အခန်း (၄၀) ဆေးကုသရေး ကြယ်တာရာအတတ်ပညာ
Viewers 2k

နှစ်ရက်အကြာ၊ နှင်းပြင်ကြီးထဲတွင်။


“ဘေးကင်းပြီ၊ မြန်မြန် ငါ့ကိုယ်ကို နွေးအောင်လုပ်ပေးစမ်း” လို့ သဘာဝလိုဏ်ဂူထဲက သူတို့နှစ်ယောက်ကို ကြည့်ပြီး ရှယန်က ကျန်းရှောင် ကို အမိန့်ပေးလိုက်သည်။


ကျန်းရှောင်က အတွင်းထဲသို့ အပြေးဝင်သွားပြီး လက်ကိုမြှောက်ကာ သူတို့ကို ကောင်းချီးပေးခြင်း စွမ်းရည်ဖြင့် ကုသပေးလိုက်သည်။


“အင်း...” 


ရှယန်က သက်သောင့်သက်သာရှိလှသဖြင့် တွန့်လိမ်သွားပြီး တုန်ရီသောအသံဖြင့် ဆက်

ပြော၏။


"ငါတို့ စစ်တလင်းနဲ့ တော်တော်ဝေးသွားပြီ၊ ခဏနားလို့ရပြီ"


ဟန်ကျန်းရွှယ်က ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် “ပတ်ဝန်းကျင်မှာ ဘီလူးဖြူတွေရဲ့ ခြေရာတွေရှိတယ်"


"သူတို့ အမဲလိုက်ထွက်နေတာ ဖြစ်နိုင်တယ်၊ သတိထားကြ"


“ဟုတ်ကဲ့ပါ ဆရာမကြီးရယ်၊ နင်ပြောသမျှပဲ"


"မြန်မြန်ဖွင့်လိုက်ပါတော့"


ရှယန်က စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းပွတ်

ရင်း ဟန်ကျန်းရွှယ်ကို စူးစူးစိုက်စိုက် ကြည့်

နေသည်။ 


လွန်ခဲ့သည့် နှစ်ရက်အတွင်း အချိန်များက ကုန်ဆုံးရလွန်းသဖြင့် ရှမန်မှာ ပျင်းရိကာ ရူးမတတ် ဖြစ်နေခဲ့သည်။


ဟန်ကျန်းရွှယ်က ရှယန်ကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းရင်း ခေါင်းတလားကို ဖွင့်လိုက်ပြီး လက်ကိုအတွင်းထဲသို့ နှိုက်ကာ စမ်းသပ်ရှာဖွေလိုက်သည်။


ထို့နောက် စုတ်ပြဲနေသော စစ်သုံးကျောပိုးအိတ်နှင့် ပြန့်ကျဲနေသော ပစ္စည်းများကို ထုတ်ယူလိုက်သည်။


“ရတနာတွေ ပါမလား ကြည့်ရအောင်” ဟု ရှယန်က ဆိုကာ အပြေးအလွှား အနားတိုးသွားပြီး ဆောင့်ကြောင့်ထိုင်ကာ အိတ်ကို မွှေနှောက်ရှာဖွေတော့သည်။


စိတ်လှုပ်ရှားနေသော သူမ၏မျက်နှာမှာ တဖြည်းဖြည်း တင်းမာသွား၏။


စစ်သုံးကျောပိုးအိတ်ထဲတွင် တောတွင်းရှင်သန်ရေးအတွက် အစပိုင်းတွင် ပေးအပ်ထားသော ရိက္ခာနှင့် ပစ္စည်းများသာ ရှိသည်။ 


တန်ဖိုးရှိသည့်အရာ တစ်ခုမှမပါဝင်ချေ။ 


ကျန်းရှောင် လွယ်ထားသော စစ်သုံးအိတ်ကဲ့သို့ပင် ပစ္စည်းများမှာ စံသတ်မှတ်ချက်အတိုင်း အတူတူပင်ဖြစ်သည်။


“ကြယ်တာရာပုတီးစေ့တစ်လုံးတောင် မရှိဘူးလား"


"ဒီကောင်တွေက အပိုဘာမှမစုထားဘူးလား" ရှယန်က မကျေမနပ် ညည်းတွားလိုက်သည်။


“သူတို့တွေ မကြုံစဖူး အကျပ်အတည်းနဲ့ တွေ့ခဲ့တော့ ရှိသမျှ ကြယ်တာရာပုတီးစေ့တွေကို စုပ်ယူလိုက်တာ ဖြစ်နိုင်တယ်” ဟု ဟန်ကျန်းရွှယ်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြသည်။


“အား...” 


