရှယန်၏ ကြယ်တာရာစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကြောင့် သူ အနည်းငယ် အောင့်သွားသည်။


"ကောင်လေး၊ ဒါကို သင်ချင်လား"


ရှယန်က ဓားရိုးကို ကိုင်ကာ ဓားကို မြေကြီးထဲ ပိုမြုပ်အောင် ဖိလိုက်သည်။ 


ထို့နောက် သူမ၏ ခန့်ညားသော ဘေးတိုက်မျက်နှာထားကို ကျန်းရှောင် မြင်နိုင်စေရန် မျက်နှာကို လှည့်လိုက်သည်။


"မြက်ပင်ပျံလား"


ကျန်းရှောင်က မသိစိတ်ဖြင့် မေးလိုက်သည်။


"ဘာ"


ရှယန်က ဓားကြီးကို ဖြည်းညင်းစွာ ဆွဲထုတ်ကာ ပုခုံးပေါ် ထမ်းလိုက်ပြီး ကျန်းရှောင်ကို လှည့်ကြည့်သည်။


ကျန်းရှောင်က "မဟုတ်ဘူး... ဘာမှမဟုတ်ပါဘူး" ဟု ပြန်ပြောလိုက်သည်။


"နင့်ရဲ့ အစိမ်းရောင်အလင်းတန်းကို ဒီဓားပေါ်မှာ သုံးလို့ရတယ်၊ဒါက ကျယ်ပြီး လေးလံတယ်"


"ကောင်းကောင်းသုံးတတ်ရင် နင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တော်တော် တက်လာလိမ့်မယ်" 


ရှယန်က ဓားဦးဖြင့် ကျန်းရှောင်ကို ဖြည်းဖြည်းချင်း ညွှန်ပြလိုက်၏။


ကျန်းရှောင် မျက်မှောင်ကြုတ်ကာ ထရပ်လိုက်ပြီး ဟန်ကျန်းရွှယ်ကို လှည့်ကြည့်သည်။ 


သူတစ်ပါးထံမှ ပညာသင်ယူလျှင် စည်းကမ်းများစွာ ရှိသည်ဟူသော ဟန်ကျန်းရွှယ်၏ အကြံပေးချက်ကို သူ မှတ်မိနေသေးသည်။ 


ဟန်ကျန်းရွှယ်က ခေါင်းကို အသာအယာ ခါပြလိုက်သည်။


ကျန်းရှောင် ဇဝေဇဝါ ဖြစ်သွားပြီး ဘာဖြစ်နေမှန်း မသိတော့ပေ။


'ရှယန် ဘာဖြစ်နေတာလဲ။


"ပြန်ရောက်ရင် ငါ နင့်ကို သေချာလေ့ကျင့်ပေးမယ်၊ အခုတော့ နင့်ဓားမြှောင်ကို ထုတ်လိုက်" 


ရှယန်သည် အလွန်အမင်း တက်ကြွနေပြီး သူမ၏ မျက်နှာမှာလည်း ပိုမို တောက်ပနေသည်။ 


သူမသည် ဓားရှည်ကို ကျောပိုးလိုက်ပြီး ပေါင်ဘေးမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ကာ "ငါ နင့်ကို ဓားမြှောင်သိုင်း အချို့ သင်ပေးမယ်"


ကျန်းရှောင်၏ မျက်လုံးများ တောက်ပသွားပြီး 'ဒါကတော့ မိုက်ပြီ' ဟု တွေးလိုက်သည်။ 


သူသည် အနားသို့ အမြန်ပြေးသွားကာ စစ်လွယ်အိတ်ကို ကောက်ယူရင်း "သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် စိတ်လှုပ်ရှားနေတာလဲ" ဟု တိုးတိုးလေး မေးလိုက်၏။


"သူမက ကြောင်တောင်တောင် ဖြစ်နေတာပါ၊ ဂရုမစိုက်နဲ့" 


ဟန်ကျန်းရွှယ်က ဘေးနားရှိ ဘီလူးဖြူအလောင်းကို ညွှန်ပြကာ "သွား၊ ကြယ်တာရာ ပုတီးစေ့ရှာဦး" ဟု ပြောလိုက်သည်။


"ဪ... ဟုတ်ကဲ့" 


ကျန်းရှောင် နားမလည်သော်လည်း ခိုင်းသည့်အတိုင်း လုပ်လိုက်ရ၏။


ကျန်းရှောင်သည် ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ တစ်ခုကို ထပ်မံ ရရှိခဲ့သည်။ 


