ဘီလူးဖြူစုန်းမသည် ထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်မြည်တမ်းရင်း ခေါင်းတလားထဲသို့ အတင်းအဓမ္မ ထည့်သွင်းခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် ကျန်းရှောင်က သူ၏နောက်ဘက်ရှိ ဘီလူးဖြူကို ဝိုင်းပတ်ကန်ချက်ဖြင့် ကန်ထုတ်
လိုက်သည်။
သို့သော် ကျန်းရှောင်သည် မြေပြင်ပေါ်သို့ပင် ပြန်မကျလာသေးမီ ချက်ချင်းဆိုသလို အပေါ်သို့ ပျံတက်သွားတော့၏။
ဟုတ်ပါသည်၊ ကျန်းရှောင်သည် ယခုတစ်ကြိမ်တွင် သူပျံတက်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
'ဒါက ဒီလောက်တောင် လွယ်လွယ်ကူကူကြီးလား'
'ငါက ရဟတ်ယာဉ်မှ မဟုတ်တာ...'
ဟန်ကျန်းရွှယ်သည် ကျန်းရှောင်နှင့်အတူ ပျံတက်လာခဲ့သည်။
ဘီလူးဖြူစုန်းမကို အာကာသထဲရှိ ခေါင်းတလားထဲသို့ ပစ်ထည့်ပြီးနောက် ဟန်ကျန်းရွှယ်သည် သူမ၏ ကြယ်တာရာ အတတ်ပညာဖြစ်သော လဟာပြင်လေပြင်းကို အသုံးပြု၍ ကျန်းရှောင်နှင့် သူမကိုယ်သူမ ကောင်းကင်ယံသို့ တွန်းတင်လိုက်ခြင်းဖြစ်သည်။
အဝတ်အစားများ စုတ်ပြတ်သတ်နေသည့် ကျန်းရှောင်သည် အေးစက်ခြင်းဟူသည် အဘယ်နည်းဆိုသည်ကို နောက်ဆုံးတွင် သိရှိသွားတော့၏။
ပုံမှန်မြေပြင်အနေအထားတွင်ဆိုပါက သူသည် ဤအေးစက်သောလေကို ခံနိုင်ရည်ရှိမည် ဖြစ်သော်လည်း ယခုမူ သူတို့သည် နှင်းပြင်ထဲတွင် ရှိနေကြသည်။
ထို့ကြောင့် လေတိုက်နှုန်းကြောင့် ကောင်းကင်ယံတွင် နှင်းလေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အေးစက်လှသော လေနှင့် နှင်းခဲများသည် ကျန်းရှောင်၏ ခန္ဓာကိုယ်ကို ဝါးမြိုတော့မည့်အတိုင်းပင်။
ကျန်းရှောင်သည် သူ၏ ငွေအဆင့် ကြယ်တာရာအတတ်ပညာဖြစ်သော ခံနိုင်ရည် ကြောင့်သာ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။
အကယ်၍ သူ၏နေရာတွင် ပုံမှန် ၁၆ နှစ်အရွယ် ကလေးတစ်ယောက်သာဆိုလျှင် ယခုအချိန်တွင် ရေခဲတုံး ဖြစ်နေလောက်ပြီ။
ကျန်းရှောင်သည် နှင်းလေဆင်နှာမောင်းထဲမှ ထွက်ပေါ်လာပြီး အပေါ်ယံတွင် တစ်ပတ်လည်သွားသည့်အခါ နှင်းလေဆင်နှာမောင်းပေါ်တွင် ကျော့မော့စွာ ရပ်နေသော ဟန်ကျန်းရွှယ်ကို မြင်လိုက်ရသည်။
သူမသည် သူတို့နှင့် ဝေးကွာသောနေရာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို အာရုံစိုက်ကြည့်ရှုနေသည်။
အကယ်၍ သူမသာ ပုံမှန်ဝတ်ဆင်နေကျ တဖျတ်ဖျတ်လွင့်နေသော ဂါဝန်အဖြူရောင်ကို ဝတ်ဆင်ထားမည်ဆိုလျှင် နတ်သမီးတစ်ပါးနှင့် တူနေမည်မှာ အမှန်ပင်။
"ခဏစောင့်ဦး၊ ဒီ ဘီလူးဖြူအုပ်စုက ချက်ချင်းဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်"
ဟု ဟန်ကျန်းရွှယ်က ပြောရင်း လက်ကို သဘာဝအတိုင်း ချလိုက်ပြီး နှင်းလေဆင်နှာမောင်းနှစ်ခုကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေပုံရ၏။