ရှယန်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ လှိုင်းကောက်ကောက် ရင်အုံရောင် ဆံပင်တိုလေးများကို ဆွဲရင်း စိတ်ပျက်လက်ပျက်ဖြင့်....


"ဒါဆိုရင် အဲဒီ နိုးထသူရဲ့ ကြယ်တာရာပုတီးစေ့ကိုပဲ စုပ်ယူလိုက်တော့"


"နင့်ရဲ့ နက်ဗျူလာ အလယ်အလတ်အဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်မလား ကြည့်ရအောင်"


“အဖွဲ့ရဲ့ လိုအပ်ချက်ကို ထည့်တွက်ရင် နင်ပဲ ဒါကို ယူသင့်တယ်” ဟု ဟန်ကျန်းရွှယ်က စည်းကမ်းကြီးသူပီပီ လေးနက်စွာ ပြောလိုက်သည်။ 


သူမသည် လုံးဝ စိတ်မလှုပ်ရှားသည့်ပုံဖြင့် နှင်းများဖုံးလွှမ်းပြီး ပြတ်တောက်နေသော အေးခဲနေသည့် အလောင်းကို ထုတ်လိုက်သည်။


ကျန်းရှောင်ကလည်း အနားသို့တိုးသွားပြီး ထိုနိုးထသူကို သေချာကြည့်ခွင့် ရလိုက်၏။


သူသည် အသက် ၄၀ ဝန်းကျင်ခန့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး ဖြစ်သည်။ 


သူ၏ မျက်နှာအမူအရာမှာ အလွန်ကြောက်စရာကောင်းပြီး ဖောင်းအိနေသော ပါးပြင်ပေါ်တွင် မုတ်ဆိတ်မွှေးများ ဖုံးနေသည်။ 


သူသည် အတော်လေး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ပုံရ၏။


“အွန်လိုင်းပေါ်က မဟုတ်တဲ့ နိုးထသူ ဖြစ်မယ်” ရှယန်က ဖောင်းနေသောမျက်နှာကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောသည်။


"တိုက်ခိုက်ရေးသမားဖြစ်တဲ့ ဘယ်နိုးထသူမှ ဒီလောက်ဝအောင် မစားဘူး"


"သူက ကြည့်ရတာ အလိုလိုက်ခံထားရတဲ့သူနဲ့ တူတယ်"


ကြယ်တာရာစွမ်းအား မြှင့်တင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု လိုအပ်ကြောင်း လူတိုင်းသိကြသည်။ 


အကယ်၍ ကြီးထွားလာရန် ကြိုးစားနေသည့် နိုးထသူဖြစ်ပါက မိမိကိုယ်ကို အစွမ်းကုန် လေ့ကျင့်မည်သာ။


ဤနိုးထသူသည် ကြယ်တာရာစွမ်းအား အဆင့်တစ်ခုတွင် တစ်နေပြီး မည်သို့ပင် ကြိုးစားစေကာမူ အဆင့်မတက်နိုင်တော့သဖြင့် မိမိကိုယ်ကို ပစ်စလက်ခတ် ထားလိုက်ခြင်းဖြစ်မည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။


“စမယ်” ဟု ဟန်ကျန်းရွှယ်က ဆိုသည်။


“သူ့ရဲ့ စွမ်းအားအဆင့်က မြင့်တဲ့နေရာမှာ တစ် နေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမယ်” ဟု ရှယန်က ဆိုကာ အလောင်းကို မှောက်လျက်လှန်လိုက်ပြီး သူမ၏ ဓားမြှောင်ဖြင့် ထိုနိုးထသူ၏ ဦးနှောက်ထဲမှ ပုတီးစေ့ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။


ဤသည်မှာ ကျန်းရှောင်အနေဖြင့် ကြယ်တာရာပုတီးစေ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


ထူးထူးခြားခြားတော့ မဟုတ်ဘဲ ဖန်ဂေါ်လီလုံးခန့် အရွယ်အစားရှိသော ပုတီးစေ့လေးသာ။


ဘီလူးဖြူ၏ ပုတီးစေ့နှင့် ဆင်တူပြီး မှိန်ပျပျ အလင်းရောင် ထွက်နေသည်။


“ကျွန်တော် တစ်ချက်လောက် ကြည့်လို့ရမလား"


