နှင်းပြင်ကျယ်ကြီးပေါ်တွင် လူငယ်သုံးဦးသည် လေးလံတည်ငြိမ်သော ခြေလှမ်းများဖြင့် နှင်းတောထဲသို့ ဦးတည်လျှောက်လှမ်းနေကြသည်။
ရှယန်က ရှေ့ဆုံးမှ ဦးဆောင်ပြီး ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့က သူမနောက်တွင် ယှဉ်တွဲလျက် လိုက်ပါလာကြသည်။
ကျန်းရှောင်သည် ရှေ့တွင်လျှောက်နေသော အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ပိုင်ရှင်လေးကို ကြည့်ရင်း သူမ၏ အသေးစိတ်
အချက်အလက်များကို နားထောင်နေမိ၏။
ထိုအချက်အလက်များတွင် သူမ၏ ကိုယ်တိုင်ကိုယ်ဟန်များ မပါဝင်ဘဲ တိုက်ခိုက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။
"ငါ့မှာ ကြေးဝါအဆင့် ကြယ်တာရာ အတတ်ပညာနှစ်ခုနဲ့ ငွေအဆင့်ငါးခုရှိတယ်"
"ကြေးဝါအဆင့်တွေက အစိမ်းရောင်
အလင်းတန်း နဲ့ ခံနိုင်ရည် ပဲ"
"ငါက နင့်လို ရူးမနေဘူး၊ ကြယ်တာရာ နေရာတစ်ခုထဲမှာ အတတ်ပညာနှစ်ခု မရှိဘူး" ဟု ရှယန်က ပတ်ဝန်းကျင်တွင် လူသူမရှိသောကြောင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"အစ်မက ဒီလောက်ချမ်းသာတာကို ဘာလို့ လက်တွေ့ကျတဲ့ ရွှေအဆင့် ကြယ်တာရာ အတတ်ပညာတချို့ ဝယ်မသုံးတာလဲလို့ ကျွန်တော်အမြဲတွေးနေတာ"
ဟု ကျန်းရှောင်က မှတ်ချက်ပေးလိုက်သည်။
"ငါက နင့်အစ်မလို စိတ္တဇဖြစ်နေတယ်လို့ ထင်နေတာလား"
ရှယန်က လှည့်ကြည့်ပြီး ကျန်းရှောင်ကို မျက်စောင်းထိုးလိုက်သည်။
ထို့နောက် သူမက ခြေလှမ်းရပ်ကာ ဆက်
ပြောလေ၏။
"နင်တို့ မောင်နှမနှစ်ယောက်လုံးက ပုံမှန်မဟုတ်ဘူး"
"ဘာကို ဆိုလိုတာလဲ"
ကျန်းရှောင်က မေးလိုက်သည်။
"ကြယ်တာရာ စွမ်းအာဒအဆင့်က ရရှိနိုင်တဲ့ ကြယ်တာရာ အတတ်ပညာရဲ့ အရည်အသွေးကို ကန့်သတ်ထားတာ"
"ကြယ်မှုန်အဆင့်မှာ ရှိနေတဲ့ နိုးထသူတစ်
ယောက်အတွက် ရွှေအဆင့် ကြယ်တာရာ အတတ်ပညာကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"နက်ဗျူလာအဆင့်တောင်မှ ရွှေအဆင့်ကို စုပ်ယူနိုင်ဖို့ အခွင့်အလမ်း သိပ်မရှိဘူး"
"ပုံမှန်အခြေအနေအရ ဂလက်ဆီအဆင့်ရောက်မှသာ ရွှေအဆင့် ကြယ်တာရာ အတတ်ပညာကို သုံးဖို့ ထိုက်တန်တာ"
ဟု ရှယန်က ခေါင်းခါရင်း ပြောသည်။
"ငါလို သာမန်လူတွေက နက်ဗျူလာအဆင့်မှာ ငွေအဆင့်လောက်ပဲ ရှိမှာပေါ့"
"နင့်အမလို ရှားပါးပါရမီရှင်မျိုးမှ မဟုတ်တာ၊ သူမက နက်ဗျူလာအဆင့် ရောက်တာနဲ့ ရွှေအဆင့် ကြယ်တာရာ အတတ်ပညာတွေကို စုပ်ယူနိုင်ခဲ့တာလေ"
"ဒါတွေ ထားလိုက်ပါတော့၊ စဉ်းစားရင် စိတ်တိုဖို့ကောင်းတယ်"