ကျန်းရှောင်သည် မထိန်းချုပ်နိုင်ဘဲ လည်ပတ်နေရင်း အဝေးမှ ရှယန်ကို လှမ်းကြည့်ရန် အခွင့်အရေးရှာနေသည်။
ကြမ်းတမ်းလှသော ထိုမိန်းကလေးသည် သူမ၏ ဒေါသကို ဆွပေးမိသော ဘီလူးဖြူများအားလုံးကို သတ်ဖြတ်နေဆဲဖြစ်ပြီး သူတို့ရှိရာသို့ပင် ရောက်ရှိလာတော့မည် ဖြစ်သည်။
"ဒီလိုလုပ်ရပ်မျိုးကို ခွင့်မပြုနိုင်ဘူး"
ဟန်ကျန်းရွှယ်က ခေါင်းငုံ့ပြီး ရဲရင့်ပြတ်သားသော အမျိုးသမီးစစ်သည်တော် ရှယန်ကို ကြည့်လိုက်သည်။
ရှယန် တစ်ကိုယ်လုံး တုန်တက်သွားသည်။
သူမသည် ကြောက်လန့်သွားခြင်းလား သို့မဟုတ် ဟန်ကျန်းရွှယ်၏ အေးစက်လှသော လေသံကြောင့် အံ့အားသင့်သွားခြင်းလားဆိုသည်ကိုမူ မသိနိုင်ပေ။
အတိုချုပ်ပြောရလျှင် သူမသည် သူမ၏ မီးတောက်နေသော ဓားကြီးကို ခိုင်မြဲစွာ မဆုပ်ကိုင်နိုင်တော့ဘဲ အမြန်ပင် ပြန်လည်
တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။
ရှယန်၏ ဘီလူးဖြူများကို ခုတ်ထစ်သံနှင့် ၎င်းတို့၏ စူးစူးရှရှ အော်ဟစ်သံများကသာ တစ်ခုတည်းသော ကြားနေရသည့် အသံများ ဖြစ်နေတော့သည်။
အဖွဲ့အတွင်း လေထုမှာ အလွန်တင်းမာနေသည်ကို လူအ တစ်ယောက်ပင် သိနိုင်သည်။
ကျန်းရှောင်က ခဏစဉ်းစားပြီးမှ 'ငါထင်တာတော့ ငါသူ့ကို ကောင်းချီးပေးခြင်း တွေ အများကြီးနဲ့ အပြင်းအထန် ပေးလိုက်မိလို့နေမှာပါ'
'သူက ရှေ့တန်းတိုက်ခိုက်ရေးသမားဆိုတော့ သူတို့ကို သတ်ဖို့ ကြိုးစားရင်း ဒဏ်ရာရမှာပဲလေ'
"နောက်ဆိုရင်တော့ သူ့ကို ကျွန်တော်သေချာ ဂရုစိုက်ကြည့်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
"ကောင်းပြီလေ...ဒါပေမဲ့ အဖွဲ့ထဲမှာ ဆေးပညာရှင် နိုးထသူတစ်ယောက် ရှိနေတာက တစ်ခါတလေ ကောင်းတဲ့အရာ မဟုတ်ဘူးထင်
တယ်"
ဟု ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။
သူမ၏ အကြည့်များသည် ကျန်းရှောင်၏ နှလုံးသားကို ဖောက်ထွက်သွားမည့်အလား ပြင်းထန်လွန်းလှ၏။
ကံကောင်းထောက်မစွာဖြင့် ကျန်းရှောင်သည် လေဆင်နှာမောင်းထဲတွင် လည်ပတ်နေဆဲဖြစ်၍ သူမ၏ အကြည့်ကို ရှောင်ရှားနိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ကျန်းရှောင်သည် လိမ္မာစွာနေပြီး ထပ်မံ၍ အသနားမခံတော့ပေ။
ရှယန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ဒေါသထွက်နေသလို၊ အပြစ်ရှိသလိုလည်း ခံစားနေရပုံရသည်။
သို့သော် သူမ၏ တိုက်ခိုက်မှုများမှာ ပိုမိုမြန်ဆန်ပြီး ပြင်းထန်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှယန်၏ သတ်ဖြတ်မှုများကြောင့် ဘီလူးဖြူများသည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး အချို့မှာ ထွက်ပြေးရန်နှင့် နှင်းတောထဲသို့ ပုန်းအောင်းရန် ကြိုးစားလာကြသည်။