ကျန်းရှောင်က မေးလိုက်သည်။


“ဒါက လူ့ခန္ဓာကိုယ်ထဲက ထုတ်ထားတာနော်”


ရှယန်က ပုတီးစေ့ကို ကိုင်ထားသော လက်ကို ဆန့်ထုတ်ပေးရင်း ကျန်းရှောင်ကို နောက်ပြောင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


ကျန်းရှောင်က မကျေမနပ်ဖြင့် နှုတ်ခမ်းကို စူလိုက်သည်။ 


လွန်ခဲ့သည့် နှစ်ရက်အတွင်း ရှယန်က သူ့ကို အကြိမ်ကြိမ် နောက်ပြောင်နေခဲ့ခြင်းပင်။


လူတိုင်းတွင် ကြီးထွားမှုဖြစ်စဉ် လိုအပ်သည်မှာ ရှောင်လွှဲ၍မရပေ။ 


မည်သူမျှ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားအဖြစ် မွေးဖွားလာခြင်း မဟုတ်ပါ။ 


လေ့ကျင့်ပျိုးထောင်မှုနှင့် ပတ်ဝန်းကျင် အခြေအနေများသည် အလွန်အရေးကြီးပါသည်။


ကျန်းရှောင်က သွေးစွန်းနေသော ပုတီးစေ့ကို လှမ်းယူလိုက်သည့် ခဏချင်းမှာပင် ထိုနေရာ၌ တောင့်တောင့်ကြီး ရပ်နေမိသည်။


လူ့ခန္ဓာကိုယ်မှ ရရှိသော ကြယ်တာရာပုတီးစေ့များမှ ကြယ်တာရာ အတတ်ပညာများကို လူသားများ စုပ်ယူရန် မဖြစ်နိုင်ကြောင်း ရှယန် နှင့် ဟန်ကျန်းရွှယ်တို့က အကြိမ်ကြိမ် ပြောဖူးသည်။


သို့သော် ဤအခိုက်အတန့်တွင် ကျန်းရှောင်၏ ဦးခေါင်းထဲ၌ သတင်းအချက်အလက်များစွာ ရုတ်တရက် ပေါ်လာတော့သည်။


'ကြယ်တာရာပုတီးစေ့ အရည်အသွေးလား'


ကြယ်တာရာအတတ်ပညာများ : 


အစိမ်းရောင်အလင်းတန်း : ရန်သူကို ပြင်းထန်စွာ ရိုက်ခတ်ပြီး ပစ်မှတ်ထားသောနေရာကို ပိုမိုထိခိုက်စေသည်၊ အနည်းငယ် နောက်ပြန်ကန်

ထွက်စေသည့် အာနိသင်ရှိသည်။ (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


ခံနိုင်ရည် : အလိုအလျောက် အလုပ်လုပ်သော စွမ်းရည်၊ မိမိကိုယ်ကို ခုခံနိုင်စွမ်းအား မြှင့်

တင်ပေးသည်။ (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်) (စုပေါင်းစုပ်ယူနိုင်သည်)


ကောင်းချီးပေးခြင်း : ပစ်မှတ်၏ သက်စောင့်စွမ်းအားကို ဖြည်းညှင်းစွာ ပြန်လည်ဖြည့်တင်းပေးသည်။ (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


လှည့်စားခြင်း : ရန်သူကို မျက်စိလည်စေရန် ပုံရိပ်ယောင်တစ်ခု ဖန်တီးသည်။ (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)

(စုပေါင်းစုပ်ယူနိုင်သည်)


လောင်ကျွမ်းသောမီးလျှံ : မိမိ၏ ခန္ဓာကိုယ် သို့မဟုတ် လက်နက်ကိရိယာများကို လွှမ်းခြုံနိုင်သော မီးတောက်များကို ဖြစ်ပေါ်စေသည်။ (ငွေအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


ပေါက်ကွဲသောမီးလျှံ : မီးလုံးအဖြစ် စုစည်းကာ ပေါက်ကွဲမှုများ ဖန်တီးသည်။ (ငွေအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်) (စုပေါင်းစုပ်ယူနိုင်သည်)