ခုနက တိုက်ပွဲတွင် ကြယ်တာရာ စွမ်းအားများစွာ ကုန်ခွာခဲ့သဖြင့် ပုတီးစေ့ တစ်ခုတည်းနှင့် မလုံလောက်ပေ။ 


သူသည် ကြယ်တာရာစွမ်းအားကို စုစည်းရန် မရပ်နားနိုင်သဖြင့် ဤနည်းဖြင့်သာ အနည်းငယ် ပြန်ဖြည့်နေရ၏။


ကြယ်တာရာ စွမ်းအား အစစ်အမှန် ရလိုပါက အေးဆေးငြိမ်သက်သော ပတ်ဝန်းကျင် လိုအပ်လေသည်။


ကြယ်တာရာပုတီးစေ့များကို စုပ်ယူသော်လည်း ကျန်းရှောင်၏ ကြယ်တာရာ အတတ်ပညာများဖြစ်သော အစိမ်းရောင်အလင်းတန်း နှင့် ခံနိုင်

ရည်တို့မှာ အဆင့်မတက်သေးပေ။


အစိမ်းရောင်အလင်းတန်း : ငွေအဆင့် ၁ (၆/၁၀)


ခံနိုင်ရည် : ငွေအဆင့် ၁ (၆/၁၀)


ယခုအခါ ကျန်းရှောင်တွင် အပိုပစ္စည်း မရှိတော့ပေ။ 


အဆက်မပြတ် တိုက်ပွဲများအတွင်း သူ ရရှိသမျှ ကြယ်တာရာပုတီးစေ့များကို စုပ်ယူပြီး ဖြစ်သည်။ 


အရည်အသွေးအတွက် သူ စိုးရိမ်စရာမလိုပေ။ 


ပေကျန်းတွင် ဤအခြေခံ ကြယ်တာရာပုတီးစေ့များမှာ တစ်လုံးလျှင် ယွမ် ၅၀၀ မှ ၈၀၀ ခန့်သာ ရှိသဖြင့် အမြဲတမ်း ဝယ်ယူနိုင်သည်။


ပိုက်ဆံရှိလျှင် ရွှေအဆင့်၊ ပလက်တီနမ်အဆင့် သို့မဟုတ် စိန်အဆင့်အထိပင် မြှင့်တင်နိုင်၏။


သို့သော် ပြဿနာမှာ ကျန်းရှောင်တွင် ပိုက်ဆံမရှိခြင်း။


ပြီးတော့...


ကျန်းရှောင်သည် သူ၏ ကြယ်တာရာ အတတ်ပညာ အရည်အသွေးကို မြှင့်တင်ရန် မဝံ့ရဲသေးပေ။ 


ရွှေအဆင့်သို့ ရောက်သွားပါက သူ၏ အားနည်းသော ကြယ်တာရာ စွမ်းအားဖြင့် ထိုအတတ်ပညာကို သေချာ သုံးနိုင်မည် မဟုတ်ပေ။ 


ဒုတိယအချက်မှာ ရွှေအဆင့် အစိမ်းရောင်

အလင်းတန်းသည် အလွန်အမင်း လူကို ထိခိုက်စေနိုင်သည်။


ကျန်းရှောင်၏ လက်ရှိအင်အားဖြင့် ထိုကဲ့သို့ အစွမ်းထက်သော အတတ်ပညာကို ပိုင်ဆိုင်ထားပါက ဒုက္ခများစွာ ကြုံတွေ့ရနိုင်သည်။


သို့သော် ကျန်းရှောင်ကဲ့သို့ အတတ်ပညာအဆင့် မြှင့်တင်နိုင်သူများအတွက် အနိမ့်ဆုံးအဆင့် ဘီလူးဖြူ ပုတီးစေ့များမှာ တကယ်ကို သင့်တော်လှသည်၏


သူ၏ ဒုတိယအတတ်ပညာ ဖြစ်သော ခံနိုင်

ရည်သည်လည်း သူ၏ ခုခံအားကို တိုးစေ၏။


ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု မရှိသော်လည်း ဘီလူးဖြူများ၏ ကုတ်ခြစ်မှုက သူ့ကို အရင်လောက် မနာကျင်စေတော့သည်ကို ကျန်းရှေ

ာင် ခံစားရသည်။


အကယ်၍ ဤအတတ်ပညာကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်လျှင် ဒဏ်ရာမှန်သမျှကို ခုခံနိုင်မလားဟု သူ တွေးနေမိသည်။ 


အနာဂတ်ကို စိတ်ကူးယဉ်ရင်း ကျန်းရှောင်သည် ရှေ့က ဟတ်စကီး... အဟမ်း... ရှယန် နောက်သို့ အမီလိုက်ရန် ပြေးထွက်ခဲ့တော့သည်။