ထိုအချိန်တွင် ဟန်ကျန်းရွှယ်က လဟာပြင်လေပြင်းကို ရုပ်သိမ်းလိုက်သဖြင့် သူတို့နှစ်ဦး မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
သူမသည် လဟာပြင်လေပြင်းကို ထပ်မံ အသုံးပြုလိုက်ပြန်သော်လည်း အနီးကပ် မဟုတ်တော့ပေ။
တိုက်ပွဲမြေပြင်မှ ခွာလိုက်ပြီး ထွက်ပြေးနေသော ဘီလူးဖြူများကို အလယ်ဗဟိုသို့ ပြန်လည် တိုက်ထုတ်လိုက်သည်။
တိုက်ပွဲများမှာ ထူးဆန်းလှသည်။
အကယ်၍ ဘီလူးဖြူများက မဆုတ်ခွာဘဲ ဝိုင်းထားမည်ဆိုလျှင် ဟန်ကျန်းရွှယ်သည် သူမ၏ အဖွဲ့နှင့်အတူ ထွက်ပြေးလိမ့်မည် ဖြစ်သည်။
သို့သော် ၎င်းတို့ ထွက်ပြေးရန် ကြိုးစားသည့်အခါတွင်မူ သူမက ၎င်းတို့ကို တစ်ကောင်ချင်း ပြန်ဆွဲခေါ်နေတော့သည်။
"စွမ်းအား မလုံလောက်တော့ဘူး"
ဟု ရှယန်က ရုတ်တရက် အော်ပြောလိုက်သည်။
ဟန်ကျန်းရွှယ်က သူမ၏ လက်ဖဝါးကို ဆန့်တန်းထားရာမှ ခဏရပ်လိုက်ပြီး ဖြည်းညင်းစွာ ပြန်ချလိုက်သည်။
သူမ၏ အမြင်အာရုံထဲရှိ ဘီလူးဖြူများစွာတို့သည် နှင်းတောထဲသို့ အလျင်အမြန် ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အားလုံး ပြီးဆုံးသွားခဲ့ပြီ။
နှင်းများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် သံနံ့နံနေသော သွေးနီရောင်များ စွန်းထင်နေပြီး အလောင်းများ ပြန့်ကျဲနေသည်။
ကြည့်ရသည်မှာ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။
"ဟေး၊ စိတ်မဆိုးပါနဲ့"
ရှယမ်က ဘာမှမဖြစ်သလို ဟန်ဆောင်ကာကြယ်တာရာ ပုတီးစေ့များကို လိုက်လံရယူနေသော်လည်း ဟန်ကျန်းရွှယ်ကိုမူ လှည့်မကြည့်ရဲပေ။
ဟန်ကျန်းရွှယ်က ရှယန်ကို တိတ်တဆိတ် ကြည့်နေပြီးနောက် "နင်ဘာပဲလုပ်လုပ် ငါလက်ခံဖို့ အသင့်ပဲ" ဟု လေသံအေးအေးဖြင့် ပြောလိုက်သည်။
ရှယန်က ကြယ်တာရာ ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်ပြီး သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
ဟန်ကျန်းရွှယ် ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူမသိသည်။
၎င်းမှာ သူတို့နှစ်ဦး အခက်အခဲများစွာကို အတူတကွ ဖြတ်သန်းခဲ့ရာမှ ရရှိလာသည့် နားလည်မှုနှင့် ခိုင်မာသော သံယောဇဉ်ဖြစ်၏။
"ဒါပေမဲ့ သူကတော့ မရဘူး၊ သူက အခုမှ နိုးထလာတဲ့ကလေးပဲ ရှိသေးတယ်"
"အခြေအနေကို ပြောင်းလဲဖို့ ဒါမှမဟုတ် နင့်ရဲ့ အမှားတွေကို ပြန်ပြင်ဖို့ သူ့မှာ အတတ်ပညာ အလုံအလောက် မရှိသေးဘူး"
"သူ့ကိုယ်သူတောင် မကာကွယ်နိုင်သေးဘူး" ဟု ဟန်ကျန်းရွှယ်က တည်ငြိမ်စွာ ဆက်ပြောသည်။
"ရှယန်၊ သူက ငါ့မောင်လေး"
"တော်ပါတော့... တော်ပါတော့..."