ရှယန်က လက်ယမ်းကာ ဆက်ပြောသည်။
"ငါ့မှာရှိတဲ့ ငွေအဆင့် ငါးခုက မီးတောက်များ၊ ပေါက်ကွဲသောမီးလျှံ၊ မီးလျှံစက်ဝန်း၊ အပြင်းအထန်ရိုက်ခတ်မှု နဲ့ ရက်စက်မှု တို့ပဲ"
ကျန်းရှောင်က စပ်စုလိုစိတ်ဖြင့် သူမကို ကြည့်နေမိသည်။
"ရော့၊ ဒါက မီးတောက်များ ပဲ"
ရှယန်က ပါးစပ်ဖြင့် ရှင်းမပြတော့ဘဲ လက်တွေ့ပြလိုက်သည်။
သူမ၏ ဓားကြီးကို ထုတ်ကာ မြေပြင်ပေါ် တရွတ်တိုက်ဆွဲလိုက်စဉ် သူမ၏ ဖြူနုသောလက်ပေါ်၌ မီးကြိုးတန်းလေးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုမီးလျှံများသည် လျင်မြန်သော မြွေများကဲ့သို့ ဓားကြီးပေါ်သို့ တွားတက်သွားပြီး ဓားကို မီးတောက်ဓားကြီးအဖြစ် ပြောင်းလဲလိုက်၏။
"တိုက်ခိုက်နိုင်စွမ်းက မဆိုးဘူး"
ဟု ရှယန်က ရှင်းပြရင်း မီးလျှံများကို ပြန်သိမ်းလိုက်သည်။
မီးတောက်ဓားကြီးသည် အေးစက်သော ဓားအဖြစ် ပြန်ပြောင်းသွားပြီး သူမ၏ ကျောဘက်ရှိ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
"မီးလျှံစက်ဝန်းကိုတော့ နင်မြင်ဖူးပြီးသားပါ၊ အဲဒါက ငါ့လက်နက်နဲ့ တွဲသုံးတာ၊ မီးလျှံတွေကို အကွေးလိုက် ပစ်ထုတ်တာပေါ့"
"ဒါပေမဲ့ အပြင်မှာပဲ မီးတောက်နေတာ၊ တကယ့်အဖျက်စွမ်းအားက မီးလျှံအောက်က ငါထုတ်လွှတ်လိုက်တဲ့ ကြယ်တာရာ စွမ်းအားပမာဏပေါ်မှာ မူတည်တယ်"
ဟု ရှယန်က စိတ်ရှည်စွာ ရှင်းပြသည်။
"ပေါက်ကွဲသောမီးလျှံကတော့ နင့်အမရဲ့ အတတ်ပညာနဲ့ တူနေလိမ့်မယ်၊ ဒါပေမဲ့ ဒါက ရှောင်လွှဲလို့မရဘူး"
"လာဗာဘီလူးဖြူ ရဲ့ ကြယ်တာရာ အတတ်ပညာမှာ ကြယ်တာရာ ပုတီးစေ့နှစ်ခုပါတယ်"
"ငါက မီးတောက် အတတ်ပညာတစ်ခုပဲ လိုချင်တာ၊ ဒါပေမဲ့ ပထမဆုံး စုပ်ယူမိတာက ပေါက်ကွဲသောမီးလျှံ ဖြစ်နေတာ"
"ဒါပေမဲ့ ငါ့မှာ ကြယ်တာရာ နေရာတွေ အများကြီးရှိတော့ အမှားအယွင်းရှိလည်း ကိစ္စမရှိပါဘူး"
ဟု ရှယန်က ရယ်ရင်းပြောသည်။
သူမ၏ ရယ်သံမှာ ကျန်းရှောင်အတွက်တော့ တစ်မျိုးကြီး ဖြစ်နေ၏။
"ငါ ပေါက်ကွဲသောမီးလျှံ ကို သိပ်မသုံးဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ ဓားနဲ့တွဲသုံးလို့ မရလို့ပဲ"
"ရန်သူကို ဆွချင်တဲ့အခါ၊ အကူအညီတောင်းချင်တဲ့အခါ ဒါမှမဟုတ် အလှမ်းဝေးတဲ့နေရာကို တိုက်ခိုက်ချင်တဲ့အခါမှပဲ သုံးတာ"
ရှယန်က ဆက်ပြောလေ၏။
"ငါ့ခန္ဓာကိုယ်က နင်ထင်သလောက် မသန်မာဘူး၊ ဒီအဖွဲ့ထဲမှာ ငါက ရှေ့ကဦးဆောင်နေတာက နင်တို့နှစ်ယောက်က ပိုပြီး ထိခိုက်လွယ်လို့ပဲ"
"ဒါကို မှတ်ထား"
ကျန်းရှောင်က ခေါင်းညိတ်ပြီး...