ခေါင်းလောင်း : ဆေးကုသရေးအလင်းတန်းကို ထုတ်လွှတ်ပြီး ပစ်မှတ်၏ ခန္ဓာကိုယ်ကို ကုသပေးသည်၊ ပစ်မှတ်အများအပြားသို့ ချိတ်ဆက်

နိုင်သည်။ (ငွေအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


အမွေဆက်ခံခြင်း : ပစ်မှတ်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီး ဆေးကုသရေးအလင်းတန်းကို လမ်းညွှန်ပေးသည်။

(စုပေါင်းစုပ်ယူနိုင်သည်)


ကျန်းရှောင်သည် တံတွေးကို မြိုချလိုက်ပြီး လက်ထဲရှိ ပုတီးစေ့ကို ကိုင်ကာ အမျိုးသမီးနှစ်ယောက်ကို ကြောင်တောင်တောင်ကြီး စိုက်ကြည့်နေမိသည်။


“ဘာဖြစ်လို့လဲ" ဟန်ကျန်းရွှယ်က မေးသည်။


“ကျွန်တော်...” ကျန်းရှောင်က အနည်းငယ် တုံ့ဆိုင်းနေသည်။


“ရှောင်ဖီ"


ဟန်ကျန်းရွှယ်က မြေပြင်ပေါ်တွင် ထိုင်နေရာမှ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ 


ကျန်းရှောင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူမက မေး၏။


"ငါ့ကို တစ်ခုခု ပြောစရာ ရှိလို့လား"


ကျန်းရှောင်သည် လောဘကြီးသူတစ်ဦး မဟုတ်ကြောင်း ဟန်ကျန်းရွှယ် သိသည်။


အရင်ကဆိုလျှင် သူမ ဤသို့ အာမခံဝံ့မည် မဟုတ်ပေ။


သို့သော်လည်း သူ၏ မိဘများက ချန်ထားရစ်ခဲ့သော အမွေဖြစ်သည့် ကောင်းကင်ဖြိုခွဲခြင်းပါဝင်သော ရွှေအဆင့် ကြယ်တာရာပုတီးစေ့အကြောင်း ကျန်းရှောင်ကို သူမ ဝန်ခံပြောပြပြီးကတည်းက ကျန်းရှောင်သည် အလွန်စိတ်ရင်းကောင်းသူဖြစ်ကြောင်း သူမ သိခဲ့ရသည်။


အချိန်အတော်ကြာပြီးနောက်တွင်လည်း ကျန်းရှောင်၏ ပြောင်းလဲမှုများကို သူမ မြင်တွေ့ခဲ့ရသည်။


ယခုအချိန်တွင် ကြယ်မှုန်အဆင့်သာရှိသေးသော အသစ်တစ်ဦးအတွက် ဤပုတီးစေ့မှာ လုံးဝမလိုအပ်ပေ။ 


ကျန်းရှောင်အတွက် အကျိုးကျေးဇူး အနည်းငယ်မျှသာ ရှိမည့်အပြင် သူ၏ ကြယ်တာရာစွမ်းအားများကိုပါ ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်။


'ကျန်းရှောင်က ဘာကြောင့် ဒီလောက်အရှက်မရှိ ပြောရတာလဲ'


“ကျွန်တော်...” 


ကျန်းရှောင်က ထပ်မံတုံ့ဆိုင်းနေပြန်သည်။


ဟန်ကျန်းရွှယ်က တစ်ခုခု မှားနေပြီဆိုသည်ကို ရိပ်မိလိုက်ပြီး သူ့ကို လက်ယပ်ခေါ်လိုက်သည်။


ကျန်းရှောင်က သူမထံသို့ လျှောက်သွားပြီး သူတို့နှစ်ဦး လိုဏ်ဂူဝဆီသို့ ထွက်လာခဲ့ကြသည်။


“ဘာဖြစ်လို့လဲ"


ဟန်ကျန်းရွှယ်က တိုးတိုးလေး မေးသည်။


ခဏကြာ စဉ်းစားပြီးနောက် ကျန်းရှောင်က သူမကို ပေးနိုင်မည့် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားသည်။


"ဒီပုတီးစေ့ထဲမှာ 'ဆေးကုသရေး ကြယ်တာရာ အတတ်ပညာ' ပါနေတာကို ကျွန်တော် ခံစားမိလို့ပါ"


ဟန်ကျန်းရွှယ်က အံ့ဩတကြီးဖြင့် “ဟင်" ဟု ပြန်ထူးမိ၏။


“ကျွန်တော် အတည်ပြောတာပါ"