ဟု ရှယန်က တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
ကြောက်ရွံ့ခြင်းကင်းမဲ့သော အမျိုးသမီးစစ်သည်တော်၏ ဤကဲ့သို့ နူးညံ့သိမ်မွေ့ပြီး လိမ္မာသော အမူအရာကို မြင်လိုက်ရသဖြင့် ကျန်းရှောင် အံ့အားသင့်သွားရ၏။
"ရှောင်ဖီရဲ့ ကောင်းချီးပေးခြင်းကြောင့် ငါနည်းနည်း စိတ်လွတ်သွားတာပါ..."
"မဟုတ်ပါဘူး၊ ဒါက သူ့အမှား မဟုတ်ပါဘူး၊ ငါက အရမ်းစိတ်လှုပ်ရှားသွားလို့ပါ"
နတ်ဘုရားမနှစ်ပါး ငြင်းခုံနေစဉ်တွင် ကလေးငယ် (ကျန်းရှောင်) မှာမူ... ကြယ်တာရာပုတီးစေ့များကို ကောက်ယူနေသည်။
သူ အကြီးအကျယ် ကံထူးသွားပြီ။
သတ်ဖြတ်ခြင်းသည် လူတစ်ယောက်ကို အမှန်
တကယ် ပြောင်းလဲစေနိုင်သည်။
လွန်ခဲ့သော တစ်ပတ်ခန့်က ကျန်းရှောင်သည် အလောင်းတစ်လောင်း မြင်ရုံမျှဖြင့် ဖျားချင်သလို၊ ပျို့အန်ချင်သလို ဖြစ်တတ်သော သူရဲဘောကြောင်သူ ဖြစ်ခဲ့သော်လည်း ယခုမူ ငရဲခန်းနှင့်တူသော ဤသွေးချောင်းစီးသည့် မြင်ကွင်းရှေ့တွင်ပင် တည်ငြိမ်နေခဲ့သည်။
သူသည် ဟန်ကျန်းရွှယ်၏ စရိုက်အရ မည်သူနှင့်မျှ အလွယ်တကူ ငြင်းခုံလေ့မရှိသည်ကို သိသည်။
ယခု အခြေအနေမှာ ဟန်ကျန်းရွှယ်က စကားအနည်းငယ် ပြောပြီးနောက် တိတ်ဆိတ်သွားသဖြင့် စစ်အေးတိုက်ပွဲ နှင့် ပိုတူနေတော့သည်။
ရှယန်က ကြယ်တာရာ ပုတီးစေ့များကို ကောက်ယူရင်း သူမ၏ သူငယ်ချင်းအရင်းခေါက်ခေါက်ကို မည်သို့ ပြန်လည်ချော့မော့ရမည်နည်းဟု တွေးတောနေ၏။
ထိုအချိန်တွင် ကျန်းရှောင်သည် အတွင်းပိုင်း ကြယ်တာရာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ ၂၂ စေ့ခန့် ရရှိထားကြောင်း သိလိုက်ရသည်။
အရှေ့တောင်ဘက် လမ်းကြောင်းသည် အမှန်တကယ်ပင် နိုးထသူများ သိပ်မလာကြသေးသော နေရာဖြစ်သည်။
အန္တရာယ်များကာ သီးခြားကမ္ဘာမှ သတ္တဝါများ များပြားလှသောကြောင့်။
လွန်ခဲ့သော ခုနစ်ရက်အတွင်း သူတို့သုံးဦးသည် ဘီလူးဖြူစုန်းမ ဦးဆောင်သော ဘီလူးဖြူအုပ်စုတစ်စုနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုတိုက်ပွဲတွင် ကြယ်တာရာ ပုတီးစေ့ ၁၇ စေ့ ရရှိခဲ့သည်။
လမ်းတစ်လျှောက် သတ်ခဲ့သော ဘီလူးဖြူတစ်ကောင်ချင်းစီထံမှ ၃၁ စေ့ ရရှိခဲ့သည်။
တိုက်ပွဲအတွင်း အသုံးပြုခဲ့သည်များကို ဖယ်ထုတ်လိုက်လျှင်ပင် ကျန်းရှောင်၏ ကျောပိုးအိတ်ထဲတွင် ၂၈ စေ့ ကျန်ရှိနေသေး၏။
ကျန်းရှောင်၏ ကြယ်တာရာ အတတ်ပညာအရည်အသွေး တိုးတက်စေရန်အတွက် ရှယန်