"အလှမ်းဝေးတဲ့နေရာကို တိုက်ခိုက်ချင်တာ" ဟု ပြန်မေးလိုက်သည်။
"အဲဒါ တိုက်ခိုက်မှု ဧရိယာကို ပြောတာပေါ့၊ နင့်ဦးနှောက်ထဲမှာ ဘာတွေရှိနေလို့ ဒါကို မေးနေတာလဲ"
"ဒါတောင် မေးနေရသေးလား"
ရှယန်က သူတို့ကို ကျောခိုင်းထားရင်း သူမ၏ ညာဘက်လက်ကို မြှောက်ကာ ရှည်လျားသော လက်ချောင်းလေးတွေကို ထောင်ပြလိုက်သည်။
"ဒါတွေက မရှည်ဘူးလား"
"အေးပါ၊ ရှည်ပါတယ်၊ အစ်မ လက်ချောင်းတွေက အရှည်ဆုံးပဲ"
ဟု ကျန်းရှောင်က ညည်းတွားလိုက်သည်။
ရှယန်က ကျေနပ်သွားပြီး လက်ချောင်းတွေ
ကို ပြန်ချလိုက်၏။
ဒါပေမဲ့ ခဏကြာတော့ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
ကျန်းရှောင်က ထပ်မေးသည်။
"အပြင်းအထန်ရိုက်ခတ်မှု နဲ့ ရက်စက်မှု ကရော"
ရှယန်က ရှင်းပြ၏။
"အပြင်းအထန်ရိုက်ခတ်မှု ဆိုတာက တိုက်ခိုက်မှုတိုင်းမှာ အပိုပျက်စီးမှုကို ပေးတဲ့ တုံ့ပြန်မှု အတတ်ပညာပဲ"
"အဲဒါက ဆန်းကြယ်တယ်၊ ငါနဲ့မဆိုင်တဲ့ အင်အားတစ်ခုက ငါ့ကို ကူညီပေးနေသလို ခံစားရတယ်"
"ရက်စက်မှု နဲ့ ပတ်သက်ရင်တော့..."