သူ၏စကားမှာ အလွန်ထူးဆန်းနေမည်ကို ကျန်းရှောင် သိသော်လည်း သူ့တွင် အတွင်းပိုင်း ကြယ်တာရာမြေပုံ ရှိနေကြောင်းကိုတော့ သူမအား မပြောနိုင်ပေ။


“လူသားတွေရဲ့ ပုတီးစေ့ထဲကနေ ကြယ်တာရာ အတတ်ပညာ တွေကို နင်က ထုတ်ယူနိုင်တယ်ပေါ့"


"ဒါက တခြားနိုးထသူတွေအတွက်တော့ သတင်းကောင်း မဟုတ်ဘူးနော်” ဟု ဟန်ကျန်းရွှယ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။


ကျန်းရှောင်သည် ဤစကားကို ကြားသောအခါ ကြောင်သွားသည်။


လူသားများ၏ ပုတီးစေ့များမှ ကြယ်တာရာစွမ်းအားကို ထုတ်ယူနိုင်ခြင်းမှာ အချို့သော နိုးထသူများအတွက် ဆွဲဆောင်မှုရှိနေမည်မှာ သေချာသည်။


သို့သော်လည်း အကယ်၍ ကြယ်တာရာ အတတ်ပညာများကိုပါ ထုတ်ယူနိုင်မည်ဆိုပါက ၎င်းသည် အဆပေါင်း ထောင်ချီ၍ ပိုမိုဆွဲဆောင်မှု ရှိသွားလိမ့်မည်။


ကြယ်တာရာပုတီးစေ့များမှ စွမ်းရည်များကို ထုတ်ယူ၍မရခြင်းမှာ ကမ္ဘာကြီးကို တည်တည်ငြိမ်ငြိမ် ရှိစေသည့် အကြီးမားဆုံးသော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။


အကယ်၍ ကျန်းရှောင်ကသာ ဤကန့်သတ်ချက်ကို ချိုးဖျက်လိုက်မည်ဆိုလျှင်...


သို့သော်လည်း ကျန်းရှောင်သည် ဤကန့်သတ်ချက်များကို အမှန်တကယ် ချိုးဖျက်

နိုင်၏။


အကြောင်းမှာ သူ၏ အတွင်းပိုင်း ကြယ်တာရာမြေပုံက သူ့ကို အကန့်အသတ်မရှိသော ဖြစ်

နိုင်ခြေများကို ပေးစွမ်းထားသောကြောင့်ပင်။


“မဟုတ်ဘူး၊ တခြား အတတ်ပညာတွေကို ကျွန်တော် မခံစားမိဘူး"


"ဆေးကုသရေး စွမ်းရည်တွေကိုပဲ ကျွန်တော် အလွန်အမင်း အာရုံခံနိုင်တာပါ” 


ကျန်းရှောင်က တိုးတိုးလေး ပြောသည်။


“ကျွန်တော့်ရဲ့ စွမ်းရည်တွေကို အဆင့်မြှင့်လို့ရတယ်လို့ ပြောတုန်းကလည်း မမ မယုံခဲ့ဘူးမလား"


ဟန်ကျန်းရွှယ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးသည်။


"နင်က ပုတီးစေ့တွေထဲကနေ အတတ်ပညာတွေကိုပဲ စုပ်ယူနိုင်တာလား"


"ကျန်တဲ့ဟာတွေရော"


ဟုတ်သည်၊ ၎င်းမှာ ပြဿနာတစ်ခုပင်။


ဟန်ကျန်းရွှယ်က လွန်ခဲ့သောအချိန်က ဤအကြောင်းကို မေးဖူးသည်။ 


လူသားများတွင် ဘာရှိသနည်း။


အမှန်စင်စစ် လူသားများသည် ကြယ်တာရာ အတတ်ပညာမျ

ားဖြင့် မွေးဖွားလာခြင်း မဟုတ်ဘဲ ကြယ်တာရာမြေပုံများဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။


ကျန်းရှောင်က... လူသားပုတီးစေ့တွေထဲကနေ ကြယ်တာရာမြေပုံကိုတောင် အမှန်တကယ် ရရှိနိုင်မှာလား။


သူ့ရဲ့ ကြယ်တာရာ နေရာ အရေအတွက်ကိုပါ တိုးမြှင့်နိုင်မှာလား။