သည် ကြယ်တာရာ ပုတီးစေ့များကို အသုံးမပြုဘဲ အောင့်အည်းနေခဲ့သည်။
ဟန်ကျန်းရွှယ်ကမူ ပို၍ပင် ဆိုးသေးသည်။
လွန်ခဲ့သော ခုနစ်ရက်အတွင်း သူမသည် အနားယူချိန်များ၌ပင် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ ၂ စေ့သာ အသုံးပြုခဲ့သည်။
ဤအေးစက်သော မိန်းကလေးသည် ကျန်းရှောင်အတွက် အမှန်တကယ်ပင် အနစ်နာခံခဲ့ခြင်း။
ကျန်းရှောင် စိတ်မကောင်းဖြစ်သွားရသည်။
အဓိကအချက်ကို ပြန်သွားရလျှင် သူတို့တွင် ၂၈ စေ့ ရှိပြီး အခု ၂၂ စေ့ ထပ်ရပြန်သည်။
ဆိုလိုသည်မှာရအစိမ်းရောင်အလင်းတန်း နှင့် ခံနိုင်ရည် ကို ရွှေအဆင့်သို့ မြှင့်တင်ရန် သိပ်မဝေးတော့ပေ။
ဇာတ်ကောင် - ကျန်းရှောင်
ကြယ်တာရာမြေပုံ : နက္ခတ်ခုနှစ်လုံး ကြယ်မှုန်အဆင့် ၄
ကြယ်တာရာ အတတ်ပညာ :
ကောင်းချီးပေးခြင်း : ကြေးဝါအဆင့် ၃
လှည့်စားခြင်း : ကြေးဝါအဆင့် ၃
အစိမ်းရောင် အလင်းတန်း : ငွေအဆင့် ၃ (၁/၁၀)
ခံနိုင်ရည် : ငွေအဆင့် ၃ (၁/၁၀)
အခြေခံအတတ်ပညာ :
လက်ဗလာ တိုက်ခိုက်ရေး : ကြေးဝါအဆင့် ၉
ကြယ်တာရာ စွမ်းအား ကြွယ်ဝမှု : ကြေးဝါအဆင့် ၃
ဓားမြှောင်ကျွမ်းကျင်မှု : ကြေးဝါအဆင့် ၅
အရည်အသွေးပွိုင့် : ၃
'သီအိုရီအရ ကြယ်တာရာ ပုတီးစေ့ အားလုံးကို အသုံးပြုလိုက်ရင် ငွေအဆင့် ကြယ်တာရာ အတတ်ပညာက အဆင့် ၈ အထိ တက်သွားလိမ့်
မယ်'
'ငါနည်းနည်းလောက် ပြောင်းလဲရမလား' ဟု ကျန်းရှောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ငွေအဆင့် အစိမ်းရောင်အလင်းတန်းကို မြင်ဖူးသူရှိနိုင်သော်လည်း ရွှေအဆင့်ကိုမူ မည်သူမျှ မြင်ဖူးမည်မဟုတ်ပေ။
'ဒါက ပြဿနာတစ်ခုပဲ...'
ကျန်းရှောင်၏ စုစုပေါင်း ကြယ်တာရာ စွမ်းအားသည် အဆင့်မြှင့်တင်မှုနောက်သို့ မလိုက်နိုင်သေးပေ။
ရွှေအဆင့် ဖြစ်သွားသည်နှင့် သူ၏ လက်သီးတစ်ချက်သည် သူ၏ ကြယ်တာရာ စွမ်းအား တစ်ဝက်ခန့်ကို ကုန်ဆုံးစေလိမ့်မည်။
စဉ်းစားနေရင်းနှင့်ပင် ကျန်းရှောင်သည် လက်မနှေးခဲ့ပေ။
သူ ထိုင်ချလိုက်သည်နှင့် ဘီလူးဖြူ၏ ခန္ဓာကိုယ် တုန်ခါနေသည်ကို ခံစားလိုက်ရသည်။
တွေဝေမနေဘဲ ကျန်းရှောင်သည် ဝါရင့်လူသတ်သမားတစ်ယောက်ကဲ့သို့ သူ၏ ဓားမြှောင်ဖြင့် ဘီလူးဖြူ၏ မျက်နှာမည်းကြီးကို လှီးဖြတ်လိုက်တော့သည်။
ကြေးဝါအဆင့် သတ်ဖြတ်ခြင်း : အရည်အသွေးပွိုင့် +၁
'အင်း... စိတ်ဝင်စားဖို့ကောင်းသားပဲ...'