"အင်း၊ ပြောလေ"
"ရှောင်ဖီ၊ နင် အတတ်ပညာကိုတော့ မြင်ချင်မှာမဟုတ်ဘူး"
"တကယ်လို့ တစ်နေ့နေ့မှာ ငါ ဒီအတတ်ပညာကို သုံးမိရင် နင် ငါ့ကို နှိုးပေးဖို့ မျှော်လင့်ပါတယ်"
ဟု ရှယန်က ပြုံးရင်း ပြောလိုက်သည်။
"သူမက သူမရဲ့ ဆင်ခြင်တုံတရားကို ရင်းပြီး ခန္ဓာကိုယ် အရည်အချင်းတွေကို အဆမတန် မြှင့်တင်လိုက်တာပဲ"
ဟု ဟန်ကျန်းရွှယ်က တည်ငြိမ်စွာ ဝင်ပြောသည်။
ရှယန်က နှုတ်ခမ်းဆူကာ တိတ်သွား၏။
ကျန်းရှောင်က အဖွဲ့ထဲဝင်လာပြီဖြစ်၍ ဟန်ကျန်းရွှယ်ကလည်း ဘာမှဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည်။
သူမက ပြောလာ၏။
"ငါ့မှာ ကြေးဝါအဆင့် နှစ်ခု၊ ငွေနှစ်ခုနဲ့ ရွှေတစ်ခု ရှိတယ်"
"ကြေးဝါတွေက အစိမ်းရောင်အလင်းတန်း နဲ့ ခံနိုင်ရည် ပဲ"
"ငွေအဆင့်တွေကတော့ ပေါက်ကွဲသောမီးလျှံ နဲ့ လဟာပြင်လေပြင်း ပဲ၊ ဒါတွေက နင်မြင်ဖူးပြီးသားပါ"
"လဟာပြင်လေပြင်းက ရန်သူကို လွင့်ထွက်သွားအောင်လုပ်ဖို့၊ အဖွဲ့ဝင်တွေကို ကယ်ဖို့နဲ့ စစ်မြေပြင်ထဲ ဝင်ဖို့အတွက် အရမ်းအသုံးဝင်
တယ်"
"ပေါက်ကွဲသောမီးလျှံကတော့ အရင်တစ်ခါက ဘီလူးဖြူရဲ့ မျက်နှာကို ပစ်လိုက်တဲ့ မီးလုံးပဲ"
ဟန်ကျန်းရွှယ်က ခဏစဉ်းစားပြီး ဆက်
ပြောသည်။
"ပေါက်ကွဲသောမီးလျှံရဲ့ အဖျက်စွမ်းအားက မဆိုးပါဘူး၊ ဘီလူးဖြူ၏ရဲ့ မျက်နှာတည့်တည့်ကို ထိရင် ခေါင်းမပေါက်ထွက်သွားရင်တောင် အပြင်းအထန် ဒဏ်ရာရစေတယ်"
"ရွှေအဆင့် ကြယ်တာရာ အတတ်ပညာကတော့ ကောင်းကင်ဖြိုခွင်းခြင်းပဲ၊ အဲဒါက သိပ်တော့မကြီးပါဘူး"
"ခေါင်းတလား နှစ်လုံးစာလောက်ပဲ ရှိတာ" ဟု ဟန်ကျန်းရွှယ်က ပြောရင်း သူမ၏ အဖြူရောင် ပုဝါကို ဆွဲတင်လိုက်သည်။
သူမက နှင်းလျှောစီးသမားတစ်ယောက်လို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရှေ့က ရဲရင့်သော စစ်သမီးလေးနှင့် သိသိသာသာ ကွဲပြားနေသည်။
'နေရာလွတ်တစ်ခုကို တင်စားဖို့ နမူနာတွေ အများကြီးရှိတာကို ဘာလို့ ခေါင်းတလားနဲ့မှ တင်စားရတာလဲ'
ကျန်းရှောင်က ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
"အစ်မတို့နှစ်ယောက်လုံးက နက်ဗျူလာ အဆင့်မှာလား"
ကြယ်တာရာ စွမ်းအားအဆင့်တွေကို ကြယ်မှုန်အဆင့်အထက်တွင် နက်ဗျူလာအဆင့်၊ ဂလက်ဆီအဆင့်၊ ကြယ်ကြွေအဆင့် နှင့် ကြယ်စင်အဆင့် အဆင့်များဟူ၍ ခွဲခြားထားသည်။
ဟန်ကျန်းရွှယ်က ပုဝါကို ဆွဲတင်လိုက်သဖြင့် ဘာမှပြန်မပြောတော့ပေ။
ရှယန်က "ဟုတ်တယ်၊ ငါတို့နှစ်ယောက်လုံးက နက်ဗျူလာ အလယ်အလတ်အဆင့်မှာ"
'နက်ဗျူလာ အလယ်အလတ်အဆင့်'
ကြယ်တာရာ စွမ်းအားအဆင့်တိုင်းမှာ အစောပိုင်း၊ အလယ်အလတ်၊ နောက်ကျအဆင့် နှင့် အမြင့်ဆုံး အဆင့် ဆိုပြီး အဆင့်ခွဲ လေးခု ရှိသည်။
အဆင့်တစ်ခုစီမှာ ကျော်ဖြတ်ရမည့် အတားအဆီးတွေ ရှိသည်။
ကျန်းရှောင်၏ ကြယ်တာရာမြေပုံထဲတွင်မူ ကြယ်တာရာ စွမ်းအာဒကို ပိုပြီးအသေးစိတ်ကာ အဆင့် ၁၀ ဆင့်အထိ ပြထားသည်။
ဥပမာ - ကျန်းရှောင်၏ ကြယ်တာရာစွမ်းအားက အခု ကြယ်မှုန် အဆင့် ၃ မှာ ရှိနေပြီး ဒါက ကြယ်မှုန်အဆင့်ရဲ့ အစောပိုင်းအဆင့် ဖြစ်
နိုင်သည်။
နောက်တစ်ဆင့် တက်သွားလျှင် အလယ်အလတ်အဆင့်သို့ ရောက်သွားမည်။
ရှယန် ညည်းညည်းညူညူ ပြောလေ၏။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက ငါတို့ရဲ့ ကြယ်တာရာစွမ်းအားက ဒီမှာတင် ရပ်တန့်နေတာ"
"ဒီအတားအဆီးကို ဘယ်လိုဖြတ်ကျော်ရမလဲ မသိဘူး...တစ်နှစ်ခွဲရှိပြီ၊ ဘာမှ တိုးတက်မလာဘူး"
ကျန်းရှောင်က ခွဲခြမ်းစိတ်ဖြာကြည့်သည်။
"အစ်မတို့ရဲ့ ခန္ဓာကိုယ်တွေက လုံလောက်အောင် သန်မာနေပါပြီ"
"ဒီအတားအဆီးကို ကျော်ဖို့ အရည်အသွေးမြင့် ကြယ်တာရာ ပုတီးစေ့တစ်ခု လိုနေတာ ဖြစ်နိုင်
တယ်"
"အစ်မတို့က အထက်တန်းကျောင်း တတိယနှစ်ပဲ ရှိသေးတာဆိုတော့၊ နှစ်နှစ်အတွင်းမှာ နက်ဗျူလာ အလယ်အလတ်အဆင့် ရောက်တယ်ဆိုတာ တကယ့်ကို ထူးချွန်တာပဲ မဟုတ်ဘူးလား"
ရှယန်က ပြန်မဖြေဘဲ ဆက်ပြီး ညည်းညူနေသည်။
"ငါတို့နောက်က လိုက်နေတဲ့ ကျောင်းသားတွေတောင် မကြာခင် ကြယ်မှုန်အဆင့်ကို ကျော်ဖြတ်နိုင်တော့မယ်"
ကျန်းရှောင် ဆွံ့အသွားသည်။
ဟန်ကျန်းရွှယ်က ဆက်နားမထောင်နိုင်တော့ဘဲ ရှယန်ကို တားလိုက်သည်။
သူမက ပုဝါကို ပြန်ချကာ "ငါတို့ထက် ကြယ်တာရာစွမ်းအား မနည်းတဲ့ တခြားကျောင်းသားတွေလည်း ရှိပါသေးတယ်" ဟု ဆိုသည်။
"ကျွန်တော်တို့ကို သင်ပေးတဲ့ ဆရာတွေကရော ဘယ်အဆင့်မှာလဲ"
ကျန်းရှောင်က မေးလိုက်သည်။
ထိုမေးခွန်းက နိုးထသူတွေ၏ အစစ်အမှန် စွမ်းအားကို နားလည်စေရန် အဖြေပေးလိမ့်မည်။
"နက်ဗျူလာ အမြင့်ဆုံးအဆင့်ရှိတဲ့သူ အနည်းငယ်ရှိတယ်၊ နောက်ကျအဆင့် အနည်းငယ်ရှိတယ်၊ အများစုကတော့ နက်ဗျူလာ အလယ်အလတ် အဆင့်တွေပဲ"
ဟု ဟန်ကျန်းရွှယ်က ရှင်းပြလိုက်ရာ ကျန်းရှောင် အံ့အားသင့်သွားသည်။
'ဘာဖြစ်တာလဲ၊ရဆရာတွေက အရည်အချင်း မရှိတာလား'
'ဒါမှမဟုတ် ဒီနှစ်ယောက်ကပဲ အရမ်းတော်နေတာလား'
ကျန်းရှောင်သည် သူက တခြားသူတွေထက် အသာစီးရနေသည်ကို သတိထားမိလိုက်သည်။
နိုးထသူဖြစ်လာကတည်းက သူက ၎င်းတို့နှစ်ဦးနှင့်သာ ထိတွေ့ခဲ့ရသဖြင့် ကြေးဝါအဆင့် နှစ်ခုနှင့် ငွေအဆင့် သုံးခုရှိခြင်းက ရှားပါးသည်ဟု သူ မထင်ခဲ့မိပေ။
နက်ဗျူလာအဆင့်ကလည်း ဒီလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူ မယူဆခဲ့ပေ။
"ရှယန်စိုးရိမ်တာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး"
"တချို့လူတွေက အစောပိုင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်ပေမဲ့ တစ်နေရာရာမှာ ပိတ်မိသွားတတ်ကြတယ်"
"အဲဒီအတားအဆီးက တစ်သက်လုံးလည်း ဖြစ်သွားနိုင်တယ်" ဟု ဟန်ကျန်းရွှယ်က ပုဝါကို ပြန်ဆွဲတင်လိုက်သည်။
အထင်ကြီးစရာပင်။
'ငါတို့က တစ်လမ်းလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာလား'
'ဒါဆိုရင်တော့ ငါ့ရဲ့ အရည်အသွေးပွိုင့်တွေကို အလဟဿ အဖြုန်းမခံနိုင်ဘူး'
ကျန်းရှောင်သည် သူ၏ ကျန်ရှိနေသော အရည်အသွေးပွိုင့် အမှတ် ၃ မှတ်ကြောင့် ဤစကားဝိုင်းမှ များစွာ အကျိုးကျေးဇူး ရရှိသွားသည်။
ကြယ်တာရာစွမ်းအား အဆင့်တိုင်းမှာ အတားအဆီး လေးခု ရှိနေလျှင် ကျန်းရှောင်
အနေဖြင့် သူ၏ အရည်အသွေးပွိုင့် အမှတ်အားလုံးကို ဓားပညာမှာ သုံးသင့်သည်။
သူက အဆင့် ၂ မှာ တစ်မှတ်၊ အဆင့် ၅ မှာ တစ်မှတ်၊ အဆင့် ၈ မှာ တစ်မှတ် နှင့် အဆင့် ၉ မှာ နောက်ထပ် တစ်မှတ် သုံးရလိမ့်မည်။
တခြားသူတွေအတွက်တော့ ဒါက တစ်သက်လုံး ကျော်မဖြတ်နိုင်တဲ့ အတားအဆီး ဖြစ်နိုင်ပေမဲ့ ကျန်းရှောင်အတွက်တော့ အရည်အသွေးပွိုင့် တစ်မှတ်တည်းနဲ့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။
ကျန်းရှောင်သည် ကြယ်မှုန်အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်၍ လောလောဆယ် စိုးရိမ်စရာ မရှိသေးပေ။
သူက လမ်းတစ်လျှောက်ရှိ အတားအဆီးအားလုံးကို အရည်အသွေ
းပွိုင့်ဖြင့် ရှင်းလင်းရန် အသင့်ပြင်ထားခြင်း။
ကျန်းရှောင်က မေးစေ့ကို ပွတ်ရင်း တွေးလိုက်သည်။
'ခန္ဓာကိုယ် သန်မာမှုက ကြယ်တာရာစွမ်းအယး ပမာဏကို ဆုံးဖြတ်တာလား'
'နေပါဦး၊ ငါ့မှာ အရည်အသွေးပွိုင့်တွေ ရှိသားပဲ'
'ငါ သုံးမှာပဲ'
'ဘယ်သူက သဘောတူသလဲ'
'ဘယ်သူက ကန့်ကွက်ရဲသလဲ'